Non Romantic System(Completed)

By bobo_poompat

496K 29.4K 975

ျမတ္ႏိုးတယ္ဆိုတာထက္ပိုေသာစကားမ်ား႐ွိလ်ွင္ ထိုလူသားကိုသာထပ္ေျပာပါမည္..... မြတ်နိုးတယ်ဆိုတာထက်ပိုသောစကားများရှိ... More

Part-1
Part-2
Part-3
Part-4
Part-5
Part-6
Part-8
Part-9
Note
Part-10
Part-11
Part-12
Part-13
Part -14
Part-15
Part-16
Part-17
Part-18
Note
Part-19
Part-20
Part-21
International Lesbian Day♥
Part-22
Part-23
Part-24
Part-25
Part-26
Part-27
Part-28
Wedding's Post
Part-29
Part-30(Final Part)
Extra-1

Part-7

13K 963 28
By bobo_poompat

Zawgyi

ကားကို ႐ွိန္းရဲ႕ကားအေနာက္မွာ အေလာတႀကီးရပ္လိုက္ၿပီး
အေဆာက္အဦးထဲ ေျပးဝင္သြားသည့္ ခြန္ဆတ္သာကို ႐ွိန္းေတြ႔လိုက္သည္။

"အေလာတႀကီးျဖစ္ေနတာ ဘာလို႔မ်ားလဲ ။ ေယာဆီ သြားတာမ်ားလား"

တီးတိုးေရရြတ္လိုက္ရင္း ခြန္ဆတ္သာေနာက္ကို လိုက္သြားရန္ ႐ွိန္းဆံုးျဖတ္လိုက္သည္။

ဒီေန႔မွဘာလို႔ ဓာတ္ေလွကားက တတ္တာ ၾကာေနတယ္လို႔ ခံစားေနရတာလဲ။ ဆတ္သာ ရတတ္မေအးႏိုင္ေတာ့ပဲ ရံုးခန္းဆီ ျမန္ျမန္ေရာက္သြားဖို႔သာ
ဆႏၵ႐ွိေနသည္။

႐ုံုးခန္းမီးကို ဖြင့္လိုက္ေတာ့ ႐ုတ္တရက္ျမင္လိုက္ရတဲ့ ျမင္ကြင္းေၾကာင့္ ဆတ္သာ ဆြံ႔အသြားျပီး ပါးစပ္အေဟာင္းသား ျဖစ္သြားသည္။အက်ႌအျဖဴစြတ္စြတ္ဝတ္ၿပီး Horror make-up lookျပင္ထားသည့္ အရပ္ ငါးေပကိုးလက္မေက်ာ္႐ွိတဲ့ ႏိုင္ငံျခားသူကို တီ႐ွပ္ပြပြေလးနဲ႔ ဂ်င္းပြေလးကို တြဲဝတ္ထားၿပီး အရပ္ ငါးေပေက်ာ္ရံုေလာက္သာ ႐ွိသည့္ ေပါက္စက အေပၚက တတ္ခြထားကာ ႏိုင္ငံျခားသူေလးရဲ႕ လက္ကို ေနာက္ျပန္လိမ္၍ခ်ဳပ္ထားသည္။ ဒါသာMMA One Chamption Ship ပြဲမွာဆိုရင္ အေတာ္ေလး လူႀကိဳက္မ်ားသြားမည့္ အေနအထားမ်ိဳး ျဖစ္လိမ့္မည္။
ဆတ္သာ မသိလိုက္တာက ေယာက ဂ်ဴဒိုခါးပတ္နက္ ရထားဖူးတယ္ဆိုတာပဲ။

******

လြန္ခဲ့ေသာဆယ္မိနစ္ခန္႔က....

ေယာ ဓာတ္ေလွကားကေန တတ္လာၿပီး ဆတ္သာရံုးခန္းတည္းကို ဝင္ဝင္ျခင္း တံခါးဖြင့္လိုက္တဲ့ ​ေယာလက္ကို ဖ်က္ကနဲ လာဆြဲသည့္ လက္တစ္စံု။ေယာရဲ႕ မသိစိတ္ကေန ခ်က္ခ်င္းတုန္႔ျပန္ၿပီး ထိုလက္ကို ျပန္ဖမ္းကာ ကြၽမ္းက်င္သည့္ ဂ်ဴဒိုတိုက္ကြက္ကို ထုတ္သံုးလိုက္သည္။ တစ္ဖက္သူက ေယာခႏၶာကိုယ္ထက္ထြားေပမယ့္ ႐ုတ္တရက္လည္းျဖစ္သလို ေယာရဲ႕ ခါးပတ္နက္စြမ္းရည္ေၾကာင့္ ၾကမ္းျပင္ေပၚ အသာေလး လွဲသိပ္ခံလိုက္ရသည္။

Deborah ဘာမွျပန္ေျပာခ်ိန္ေတာင္ မရေသးခင္ လက္ကို ေနာက္ျပန္လွန္ခ်ိဳးၿပီး အေပၚကေန တတ္ခ်ဳပ္ထားတာ ခံရတုန္း ဆတ္သာ ခ်က္ခ်င္း ေရာက္ခ်လာျခင္းျဖစ္သည္။

ဆတ္သာတစ္ေယာက္ ေပ်ာ္ပဲေပ်ာ္ရမလား။ထိုင္သာငိုလိုက္ရေတာ့မလား မသိေတာ့ေပ။
မတတ္ႏိုင္တဲ့ အဆံုးေတာ့ ဆတ္သာဝင္လာတာကို အႏွစ္ႏွစ္အလလ ေပ်ာက္ဆံုးေနတဲ့ မိခင္ႀကီး ျပန္လာသလို မ်က္ႏွာေလးနဲ႔ ၾကည့္ေနတဲ့ Deborahကိုသာ မခ်ိျပံဳး ျပံဳးျပလိုက္ရေတာ့သည္။

"ေယာ နင္လက္လြန္မယ္ေနာ္ လႊတ္ လႊတ္ လႊတ္လိုက္"

ဆတ္သာနဲ႔အတူ ေ႐ွ႕ဆင့္ေနာက္ဆင့္ ေရာက္ခ်လာတဲ့ ႐ွိန္းတစ္ေယာက္ မက်ယ္တဲ့ မ်က္လံုးေတြေတာင္ ျပဴးမိရင္း ေယာကို သတိေပးေနျခင္းျဖစ္သည္။ေယာရဲ႕ လက္ဆကို ႐ွိန္း ေကာင္းေကာင္းသိသည္။

"လႊတ္လိုက္ေတာ့ေနာ္ ေယာ "

