ဝမ်သူ​​ကြီးသားနှင့်မြို့သားကိ...

By MIMOSA-85

207K 14.3K 835

အဟမ်း....ဟမ်း.....ဝမ်ရိပေါ်ကငါ့အပိုင် ဝမ်သူကြီးသားကိုရဖို့ ဝမ်သူကြီးကိုမဲပေးစို့ Sep 6to Oct 30 More

1(Zawgi)
2(Unicode)
2(Zawgi)
3(Unicode)
3(Zawgi )
Must Read
4(Unicode)
4(Zawgi)
5(Unicode)
5(Zawgi)
6(Unicode)
6(Zawgi)
7(Unicode)
7(Zawgi)
8(Unicode)
8(Zawgi)
9(Unicode)
9(Zawgi)
10(Unicode)
10(Zawgi)
11(Unicode)
11(Zawgi)
12(Unicode)
12(Zawgi)
13(Unicode)
13(Zawgi)
Hey;My love
14(Unicode)
14(Zawgi)
15(Unicode )
15(Zawgi)
16(Unicode)
16(Zawgi)
17(Unicode)
17(Zawgi)
Final(Unicode)
Final(Zawgi)
Bye
Extra(Unicode)
Extra(Zawgi)
My love
Extra (Unicode&Zawgi)
Hello
Hello
Hello

1(Unicode)

18.7K 830 59
By MIMOSA-85

"တီ........တီ"

ညနက်သန်းခေါင်ကြီးထမြည်လာသောဖုန်းသံကြောင့် ရှောင်ရန် အိပ်ယာမှ ဗြုန်းစားထထိုင်လိုက်ပြီးမြည်နေသော ဖုန်းကိုကိုင်လိုက်သော်လည်းမျက်ခုံးက ခပ်လှုပ်လှုပ်။

အတွင်းအပြင်နတ်တွေအကုန်လုံးကို
ပူဇော်ပါတယ်။
ငမြွှေထိုး ပြသနာမရှာပါစေနဲ့။

"Hello "

" ......"

"ဗျာ....ဟုတ်...ဟုတ်ကဲ့"

Phကိုင်လိုက်သည်နှင့် ဆရာ့သားclubမှာရ​န်ဖြစ်လို့အချုပ်ခန်းထဲရောက်နေတယ်ဟူသောစကားကြောင့်ဘေးတွင်အိပ်နေသော မိန်းမဖြစ်သူကိုအမြန်နိုးကာ ရဲစခန်းသို့ပြေးရပြန်သည်။သူ့စိတ်နှင့်သူဆို မှတ်လောက်သားလောက်အောင်အချုပ်ခန်းထဲထားလိုက်မည်ဖြစ်သော်လည်းအချုပ်အခြာအာဏာ အကုန်ပိုင်ထားသောမိန်းမကို မလွန်ဆန်နိုင်။ ကြောက်လို့မဟုတ်ဘူး....ချစ်လို့....ချစ်လို့။

"ပါးပါး....ဗြဲ....မားမား...သားကိုမြန်မြန်ထုတ်ပေးပါ ဗြဲ.....ခြင်ကိုက်တယ်...."

သူ တို့ကိုမြင်သည်နှင့် အချုပ်ခန်းတစ်ခုလုံးကြားရလောက်အောင် အော်ငိုလာသည့် ငမြွှေထိုး။ဘေးကမိန်းမဖြစ်သူကလည်း မျက်ရည်လေးစမ်းစမ်းနှင့်။ငမြွှေထိုးကဖြင့် ပါးစပ်ကသာအော်နေတာ မျက်ရည်ကတစ်စက်တောင်မကျ။ပြောရင်လည်း ရှောင်ရန်ပဲ မေတ္တာတရားခေါင်းပါးတာ ဖြစ်ရအုံးမည်။

"ဆရာ....အာမခံပေးပြီး ပြန်ခေါ်သွားလို့ရပါတယ်ဆရာ... မြန်မြန်သာခေါ်သွားပေးပါဆရာ....ကျွန်တော်တို့ကလည်း တိုင်လို့သာဖမ်းထားရတာ...ဆရာ့သားကိုဖမ်းမယ့်အစား
ကျားဖင်ပဲနှိုက်ချင်ပါတယ်ဆရာ"

ရှောင်ရန် ပြသနာကို မေးတောင်မမေးရသေး။ရဲအုပ်က စကားတွေတရစပ်​ပြောကာ
မြန်မြန်ခေါ်သွားရန် တောင်းပန်တိုးလျှိုးလာသည်။ အိမ်း.....ငမြွှေထိုးအဖေဖြစ်ရတဲ့ဘဝ
မလွယ်ပါလားနော်....

