โˆ† The Pitfall โˆ† (Completed)

Door Its_just_Thu

300K 38.2K 2.4K

I will win this game. Wang Yibo But how? I have nothing to lose. Xiao Zhan This is Yizhan fanfiction๐Ÿ’šโค๏ธ Meer

The Pitfall 1
The Pitfall 2
The Pitfall 3
The Pitfall 5
The Pitfall 6
The Pitfall 7
The Pitfall 8
The Pitfall 9
The Pitfall 10
The Pitfall 11
The Pitfall 12
The Pitfall 13
The Pitfall 14
The Pitfall 15
The Pitfall 16
The Pitfall 17
The Pitfall 18
The Pitfall 19
The Pitfall 20
The Pitfall 21
The Pitfall 22
The Pitfall 23
The Pitfall 24
The Pitfall 25
The Pitfall 26
The Pitfall 27
The Pitfall 28
The Pitfall 29
The Pitfall Final
The Pitfall Extra
Thank You Note๐Ÿ’šโค๏ธ

The Pitfall 4

9.4K 1.3K 42
Door Its_just_Thu

The Pitfall Ep 4

အေမ့တပည့္ ယန္လီလာပို႔ေပးသြားတဲ႔ ေရွာင္းက်န္႔နဲ႔ ပက္သက္တဲ႔အေၾကာင္းေတြေရးထားတဲ႔ ဖိုင္တစ္ထပ္ကို ေရွ႕မွာ ရိေပၚ ေဆးလိပ္ထုိင္ေသာက္ေနမိတာၾကာျပီ။

ေရွာင္းက်န္႔က ရိေပၚေမွ်ာ္လင့္ထားတာထက္ပိုျပီးစိတ္ဝင္စားဖုိ႔ေကာင္းေနတာအမွန္ပဲ။

ရိေပၚတို႔ထက္ ၆ ႏွစ္ပိုၾကီးေသာ ေရွာင္းက်န္႔က ရိေပၚတုိ႔အခုတက္ေနတဲ႔တကၠသိုလ္ကေန Master of Engineering Management နဲ႔ မာစတာရထားျပီးသားေက်ာင္းသားတစ္ေယာက္။

ပထမဆုံးထူးဆန္းတာက သူ႔အေဖအရွိန္အဝါနဲ႔ဆုိ ကုမၸဏီၾကိးၾကီးတစ္ခုမွာအလုပ္ဝင္လုပ္လို႔ရႏိုင္သလို ကိုယ္ပိုင္ကုမၸဏီတစ္ခုလဲ ေထာင္ႏိုင္တဲ႔အေနအထားရွိသည္။

အဲဒီလိုမွမဟုတ္ဘူးဆုိရင္လဲႏုိင္ငံေရးေလာကထဲ ေျခစုံပစ္ဝင္လို႔ရေနေသးသည္။

ဒါေပမယ့္ အဲဒီလုိလူက ရိေပၚတုိ႔ေက်ာင္းမွာ အားကစားနည္းျပလာလုပ္ေနတာကစျပီးထူးဆန္းသည္။

ဝါသနာက ေဘာလုံးအားကစားလို႔သိရသလုို သူကိုယ္တုိင္လဲ professional ေဘာလုံးသမား ဒါမွမဟုတ္ ေဘာလုံးအသင္းနည္းျပျဖစ္ခ်င္တာတဲ႔။

အဲဒါမ်ိဳး သူ႔အေဖဝန္ၾကီးခ်ဳပ္က လုပ္ခြင့္မေပးလို႔ တကၠသိုလ္ေဘာလုံးအသင္းရဲ႕ နည္းျပလာလုပ္တဲ႔ပုံပါပဲ။

သူ gay လုိ႔ come out လုပ္ထားတာ လြန္ခဲ႔တဲ႔ ၃ ႏွစ္ေလာက္ကျဖစ္သည္။ အဲဒီမတုိင္ခင္က ရည္းစားတစ္ေယာက္မွမထားခဲ႔ဖူးေပမယ့္ သူ႔အေဖ စပ္ဟပ္ေပးတဲ႔ မိန္းကေလးအခ်ိဳ႕နဲ႔ သြားေတြ႔ဖူးသည္တဲ႔။

ဒါေပမယ့္ မိန္းကေလးေတြကို စိတ္မဝင္စားဖို႔ ဘယ္သူနဲ႔မွ မတြဲျဖစ္ခဲ႔ေၾကာင္း၊ လြန္ခဲ႔တဲ႔၃ႏွစ္ကေတာ့ သူက gay တစ္ေယာက္ပါဆုိတာကို အကုန္လုံးသိေအာင္ weibo မွာ status တင္ခ်ပစ္ခဲ႔သည္။

စစခ်င္းတုန္းကဆုိ ဒါက prank တစ္ခုလုိ႔လူအမ်ားက လက္ခံထားၾကတာ အခ်ိန္အေတာ္ၾကာသည္အထိပင္။

ဒါေပမယ့္ ပထမဆုံး သူနဲ႔ေက်ာင္းေနဖက္သူငယ္ခ်င္းေယာက်ာ္းေလးတစ္ေယာက္နဲ႔ တြဲတယ္ဆုိတဲ႔သတင္းထြက္လာေတာ့မွ အကုန္လုံးက အမွန္ပဲဆုိတာ လက္ခံလိုက္ရတာ။

အဲဒီတြဲေနတယ္ဆုိတဲ႔သတင္းေၾကာင့္ပဲ ေရွာင္းက်န္႔ အိမ္ေပၚကဆင္းသြားခဲ႔ရသည္လို႔ ၾကားသည္။

ဒါေပမယ့္ ဝန္ၾကီးခ်ဳပ္သား သူေဌးသားက အိမ္ေပၚကဆင္းတယ္ဆုိတ နန္းေတာ္ၾကီးတစ္မွ်ၾကီးတဲ႔အိမ္ကေန နန္းေတာ္အေဆာင္ေလးကိုေျပာင္းသေလာက္ပဲေပါ့။

ေရွာင္းက်န္႔အခုတစ္ေယာက္တည္းေနတဲ႔ ေနအိမ္က လူကုန္ထံရပ္ကြက္မွာ ဟီးထလို႔ေနတာပဲ။

ဝန္ၾကီးခ်ဳပ္က အရမ္းစိတ္ၾကီးေပမယ့္ ေရွာင္းက်န္႔အေမ သူေဌးမၾကီးကေတာ့ သူ႔သားကို ပစ္ထားႏုိင္ပုံမေပၚပါ။

အခုသူေနေနတဲ႔အိမ္က ေရွာင္းက်န္႔အေမက ဝယ္ေပးထားတာလို႔ေရးထားသည္။

ေမေမ့ခ်စ္သားေလးျဖစ္မယ့္ပုံပါပဲ။ ရိေပၚနဲ႔ေတာ့ တျခားစီေပါ့ေလ။

ရိေပၚကေတာ့ အေမ့ဆီကခ်စ္ျခင္းေမတၱာဆုိတာ ဘာဆိုဘာမွန္းမသိရပါ။

ေရွာင္းက်န္႔အေၾကာင္းဖတ္ေနရင္းကေန ကိုယ့္အေမအေၾကာင္းကို စဥ္းစားမိေတာ့ နာက်င္မႈေတြက အသစ္လိုျပန္ျဖစ္လာတာမုိ႔ ဖိုင္ကိုပိတ္ပစ္လိုက္ျပီး ဒီညအဖို႔ အိပ္လိုက္ေတာ့မယ္လို႔ ရိေပၚဆုံးျဖတ္လိုက္သည္။

တစ္ခ်ိန္ကိုတစ္ခုပဲ သူရင္ဆုိင္ႏုိင္မယ္၊ နာက်င္စရာေတြ တစ္ခ်ိန္တည္းမွာ စုျပံဳလာရင္ ရိေပၚ ခံႏိုင္ရည္မရွိဘူး။

Xxxxxxxxxxxx

ေဘာလုံးအသင္းကို join ဖို႔လိုအပ္တဲ႔ကိုယ္ေရးအခ်က္အလက္ေတြျဖည့္ဖုိ႔နဲ႔ ေက်ာနံပါတ္ေရြးဖုိ႔ကိစၥ၊ ေလ့က်င့္ေရး ဆင္းရမယ့္ကိစၥေတြ လက္ေထာက္နည္းျပနဲ႔ေျပာဖုိ႔အတြက္ အတန္းခ်ိန္ျပီးေတာ့ ေဘာလုံးအသင္းရဲ႕ရုံးခန္းရွိတဲ႔ ေက်ာင္းသာေရးရာ အေဆာင္ဘက္ကို ရိေပၚ ကူးလာခဲ႔သည္။