ဆတ္သာလည္း ဝင္ေျဖာင္းဖ်မွ ​ေယာ လႊတ္ေပးလိုက္သည္။
ေယာရဲ႕ လက္ကေန လြတ္ေျမာက္သြားတဲ့ Deborahကေတာ့ ကိုယ့္လက္ေကာက္ဝတ္ကို ပြတ္ရင္း ဆတ္သာရဲ႕ေဘး ေျပးကပ္လိုက္သည္။

("ဆတ္ ဒီေကာင္မေလးက MMA Championလား။
Oh My God !ငါေတာ့ တကယ္ေသေတာ့မလို႔")

*[လက္သည္းကြင္းထဲက စကားေျပာေတြက Deborahနဲ႔ အဂၤလိပ္လိုေျပာတာပါ]

"Headနဲ႔ သူနဲ႔ သိတာလား"

ေယာက အသံတိတ္ေနဆဲျဖစ္ၿပီး ဆတ္သာကို ႐ွိန္း ေမးခြန္း ထုတ္လိုက္ျခင္း ျဖစ္သည္။

ဆတ္သာ ခတၱခန တိတ္ဆိတ္္သြားၿပီး မ်က္ခံုးႏွစ္ဖက္ၾကားေနရာကို လက္နဲ႔ပြတ္ရင္း ႐ုတ္တရက္ ထရယ္လိုက္သည္။

"ဟားဟား သိတာေပါ့ ဒါကိုယ့္သူငယ္ခ်င္း Deborahေလ။
သူက ကိုယ့္ကို စခ်င္လို႔ လုပ္လိုက္တာျဖစ္မယ္ ဟားဟား"

ဆတ္သာ ေျပာလည္းေျပာရင္း ေဘးက Deborahကိုပါ အေဖာ္ညႇိလိုက္သည္။

("ဟုတ္တယ္မလား Deborah ။နင္ငါ့ကိုစဖို႔ ေရာက္ေနတာ မဟုတ္လား ။ ဟုတ္တယ္ေနာ္")

ရယ္သာရယ္ေနတာ မၾကာခင္ ငိုမိေတာ့မဲ့ပံုနဲ႔ အားစိုက္ရယ္ေနတဲ့ ဆတ္သာကို Deborah အကဲခတ္လိုက္ရင္း မ်က္ခံုးတစ္ဖက္ ပင့္တင္ျပလိုက္သည္။

"ဟားဟား ေတြ႔တယ္မဟုတ္လား။ Deborahက ဟုတ္တယ္တဲ့"

ဆတ္သာ ေျပာသာေျပာေနတာ ျဖစ္ႏိုင္ရင္ ဒီေနရာကေန အေငြ႔ပ်ံၿပီးေတာ့သာ ေပ်ာက္သြားခ်င္ေနၿပီ ျဖစ္သည္။

ေယာနဲ႔ ႐ွိန္းကေတာ့ အလြန္တရာမွ အူျမဴးေနသည့္ ခြန္ဆတ္သာကို မ်က္ေတာင္ ပုပ္ခတ္ပုပ္ခတ္လုပ္ရင္း အထူးတဆန္း ျကည့္ေနသည္။

"ေယာ ကိုယ့္သူငယ္ခ်င္းအစား ကိုယ္ေတာင္းပန္ပါတယ္။
တစ္ခုခုေရာ ျဖစ္သြားေသးလား ။ အဆင္ေရာေျပရဲ႕လား။တအားလန္႔သြားေသးလား"

ဆတ္သာေျပာေနတဲ့ စကားေတြက ိုDeborahတစ္ေယာက္ နားမလည္လို႔သာ ေတာ္ေသးသည္။နားလည္ရင္ေတာ့ ရင္ထုမနာ ျဖစ္ေတာ့မ ဲ့Deborahေလး။

"အာ.. ဟုတ္ ရပါတယ္။ ေယာကဘာမွမျဖစ္ဘူး ။ျဖစ္သြားတာက Headသူငယ္ခ်င္းပဲ။သူ႔ကို ေဆးေလးဘာေလး ေသခ်ာလိမ္းေပးလိုက္ပါ။ကံေကာင္းလို႔ က်ိဳးေတာ့ မက်ိဳးသြားဘူး။"

*​ေယာက တကယ္ျကီး ေသြးေအးလူသတ္သမားပဲ*
ဆတ္သာေတြးရင္း တံေတြးတစ္ခ်က္ မ်ိဳခ်လိုက္မိသြားသည္။

"ရ ရပါတယ္။ ကိုယ္ဂ႐ုစိုက္လိုက္မယ္"

"(တအားနာသြားရင္ ေတာင္းပန္ပါတယ္ေနာ္ ။ေယာလည္း ႐ုတ္တရက္ဆိုေတာ့ လန္႔သြားလို႔ပါ)"

ေယာဘက္က မမွားေပမဲ့လည္း Deborahကို ေတာင္းပန္စကား ဆိုလိုက္သည္။

"(မဟုတ္တာ။ Deborahမွားတာပါ ။တကယ္ေတာင္းပန္ပါတယ္ေနာ္ ။ ဆတ္နဲ႔မွားၿပီးစလိုက္မိတာ ။ေတာင္းပန္ပါတယ္ေနာ္)"

အျပန္အလွန္ ေတာင္းပန္လိုက္တာ ဆယ့္ငါးမိနစ္ေလာက္ၿပီးတဲ့ေနာက္မွာေတာ့ ေလးေယာက္စလံုး ကားေတြဆီ ျပန္ေရာက္သြားၾကသည္။

"ကဲ..ဒါဆို ကိုယ္သြားလိုက္ဦးမယ္ေနာ္ ေယာနဲ႔႐ွိန္း"

"ဟုတ္"

"(Bye...ေနာက္တစ္ခါျပန္ဆံုၾကမယ္ေနာ္) "

ေယာတို႔ကို ႏႈတ္ဆက္ေနတဲ့ Deborahဆိုတဲ့ မ်က္ဝန္းျပာျပာေလးနဲ႔ ေကာင္မေလးကို ေယာတ ို႔စိတ္မဆိုးမိပါ။

Velocity Blue Ford Fusionကားေလးနဲ႕ ၿပိဳင္ကားနက္ျပာေရာင္ေလးတို႔ကေတာ့ ဆန္႔က်င္ဘက္ဆီကို ဦးတည္သြားၾကသည္။

*****

"ေယာ.. တကယ္အဆင္ေျပရဲ႕လား"

