Non Romantic System(Completed)

By bobo_poompat

495K 29.3K 975

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-7
Part-8
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-9

12.7K 920 6
By bobo_poompat

Zawgyi

ေယာတို႔ စားၿပီးေသာက္ၿပီး ရန္ကုန္ကို ျပန္ဖို႔ ျပင္မယ္႐ွိတုန္း ေကာက္ကာငင္ကာႀကီး ထလာတဲ့ ဆတ္သာရဲ႕ဖုန္း။

"ဟယ္လို "

"......."

တစ္ဖက္က ဘာေျပာေနတယ္ဆိုတာ ေယာမသိေပမယ့္ ခြန္ဆတ္သာပံုက တစ္ခုခုကို အေလးအနက္ ေတြးေနသည့္ ပံုေပၚသည္။

"OkOk အဲ့တာဆိုရင္ အဲ့ဘက္က ပိုင္႐ွင္ကို အဆင္ေျပတယ္လို႔သာ ျပန္ေျပာလိုက္"

"ဟူးးး"

ဖုန္းခ်ၿပီးတဲ့ေနာက္ ဆတ္သာ သက္ျပင္းအ႐ွည္ႀကီး ခ်လိုက္မိသည္။

"ကိုယ္တို႔ ဒီည ပဲခူးမွာ အိပ္မွရမယ္ထင္တယ္ ေယာ"

"ဘာျဖစ္လို႔လဲ Head"

"အခုShopping Mall ေနရာအတြက္ ေျမကြက္ေရာင္းမဲ့ ပိုင္႐ွင္က ဒီည ကိုးနာရီေလာက္မွာ စာခ်ဳပ္ခ်ဳပ္ေပးမွ ရမယ္တဲ့။မနက္ဆို သူတို႔က ခရီးသြားစရာ ႐ွိလို႔တဲ့။ စာခ်ဳပ္ခ်ဳပ္ၿပီးလို႔ ရန္ကုန္ျပန္ရင္က်ေတာ့ ေတာ္ေတာ္ေလး ေနာက္က်မွာဆိုေတာ့ ဒီမွာပဲ အိပ္ျဖစ္မယ္ ထင္တယ္"

"အာ...ဟုတ္ အဲ့တာဆို ေယာ အိမ္ကို ဖုန္းဆက္လိုက္မယ္ေလ"

"တကယ္အဆင္ေျပရဲ႕လား ေယာ။ မေျပရင္ ကိုယ္မင္းကို ျပန္ပို႔ေပးမယ္။ ျပီးမွ ကိုယ္ျပန္လာလို႔ ရတယ္"

အခုမွ ျမန္မာျပည္ကို ျပန္ေရာက္တာ ဘယ္ေလာက္မွမၾကာေသးတဲ့ ခြန္ဆတ္သာကို တစ္ေယာက္တည္း လႊတ္ဖို႔ေယာ ဘယ္လိုမွ စိတ္ခ်မေနပါ။

"ေျပပါတယ္။ သြားလိုက္လာလိုက္ဆို Headလည္း ပင္ပန္းတယ္"

"ေက်းဇူးပဲ ေယာ။ ကိုယ္က ဒီprojectကို တာဝန္ယူေနတာဆိုေတာ့ အခုလိုကိစၥေတြမွာ ကိုကို႔ ကိုလည္း အပူမကပ္ခ်င္ဘူးေလ"

ေယာကေတာ့ ဆတ္သာေျပာတာေလးကို ​ေခါင္းေလးၿငိမ့္ျပရင္း ေထာက္ခံေၾကာင္း အေျဖေပးလိုက္သည္။

ေယာတို႔ နီးနီးနားနားမွာ႐ွိတဲ့ Hotel Aroma မွာပဲတည္းရန္ ဆံုးျဖတ္လိုက္သည္။

ျပႆနာက အခန္းယူတာမွာ စတာပဲ။

"ႏွစ္ေယာက္ခန္း တစ္ခန္းေပးပါ အမ"

Receptionist အစ္မကို
ေျပာလိုက္သည့္ ဆတ္သာကို ေယာ ျပဴးၾကည့္လိုက္သည္။
ဆတ္သာကလည္း ျပန္ျပီး မထီတထီၾကည့္ရင္း ျပံဳးျပလိုက္သည္။ေယာ မ်က္လံုးထဲမွာေတာ့ ဆတ္သာရဲ႕အျပံဳးက လူယုတ္မာအျပံဳးနဲ႔ ပိုတူေနသည္။

"ဟုတ္တယ္ေလ ။ မင္းလိုေပါက္စကို ဒီလို Hotel အႀကီးႀကီး ထဲမွာ တစ္ခန္းခြဲထားရတာ ဘယ္လိုလုပ္ စိတ္ခ်ရမွာလဲ ။ ဟုတ္တယ္မဟုတ္လား ေပါက္စ"