"အူး....ပါးပါးရယ် မြန်​မြန်ထုတ်ပေးပါဗျ
သားအိပ်ချင်နေပြီ"

အချုပ်ခန်းထဲကနေ အာဗြဲကြီးနှင့် လှမ်းအော်​နေပြန်သေးသည့် င​မြွှေထိုးကောင်။

"ကောင်လေး မြန်မြန် သွားဖွင့်ပေးလိုက်
မဟုတ်ရင် ငါတို့စခန်း အသံလွှမ်းတော့မယ်"

ရဲဲအုပ်က ဘေးနားတွင် ရှိနေသောရဲသားလေးအားငမြွှေထိုးကောင်ကိုမြန်မြန်ဆန်ဆန်ပင် အချုပ်ခန်းထဲမှ သွားထုတ်ခိုင်းသည်။ရှောင်ရန် အချုပ်ခန်းထဲမှ ထွက်လာသောသားဖြစ်သူကို ကြည့်လိုက်ပြီးခေါင်းရမ်းရုံသာတတ်နိုင်တော့သည်။

"ရဲအုပ်ဦးလေးကြီး... နောက်သုံးရက်လောက်မှထပ်လာခဲ့မယ်နော်"

ပါးရဲ့ဘေးမှာရပ်လိုက်ရင်းမှ ဒုရဲအုပ်ဦးလေးကြီးကို နှုတ်ဆက်လိုက်သည်။ ဝင်လာလိုက် ပြန်ထွက်လိုက် လုပ်နေသည့်သူ့ကို ဦးလေးကြီးကလည်း မှတ်မိနေသည်။ ရှောင်ကျန့်ဆိုတာ သုံးရက်တစ်ခါလောက် အချုပ်ခန်းကို ရောက်နေသည်ကိုး။ မွှေနိုင်လွန်းသော သူ့ကို ဦးလေးကြီးနှင့်အတူ ရဲသားလေးတွေကပါ ကြောက်ပုံပေါ်သည်။ရှောင်ကျန့်က တစ်ကယ်ဆို အချုပ်ခန်းက ကျွေးတဲ့ထမင်းမစားချင်ဘဲ ရဲအုပ်ချက်ကျွေးတာကိုပဲ စားချင်ပါသည်ဟု
တောင်းဆိုရုံလေးပင်။

........

"မင်းအဘိုးရှိတဲ့ ရွာကို သွားရမယ်
ရှောင်ကျန့်"

"ဗျာ မားမား!"

မနက်စာနှင့်နေ့လယ်စာကိုပေါင်းစားတတ်
သည့်ရှောင်ကျန့်အတွက် ဒီနေ့ရဲ့ နှစ်နပ်စာက
ကြားရတဲ့စကားကြောင့် အဆင်မပြေလှ။
Night clubတွေ Barတွေ မိန်းမလှလေးတွေကြား အလုပ်ရှုပ်နေသော ရှောင်ကျန့်က
ဖွံ့ဖြိုးတိုးတက်မှုသိပ်မရှိတဲ့ ရွာငယ်လေးကို
မသွားချင်။ရှောင်ကျန့်တစ်ယောက်ရှင်ရက်နဲ့ငရဲကျတော့မည်။

"မားကလဲ သားမသွားချင်ဘူးနော်မား
လိမ်လိမ်မာမာနေပါ့မယ်နော်မား
မဖြစ်မနေသွားရမယ်ဆိုလဲ လေးငယ်ရှိတဲ့လန်ဒန်ပဲ သွားပါရစေ"

အစားအသောက်မပျက်ပြောလာတဲ့သားဖြစ်သူ​ကြောင့် ရှောင်ရန်ပြုံးချင်ချင်ဖြစ်လာရသည်။သေချာသလောက်င​မြွှေထိုးလေးဟာ
သူ့မားကိုချွဲရုံနှင့်ပြီးသွားမည်ဟုသတ်မှတ်ထားသည့်ပုံ။

