ငွေမှိုင်းလင်းဝေ...(ငွေမှိုင်း...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 14(Zawgyi)

541 53 30
By Han_Me7012

"ကိုကို...ဖြေနိုင်လား..."

"အကုန်ဖြေခဲ့ရင်တော့ ကျိန်းသေ
ဂုဏ်ထူးထွက်တယ်..."

ကိုကို့စကားကို ရှိုင်းငယ်နားမလည်ပါ။ အကုန်ဖြေခဲ့ရင် ဂုဏ်ထူးထွက်တယ်ဆိုတော့ အခုက အကုန် မဖြေခဲ့တဲ့ သဘောလား။ 

စိတ်ထဲတွင်သာ မေးနေမိသော်လည်း တကယ်တမ်းကျတော့ ကိုကို့မျက်နှာကို အူတူတူပုံစံနှင့် ကြည့်နေခဲ့မိသည်ထင်သည်။
မပီပြင်သောအပြုံးပန်းကို အရွဲ့တိုက်လိုသော အာမေဋိတ် အသံနှင့်ယှဉ်တွဲကာ ဖော်ပြခဲ့ပြီးနောက် တစ်ဖက်သို့ လှည့်သွားသည်ကို တွေ့မြင်လိုက်ရသည်။ ပြဿနာတစ်ခု ဖြစ်လာစေဖို့ အစပျိုးနေပြီလားဟုပင် ရှိုင်းငယ်စိတ်ထဲမှ တွေးမိလေသည်။
.
.
.
ကြက်သွေးနီရောင်စံအိမ်ကြီးရှေ့တွင် ကားခဏရပ်စဉ် ရွေရောင်ဘုတ်ပြားပေါ်တွင် ထွင်းထုထားသည့် ငွေ့ရည်မိုးဟူသော စကားလုံးများကို အနီးကပ် ငေးကြည့်ခွင့်ရမြဲဖြစ်သည်။

ဒီနာမည်ကိုမြင်တိုင်း မေမေ့၏ ပုံရိပ်လွှာကိုသာ သတိရနေခဲ့သော ရှိုင်းငယ်သည် နွေရီရီနွယ်၏စကားများကို ကြားပြီးချိန်မှစ၍ နာကျင်မှုများနှင့် ပြည့်နှက်နေသော ကလေးငယ်တစ်ယောက်ကိုပါ မြင်ယောင်လာခဲ့ရသည်။

ကလေးတစ်ယောက်အတွက် နွေးထွေးမှုပေးနိုင်သော အမည်မှာ အခြားကလေးတစ်ယောက်အတွက်တော့ နာကျင်မှုများကိုသာ ဖြစ်စေခဲ့သတဲ့....။

ကိုကို ကျွန်တော့ကို မုန်းမယ်ဆိုလည်း မုန်းသင့်ပါတယ်လေ...။

ဝေဝါးလာသော မျက်လုံးများနှင့်အတူ ကိုကို့ကိုကြည့်မိတော့ ပြတင်းပေါက်ဘက်သို့ တစ်ချိန်လုံးငေးနေသည်နှင့်သာ ကြုံရသည်။ တောင်းပန်ချင်ပါသော်လည်း ဘာအမှားမှ မလုပ်ထားသူ တစ်ယောက်အဖို့ ထိုစကားများမှာ လွယ်လွယ်နှင့်ထွက်မလာ။

ထွက်လာခဲ့ရင်ရော ဘာများပြောရပါ့မလဲ...။

မေမေ့နာမည်ကြောင့် ပြဿနာတွေဖြစ်ခဲ့ရတဲ့အတွက် တောင်းပန်ပါတယ်ဟု ပြောရမလား...။

ဒါမှမဟုတ်....

ဒီအိမ်ကိုရောက်လာရတဲ့အတွက် တောင်းပန်ပါတယ် ဟုပြောရမလား...။

သို့သော်လည်း ကိုကိုသည် သူနားခိုရာ အသိုက်အမြုံဆီသို့ အမှတ်မထင်ရောက်လာခဲ့သော ငှက်ကလေးကို မနှစ်မြို့ပုံပြခဲ့သည်မှလွဲ၍ ပြင်ပလောကသို့ နှင်လွှတ်ဖူးခြင်း
မရှိခဲ့ပေ။

နှင်လွှတ်ခဲ့လျှင်လည်း ထိုအသိုက်အမြုံတွင်ပင်
ရှိုင်းငယ်တစ်ယောက် တွယ်ကပ်နေမိဦးမည် ထင်ပါသည်။
.
.
.

