Mysterious Love ( Completed )
By yoon_085
621K 60.2K 3.9K
လောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ်ကမမြင်ရတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး အက်မမြင်ရတဲ့ အရာတွေက... More
Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!
Part-19 ~Red Lady
10.7K 1.2K 46
By yoon_085
Mysterious Love
Unicode
မှောင်မဲနေတဲ့ကားလမ်းတလျှောက်ကားရှေ့မီးကြီးကိုသာထိုး ပြီးစံအိမ်ဆီကို သေချာမောင်းလာခဲ့တယ်။စံအိမ်ကိုရောက်ခါနီးကားdashboardကအချိန်ကို လှမ်းကြည့်လိုက်တော့ ဆယ့်တစ်နာရီထိုးတော့မယ် ရိပေါ်တို့ကားစံအိမ်ထဲဝင်လာတော့ ခြံထဲကခြံစောင့်ကောင်လေးကတံခါးလာဖွင့်ပေးတယ်။
" အကိုလေးတို့နောက်ကျတယ်နော် ''
" အင်း ကားပျက်နေလို့ ''
ရိပေါ်ထိုတစ်ခွန်းသာပြောပြီးကားကိုစံအိမ်ထဲအထိမောင်း
လာတယ် ကားထဲကနေစံအိမ်ကိုလှမ်းကြည့်တော့
တစ်အိမ်လုံးမီးတွေထွန်းထားတာမှထိန်လို့...
ရိပေါ်ဘေးကိုကြည့်တော့ရှောင်ကျန့်က အိပ်ပျော်နေဆဲမို့ ရှောင်ကျန့်ကိုလှုပ်ပြီးနှိုးပေမယ့်လဲမနိုးတဲ့ အပြင်တစ်ဖက်ကိုပါ လှည့်သွားတယ် ရိပေါ်လဲနှိုးမရတဲ့အဆုံးရှောင်ကျန့်ကိုပွေ့ချီ လိုက်ပြီးကားထဲကသယ်လာတယ် စံအိမ်ထဲဝင်တော့ ဧည့်ခန်းထဲကမီးတွေပိတ်ထားပြီး လှေကားဘေးနှစ်ဖက်က နံရံကပ်မီးအိမ်ကဖွင့်ထားတဲ့ ဝါပျပျအလင်းကြောင့်သာရိပေါ် မြင်ရတာမို့သတိထားလျှောက်ပြီး အပေါ်ထပ်ကိုတပ်
သွားတယ် ။
ရှောင်ကျန့်ကိုလဲတစ်ဖက်ကမချီထားရတာမို့ လှေကားကို ခက်ခက်ခဲခဲတက်လိုက်ရတယ် ။
" အင်း အင့်''
ဒီလောက်လှုပ်တာတောင်ရှောင်ကျန့်ကမနိုးတဲ့အပြင် ယောင်ပါယောင်လိုက်သေး ရိပေါ်လဲရှောင်ကျန့်အခန်းကို
ခက်ခက်ခဲခဲဖွင့်လိုက်ပြီးကုတင်ပေါ်ကိုချပေးလိုက်တယ် ။
" တော်တော်အိပ်နိုင်တာပဲ ''
ရိပေါ်ကသူ့ကိုကုတင်ပေါ်သေချာနေရာချပေးပြီး သူ့အခန်းထဲကိုပြန်သွားတယ် ကားကိုအဝေးကြီး မောင်းလာရတာပင်ပန်းတာမို့လို့ရေချိုးချင်ပေမယ့်လဲ လူကမလှုပ်နိုင်တော့တာကြောင့် ရိပေါ်အဝတ်စားတွေအကုန်ချွတ်လိုက်ပြီးအိပ်ရာပေါ် ကိုပဲတန်းအိပ်လိုက်တယ် ။
မပြီးသေးတဲ့အလုပ်တွေလက်စဖြတ်နေရင်း ရေဆာလာလို့ ရေဗူးကိုကြည့်တော့ ရေမရှိတော့တာမို့ရေထည့်မို့အခန်းပြင်
ကိုထွက်လာခဲ့တယ် သူအခန်းထဲကနေထွက်လာတော့ ဧည့်ခန်းကိုဖြတ်ရတာမို့လို့သူဧည့်ခန်းကို တစ်ချက်လှမ်းကြည့် လိုက်တော့သူ့ကိုကျောပေးပြီး ထိုင်နေတဲ့မိန်းကလေးတစ်ယာက်ကိုတွေ့လိုက်တယ် ။
ထိုမိန်းကလေးကဆံပင်အရှည်နဲ့မို့လို့လင်းချန်တော့
မဖြစ်နိုင်ဘူး လင်းချန်ကဆံပင်ကိုပခုံးနားလောက်ထိ
သာရှိတယ် ဒီအိမ်မှာလဲမိန်းကလေးနှစ်ယောက်သာ ရှိတာမို့လင်းချန်မဟုတ်ရင် ကျိန်းသေပေါက်ဇီယီပဲဖြစ်မှာ.....