အူေၾကာင္ေၾကာင္ လုပ္ေနသည့္ ေယာကို ဆတ္သာ ခ်က္က်က် ႐ွင္းျပလိုက္သည္။

"လူေကာင္ကို ၾကည့္ၿပီး အထင္မေသးသင့္တာ Head အသိဆံုးပါ"

ေယာ မင္ေသေသနဲ႔ ျပန္ေျပာလိုက္ျခင္း ျဖစ္သည္။
ဆတ္သာကေတာ့ ပုခံုးတစ္ခ်က္ တြန္႔ျပလိုက္သည္။

******

"ဟုတ္ကဲ့ အဲ့တာဆို စာခ်ဳပ္ကိစၥၿပီးၿပီေနာ္ ။ ေက်းဇူးတင္ပါတယ္"

ဆတ္သာ လူမႈေရးအရ ေက်းဇူးတင္စကား ေျပာၿပီး ေျမပိုင္႐ွင္အဖိုးကို လက္ဆြဲႏႈတ္ဆက္လိုက္သည္။

"ဟုတ္ကဲ့။ ေက်းဇူးတင္ပါတယ္ဗ်ာ"

ရံုးခြဲမွာပဲ NT Groupရဲ႕ ေရွ႕ေနကို ေခၚျပီး ေျမပိုင္႐ွင္နဲ႔ စာခ်ဳပ္ကိစၥကို အၿပီးသတ္ လိုက္သည္။

ဆတ္သာတို႔ ဟိုတယ္က အခန္းကို ျပန္ေရာက္ေတာ့ အခ်ိန္က
ညဆယ့္ႏွစ္နာရီ နီးနီး႐ွိေနၿပီ။
ေယာတစ္ေယာက္ ကုတင္ေပၚ ေျခပစ္လက္ပစ္ လွဲခ်ရင္း ေျပာလိုက္သည္။

"အားးး အခုမွပဲလွဲရေတာ့တယ္ အူးးးေညာင္းေနတာပဲ"

ေယာရဲ႕ အျပဳအမူေၾကာင့္ ဆတ္သာ ေခ်ာင္းတစ္ခ်က္ ဟန္႔လိုက္္သည္။အဲ့ေတာ့မွ ေယာလည္း ျပာျပာသလဲ ​ေကာက္ထိုင္ရင္း အစြယ္ေလးေတြ ​ေပၚတဲ့အထိ ဆတ္သာကို ရယ္ျပလိုက္သည္။

*ဒိတ္ ဒိတ္ ဒိတ္*

ဆတ္သာ ကိုယ့္ႏွလံုးခုန္သံကို ျပန္ၾကားေနရသည္။တစ္ကိုယ္လံုး ေတာင့္တင္းသြားၿပီး ေျခေတြလက္ေတြ ထဲမွာ႐ွိတဲ့ ​ေသြးေၾကာေတြကပါ ႐ွိန္းတိန္းဖိန္းတိန္း ျဖစ္လာသလို ခံစားလိုက္ရသည္။

"ဘာလဲ ။ ငါ ေယာကိုစိတ္ဝင္စားေနတာလား"

same genderခ်င္း ခ်စ္ၾကသည့္ကိစၥက ဆတ္သာအတြက္ေတာ့ ထူးဆန္းမေနခဲ့။UKက ဆတ္သာ သူငယ္ခ်င္းေတြထဲမွာလည္း အဲ့လို အတြဲမ်ိဳးေတြ႐ွိသည္။အဲ့တုန္းကေတာ့ ေဝဖန္တာမ်ိဳးလည္း မလုပ္ခဲ့သလို ကိုယ္နဲ႔ ဆိုင္လာလိမ့္မယ္လို႔လည္း မေတြးခဲ့မိ။ အခုေတာ့ ေယာျပံဳးျပတာေလး တစ္ခုတည္းေၾကာင့္  တစ္သက္နဲ႔တစ္ကိုယ္ ရင္မခုန္စဖူး ခုန္လာသည္။ ဆတ္သာဆိုတဲ့ ကိုယ္က ဘယ္ေလာက္ တည္ၿငိမ္လဲဆိုရင္ စာေမးပြဲေျဖရင္ေတာင္ ရင္ခုန္တဲ့ လူစားမ်ိဳးမဟုတ္။

"ဘာျဖစ္လို႔လဲ Head"

အေတြးပင္လယ္ထဲမွာ ႐ွိေနတဲ့ ဆတ္သာကို ေယာ​ေမးလိုက္ျခင္းျဖစ္သည္။

"မ မျဖစ္ပါဘူး။ မင္းက တေနကုန္ ဝတ္ထားတဲ့ အက်ႌကို ဝတ္ၿပီး အိပ္မလို႔လား"

ဆတ္သာေျပာမွ ​ေယာလည္း ေတြးမိသြားသည္။

"ဒါေပမယ့္ ဝတ္စရာမွမ႐ွိတာ ။ဒါပဲ ဝတ္အိပ္ရမွာေပါ့"

