Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

ေလာကမွာ မျမင္ႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတယ္ ကိုယ္ကမျမင္ရတာနဲ႔ပဲ မရွိဘူးလို႔ေျပာလို႔မရဘူး အက္မျမင္ရတဲ့ အရာေတြက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part -18 ~ Scream

10.9K 1.2K 69
By yoon_085

Mysterious Love

Unicode

ရှောင်ကျန့်ဖုန်းဆက်ပြီးကားထဲသွားထိုင်နေလိုက်တယ် ကားထဲဖုန်းထိုင်သုံးနေရင်း အချိန်ကတဖြေးဖြေးကုန်မှန်း မသိကုန်လာတယ် ဝူလုံမြို့နဲ့သူတို့စံအိမ်ကတော်တော် လှမ်းတာမို့ကြာမှန်းသိပေမယ့်လာတဲ့သူကိုစောင့်နေရတာတကယ်ကိုအချိန်တွေကမုန်းစရာကောင်းလောက်အောင်ကိုကြာတယ်။

ရှောင်ကျန့်လဲကားထဲမှာစောင့်နေရင်းအချိန်တွေက ဘယ်လိုကုန်လို့ကုန်သွားမှန်းကိုမသိဘူး သူစောင့်နေရင်းကိုအိပ်ပျော်သွားတာပဲ ။

~~~~~~ဒေါက် ~~~~~~ ဒေါက်

ရှောင်ကျန့်တံခါးခေါက်သံကြားလို့ခေါင်းထောင်ကြည့် လိုက်တော့သူကားစီယာတိုင်ပေါ်မှာအိပ်ပျော်သွားတာပဲ ။သူဘေးကိုကြည့်လိုက်တော့အပြင်မှာရပ်နေတဲ့ သူမမြင်ချင်တဲ့သူတစ်ယောက်....

" မင်းက ကားပျက်တာတောင်အေးဆေးအိပ်နေနိုင်
သေးတယ်နော် ''

ရိပေါ်ကရှောင်ကျန့်နားကပ်ပြောတော့ ရှောင်ကျန့်မျက်စောင်းကရောက်လာတယ် ။

" အဟက်....''
ရိပေါ်ကခပ်ဟဟရယ်လိုက်ပြီးသူ့ဘေးကထွက်သွားပြီး သူခေါ်လာတဲ့အလုပ်သမားတွေကိုစကားသွားပြော နေတယ် ။

"ကားကရုတ်တရက်ကြီးဘာဖြစ်တာလဲ ''

" ကားရေတိုင်ကီပျက်သွားတဖြစ်မယ်ဆရာ ကားအပူပေးစက်ကheatတက်ပြီးရေတိုင်ကီကို
လျှော့ထိသွားတာဖြစ်မယ်ကားဒိုင်ခွက်မှာလဲH ဖြစ်နေတယ်''

" အခုပြင်ရင်ဘယ်လောက်ကြာမာလဲ ''

" အနည်းဆုံးသုံးနာရီလောက်ပဲ ''

ထိုကားပြင်တဲ့ဆရာပြောပြီးရိပေါ်ကရှောင်ကျန့်ဘက်ကို လှည့်တယ်

" ဘယ်လိုလဲအခုဒီမှာပြင်ခိုင်းမှာလားဒီမှာပြင်ရင်နောက်
သုံးနာရီလောက်ကြာဦးမှာအခုကဝူလုံမြို့ထဲပဲရှိသေး တယ် မြို့ထဲပြန်ဝင်ရင်နှစ်နာရီလောက်မောင်းရဦးမှာ အခုပဲည၇နာရီထိုးတော့မယ် ''

" ဒီမှာမပြင်ရင်ဘယ်မှာပြင်မှာမို့လို့လဲ ''

" ဆွဲတဲ့ကားပါတယ် ''
ရိပေါ်ကရှောင်ကျန့်အနောက်ကကားတွေဆွဲတဲ့ကားကို မေးဆက်ပြလိုက်တယ်

" ကားကိုဆွဲခိုင်းရင်တော့မနက်ဖြန်မှပြန်ရမှာပေါ့ ''

" သူတို့work shopမှာပဲလုပ်ခိုင်းလုပ်တော့ ညဘက်မှောင်ရင်စံအိမ်ကိုပြန်လို့ကောင်းမှာမဟုတ်ဘူး ''

" ကောင်းပြီလေ ''

ရိပေါ်လဲအလုပ်သမားတွေကိုကားကိုwork shop မှာပဲပြင်ခိုင်းဖို့ပြောတော့အလုပ်သမားတွေလဲရှောင်ကျန့်ကားကို ချိတ်ပြီးထွက်သွားကြပြီးမှ ရိပေါ်တို့လဲကားပေါ်တက်ခဲ့တယ်

" မင်းအလာတုန်းကမောင်းလာခဲ့ရတာမလား ငါမောင်းပေးမယ် ''

" နေပါစေငါ့ကားကိုheat တက်တောင်ထပ်မောင်း
နေရင် ထပ်ခေါ်စရာလူမရှိတော့ဘူးငါ့ကားငါ့ဘာသာ မောင်းပါ့မယ်သခင်လေးကသာငြိမ်ငြိမ်လေးလိုက်ခဲ့ ပါခင်ဗျ''
ရိပေါ်ပြုံးတုံတုံနဲ့ရွဲ့ပြောလိုက်တော့ရှောင်ကျန့်လဲ နှာမှုတ်ပြီးတစ်ဘက်ကိုလှည့်သွားတယ် ။

ရှောင်ကျန့်လဲကားမောင်းတာသိပ်ကြာသေးတာမဟုတ်လို့ သူ့အပြစ်နဲ့သူကြောင့်ငြိမ်နေလိုက်ရတယ် ဟိုမှာတုန်းက public transport နဲ့ပဲသွားလာခဲ့ပြီးဒီရောက်တော့ ပါးပါးဝယ်ပေးမှသာကားကိုပြန်မောင်းတာမို့ နည်းနည်းလေးအမှားလုပ်မိရုံပါ ။

ဝူလုံမြို့ထဲကနေမောင်းလာတာအချိန်နှစ်နာရီ နီးပါးလောက်ကြာတာမို့လို့ရိပေါ်လဲဆက်တိုက် ကားမောင်းနေရင်းငိုက်ချင်သလိုရှိလာတာမို့ မငိုက်အောင်မနည်းပြူးပြဲပြီးမောင်းလာရတယ် ဆောင်းအကုန်ခါနီးဆိုပေမယ့်ညဘက်မြူတွေက ကားလမ်းတလျှောက်တက်လာတာမို့ရိပေါ်မှာအရမ်းလဲ မမောင်းရဲဘူး ။

ရှေ့ကိုမောင်းလေမောင်းလေမြူတွေကတဖြည်းဖြည်း ပိတ်လာတာမို့ရှေ့မီးကြီးကိုပဲထိုးပီးဖြေးဖြေးနဲ့ မှန်မှန်မောင်းလာတယ် စံအိမ်ကမြို့ပြင်ဘက်မှာပဲ ရှိလို့လား လူသွားလူလာနဲလို့ပဲလားမသိ ကားလမ်းမပေါ်သူတို့ကားတစ်စီးပဲရှိတယ် ။

ရိပေါ်ဘေးကိုကြည့်လိုက်တော့ဘယ်လောက် တောင်ပင်ပန်းထားလို့လဲမသိအိပ်တာမှသရေတွေ တောင်ကျလို့...
" အဟက် ဒါလားခုနက ကားကူမောင်းပေးမယ်ဆိုတဲ့သူ''

ရိပေါ်ကကားမောင်းနေရင်းလက်တစ်ဖက်နဲ့ ရှောင်ကျန့်ပါးစောင်ကကျနေတဲ့သရေတွေကို လက်မနဲ့သုတ်ပေးလိုက်တယ်ရိပေါ်ရှောင်ကျန့်ကို သုတ်ပေးပြီးမျက်လုံးကဖျက်ခနဲကားအနောက်ကခုံမှာ မိန်းကလေးတစ်ယောက်မြင်လိုက်ရတာမို့ကားကိုဘရိတ်အုပ်လိုက်တယ် ။