ေရွာင္းက်န္႔ေျပာပုံအရ ဒါေတြက လက္ေထာက္နည္းျပနဲ႔ပဲ ေျပာရမွာမုိ႔ထင္သည္၊ ရုံးခန္းထဲမွာ ေရွာင္းက်န္႔ကိုမေတြ႔ပါ။

ေက်ာင္းသားေရးရာ အေဆာင္မွာက ေက်ာင္းရဲ႕အားကစားအသင္းေတြ၊ ေနာက္ျပီး ေက်ာင္းက club အသင္းေတြျဖစ္တဲ႔ drama club, music club ဘာညာအစရွိတဲ႔ အသင္းေတြရဲ႕ရုံးခန္းေတြရွိကာ ေက်ာင္းသားေရးရာအေဆာင္ေဘးမွာေတာ့ ေဘာလုံးကြင္း ရွိေလသည္။

ရိေပၚအပါအဝင္ အသစ္ေရြးခ်ယ္ခံရတဲ႔ ေက်ာင္းသားသစ္ ၃ ေယာက္နဲ႔ လက္ေထာက္နည္းျပနဲ႔စကားေျပာျပီးေနာက္မွာေတာ့ ရိေပၚက ရုံးခန္းရဲ႕ေဘးကပ္ရက္မွာရွိတဲ႔ ရိေပၚတုိ႔ ေဘာလုံးကစားသမားေတြရဲ႕ locker room ကို တစ္ခ်က္ဝင္ၾကည့္လုိက္ေသးသည္။

ျပီးေတာ့မွ ျပန္ထြက္မည္အလုပ္ locker room ထဲမွ ထြက္လာသည့္ ေရွာင္းက်န္႔နဲ႔ တည့္တည့္ဆုံေလသည္။

“ျပန္ေတာ့မလိ႔ုလား ရိေပၚ”

“ခင္ဗ်ားအပူပါလား”

“hey … watch your tone ကိုယ္က မင္းအသင္းနည္းျပေနာ္”

ေရွာင္းက်န္႔ကိုဆုိရင္ အျမင္မၾကည္တဲ႔ဓာတ္ခံရွိေနတာမုိ႔ ခပ္မာမာျပန္ေျပာလိုက္မိတဲ႔ပါးစပ္ကိုရိေပၚမထိန္းလိုက္ႏုိင္ဘူး။

ဒါေပမယ့္ ျပန္ေတြးၾကည့္ေတာ့မွ ကိုယ့္ရဲ႕မူလအၾကံကိုသတိရမိသည္။

သူဒီကိုေရာက္လာခဲ႔ကာ ေရွာင္းက်န္႔ကို ဘုဂလန္႔တုိက္ဖုိ႔မဟုတ္။

တကယ္ဆုိ သူက ေရွာင္းက်န္႔နဲ႔ နီးစပ္ေအာင္ ၾကိဳးစားဖို႔၊ ေရွာင္းက်န္႔ဖုံးကြယ္ထားတဲ႔ အေၾကာင္းအရာေတြက ဘာေတြလဲဆိုတာသိရဖို႔ ဒီေဘာလုံးအသင္းကို ေရာက္လာခဲ႔တာမဟုတ္လား။

စိတ္ကိုေလွ်ာ့ျပီး မခ်စ္ေသာလည္း ေအာင့္ကာနမ္းရေပအုံးမည္။

“sorry”

ရိေပၚေတာင္းပန္စကားခပ္တုိးတုိးေျပာလုိက္ေတာ့မွ ရိေပၚကိုၾကည့္ေနတဲ႔အၾကည့္စူးစူးေတြကို ေရွာင္းက်န္႔က ရုတ္သိမ္းသြားသည္။

“its ok, are you having bad days”

“အင္း ဒီလုိပါပဲ ကၽြန္ေတာ္က အစတည္းက နည္းနည္းစိတ္ဆတ္တတ္လုိ႔ပါ စိတ္မရွိပါနဲ႔ နည္းျပ”

သူမ်ားေတြက သူ႔ကိုနည္းျပလို႔ေခၚၾကတာ ၾကားဖူးတာမုိ႔ ရိေပၚလဲ ထုိအတုိင္းသာ လိုက္ေခၚလိုက္သည္။

ရိေပၚဘက္က ေတာင္းပန္စကားေၾကာင့္ သူလည္း မ်က္ႏွာေလး နည္းနည္းျပန္ၾကည္လာသည္။

“ရပါတယ္ ကိုယ္လဲတစ္ခါတစ္ေလ အဲလိုပါပဲ”

အဲဒါကိုရိေပၚသိထားပါသည္။ ေရွာင္းက်န္႔က ဘယ္တုန္းကမွ စကားကိုခ်ိဳခ်ဳိသာသာမေျပာတတ္တဲ႔အေၾကာင္းေတြကို။ အဲဒါေၾကာင့္ အခုလိုအေျခအေနကိုေတာင္ ရိေပၚက ထူးဆန္းလုိ႔ေနတာ။

ရိေပၚတုိ႔စကားေျပာျဖစ္ၾကတဲ႔အခ်ိန္တုိင္း ေရွာင္းက်န္႔က သူ႔အနားေရာက္လာကာ စကားစခဲ႔ျခင္းေၾကာင့္ပင္။

“မျပန္ေသးဘူးလား နည္းျပ”

“ျပန္ေတာ့မွာ ရိေပၚကိုေတြ႔တာနဲ႔ လာႏႈတ္ဆက္တာ”

“နည္းျပက အျမဲဒီလိုပဲလား ကၽြန္ေတာ္ေမးခ်င္တာက အခုလိုမ်ိဳး လူတစ္ေယာက္ကို တစ္ခုတ္တစ္ရ စကားေတြလာေျပာေနတာမ်ိဳးကိုေျပာတာ .. ကၽြန္ေတာ္သိသေလာက္ နည္းျပက မလိုရင္ စကားအပိုတစ္ခြန္းမွ မေျပာတတ္တဲ႔လူမ်ိဳးေလ”

ရိေပၚစကားကိုၾကားေတာ့ ေရွာင္းက်န္႔က တုိးသဲ႔သဲ႔ရယ္သည္။

ရိေပၚမၾကိဳက္ေသာရယ္သံေတြ၊ ေပ်ာ္လုိ႔ရယ္တာလား သေဘာက်လို႔ရယ္တာလား၊ဒါမွမဟုတ္ ရဲြ႕ခ်င္လို႔ရယ္တာလား မသဲကြဲေသာရယ္သံ။

ျပီးေတာ့ တစ္ဖက္သားစိတ္ကို မရုိးမရြျဖစ္ေစေသာ ရယ္သံမ်ိဳးပဲ။

ဒါပါနဲ႔ဆုိ အဲဒီလိုရယ္သံမ်ိဳး သူ႔ဆီက ၾကားရတာ ႏွစ္ခါရွိျပီ။

“မင္းကိုမုိ႔ပါ … မင္းကတျခားလူေတြနဲ႔မတူဘူးေလ”

ခပ္တည္တည္ေမးလိုက္ေသာေမးခြန္းအတြက္ ခပ္တည္တည္ျပန္ေျဖလာေသာ အေျဖကိုၾကားတဲ႔အခိုက္ ရိေပၚ ေၾကာင္အသြားမိတာအမွန္။

အခု ဒီလူက ရိေပၚကို flirt ဖို႔ၾကိဳးစားေနတာလား။ သူ႔ရည္းစားဆုံးသြားတာ အခုမွ ၁၀ ရက္ပဲရွိေသးတာေလ။

အဲဒီလုိလူတစ္ေယာက္က သူ႔အသင္းရဲ႕ ကစားသမားအသစ္ကို အခုလိုမ်ိဳးစကားမ်ိဳးကို စိတ္ထဲရွိတာေတာင္ ထုတ္ေျပာသင့္လို႔လား။

“ကိုယ္သြားေတာ့မယ္ ေနာက္ေန႔မွ ေလ့က်င့္ေရးမွာေတြ႔တာေပါ့ ရိေပၚ”

ဒီတစ္ခါလည္းရိေပၚရဲ႕ႏႈတ္ဆက္စကားကို သူကေစာင့္မသြားပါ။

လြယ္အိတ္ခပ္ေသးေသးတစ္လုံးကိုလြယ္ကာ မ်က္စိေရွ႕က ထြက္သြားသူကို ရိေပၚကေတာ့ နားမလည္ႏိုင္ျခင္းေတြနဲ႔ ေငးၾကည့္ေနမိဆဲပဲ။