" ဇီယီမအိပ်သေးဘူးလား ဘာလုပ်နေတာလဲ ''
" ......... ''
ရန်ဖေးက မေးလိုက်သော်လည်းပြန်မဖြေ ။
~~~~~~~ ဒင် ~~~~~~ ဒင် ~~~~~~~
ဧည့်ခန်းထဲကချိန်သီးနာရီရဲ့အသံကြောင့်ရန်ဖေးလဲ မေးလက်စ စကားပြတ်သွားပြီး နာရီကိုလှမ်းကြည့်လိုက်တော့ ညတစ်နာရီထိုးနေပြီ ထိုချိန်သီးနာရီကတစ်နာရီတစ်ခါအသံမြည်တာမို့လို့ အထူးဆန်းတော့ဖြစ်မနေ....
ရန်ဖေးလဲထမင်းစားခန်းကရေခဲသေတ္တာဆီသွားပြီးရေဗူးရယ်ဘီယာတစ်ဗူးရယ်ယူလိုက်တယ် သူထမင်းစားခန်းထဲကပြန်ထွက်လာတော့ ဇီယီကဧည့်ခန်းထဲမှာမရှိတော့ခြေသံကြားလို့ လှေကားဘက်ကိုကြည့်လိုက်တော့ အပေါ်ထပ်ကိုတပ်သွားတာကိုတွေ့လိုက်ရတယ် ။
" ဇီယီ... ဇီယီ ဘယ်သွားမလို့လဲ ''
" ........ ''
သူ့ကိုပြန်မဖြေဘဲအပေါ်ထပ်ကိုသာတစ်လှမ်းချင်းတက်သွားတာမို့ ရန်ဖေးအတွက်နည်းနည်းထူးဆန်းသွားတယ် ဇီယီကအရမ်းကိုသူများကိုအားနာတက်ပြီး သူများလိုအရမ်းစပ်စပ်စုစုမရှိတာမို့ ညသန်းခေါင်ကြီးအပေါ်ထပ်ကိုတစ်ယောက်တည်း တက်သွားဖို့ဆိုတာပိုလို့တောင်မဖြစ်နိုင်သေးတယ် ။
ရန်ဖေးလဲအပေါ်ထပ်ကိုတက်ဖို့လိုက်ကြည့်တော့ ထိုမိန်းကလေးကလှေကားထိပ်ကိုတောင်ရောက်သွားပြီ။ ရန်ဖေးလဲအမြန်အပေါ်ထပ်ကိုတက်လိုက်တယ် ဒါပေမယ့် အပေါ်ကိုရောက်တော့ဘာလူအရိပ်ယောင်မှမတွေ့ဘူး ။
ဒါပေမယ့်အရိပ်လေးတစ်ခုကထောင့်ဆုံး အခန်းထဲဝင်သွားတဲ့ အရိပ်ယောင်တွေ့လိုက်ရတယ် ။
" ဇီယီ.... ဇီယီ ''
တိတ်ဆိတ်နေတဲ့အပေါ်ထပ်တစ်ထပ်လုံးသူ့အသံပဲ ထွက်နေတာမို့ကျိန်းသေမကြားဘဲမနေတာတော့ သေချာတယ် ရန်ဖေးလဲမရဲတရဲနဲ့ထောင့်ဆုံးအခန်းဆီ ကိုလျှောက်သွားတော့အခန်းတံခါးက အနည်းငယ်ဟနေရုံသာမို့ ရန်ဖေးအခန်းတံခါးကိုတွန်းပြီး အခန်းထဲကိုဝင်လိုက်တယ်။
သူအခန်းထဲရောက်တော့တစ်ခန်းလုံးကမှောင်မည်းပြီး ဘာအလင်းရောင်မှမရှိဘူး သူအခန်းတံခါးက စေ့ထားရုံပဲမို့လို့အပြင်ဘက်လျှောက်လှမ်းက မီးရောင်အနည်းငယ်ကအခန်းထဲကိုဝင်တာမို့ အရာဝတ္တုအနည်းငယ်ကိုသူမြင်နေရတယ် ။