~~~~~ကျွီ ~~~~~~

အရှိန်နဲ့မောင်းလာတဲ့ကားတာယာကရုတ်တရက်ညှစ်ခံ လိုက် ရတော့ရာဘာဘီးတွေနဲ့ကတ္တရာလမ်းမရဲ့ ပွတ်တိုက်မှုအသံအကျယ်ကြီးပေါ်ထွက်လာတယ် ။

~~~~~~ ဒုန်း ~~~~~~

" အား....''
ကားခါးပတ်ပတ်ထားလို့သာမဟုတ်ရင်ရှောင်ကျန့်ခေါင်းကကားdashboard စောင့်လို့နဖူးကွဲနေလောက်ပြီ ။

" ဘာဖြစ်တာတုန်း ''

ရိပေါ်ကတော့ရှောင်ကျန့်မေးတာကိုမဖြေနိုင်သေးဘဲ ကားအနောက်ကခုံတွေကိုအသည်းသန်လှည့်ကြည့် နေတယ်ရှောင်ကျန့်လဲရိပေါ်ရဲ့ထူးဆန်းတဲ့အပြုမူ ကြောင့်သူလဲအနောက်ကိုလှည့်ကြည့်ပေမယ့် ကားနောက်ခန်းကရှင်းလင်းလို့....

" ရိပေါ်ဘာတွေ့လို့လဲ ''

" ဟမ် ဘာမှမဟုတ်ပါဘူးပစ္စည်းတစ်ခုပြုကျသွားတာ ကြားလို့''
ရိပေါ်လဲရှောင်ကျန့်လန့်သွားမှာစိုးလို့ဘာမှမပြောဘဲ ကားဆက်မောင်းဖို့ပဲလုပ်လိုက်တယ်ဒါပေမယ့်မြူတွေက ခုနကထက်ပိုများလာသလိုရှေ့ကိုတောင်မမြင်နိုင်လောက်တဲ့အထိထူပိန်းနေတယ် ။

"ဒီနေ့ကျမှမြူတွေတအားများနေပါလား မင်းမောင်းရတာ
အဆင်ပြေပါ့မလား ''

" ရပါတယ် ဆောင်းတွင်းမှမကုန်သေးတာပြီးတော့ တောင်ပေါ်မို့လို့မြူများတာနေမှာပါစိတ်မပူနဲ့ ''

သူကသာစိတ်မပူဖို့ပြောပေမယ့် ရိပေါ်ချုံချင်မှာတာဝန်ကျလို့နေရတဲ့ သုံးနှစ်လုံးအခုလိုတောင်တက်လမ်းမြူအများကြီးကျ တာသူမကြုံဖူးသေးဘူး မြူတွေထူချက်ကတော့
ကားမီးတောင်မပေါက်နိုင်အောင်ထူတာလမ်းမပေါ်
သူတို့ကားတစ်စီးပဲရှိတာကံကောင်းတယ်ပြောရမယ် မဟုတ်ရင်တစ်ဖက်ကားလမ်းကိုလဲမမြင်ရတာမို့ မတော်တဆမှုတွေဖြစ်နိုင်တယ် ။

ရိပေါ်အရှေ့ကိုလဲမောင်းရင်းဘက်မှန်ကနေကားအနောက်ခုံကိုလဲမျက်လုံးနဲ့ကြည့်ကြည့်မိနေတယ်သူသေချာပေါက်ကိုကားနောက်ခန်းမှာမိန်းကလေးတစ်ယောက်ထိုင်​​နေတာ မြင်လိုက်ရတာရုပ်ကိုတော့သဲသဲကွဲကွဲမမြင်ရပေမယ့် အင်္ကျီအနီနဲ့မိန်းကလေးတစ်ယောက်ထိုင်နေတာ တွေ့လိုက်ရတာ...

~~~~~~ ဂျစ် ~~~~~~ ဂျစ် ~~~~~~

" ဘာသံလဲဟ ''

တဂျစ်ဂျစ်နဲ့အသံကကားရေဒီယိုကနေလာနေတာမို့ ရိပေါ်ကားရေဒီယိုကိုလှမ်းပိတ်လိုက်ပေမယ့်အသံက ပိတ်မသွားတဲ့အပြင်တဖြေးဖြေးနဲ့ကျယ်လာတယ်

" ရိပေါ်မင်းကားကရေဒီယိုကပိတ်မရဘူးလား ဘာသံကြီးမှန်းမသိဘူးတဂျစ်ဂျစ်နဲ့ကျက်သီးထစရာကြီး ''

" ပိတ်တာပဲအခုမှဘာထဖြစ်တာလဲမသိဘူးပိတ်မရဘူး ''

ရှောင်ကျန့်လဲscreen ကိုလျှောက်နှိပ်လိုင်းတွေ
လျှောက်ပြောင်းပေမယ့် အသံကြီးကပျောက်မသွား ။
တော်ရုံမကြောက်တက်တဲ့ရိပေါ်တောင် ထိုအသံကြီးကြောင့်ကျက်သီးတွေတဖြန်းဖြန်း ထလာတယ် ။

ရှောင်ကျန့်လိုင်းတွေပြောင်းတာလဲမရ CD ချပ်လဲထည့်မရဖြုတ်မရတာမို့ရိပေါ်ကကားမောင်းရင်းနဲ့ကလိကြည့်တယ် ရိပေါ်ကလုပ်ကြည့်နေတာမို့ ရှောင်ကျန့်ကဘေးကနေကြည့်နေလိုက်တယ်

" ရိပေါ် ရပ်ရပ် ''
ရှောင်ကျန့်ကမောင်းနေတဲ့ကားစီယာတိုင်ကိုလှမ်းဆွဲတာမို့ ရိပေါ်လဲအမြန်ဘရိတ်အုပ်လိုက်ရတယ် ။

" ဘာဖြစ်တာလဲ ''

"ခုနကကားရှေ့ကားရှေ့ကိုမိန်းကလေးတစ်ယောက်ဖြတ် သွားတယ် ''
ရှောင်ကျန့်ပုံမှာအလွန်ထိပ်လန့်နေပုံရပြီးအသက်ကို တောင် ပြင်းပြင်းရူနေရတယ်ကားရှေ့ကိုကြည့်တော့လဲ လူမပြောနဲ့ဘာအရိပ်ယောင်မှမတွေ့ရဘူး တောင်တက်လမ်းမဖြစ်လို့ဘေးဘက်ကချောက်ကြီးနဲ့ တစ်ဖက်ကကားသွားလမ်းကလွဲပြီးကျန်တာမရှိ ကားရှေ့ကဖြတ်သွားလို့ပြေးရင်တောင် ဒီလောက်အရှင်းကြီးကိုမမြင်နိုင်စရာမရှိ ။

" ခုနကငါတကယ်ကိုကားအရှေ့မှာဂါဝန်အနီနဲ့ မိန်းကလေးတစ်ယောက်ရပ်နေတာငါလုပ်ကြံပြောတာ မဟုတ်ဘူး ''
ရှောင်ကျန့်ကရိပေါ်သူ့ကိုအထင်လွဲမှာစိုးလို့အတင်းရှင်းပြ
တယ် ။

" အင်း ငါယုံတယ် ခုနကငါလဲကားအနောက်မှာ လူတစ်ယောက်မြင်လိုက်ရတယ် ''

ရိပေါ်ပြောတော့ရှောင်ကျန့်ထိတ်လန့်သွားပြီးလက်တွေ တုန်တုန်ရီရီနဲ့dashboard ကအံကိုဖွင့်လိုက်ပြီး အံထဲကလက်ဝါးကပ်တိုင်ပုံပါတဲ့ဆွဲကြိုးလေးတစ်ခု ထုတ်လိုက်ပြီးကားဘက်မှန်မှာချိတ်လိုက်တယ် ပြီးတော့ဘူးလေးတဗူးယူပါထုတ်လိုက်တယ် ။