အေနာက္ဘက္အသံတစ္သံၾကားမွ ရိေပၚအၾကည့္လႊဲကာ အေနာက္ကိုလွည့္ၾကည့္မိေတာ့ ခုနက အသင္းရဲ႕ရုံးခန္းမွာေတြ႔ခဲ႔ေသာ ကစားသမားအသစ္ေတြထဲက တစ္ေယာက္ျဖစ္မွန္းသိလိုက္သည္။

“ေဟး ရိေပၚ .. မင္းက ရိေပၚဟုတ္တယ္မွတ္လား”

“အင္း”

“ေတြ႔ရတာဝမ္းသာပါတယ္ကြ ငါ့နာမည္က စုန္က်ိရန္ပါ .. ငါလဲ ကစားသမားအသစ္အျဖစ္ေရြးခံရတယ္ေလ ငါက မင္းတုိ႔ Business အေဆာင္ကေတာ့မဟုတ္ဘူး ဟိုးဘက္တစ္ေဆာင္ေက်ာ္က Computer Science က၊ ေဘာလုံးကစားခ်င္လုိ႔သာ ဒီအထိလာရတာကြာ.. ေက်ာင္းထဲမွာ လမ္းပတ္ေလွ်ာက္တာနဲ႔တင္ ကြင္း ၃ ပတ္ေလာက္ေျပးရတာနဲ႔ညီတယ္ ဟဲဟဲ”

ရိေပၚဘက္က ဘာမွမေျပာပါပဲ သူ႔ဘက္ကခ်ည္း ေျပာသြားတာ တရစပ္ပါပဲ။

ဒီေကာင္က ေတာ္ေတာ္စကားမ်ားမယ့္ပုံပဲဆုိတာ ျမင္တာနဲ႔သိသည္။

စကားမ်ားေသာသူေတြကို ရိေပၚမႏွစ္သက္ပါ။

“အင္း”

“ငါမင္းနဲ႔သူငယ္ခ်င္းလုပ္မယ္ေနာ္ ..မင္းကိုျမင္ကတည္းက ငါကခင္ခ်င္ေနတာကြ မင္းမေန႔က သြင္းတဲ႔ဂိုးေတြက ရွယ္မိုက္တာေနာ္ .. ငါက အလယ္တန္းေဆာ့တာကြ မင္းနဲ႔ငါနဲ႔ အေပးအယူမွ်မွ်နဲ႔ဆုိ ငါတုိ႔ပြဲတုိင္းႏုိင္မွာ အေသအခ်ာပဲ သိလား ဟဲဟဲ”

“အင္း”

“မင္းကလဲ တအင္းအင္းနဲ႔စကားနည္းလိုက္တာ ..ခုနကက် နည္းျပၾကီးနဲ႔စကားေတြေျပာေနျပီးေတာ့ ..ဒါနဲ႔ေလ နည္းျပက ထူးဆန္းေနတယ္မဟုတ္လား သူက သူမ်ားေတြနဲ႔ဆုိ စကားသိပ္မေျပာဘူးတဲ႔ မင္းနဲ႔ေတာ့ ေျပာေနတာ ေခ်ာေနတာပဲေနာ္ မင္းနဲ႔သူက အရင္ကတည္းကသိေနတာလား”

ခုနက လက္ေထာက္နည္းျပဆီက ယူလာခဲ႔ေသာ စာရြက္တစ္ခ်ိဳ႕နဲ႔ locker key ကို ေက်ာပိုးအိတ္ထဲကို ခပ္ျမန္ျမန္ထည့္ကာ ရိေပၚ ရုံးခန္းထဲမွ ထြက္ဖုိ႔ျပင္သည္။

“မသိပါဘူး”

“အာဟုတ္လား ငါကေတာ့ သူ႔ကိုသိတယ္ကြ သိဆုိသူကနာမည္သိပ္ၾကီးတာကိုး ေက်ာင္းသူေတြၾကားထဲမွာေရာ ဆရာ ဆရာမေတြၾကားထဲမွာေရာ သူ႔ကိုမသိတဲ႔သူ မရွိဘူးကြ ဒါေပမယ့္ ေက်ာင္းသူေတြ ဆရာမေတြအတြက္ ႏွေျမာစရာေကာင္းတာက သူက gay တဲ႔ေလ။ ေက်ာင္းသားေတြအတြက္ေတာ့ အားတက္စရာေပါ့”

အားတက္စရာမဟုတ္ဘူးကြ .. အဲဒါက ေထာင္ေခ်ာက္၊ အဲဒါက အဆိပ္ပဲ။ သူ႔ေၾကာင့္ အျပစ္မဲ႔တဲ႔ ဒုတိယႏွစ္ေက်ာင္းသားေလး တစ္ေယာက္က အသက္ေပးလိုက္ရတာ မင္းမသိဘူးလား။

ယြ႔ဲယမ္ေျပာစကားအရ သူတုိ႔ၾကိဳက္တာကို ေဘာလုံးအသင္းကလူေတြေတာင္မသိၾကဘူးဆိုေတာ့ တျခားလူေတြမသိတာလဲမဆန္းဘူးေလ။

gay လို႔ come out လုပ္ရမွာကိုမရွက္တဲ႔သူက ေက်ာင္းသားတစ္ေယာက္နဲ႔တြဲေနတာကို လူသိခံဖုိ႔က်ေတာ့ ရွက္ခဲ႔တာလား။

ဒါမွမဟုတ္ တမင္သက္သက္ကို silent ေတြ တစ္ေယာက္ျပီးတစ္ေယာက္တြဲေနခဲ႔တာလား။

ဒါမဟုတ္ တစ္ခ်ိန္တည္းမွာဘယ္ႏွစ္ေယာက္ေတာင္ တြဲေနခဲ႔မလဲ။ ေမးခြန္းေတြနဲ႔ ရိေပၚဟာ စိတ္ထဲ အဆင္မေျပေတာ့တာမုိ႔ က်ိရန္ဆိုတဲ႔ကစားေဖာ္ကို ႏႈတ္ဆက္ဖုိ႔ျပင္ရသည္။

“ငါ ျပန္ေတာ့မယ္”

“အာ ငါလဲျပန္မွာ ေက်ာင္းအျပင္ကို တူတူသြားၾကမယ္ေလ တစ္ေယာက္တည္းလမ္းေလွ်ာက္ရတာ ပ်င္းစရာၾကီး မင္းက ဘာနဲ႔ေက်ာင္းကိုလာတာလဲ ငါကေတာ့ ဘတ္စ္နဲ႔ကြ”

“ဆုိင္ကယ္လ္နဲ႔”

“မိုက္တယ္ .. ငါက ဆုိင္ကယ္လ္မစီးတတ္ဘူး အဟီး ရွိလဲမရွိဘူးေလ”

“….”

“……………………..”

ေတာင္စဥ္ေရမရေသာစကားေတြေျပာေနတဲ႔က်ိရန္ကို ဘုျပန္ေကာလႊတ္ခ်င္ေပမယ့္ ေန႔စဥ္ေတြ႔ေနရမယ့္သူျဖစ္တာေၾကာင့္ ရိေပၚ ၾကိဳးစားျပီး ရန္နည္းေအာင္သာ ၾကိဳးစားေနမိသည္။

“ရိေပၚ”

အသံပိုင္ရွင္ေဟာက္ရႊမ္းေၾကာင့္ ရိေပၚမဟားတရားေပ်ာ္မိတာ ဒါပထမဆုံးအၾကိမ္ပါပဲ။

က်ိရန္လုိ႔ေခၚတဲ႔ေက်ာင္းသား၊ သူ႔ရဲ႕ေဘာလုံးအသင္းေဖာ္ရဲ႕ မ်ားျပားလွေသာ စကားေတြၾကားထဲ လမ္းေပ်ာက္ေနတဲ႔ရိေပၚအတြက္ေတာ့ ေဟာက္ရ႔ႊမ္းကအသက္ကယ္သမားေလးပဲ။

ေက်ာင္းသားေရးရာအေဆာင္ရဲ႕ ေအာက္ဆုံးထပ္ဝင္ေပါက္နားမွာေဟာက္ရႊမ္းနဲ႔ဆုံတာေၾကာင့္ ေဟာက္ရႊမ္းကရိေပၚေနာက္ လိုက္လာပံုပါပဲ။

“ေဟာက္ရႊမ္း”

“အတန္းျပီးတာနဲ႔ အျမီးေတာင္မျမင္ရေတာ့ဘူး ငါမင္းကိုလိုက္ရွာေနတာ …”