ကားေမာင္းေနတဲ့႐ွိန္း ေမးလိုက္ျခင္းျဖစ္သည္။

"ေျပတယ္....ဒါေပမယ့္ေလ အခုျဖစ္သြားတာက တကယ္ ေသြး႐ိုးသားရိုးမဟုတ္ဘူး။
Head လက္ခ်က္ပဲဆိုတာ ငါသိတယ္"

ေယာစကားကို ႐ွိန္းလည္း ေထာက္ခံသည္။

"ဆိုေတာ့ကာ Headရဲ႕ရည္ရြယ္ခ်က္က နင့္ကို ိုေၾကာက္ေစခ်င္တာလား"

ေယာ သက္ျပင္းအ႐ွည္ႀကီး ခ်လိုက္ရင္း ႐ွိန္းရဲ႕ေမးခြန္းကို ေျဖလိုက္သည္။

"မဟုတ္ဘူးဟ။ခြန္ဆတ္သာက ငါ့ကို ကုမၸဏီကေန ထြက္သြားေစခ်င္တာ"

"ဟင္... ဘာလို႔လဲ"

"နင္ ေသခ်ာ စဥ္းစားၾကည့္ ။ဒီေလာက္ တေနကုန္ ငါတို႔ ရံုးခန္းထဲမွာရွိေနတာ ဘယ္ႏိုင္ငံျခားသူမွ​ေရာက္လာတာ မေတြ႔ဘူး။ ရံုးဆင္းခ်ိန္မွာ ေရာက္လာတယ္ပဲ ထားဦး လံုျခံဳေရး ဦးေလးတစ္ေယာက္လံုးရွိတာ ဘယ္သူမွ အဲ့​ေလာက္ အတင့္မရဲျပီး မဝင္ရဲဘူး။ ၿပီး​ေတာ့ ရံုးဆင္းၿပီ​ေလ ။ ဘယ္သူက ခြန္ဆတ္သာကို စ​ေနာက္ဖို႔ လာ​ေတာ့မွာလဲ။ရွိေသးတာက Headက ငါ့ကို တကယ္တမ္း fileသြားယူခိုင္းေပမယ့္ စားပြဲေပၚမွာဘာ fileမွ မ႐ွိဘူး။တကယ္လို႔ ေနရာထားမွားတယ္ပဲဆိုဦး Headျပန္တဲ့အထိ အဲ့fileကိစၥ တစ္ခ်က္ေလးေတာင္ မဟဘူး"

"ေျသာ္....အင္း....ဟုတ္သားပဲ"

ေယာရဲ႕ဆိုလိုရင္းကို ႐ွိန္း ေကာင္းေကာင္းနားလည္ပါသည္။

"ငါ ေနာက္ေန႔ကစၿပီး Headနဲ႔ မပတ္သတ္မိေအာင္ ေနႏိုင္သမ်ွေနမယ္။Bossနဲ႔ေရာပဲ။"

"Ok Ok ငါလည္း နင္နဲ႔Headကို မပတ္သတ္မိေအာင္ အတတ္ႏိုင္ဆံုး ကူညီေပးမယ္။ငါ့ေယာေလး အလုပ္မွာမ႐ွိရင္ ငါေလး ေနတတ္မွာ မဟုတ္ဘူးဟ"

ငိုေတာ့မဲ့ေလသံနဲ႔ လုပ္ငိုၿပီး မ်က္ႏွာေျပာင္ေနတဲ့႐ွိန္းကို ေယာ ဘုၾကည့္ ျကည့္ေပးလိုက္သည္။

******
ေလဆိပ္ကို အျမန္ႏႈန္းနဲ႔ ေမာင္းေနတဲ့ ကားေလးေပၚမွာေတာ့ ....

"(ငါေတာင္းပန္ပါတယ္ေနာ္ Diborah ။ ေယာဆိုတဲ့ ​ေကာင္မေလးကို ငါကုမၸဏီကေန ထြက္သြားေစခ်င္လို႔ လုပ္လိုက္မိတာ)"

"(Oh! ဆတ္ရယ္ ။ ငါကအဆင္ေျပတယ္ ။ေနာက္တခါအဲ့လိုမလုပ္နဲ႔ေနာ္။ စတာကစတာပဲ။မေကာင္းတဲ့ ရည္ရြယ္ခ်က္နဲ႔ေတာ့ မလုပ္ရဘူး။)"

Deborahကေတာ့ အခုထိ နည္းနည္းေလး နာေနေသးတဲ့ လက္ေကာက္ဝတ္ကိုပြတ္ရင္း ဆတ္သာကိုၾကည့္ကာ ေခါင္းခါရင္း ေျဖလိုက္သည္။

Deborah စကားကို ဆတ္သာ ေခါင္းေလးသာၿငိမ့္ျပရင္း ေလဆိပ္ကိုသာ ျမန္ျမန္ေရာက္ရန္ အာရံုစိုက္လိုက္သည္။

"(စကားမစပ္ ေယာက တကယ္Wonder Womanပဲ။ >< ငါသေဘာက်လိုက္တာ)"

ဒီေလာက္ထိ ခံလာရတာေတာင္ သေဘာက်ႏိုင္ေသးတဲ့ Deborahကို ဆတ္သာ မခ်ိျပံဳးသာ ျပံဳးျပလိုက္သည္။စိတ္ထဲမွာလည္း ...
"ေယာကဘယ္ေနရာမ်ား ခ်စ္ဖို႔ေကာင္းလို႔တုန္း။အားကလည္းသန္တာမွHulk အတိုင္းပဲ။အလကားသက္သက္ ငါက အပိုစိတ္ပူမိသြားတာပဲ အဖတ္တင္တယ္။"

ေယာကို သံပုရာေပါင္းမွတ္သြားမိတဲ့ ကိုယ့္ကိုယ္ကိုသာ ထိုင္အျပစ္တင္ ​ေနလိုက္ေတာ့သည္။

******

သရဲေျခာက္သည့္ ကိစၥၿပီးခဲ့တာ ဆယ္ရက္ေလာက္ ႐ွိၿပီျဖစ္သည္။Deborahလည္း UKကို ျပန္သြားၿပီျဖစ္သည္။ထူးထူးျခားျခား သိသာသြားတဲ့ ကိစၥကေတာ့ ခြန္ဆတ္သာကို ​ေယာ ေ႐ွာင္လာျခင္းျဖစ္သည္။Meeting လုပ္ျဖစ္တဲ့ အခ်ိန္ေလာက္သာ ေတြ႔ျဖစ္ၿပီး က်န္အခ်ိန္မ်ားတြင္ ေယာကို ခြန္ဆတ္သာ မေတြ႔ျဖစ္။ခြန္ေနသစ္နဲ႔လည္း ေယာကို တြဲမေတြ႔ရတတ္ေတာ့ ။ထိုတစ္ခုအတြက္ေတာ့ ဆတ္သာ အေတာ္ေလး စိတ္ေအးမိသြားသည္။
ေယာကေတာ့ ခြန္ဆတ္သာကို တမင္ေ႐ွာင္ေနျခင္းပင္ျဖစ္သည္။