"ဘာ ! မင္းေရမခ်ိဳးဘူးလို႔ေတာ့ မေျပာနဲ႔ေနာ္ ေယာ"

"ခ်ိဳးမွရမွာလား"

"ဟာ ဘယ္လိုညစ္ေပအိုးနဲ႔ လာေတြ႔ေနလဲ မသိဘူး"

မျဖစ္ဘူး ဆတ္သာ ။ မျဖစ္ဘူး။ ဒီေလာက္ ညစ္ပတ္လြန္းတဲ့သူကို နင္စိတ္ဝင္စားေနတာ ဘယ္နည္းနဲ႔မ ွမျဖစ္ႏိုင္ဘူး။ ဆတ္သာ စိတ္ထဲမွာ ပြစိပြစိ သတိေပးေနသည္။

ေယာကေတာ့ ႏွာေခါင္း႐ွံု႕ျပရင္း..

"ခ်ိဳးၿပီးရင္ ဘာဝတ္ရမွာလဲ"

"Bathrobeေတြ ႐ွိတယ္ေလ"

ေျပာၿပီးမွ ဆတ္သာ ကိုယ့္ပါးစပ္ကို ျပန္ပိတ္႐ိုက္ခ်င္စိတ္ ေပါက္သြားသည္။ႏွစ္ေယာက္စလံုး Bathrobeဝတ္ၿပီး တစ္ကုတင္တည္း အတူတူ အိပ္ရမွာက မိန္းကေလးအခ်င္ခ်င္းဆိုေပမယ့္ လြယ္ကူမေနဘူး။

"စိတ္ထိန္း ဆတ္သာ စိတ္ထိန္းစမ္း"
ဆတ္သာ ကိုယ့္ကိုယ္ကို ျပန္သတိေပးေနသည္။

"Headကို ငါမႀကိဳက္ဘူး။ ငါမႀကိဳက္ဘူး။ အက်င့္ကလည္း ထူးဆန္းေသးတယ္ ။လံုးဝ ငါ့စတိုင္ မဟုတ္ဘူး။ ႐ုပ္ကေလးေခ်ာတာ တစ္ခုပဲ႐ွိတာ။တစ္စက္ေလးမွ အေပါက္အလမ္း တည့္ခ်င္စရာမ႐ွိတဲ့ ေၾကာင္အိုႀကီး ခြန္ဆတ္သာကို ေယာေလး လံုးဝလံုးဝ စိတ္မဝင္စားပါ"

ဆတ္နည္းတူ ေယာမွာလည္း ကိုယ့္ကိုယ္ကို သတိကပ္ေနရသည္။

"ဒါဆို ေယာအရင္ သြားခ်ိဳးလိုက္မယ္ေနာ္ "

တိတ္ဆိတ္ၿပီး ေနရခက္သည့္ အေျခအေနကေန ေယာ ရံုးထြက္လိုက္သည္။

"အင္းအင္း...ျမန္ျမန္ခ်ိဳး"

ေယာ ေခါင္းတစ္ခ်က္ ျငိမ့္ျပရင္းသာ ေရခ်ိဳးခန္းထဲကို ျမန္ျမန္ဝင္သြားလိုက္သည္။

******

ႏွစ္ေယာက္အိပ္ကုတင္ႀကီးရဲ႕ အလယ္မွာ ဖက္လံုးတစ္ခုျခားရင္း Bathrobe ကိုယ္စီဝတ္ထားၿပီး အိပ္ဖို႔ျပင္ေနတဲ့ ေကာင္မေလးႏွစ္ေယာက္။

"မီးေတြပိတ္လို႔ ျဖစ္မလား"

ဆတ္သာ ေယာကို ေမးလိုက္ျခင္းျဖစ္သည္။

"ဟုတ္ ရတယ္ Head"

မီးပိတ္ထားၿပီး မ်က္လံုးေတြ မွိတ္ထားၾကေပမယ့္ ႏွစ္ေယာက္စလံုး အိပ္မေပ်ာ္ႏိုင္ၾက။

"ေယာ..."

ဆတ္သာ ခပ္တိုးတိုး ေခၚလိုက္တာေၾကာင့္ ေယာလည္း ျပန္ထူးလိုက္သည္။

"ဟုတ္ "

"Goodnight "

"အာ...ဟုတ္ Goodnight"

ႏွစ္ေယာက္စလံုး ေျပာစရာစကားလည္း ေထြေထြထူးထူး ႐ွာမရတဲ့အဆံုးေတာ့ အိပ္ေပ်ာ္ဖို႔သာ အာရံုစိုက္လိုက္ၾကသည္။

*ဒူ ဒူ ဒူ ဒူ*

ဆတ္သာရဲ႕Vribateဖုန္း အသံထျမည္ျခင္းျဖစ္သည္။

"ဟယ္လို ႀကီးညိဳ ဘာလို႔ဖုန္းဆက္တာလဲ"

"......."