“လက္ေထာက္နည္းျပေခၚထားလို႔ အတန္းျပီးတာနဲ႔ ဒီဘက္ထြက္လာတာ မင္းကဘာကိစၥရွိလုိ႔လဲ”

“မင္း ဆုိင္မလာတာၾကာျပီမုိ႔ေလ အဲဒါ လိုက္ခဲ႔ပါလားလို႔ လာေခၚတာ”

ပုံမွန္စိတ္နဲ႔ဆုိ မလုိက္ေတာ့ဘူးလို႔ ျငင္းလိုက္မွာျဖစ္ေပမယ့္ အခုေတာ့ ဟိုက်ိရန္ဆိုတဲ႔စကားမ်ားေကာင္ကိုေရွာင္ခ်င္တာေၾကာင့္ ျပီးျပီးေရာ ေခါင္းညိတ္လိုက္သည္။

ေဟာက္ရႊမ္းရဲ႕ ေကာ္ဖီဆုိင္ကို ရိေပၚမေရာက္ျဖစ္တာ ယြဲ႔ယမ္ဆုံးတဲ႔ေန႔ကတည္းျဖစ္ကာ တစ္ပတ္ေက်ာ္ေလာက္ရွိျပီ။

ေဟာက္ရႊမ္းဆုိင္က ရိေပၚတုိ႔သူငယ္ခ်င္း ၃ ေယာက္ရဲ႕စုရပ္ပဲ။

ရိေပၚတုိ႔ ပထမႏွစ္တက္ေနတဲ႔အခ်ိန္ကတည္းက ေကာ္ဖီဆုိင္ဖြင့္ခ်င္တယ္ဆိုတဲ႔ ေဟာက္ရႊမ္းစိတ္ကူးကို ခ်မ္းသာတဲ႔ သူ႔မိဘေတြက ျဖည့္ဆည္းေပးထားတာမုိ႔ အဲဒီဆုိင္မွာပဲ ရိေပၚတုိ႔ အခ်္ိန္ကုန္ျဖစ္တာမ်ားသည္။

အခုေတာ့ အဲဒီမွာဆုိ ယြဲ႔ယမ္အရိပ္ေတြရွိသလိုပဲခံစားရတာမုိ႔ ရိေပၚမသြားခ်င္ခဲ႔တာျဖစ္သည္။

ဘယ္ကိုပဲသြားသြား ဘယ္မွာပဲစားစား အျမဲအတူတူပဲမုိ႔ ယြဲြ႔ယမ္အရိပ္နဲ႔ လြတ္တဲ႔ေနရာဆိုတာ မရွိသေလာက္ပါပဲ။

ဒါေပမယ့္ အဲဒီဆိုင္မွာေတာ့ ကိုယ္ေတြႏွစ္ေယာက္ရဲ႕ အမွတ္တရေတြ အမ်ားသားမုိ႔ အခုခ်ိန္မွာေျခဦးမလွည့္ခ်င္ခဲ႔ဘူး။

“ေအး လိုက္မယ္ေလ .. သြားမယ္ လာ”

“ဒါနဲ႔ သူကဘယ္သူ…”

စကားမ်ားမ်ားမေျပာခ်င္လို႔ ခပ္ျမန္ျမန္ထြက္သြားဖုိ႔စိတ္ကူးကာမွ အရစ္ရွည္ျပီးေမးလုိက္ေသာ ေဟာက္ရႊမ္းေၾကာင့္ ရိေပၚစိတ္ေတြညစ္သြားရျပန္သည္။

“ငါ့နာမည္က က်ိရန္ .. စုန္က်ိရန္တဲ႔ .. ဟိုဘက္က တစ္ေဆာင္ေက်ာ္က Computer Scienece Engineering မွာတက္တာ … အခုေတာ့ ေဘာလုံးအဖြဲ႔ဝင္အသစ္ေပါ့ကြာ မင္းနာမည္ကေရာ”

“ငါ့နာမည္က ဝမ္ေဟာက္ရႊမ္း ရိေပၚနဲ႔အတူ Economics major မွာဒုတိယႏွစ္တက္ေနတာ”

“ေအာ္ ငါက ပထမႏွစ္ ဒါေပမယ့္ အသက္ကေတာ့ မင္းတုိ႔နဲ႔အတူတူေလာက္ပဲထင္တယ္ … ငါက တကၠသိုလ္တက္တာေနာက္က်ေနတာ အခုမွ ပထမႏွစ္စတက္တာ”

“ေအးေအး ..ေနာက္ေတြ႔ရင္လဲေခၚေပါ့ကြာ ငါတုိ႔သြားလိုက္အုံးမယ္”

“ဒါနဲ႔ မင္းတုိ႔ကဘယ္သြားမလုိ႔လဲ ခုနကေျပာတာ ဆုိင္ဆိုလားပဲ ငါၾကားလိုက္တယ္”

လိုတာထက္ပိုျပီး friendly ျဖစ္ေနတဲ႔က်ိရန္ေၾကာင့္ ရိေပၚတကယ္အဆင္မေျပေတာ့ဘူး။

ရိေပၚက နဂိုကတည္းက လူအမ်ားစုနဲ႔ဆက္ဆံေျပာဆိုရတာမၾကိဳက္တဲ႔ introvert type မ်ိဳး။

ျပီးေတာ့ အခုခ်ိန္မွာ ရိေပၚအေနနဲ႔ သူငယ္ခ်င္းအသစ္ကို မိတ္ဖြဲ႔ဖို႔ ဆႏၵရွိမေနဘူး။

ေဟာက္ရႊမ္းကေတာ့ အစကတည္းက လူခ်စ္လူခင္မ်ားတဲ႔ေက်ာင္းသားတစ္ေယာက္မုိ႔ က်ိရန္ကိုလဲ လူမႈေရးအရ စကားျပန္ေျပာေနျခင္းျဖစ္ပုံရသည္။

“ငါ ဆုိင္ဆုိတာ ငါဖြင့္ထားတဲ႔ေကာ္ဖီဆုိင္ကိုေျပာတာ”

“wow မင္းကေက်ာင္းေတာင္မျပိးေသးဘူး ေကာ္ဖီဆုိင္ေတာင္ပိုင္တယ္ေပါ့ေလ ေဘာစိပဲဟ ဆုိင္ကဘယ္နားမွာလဲ ငါလဲလိုက္လည္လို႔ရလား ငါအလကားမေသာက္ပါဘူးကြ ကိုယ့္ဘာသာဝယ္ေသာက္မွာပါ”

က်ိရန္ကိုမေခၚခဲ႔ဖုိ႔ ေဟာက္ရႊမ္းကိုမ်က္ႏွာရိပ္မ်က္ႏွာကဲျပခ်င္ေပမယ့္ ေဟာက္ရႊမ္းက မိမိကိုၾကည့္မေနပဲ က်ိရန္နဲ႔သာ မ်က္ႏွာခ်င္းဆုိင္စကားေျပာေနတာမုိ႔ ရိေပၚအခက္ေတြ႔ေနသည္။

အဲဒီလိုနဲ႔ေနာက္ဆုံးေတာ့လဲ က်ိရန္က ရိေပၚတုိ႔နဲ႔အတူ ေကာ္ဖီဆုိင္ကိုပါလာခဲ႔သည္။

ကားမရွိတဲ႔က်ိရန္က ေဟာက္ရႊမ္းကားနဲ႔လိုက္လာကာ ရိေပၚကေတာ့ ကိုယ့္ဆုိင္ကယ္လ္နဲ႔ကိုယ္သာ ေကာ္ဖီဆုိင္သို႔ထြက္လာခဲ႔သည္။

စကားေျပာၾကည့္ေတာ့ က်ိရန္ကပြင့္လင္းျပီး ခင္ဖို႔ေကာင္းတာသတိထားမိလာသည္။

ယြဲ႔ယမ္မရွိေတာ့တာမုိ႔ ရိေပၚတုိ႔ႏွစ္ေယာက္ရဲ႕တိတ္ဆိတ္ေနတဲ႔စကားဝိုင္းမွာ က်ိရန္အသံေတြက လႊမ္းမုိးလာခဲ႔သည္။

အစတုန္းကေတာ့ က်ိရန္ကို ခပ္တည္တည္တင္းတင္းသာေနမယ္လို႔ စဥ္းစားထားေပမယ့္ ေဘာလုံးအသင္းမွာတစ္ေယာက္တစ္ေလနဲ႔ သူငယ္ခ်င္းျဖစ္ေနျခင္းက သိပ္ေတာ့မဆုိးပါဘူးေလဟု ရိေပၚထပ္ေတြးမိလိုက္တာမို႔ အလိုက္သင့္စကားျပန္ေျပာေနလိုက္ေတာ့သည္။