ဓာတ္ေလွကားထဲ ဝင္ခါနီးတိုင္းလည္း ဆတ္သာတစ္ေယာက္ အေနာက္မွာ ေယာမ်ား ပါလာမလား တစ္ခ်က္တစ္ခ်က္ ျကည့္မိသည္။ သို႔ေသာ္ ေယာကေတာ့ ေပ်ာက္ေကာင္းဆဲ။ရံုးခန္းထဲက ထြက္လာရင္ေတာ့ ထံုးစံအတိုင္း
ကြန္ပ်ဴတာတစ္လံုးေ႐ွ႕မွာ အလုပ္ လုပ္ေနတဲ့ ေယာရဲ႕ ေဘးတစ္ေစာင္း ပံုေလးကို ေတြ႔ရေလ့႐ွိသည္။

"ဘာျဖစ္ေနတာလဲ ခြန္ဆတ္သာ ။ သတိကပ္စမ္း ။သူအခုလိုေနေနေတာ့ ဘယ္ေလာက္ေတာင္ စိတ္ေအးရလဲ"

ဆတ္သာတစ္ေယာက္ မိမိကိုယ္ကို သတိေပးရင္း ေယာနဲ႔႐ွိန္းတို႔နားကို သြားလိုက္သည္။

"ဟို ေယာ အဲ..မွားလို႔ ႐ွိန္း။ ကိုယ့္ကိုယ္ တစ္ခုေလာက္ ကူညီပါလား။ ကိုယ္ကအခု ပဲခူးဘက္က Shopping Mallကိစၥအတြက္ သြားရမွာမို႔လို႔ ႐ွိန္းက ကိုကို႔ဆီ သြားေပးပါလား ။ ကိုကိုက စာရင္းေတြ ဝိုင္းကူေပးဖို႔ ေခၚထားလို႔"

"ေျသာ္.. အ့ဲတာဆို ကြၽန္ေတာ္သြားလိုက္ဦးမယ္ Head"

႐ွိန္းကေတာ့ တတ္ႂကြတဲ့ ျကက္ဖေလးအသြင္နဲ႔ Bossရံုးခန္း႐ွိရာကို လွစ္ခနဲ ထြက္သြားေလသည္။
ေယာကေတာ့ ကိုယ့္ကိုေျပာတာ မဟုတ္လို႔ ကိုယ့္အလုပ္ကိုယ္သာ အာရံုစိုက္ေနလိုက္သည္။

မိမိကိုတစ္ခ်က္ေလးေတာင္ အဖက္မလုပ္တဲ့ ​ေယာကို ဆတ္သာ ေခ်ာင္းတစ္ခ်က္ဟန္႔လိုက္ရင္း စကားစလိုက္သည္။

"အဟမ္း...ေယာက ကိုယ္နဲ႔အတူလိုက္ခဲ့"

"႐ွင္....ေယာကိုေျပာတာလား ။ ဘယ္ကို လိုက္ရမွာလဲ Head"

ေယာ ကိုယ့္ကိုယ္ကို လက္ညႇိဳးျပန္ထိုးျပရင္း အူေၾကာင္ၾကား ေမးလိုက္သည္။

"ပဲခူးကို ။ အခုသြားမယ္ "

ဆတ္သာကေတာ့ ေျပာၿပီးခ်က္ခ်င္း ထြက္သြားသည္။ေယာခမ်ာ လြယ္အိတ္ကေလး ေကာက္လြယ္ကာ ဆူပုတ္ပုတ္နဲ႔ ပြစိပြစိေျပာရင္း ဆတ္သာ ေနာက္ကေန လိုက္သြားေလသည္။

"ခ်ီးထုပ္ ေၾကာင္အိုႀကီး ။ အက်င့္ကိုမေကာင္းဘူး ။လူအမ်ားႀကီး႐ွိတာ ငါ့ကိုမွ ေရြးေခၚတယ္ ။ ဂါး....."

******
"ကားေပၚတတ္ေလ"

ကားေပၚမတတ္ေသးပဲ ဆူပုတ္ပုတ္နဲ႔ၾကည့္ေနသည့္ ေယာက ိုဆတ္သာ ေခၚလိုက္သည္။

ေယာက passenger seat မွာထိုင္ဖို႔ အေနာက္ခန္းတံခါးကို ဖြင့္ရန္ ျပင္လိုက္သည္။

"ဟိတ္..အေ႐ွ႕မွာပဲထိုင္ေလ။ မင္းက အေနာက္မွာထိုင္ေတာ့ ကိုယ္က အလိုလို ကားေမာင္းသမား ျဖစ္သြားမွာေပါ့ ။ ဒါေလးေတာင္ မသိဘူးလား"

ဆတ္သာရဲ႕ *ဒါေလးေတာင္မသိဘူးလား* ဆိုတာကို ေျပာလိုက္သည့္ အသံက အေတာ္ေလး တိုးေသာ္လည္း နားပါးတဲ့ ေယာကေတာ့ ျပတ္ျပတ္သားသားႀကီးကို ျကားလိုက္ရသည္။