" ဆားဗူး ? "

" အင်းဟုတ်တယ် ဆား ဆားကစင်ကြယ်သန့်စင်တဲ့ အရာလေဆားကိုမကောင်းဆိုးဝါးတွေ နာနာဘာဝတွေကြောက်တယ်''

ရှောင်ကျန့်ကဆားဗူးထဲကဆားတွေကိုကားအနှံပစ်
လိုက်တယ်
" ဟ မသေချာပဲလျှောက်မပစ်နဲ့လေကားညစ်ပတ်မှာပေါ့ ''

" အသက်အန္တရာယ်နဲ့ကားနဲ့ဘယ်ဟာကအရေးကြီးလဲ မင်းမသိဘူးလား ''

" မင်းဟာကလျှောက်ပစ်နေတာလေ ဆားအမှုန်တွေနဲ့ကားထဲရှင်းလို့လွယ်တယ်ထင်နေလား ''

ရှောင်ကျန့်လဲစိတ်တိုတိုနဲ့ဆားကိုလက်ထဲထည့်လိုက်ပြီး ရိပေါ်မျက်နှာကိုပက်လိုက်တယ် ။

" အာ ဆောရီး မတော်တဆ ငါကမကောင်းဆိုးဝါးထင်လို့
ပစ်လိုက်တာ ''

ရှောင်ကျန့်ကသူလုပ်ပြီးမပစ်သလိုနဲ့တစ်ဖက်ကို မသိချင်ယောင်ဆောင်ကာလှည့်သွားတာမို့ ရိပေါ်က
ရှောင်ကျန့်မေးကိုဆွဲကာသူ့ဘက်လှည့်လိုက်ပြီး ရှောင်ကျန့်နှုတ်ခမ်းကိုနမ်းလိုက်တယ် ။

ရုတ်တရက်ဆွဲနမ်းခံလိုက်ရတဲ့ရှောင်ကျန့်က မျက်လုံးလေးပြူးလို့...

" ငါလဲဆောရီး ဒါပေမယ့်ငါကမတော်တဆမဟုတ်ဘူး တမင်နမ်းတာ ''

" မင်း....''

~~~~~ ဒုန်း ~~~~~~~

ရှောင်ကျန့်ရန်တွေ့ဖို့ပြင်လိုက်ပေမယ့်ကားကိုတစ်ခုခုနဲ့လာ
ဆောင့်တဲ့အသံကြားလိုက်တာမို့နှစ်ယောက်လုံးငြိမ်သွားတယ်ရေဒီယိုကလဲဘာသံမှမကြားရတော့တာမို့ ရိပေါ်လဲ ကားကိုမောင်းပြီးထိုနေရာကထွက်လာလိုက်တယ် အဲ့နောက်ပိုင်းကားထဲမှာဘာမှထပ်မဖြစ်တော့တာမို့ ရှောင်ကျန့်လဲရိပေါ်ကိုစကားဆက်မပြောတော့သလို ရိပေါ်ကစကားစရင်လဲရှောင်ကျန့်ကအိပ်ချင်ယောင် ဆောင်နေလိုက်တယ် ။

ယွီပင်းညနေစာမစားဘဲ အခုချိန်ကျမှဗိုက်ဆာလာတာမို့ မီးဖိုချောင်ထဲခေါက်ဆွဲပြုတ်ဖို့ထွက်လာတယ် သီချင်းလေးလဲ ညည်းရင်းဖုန်းလဲတစ်ဖက်ကသုံးရင်း ခေါက်ဆွဲပြုတ်ရေဆူဖို့စောင့်နေတယ် ။

~~~~~~~ ယွီပင်း ငါ့ကိုကူညီပါ ယွီပင်း ~~~~~~~

သူ့ရဲ့နား အနားကိုမတိုးမကျယ်မိန်းကလေးတစ်ယောက် အသံကြားလိုက်ရတာမို့ယွီပင်းမီးဖိုချောင်ထဲဝေ့ကြည့် လိုက်တော့ဘယ်သူမှရှိမနေ ထမင်းစားခန်းကိုလဲ မီးဖိုချောင်ကနေလှမ်းမြင်နေရတာမို့လူလာရင် သေချာပေါက်မြင်ရမှာ

" ဘယ်သူလဲ ''

အရာအားလုံးကတိတ်ဆိတ်လို့ဧည့်ခန်းထဲက ချိန်သီးနာရီကြီးရဲ့စက္ကန့်တံတဂျက်ဂျက်ကလွဲရင် အားလုံးကတိတ်ဆိတ်လို့အချိန်ကလဲညဆယ်နာရီကျော် နေပြီမို့ကျန်တဲ့သူတွေကကိုယ့်အခန်းကိုယ်စီဝင်ပြီး အိပ်နေကြပြီသူတစ်ယောက်တည်းရှိနေတာ...

" ဘယ်သူလဲလို့ ဘယ်သူမို့လို့ငါ့နာမည်ကိုခေါ်ပြီး စနေတာလဲ''

ယွီပင်းစိတ်တိုတိုနဲ့အော်လိုက်တော့တစ်အိမ်လုံးကမီးတွေ
ပိတ်သွားပြီးတစ်အိမ်လုံးမှောင်သွားတယ် အလင်းကနေ
ရုတ်တရက်မှောင်သွားတာမို့အမှောင်နဲ့နေသားမကျသေးတဲ့မျက်လုံးအတွက်ဖုန်းမီးကိုဖွင့်ဖို့လုပ်ပေမယ့် သူ့အနောက်ကနေအသက်ရူသံပြင်းပြင်းကို ကြားလိုက်ရတယ်...

သူ့အနောက်ကအသက်ရူသံပြင်းပြင်းကို ချက်ချင်းလှည့်ကြည့်လိုက်တယ် အမှောင်ထဲမှာ ဘယ်အရာရယ်လို့တော့မသဲကွဲပေမယ့် သေချာတာကတော့မိန်းကလေးအရိပ်တစ်ခုဖြစ်တာတော့သူသေချာမြင်လိုက်ရတယ်

သူအရိပ်ကိုမြင်ပြီးသိပ်မကြာဘူး သူ့လည်ပင်းကို တင်းတင်းကြပ်ကြပ်အညှစ်ခံလာရသလိုအသက်ရူကြပ်
လာတယ် ။