Ep 5 to be continued

အဟမ္း အဟမ္း .. ေဟာက္က်ိေမွ်ာ္ေနသူေတြအတြက္ မုိးေပၚက က်ိရန္ေလးက်လာပါျပီရွင္။ ဒါေပမယ့္ ဒီ fic က main couple ကိုအဓိက focus ထားမွာမုိ႔ ေဟာက္က်ိက side couple အေနနဲ႔သာ ပါပါလိမ့္မယ္ေနာ္။

Unicode

The Pitfall Ep 4

အမေ့တပည့် ယန်လီလာပို့ပေးသွားတဲ့ ရှောင်းကျန့်နဲ့ ပက်သက်တဲ့အကြောင်းတွေရေးထားတဲ့ ဖိုင်တစ်ထပ်ကို ရှေ့မှာ ရိပေါ် ဆေးလိပ်ထိုင်သောက်နေမိတာကြာပြီ။

ရှောင်းကျန့်က ရိပေါ်မျှော်လင့်ထားတာထက်ပိုပြီးစိတ်ဝင်စားဖို့ကောင်းနေတာအမှန်ပဲ။

ရိပေါ်တို့ထက် ၆ နှစ်ပိုကြီးသော ရှောင်းကျန့်က ရိပေါ်တို့အခုတက်နေတဲ့တက္ကသိုလ်ကနေ Master of Engineering Management နဲ့ မာစတာရထားပြီးသားကျောင်းသားတစ်ယောက်။

ပထမဆုံးထူးဆန်းတာက သူ့အဖေအရှိန်အဝါနဲ့ဆို ကုမ္ပဏီကြိးကြီးတစ်ခုမှာအလုပ်ဝင်လုပ်လို့ရနိုင်သလို ကိုယ်ပိုင်ကုမ္ပဏီတစ်ခုလဲ ထောင်နိုင်တဲ့အနေအထားရှိသည်။

အဲဒီလိုမှမဟုတ်ဘူးဆိုရင်လဲနိုင်ငံရေးလောကထဲ ခြေစုံပစ်ဝင်လို့ရနေသေးသည်။

ဒါပေမယ့် အဲဒီလိုလူက ရိပေါ်တို့ကျောင်းမှာ အားကစားနည်းပြလာလုပ်နေတာကစပြီးထူးဆန်းသည်။

ဝါသနာက ဘောလုံးအားကစားလို့သိရသလို သူကိုယ်တိုင်လဲ professional ဘောလုံးသမား ဒါမှမဟုတ် ဘောလုံးအသင်းနည်းပြဖြစ်ချင်တာတဲ့။

အဲဒါမျိုး သူ့အဖေဝန်ကြီးချုပ်က လုပ်ခွင့်မပေးလို့ တက္ကသိုလ်ဘောလုံးအသင်းရဲ့ နည်းပြလာလုပ်တဲ့ပုံပါပဲ။

သူ gay လို့ come out လုပ်ထားတာ လွန်ခဲ့တဲ့ ၃ နှစ်လောက်ကဖြစ်သည်။ အဲဒီမတိုင်ခင်က ရည်းစားတစ်ယောက်မှမထားခဲ့ဖူးပေမယ့် သူ့အဖေ စပ်ဟပ်ပေးတဲ့ မိန်းကလေးအချို့နဲ့ သွားတွေ့ဖူးသည်တဲ့။

ဒါပေမယ့် မိန်းကလေးတွေကို စိတ်မဝင်စားဖို့ ဘယ်သူနဲ့မှ မတွဲဖြစ်ခဲ့ကြောင်း၊ လွန်ခဲ့တဲ့၃နှစ်ကတော့ သူက gay တစ်ယောက်ပါဆိုတာကို အကုန်လုံးသိအောင် weibo မှာ status တင်ချပစ်ခဲ့သည်။

စစချင်းတုန်းကဆို ဒါက prank တစ်ခုလို့လူအများက လက်ခံထားကြတာ အချိန်အတော်ကြာသည်အထိပင်။

ဒါပေမယ့် ပထမဆုံး သူနဲ့ကျောင်းနေဖက်သူငယ်ချင်းယောကျာ်းလေးတစ်ယောက်နဲ့ တွဲတယ်ဆိုတဲ့သတင်းထွက်လာတော့မှ အကုန်လုံးက အမှန်ပဲဆိုတာ လက်ခံလိုက်ရတာ။

အဲဒီတွဲနေတယ်ဆိုတဲ့သတင်းကြောင့်ပဲ ရှောင်းကျန့် အိမ်ပေါ်ကဆင်းသွားခဲ့ရသည်လို့ ကြားသည်။

ဒါပေမယ့် ဝန်ကြီးချုပ်သား သူဌေးသားက အိမ်ပေါ်ကဆင်းတယ်ဆိုတ နန်းတော်ကြီးတစ်မျှကြီးတဲ့အိမ်ကနေ နန်းတော်အဆောင်လေးကိုပြောင်းသလောက်ပဲပေါ့။

ရှောင်းကျန့်အခုတစ်ယောက်တည်းနေတဲ့ နေအိမ်က လူကုန်ထံရပ်ကွက်မှာ ဟီးထလို့နေတာပဲ။

ဝန်ကြီးချုပ်က အရမ်းစိတ်ကြီးပေမယ့် ရှောင်းကျန့်အမေ သူဌေးမကြီးကတော့ သူ့သားကို ပစ်ထားနိုင်ပုံမပေါ်ပါ။

အခုသူနေနေတဲ့အိမ်က ရှောင်းကျန့်အမေက ဝယ်ပေးထားတာလို့ရေးထားသည်။

မေမေ့ချစ်သားလေးဖြစ်မယ့်ပုံပါပဲ။ ရိပေါ်နဲ့တော့ တခြားစီပေါ့လေ။

ရိပေါ်ကတော့ အမေ့ဆီကချစ်ခြင်းမေတ္တာဆိုတာ ဘာဆိုဘာမှန်းမသိရပါ။

ရှောင်းကျန့်အကြောင်းဖတ်နေရင်းကနေ ကိုယ့်အမေအကြောင်းကို စဉ်းစားမိတော့ နာကျင်မှုတွေက အသစ်လိုပြန်ဖြစ်လာတာမို့ ဖိုင်ကိုပိတ်ပစ်လိုက်ပြီး ဒီညအဖို့ အိပ်လိုက်တော့မယ်လို့ ရိပေါ်ဆုံးဖြတ်လိုက်သည်။

တစ်ချိန်ကိုတစ်ခုပဲ သူရင်ဆိုင်နိုင်မယ်၊ နာကျင်စရာတွေ တစ်ချိန်တည်းမှာ စုပြုံလာရင် ရိပေါ် ခံနိုင်ရည်မရှိဘူး။

Xxxxxxxxxxxx

ဘောလုံးအသင်းကို join ဖို့လိုအပ်တဲ့ကိုယ်ရေးအချက်အလက်တွေဖြည့်ဖို့နဲ့ ကျောနံပါတ်ရွေးဖို့ကိစ္စ၊ လေ့ကျင့်ရေး ဆင်းရမယ့်ကိစ္စတွေ လက်ထောက်နည်းပြနဲ့ပြောဖို့အတွက် အတန်းချိန်ပြီးတော့ ဘောလုံးအသင်းရဲ့ရုံးခန်းရှိတဲ့ ကျောင်းသာရေးရာ အဆောင်ဘက်ကို ရိပေါ် ကူးလာခဲ့သည်။

ရှောင်းကျန့်ပြောပုံအရ ဒါတွေက လက်ထောက်နည်းပြနဲ့ပဲ ပြောရမှာမို့ထင်သည်၊ ရုံးခန်းထဲမှာ ရှောင်းကျန့်ကိုမတွေ့ပါ။

ကျောင်းသားရေးရာ အဆောင်မှာက ကျောင်းရဲ့အားကစားအသင်းတွေ၊ နောက်ပြီး ကျောင်းက club အသင်းတွေဖြစ်တဲ့ drama club, music club ဘာညာအစရှိတဲ့ အသင်းတွေရဲ့ရုံးခန်းတွေရှိကာ ကျောင်းသားရေးရာအဆောင်ဘေးမှာတော့ ဘောလုံးကွင်း ရှိလေသည်။