ဆတ္သာ ေျပာလိုက္သည့္ စကားေၾကာင့္ ​ေခြးေပါက္ေလး မာန္ဖီသလို ေဒါသထြက္ေနမွန္း သိသာေနတဲ့ ​ေယာက ိုၾကည့္ရင္း ဆတ္သာ ခြိကနဲ တစ္ခ်က္ ရယ္မိသြားသည္။
သို႔ေသာ္ ေပၚေပၚထင္ထင္ေတာ့ မရယ္ရဲ ။ ေတာ္ၾကာ Deborahထက္ သာေနမွျဖင့္ ။

~~~♥~~~

The author has something to say:

Deborahနဲ႔အေမးအေျဖ...

Author-တအားနာသြားလားဟင္ Deborah ๏︿๏

Deborah-သိပ္ေတာ့မနာပါဘူး အဆင္ေျပပါတယ္ စိတ္မပူနဲ႔ေတာ့ေနာ္

A--ဒါနဲ႔ေလ ခြန္ဆတ္သာက ေယာကို ဘာလို႔ အခုလို လုပ္တယ္လို႔ျမင္လဲ။

D--ေသခ်ာတာေပါ့။ ခြန္ဆတ္သာက ေယာကို သေဘာက်ေနတာ ။အဲ့တာေၾကာင့္ အူတိုၿပီး သူ႔အကိုနား ကပ္မွာစိုးေနတာ။
စိတ္မပူနဲ႔ ဆတ္သာက ေျဖာင့္မေနဘူး။UKမွာတုန္းက ေကာင္ေလး တစ္ေယာက္ေတာင္ မထားဖူးဘူး။အေကြးေလးမွန္း သိသာတယ္။

A--ဒါဆို Deborahကေရာ အေျဖာင့္လား‹•.•›

D--ေစာနကအထိေတာ့ ေျဖာင့္ေနေသးတာ ။အခုေတာ့ ေမးေနတဲ့သူေလးေရာ ဖတ္ေနတဲ့သူေလးေတြကေရာ ခ်စ္ဖို႔ေကာင္းလို႔ ေကြးမိသြားၿပီ

A--Oops(ဆြံ႕အသြား).... စကားမစပ္ Deborah ဘယ္ေတာ့ေလာက္ ျမန္မာကို ထပ္လာဦးမလဲဟင္◐.̃◐

D--ခင္ဗ်ားေလးတို႔ကို ေတြ႔ခ်င္လြန္းလို႔ ျပန္လာဦးမွာစိတ္ခ်။

A--↖(^ω^)↗

Unicode

ကားကို ရှိန်းရဲ့ကားအနောက်မှာ အလောတကြီးရပ်လိုက်ပြီး
အဆောက်အဦးထဲ ပြေးဝင်သွားသည့် ခွန်ဆတ်သာကို ရှိန်းတွေ့လိုက်သည်။

"အလောတကြီးဖြစ်နေတာ ဘာလို့များလဲ ။ ယောဆီ သြားတာများလား"

တီးတိုးရေရွတ်လိုက်ရင်း ခွန်ဆတ်သာနောက်ကို လိုက်သွားရန် ရှိန်းဆုံးဖြတ်လိုက်သည်။

ဒီနေ့မှဘာလို့ ဓာတ်လှေကားက တတ်တာ ကြာနေတယ်လို့ ခံစားနေရတာလဲ။ ဆတ်သာ ရတတ်မအေးနိုင်တော့ပဲ ရုံးခန်းဆီ မြန်မြန်ရောက်သွားဖို့သာ
ဆန္ဒရှိနေသည်။

ရုံးခန်းမီးကို ဖွင့်လိုက်တော့ ရုတ်တရက်မြင်လိုက်ရတဲ့ မြင်ကွင်းကြောင့် ဆတ်သာ ဆွံ့အသွားပြီး ပါးစပ်အဟောင်းသား ဖြစ်သွားသည်။အကျီအဖြူစွတ်စွတ်ဝတ်ပြီး Horror make-up lookပြင်ထားသည့် အရပ် ငါးပေကိုးလက်မကျော်ရှိတဲ့ နိုင်ငံခြားသူကို တီရှပ်ပွပွလေးနဲ့ ဂျင်းပွလေးကို တွဲဝတ်ထားပြီး အရပ် ငါးပေကျော်ရုံလောက်သာ ရှိသည့် ပေါက်စက အပေါ်က တက်ခွကာ နိုင်ငံခြားသူလေးရဲ့ လက်ကို နောက်ပြန်လိမ်၍ချုပ်ထားသည်။ ဒါသာMMA One Chamption Ship ပွဲမှာဆိုရင် အတော်လေး လူကြိုက်များသွားမည့် အနေအထားမျိုး ဖြစ်လိမ့်မည်။
ဆတ်သာ မသိလိုက်တာက ယောက ဂျူဒိုခါးပတ်နက် ရထားဖူးတယ်ဆိုတာပဲ။

******

လွန်ခဲ့သောဆယ်မိနစ်ခန့်က....

ယော ဓာတ်လှေကားကနေ တတ်လာပြီး ဆတ်သာရုံးခန်းတည်းကို ဝင်ဝင်ခြင်း တံခါးဖွင့်လိုက်တဲ့ ယောလက်ကိုလာဆွဲသည့် လက်တစ်စုံ။ယောရဲ့ မသိစိတ်ကနေ ချက်ချင်းတုန့်ပြန်ပြီး ထိုလက်ကို ပြန်ဖမ်းကာ ကျွမ်းကျင်သည့် ဂျူဒိုတိုက်ကွက်ကို ထုတ်သုံးလိုက်သည်။ တစ်ဖက်လူက ယောခန္ဓာကိုယ်ထက်ထွားပေမယ့် ရုတ်တရက်လည်းဖြစ်သလို ယောရဲ့ ခါးပတ်နက်စွမ်းရည်ကြောင့် ကြမ်းပြင်ပေါ် အသာလေး လှဲသိပ်ခံလိုက်ရသည်။

Deborah ဘာမှပြန်ပြောချိန်တောင် မရသေးခင် လက်ကို နောက်ပြန်လှန်ချိုးပြီး အပေါ်ကနေ တတ်ချုပ်ထားတာ ခံရတုန်း ဆတ်သာ ချက်ချင်း ရောက်ချလာခြင်းဖြစ်သည်။

ဆတ်သာတစ်ယောက် ပျော်ပဲပျော်ရမလား။ထိုင်သာငိုလိုက်ရတော့မလား မသိတော့ပေ။
မတတ်နိုင်တဲ့ အဆုံးတော့ ဆတ်သာဝင်လာတာကို အနှစ်နှစ်အလလ ပျောက်ဆုံးနေတဲ့ မိခင်ကြီး ပြန်လာသလို မျက်နှာလေးနဲ့ ကြည့်နေတဲ့ Deborahကိုသာ မချိပြုံး ပြုံးပြလိုက်ရတော့သည်။

"ယော နင်လက်လွန်မယ်နော် လွှတ် လွှတ် လွှတ်လိုက်"

ဆတ်သာနဲ့အတူ ရှေ့ဆင့်နောက်ဆင့် ရောက်ချလာတဲ့ ရှိန်းတစ်ယောက် မကျယ်တဲ့ မျက်လုံးတွေတောင် ပြူးမိရင်း ယောကို သတိပေးနေခြင်းဖြစ်သည်။ယောရဲ့ လက်ဆကို ရှိန်း ကောင်းကောင်းသိသည်။

"လွှတ်လိုက်တော့နော် ယော "

ဆတ်သာလည်း ဝင်ဖြောင်းဖျမှ ယော လွှတ်ပေးလိုက်သည်။
ယောရဲ့ လက်ကနေ လွတ်မြောက်သွားတဲ့ Deborahကေတာ့ ကိုယ့်လက်ကောက်ဝတ်ကို ပွတ်ရင်း ဆတ်သာရဲ့ဘေး ပြေးကပ်လိုက်သည်။

("ဆတ် ဒီကောင်မလေးက MMA Championလား။
Oh My God !ငါတော့ တကယ်သေတော့မလို့")

*[လက်သည်းကွင်းထဲက စကားပြောတွေက Deborahနဲ့ အင်္ဂလိပ်လိုပြောတာပါ]

"Headနဲ့ သူနဲ့ သိတာလား"