"အဟွတ်...အဟွတ် ''
လည်ပင်းကိုအေးအေးအရာတစ်ခုကညှစ်ထားသလို
ဖြစ်တာကြောင့်အသက်ကိုတောင်မနည်းရူနေရတယ် ။

~~~~~~ အား ~~~~~ သေလိုက် ~~~~ အားလုံးသေလိုက် ~~~~~~~

မိန်းကလေးတစ်ယောက်ရဲ့စူးစူးဝါးဝါးအော်သံကိုကြားပြီးတဲ့နောက်သူ့လည်ပင်းကိုညှစ်ထားတာလဲပြေသွားပြီး မီးတွေလဲပြန်လင်းလာတယ် ယွီပင်းသူ့ဘာသာဟန်ချက် မထိန်းနိုင်ဘဲကြမ်းပြင်ပေါ်ထိုင်ရက်ကျသွားပြီး သူဂတ်စ်မီးဖိုကိုပိတ်ကာအခန်းထဲပြေးဝင်သွားတယ်

"ဘာဖြစ်လာတာလဲ ''

ယွီပင်းအခန်းထဲကိုပြေးဝင်လာတော့ရန်ဖေးက အထူးအဆန်းနဲ့ကြည့်တယ်

" အိမ်မှာ အိမ်မှာ မကောင်းတဲ့အရာရှိတယ် သရဲ သရဲ အဲ့ဒါက ငါ့ကိုသတ်မို့လုပ်နေတာ ''

"ဟေ့ကောင်စိတ်ထိန်းစမ်းပါဘယ်ကသရဲတုန်း မင်းခေါက်ဆွဲသွားပြုတ်တာလေ အရက်လေးတစ်ရက်
မသောက်တာနဲ့ဂယောင်ချောက်ခြားဖြစ်နေတာလား ''

"ဟေ့ကောင် ငါတကယ်မနောက်ဘူး တကယ်အဲ့သရဲက
ငါ့ကိုလည်ပင်းညစ်သတ်ဖို့လုပ်တာပါဆို ဒီမှာကြည့် ''
ယွီပင်းကသူ့လည်ပင်းကိုပြတော့နီရဲနေတာကလွဲရင် ဘာမှမတွေ့ ''

" မင်းဘာသာနီနေတာပါကွာ လည်ပင်းညစ်ခံရရင် လက်ရာပေါ်မှာပေါ့ အခုတော့ဘာမှမရှိဘူး အပိုတွေမပြောဘဲအိပ်စမ်းပါကွာ ''

ယွီပင်းလဲခုနကအဖြစ်ပျက်ကြီးကိုအတော်ထိတ်လန့်သွားတာမို့လို့ ယွီပင်းအတော်ကြာတဲ့ထိအိပ်မရဘူး အပြင်ကိုလဲမသွားရဲတာမို့လို့ကုတင်ပေါ်မှာပဲ စောင်ခြုံပြီးလှဲနေလိုက်တယ် ။

သူဘယ်လိုမှအိပ်လို့မရတာနဲ့အခန်းထဲမှာရှိတဲ့ ဘီယာတစ်ဗူးကိုone shotသောက်လိုက်ပြီးအပြင်ကို ပြန်ထွက်လာခဲ့တယ် ။

" ငါကယောကျ်ားပဲ ဟုတ်တယ်ယောကျ်ားပဲ ကြောက်စရာမလိုဘူး ဟူး ''
ယွီပင်းသူ့ကိုယ်သူဘီယာတစ်ဗူးနဲ့ရဲဆေးတင်ပြီးအပြင်ကို ပြန်ထွက်လာပြီးမီးဖိုချောင်ထဲတစ်ခါပြန်ဝင်လာတယ်
မီးဖိုချောင်ကဓားတွေထည့်ထာတဲ့ဓားဘူးထဲက ဓားတစ်ချောင်းကိုယူလိုက်ပြီးမီးဖိုချောင်ထဲလှည့်ပတ် ကြည့်လိုက်တယ် ။

" ခုနကမင်းကဘာဖြစ်ချင်လို့လဲ ဟမ်... ဘာဖြစ်ချင်တာလဲ ငါတို့ကိုဘာလို့သတ်ချင်နေတာလဲ ပြောလေ ပြောစမ်းပါ''

ယွီပင်းမီးဖိုချောင်ထဲဓားတရမ်းရမ်းနဲ့စကားပြောနေ ပေမယ့် ဘာအသံဘာအရိပ်ယောင်မှကိုမကြားရတော့တာ သူအချိန်ကြာတဲ့ထိစောင့်ကြည့်နေပေမယ့်ဘာမှထပ်မတွေ့ ရတော့တာကြောင့်သူအခန်းထဲကိုပဲ ပြန်သွားလိုက်တော့တယ် ။

____________<<<<<<<___________

ရှောင်ဟန်နဲ့မင်အာတို့ဆိုင်ကထွက်သွားတဲ့အထိ ဟောက်ရွှမ်းတို့ကိုမမြင်ဘူး မင်အာ့ပခုံးကိုင်ပြီးဆိုင်ပြင်ကို ထွက်သွားတဲ့ရှောင်ဟန်ကိုဟောက်ရွှမ်းကြည့်မရတော့ဘူးရင်းနှီးတယ်ဆိုရင်တောင်ရည်းစားရှိတဲ့သူတစ်ယောက်ကို အဲ့လိုပိုင်စိုးပိုင်နင်းခေါ်သွားစရာအကြောင်းရင်းမှမရှိဘဲ ။

သူရုံးချုပ်ကို mailပို့စရာအမြန်ပို့လိုက်ပြီး သူပြန်ဖို့ထလိုက်တယ်

"ဟောက်ရွှမ်းပြီးပြီလား အိမ်ပြန်မယ်လေ ''

" ကျိရန်ကိုယ်တောင်းပန်တယ် ကိုယ်ရုံးမှာအလုပ်လုပ်
စရာလေးကျန်သေးလို့အရင်ပြန်နှင့်ပါလား ကိုယ့်ကားယူသွားလိုက်နော် ကိုယ်taxiနဲ့ပြန်ခဲ့မယ် ''
ဟောက်ရွှမ်းမှာဖိုင်တွေအကုန်သိမ်းပြီး Taxi ငှါးကာရုံးကိုတစ်ခေါက်ပြန်သွားတယ် ။

" ဟောက်ရွှမ်းကော ရုံးဆင်းသွားပြီမဟုတ်ဘူးလား ''

"အေးအဲ့ဒါအရေးမကြီးဘူး ရိပေါ်ရုံးမှာရှိသေးလား''

"ဟုတ်ကဲ့ ရုံးခန်းထဲမှာရှိနေသေးတယ်''

ဟောက်ရွှမ်းလဲရိပေါ်ဆီအမြန်သွားလိုက်တော့ရုံးခန်းထဲ ကော်ဖီတစ်ခွက်နဲ့အေးဆေးအလုပ်လုပ်နေတဲ့ရိပေါ်...

" ဟေ့ကောင်မင်းအလုပ်မဆင်းသေးဘူးလား''

" အေးငါလုပ်ရာတွေကျန်သေးလို့မင်းကရော ဘာလို့ပြန်လာတာလဲရုံးဆင်းသွားပြီမဟုတ်ဘူးလား ''

' အေးဆင်းတာကြာပြီဟေးငါ့သူငယ်ချင်းမင်းနွားဖြစ်မှာ စိုးလို့ငါ့မှာအပြေးလာရတာ လဒကအပြေးလာတာတောင်
စောက်အလုပ်အကြောင်းအရင်စပြီ '

" ဟေ့ကောင် ငါ့ကိုကြည့်ပြီးဘာတွေကြိမ်ဆဲနေတာလဲ''

" ဘာမှမကြိမ်ဆဲပါဘူးကွာ မင်းခုတလောမင်အာနဲ့date ဖြစ်လား''

"Dateဖို့နေနေ ငါ့ဘာသာတောင်မအားဘူးအလုပ်က
ရူပ်ပါတယ်ဆို သူဖုန်းဆက်ပြီးတဂျီဂျီရစ်တာခံရသေး အဲ့ဒါကြောင့်ငါဖုန်းတောင်ပိတ်ထားရတာ ''

" ဘယ်လောက်ပဲအလုပ်ရူပ်ရူပ်ပါကွာ မင်းသူ့ကိုဂရုစိုက်ပေးလိုက်ဦး ''

"နေပါဦးမင်းကဒါကိုပြောဖို့ရုံးကိုတစ်ခေါက်ပြန်လာတယ် လို့တော့မပြောနဲ့နော် ''

"ဖြစ်စရာလားကွ ငါ့ဘာသာရုံးကိုပို့စရာဖိုင်တွေရှိသေးလို့ ဘာပဲဖြစ်ဖြစ်မင်းဒီနေ့အိမ်ကိုစောစောပြန်လိုက်တာ ကောင်းမယ်ထင်တယ်''

ဟောက်ရွှမ်းလဲဒါပဲပြောပြီးပြန်ထွက်သွားတယ် ရိပေါ်စိတ်ထဲဟောက်ရွှမ်းပြောတာတွေထူးဆန်းနေတာမို့ အိမ်ကိုစောစောပြန်ဖို့လုပ်လိုက်တယ် ။

တနေကုန်ငူငိုင်နေတဲ့လင်းချန်ဆီရန်ဖေးကော်ဖီတစ်ခွက် ဝယ်ပြီးသွားတယ်

" လင်းရယ် တစ်နေကုန်ဘာဖြစ်နေတာလဲ စိတ်ဓာတ်ကျနေတဲ့ သူလိုမျိုးနဲ့ ''

"ကော သူကလင်းကိုကျ လက်ထပ်ဖို့ငြင်းဆန်နေပြီး မန်နေဂျင်းနဲ့ကျအခုလိုလုပ်နေတာတွေမယုံကြည်နိုင်ဘူး ''

" မင်းသူနဲ့တွဲနေကြောင်း မန်နေဂျင်း(မင်အာ) ကိုအသိပေးသင့်တယ်မထင်ဘူးလား ဒါဆိုသူတို့ဆက်ဆံရေးလဲရပ်သွားလိမ့်မယ် ''

"ဟုတ်တယ် ပြောရမယ် ''

ရန်ဖေးကဘောင်းဘီအိတ်ထဲကစာရွက်လေးတစ်ရွက် ထုတ်လိုက်ပြီးလင်းကိုပေးလိုက်တယ် ။

"ဒါကဘာလဲ ကော ''

" မန်နေဂျင်းရဲ့စံအိမ်လိပ်စာ လတ်တလောမန်နေဂျင်းက ရုံးလာမှာမဟုတ်ဘူးမင်းကိုယ်တိုင်သွားရှာရင် ပိုကောင်းတာပေါ့ ''

လင်းချန်လဲရန်ဖေးပေးတဲ့လိပ်စာကိုယူပြီး နောက်နေ့သွားရှာဖို့ဆုံးဖြတ်လိုက်တယ်။

လင်းချန်ရဲ့ဆုံးဖြတ်ချက်မှာရန်ဖေးလဲကျေနပ်သွားတယ် သူ့အတွက်ရန်သူကိုဖြုတ်ချဖို့ကြားထဲက လူမိုက်ငှါးလိုက်ရုံပဲလေသူ့အတွက်နစ်နာသွားတာမှမရှိတာကိုယ်ကျိုးအတွက်ရန်သူကိုချနင်းကရတာက ပျော်ဖို့တော့ကောင်းသား....

ရိပေါ်စံအိမ်ကိုပြန်ရောက်တော့ သူအိမ်ထဲဝင်ဖို့
တွန့်ဆုတ်နေတယ်သူမင်အာရဲ့အရေးမပါတဲ့မေးခွန်းတွေ ရစ်မှုတွေကိုမကြုံချင်ဘူး ဒါပေမယ့်လဲသူအိမ်ထဲဝင် လိုက်တော့အိမ်ထဲမှာဘယ်သူ့မှမတွေ့ရဘူး
ရိပေါ်ထမင်းစားခန်းကိုသွားတော့ထမင်းစားခန်းမှာ မင်အာကိုခွံကျွေးနေတဲ့ရှောင်ဟန်တို့ကိုတွေ့လိုက်ရတယ်

မင်အာလဲရှောင်ဟန်ခွံကျွေးတာစားပြီး တစ်ဖက်ကိုလှည့်လိုက်တော့ ထမင်းစားခန်းပေါက်ဝ
မှာရပ်နေတဲ့ ရိပေါ်ကိုတွေ့လိုက်ရတယ်

" ကိုကို ''

"ခေါင်းဆောင်ဝမ် ''
မင်အာရောရှောင်ဟန်ရောထမင်းစားခန်းဝကရိပေါ်ကိုမြင်ပြီး ထိပ်လန့်သွားကြတယ် ။

edaz
5:06a.m.

_______________<<<<<<<_____________

Mysterious Love

Zawgyi

ေရွာင္က်န႔္ဖုန္းဆက္ၿပီးကားထဲသြားထိုင္ေနလိုက္တယ္ ကားထဲဖုန္းထိုင္သုံးေနရင္း အခ်ိန္ကတေျဖးေျဖးကုန္မွန္း မသိကုန္လာတယ္ ဝူလုံၿမိဳ႕နဲ႕သူတို႔စံအိမ္ကေတာ္ေတာ္ လွမ္းတာမို႔ၾကာမွန္းသိေပမယ့္လာတဲ့သူကိုေစာင့္ေနရတာတကယ္ကိုအခ်ိန္ေတြကမုန္းစရာေကာင္းေလာက္ေအာင္ကိုၾကာတယ္။

ေရွာင္က်န႔္လဲကားထဲမွာေစာင့္ေနရင္းအခ်ိန္ေတြက ဘယ္လိုကုန္လို႔ကုန္သြားမွန္းကိုမသိဘူး သူေစာင့္ေနရင္းကိုအိပ္ေပ်ာ္သြားတာပဲ ။