စာမေးပွဲရက်များသည် ခပ်မြန်မြန်ပင်ကုန်လွန်လာခဲ့ပြီး စာမေးပွဲနောက်ဆုံးရက်၌ ဖြေဆိုချိန်ပြီးသည်နှင့် နေရာခြားထားသော စားပွဲခုံများကို ယောက်ျားလေးတစ်သိုက်မှ ပုံမှန်အတိုင်း နေရာတကျဖြစ်အောင် ပြန်လည်ရွှေ့ပြောင်းကြသည်။

Green leafကဲ့သို့ အဆင့်အတန်းမြင့်သော ပုဂ္ဂလိကကျောင်းကြီးတွင် ကျောင်းသားများကိုယ်တိုင်ကိုယ်ကျ ခုံရွှေ့နေစရာမလိုသော်လည်း အော်ကြဟစ်ကြရင်း အလုပ်ကို စုပေါင်းလုပ်နေကြခြင်းမှာ စည်းလုံးမှုကိုပိုဖြစ်စေသောကြောင့် ဆရာမများကိုယ်တိုင်ကလည်း လွှတ်ထားပေးလေသည်။

မိန်းကလေအချို့မှာတော့ အပြင်ဘက် ကော်ရစ်တာတွင်
သူမတို့၏ သက်ဆိုင်ရာသူငယ်ချင်းကိုယ်စီနှင့် ရက်ပေါင်းများစွာ ဝေးကွာခဲ့ရသူများကဲ့သို့ စကားပြော၍မဝနိုင်အောင် ရှိနေသည်။

ကောင်မလေးများနှင့် ခပ်လှမ်းလှမ်းတွင် ငွေရှိုင်းတစ်ယောက်တည်း မတ်တပ်ရပ်နေရသည်။ တခြားယောက်ျားလေးများနည်းတူ ခုံတွေရွှေ့ပေးရန် ဟန်တပြင်ပြင်ရှိနေသော်လည်း ဘယ်က စလုပ်ပေးရမှန်းမသိဖြစ်နေသည်က အနှောင့်အယှက်တစ်ခု ဖြစ်နေလေသည်။

ငွေရှိုင်းအား အတန်းဖော်များနှင့် စည်းချက်မကျသောကြောင့်  အတန်းပြင်ထွက်နေစေဖို့ တစ်စုံတစ်ယောက်က ပြောလာသောအခါ ငွေရှိုင်းသည်လည်း စောဒကမတက်နိုင်တော့ပေ။

ထွက်ခိုင်းသူမှာ အလင်းဝေဖြစ်နေသောကြောင့်....။

ပြောပုံမှာလည်း....

"အပြင်မှာပဲ ထွက်နေစမ်းပါကွာ...မင်းက
အလေးအပင် တစ်ခါမှ မ ဖူးမှာလည်းမဟုတ်ဘူး...
ငါတို့အတွက် အနှောင့်အယှက်ဖြစ်တယ်..." ဟူ၍....။

ထိုကဲ့သို့ပြောခဲ့သူနှင့် ပုံစံချင်းယှဉ်ကြည့်လျှင် မိမိကပင် အားကောင်းမောင်းသန် ဖြစ်ပုံပေါ်နေသောကြောင့် ဖြူဖြူဥဥ ကောင်ကလေး၏ စကားမှာ ငွေရှိုင်းကို ဒေါသ ထွက်သွားစေသည်။

ထို့နောက်

"ငါ့အိတ်လေးယူထားပေးစမ်းပါ...
အထဲမှာ ရတနာတွေပါလို့ ဟိုကောင်တွေရဲ့ ကျောပိုးအိတ်တွေနဲ့ ဒီတိုင်းပုံထားရမှာ စိတ်မချဘူး..." ဟုဆိုကာ သူ့ကျောပိုးအိတ်ကိုပါ လက်ထဲထည့်ပေးခဲ့လေသည်။