အခန်းထဲကိုဖြေးဖြေးချင်းလျှောက်တော့အခန်းရဲ့ အလယ်တည့်တည့်မှာထောင်လျှက်သားရှိနေတဲ့ ပန်းချီကားတစ်ချပ် ၊ရန်ဖေးလဲပန်းချီကိုသေချာမြင်ဖို့် ရှေ့ကိုတိုးသွားပြီးပန်းချီကိုလက်နဲ့ဖြေးဖြေးချင်း ကိုင်ကြည့်လိုက်တယ် ။
ဝတ်စုံအနီနဲ့လိုက်ဖက်လွန်းနေတဲ့ထိုအမျိုးသမီးလေးက ပန်းချီကားထဲမှာပန်းတွေနဲ့အပြိုင်လိုက်ဖက်စွာ ပြုံးနေတယ်
" မင်အာ... ''
ရန်ဖေးပန်းချီကားကိုသေချာကြည့်ပြီး မင်အာရဲ့နာမည်ကိုရေရွတ်လိုက်မိတယ် ။
~~~~~ လှတယ်မလား ~~~~~~~
အခန်းတွင်းထိုမိန်းကလေးရဲ့အသံကိုကြားလို့ ရန်ဖေးအနောက်ကိုလှည့်ကြည့်လိုက်တော့ မိန်းကလေး တစ်ယောက်ရဲ့အရိပ်ကိုဖျက်ခနဲတွေ့လိုက်ပြီး ပျောက်သွားတယ် ။
~~~~~~ ခလွမ်း ~~~~~~~
သူ့ကျောဘက်ကနံရံကပ်ဗီရိုမှာအလှတင်ထားတဲ့ ဖန်လုံးလေးပြုတ်ကျသွားတာမို့ကျကွဲသံက တစ်ခန်းလုံးပျံနှံလို့ကျကွဲတဲ့ဘက်ကိုကြည့်လိုက်တော့ အမှောင်ထဲမှာရပ်နေတဲ့ ကောင်မလေးတစ်ယောက် မျက်နှာကမှောင်နေလို့မမြင်ရပေမယ့်အတော်လှတဲ့ အမျိုးသမီးတစ်ယောက်ဆိုတာတော့ပြောနိုင်တယ် သူမဝတ်ထားတဲ့အနီရောင်ဂါဝန်ကလေနဲ့တလွင့်လွင့်....
ရန်ဖေးသေသေချာချာကြည့်လိုက်တော့သူမြင်ဖူးနေတဲ့ လူတစ်ယောက်
" မင် မင်အာ ရှောင်မင်အာ မင်းကဘယ်လို... မဖြစ်နိုင် တာမင်းက ...မင်းက ''
~~~~~ ဟား ဟား ဟား ~~~~ ဟား ဟား ဟား ~~~~
အမှောင်အခန်းထဲမှာထိုမိန်းကလေးရဲ့ကျောချမ်းဖွယ်ရယ်သံကတော်ရုံမကြောက်တက်တဲ့ရန်ဖေးအတွက် ခြောက်ခြားစရာပင် အမှောင်ထဲကဘယ်ကမှန်းမသိတဲ့ ရယ်သံအတော်ကိုသွေးပျက်စရာပင် ရန်ဖေးအခန်းအပြင်ကိုထွက်ပြေးဖို့လုပ်တော့ အခန်းတံခါးကဝုန်းခနဲပိတ်သွားပြီးအခန်းတံခါးဝနားမှာ မျက်လုံးများနီရဲနေလျက်သူ့ကိုစိုက်ကြည့်နေတဲ့ မိန်းကလေးတစ်ယောက်ပေါ်လာတယ် ။
ရန်ဖေးလဲကြောက်အားလန့်အားနဲ့နောက်ဆုတ်လိုက်တယ် သူနောက်ဆုတ်ရင်းနောက်ဆုတ်ရင်းနဲ့ ပြတင်းပေါက်နားကိုကပ်သွားတယ် မင်အာကသူနဲ့ ဝေးနေပေမယ့်သူ့လက်ဆန့်လိုက်တာနဲ့ ရန်ဖေးလည်ပင်းကိုညှစ်သလိုဖြစ်တာမို့ ရန်ဖေးမှာအသက်တောင်ရူလို့မရဘူး
သူ့လက်နဲ့လည်ပင်းညှစ်ထားတဲ့လက်ကို ဖယ်မလို့လုပ်ပေမယ့် သူ့လည်ပင်းကိုသာသူပြန်သလို ညှစ်သလိုဖြစ်ပြီးအချည်းနှီးသာ.....