ရိပေါ်အပါအဝင် အသစ်ရွေးချယ်ခံရတဲ့ ကျောင်းသားသစ် ၃ ယောက်နဲ့ လက်ထောက်နည်းပြနဲ့စကားပြောပြီးနောက်မှာတော့ ရိပေါ်က ရုံးခန်းရဲ့ဘေးကပ်ရက်မှာရှိတဲ့ ရိပေါ်တို့ ဘောလုံးကစားသမားတွေရဲ့ locker room ကို တစ်ချက်ဝင်ကြည့်လိုက်သေးသည်။

ပြီးတော့မှ ပြန်ထွက်မည်အလုပ် locker room ထဲမှ ထွက်လာသည့် ရှောင်းကျန့်နဲ့ တည့်တည့်ဆုံလေသည်။

“ပြန်တော့မလိ့ုလား ရိပေါ်”

“ခင်ဗျားအပူပါလား”

“hey … watch your tone ကိုယ်က မင်းအသင်းနည်းပြနော်”

ရှောင်းကျန့်ကိုဆိုရင် အမြင်မကြည်တဲ့ဓာတ်ခံရှိနေတာမို့ ခပ်မာမာပြန်ပြောလိုက်မိတဲ့ပါးစပ်ကိုရိပေါ်မထိန်းလိုက်နိုင်ဘူး။

ဒါပေမယ့် ပြန်တွေးကြည့်တော့မှ ကိုယ့်ရဲ့မူလအကြံကိုသတိရမိသည်။

သူဒီကိုရောက်လာခဲ့ကာ ရှောင်းကျန့်ကို ဘုဂလန့်တိုက်ဖို့မဟုတ်။

တကယ်ဆို သူက ရှောင်းကျန့်နဲ့ နီးစပ်အောင် ကြိုးစားဖို့၊ ရှောင်းကျန့်ဖုံးကွယ်ထားတဲ့ အကြောင်းအရာတွေက ဘာတွေလဲဆိုတာသိရဖို့ ဒီဘောလုံးအသင်းကို ရောက်လာခဲ့တာမဟုတ်လား။

စိတ်ကိုလျှော့ပြီး မချစ်သောလည်း အောင့်ကာနမ်းရပေအုံးမည်။

“sorry”

ရိပေါ်တောင်းပန်စကားခပ်တိုးတိုးပြောလိုက်တော့မှ ရိပေါ်ကိုကြည့်နေတဲ့အကြည့်စူးစူးတွေကို ရှောင်းကျန့်က ရုတ်သိမ်းသွားသည်။

“its ok, are you having bad days”

“အင်း ဒီလိုပါပဲ ကျွန်တော်က အစတည်းက နည်းနည်းစိတ်ဆတ်တတ်လို့ပါ စိတ်မရှိပါနဲ့ နည်းပြ”

သူများတွေက သူ့ကိုနည်းပြလို့ခေါ်ကြတာ ကြားဖူးတာမို့ ရိပေါ်လဲ ထိုအတိုင်းသာ လိုက်ခေါ်လိုက်သည်။

ရိပေါ်ဘက်က တောင်းပန်စကားကြောင့် သူလည်း မျက်နှာလေး နည်းနည်းပြန်ကြည်လာသည်။

“ရပါတယ် ကိုယ်လဲတစ်ခါတစ်လေ အဲလိုပါပဲ”

အဲဒါကိုရိပေါ်သိထားပါသည်။ ရှောင်းကျန့်က ဘယ်တုန်းကမှ စကားကိုချိုချိုသာသာမပြောတတ်တဲ့အကြောင်းတွေကို။ အဲဒါကြောင့် အခုလိုအခြေအနေကိုတောင် ရိပေါ်က ထူးဆန်းလို့နေတာ။

ရိပေါ်တို့စကားပြောဖြစ်ကြတဲ့အချိန်တိုင်း ရှောင်းကျန့်က သူ့အနားရောက်လာကာ စကားစခဲ့ခြင်းကြောင့်ပင်။

“မပြန်သေးဘူးလား နည်းပြ”

“ပြန်တော့မှာ ရိပေါ်ကိုတွေ့တာနဲ့ လာနှုတ်ဆက်တာ”

“နည်းပြက အမြဲဒီလိုပဲလား ကျွန်တော်မေးချင်တာက အခုလိုမျိုး လူတစ်ယောက်ကို တစ်ခုတ်တစ်ရ စကားတွေလာပြောနေတာမျိုးကိုပြောတာ .. ကျွန်တော်သိသလောက် နည်းပြက မလိုရင် စကားအပိုတစ်ခွန်းမှ မပြောတတ်တဲ့လူမျိုးလေ”

ရိပေါ်စကားကိုကြားတော့ ရှောင်းကျန့်က တိုးသဲ့သဲ့ရယ်သည်။

ရိပေါ်မကြိုက်သောရယ်သံတွေ၊ ပျော်လို့ရယ်တာလား သဘောကျလို့ရယ်တာလား၊ဒါမှမဟုတ် ရွဲ့ချင်လို့ရယ်တာလား မသဲကွဲသောရယ်သံ။

ပြီးတော့ တစ်ဖက်သားစိတ်ကို မရိုးမရွဖြစ်စေသော ရယ်သံမျိုးပဲ။

ဒါပါနဲ့ဆို အဲဒီလိုရယ်သံမျိုး သူ့ဆီက ကြားရတာ နှစ်ခါရှိပြီ။

“မင်းကိုမို့ပါ … မင်းကတခြားလူတွေနဲ့မတူဘူးလေ”

ခပ်တည်တည်မေးလိုက်သောမေးခွန်းအတွက် ခပ်တည်တည်ပြန်ဖြေလာသော အဖြေကိုကြားတဲ့အခိုက် ရိပေါ် ကြောင်အသွားမိတာအမှန်။

အခု ဒီလူက ရိပေါ်ကို flirt ဖို့ကြိုးစားနေတာလား။ သူ့ရည်းစားဆုံးသွားတာ အခုမှ ၁၀ ရက်ပဲရှိသေးတာလေ။

အဲဒီလိုလူတစ်ယောက်က သူ့အသင်းရဲ့ ကစားသမားအသစ်ကို အခုလိုမျိုးစကားမျိုးကို စိတ်ထဲရှိတာတောင် ထုတ်ပြောသင့်လို့လား။

“ကိုယ်သွားတော့မယ် နောက်နေ့မှ လေ့ကျင့်ရေးမှာတွေ့တာပေါ့ ရိပေါ်”

ဒီတစ်ခါလည်းရိပေါ်ရဲ့နှုတ်ဆက်စကားကို သူကစောင့်မသွားပါ။

လွယ်အိတ်ခပ်သေးသေးတစ်လုံးကိုလွယ်ကာ မျက်စိရှေ့က ထွက်သွားသူကို ရိပေါ်ကတော့ နားမလည်နိုင်ခြင်းတွေနဲ့ ငေးကြည့်နေမိဆဲပဲ။

အနောက်ဘက်အသံတစ်သံကြားမှ ရိပေါ်အကြည့်လွှဲကာ အနောက်ကိုလှည့်ကြည့်မိတော့ ခုနက အသင်းရဲ့ရုံးခန်းမှာတွေ့ခဲ့သော ကစားသမားအသစ်တွေထဲက တစ်ယောက်ဖြစ်မှန်းသိလိုက်သည်။

“ဟေး ရိပေါ် .. မင်းက ရိပေါ်ဟုတ်တယ်မှတ်လား”

“အင်း”

“တွေ့ရတာဝမ်းသာပါတယ်ကွ ငါ့နာမည်က စုန်ကျိရန်ပါ .. ငါလဲ ကစားသမားအသစ်အဖြစ်ရွေးခံရတယ်လေ ငါက မင်းတို့ Business အဆောင်ကတော့မဟုတ်ဘူး ဟိုးဘက်တစ်ဆောင်ကျော်က Computer Science က၊ ဘောလုံးကစားချင်လို့သာ ဒီအထိလာရတာကွာ.. ကျောင်းထဲမှာ လမ်းပတ်လျှောက်တာနဲ့တင် ကွင်း ၃ ပတ်လောက်ပြေးရတာနဲ့ညီတယ် ဟဲဟဲ”

ရိပေါ်ဘက်က ဘာမှမပြောပါပဲ သူ့ဘက်ကချည်း ပြောသွားတာ တရစပ်ပါပဲ။

ဒီကောင်က တော်တော်စကားများမယ့်ပုံပဲဆိုတာ မြင်တာနဲ့သိသည်။

စကားများသောသူတွေကို ရိပေါ်မနှစ်သက်ပါ။

“အင်း”