ငွေရှိုင်းသည် မိမိကျောပိုးအိတ်ကို ကျောတွင်လွယ်ကာ အလင်းဝေ၏ ကျောပိုးအိတ်ကိုဖြင့် ရင်မှာပိုက်၍ မတ်တပ်ရပ်နေရလေသည်။

ကျောပိုးအိတ်နှစ်လုံးနှင့် ငွေရှိုင်းရဲ့ပုံစံက
ကို့ရို့ကားယား နိုင်နေပါရဲ့...။

အိတ်ကလည်း လေးနစ်နေသည်..။နည်းနည်းလှုပ်မိလိုက်တာနဲ့ ချိုးချိုးချွတ်ချွတ် အသံတွေထွက်လာသည်ကိုလည်း ကြားနေရသည်။

အပြင်ကနေ စောင့်ကြည့်နေမိတော့ အလင်းဝေသည်လည်း အချိုးတပြေရှိလှသည်မဟုတ်။ မြင်သည့်အတိုင်း ပြောရမည်ဆိုလျှင် သူများတွေကိုသာ ဆရာလုပ်နေသည်က များသည်။

သို့သော်လည်း ပြန်ထွက်လာသောအခါ မျက်နှာတစ်ပြင်လုံး ချွေးသီးချွေးပေါက်များစွာ ကျနေပုံမှာ သူတစ်ယောက်တည်း အလုပ်အားလုံးကို သိမ်းကျုံးလုပ်ခဲ့ရသည့်အလား... ။ ချွေးထွက်သန်သူဖြစ်၍  လက်တိုအင်္ကျီ ဝတ်ထားသော်ငြား ချွေးတွေနှင့်စိုရွှဲကာ အသားနှင့် ကပ်ကုန်ပြီဖြစ်သည်။

လက်နှစ်ဖက်နှင့်ပိုက်ထားသော ကျောပိုးအိတ်ကို အလျင်အမြန် ပစ်ထည့်ပေးရင်း မျက်နှာလွှဲမိသည်။ တော်သေးသည်က အပေးအယူမျှသွားသောကြောင့် ကျောပိုးအိတ်မှာ အလင်းဝေထံသို့ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားပါသည်။
.
.
.

"လေးတယ်ကွ...ကောင်းကောင်းပေးလည်းရပါတယ်..
သယ်မထားချင်လည်း အောက်ချထားလိုက်တာ မဟုတ်ဘူး..."

"မင်းပဲ...ရတနာတွေရှိလို့ဆို..."

သူဒီစကားကို ဘယ်လိုများရုပ်တည်ကြီးနဲ့ မေးနိုင်တာလဲမသိဘူး။

နာရီဝက်လောက် သယ်ထားပြီးပြီဆိုရင် အထဲမှာ မုန့်တွေရှိတယ်ဆိုတာ ခန့်မှန်းမိမှာပဲလေ။ ဒီလောက် ကြွပ်ကြွပ်အိတ်သံတွေက ဖိမိတိုင်း ထွက်လာနေတာကို...။

အလင်းဝေသည် ရယ်ချင်စိတ်ကိုမြိုသိပ်ကာ ကျောပိုးအိတ်ကို ရှေ့ဘက်တွင် လွယ်ထားလိုက်သည်။ ဦးခေါင်းထိပ်မှစ၍ စီးကျလာသော ချွေးပေါက်များကို ချက်ချင်း သုတ်ချင်နေပြီဖြစ်သော်လည်း...

"Tissue ရှိလား...သူဌေးသားလေး..." ဟု မေးမိလေသည်။

အိတ်ထဲတွင်ရှိနေသော orchid tissueသုံးလေးထုပ်အား မသိချင်ယောင်ဆောင်လျှက် tissue ပါမည်၊မပါမည် မသေချာသောသူတစ်ယောက်ထံမှ ကမ်းပေးလာမည်ကိုသာ စောင့်နေမိသည်။

ကျွန်တော်သည် ငွေရှိုင်းအား ကျောင်းသားသစ်လေးဟူ၍တစ်ဖုံ၊ သူဌေးသားလေးဟူ၍တစ်မျိုး ခေါ်တွင်နေမိသည်။ ထိုကဲ့သို့ခေါ်သည့် အချိန်တိုင်း ငွေရှိုင်း၏ ဆာဂျရီနှာခေါင်းမှာ ဒေါသထွက်ထွက်နှင့် လေတွေ မှုတ်ထုတ်နေသည်ဟုပင် ခံစားမိလာသည်။

" tissueရှိလားလို့ ငါမင်းကိုမေးနေတာပါ..
.ကျောင်းသားသစ်လေးရေ...ချွေးတွေသုတ်ချင်လို့..."