~~~~~ ဟား ဟား ဟား နင်တို့အားလုံး အကုန်သေရမယ် ~~~~ ဟား ဟား ဟား အကုန်သေလိုက် ~~~~~
အရမ်းကိုဒေါသထွက်နေပုံထွက်တဲ့ မင်အာကအခြောက်တိုက်ရယ်မောပြီး ရန်ဖေးလည်ပင်းကိုပိုညှစ်လိုက်တယ် ရန်ဖေးလဲ လွတ်ရာလွတ်ကြောင်းလက်နောက်ပြန်နဲ့ ပြတင်းပေါက်ကို ဖွင့်လိုက်တော့အရှိန်နဲ့အပေါ်ထပ်ကနေပြုတ်ကျသွားတယ် သူပြုတ်ကျသွားပေမယ့်အောက်ကအလှစိုက်မြက်တွေနဲ့ မြေပျော့တာကြောင့်သိပ်တော့မထိခိုက်သွားပေမယ့် အမြင့်ကပြုတ်ကျတာကြောင့် ခြေထောက်ကခေါက်သွားတာရယ် လက်ကလဲအရှိန်နဲ့ကျတာမို့ထိခိုက်သွားပေမယ့် သူစံအိမ်နဲ့ ဝေးဝေးကိုထွက်ပြေးလာခဲ့တယ် ။
~~~~~~~ ဟား ဟား ဟား နင်တို့ငါ့လက်ထဲက ဘယ်တော့မှမလွတ်ပါဘူး ဟား ဟား ~~~~~
ရန်ဖေးထိုရယ်မောသံကိုကြားပေမယ့်လဲ ကြောက်လန့်ပြီးရပ်ဖို့အခြေနေမရှိဘူး လောလောဆယ်သူစံအိမ်နဲ့ ဝေးသတဲ့ဝေးရာကို
ပြေးလာခဲ့တယ် သူပြေးရင်းနဲ့ခြံထဲကအလုပ်သမား တန်းလျားကအိမ်လေးတွေနားရောက်တော့ စိတ်ချသွားပြီးထိုအရှေ့မှာပဲမေ့မျောသွားတယ် ။
__________<<<<<<<___________
ရိပေါ်စံအိမ်ရှေ့ရောက်တဲ့အထိ အိမ်ထဲဝင်ဖို့တွန့်ဆုတ်နေ
သေးတယ် ဒါပေမယ့်လဲသူအိမ်ထဲဝင်လာတော့အိမ်ထဲမှာ ဘယ်သူမှရှိမနေ အိမ်ထဲဘယ်သူမှရှိမနေတာကြောင့် ရိပေါ်အပေါ်တက်ဖို့လုပ်ပေမယ့်ထမင်းစားခန်းထဲက စကားပြောသံတချို့ကြောင့်ထမင်းစားခန်းထဲကို သွားလိုက်တော့မင်အာ့ကိုကြင်ကြင်နာနာနဲ့ခွံကျွေးနေတဲ့ ရှောင်ဟန်ကိုတွေ့လိုက်တယ်။
ရိပေါ် ပထမကသူမြင်လိုက်တဲ့မြင်ကွင်းကိုတောင်မယုံနိုင် သေးဘူးဒါပေမယ့်မင်အာကသူ့ဘက်ကို ခေါင်းလှည့်လာတော့သူမရဲ့ထိတ်လန့်သွားတဲ့ မျက်လုံးတွေနဲ့ဆုံသွားတဲ့အခါ..