“ငါမင်းနဲ့သူငယ်ချင်းလုပ်မယ်နော် ..မင်းကိုမြင်ကတည်းက ငါကခင်ချင်နေတာကွ မင်းမနေ့က သွင်းတဲ့ဂိုးတွေက ရှယ်မိုက်တာနော် .. ငါက အလယ်တန်းဆော့တာကွ မင်းနဲ့ငါနဲ့ အပေးအယူမျှမျှနဲ့ဆို ငါတို့ပွဲတိုင်းနိုင်မှာ အသေအချာပဲ သိလား ဟဲဟဲ”

“အင်း”

“မင်းကလဲ တအင်းအင်းနဲ့စကားနည်းလိုက်တာ ..ခုနကကျ နည်းပြကြီးနဲ့စကားတွေပြောနေပြီးတော့ ..ဒါနဲ့လေ နည်းပြက ထူးဆန်းနေတယ်မဟုတ်လား သူက သူများတွေနဲ့ဆို စကားသိပ်မပြောဘူးတဲ့ မင်းနဲ့တော့ ပြောနေတာ ချောနေတာပဲနော် မင်းနဲ့သူက အရင်ကတည်းကသိနေတာလား”

ခုနက လက်ထောက်နည်းပြဆီက ယူလာခဲ့သော စာရွက်တစ်ချို့နဲ့ locker key ကို ကျောပိုးအိတ်ထဲကို ခပ်မြန်မြန်ထည့်ကာ ရိပေါ် ရုံးခန်းထဲမှ ထွက်ဖို့ပြင်သည်။

“မသိပါဘူး”

“အာဟုတ်လား ငါကတော့ သူ့ကိုသိတယ်ကွ သိဆိုသူကနာမည်သိပ်ကြီးတာကိုး ကျောင်းသူတွေကြားထဲမှာရော ဆရာ ဆရာမတွေကြားထဲမှာရော သူ့ကိုမသိတဲ့သူ မရှိဘူးကွ ဒါပေမယ့် ကျောင်းသူတွေ ဆရာမတွေအတွက် နှမြောစရာကောင်းတာက သူက gay တဲ့လေ။ ကျောင်းသားတွေအတွက်တော့ အားတက်စရာပေါ့”

အားတက်စရာမဟုတ်ဘူးကွ .. အဲဒါက ထောင်ချောက်၊ အဲဒါက အဆိပ်ပဲ။ သူ့ကြောင့် အပြစ်မဲ့တဲ့ ဒုတိယနှစ်ကျောင်းသားလေး တစ်ယောက်က အသက်ပေးလိုက်ရတာ မင်းမသိဘူးလား။

ယွ့ဲယမ်ပြောစကားအရ သူတို့ကြိုက်တာကို ဘောလုံးအသင်းကလူတွေတောင်မသိကြဘူးဆိုတော့ တခြားလူတွေမသိတာလဲမဆန်းဘူးလေ။

gay လို့ come out လုပ်ရမှာကိုမရှက်တဲ့သူက ကျောင်းသားတစ်ယောက်နဲ့တွဲနေတာကို လူသိခံဖို့ကျတော့ ရှက်ခဲ့တာလား။

ဒါမှမဟုတ် တမင်သက်သက်ကို silent တွေ တစ်ယောက်ပြီးတစ်ယောက်တွဲနေခဲ့တာလား။

ဒါမဟုတ် တစ်ချိန်တည်းမှာဘယ်နှစ်ယောက်တောင် တွဲနေခဲ့မလဲ။ မေးခွန်းတွေနဲ့ ရိပေါ်ဟာ စိတ်ထဲ အဆင်မပြေတော့တာမို့ ကျိရန်ဆိုတဲ့ကစားဖော်ကို နှုတ်ဆက်ဖို့ပြင်ရသည်။

“ငါ ပြန်တော့မယ်”

“အာ ငါလဲပြန်မှာ ကျောင်းအပြင်ကို တူတူသွားကြမယ်လေ တစ်ယောက်တည်းလမ်းလျှောက်ရတာ ပျင်းစရာကြီး မင်းက ဘာနဲ့ကျောင်းကိုလာတာလဲ ငါကတော့ ဘတ်စ်နဲ့ကွ”

“ဆိုင်ကယ်လ်နဲ့”

“မိုက်တယ် .. ငါက ဆိုင်ကယ်လ်မစီးတတ်ဘူး အဟီး ရှိလဲမရှိဘူးလေ”

“….”

“……………………..”

တောင်စဉ်ရေမရသောစကားတွေပြောနေတဲ့ကျိရန်ကို ဘုပြန်ကောလွှတ်ချင်ပေမယ့် နေ့စဉ်တွေ့နေရမယ့်သူဖြစ်တာကြောင့် ရိပေါ် ကြိုးစားပြီး ရန်နည်းအောင်သာ ကြိုးစားနေမိသည်။

“ရိပေါ်”

အသံပိုင်ရှင်ဟောက်ရွှမ်းကြောင့် ရိပေါ်မဟားတရားပျော်မိတာ ဒါပထမဆုံးအကြိမ်ပါပဲ။

ကျိရန်လို့ခေါ်တဲ့ကျောင်းသား၊ သူ့ရဲ့ဘောလုံးအသင်းဖော်ရဲ့ များပြားလှသော စကားတွေကြားထဲ လမ်းပျောက်နေတဲ့ရိပေါ်အတွက်တော့ ဟောက်ရ့ွှမ်းကအသက်ကယ်သမားလေးပဲ။

ကျောင်းသားရေးရာအဆောင်ရဲ့ အောက်ဆုံးထပ်ဝင်ပေါက်နားမှာဟောက်ရွှမ်းနဲ့ဆုံတာကြောင့် ဟောက်ရွှမ်းကရိပေါ်နောက် လိုက်လာပုံပါပဲ။

“ဟောက်ရွှမ်း”

“အတန်းပြီးတာနဲ့ အမြီးတောင်မမြင်ရတော့ဘူး ငါမင်းကိုလိုက်ရှာနေတာ …”

“လက်ထောက်နည်းပြခေါ်ထားလို့ အတန်းပြီးတာနဲ့ ဒီဘက်ထွက်လာတာ မင်းကဘာကိစ္စရှိလို့လဲ”

“မင်း ဆိုင်မလာတာကြာပြီမို့လေ အဲဒါ လိုက်ခဲ့ပါလားလို့ လာခေါ်တာ”

ပုံမှန်စိတ်နဲ့ဆို မလိုက်တော့ဘူးလို့ ငြင်းလိုက်မှာဖြစ်ပေမယ့် အခုတော့ ဟိုကျိရန်ဆိုတဲ့စကားများကောင်ကိုရှောင်ချင်တာကြောင့် ပြီးပြီးရော ခေါင်းညိတ်လိုက်သည်။

ဟောက်ရွှမ်းရဲ့ ကော်ဖီဆိုင်ကို ရိပေါ်မရောက်ဖြစ်တာ ယွဲ့ယမ်ဆုံးတဲ့နေ့ကတည်းဖြစ်ကာ တစ်ပတ်ကျော်လောက်ရှိပြီ။

ဟောက်ရွှမ်းဆိုင်က ရိပေါ်တို့သူငယ်ချင်း ၃ ယောက်ရဲ့စုရပ်ပဲ။

ရိပေါ်တို့ ပထမနှစ်တက်နေတဲ့အချိန်ကတည်းက ကော်ဖီဆိုင်ဖွင့်ချင်တယ်ဆိုတဲ့ ဟောက်ရွှမ်းစိတ်ကူးကို ချမ်းသာတဲ့ သူ့မိဘတွေက ဖြည့်ဆည်းပေးထားတာမို့ အဲဒီဆိုင်မှာပဲ ရိပေါ်တို့ အချိန်ကုန်ဖြစ်တာများသည်။

အခုတော့ အဲဒီမှာဆို ယွဲ့ယမ်အရိပ်တွေရှိသလိုပဲခံစားရတာမို့ ရိပေါ်မသွားချင်ခဲ့တာဖြစ်သည်။

ဘယ်ကိုပဲသွားသွား ဘယ်မှာပဲစားစား အမြဲအတူတူပဲမို့ ယွဲ့ယမ်အရိပ်နဲ့ လွတ်တဲ့နေရာဆိုတာ မရှိသလောက်ပါပဲ။

ဒါပေမယ့် အဲဒီဆိုင်မှာတော့ ကိုယ်တွေနှစ်ယောက်ရဲ့ အမှတ်တရတွေ အများသားမို့ အခုချိန်မှာခြေဦးမလှည့်ချင်ခဲ့ဘူး။

“အေး လိုက်မယ်လေ .. သွားမယ် လာ”

“ဒါနဲ့ သူကဘယ်သူ…”