ယောက အသံတိတ်နေဆဲဖြစ်ပြီး ခွန်ဆတ်သာကို ရှိန်း မေးခွန်း ထုတ်လိုက်ခြင်း ဖြစ်သည်။

ဆတ်သာ ခတ္တခန တိတ်ဆိတ််သွားပြီး မျက်ခုံးနှစ်ဖက်ကြားနေရာကို လက်နဲ့ပွတ်ရင်း ရုတ်တရက် ထရယ်လိုက်သည်။

"ဟားဟား သိတာပေါ့ ဒါကိုယ့်သူငယ်ချင်း Deborahလေ။
သူက ကိုယ့်ကို စချင်လို့ လုပ်လိုက်တာဖြစ်မယ် ဟားဟား"

ဆတ်သာ ပြောလည်းပြောရင်း ဘေးက Deborahကိုပါ အဖော်ညှိလိုက်သည်။

("ဟုတ်တယ်မဟုတ်လား Deborah ။နင်ငါ့ကိုစဖို့ ရောက်နေတာ မဟုတ်လား ။ ဟုတ်တယ်နော်")

ရယ်သာရယ်နေတာ မကြာခင် ငိုမိတော့မဲ့ပုံနဲ့ အားစိုက်ရယ်နေတဲ့ ဆတ်သာကို Deborah အကဲခတ်လိုက်ရင်း မျက်ခုံးတစ်ဖက် ပင့်တင်ပြလိုက်သည်။

"ဟားဟား တွေ့တယ်မဟုတ်လား။ Deborahက ဟုတ်တယ်တဲ့"

ဆတ်သာ ပြောသာပြောနေတာ ဖြစ်နိုင်ရင် ဒီနေရာကနေ အငွေ့ပျံပြီးတော့သာ ပျောက်သွားချင်နေပြီ ဖြစ်သည်။

ယောနဲ့ ရှိန်းကတော့ အလွန်တရာမှ အူမြူးနေသည့် ခွန်ဆတ်သာကို မျက်တောင် ပုပ်ခတ်ပုပ်ခတ်လုပ်ရင်း အထူးတဆန်း ကြည့်နေသည်။

"ယော ကိုယ့်သူငယ်ချင်းအစား ကိုယ်တောင်းပန်ပါတယ်။
တစ်ခုခုရော ဖြစ်သွားသေးလား ။ အဆင်ရောပြေရဲ့လား။တအားလန့်သွားသေးလား"

ဆတ်သာပြောနေတဲ့ စကားတွေကို Deborahတစ်ယောက် နားမလည်လို့သာ တော်သေးသည်။နားလည်ရင်တော့ ရင်ထုမနာ ဖြစ်တော့မဲ့ Deborahလေး။

"အာ.. ဟုတ် ရပါတယ်။ ယောကဘာမှမဖြစ်ဘူး ။ဖြစ်သွားတာက Headသူငယ်ချင်းပဲ။သူ့ကို ဆေးလေးဘာလေး သေချာလိမ်းပေးလိုက်ပါ။ကံကောင်းလို့ ကျိုးတော့ မကျိုးသွားဘူး။"

*ယောက တကယ်ကြီး သွေးအေးလူသတ်သမားပဲ*
ဆတ်သာတွေးရင်း တံတွေးတစ်ချက် မျိုချလိုက်မိသွားသည်။

"ရ ရပါတယ်။ ကိုယ်ဂရုစိုက်လိုက်မယ်"

"(တအားနာသွားရင် တောင်းပန်ပါတယ်နော် ။ယောလည်း ရုတ်တရက်ဆိုတော့ လန့်သွားလို့ပါ)"

ယောဘက်က မမှားပေမဲ့လည်း Deborahကို တောင်းပန်စကား ဆိုလိုက်သည်။

"(မဟုတိတာ။ Deborahမှားတာပါ ။တကယ်တောင်းပန်ပါတယ်နော် ။ ဆတ်နဲ့မှားပြီးစလိုက်မိတာ ။တောင်းပန်ပါတယ်နော်)"

အပြန်အလှန် တောင်းပန်လိုက်တာ ဆယ့်ငါးမိနစ်လောက်ပြီးတဲ့နောက်မှာတော့ လေးယောက်စလုံး ကားတွေဆီ ပြန်ရောက်သွားကြသည်။

"ကဲ..ဒါဆို ကိုယ်သွားလိုက်ဦးမယ်နော် ယောနဲ့ရှိန်း"

"ဟုတ်"

"(Bye...နောက်တစ်ခါပြန်ဆုံကြမယ်နော်) "

ယောတို့ကို နှုတ်ဆက်နေတဲ့ Deborahဆိုတဲ့ မျက်ဝန်းပြာပြာလေးနဲ့ ကောင်မလေးကို ယောတို့ စိတ်မဆိုးမိပါ။

Velocity Blue Ford Fusionကားလေးနဲ့ ပြိုင်ကားနက်ပြာရောင်လေးတို့ကတော့ ဆန့်ကျင်ဘက်ဆီကို ဦးတည်သွားကြသည်။

*****

"ယော.. တကယ်အဆင်ပြေရဲ့လား"

ကားမောင်းနေတဲ့ရှိန်း မေးလိုက်ခြင်းဖြစ်သည်။

"ပြေတယ်....ဒါပေမယ့်လေ အခုဖြစ်သွားတာက တကယ် သွေးရိုးသားရိုးမဟုတ်ဘူး။
Head လက်ချက်ပဲဆိုတာ ငါသိတယ်"

ယောစကားကို ရှိန်းလည်း ထောက်ခံသည်။

"ဆိုတော့ကာ Headရဲ့ရည်ရွယ်ချက်က နင့်ကို ကြောက်စေချင်တာလား"

ယော သက်ပြင်းအရှည်ကြီး ချလိုက်ရင်း ရှိန်းရဲ့မေးခွန်းကို ဖြေလိုက်သည်။

"မဟုတ်ဘူးဟ။ခွန်ဆတ်သာက ငါ့ကို ကုမ္ပဏီကနေ ထွက်သွားစေချင်တာ"

"ဟင်... ဘာလို့လဲ"

"နင် သေချာ စဉ်းစားကြည့် ။ဒီလောက် တနေကုန် ငါတို့ ရုံးခန်းထဲမှာရှိနေတာ ဘယ်နိုင်ငံခြားသူမှရောက်လာတာ မတွေ့ဘူး။ ရုံးဆင်းချိန်မှာ ရောက်လာတယ်ပဲ ထားဦး လုံခြုံရေး ဦးလေးတစ်ယောက်လုံးရှိတာ ဘယ်သူမှ အဲ့လောက် အတင့်မရဲပြီး မဝင်ရဲဘူး။ ပြီးတော့ ရုံးဆင်းပြီလေ ။ ဘယ်သူက ခွန်ဆတ်သာကို စနောက်ဖို့ လာတော့မှာလဲ။ရှိသေးတာက Headက ငါ့ကို တကယ်တမ်း fileသွားယူခိုင်းပေမယ့် စားပွဲပေါ်မှာဘာ fileမှ မရှိဘူး။တကယ်လို့ နေရာထားမှားတယ်ပဲဆိုဦး Headပြန်တဲ့အထိ အဲ့fileကိစ္စ တစ်ချက်လေးတောင် မဟဘူး"

"သြော်....အင်း....ဟုတ်သားပဲ"

ယောရဲ့ဆိုလိုရင်းကို ရှိန်း ကောင်းကောင်းနားလည်ပါသည်။

"ငါ နောက်နေ့ကစပြီး Headနဲ့ မပတ်သတ်မိအောင် နေနိုင်သမျှနေမယ်။Bossနဲ့ရောပဲ။"

"Ok Ok ငါလည်း နင်နဲ့Headကို မပတ်သတ်မိအောင် အတတ်နိုင်ဆုံး ကူညီပေးမယ်။ငါ့ယောလေး အလုပ်မှာမရှိရင် ငါလေး နေတတ်မှာ မဟုတ်ဘူးဟ"

ငိုတော့မဲ့လေသံနဲ့ လုပ်ငိုပြီး မျက်နှာပြောင်နေတဲ့ရှိန်းကို ယော ဘုကြည့် ကြည့်ပေးလိုက်သည်။

******
လေဆိပ်ကို အမြန်နှုန်းနဲ့ မောင်းနေတဲ့ ကားလေးပေါ်မှာတော့ ....