~~~~~~ေဒါက္ ~~~~~~ ေဒါက္

ေရွာင္က်န႔္တံခါးေခါက္သံၾကားလို႔ေခါင္းေထာင္ၾကည့္ လိုက္ေတာ့သူကားစီယာတိုင္ေပၚမွာအိပ္ေပ်ာ္သြားတာပဲ ။သူေဘးကိုၾကည့္လိုက္ေတာ့အျပင္မွာရပ္ေနတဲ့ သူမျမင္ခ်င္တဲ့သူတစ္ေယာက္....

" မင္းက ကားပ်က္တာေတာင္ေအးေဆးအိပ္ေနနိုင္
ေသးတယ္ေနာ္ ''

ရိေပၚကေရွာင္က်န႔္နားကပ္ေျပာေတာ့ ေရွာင္က်န႔္မ်က္ေစာင္းကေရာက္လာတယ္ ။

" အဟက္....''
ရိေပၚကခပ္ဟဟရယ္လိုက္ၿပီးသူ႕ေဘးကထြက္သြားၿပီး သူေခၚလာတဲ့အလုပ္သမားေတြကိုစကားသြားေျပာ ေနတယ္ ။

"ကားက႐ုတ္တရက္ႀကီးဘာျဖစ္တာလဲ ''

" ကားေရတိုင္ကီပ်က္သြားတျဖစ္မယ္ဆရာ ကားအပူေပးစက္ကheatတက္ၿပီးေရတိုင္ကီကို
ေလွ်ာ့ထိသြားတာျဖစ္မယ္ကားဒိုင္ခြက္မွာလဲH ျဖစ္ေနတယ္''

" အခုျပင္ရင္ဘယ္ေလာက္ၾကာမာလဲ ''

" အနည္းဆုံးသုံးနာရီေလာက္ပဲ ''

ထိုကားျပင္တဲ့ဆရာေျပာၿပီးရိေပၚကေရွာင္က်န႔္ဘက္ကို လွည့္တယ္

" ဘယ္လိုလဲအခုဒီမွာျပင္ခိုင္းမွာလားဒီမွာျပင္ရင္ေနာက္
သုံးနာရီေလာက္ၾကာဦးမွာအခုကဝူလုံၿမိဳ႕ထဲပဲရွိေသး တယ္ ၿမိဳ႕ထဲျပန္ဝင္ရင္ႏွစ္နာရီေလာက္ေမာင္းရဦးမွာ အခုပဲည၇နာရီထိုးေတာ့မယ္ ''

" ဒီမွာမျပင္ရင္ဘယ္မွာျပင္မွာမို႔လို႔လဲ ''

" ဆြဲတဲ့ကားပါတယ္ ''
ရိေပၚကေရွာင္က်န႔္အေနာက္ကကားေတြဆြဲတဲ့ကားကို ေမးဆက္ျပလိုက္တယ္

" ကားကိုဆြဲခိုင္းရင္ေတာ့မနက္ျဖန္မွျပန္ရမွာေပါ့ ''