တစ္ဖက္လူက ေျပာလို႔အဆံုး ဆတ္သာဖုန္းကို ကမန္းကတန္း ခ်လိုက္သည္။

"ေယာ ကိုယ္ ရန္ကုန္ကိုျပန္မွရမယ္"

"႐ွင္ ဘာလို႔"

ေယာစကားေတာင္ဆံုးေအာင္ မေျပာလိုက္ရေသးခင္ပဲ ဆတ္သာ အခန္းထဲကေန ထြက္သြားသည္။
ေယာလည္း ေထြေထြထူးထူး မစဥ္းစားႏိုင္ပဲ အိတ္ေကာက္လြယ္ၿပီး ဆတ္သာေနာက္ကို လိုက္ရသည္။

Hotelမွာ႐ွိတဲ့ လူတစ္ခ်ိဳ႕ ဝိုင္းၾကည့္ေနတာကို ​ေယာသိသိသာသာ ခံစားေနရသည္။ ျကည့္ဆို ေယာေရာ ဆတ္သာေရာ Bathrobeအျဖဴ ကိုယ္စီနဲ႔ အေလာတႀကီး ထြက္လာၾကတာကို။
ေတာ္ေသးတာေပါ့ Bathrobeက Sizeအႀကီးေတ ြျဖစ္တဲ့အျပင္ လံုလံုျခံဳျခံဳ ျဖစ္ေနလို႔သာေပါ့။

ေျခတံ႐ွည္တဲ့ ဆတ္သာေနာက္ကို အမီလိုက္ရတဲ့အတြက္ ကားေပၚေရာက္ေတာ့ ​ေယာစကားေတာင္ မေျပာႏိုင္ေတာ့ေပ။
ဆတ္သာကေတာ့ ကားေလးကို အ႐ွိန္ျမႇင့္တင္ၿပီး ရန္ကုန္ကို ေရာက္ရန္ အာရံုစိုက္ထားသည္။

"ဘာလို႔လဲ Head ။တစ္ခုခုျဖစ္လို႔လား"

ေယာ မေနႏိုင္တဲ့အဆံုး ေမးလိုက္မိသည္။

ဆတ္သာ မ်က္ႏွာက ၿပိဳေတာ့မဲ့မိုးလို ျဖစ္ေနရင္း ေယာက ိုျပန္အေျဖေပးလိုက္သည္။

"ကိုကို ကားအက္ဆီးဒန္႔ တစ္ခုျဖစ္တယ္ ေျပာတယ္။အေျခအေနက ႀကီးညိဳတို႕လည္း မသိေသးဘူးတဲ့။သူတို႔လည္း အခုမွ ​ေဆးရံုသြားရမွာတဲ့"

"အဆင္ေျပမွာပါ Head။ ကားကို ဂ႐ုစိုက္ေမာင္းေနာ္"

အ႐ွိန္တအားတင္ထားသည့္ ဆတ္သာကို ေယာ သတိေပးရင္း အားေပးစကား ေျပာၿပီးတဲ့ေနာက္ ႐ွိန္း ဆီကို ဖုန္းေခၚလိုက္သည္။ ႐ွိန္းက အအိပ္ဆက္ေတာ့ ေယာ ဖုန္းေခၚၿပီး ခနအၾကာမွာပဲ ဖုန္းကိုင္လိုက္သည္။

"ဟယ္လို ေယာ.. ဘာျဖစ္လို႔လဲ"

"ဟဲ့ Boss ကားအက္ဆီးဒန္႔ျဖစ္လို႔တဲ့။ အဲ့တာ နင္ အခုသြားလိုက္ဦး"

"ဘာ !! ဘယ္ေဆးရံုမွာလဲ ေယာ"

ေယာ ႐ွိန္းေမးခြန္းကို ​ေျဖဖို႔အတြက္ အရင္ဆံုး ဆတ္သာကို ေမးရသည္။

"Bossက အခု ဘယ္ေဆးရံုမွာလဲ Head"

ေယာ က႐ွိန္းကို ဘာေၾကာင့္ ခ်က္ခ်င္းႀကီး လွမ္းအေၾကာင္းၾကား ရတာလဲဆိုတာ ဆတ္သာ နားမလည္ေပမယ့္ ေယာေမးခြန္းကို ျပန္ေျဖလိုက္သည္။

"ပင္လံုေဆးရံုမွာ ေျပာတယ္"

႐ွိန္းကေတာ့ ေယာနဲ႔ဆတ္သာ ေျပာတာကို ျကားေနရေတာ့

"အဲ့တာဆို ငါသြားလိုက္ဦးမယ္ေနာ္ ေယာ"

"ေအးေအး"