" ကိုကို ! "
မင်အာရဲ့အံသြသွားတဲ့အသံကြောင့်ရှောင်ဟန်လဲ အလန့်တကြားထမင်းစားခန်းပေါက်ဝကိုကြည့်လိုက်တော့
" ခေါင်းဆောင်ဝမ်.... ''
ရိပေါ်ကနှစ်ယောက်လုံးကိုကြည့်လိုက်ပြီး အခြောက်တိုက်ရယ်လိုက်တယ်
" အဟက် ဒါကဘယ်လိုအခြေနေမျိုးလဲ ''
" ကိုကို မင်အာရှင်းပြမယ် ကိုကို... ''
ထမင်းစားခန်းကနေလှည့်ထွက်သွားတဲ့ရိပေါ်နောက်ကို မင်အာအပြေးလိုက်ပြီးရိပေါ်လက်ကို လှမ်းဆွဲလိုက်ပေမယ့်ရိပေါ်ကမင်အာ့ရဲ့ လက်ကိုပုတ်ချလိုက်တယ်အပေါ်ထပ်ကိုတက်သွားတော့ မင်အာလဲရိပေါ်နောက်ကိုထပ်ချက်မကွာလိုက်သွားတယ်
" ကိုကို မင်အာရှင်းပြတာနားထောင်ပါဦး ''
" အဟက် ကောင်းပြီမင်းပြောလေငါကအဲ့အခြေနေတွက် ဆင်ခြေကောင်းတစ်ခုဆိုငါယုံပေးလိုက်မယ် ''
" မင်အာနေမကောင်းလို့ဆေးသောက်ဖို့သူကဒီတိုင်း ဆန်ပြုတ်ကိုခွံကျွေးရုံပါတကယ်ပါမင်အာနေမကောင်းတဲ့ အချိန်ကိုကိုကမင်အာ့ဘေးမှာလဲရှိမနေဘူးလေ သူကမင်အာ့ကိုဆေးသောက်ဖို့အစာကျွေးပေးရုံပါ ကိုကိုလဲသိပါတယ် မင်အာကကိုကို့ကို ဘယ်လောက်သဘောကျလိုက်လဲ ''
မင်အာကရိပေါ်ရဲ့ရင်ခွင်ထဲပြေးဝင်ကာဖက်လိုက်ပေမယ့် ရိပေါ်ကတော့မင်အာ့ကိုဘာတုံပြန်မှုမှမပေး ။
" မင်အာအရမ်းနေမကောင်းဖြစ်နေတာကိုကိုသိလား မင်အာဖုန်းဆက်တော့လဲမကိုင်ဘူး ဘာလို့မင်အာ့ကို လျစ်လျူရူနေတာလဲ ကိုကိုရယ် ''
ရိပေါ်လဲဒီရက်အတွင်းသူကိုယ်တိုင် အဆက်သွယ်ဖြတ်ထားတာသူ့အပြစ်လဲပါတာမို့ သူမင်အာ့ကိုဘာမှဆက်မပြောတော့ဘူး ။
" ကိုကိုမင်အာတို့ လက်မထပ်သေးရင်တောင်လေ မင်အာတို့ကလေးယူကြရအောင်လေနော် ''
မင်အာ့စကားကြောင့်ရိပေါ်သူ့ကိုဖက်ထားတဲ့ မင်အာ့ကို ဆွဲဖယ်လိုက်တယ်
" မင်းဘာပြောလိုက်တယ် ''
" ကလေးယူကြရအောင်လို့ ကိုကိုမင်အာ့ကို အခုလိုအချိန်မပေးနိုင်တဲ့အခါမင်အာ ကိုကိုနဲ့တူတဲ့ ကလေးနဲ့အတူရှိချင်တယ် ''
" ရှောင်မင်အာ မင်းပြောတဲ့စကားကိုမင်းသိသေးရဲ့လား မင်းကငါ့ကိုလူမဆန်တဲ့ကောင်ဖြစ်အောင်လုပ်နေတာလား ''
" ဘာလို့လဲ မင်အာကကိုကိုနဲ့ရတဲ့ကလေးကိုလိုချင်ရုံလေ ဘာတွေများခက်ခဲနေလို့လဲ ''
" လက်ထပ်ဖို့တောင်အဆင်သင့်မဖြစ်သေးလို့ မင်းနဲ့တောင်ငါတစ်ခါမှအတူမနေခဲ့ဘူး ကလေးရသွားရင်ငါတို့အတွက်အဆင်မပြေဖြစ်မှာ စိုးလို့ငါဆင်ခြင်ခဲ့တယ် မင်းကိုယ်မင်း ဘာလုပ်နေလဲရောသိလား ''
" ဟုတ်တယ် မင်အာမသိဘူးမင်အာသိတာကိုကို့ ကိုချစ်ဖို့ပဲ''
"တော်လောက်ပြီရှောင်မင်အာမင်းစိတ်ကူးယဉ်နေတာ တွေနိုးထစမ်းပါ ဆယ်ကျော်သက်တွေလိုစိတ်ကူးယဉ်ပြီး ရူးနေရမယ့်အရွယ်မဟုတ်ဘူး ''
" မင်အာကိုကို့ ကိုချစ်တယ်အဆုံးရူးမခံနိုင်ဘူး အဲ့ဒါကြောင့်ကလေးယူကြရအောင်နော်ကိုကို ''
မင်အာကရိပေါ်ကိုအတင်းဖက်လိုက်တော့ ရိပေါ်ကမင်အာ့ကိုဆွဲဖက်လိုက်ပြီး....