" သူတို႔work shopမွာပဲလုပ္ခိုင္းလုပ္ေတာ့ ညဘက္ေမွာင္ရင္စံအိမ္ကိုျပန္လို႔ေကာင္းမွာမဟုတ္ဘူး ''

" ေကာင္းၿပီေလ ''

ရိေပၚလဲအလုပ္သမားေတြကိုကားကိုwork shop မွာပဲျပင္ခိုင္းဖို႔ေျပာေတာ့အလုပ္သမားေတြလဲေရွာင္က်န႔္ကားကို ခ်ိတ္ၿပီးထြက္သြားၾကၿပီးမွ ရိေပၚတို႔လဲကားေပၚတက္ခဲ့တယ္

" မင္းအလာတုန္းကေမာင္းလာခဲ့ရတာမလား ငါေမာင္းေပးမယ္ ''

" ေနပါေစငါ့ကားကိုheat တက္ေတာင္ထပ္ေမာင္း
ေနရင္ ထပ္ေခၚစရာလူမရွိေတာ့ဘူးငါ့ကားငါ့ဘာသာ ေမာင္းပါ့မယ္သခင္ေလးကသာၿငိမ္ၿငိမ္ေလးလိုက္ခဲ့ ပါခင္ဗ်''
ရိေပၚၿပဳံးတုံတုံနဲ႕႐ြဲ႕ေျပာလိုက္ေတာ့ေရွာင္က်န႔္လဲ ႏွာမႈတ္ၿပီးတစ္ဘက္ကိုလွည့္သြားတယ္ ။

ေရွာင္က်န႔္လဲကားေမာင္းတာသိပ္ၾကာေသးတာမဟုတ္လို႔ သူ႕အျပစ္နဲ႕သူေၾကာင့္ၿငိမ္ေနလိုက္ရတယ္ ဟိုမွာတုန္းက public transport နဲ႕ပဲသြားလာခဲ့ၿပီးဒီေရာက္ေတာ့ ပါးပါးဝယ္ေပးမွသာကားကိုျပန္ေမာင္းတာမို႔ နည္းနည္းေလးအမွားလုပ္မိ႐ုံပါ ။

ဝူလုံၿမိဳ႕ထဲကေနေမာင္းလာတာအခ်ိန္ႏွစ္နာရီ နီးပါးေလာက္ၾကာတာမို႔လို႔ရိေပၚလဲဆက္တိုက္ ကားေမာင္းေနရင္းငိုက္ခ်င္သလိုရွိလာတာမို႔ မငိုက္ေအာင္မနည္းျပဴးၿပဲၿပီးေမာင္းလာရတယ္ ေဆာင္းအကုန္ခါနီးဆိုေပမယ့္ညဘက္ျမဴေတြက ကားလမ္းတေလွ်ာက္တက္လာတာမို႔ရိေပၚမွာအရမ္းလဲ မေမာင္းရဲဘူး ။

ေရွ႕ကိုေမာင္းေလေမာင္းေလျမဴေတြကတျဖည္းျဖည္း ပိတ္လာတာမို႔ေရွ႕မီးႀကီးကိုပဲထိုးပီးေျဖးေျဖးနဲ႕ မွန္မွန္ေမာင္းလာတယ္ စံအိမ္ကၿမိဳ႕ျပင္ဘက္မွာပဲ ရွိလို႔လား လူသြားလူလာနဲလို႔ပဲလားမသိ ကားလမ္းမေပၚသူတို႔ကားတစ္စီးပဲရွိတယ္ ။

ရိေပၚေဘးကိုၾကည့္လိုက္ေတာ့ဘယ္ေလာက္ ေတာင္ပင္ပန္းထားလို႔လဲမသိအိပ္တာမွသေရေတြ ေတာင္က်လိဳ႕...
" အဟက္ ဒါလားခုနက ကားကူေမာင္းေပးမယ္ဆိုတဲ့သူ''

ရိေပၚကကားေမာင္းေနရင္းလက္တစ္ဖက္နဲ႕ ေရွာင္က်န႔္ပါးေစာင္ကက်ေနတဲ့သေရေတြကို လက္မနဲ႕သုတ္ေပးလိုက္တယ္ရိေပၚေရွာင္က်န႔္ကို သုတ္ေပးၿပီးမ်က္လုံးကဖ်က္ခနဲကားအေနာက္ကခုံမွာ မိန္းကေလးတစ္ေယာက္ျမင္လိုက္ရတာမို႔ကားကိုဘရိတ္အုပ္လိုက္တယ္ ။

~~~~~ကြၽီ ~~~~~~

အရွိန္နဲ႕ေမာင္းလာတဲ့ကားတာယာက႐ုတ္တရက္ညွစ္ခံ လိုက္ ရေတာ့ရာဘာဘီးေတြနဲ႕ကတၱရာလမ္းမရဲ႕ ပြတ္တိုက္မႈအသံအက်ယ္ႀကီးေပၚထြက္လာတယ္ ။

~~~~~~ ဒုန္း ~~~~~~

" အား....''
ကားခါးပတ္ပတ္ထားလို႔သာမဟုတ္ရင္ေရွာင္က်န႔္ေခါင္းကကားdashboard ေစာင့္လို႔နဖူးကြဲေနေလာက္ၿပီ ။

" ဘာျဖစ္တာတုန္း ''

ရိေပၚကေတာ့ေရွာင္က်န႔္ေမးတာကိုမေျဖနိုင္ေသးဘဲ ကားအေနာက္ကခုံေတြကိုအသည္းသန္လွည့္ၾကည့္ ေနတယ္ေရွာင္က်န႔္လဲရိေပၚရဲ႕ထူးဆန္းတဲ့အျပဳမူ ေၾကာင့္သူလဲအေနာက္ကိုလွည့္ၾကည့္ေပမယ့္ ကားေနာက္ခန္းကရွင္းလင္းလို႔....

" ရိေပၚဘာေတြ႕လို႔လဲ ''

" ဟမ္ ဘာမွမဟုတ္ပါဘူးပစၥည္းတစ္ခုျပဳက်သြားတာ ၾကားလို႔''
ရိေပၚလဲေရွာင္က်န႔္လန႔္သြားမွာစိုးလို႔ဘာမွမေျပာဘဲ ကားဆက္ေမာင္းဖို႔ပဲလုပ္လိုက္တယ္ဒါေပမယ့္ျမဴေတြက ခုနကထက္ပိုမ်ားလာသလိုေရွ႕ကိုေတာင္မျမင္နိုင္ေလာက္တဲ့အထိထူပိန္းေနတယ္ ။

"ဒီေန႕က်မွျမဴေတြတအားမ်ားေနပါလား မင္းေမာင္းရတာ
အဆင္ေျပပါ့မလား ''

" ရပါတယ္ ေဆာင္းတြင္းမွမကုန္ေသးတာၿပီးေတာ့ ေတာင္ေပၚမို႔လို႔ျမဴမ်ားတာေနမွာပါစိတ္မပူနဲ႕ ''

သူကသာစိတ္မပူဖို႔ေျပာေပမယ့္ ရိေပၚခ်ဳံခ်င္မွာတာဝန္က်လိဳ႕ေနရတဲ့ သုံးႏွစ္လုံးအခုလိုေတာင္တက္လမ္းျမဴအမ်ားႀကီးက် တာသူမႀကဳံဖူးေသးဘူး ျမဴေတြထူခ်က္ကေတာ့
ကားမီးေတာင္မေပါက္နိုင္ေအာင္ထူတာလမ္းမေပၚ
သူတို႔ကားတစ္စီးပဲရွိတာကံေကာင္းတယ္ေျပာရမယ္ မဟုတ္ရင္တစ္ဖက္ကားလမ္းကိုလဲမျမင္ရတာမို႔ မေတာ္တဆမႈေတြျဖစ္နိုင္တယ္ ။