ေယာလည္း ေျခေတြလက္ေတြပါ ေအးစက္ေနသည္။ ခြန္ဆတ္သာနဲ႔ ႐ွိန္းဆို ဘယ္လိုခံစား ေနရမလဲဆိုတာ ေယာ ေကာင္းေကာင္းႀကီး နားလည္သည္။အဲ့တာေၾကာင့္ တစ္ခြန္းမွမဟပဲ ရသမ်ွ ဘုရားစာေတြ ရြတ္ရင္းသာ ၿငိမ္ၿငိမ္ေလး လိုက္လာခဲ့သည္။

~~~♥~~~

The author has something to say:

Zawgyi ေတြ Unicodeေတြေၾကာင့္ စာလံုးေပါင္းေလးေတြ တစ္ခ်ိဳ႕ေနရာေလးေတြမွာ ဖတ္လို႔မရတာေလးေတြ ႐ွိရင္ ခြင့္လႊတ္ေပးၾကပါေနာ္။🙏🙏🙏

Unicode

ယောတို့ စားပြီးသောက်ပြီး ရန်ကုန်ကို ပြန်ဖို့ ပြင်မယ်ရှိတုန်း ကောက်ကာငင်ကာကြီး ထလာတဲ့ ဆတ်သာရဲ့ဖုန်း။

" "

"......."

တစ်ဖက်က ဘာပြောနေတယ်ဆိုတာ ယောမသိပေမယ့် ခွန်ဆတ်သာပုံက တစ်ခုခုကို အလေးအနက် တွေးနေသည့် ပုံပေါ်သည်။

"OkOk အဲ့တာဆိုရင် အဲ့ဘက်က ပိုင်ရှင်ကို အဆင်ပြေတယ်လို့သာ ပြန်ပြောလိုက်"

"ဟူးးး"

ဖုန်းချပြီးတဲ့နောက် ဆတ်သာ သက်ပြင်းအရှည်ကြီး ချလိုက်မိသည်။

"ကိုယ်တို့ ဒီည ပဲခူးမှာ အိပ်မှရမယ်ထင်တယ် ယော"

"ဘာဖြစ်လို့လဲ Head"

"အခုShopping Mall နေရာအတွက် မြေကွက်ရောင်းမဲ့ ပိုင်ရှင်က ဒီည ကိုးနာရီလောက်မှာ စာချုပ်ချုပ်ပေးမှ ရမယ်တဲ့။မနက်ဆို သူတို့က ခရီးသွားစရာ ရှိလို့တဲ့။ စာချုပ်ချုပ်ပြီးလို့ ရန်ကုန်ပြန်ရင်ကျတော့ တော်တော်လေး နောက်ကျမှာဆိုတော့ ဒီမှာပဲ အိပ်ဖြစ်မယ် ထင်တယ်"

"အာ...ဟုတ် အဲ့တာဆို ယော အိမ်ကို ဖုန်းဆက်လိုက်မယ်လေ"

"တကယ်အဆင်ပြေရဲ့လား ယော။ မပြေရင် ကိုယ်မင်းကိုပြန်ပို့ပေးမယ်။ ပြီးမှ ကိုယ်ပြန်လာလို့ ရတယ်"

အခုမှ မြန်မာပြည်ကို ပြန်ရောက်တာ ဘယ်လောက်မှမကြာသေးတဲ့ ခွန်ဆတ်သာကို တစ်ယောက်တည်း လွှတ်ဖို့ယော ဘယ်လိုမှ စိတ်ချမနေပါ။

"ပြေပါတယ်။ သြားလိုက်လာလိုက်ဆို Headလည်း ပင်ပန်းတယ်"

"ကျေးဇူးပဲ ယော။ ကိုယ်က ဒီprojectကို တာဝန်ယူနေတာဆိုတော့ အခုလိုကိစ္စတွေမှာ ကိုကို့ ကိုလည်း အပူမကပ်ချင်ဘူးလေ"

ယောကတော့ ဆတ်သာပြောတာလေးကို ခေါင်းလေးငြိမ့်ပြရင်း ထောက်ခံကြောင်း အဖြေပေးလိုက်သည်။

ယောတို့ နီးနီးနားနားမှာရှိတဲ့ Hotel Aroma မှာပဲတည်းရန် ဆုံးဖြတ်လိုက်သည်။

ပြဿနာက အခန်းယူတာမှာ စတာပဲ။

"နှစ်ယောက်ခန်း တစ်ခန်းပေးပါ အမ"

Receptionist အစ်မကို
ပြောလိုက်သည့် ဆတ်သာကို ယော ပြူးကြည့်လိုက်သည်။
ဆတ်သာကလည်း ပြန်ပြီး မထီတထီကြည့်ရင်း ပြုံးပြလိုက်သည်။ယော မျက်လုံးထဲမှာတော့ ဆတ်သာရဲ့အပြုံးက လူယုတ်မာအပြုံးနဲ့ ပိုတူနေသည်။

"ဟုတ်တယ်လေ ။ မင်းလိုပေါက်စကို ဒီလို Hotel အကြီးကြီး ထဲမှာ တစ်ခန်းခွဲထားရတာ ဘယ်လိုလုပ် စိတ်ချရမှာလဲ ။ ဟုတ်တယ်မဟုတ်လား ပေါက်စ"