ဒုတိယအခေါက်ပြောသောအခါကျတော့ စိတ်မရှည်သည့် အကြည့်နှင့်ကြည့်သည်။ ထို့နောက် သူ့အိတ်ထဲမှ orchidအပြာရောင်လေး ထွက်လာသည်။

"မင်းဟာက အသစ်ကြီး.. ဖောက်လည်း မဖောက်ရသေးဘူး...ရော့...ဖောက်ပေး...."

"ကိုယ့်ဘာသာ ဖောက်လိုက်လေ..."

"သူများပစ္စည်းကို ပိုင်ရှင်မသုံးရသေးဘဲ အရင်မသုံးတတ်ဘူး...မင်းလက်နဲ့ဖောက်ပေးပြီး မင်းလက်နဲ့ထုတ်ပေး..."

ငွေရှိုင်းသည် ကျွန်တော့အားစိုက်ကြည့်လျှက် သက်ပြင်းရှည်ကြီး တစ်ချက်ရှိုက်ထုတ်လေသည်။ စိတ်မရှည်ချင်စရာဖြစ်နေသည်ကို မိမိကိုယ်တိုင်လည်း သိနေသည်။

ဒါပေမယ့် သူ့အလိုလိုကို စချင်စိတ်က ပေါ်လာနေတာကိုး....။

ကျွန်တော့လက်ထဲသို့ tissueတစ်ထုပ်လုံးရော၊
ထုတ်ပြီးသား tissueတစ်ရွက်ပါ တစ်ပြိုင်တည်း ရောက်လာခဲ့သည်။

ထို့နောက်....

"ချွေးကတော့ ကိုယ့်ဘာသာသုတ်...
ငါက ရွံတတ်လို့..." ဟု ပြောကာ အတန်းထဲဝင်သွားလေသည်။

ဘေးတိုက်ကနေ ဖြတ်ကနဲ မြင်လိုက်ရသော သူ့မျက်နှာကို အရှေ့ဘက်မှ ပြေးကြည့်လိုက်ချင်သည်။

ပြုံးသွားတယ်လို့ ထင်တာပဲ....။

ဒါပေမယ့် ဖြစ်နိုင်ပါ့မလား။ သူတို့ညီအစ်ကိုတွေကို
မပြုံးတတ်ဘူးလို့ ကျွန်တော်က ထင်နေခဲ့တာလေ....။

>>>>>>>>>>>>>>>>>>>>>>>>

Resultထွက်လာမည့်နေ့သို့ ဖင်လှည့်ခေါင်းလှည့်နှင့် ရောက်ရှိလာပြီး ကျောင်းသားအားလုံး၏ အဆင့်သတ်မှတ်ချက်များကို ရုံးခန်းရှေ့ရှိ notice boardပေါ်တွင် အပြေးအလွှား သွားကြည့်ကြရသည်။

ပဉ္စမတန်းမှစ၍ ဆယ်တန်းအထိ အစဉ်လိုက်အတိုင်း စီတန်းထားသည်ဖြစ်၍ မိမိတို့နှင့် သက်ဆိုင်ရာနေရာတွင်သာမက ဝါသနာပါလျှင် တခြားသူများ၏အဆင့်များကိုပါ စပ်စုနိုင်လေသည်။

အများသူငါမြင်နိုင်အောင် ယခုကဲ့သို့ publicတွင် ထုတ်ဖော်ပြသခြင်းကို အဆင့်မကောင်းသူများကတော့ မကျေနပ်ကြပေ။ သူတို့အား အရှက်ခွဲသည့်သဘော သက်ရောက်သည်ဟု မှတ်ယူကြလေသည်။