ရိေပၚအေရွ႕ကိုလဲေမာင္းရင္းဘက္မွန္ကေနကားအေနာက္ခုံကိုလဲမ်က္လုံးနဲ႕ၾကည့္ၾကည့္မိေနတယ္သူေသခ်ာေပါက္ကိုကားေနာက္ခန္းမွာမိန္းကေလးတစ္ေယာက္ထိုင္ေနတာ ျမင္လိုက္ရတာ႐ုပ္ကိုေတာ့သဲသဲကြဲကြဲမျမင္ရေပမယ့္ အကၤ်ီအနီနဲ႕မိန္းကေလးတစ္ေယာက္ထိုင္ေနတာ ေတြ႕လိုက္ရတာ...

~~~~~~ ဂ်စ္ ~~~~~~ ဂ်စ္ ~~~~~~

" ဘာသံလဲဟ ''

တဂ်စ္ဂ်စ္နဲ႕အသံကကားေရဒီယိုကေနလာေနတာမို႔ ရိေပၚကားေရဒီယိုကိုလွမ္းပိတ္လိုက္ေပမယ့္အသံက ပိတ္မသြားတဲ့အျပင္တေျဖးေျဖးနဲ႕က်ယ္လာတယ္

" ရိေပၚမင္းကားကေရဒီယိုကပိတ္မရဘူးလား ဘာသံႀကီးမွန္းမသိဘူးတဂ်စ္ဂ်စ္နဲ႕က်က္သီးထစရာႀကီး ''

" ပိတ္တာပဲအခုမွဘာထျဖစ္တာလဲမသိဘူးပိတ္မရဘူး ''

ေရွာင္က်န႔္လဲscreen ကိုေလွ်ာက္ႏွိပ္လိုင္းေတြ
ေလွ်ာက္ေျပာင္းေပမယ့္ အသံႀကီးကေပ်ာက္မသြား ။
ေတာ္႐ုံမေၾကာက္တက္တဲ့ရိေပၚေတာင္ ထိုအသံႀကီးေၾကာင့္က်က္သီးေတြတျဖန္းျဖန္း ထလာတယ္ ။

ေရွာင္က်န႔္လိုင္းေတြေျပာင္းတာလဲမရ CD ခ်ပ္လဲထည့္မရျဖဳတ္မရတာမို႔ရိေပၚကကားေမာင္းရင္းနဲ႕ကလိၾကည့္တယ္ ရိေပၚကလုပ္ၾကည့္ေနတာမို႔ ေရွာင္က်န႔္ကေဘးကေနၾကည့္ေနလိုက္တယ္

" ရိေပၚ ရပ္ရပ္ ''
ေရွာင္က်န႔္ကေမာင္းေနတဲ့ကားစီယာတိုင္ကိုလွမ္းဆြဲတာမို႔ ရိေပၚလဲအျမန္ဘရိတ္အုပ္လိုက္ရတယ္ ။

" ဘာျဖစ္တာလဲ ''

"ခုနကကားေရွ႕ကားေရွ႕ကိုမိန္းကေလးတစ္ေယာက္ျဖတ္ သြားတယ္ ''
ေရွာင္က်န႔္ပုံမွာအလြန္ထိပ္လန႔္ေနပုံရၿပီးအသက္ကို ေတာင္ ျပင္းျပင္း႐ူေနရတယ္ကားေရွ႕ကိုၾကည့္ေတာ့လဲ လူမေျပာနဲ႕ဘာအရိပ္ေယာင္မွမေတြ႕ရဘူး ေတာင္တက္လမ္းမျဖစ္လို႔ေဘးဘက္ကေခ်ာက္ႀကီးနဲ႕ တစ္ဖက္ကကားသြားလမ္းကလြဲၿပီးက်န္တာမရွိ ကားေရွ႕ကျဖတ္သြားလို႔ေျပးရင္ေတာင္ ဒီေလာက္အရွင္းႀကီးကိုမျမင္နိုင္စရာမရွိ ။

" ခုနကငါတကယ္ကိုကားအေရွ႕မွာဂါဝန္အနီနဲ႕ မိန္းကေလးတစ္ေယာက္ရပ္ေနတာငါလုပ္ႀကံေျပာတာ မဟုတ္ဘူး ''
ေရွာင္က်န႔္ကရိေပၚသူ႕ကိုအထင္လြဲမွာစိုးလို႔အတင္းရွင္းျပ
တယ္ ။

" အင္း ငါယုံတယ္ ခုနကငါလဲကားအေနာက္မွာ လူတစ္ေယာက္ျမင္လိုက္ရတယ္ ''

ရိေပၚေျပာေတာ့ေရွာင္က်န႔္ထိတ္လန႔္သြားၿပီးလက္ေတြ တုန္တုန္ရီရီနဲ႕dashboard ကအံကိုဖြင့္လိုက္ၿပီး အံထဲကလက္ဝါးကပ္တိုင္ပုံပါတဲ့ဆြဲႀကိဳးေလးတစ္ခု ထုတ္လိုက္ၿပီးကားဘက္မွန္မွာခ်ိတ္လိုက္တယ္ ၿပီးေတာ့ဘူးေလးတဗူးယူပါထုတ္လိုက္တယ္ ။

" ဆားဗူး ? "

" အင္းဟုတ္တယ္ ဆား ဆားကစင္ၾကယ္သန႔္စင္တဲ့ အရာေလဆားကိုမေကာင္းဆိုးဝါးေတြ နာနာဘာဝေတြေၾကာက္တယ္''

ေရွာင္က်န႔္ကဆားဗူးထဲကဆားေတြကိုကားအႏွံပစ္
လိုက္တယ္
" ဟ မေသခ်ာပဲေလွ်ာက္မပစ္နဲ႕ေလကားညစ္ပတ္မွာေပါ့ ''

" အသက္အႏၱရာယ္နဲ႕ကားနဲ႕ဘယ္ဟာကအေရးႀကီးလဲ မင္းမသိဘူးလား ''

" မင္းဟာကေလွ်ာက္ပစ္ေနတာေလ ဆားအမႈန္ေတြနဲ႕ကားထဲရွင္းလို႔လြယ္တယ္ထင္ေနလား ''

ေရွာင္က်န႔္လဲစိတ္တိုတိုနဲ႕ဆားကိုလက္ထဲထည့္လိုက္ၿပီး ရိေပၚမ်က္ႏွာကိုပက္လိုက္တယ္ ။

" အာ ေဆာရီး မေတာ္တဆ ငါကမေကာင္းဆိုးဝါးထင္လို႔
ပစ္လိုက္တာ ''

ေရွာင္က်န႔္ကသူလုပ္ၿပီးမပစ္သလိုနဲ႕တစ္ဖက္ကို မသိခ်င္ေယာင္ေဆာင္ကာလွည့္သြားတာမို႔ ရိေပၚက
ေရွာင္က်န႔္ေမးကိုဆြဲကာသူ႕ဘက္လွည့္လိုက္ၿပီး ေရွာင္က်န႔္ႏႈတ္ခမ္းကိုနမ္းလိုက္တယ္ ။

႐ုတ္တရက္ဆြဲနမ္းခံလိုက္ရတဲ့ေရွာင္က်န႔္က မ်က္လုံးေလးျပဴးလို႔...

" ငါလဲေဆာရီး ဒါေပမယ့္ငါကမေတာ္တဆမဟုတ္ဘူး တမင္နမ္းတာ ''

" မင္း....''