အူကြောင်ကြောင် လုပ်နေသည့် ယောကို ဆတ်သာ ချက်ကျကျ ရှင်းပြလိုက်သည်။

"လူကောင်ကို ကြည့်ပြီး အထင်မသေးသင့်တာ Head အသိဆုံးပါ"

ယော မင်သေသေနဲ့ ပြန်ပြောလိုက်ခြင်း ဖြစ်သည်။
ဆတ်သာကေတာ့ ပုခုံးတစ်ချက် တွန့်ပြလိုက်သည်။

******

"ဟုတ်ကဲ့ အဲ့တာဆို စာချုပ်ကိစ္စပြီးပြီနော် ။ ကျေးဇူးတင်ပါတယ်"

ဆတ်သာ လူမှုရေးအရ ကျေးဇူးတင်စကား ပြောပြီး မြေပိုင်ရှင်အဖိုးကို လက်ဆွဲနှုတ်ဆက်လိုက်သည်။

"ဟုတ်ကဲ့။ ကျေးဇူးတင်ပါတယ်ဗျာ"

ရုံးခွဲမှာပဲ NT Groupရဲ့ ရှေ့နေကို ခေါ်ပြီး မြေပိုင်ရှင်နဲ့ စာချုပ်ကိစ္စကို အပြီးသတ် လိုက်သည်။

ဆတ်သာတို့ ဟိုတယ် အခန်းကို ပြန်ရောက်တော့ အချိန်က
ညဆယ့်နှစ်နာရီ နီးနီးရှိနေပြီ။
ယောတစ်ယောက် ကုတင်ပေါ် ခြေပစ်လက်ပစ် လှဲချရင်း ပြောလိုက်သည်။

"အားးး အခုမှပဲလှဲရတော့တယ် အူးးးညောင်းနေတာပဲ"

ယောရဲ့ အပြုအမူကြောင့် ဆတ်သာ ချောင်းတစ်ချက် ဟန့်လိုက််သည်။အဲ့တော့မှ ယောလည်း ပြာပြာသလဲ ကောက်ထိုင်ရင်း အစွယ်လေးတွေ ပေါ်တဲ့အထိ ဆတ်သာကို ရယ်ပြလိုက်သည်။

*ဒိတ် ဒိတ် ဒိတ်*

ဆတ်သာ ကိုယ့်နှလုံးခုန်သံကို ပြန်ကြားနေရသည်။တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ခြေတွေလက်တွေ ထဲမှာရှိတဲ့ သွေးကြောတွေကပါ ရှိန်းတိန်းဖိန်းတိန်း ဖြစ်လာသလို ခံစားလိုက်ရသည်။

"ဘာလဲ ။ ငါ ယောကိုစိတ်ဝင်စားနေတာလား"

same genderချင်း ချစ်ကြသည့်ကိစ္စက ဆတ်သာအတွက်တော့ ထူးဆန်းမနေခဲ့။UKက ဆတ်သာ သူငယ်ချင်းတွေထဲမှာလည်း အဲ့လို အတွဲမျိုးတွေရှိသည်။အဲ့တုန်းကတော့ ဝေဖန်တာမျိုးလည်း မလုပ်ခဲ့သလို ကိုယ်နဲ့ ဆိုင်လာလိမ့်မယ်လို့လည်း မေတြးခဲ့မိ။ အခုတော့ ယောပြုံးပြတာလေး တစ်ခုတည်းကြောင့် တစ်သက်နဲ့တစ်ကိုယ် ရင်မခုန်စဖူး ခုန်လာသည်။ ဆတ်သာဆိုတဲ့ ကိုယ်က ဘယ်လောက် တည်ငြိမ်လဲဆိုရင် စာမေးပွဲဖြေရင်တောင် ရင်ခုန်တဲ့ လူစားမျိုးမဟုတ်။

"ဘာဖြစ်လို့လဲ Head"

အတွေးပင်လယ်ထဲမှာ ရှိနေတဲ့ ဆတ်သာကို ယောမေးလိုက်ခြင်းဖြစ်သည်။

"မ မဖြစ်ပါဘူး။ မင်းက တနေကုန် ဝတ်ထားတာ ကို ဝတ်ပြီး အိပ်မလို့လား"

ဆတ်သာပြောမှ ယောလည်း တွေးမိသွားသည်။

"ဒါပေမယ့် ဝတ်စရာမှမရှိတာ ။ဒါပဲ ဝတ်အိပ်ရမှာပေါ့"

"ဘာ ! မင်းရေမချိုးဘူးလို့တော့ မပြောနဲ့နော် ယော"

"ချိုးမှရမှာလား"

"ဟာ ဘယ်လိုညစ်ပေအိုးနဲ့ လာတွေ့နေလဲ မသိဘူး"

မ​ဖြစ်ဘူး ​ခွန်ဆတ်သာ ။ မဖြစ်ဘူး။ ဒီလောက် ညစ်ပတ်လွန်းတဲ့သူကို နင်စိတ်ဝင်စားနေတာ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဆတ်သာ စိတ်ထဲမှာ ပြစိပြစိ သတိပေးနေသည်။