"သွားကိုသွားရမယ်ရှောင်ကျန့်"

"မားကလည်း"

ထမင်းစားပွဲကနေရှောင်ကျန့်ထရပ်လိုက်သည်။ မျက်နှာမှာတော့အပြုံးတို့ချိတ်ဆွဲကာ။ ဒါကဒုတိယမြောက်လက်နက်။သို့သော်ရှောင်ကျန့်မှန်းချက်နှင့်နှမ်းထွက်မကိုက်။

အရင်အကြိမ်တွေဆို သူထမင်းစားပွဲမှထရပ်လိုက်လျှင်ပဲ မားကချော့မော့ကာ ထမင်းကိုဆက်စားစေသည်။ယခုအခြေအနေတွင်ကားမားသည် ထမင်းဆက်စားနေရုံအပြင်
အကြည့်လေးတစ်ချက်တောင်ရောက်မလာခဲ့။အူးဝါး.....တစ်ကယ်ကြီးသွားရတော့မှာလား။

"ဘယ်မှမသွားဘဲ ဧည့်ခန်းထဲမှာစောင့်
ငါလာလို့မရှိလို့ကတော့ မုန့်ဖိုးအကုန်ဖြတ်မယ်မှတ်"

"ဟွန့်. .."

​ရှောင်ကျန့်ခြေဆောင့်နင်းလိုက်ပြီး နှုတ်ခမ်းကိုစူထော်ကာ ဧည့်ခန်းထဲပဲထိုင်စောင့်လိုက်ရသည်။ ကျစ်....baby နဲ့ချိန်းထားပါတယ်ဆိုမှ။

"အား....မားရေ မပြီးသေးဘူးလား
ဘယ်ဘဝကတည်းက မစားခဲ့ရတာလဲ"

"ဒေါက်"

ခေါင်းပေါ်သို့ရောက်လာသောမားရဲ့လက်နှင့်အတူ နာကျင်မှုကို တစ်ပြိုင်တည်းခံစားလိုက်ရသည်။ အရင်အချိန်ဆို ပြဲလန်နေအောင်အော်ငိုလိုက်မည်ဖြစ်သော်လည်း အဘိုးရှိတဲ့ရွာငယ်ကိုချက်ချင်းသွားဆိုမှ ကွမ်ရင်မယ်တော်ကယ်ပါလုပ်နေရအုံးမည်။ အရေးအကြောင်းဆို ကွမ်ရင်မယ်တော်ကလည်း အိပ်ငိုက်နေသည်ထင်။

"မား...ဘာပြောမို့လဲပြော....သားကbabyနဲ့ချိန်းထားပါတယ်ဆိုမှ"

"ဒေါက်"

ဒီနေ့ကံမကောင်းဘူး။ မားရဲ့လက်ချက်ထပ်မိပြန်ပြီ။

"မိန်းမယူမလား ယောကျာ်းယူမလား
အဘိုးရှိတဲ့ဆီသွားမလားကြိုက်တာရွေး"

သွားပြီ။မားကတော့သူ့ကိုချည်ပြီးတုတ်ပြီးရိုက်ချလိုက်ပြီ။ အပျော်အပါးသာ စိတ်ထဲရှိသောရှောင်ကျန့်ကို မာတာမိခင်ကြီးက
ထောင်ချဖို့ ကြိုးစားနေပြီ။ပါးကိုစစ်ကူတောင်းသလိုကြည့်မိတော့ ပြုံးစစမျက်နှာပေးနှင့်ကျေနပ်အားရနေသည့်ပုံ။
ပါးရဲ့စနက်တွေ....ဟင်း....ဟင်း။

မျက်စိရှေ့က သားကိုကြည့်ရင်း ရှောင်ရန် ကျေနပ်ပီတိဂွမ်းဆီထိနေပြီ။ငမြွှေထိုးလေးကိုသူ့အဘိုးဆီပို့နိုင်ဖို့ ရှောင်ရန် တော်တော်ရင်းလိုက်ရသည်။ တစ်လအတွင်းလုပ်ငန်းအားလုံးကရမည့် အကျိုးအမြတ်တွေ။
အင်း....ငမြွှေထိုးကောင် ရွာငယ်ဇနပုဒ်ကိုသွားနေကြည့်လိုက်စမ်း။