အထူးသဖြင့် အောင်သစ္စာနှင့်နောင်သစ္စာတို့ အမြွှာနှစ်ယောက်ပင်ဖြစ်သည်။ အလင်းဝေရောက်သွားသော အချိန်သည် လူအုံနေဆဲပေမို့ မနည်းတိုးဝှေ့ကာ အရှေ့ဘက်သို့ရောက်အောင် သွားရသည်။ ထိုစဉ်တွင် လူအုပ်ကြားမှ မျက်နှာသုန်မှုန်လျှက် ပြန်ထွက်လာသော ချာလီ၊ဂေါ်လီတို့သည်  အလင်းဝေကို မြင်လျှင်မြင်ချင်း တစ်ညီတစ်ညွတ်တည်း ရန်စောင်ကြသည်။

"အမြဲတမ်း top 3ထဲဝင်နေအောင် ဘာတွေများ လုပ်ထားသလဲကွာ...မင်းက ငါတို့ထက် တီချယ်တွေကို ပိုက်ဆံပိုပေးထားလို့လား..."

ဘလိုင်းကြီးပါလား ဟု စိတ်မှတွေးလျှက် လှောင်ရယ်ရယ်ရင်း

"မင်းတို့ကောင်တွေက အရည်အချင်းမရှိရင် မရှိဘူးလို့ဝန်ခံမှပေါ့...ပိုက်ဆံဘယ်လောက်
ပေးထား၊ပေးထား အဖြေလွှာထဲမှာ စာမရှိမှတော့ လာဘ်ထိုးလည်း အလကားပဲကွာ...

ကြည့်ပြီးရင်လည်း သွားကြတော့...ငါ့နာမည်
ထိပ်ဆုံးမှာရှိနေတာ ပိုသေချာအောင် ထပ်ကြည့်လိုက်ဦးမယ်...ဘေးဖယ်..." ဟု ဆိုလိုက်လေသည်။ ရန်ဖြစ်၍ကောင်းသော နေရာမဟုတ်သဖြင့် အမြွှာနှစ်ယောက်လည်း မကျေမနပ်ဖြစ်ဖြစ်နှင့်ပင် ထွက်သွားရသည်။

ထိပ်ဆုံးနေရာတွင် အလင်းဝေဟူသော နာမည်ကိုတွေ့ခဲ့ရသောအခါ ပျော်သည်လည်းမဟုတ်၊ မပျော်သည်လည်းမဟုတ်သော ခံစားချက်ကြီးနှင့်အတူ..
မအီမသာဖြစ်လာရသည်.။

ထိုအချိန်တွင် နောက်တစ်ခေါက်ဖြေဆိုသောအခါ၌ အဆင့်ကျသွားခဲ့လျှင် အရင်ဦးဆုံးလှောင်ရယ်နေမည့်
ချာလီနှင့်၊ဂေါ်လီတို့မျက်နှာကို မြင်ယောင်လာသည် ။ သူတို့ကတော့ ရှစ်တန်းနှစ်ကအတိုင်း အဆင့်၄၉နှင့် ၅၀တွင်  တစ်ယောက်တစ်လှည့် နေရာယူမြဲပင်။

ဘာရယ်မဟုတ် ရယ်လိုက်မိသည်က အတန်းထဲတွင် ကျောင်းသားအားလုံးပေါင်းမှ အယောက်ငါးဆယ်ရယ်လေ...။ ဒီလိုဆိုတော့ သူတို့နှစ်ယောက် ဒေါသထွက်လည်း ထွက်ချင်စရာဟုပင် တွေးမိရသည်။

အံ့သြစရာကောင်းသည်မှာ ကျွန်တော်တို့ အတန်းတွင် အဆင့်တစ် နှစ်ယောက်ထပ်နေခြင်းပင်။ ကျွန်တော့နာမည်အပြင် နောက်ထပ်တွေ့ရသည့် နာမည်ပိုင်ရှင်မှာ ငွေရှိုင်းဖြစ်နေသည့်အတွက် ပို၍အံ့သြရလေသည်။ resultကိုစိတ်မဝင်စားသော ငွေရှိုင်းသည် ဘယ်လိုခေါ်ခေါ် လိုက်မလာဘဲ အတန်းထဲတွင် ကျောက်ချနေရစ်ခဲ့သောကြောင့် ဤကဲ့သို့သော ဝမ်းသာစရာသတင်းအား ကျွန်တော်ကပင် ပြောပြရတော့မည်။