"(ငါတောင်းပန်ပါတယ်နော် Diborah ။ ယောဆိုတဲ့ ကောင်မလေးကို ငါကုမ္ပဏီကနေ ထွက်သွားစေချင်လို့ လုပ်လိုက်မိတာ)"

"(Oh! ဆတ်ရယ် ။ ငါကအဆင်ပြေတယ် ။နောက်တခါအဲ့လိုမလုပ်နဲ့နော်။ စတာကစတာပဲ။မကောင်းတဲ့ ရည်ရွယ်ချက်နဲ့တော့ မလုပ်ရဘူး။)"

Deborahကေတာ့ အခုထိ နည်းနည်းလေး နာနေသေးတဲ့ လက်ကောက်ဝတ်ကိုပွတ်ရင်း ဆတ်သာကိုကြည့်ကာ ခေါင်းခါရင်း ဖြေလိုက်သည်။

Deborah စကားကို ခွန်ဆတ်သာ ခေါင်းလေးသာငြိမ့်ပြရင်း လေဆိပ်ကိုသာ မြန်မြန်ရောက်ရန် အာရုံစိုက်လိုက်သည်။

"(စကားမစပ် ယောက တကယ်Wonder Womanပဲ။ >< ငါသဘောကျလိုက်တာ)"

ဒီလောက်ထိ ခံလာရတာတောင် သဘောကျနိုင်သေးတဲ့ Deborahကို ဆတ်သာ မချိပြုံးသာ ပြုံးပြလိုက်သည်။စိတ်ထဲမှာလည်း ...
"ယောကဘယ်နေရာများ ချစ်ဖို့ကောင်းလို့တုန်း။အားကလည်းသန်တာမှHulk အတိုင်းပဲ။အလကားသက်သက် ငါက အပိုစိတ်ပူမိသွားတာပဲ အဖတ်တင်တယ်။"

ယောကို သံပုရာပေါင်းမှတ်သွားမိတဲ့ ကိုယ့်ကိုယ်ကိုသာ ထိုင်အပြစ်တင် နေလိုက်တော့သည်။

******

သရဲခြောက်သည့် ကိစ္စပြီးခဲ့တာ ဆယ်ရက်လောက် ရှိပြီဖြစ်သည်။Deborahလည်း UKကို ပြန်သွားပြီဖြစ်သည်။ထူးထူးခြားခြား သိသာသွားတဲ့ ကိစ္စကတော့ ခွန်ဆတ်သာကို ယော ရှောင်လာခြင်းဖြစ်သည်။Meeting လုပ်ဖြစ်တဲ့ အချိန်လောက်သာ တွေ့ဖြစ်ပြီး ကျန်အချိန်များတွင် ယောကို ခွန်ဆတ်သာ မတွေ့ဖြစ်။ခွန်နေသစ်နဲ့လည်း ယောကို တွဲမတွေ့ရတတ်တော့ ။ထိုတစ်ခုအတွက်တော့ ဆတ်သာ အတော်လေး စိတ်အေးမိသွားသည်။
ယောကတော့ ခွန်ဆတ်သာကို တမင်ရှောင်နေခြင်းပင်ဖြစ်သည်။

ဓာတ်လှေကားထဲ ဝင်ခါနီးတိုင်းလည်း ဆတ်သာတစ်ယောက် အနောက်မှာ ယောများ ပါလာမလား တစ်ချက်တစ်ချက် ကြည့်မိသည်။ သို့သော် ယောကတော့ ပျောက်ကောင်းဆဲ။ရုံးခန်းထဲက ထွက်လာရင်တော့ ထုံးစံအတိုင်း
ကွန်ပျူတာတစ်လုံးရှေ့မှာ အလုပ် လုပ်နေတဲ့ ယောရဲ့ ဘေးတစ်စောင်း ပုံလေးကို တွေ့ရလေ့ရှိသည်။

"ဘာဖြစ်နေတာလဲ ခွန်ဆတ်သာ ။ သတိကပ်စမ်း ။သူအခုလိုနေနေတော့ ဘယ်လောက်တောင် စိတ်အေးရလဲ"

ဆတ်သာတစ်ယောက် မိမိကိုယ်ကို သတိပေးရင်း ယောနဲ့ရှိန်းတို့နားကို သွားလိုက်သည်။

"ဟို ယော အဲ..မှားလို့ ရှိန်း။ ကိုယ့်ကိုယ် တစ်ခုလောက် ကူညီပါလား။ ကိုယ္ကအခု ပဲခူးဘက်က Shopping Mallကိစ္စအတွက် သွားရမှာမို့လို့ ရှိန်းက ကိုကို့ဆီ သွားပေးပါလား ။ ကိုကိုက စာရင်းတွေ ဝိုင်းကူပေးဖို့ ခေါ်ထားလို့"

"သြော်.. အဲ့တာဆို ကျွန်တော်သွားလိုက်ဦးမယ် Head"

ရှိန်းကတော့ တတ်ကြွတဲ့ ကြက်ဖလေးအသွင်နဲ့ Bossရုံးခန်းရှိရာကို လွစ္ခနဲ ထွက်သွားလေသည်။
ယောကတော့ ကိုယ့်ကိုပြောတာ မဟုတ်လို့ ကိုယ့်အလုပ်ကိုယ်သာ အာရုံစိုက်နေလိုက်သည်။

မိမိကိုတစ်ချက်လေးတောင် အဖက်မလုပ်တဲ့ ယောကို ဆတ်သာ ချောင်းတစ်ချက်ဟန့်လိုက်ရင်း စကားစလိုက်သည်။

"အဟမ်း...ယောက ကိုယ်နဲ့အတူလိုက်ခဲ့"

"ရှင်....ယောကိုပြောတာလား ။ ဘယ်ကို လိုက်ရမှာလဲ Head"

ယော ကိုယ့်ကိုယ်ကို လက်ညှိုးပြန်ထိုးပြရင်း အူကြောင်ကြား မေးလိုက်သည်။

"ပဲခူးကို ။ အခုသွားမယ် "

ဆတ်သာကေတာ့ ပြောပြီးချက်ချင်း ထွက်သွားသည်။ယောခမျာ လွယ်အိတ်ကလေး ကောက်လွယ်ကာ ဆူပုတ်ပုတ်နဲ့ ပွစိပွစိပြောရင်း ဆတ်သာ နောက်ကနေ လိုက်သွားလေသည်။

"ချီးထုပ် ကြောင်အိုကြီး ။ အကျင့်ကိုမကောင်းဘူး ။လူအများကြီးရှိတာ ငါ့ကိုမှ ရွေးခေါ်တယ် ။ ဂါး....."

******
"ကားပေါ်တတ်လေ"

ကားပေါ်မတတ်သေးပဲ ဆူပုတ်ပုတ်နဲ့ကြည့်နေသည့် ယောကို ခွန်ဆတ်သာ ခေါ်လိုက်သည်။

ယောက passenger seat မှာထိုင်ဖို့ အနောက်ခန်းတံခါးကို ဖွင့်ရန် ပြင်လိုက်သည်။

"ဟိတ်..အရှေ့မှာပဲထိုင်လေ။ မင်းက အနောက်မှာထိုင်တော့ ကိုယ်က အလိုလို ကားမောင်းသမား ဖြစ်သွားမှာပေါ့ ။ ဒါလေးတောင် မသိဘူးလား"

ဆတ်သာရဲ့ *ဒါလေးတောင်မသိဘူးလား* ဆိုတာကို ပြောလိုက်သည့် အသံက အတော်လေး တိုးသော်လည်း နားပါးတဲ့ ယောကတော့ ပြတ်ပြတ်သားသားကြီးကို ကြားလိုက်ရသည်။

ခွန်ဆတ်သာ ပြောလိုက်သည့် စကားကြောင့် ခွေးပေါက်လေး မာန်ဖီသလို ဒေါသထွက်နေမှန်း သိသာနေတဲ့ ယောကို ကြည့်ရင်း ဆတ်သာ ခွိကနဲ တစ်ချက် ရယ်မိသွားသည်။
သို့သော် ပေါ်ပေါ်ထင်ထင်တော့ မရယ်ရဲ ။ တော်ကြာ Deborahထက် သာနေမှဖြင့် ။

