24 : Who is the betrayer?

5.4K 780 118
                                    


ဘတ်မိသားစု၏ ဘိုးဘေးအစဉ်အဆက်သည် စုန်းကဝေများ ကို ယုံကြည်ကိုးကွယ်ကြသူများဖြစ်သည်။ မာညောလ်တွေရဲ့
ခေါင်းဆောင်ဖြစ်သည့် အရှင်မဟွာ ခေါ် မယ်တော်ကြီးအား
လတစ်လ၏ လပြည့်ညရောက်တိုင်း လူတစ်ယောက်ထံမှ နှလုံးဖြင့် ယဇ်ပူဇော်ရသည်။ အပြန်အလှန်အားဖြင့် ဘတ်မိသားစုအား ကာကွယ်ပေးကာ တောင်းဆိုချက်တိုင်းကို
ဖြည့်ဆည်းပေး၏။

အရှင်မဟွာသည် သူမ၏ အတတ်ပညာများဖြင့် စီမံထားခြင်း ကြောင့် သူမ ရုပ်ရည်ဟာ အသက်သုံးဆယ်အရွယ် မိန်းမပျို တစ်ဦးအလား ချောမောနေဆဲဖြစ်သည်။ ဖွေးဖွေးဖြူနေသော
ဆံနွယ်တွေဟာ သူမ အလှတရားကို မဖျက်ဆီးနိုင်ပေ။
သို့သော် ညစ်ထေးနေသည့် နှလုံးသားကိုတော့ ဘယ်အရာနဲ့မှ ဆေးကြော၍ မဖြစ်နိုင်ချေ။

သူမထံမှ ထွက်ပြေးလွတ်မြောက်သွားသည့် ဂူမီဟိုလေးသည်
နိုင်ငံ၏ အချစ်တော်လေး ဖြစ်လို့နေကြောင်း ရှာတွေ့ထားပြီ
ဖြစ်သည်။ သို့သော် ဂူမီဟိုလေးကို ဖမ်းဆီးဖို့ရာ သူမ အလောတကြီး လုပ်၍မဖြစ်ကြောင်း ကောင်းကောင်း နားလည်သည်။ ဂူမီဟိုလေးရဲ့ဘေးမှာ အစောင့်အရှောက်တွေ အထပ်ထပ်ရှိလို့နေသည် မဟုတ်ပါလား။

ဘတ်မျိုးနွယ်စု မျိုးဆက်ဖြစ်သူ ဘတ်ယူရီ သူမထံ ရောက်ရှိလာခြင်း၏ အကြောင်းအရင်းမှန်ကို သူမသိထားပြီး
ဖြစ်သည်။ နောက်ဆုံးတော့ သူမ အထွေအထူး လှုပ်ရှားစရာ
်မလိုဘဲ စတေးခံမည့် သားကောင် ရောက်လာလေပြီ။

" ဆက်ခံသူလေး ဘာများကူညီပေးရမလဲ "

" အင်ပါယာအရှင်ရဲ့ အချစ်ကိုလိုချင်တယ် ဧကရီကို ဖျက်ဆီးပစ်ချင်တယ် "

ဘတ်ယူရီ၏ မျက်ဝန်းထဲတွင် အမုန်းမီးလျံများ တောက်လောင်လျက် ရှိနေသည်။

" သိပ်လွယ်ကူတဲ့ကိစ္စတော့မဟုတ်ဘူး ဒါပေမဲ့ ငါမလုပ်နိုင်ဘူးလို့လည်း မဆိုလိုဘူး မင်းရဲ့တစ်စုံတစ်ခုကိုတော့ ရင်းနှီးရလိမ့်မယ်
ဆန့်ကျင်ဘက် အရာကို လုပ်ယူဖို့ကြိုးစားရင် မကောင်းတဲ့
ဆိုးကျိုးတစ်ခုတော့ ရှိလိမ့်မယ်ဆိုတာ မင်းနားလည် ပြီးသားပါ "

" ရတယ် ဘာမဆို ကျွန်မသဘောတူတယ်!!
ဧကရီကိုဖျက်ဆီးပြီး အဲ့နေရာကို အပိုင်ရရင် အရှင်မ တောင်းဆိုတာမှန်သမျှ ဖြစ်စေရမယ်"

Ultralegends Where stories live. Discover now