"မင်းက တော်သားပဲ ငွေရှိုင်းရ...." ဟု စိတ်တွင်း၌ ရေရွတ်မိချိန်တွင် ထူးထူးကဲကဲ ပျော်ရွှင်နေမိသည်ကို သတိပြုမိသော်လည်း မသိချင်ယောင်ဆောင်ထားမိသည်။
.
.
.
"မှိုင်းခေါင်ဝေဦးက ဘယ်လိုဖြစ်တာလဲ...
Top1ကနေ မဆင်းတဲ့သူက အခုတော့ နောက်ဆုံးမှာဖြစ်နေပါလား..."

တိုးတိုးတစ်ဖုံ၊ ကျယ်ကျယ်တစ်မျိုးကြားလိုက်ရသော အသံများရယ်ကြောင့် ဘေးဘက်သို့ တိုးသွားလိုက်သည်။  ကျွန်တော်ရပ်နေသည့်နေရာနှင့် မလှမ်းမကမ်းတွင် မမနွေရီရီနွယ်ကို မြင်လိုက်ရသည်။

သူမ ကြည့်နေသည့်နေရာသို့ ကြည့်လိုက်လျှင် မတူညီသော နာမည်များ၏အောက်ဆုံး၌ angry birdအနီကောင်၏ ထင်ထင်ရှားရှားရှိလှသော နာမည်ကို တွေ့ရပါသည်။

တကယ်ကြီးကို ဘိတ်ချီးဖြစ်သွားတာပါလား...။

မှိုင်းခေါင်ဝေဦးကလေ....။

ညီဖြစ်သူက top 1...၊ အစ်ကိုဖြစ်သူက
နောက်ဆုံးကရေရင် top 1။

ဘာတွေဖြစ်ကုန်တာလဲ...။

မမနွေရီရီနွယ်သည် သူမ၏ ပန်းနုရောင်နှုတ်ခမ်းလွှာကို ကိုက်ခဲထားပုံမှာ သူငယ်ချင်းဖြစ်သူအတွက် ခံပြင်းနေကြောင်း ပေါ်လွင်နေသည်။ သူမကိုယ်တိုင်သည်လည်း မယုံကြည်နိုင်ဖြစ်နေပုံရသည်။

လပတ်စာမေးပွဲတစ်ခုသာ ဖြစ်သော်လည်း အဆင့်သတ်မှတ်ချက်ဆိုသည်မှာ ကျောင်းပိုင်ရှင်၏ သားဖြစ်သူအတွက်တော့ အမှားအယွင်းမခံနိုင်သော အရာပင်ဖြစ်သည်။

ကိုယ့်ဦးနှောက်နဲ့ကိုယ် ခေါင်းအရှုပ်ခံပြီး
တွေးနေမိသည်မှာ

မှိုင်းခေါင်ဝေဦးဆိုသည်က Green leafရဲ့အတော်ဆုံး ကျောင်းသားတစ်ယောက် ၊ ကျောင်းပေါင်းစုံပြိုင်ပွဲတွေမှာ ဝင်ပြိုင်စေဖို့ တီချယ်တွေကိုယ်တိုင် လိုလားနေတဲ့ ကျောင်းသားတစ်ယောက် ဖြစ်လေတော့ ဒီကိစ္စဟာ ထင်ထားသလောက် မရိုးရှင်းဘူးဆိုတာပဲ။

ဒီလိုဖြစ်စေဖို့ကို ကာယကံရှင်ကိုယ်တိုင်က လိုလားခဲ့တာလား...။

နောက်ကွယ်မှာ ဘာအကြောင်းတွေများရှိနေမလဲ....။
.
.
.
.
အတန်းထဲသို့ ပြန်ရောက်လာသည်နှင့် ငွေရှိုင်း၏မျက်နှာ ပျက်ယွင်းနေသည်ကို ဦးစွာမြင်လိုက်ရပါသည်။ တခြားသူများ၏ တီးတိုးစကားသံများကို ကြားခဲ့ပုံပေါ်သည်။ သူ့အနားတွင် ဝင်ထိုင်လိုက်သည်နှင့်...