~~~♥~~~
The author has something to say:

Deborahနဲ့အမေးအဖြေ...

Author-တအားနာသွားလားဟင် Deborah ๏︿๏

Deborah-သိပ်တော့မနာပါဘူး အဆင်ပြေပါတယ် စိတ်မပူနဲ့တော့နော်

A--ဒါနဲ့လေ ခွန်ဆတ်သာက ယောကို ဘာလို့ အခုလို လုပ်တယ်လို့မြင်လဲ။

D--သေချာတာပေါ့။ ခွန်ဆတ်သာက ယောကို သဘောကျနေတာ ။အဲ့တာကြောင့် အူတိုပြီး သူ့အကိုနား ကပ်မှာစိုးနေတာ။
စိတ်မပူနဲ့ ဆတ်သာက ဖြောင့်မနေဘူး။UKမှာတုန်းက ကောင်လေး တစ်ယောက်တောင် မထားဖူးဘူး။အကွေးလေးမှန်း သိသာတယ်။

A--ဒါဆို Deborahကေရာ အဖြောင့်လား.◐.̃◐

D--စောနကအထိတော့ ဖြောင့်နေသေးတာ ။အခုတော့ မေးနေတဲ့သူလေးရော ဖတ်နေတဲ့သူလေးတွေကရော ချစ်ဖို့ကောင်းလို့ ကွေးမိသွားပြီ

A--Oops(ဆွံ့အသွား).... စကားမစပ် Deborah ဘယ်တော့လောက် မြန်မာကို ထပ်လာဦးမလဲဟင်.

D--ခင်ဗျားလေးတို့ကို တွေ့ချင်လွန်းလို့ ပြန်လာဦးမှာစိတ်ချ။

A--↖(^ω^)↗

Continue Reading

You'll Also Like

38M 1.1M 68
Deadly assassins Allegra and Ace have been trying in vain to kill each other for years. With a mutual enemy threatening their mafias, they find thems...
3.7K 196 6
လမင်းနဲ့ကြယ်စင်ဟာ ဉ့်ဦးယံမှာ ဖူးစာစုံ ပါရစေ.. နန်း~
297K 5.7K 26
You read as Peter Pan's daughter. While trying to find Male yourself and Ben are captured by the Pirates, Uma's crew. Harry keeps you as a prisoner s...
3M 118K 75
"ဘေးခြံကလာပြောတယ် ငလျှင်လှုပ်သွားလို့တဲ့.... မဟုတ်ရပါဘူးဗျာ...... ကျွန်တော် နှလုံးသားက သူ့နာမည်လေးကြွေကျတာပါ.... ကျွန်တော်ရင်ခုန်သံတွေက...