စကားများများမပြောချင်လို့ ခပ်မြန်မြန်ထွက်သွားဖို့စိတ်ကူးကာမှ အရစ်ရှည်ပြီးမေးလိုက်သော ဟောက်ရွှမ်းကြောင့် ရိပေါ်စိတ်တွေညစ်သွားရပြန်သည်။

“ငါ့နာမည်က ကျိရန် .. စုန်ကျိရန်တဲ့ .. ဟိုဘက်က တစ်ဆောင်ကျော်က Computer Scienece Engineering မှာတက်တာ … အခုတော့ ဘောလုံးအဖွဲ့ဝင်အသစ်ပေါ့ကွာ မင်းနာမည်ကရော”

“ငါ့နာမည်က ဝမ်ဟောက်ရွှမ်း ရိပေါ်နဲ့အတူ Economics major မှာဒုတိယနှစ်တက်နေတာ”

“အော် ငါက ပထမနှစ် ဒါပေမယ့် အသက်ကတော့ မင်းတို့နဲ့အတူတူလောက်ပဲထင်တယ် … ငါက တက္ကသိုလ်တက်တာနောက်ကျနေတာ အခုမှ ပထမနှစ်စတက်တာ”

“အေးအေး ..နောက်တွေ့ရင်လဲခေါ်ပေါ့ကွာ ငါတို့သွားလိုက်အုံးမယ်”

“ဒါနဲ့ မင်းတို့ကဘယ်သွားမလို့လဲ ခုနကပြောတာ ဆိုင်ဆိုလားပဲ ငါကြားလိုက်တယ်”

လိုတာထက်ပိုပြီး friendly ဖြစ်နေတဲ့ကျိရန်ကြောင့် ရိပေါ်တကယ်အဆင်မပြေတော့ဘူး။

ရိပေါ်က နဂိုကတည်းက လူအများစုနဲ့ဆက်ဆံပြောဆိုရတာမကြိုက်တဲ့ introvert type မျိုး။

ပြီးတော့ အခုချိန်မှာ ရိပေါ်အနေနဲ့ သူငယ်ချင်းအသစ်ကို မိတ်ဖွဲ့ဖို့ ဆန္ဒရှိမနေဘူး။

ဟောက်ရွှမ်းကတော့ အစကတည်းက လူချစ်လူခင်များတဲ့ကျောင်းသားတစ်ယောက်မို့ ကျိရန်ကိုလဲ လူမှုရေးအရ စကားပြန်ပြောနေခြင်းဖြစ်ပုံရသည်။

“ငါ ဆိုင်ဆိုတာ ငါဖွင့်ထားတဲ့ကော်ဖီဆိုင်ကိုပြောတာ”

“wow မင်းကကျောင်းတောင်မပြိးသေးဘူး ကော်ဖီဆိုင်တောင်ပိုင်တယ်ပေါ့လေ ဘောစိပဲဟ ဆိုင်ကဘယ်နားမှာလဲ ငါလဲလိုက်လည်လို့ရလား ငါအလကားမသောက်ပါဘူးကွ ကိုယ့်ဘာသာဝယ်သောက်မှာပါ”

ကျိရန်ကိုမခေါ်ခဲ့ဖို့ ဟောက်ရွှမ်းကိုမျက်နှာရိပ်မျက်နှာကဲပြချင်ပေမယ့် ဟောက်ရွှမ်းက မိမိကိုကြည့်မနေပဲ ကျိရန်နဲ့သာ မျက်နှာချင်းဆိုင်စကားပြောနေတာမို့ ရိပေါ်အခက်တွေ့နေသည်။

အဲဒီလိုနဲ့နောက်ဆုံးတော့လဲ ကျိရန်က ရိပေါ်တို့နဲ့အတူ ကော်ဖီဆိုင်ကိုပါလာခဲ့သည်။

ကားမရှိတဲ့ကျိရန်က ဟောက်ရွှမ်းကားနဲ့လိုက်လာကာ ရိပေါ်ကတော့ ကိုယ့်ဆိုင်ကယ်လ်နဲ့ကိုယ်သာ ကော်ဖီဆိုင်သို့ထွက်လာခဲ့သည်။

စကားပြောကြည့်တော့ ကျိရန်ကပွင့်လင်းပြီး ခင်ဖို့ကောင်းတာသတိထားမိလာသည်။

ယွဲ့ယမ်မရှိတော့တာမို့ ရိပေါ်တို့နှစ်ယောက်ရဲ့တိတ်ဆိတ်နေတဲ့စကားဝိုင်းမှာ ကျိရန်အသံတွေက လွှမ်းမိုးလာခဲ့သည်။

အစတုန်းကတော့ ကျိရန်ကို ခပ်တည်တည်တင်းတင်းသာနေမယ်လို့ စဉ်းစားထားပေမယ့် ဘောလုံးအသင်းမှာတစ်ယောက်တစ်လေနဲ့ သူငယ်ချင်းဖြစ်နေခြင်းက သိပ်တော့မဆိုးပါဘူးလေဟု ရိပေါ်ထပ်တွေးမိလိုက်တာမို့ အလိုက်သင့်စကားပြန်ပြောနေလိုက်တော့သည်။

Ep 5 to be continued

အဟမ်း အဟမ်း .. ဟောက်ကျိမျှော်နေသူတွေအတွက် မိုးပေါ်က ကျိရန်လေးကျလာပါပြီရှင်။ ဒါပေမယ့် ဒီ fic က main couple ကိုအဓိက focus ထားမှာမို့ ဟောက်ကျိက side couple အနေနဲ့သာ ပါပါလိမ့်မယ်နော်။

Ga verder met lezen

Dit interesseert je vast

46.3K 6.6K 41
"แž แž„แŸ’แžŸแž˜แŸ‚แž“แž‘แŸ?โ€‹แžแŸ’แžšแžนแž˜แžแŸ‚แž˜แžฝแž™แž”แŸ‰แž”แŸ’แžšแžทแž…แž—แŸ’แž“แŸ‚แž€แž™แžพแž„แž“แžนแž„แž’แŸ’แžœแžพแžขแŸ„แž™แž แž„แŸ’แžŸแž˜แžฝแž™แž“แŸ„แŸ‡แž”แžถแž€แŸ‹แžŸแŸ’แž›แžถแž” แž แžพแž™แž แž„แŸ’แžŸแžŠแŸแžŸแŸ’แžšแžŸแŸ‹แžŸแŸ’แžขแžถแžแž“แŸ„แŸ‡แžแŸ’แžšแžผแžœแžŸแŸ’แžแžทแžแž€แŸ’แž“แžปแž„แž€แž˜แŸ’แž˜แžŸแžทแž‘แŸ’แž’แž™แžพแž„แž˜แŸ’แž“แžถแž€แŸ‹แž‚แžแŸ‹"แž‡แžปแž„แž แŸ’แž‚แžปแž€ "แž™แžพแž„แžŠแžนแž„แž–แžธแžขแŸ’แžœแžธแž‘...
18.8K 1.2K 15
แ€–แ€ฐแ€‚แ€บแ€ญแ€ฏแ€›แ€ฝแ€ฎแ€™แ€™แ€บแ€ฌแ€ธแ€›แ€ฒแ€ทแ€ฑแ€”แ€แ€„แ€นแ€แ€บแ€ญแ€”แ€น แ€•แ€ฏแ€ถ แ€ฑแ€›แ€ฝแ€ฌแ€„แ€นแ€€แ€บแ€”แ€นแ€ทแ€œแ€„แ€นYibo
95.5K 12.7K 46
Seokjinแ€€ แ€„แ€ซแ€ทแ€กแ€ญแ€™แ€บแ€€แ€€แ€ปแ€ฝแ€”แ€บแ€œแ€ฑ... แ€กแ€ญแ€•แ€บแ€…แ€›แ€ฌแ€œแ€ฐแ€€แ€ฏแ€”แ€บแ€›แ€„แ€บแ€แ€ฑแ€ฌแ€„แ€บ แ€žแ€ฐแ€”แ€ฒแ€ทแ€แ€ฑแ€ฌแ€ทแ€™แ€กแ€ญแ€•แ€บแ€˜แ€ฐแ€ธแŠ แ€€แ€ปแ€ฝแ€”แ€บแ€…แ€ฑแ€ฌแ€บแ€”แ€ถแ€œแ€ญแ€ฏแ€ท...[ABO/kookjin]
234K 13.3K 37
Taekook โš ๏ธ แžšแžฟแž„แž—แžถแž‚แžแŸ’แž›แžธแ•ฆโ เผผโ โœฉโ ู„อœโ โœฉโ เผฝโ แ•ค