"သူတို့ပြောနေတာတွေ တကယ်ပဲလား..." ဟု
အဆက်အစပ်မရှိ မေးလာသည်။

"အေးလေ...မင်း ...အဆင့်တစ်ရလို့
ငါတို့တွေ အံ့သြနေကြတာ..."

ဘာကိုဆိုလိုချင်လဲ ...သိနေသော်ငြား မသက်ဆိုင်သော အဖြေကိုသာ ပေးမိသည်။ သူ့ရဲ့ညှိုးငယ်နေသော မျက်နှာကြောင့် စိတ်နုသွားရသည်တဲ့လား...။

အရင်အတိုင်းသာဆိုလျှင် "ဟုတ်တယ်...မင်းအစ်ကိုက သူများနောက်ဆုံးမှာဖြစ်နေပြီ..." လို့ လှောင်နေမိမှာပဲ...။

"မင်းအဆင့်တစ်ရတယ်လေ...မပျော်ဘူးလား...
မျက်နှာကလည်း သုန်မှုန်..."

စကားမဆုံးသေးခင် အတန်းပြင်သို့ပြေးထွက်သွားသူ...။ အနောက်မှလိုက်သွားမည်ဟု ကြံရွယ်ပါသော်လည်း လွှတ်ထားပေးသင့်သည်ဟု ထင်ခဲ့သည်။

နှစ်သိမ့်ပေးတာမျိုးကို လူတိုင်းမကြိုက်နိုင်ဘူးလေ....။

ဒါပေမယ့် သူ့ကျောပြင်ကိုငေးရင်း ဟာတာတာကြီး ဖြစ်ကျန်ခဲ့ရတဲ့ ခံစားချက်ကြီးက တစ်မျိုးတော့တစ်မျိုးပဲ...။

>>>>>>>>

Notice boardအနားသို့ ငွေရှိုင်းရောက်သွားသည့်အချိန်တွင် ကျောင်းသားအနည်းငယ်သာ ရှိနေလေသည်။ ငွေရှိုင်းသည် မှိုင်းခေါင်ဝေဦး၏နာမည်ကို ထိပ်ဆုံးတွင် စရှာလေသည်။ မတွေ့ရသောအခါကျမှ နောက်ဆုံးတွင်ပြန်ရှာသည်။

သူကြားခဲ့ရသည့် အတိုင်းပင် မှိုင်းခေါင်ဝေဦးဟူသော မှားနိုင်စရာမရှိသည့် အမည်နာမကို နောက်ဆုံးတွင် တွေ့ခဲ့ရပါသည်။

ကိုကို ဘာတွေလုပ်ခဲ့တာလဲ...။

ဖေဖေသိရင် အဆူခံရမယ်ဆိုတာသိရက်နဲ့...။

ဖေဖေ ဒေါသထွက်တော့မယ်ဆိုတာကို သိရက်နဲ့...။

ဒါမှမဟုတ် အဲ့လိုဒေါသထွက်အောင် တမင်လုပ်ခဲ့တာလား....။

အမှန်တကယ်တော့ မိမိကြိုးစားထားသည့်အတိုင်း အဆင့်ကောင်း၍ ပျော်နေရမည်ဖြစ်သော်လည်း စိတ်ထဲတွင် လေးလံမှုများနှင့်အတူ မှိုင်းခေါင်ဝေဦးတို့ အတန်းဆီသို့ ငွေရှိုင်းပြေးသွားမိသည်။ အရှေ့ဆုံးတန်းတွင် ခေါင်းမှောက်အိပ်နေသော ကိုကိုသည် မမနွေရီစကားပြောနေသည်ကို မကြားသည့်အလား ပုံစံမပျက်မယွင်းဘဲ ငြိမ်သက်နေ၏။

သူမပြောစကားကို ဂရုမစိုက်သဖြင့် စိတ်ပျက်သွားသော နွေရီရီနွယ်တစ်ယောက် အတန်းရှေ့သို့ကြည့်မိသောအခါ ငွေရှိုင်းကို တွေ့လေသည်။