" မင်းမဖြစ်နိုင်တာတွေမပြောနဲ့မင်းကျန်းမာရေးကိုသာ
ဂရုစိုက် ''
ရိပေါ်ကဒါသာပြောပြီးသူ့အခန်းထဲကိုဝင်သွားတယ် ရိပေါ်နဲ့မင်အာရဲ့စကားကိုအပေါ်ထပ်ကိုတက်လာတဲ့ ရှောင်ဟန်ကမထင်မှတ်ဘဲကြားလိုက်ရပြီး သူ့ခြေလှမ်းတွေကိုလှေကားပေါ်မှာပဲရပ်လိုက်မိတယ် ။
ချစ်ရတာနာကျင်ပေမယ့်လဲနှလုံးသားကမင်းကိုပဲ ရွေးချယ်နေတုန်းမို့ရူးမိုက်တဲ့လုပ်ရက်တွေလဲဆက်လုပ်မိနေဦးမှာပဲ
ရိပေါ်မင်အာနဲ့မျက်နှာချင်းမဆိုင်ချင်သေးတာမို့ မနက်အစောကြီးထဲကရုံးကိုထွက်သွားတယ် ။
" မင်အာ မနက်စာလေးဖြစ်ဖြစ်စားပါလား အခုမှနေကောင်းခါစကို ''
" ဟင့် ဒီတိုင်းချစ်မိရုံလေးကိုဘာတွေကများ ခက်ခဲနေလို့လဲဒီတိုင်းလက်မလွှတ်ချင်ရုံလေးပါ ''
မင်အာကရှောင်ဟန်ရဲ့ပခုံးပေါ်အမြဲငှါးငိုနေရတာအကျင့်ဖြစ်သွားတဲ့ပုံပါပဲမင်အာ့အတွက်တော့သူဝမ်းနည်းလာတဲ့ အချိန်တိုင်း ရှောင်ဟန်ကသူမနားခိုရာနေရာ....
ရန်ဖေးတစ်ယောက်ခေါင်းဆောင်ဝမ်ကသူကျန်ခဲ့တဲ့ စာရွက်စာတမ်းတွေကိုစံအိမ်မှာသွားယူခိုင်းထားလို့ စံအိမ်ကိုရောက်လာခဲ့ပေမယ့်မမျှော်လင့်ထားတဲ့ မြင်ကွင်းကြောင့်သူမှတ်တမ်းတင်ထားဖို့လဲမမေ့ ။
ရန်ဖေးကရိပေါ်ယူခိုင်းတဲ့စာရွက်တွေယူပြီး ရုံးကိုထွက်သွားတယ် ရန်ဖေးရောက်ပြီးသိပ်မကြာဘူး ရှောင်ဟန်လဲရုံးကိုရောက်လာတယ် ရှောင်ဟန်ဟာလင်းချန်ကိုရှောင်နေတာမျိုးကို ရန်ဖေးကသတိထားမိသွားပြီးလင်းချန်ဆီကိုသွားမေး တယ် ။
" လင်း မင်းရှောင်ဟန်နဲ့ဟိုနေ့ကကိစ္စပြောပြီးပြီလား ''
" ဟင့်အင်း မပြောရသေးဘူးသူသာလင်းကိုတကယ်ခွဲ သွားမယ်ဆိုလင်းနေနိုင်မှာမဟုတ်ဘူး ''
"လင်းချန် မင်းရူးနေလားဒီလိုပဲမင်းကအသုံးချခံတော့
မလို့လား မင်းချစ်တဲ့သူကအခြားသူနဲ့ရှိနေတာနော် ဒါတောင်မင်းကဘာမှမပြောဘဲသဘောထားကြီးပေး တော့မယ်ပေါ့ ''
" ဒါဆို လင်း လင်းဘာလုပ်သင့်လဲ လင်းကိုအကြံပေးပါဦး''
"မင်းထိပ်တိုက်ပြောသင့်တယ် ထင်တယ် ''
ရန်ဖေးရဲ့မြှောက်ပေးမှုတွေအပြီးမှာလင်းချန်ကလဲ ဆုံးဖြတ်ချက်တစ်ခုချပြီးရှောင်ဟန်နဲ့တွေ့ဖို့ ထွက်သွားတယ်
......... ဒုန်း ...........