Ring..Ring

ပါးနှင့်သူအပြန်အလှန်အကြည့်ချင်းစစ်ခင်းနေရင်းမှ ဘောင်းဘီအိတ်ထဲထည့်ထားသောဖုန်းမှ မြည်လာသောကြောင့်အ
ကြည့်တို့ကိုပြန်လည်ရုတ်သိမ်းလိုက်သည်။contact nameကိုကြည့်မိတော့ ချစ်စဖွယ်ကောင်မလေးလေးပုံက အထင်းသား။
မားမားပြောတဲ့ အမောပြေ။

"Hello baby"

"....."

"အော်...မနေ့ညကလား အိမ်မှာပါကွာ
ကိုကို့ပါးက သွေးတိုးပြီး ဆေးရုံရောက်နေလို့"

"....."

"အခြေအနေလားကောင်းပါတယ်
ကိုကိုအခုပဲလာခဲ့မယ် babyကို အရမ်းလွမ်းနေပြီ....မွ"

သားဖြစ်သူရဲ့စကားကြောင့် ရှောင်ရန် သွေးတက်ချင်နေပြီ။ဘာရောဂါမှမရှိသည့်သူကိုဆေးရုံပေါ်တင်လိုက်သည့်အဖြစ်။ရုတ်ချည်းထွက်လာသည့်ဒေါသနှင့်အတူ သားခေါင်းပေါ်လက်ရွယ်လိုက်သော်လည်း ခပ်ဖွဖွသာဆံပင်တွေကိုဖွပေးလိုက်ရသည်။အကြောင်းမှာနဂါးမျက်စောင်းထက်ဆိုးသောချစ်မိန်းမ၏မျက်စောင်းကြောင့်။ရှောင်ရန် မျက်ထောင့်နီဖြင့်ကြည့်နေသောမိန်းမကို သွားတွေသာဖြီးပြလိုက်ရသည်။

"ဘယ်လိုရွေးမလဲ ရှောင်ကျန့်
အိမ်ထောင်ပြုရင်လည်းငါသဘောတူမှနော်"

"မားကလည်း...သားက"

Ring....Ring

သူပြန်ဖြေမလို့ရှိသေး၊စားပွဲပေါ်ချထားသောဖုန်းက ထပ်မံမြည်လာပြန်သည်။

"Hello မ"

"ကျွန်တော်က လွမ်းနေတာ မအသံမကြားရတာ အိမ်လို့လည်းမပျော်ဘူး.... စားလို့လည်းမဝင်ဘူး"

လုံးထွေးပြီးထားရစ်ခဲ့သောစောင်တွေနှင့်အိပ်ရေးမက်နေလို့ လွှတ်တဲ့မနက်စာ တွေဖယ်ထား၊ခုနလေးတင်စားခဲ့တဲ့ နှစ်နပ်စာထမင်း​တွေဘွာတေး။

"ဟုတ်...မအမြန်ပြန်လာနော် ကလေးက အရမ်းလွမ်းနေပြီ မွမွ"

Phချပြီးသည်နှင့် ဘေးကမျက်စောင်းသေနတ်ပစ်နေသောမားကို မျက်နှာချိုသွေးရသည်။ဘေးကပါးကတော့ ဂြိုလ်ကစ် ကစ်နေသည်။

"မား...သားကလေ"

Ring.....Ring

"ဟီး...မားခနနော်"

ထပ်မံမြည်လာပြန်သောဖုန်း​ကြောင့် အနန္တဂိုဏ်းဝင်မားမားကို အလှဆုံးနတ်ဘုရားတောင်အရှုံးပေးရလောက်မည့် အပြုံးတို့နှင့်
မျက်နှာချိုထပ်သွေးရသည်။ သို့သော် မားကလက်တပြင်ပြင်နှင့်အခွင့်ကြုံလျှင်ခေါင်းခေါက်ရန်အသင့်။