တွေ့တွေ့ချင်းပင် ပြေးထွက်လာသော နွေရီရီနွယ်သည် ငွေရှိုင်းကိုလက်ဟန်ပြကာ လူရှင်းသောနေရာသို့ ခေါ်သွားလေသည်။

"အခုနလေးတင် ကျောင်းအုပ်ဆရာမကြီးက သူ့ကို ရုံးခန်းခေါ်လို့ သွားတွေ့ပြီးပြီ.. ဘာပြောလိုက်လဲလို့ မေးနေတာကို မမကို ဂရုမစိုက်ဘူး...

သူ့အတွက် စိတ်ပူလို့ ပူမှန်းမသိနဲ့..ရှိုင်းငယ်ကိုရော မနက်က ဘာပြောသေးလဲဟင်...အရင်ရက်တွေကရော..
သူဘာပြောသေးလဲ"

"စာမေးပွဲဖြေတဲ့ ပထမဆုံးရက်ကတော့ ကျွန်တော်သူ့ကိုဖြေနိုင်လားလို့ မေးသေးတယ်...

အကုန်ဖြေခဲ့ရင်တော့ ဂုဏ်ထူးထွက်ပါတယ်တဲ့...အဲ့တုန်းက ထူးဆန်းတယ်လို့တွေးမိပေမယ့် ကိုကိုက ကျွန်တော့ကိုဆို ဘုကလန့်ပြန်ပြောနေကျမှတ်လား...

အဲ့တာကြောင့် ဘာမှဆက်မမေးဖြစ်ဘူး...သူလည်း နောက်ရက်တွေမှာ ပုံမှန်အတိုင်းပဲ မမ...ကျွန်တော်ကတော့ သူ.. ဖေဖေ့ကို အရွဲ့တိုက်ချင်လို့ နောက်ဆုံးရောက်အောင် တမင်ဖြေလိုက်တယ်ထင်တာပဲ...."

နွေရီရီနွယ်သည် ငွေရှိုင်းထင်သည့်အတိုင်းပင် သူမလည်းထင်မိကြောင်း ပြောလာခဲ့ပြီးနောက် နှစ်ယောက်စလုံးသက်ပြင်းပြိုင်တူ ချခဲ့မိကြသည်။

အိမ်ရောက်လျှင်တော့ ဖေဖေ့ဒေါသနှင့် ရင်ဆိုင်ရတော့မည့် ကိုကို့အကြောင်းကို တွေးမိကာ ငွေရှိုင်းတစ်ယောက် စိတ်ပူပန်လာရလေသည်။

တစ်ယောက်ယောက်က အလျှော့ပေးလိုက်လျှင် အဆင်ပြေသွားမည့် မိသားစုဆက်ဆံရေးတွင် အတ္တကိုယ်စီနှင့် ရှေ့ဆက် သွားနေသ၍တော့ ဤကဲ့သို့ဖြစ်ရပ်မျိုးများနှင့်သာ ကြုံတွေ့နေရဦးမည်ဖြစ်သည်။

>>>>>>>>>>>>>>>>>>>>>>>>>>>>>

See you next week

Love you all😘
Han_Me
(17.8.2020)



























Continue Reading

You'll Also Like

328K 32.1K 139
အချစ်ဆိုတဲ့အရာကို နှလုံးသားနာကျင်မှုအတွက် ကုသရာဆေးအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အလွမ်းတွေကတော့ နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့ ... ❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️...
5.4M 719K 198
Main Story ( Completed ) ~~~~~~~°°°°°~~~~~~~ Title - Transmigrated into the film empreor's death-seeking finance (穿成影帝作死未婚夫) Author - Lin Ang Si (林盎...
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
39.9K 2K 26
ဆယ်နှစ်ပတ်လည်၊လူမမည်ဝယ်၊ ကြိုးအထပ်ထပ်၊ရစ်နှောင်ဖွဲ့သည့်၊ နှစ်ဦးသစ္စာ၊ချစ်မေတ္တာတို့ ခိုင် မြဲ စေ လို...♡︎ [2024 Edition]