အခန်းတံခါးကိုအကြမ်းပတမ်းဖွင့်တဲ့အသံကြောင့် ရှောင်ဟန်လန့်သွားပြီးကြည့်လိုက်တော့....
" လင်း ဘာဖြစ်လို့အလောတကြီးဝင်လာတာလဲ ''
" ရှင်နဲ့ရှောင်မင်အာက ဘာတွေလဲ ဟမ်''
" လင်းဘာဖြစ်လာတာလဲ ကိုယ့်ကိုသေချာပြောပြ ''
" ဟိုနေ့ကကားပါကင်မှာရှင်နဲ့ရှောင်မင်အာဖြစ်ပျက် နေတာ ကျွန်မမြင်ခဲ့တယ်အဲ့ဒါဘာလဲလို့သူ့မှာလဲ ချစ်သူရှိတယ်ရှင့်မှာလဲကျွန်မရှိရဲ့နဲ့ အဲ့ဒါဘာဖြစ်နေတာလဲလို့ ''
" လင်းအဲ့ဒါအထင်လွဲတာနေမှာပါ သူဝမ်းနည်းနေလို့် နှစ်သိမ့်ပေးရုံပါ ''
" လာလိမ်မနေနဲ့ ရှင်သူ့ကိုဖက်ပြီးနမ်းလိုက်တာ လင်းမမြင်ဘူးထင်နေလို့လား ''
" လင်း....''
" လာအော်မနေနဲ့ ဘာလဲလင်းနဲ့တွဲတာဘယ်သူမှမသိလို့ သူကကောနဲ့တွဲနေတာမလား ကောင်းပြီလင်းကိုယ်တိုင် ရှောင်မင်အာဆီသွားပြောမယ်ရှောင်ဟန်ကလင်းရဲ့ချစ်သူ ပါလို့အားလုံးသိအောင်ပြောမယ်ဒါဆိုဒီလိုအခြေနေမျိုးလဲကြုံရမှာမဟုတ်ဘူးမလား ''
လင်းကပြောချင်ရာပြောပြီးအပြင်ပြန်ထွက်သွားဖို့လုပ်တော့ ရှောင်ဟန်ကလင်းချန်ရဲ့လက်ကို လှမ်းဆွဲထားလိုက်တယ် ။
" ကိုယ်ချစ်မိနေပြီ ''
" ဘာ ''
" ကိုယ်သူ့ကိုချစ်မိသွားပြီ ''
" ဒါဆိုလင်းရော ဒါဆိုလင်းကရောလို့ ''
" သွေ့ပုချိ ''
ရှောင်ဟန်ကမျက်လွှာကိုချထားပြီးလင်းချန်ကိုတောင်းပန်
လိုက်တယ်
" ကိုယ်မင်အာကိုမတွေ့ခင်အချိန်ထိ မင်းကိုချစ်ခဲ့တယ်လို့ပဲ ကိုယ်ထင်ခဲ့တယ်ဒါပေမယ့် ကိုယ်သူနဲ့တွေ့ပြီးတဲ့အခါသူ့ကိုပဲထပ်ခါထပ်ခါ တွေ့ချင်နေတယ် သူဝမ်းနည်းတဲ့အခါ ကိုယ့်နှလုံးသားတစ်ခုလုံးကိုဆွဲညှစ်လိုက်သလိုပဲ နာကျင်ရတယ်...