ယောကတော့ နှာခေါင်းရှုံ့ပြရင်း..

"ချိုးပြီးရင် ဘာဝတ်ရမှာလဲ"

"Bathrobeတွေ ရှိတယ်လေ"

ပြောပြီးမှ ဆတ်သာ ကိုယ့်ပါးစပ်ကို ပြန်ပိတ်ရိုက်ချင်စိတ် ပေါက်သွားသည်။နှစ်ယောက်စလုံး Bathrobeဝတ်ပြီး တစ်ကုတင်တည်း အတူတူ အိပ်ရမှာက မိန်းကလေးအချင်ချင်းဆိုပေမယ့် လွယ်ကူမနေဘူး။

"စိတ်ထိန်း ဆတ်သာ စိတ်ထိန်းစမ်း"
ဆတ်သာ ကိုယ့်ကိုယ်ကို ပြန်သတိပေးနေသည်။

"Headကို ငါမကြိုက်ဘူး။ ငါမကြိုက်ဘူး။ အကျင့်ကလည်း ထူးဆန်းသေးတယ် ။လုံးဝ ငါ့စတိုင် မဟုတ်ဘူး။ ရုပ်ကလေးချောတာ တစ်ခုပဲရှိတာ။တစ်စက်လေးမှ အပေါက်အလမ်း တည့်ချင်စရာမရှိတဲ့ ကြောင်အိုကြီး ခွန်ဆတ်သာကို ယောလေး လုံးဝလုံးဝ စိတ်မဝင်စားပါ"

ဆတ်နည်းတူ ယောမှာလည်း ကိုယ့်ကိုယ်ကို သတိကပ်နေရသည်။

"ဒါဆို ယောအရင် သွားချိုးလိုက်မယ်နော် "

တိတ်ဆိတ်ပြီး နေရခက်သည့် အခြေအနေကနေ ယော ရုံးထွက်လိုက်သည်။

"အင်းအင်း...မြန်မြန်ချိုး"

ယော ခေါင်းတစ်ချက် ငြိမ့်ပြရင်းသာ ရေချိုးခန်းထဲကို မြန်မြန်ဝင်သွားလိုက်သည်။

******

နှစ်ယောက်အိပ်ကုတင်ကြီးရဲ့ အလယ်မှာ ဖက်လုံးတစ်ခုခြားရင်း Bathrobe ကိုယ်စီဝတ်ထားပြီး အိပ်ဖို့ပြင်နေတဲ့ ကောင်မလေးနှစ်ယောက်။

"မီးတွေပိတ်လို့ ဖြစ်မလား"

ဆတ်သာ ယောကို မေးလိုက်ခြင်းဖြစ်သည်။

"ဟုတ် ရတယ် Head"

မီးပိတ်ထားပြီး မျက်လုံးတွေ မှိတ်ထားကြပေမယ့် နှစ်ယောက်စလုံး အိပ်မပျော်နိုင်ကြ။

"ယော..."

ဆတ်သာ ခပ်တိုးတိုး ခေါ်လိုက်တာကြောင့် ယောလည်း ပြန်ထူးလိုက်သည်။

"ဟုတ် "

"Goodnight "

"အာ...ဟုတ် Goodnight"

နှစ်ယောက်စလုံး ပြောစရာစကားလည်း ထွေထွေထူးထူး ရှာမရတဲ့အဆုံးတော့ အိပ်ပျော်ဖို့သာ အာရုံစိုက်လိုက်ကြသည်။

*ဒူ ဒူ ဒူ ဒူ*

ဆတ်သာရဲ့Vribateဖုန်း အသံထမြည်ခြင်းဖြစ်သည်။

"ဟယ်လို ကြီးညို ဘာလို့ဖုန်းဆက်တာလဲ"

"......."

တစ်ဖက်က ပြောလို့အဆုံး ဆတ်သာဖုန်းကို ကမန်းကတန်း ချလိုက်သည်။

"ယော ကိုယ် ရန်ကုန်ကိုပြန်မှရမယ်"

"ရှင် ဘာလို့"

ယောစကားတောင်ဆုံးအောင် မပြောလိုက်ရသေးခင်ပဲ ဆတ်သာ အခန်းထဲကနေ ထွက်သွားသည်။
ယောလည်း ထွေထွေထူးထူး မစဉ်းစားနိုင်ပဲ အိတ်ကောက်လွယ်ပြီး ဆတ်သာနောက်ကို လိုက်ရသည်။

Hotelမှာရှိတဲ့ လူတစ်ချို့ ဝိုင်းကြည့်နေတာကို ယောသိသိသာသာ ခံစားနေရသည်။ ကြည့်ဆို ယောရော ဆတ်သာရော Bathrobeအဖြူ ကိုယ်စီနဲ့ အလောတကြီး ထွက်လာကြတာကို။
တော်သေးတာပေါ့ Bathrobeက Sizeအကြီး​တွေဖြစ်တဲ့အပြင် လုံလုံခြုံခြုံ ဖြစ်နေလို့သာပေါ့။

ခြေတံရှည်တဲ့ ဆတ်သာနောက်ကို အမီလိုက်ရတဲ့အတွက် ကားပေါ်ရောက်တော့ ယောစကားတောင် မပြောနိုင်တော့ပေ။