"Hello... My lady
ကိုယ်က လွမ်းနေတာ
ည Clubသွားကြမယ်လေ
ကိုယ်လာခေါ်မယ် အလှဆုံးပြင်ထားနော်"

"အွန်း....မွမွ"

သားဖြစ်သူရဲ့ အရှုပ်ဇယားတွေကိုကြားနေရသောရှောင်မားသွေးတက်လေပြီ။ သားဖြစ်သူရှုပ်သည်၊ပွေသည်၊မွှေသည်ကိုသိသော်လည်းဒီလောက်ထိတော့ ရှောင်မားထင်မထား။တစ်နာရီမပြည့်သေး ကောင်မလေးကသုံးယောက်၊ ဘုရားရေ....ငါ့သားကဘယ်လိုတောင်ဆိုးသွမ်းနေရတာလဲ။

"မား...သားက..."

"တော်တော်....ရှောင်ကျန့် ဆင်ခြေမပေးနဲ့
တစ်နာရီအတွင်း ရွာကိုသွားမယ့်ကားရှိတယ်
အထုတ်အပိုးပြင်"

"ဗျာ...မားမား မသွားချင်ဘူး...မသွားချင်ဘူးလို့"

လေယာဥ်နဲ့လည်းသွားလို့မရ၊ ဖုန်းလိုင်းမိမမိတောင်မသေချာသည့်ရွာကို ရှောင်ကျန့်သွားရရင်ဖြင့် ပျင်းလွန်းလို့ သေလိမ့်မည်။အဘိုးပြောသည့်အက်ကြောင်းထပ်နေသည့် ဆုံးမစကားတွေကြားရမည်ကလည်း နားမုဒိန်း
ကျင့်တာထက်ပင် ဆိုးနေအုံးမည်။ အဆိုးဆုံးက Night Clubမရှိမှာ။ အိုး....ကွမ်ရင်မယ်တော်အိပ်ငိုက်မနေဘဲ ဒီလူချောလေးကို ကယ်တင်ပါ။အတွင်း ၃၇ အပြင် ၃၇မင်း ကယ်တင်ပါ။

"ဆက်ပြောနေရင် ကဒ်တွေပြန်သိမ်းမှာနော်
ရွာမှာ တစ်လသွားနေမလား ကဒ်တွေအသိမ်းခံမလား"

"ဗျာ...တစ်လ တစ်လကြီးများတောင်"

လက်ညိုးလေးတစ်ချောင်းထောင်ပြကာ ပြိုတော့မည့်မိုးလို ငိုမဲ့မဲ့ဖြစ်နေသည့်သားကိုကြည့်ရင်းရှောင်မားစိတ်မကောင်း။သို့သော် မွှေသည့်ဒဏ်ကို အတော်များများခံရသော ချစ်ယောကျာ်းက အကျိုးအမြတ်အကုန်ပေးပါမည်ဟု ကတိခံလာသောအခါ sorryသားရေဖြစ်သွားတော့သည်။ သားရဲ့ငိုမဲ့မဲ့မျက်နှာအစားမြင်လာသည်က ယွမ်တွေ.....။

"တစ်နာရီအတွင်း ပြီးအောင်ပြင်"

"မား...သားမှာကားရှိနေတာပဲ"

"မရဘူး...လိုင်းကားနဲ့ပဲသွားရမယ်
တစ်လပြည့်လို့ပြန်လာရင်သားလိုချင်တဲ့ပြိုင်ကားကိုဝယ်ပေးမယ် ဘယ်လိုလဲ "

အပိုင်တွက်ထားဟန် ပြုံးစစနှင့်မေးလာသည့်မားကို မျက်နှာရှုံ့ပြလိုက်ပြီး ပြိုင်ကားလှလှလေးအတွက် တွေးကာ မလှမ်းချင်နေသော​ခြေထောက်တို့ကို အလုပ်ပေးရသည်။
တစ်လ...တစ်လပါပဲ။
တစ်လပြီးတာနဲ့ အရင်ကထက် ပိုမွှေပြမယ်။

.......