သူ့ကိုမတွေ့ရရင်မနေနိုင်လောက်တဲ့အထိဖြစ်လာတယ် အဲ့ဒါတွေကြောင့်ကိုယ်သိလာတယ် ကိုယ်သူ့ကိုချစ်နေမိ ပြီဆိုတာပဲ ''
~~~~~ ဖြောင်း ~~~~~~
လင်းချန်ရဲ့လက်ဖဝါးက ရှောင်ဟန်ရဲ့ပါးကို အရှိန်ပါပါနဲ့ ရိုက်ချလိုက်တယ် ။
" လူယုတ်မာနင့်ကိုယ်နင်လူလို့ခေါ်သေးရဲ့လား
ငါ့ကိုတချိန်လုံးနင်ကအသုံးချနေခဲ့တာပဲ ''
" လင်းကြိုက်သလောက်ရိုက်ပါ ကိုယ်ခံပါ့မယ် ''
~~~~~~~ ဖြောင်း ~~~~~~
လင်းချန်ရဲ့နောက်ထပ်လက်ဖဝါးတစ်ဖက်က ရှောင်ဟန့်မျက်နှာပေါ်ထပ်ရောက်လာခဲ့တယ် ။
" မကောင်းတဲ့အကောင် ''
လင်းချန်လဲရှောင်ဟန့်ကိုရိုက်ပြီး ရုံးခန်းထဲကထွက်လာတယ်။
" လင်း ဘယ်လိုဖြစ်လာလဲ ''
" လမ်းခွဲလိုက်ပြီ ''
" ဘာ ဒီတိုင်းလမ်းခွဲလိုက်တာလား ''
" ဟုတ်တယ် အဲ့အကောင်အကြောင်းဆက်မမေးပါနဲ့တော့ လင်းအဲ့အကောင်အကြောင်းမပြောချင်တော့ဘူး ''
လင်းချန်ကရန်ဖေးနဲ့စကားပြောပြီးသူ့ရုံးခန်းထဲကိုဝင်သွားတာမို့ရန်ဖေးတယောက်တည်းကျန်ခဲ့တယ် ။
" ထင်ထားတဲ့အတိုင်းဖြစ်မလာဘူးပဲမျှော်မှန်းထားတဲ့ အတိုင်းဖြစ်မလာတော့လဲငါကိုယ်တိုင်ပဲလုပ်ပေးရ တော့မှာပေါ့မင်းတို့အတွက်မုန်တိုင်းကအခုမှစတာ ''
edaz
12:51 a.m.
____________<<<<<<<<___________
Mysterious Love
Zawgyi
" အင်း ကားပျက်နေလို့ ''
သွားတယ် ။
" အင်း အင့်''
" ......... ''
~~~~~~~ ဒင် ~~~~~~ ဒင် ~~~~~~~
" ........ ''
" ဇီယီ.... ဇီယီ ''
" မင်အာ... ''
~~~~~ လှတယ်မလား ~~~~~~~
~~~~~~ ခလွမ်း ~~~~~~~
~~~~~ ဟား ဟား ဟား ~~~~ ဟား ဟား ဟား ~~~~
__________<<<<<<<___________
" ကိုကို ! "
" ခေါင်းဆောင်ဝမ်.... ''
" မင်းဘာပြောလိုက်တယ် ''
ဂရုစိုက် ''
......... ဒုန်း ...........
" လင်း....''
" ကိုယ်ချစ်မိနေပြီ ''
" ဘာ ''
" သွေ့ပုချိ ''
လိုက်တယ်
~~~~~ ဖြောင်း ~~~~~~
~~~~~~~ ဖြောင်း ~~~~~~
" မကောင်းတဲ့အကောင် ''
" လင်း ဘယ်လိုဖြစ်လာလဲ ''
" လမ်းခွဲလိုက်ပြီ ''
edaz
12:51a.m.
____________<<<<<<<<___________
Continue Reading
You'll Also Like
156K 20.5K 15
Xiao Zhan + Wang Yibo (short story)
502K 61.5K 60
1.5M 149K 47
Start Date - 8 Feb 2020 End Date - 19 Apr 2020 { BJYX } Gong - Wang Yibo Shou - Xiao Zhan [ Both Zawgyi and Unicode ]
7.3K 459 85
host လင်ရဖို့ ငါ system ဖူဂျိုရှီလေးတာဝန်ထား