ဆတ်သာကေတာ့ ကားလေးကို အရှိန်မြှင့်တင်ပြီး ရန်ကုန်ကို ရောက်ရန် အာရုံစိုက်ထားသည်။

"ဘာလို့လဲ Head ။တစ်ခုခုဖြစ်လို့လား"

ယော မနေနိုင်တဲ့အဆုံး မေးလိုက်မိသည်။

ဆတ်သာ မျက်နှာက ပြိုတော့မဲ့မိုးလို ဖြစ်နေရင်း ယောကို ပြန်အဖြေပေးလိုက်သည်။

"ကိုကို ကားအက်ဆီးဒန့် တစ်ခုဖြစ်တယ် ပြောတယ်။အခြေအနေက ကြီးညိုတို့လည်း မသိသေးဘူးတဲ့။သူတို့လည်း အခုမှ ဆေးရုံကိုသွားရမှာတဲ့"

"အဆင်ပြေမှာပါ Head။ ကားကို ဂရုစိုက်မောင်းနော်"

အရှိန်တအားတင်ထားသည့် ဆတ်သာကို ယော သတိပေးရင်း အားပေးစကား ပြောပြီးတဲ့နောက် ရှိန်း ဆီကို ဖုန်းခေါ်လိုက်သည်။ ရှိန်းက အအိပ်ဆက်တော့ ယော ဖုန်းခေါ်ပြီး ခနအကြာမှာပဲ ဖုန်းကိုင်လိုက်သည်။

"ဟယ်လို ယော.. ဘာဖြစ်လို့လဲ"

"ဟဲ့ Boss ကားအက်ဆီးဒန့်ဖြစ်လို့တဲ့။ အဲ့တာ နင် အခုသွားလိုက်ဦး"

"ဘာ !! ဘယ်ဆေးရုံမှာလဲ ယော"

ယော ရှိန်းမေးခွန်းကို ဖြေဖို့အတွက် အရင်ဆုံး ဆတ်သာကို မေးရသည်။

"Bossက အခု ဘယ်ဆေးရုံမှာလဲ Head"

ယော ကရှိန်းကို ဘာကြောင့် ချက်ချင်းကြီး လှမ်းအကြောင်းကြား ရတာလဲဆိုတာ ဆတ်သာ နားမလည်ပေမယ့် ယောမေးခွန်းကို ပြန်ဖြေလိုက်သည်။

"ပင်လုံဆေးရုံမှာ ပြောတယ်"

ရှိန်းကတော့ ယောနဲ့ဆတ်သာ ပြောတာကို ကြားနေရတော့

"အဲ့တာဆို ငါသွားလိုက်ဦးမယ်နော် ယော"

"အေးအေး"

ယောလည်း ခြေတွေလက်တွေပါ အေးစက်နေသည်။ ခွန်ဆတ်သာနဲ့ ရှိန်းဆို ဘယ်လိုခံစား နေရမလဲဆိုတာ ယော ကောင်းကောင်းကြီး နားလည်သည်။အဲ့တာကြောင့် တစ်ခွန်းမှမဟပဲ ရသမျှ ဘုရားစာတွေ ရွတ်ရင်းသာ ငြိမ်ငြိမ်လေး လိုက်လာခဲ့သည်။

~~~♥~~~

The author has something to say:

Zawgyi တွေ Unicodeတွေကြောင့် စာလုံးပေါင်းလေးတွေ တစ်ချို့နေရာလေးတွေမှာ ဖတ်လို့မရတာလေးတွေ ရှိရင် ခွင့်လွှတ်ပေးကြပါနော်။🙏🙏🙏

Continue Reading

You'll Also Like

977K 30.3K 61
Dans un monde où le chaos et la violence étaient maitre, ne laissant place à ne serrait ce qu'un soupçon d'humanité. Plume était l'exception. Elle...
38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
2.4M 84.4K 51
She stared at him with nothing but emptiness holding in her beautiful grey eyes. "What are you doing here." She mumbled in a blank tone waiting for...
296K 5.7K 26
You read as Peter Pan's daughter. While trying to find Male yourself and Ben are captured by the Pirates, Uma's crew. Harry keeps you as a prisoner s...