နေ့လယ်ကတည်းက စီးခဲ့ရသော ကျပ်သိပ်နေသည့် လိုင်းကားသည် ညနေစောင်းမှ အဘိုးရှိသောရွာသို့ရောက်တော့သည်။အသန့်ကြိုက်သော မြို့ကြီးသားတစ်ယောက် လူတွေကျပ်သိပ်နေကာ စကားသံတွေဆူညံနေသည့် လိုင်းကားပေါ်မှာငိုချင်းတွေ မရပ်မနားချခဲ့ရသည်။သို့သော် ရှောင်ကျန့်၏ကံဆိုးမှုသည် ဤမျှနှင့်မရပ်သေး။ရွာလမ်းပြင်နေသည့်အတွက် ရွာထဲသို့ ကားသွားရန် မဖြစ်နိုင်သည့်အခါ ခရီးဆောင်အိတ်ကြီးတကားကားနှင့်လမ်းလျှောက်ရတော့သည်။

တစ်ကယ်သေတော့မှာပဲ.....

ကားလမ်းမှလှမ်းကြည့်လျှင်မြင်နေရသည့်ရွာငယ်လေးသည် ​ခြေကျင်လျှောက်ရသောအခါနာရီဝက်ပင်ကျော်နေပြီ။မရောက်နိုင်သေး။ခရီးဆောင်အိတ်ကြီးကိုလဲ လွှင့်ပစ်ချင်နေပြီ။ ရန်ဖြစ်နိုင်ပေမယ့် လမ်းမလျှောက်နိုင်ဘူးလို့။တစ်ယောက်​ယောက်များလာမကြိုတော့ဘူးလား။

.....
"မြေး ရောက်လာပြီလား"

ဟောဟဲဆိုက်လာသည့်သူ့ကို မြင်နေရက်နဲ့
လောကွတ်ချော်ကာ မေးလာသောအဘိုးကိုရှောင်ကျန့်မဖြေနိုင်တော့။ခရီးဆောင်အိတ်ကြီးကိုမနိုင်မနင်းသယ်လာရသဖြင့်လက်တွေကလဲနာလှသည်။ရှောင်ကျန့်ဆိုသည်မှာဟိုနားသည်နားသွားလျှင်တောင်ကားပေါ်ကမဆင်းသည့်သူဖြစ်သည့်အတွက် ခြေထောက်တွေကတောင့်ကာ ဘာမှတောင်မလှုပ်ရှားချင်တော့။

"ရော့....ရေအေးအေးလေးသောက်
ဘိုးမြေးတော့ပန်းလာတယ်ထင်တယ်
စကားကိုပြန်မပြောနိုင်တော့ဘူး"

ဘိုးကမ်းပေးလာသောရေအေးအေးကိုသောက်လိုက်ရင်း Club မှသောက်ရသောခါးသက်သက်အရသာဝိုင်ကို တမ်းတမိလာသည်။အခုချိန်ဆို Ladyလေးကလည်း Clubမှာရောက်နေမလား။babyကရော ဘာလုပ်နေမလဲ။မကရော အမေရိကန်က ပြန်ရောက်လာပြီလား။အူးဝါး....တစ်ကယ် လွမ်းနေပြီ ပေကျင်းရေ။

"မြေး ဧည့်စာရင်းသွားတိုင်ရအောင်
ရေလေးဘာလေးချိုးပြီး လာခဲ့နော်"

By.....Mimosa

Continue Reading

You'll Also Like

175K 11.5K 29
Seme -Xiao Zhan Uke-Wang Yi Bo Zhanyi Fanfiction Written by -Lay Pyi Thway Nge Credit to the photo. စာရေးသူရဲ့အားနည်းချက်ကြောင့် ficရဲ့မပြည့်စုံမှုမ...
352K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
7.3K 1K 24
Treasure OTPတွေထဲက ကိုယ်အကြိုက်ဆုံး OTPသုံးခုကို inspired ယူပြီး ‌ရေးချင်လို့ပါ ကိုယ်ဖန်တီးထားတဲ့ ကမ္ဘာထဲက မတူညီတဲ့ ‌အချစ်တွေကိုအကောင်းဆုံးပုံဖော်ကြ...
437K 19.5K 47
ပထမဆုံး Yizhan fan fic လေးပါ သူတို့နှစ်ယောက်ကိုချစ်လွန်းလို့သာရေးရတာ သိပ်တော့မရေးတတ်ဘူးရယ်😁