~~~~~ ဒုန္း ~~~~~~~

ေရွာင္က်န႔္ရန္ေတြ႕ဖို႔ျပင္လိုက္ေပမယ့္ကားကိုတစ္ခုခုနဲ႕လာ
ေဆာင့္တဲ့အသံၾကားလိုက္တာမို႔ႏွစ္ေယာက္လုံးၿငိမ္သြားတယ္ေရဒီယိုကလဲဘာသံမွမၾကားရေတာ့တာမို႔ ရိေပၚလဲ ကားကိုေမာင္းၿပီးထိုေနရာကထြက္လာလိုက္တယ္ အဲ့ေနာက္ပိုင္းကားထဲမွာဘာမွထပ္မျဖစ္ေတာ့တာမို႔ ေရွာင္က်န႔္လဲရိေပၚကိုစကားဆက္မေျပာေတာ့သလို ရိေပၚကစကားစရင္လဲေရွာင္က်န႔္ကအိပ္ခ်င္ေယာင္ ေဆာင္ေနလိုက္တယ္ ။

ယြီပင္းညေနစာမစားဘဲ အခုခ်ိန္က်မွဗိုက္ဆာလာတာမို႔ မီးဖိုေခ်ာင္ထဲေခါက္ဆြဲျပဳတ္ဖို႔ထြက္လာတယ္ သီခ်င္းေလးလဲ ညည္းရင္းဖုန္းလဲတစ္ဖက္ကသုံးရင္း ေခါက္ဆြဲျပဳတ္ေရဆူဖို႔ေစာင့္ေနတယ္ ။

~~~~~~~ ယြီပင္း ငါ့ကိုကူညီပါ ယြီပင္း ~~~~~~~

သူ႕ရဲ႕နား အနားကိုမတိုးမက်ယ္မိန္းကေလးတစ္ေယာက္ အသံၾကားလိုက္ရတာမို႔ယြီပင္းမီးဖိုေခ်ာင္ထဲေဝ့ၾကည့္ လိုက္ေတာ့ဘယ္သူမွရွိမေန ထမင္းစားခန္းကိုလဲ မီးဖိုေခ်ာင္ကေနလွမ္းျမင္ေနရတာမို႔လူလာရင္ ေသခ်ာေပါက္ျမင္ရမွာ

" ဘယ္သူလဲ ''

အရာအားလုံးကတိတ္ဆိတ္လို႔ဧည့္ခန္းထဲက ခ်ိန္သီးနာရီႀကီးရဲ႕စကၠန႔္တံတဂ်က္ဂ်က္ကလြဲရင္ အားလုံးကတိတ္ဆိတ္လို႔အခ်ိန္ကလဲညဆယ္နာရီေက်ာ္ ေနၿပီမို႔က်န္တဲ့သူေတြကကိုယ့္အခန္းကိုယ္စီဝင္ၿပီး အိပ္ေနၾကၿပီသူတစ္ေယာက္တည္းရွိေနတာ...

" ဘယ္သူလဲလို႔ ဘယ္သူမို႔လို႔ငါ့နာမည္ကိုေခၚၿပီး စေနတာလဲ''

ယြီပင္းစိတ္တိုတိုနဲ႕ေအာ္လိုက္ေတာ့တစ္အိမ္လုံးကမီးေတြ
ပိတ္သြားၿပီးတစ္အိမ္လုံးေမွာင္သြားတယ္ အလင္းကေန
႐ုတ္တရက္ေမွာင္သြားတာမို႔အေမွာင္နဲ႕ေနသားမက်ေသးတဲ့မ်က္လုံးအတြက္ဖုန္းမီးကိုဖြင့္ဖို႔လုပ္ေပမယ့္ သူ႕အေနာက္ကေနအသက္႐ူသံျပင္းျပင္းကို ၾကားလိုက္ရတယ္...

သူ႕အေနာက္ကအသက္႐ူသံျပင္းျပင္းကို ခ်က္ခ်င္းလွည့္ၾကည့္လိုက္တယ္ အေမွာင္ထဲမွာ ဘယ္အရာရယ္လို႔ေတာ့မသဲကြဲေပမယ့္ ေသခ်ာတာကေတာ့မိန္းကေလးအရိပ္တစ္ခုျဖစ္တာေတာ့သူေသခ်ာျမင္လိုက္ရတယ္

သူအရိပ္ကိုျမင္ၿပီးသိပ္မၾကာဘူး သူ႕လည္ပင္းကို တင္းတင္းၾကပ္ၾကပ္အညွစ္ခံလာရသလိုအသက္႐ူၾကပ္
လာတယ္ ။

"အဟြတ္...အဟြတ္ ''
လည္ပင္းကိုေအးေအးအရာတစ္ခုကညွစ္ထားသလို
ျဖစ္တာေၾကာင့္အသက္ကိုေတာင္မနည္း႐ူေနရတယ္ ။

~~~~~~ အား ~~~~~ ေသလိုက္ ~~~~ အားလုံးေသလိုက္ ~~~~~~~

မိန္းကေလးတစ္ေယာက္ရဲ႕စူးစူးဝါးဝါးေအာ္သံကိုၾကားၿပီးတဲ့ေနာက္သူ႕လည္ပင္းကိုညွစ္ထားတာလဲေျပသြားၿပီး မီးေတြလဲျပန္လင္းလာတယ္ ယြီပင္းသူ႕ဘာသာဟန္ခ်က္ မထိန္းနိုင္ဘဲၾကမ္းျပင္ေပၚထိုင္ရက္က်သြားၿပီး သူဂတ္စ္မီးဖိုကိုပိတ္ကာအခန္းထဲေျပးဝင္သြားတယ္

"ဘာျဖစ္လာတာလဲ ''

ယြီပင္းအခန္းထဲကိုေျပးဝင္လာေတာ့ရန္ေဖးက အထူးအဆန္းနဲ႕ၾကည့္တယ္

" အိမ္မွာ အိမ္မွာ မေကာင္းတဲ့အရာရွိတယ္ သရဲ သရဲ အဲ့ဒါက ငါ့ကိုသတ္မို႔လုပ္ေနတာ ''

"ေဟ့ေကာင္စိတ္ထိန္းစမ္းပါဘယ္ကသရဲတုန္း မင္းေခါက္ဆြဲသြားျပဳတ္တာေလ အရက္ေလးတစ္ရက္
မေသာက္တာနဲ႕ဂေယာင္ေခ်ာက္ျခားျဖစ္ေနတာလား ''

"ေဟ့ေကာင္ ငါတကယ္မေနာက္ဘူး တကယ္အဲ့သရဲက
ငါ့ကိုလည္ပင္းညစ္သတ္ဖို႔လုပ္တာပါဆို ဒီမွာၾကည့္ ''
ယြီပင္းကသူ႕လည္ပင္းကိုျပေတာ့နီရဲေနတာကလြဲရင္ ဘာမွမေတြ႕ ''

" မင္းဘာသာနီေနတာပါကြာ လည္ပင္းညစ္ခံရရင္ လက္ရာေပၚမွာေပါ့ အခုေတာ့ဘာမွမရွိဘူး အပိုေတြမေျပာဘဲအိပ္စမ္းပါကြာ ''

ယြီပင္းလဲခုနကအျဖစ္ပ်က္ႀကီးကိုအေတာ္ထိတ္လန႔္သြားတာမို႔လို႔ ယြီပင္းအေတာ္ၾကာတဲ့ထိအိပ္မရဘူး အျပင္ကိုလဲမသြားရဲတာမို႔လို႔ကုတင္ေပၚမွာပဲ ေစာင္ၿခဳံၿပီးလွဲေနလိုက္တယ္ ။

သူဘယ္လိုမွအိပ္လို႔မရတာနဲ႕အခန္းထဲမွာရွိတဲ့ ဘီယာတစ္ဗူးကိုone shotေသာက္လိုက္ၿပီးအျပင္ကို ျပန္ထြက္လာခဲ့တယ္ ။

" ငါကေယာက်္ားပဲ ဟုတ္တယ္ေယာက်္ားပဲ ေၾကာက္စရာမလိုဘူး ဟူး ''
ယြီပင္းသူ႕ကိုယ္သူဘီယာတစ္ဗူးနဲ႕ရဲေဆးတင္ၿပီးအျပင္ကို ျပန္ထြက္လာၿပီးမီးဖိုေခ်ာင္ထဲတစ္ခါျပန္ဝင္လာတယ္
မီးဖိုေခ်ာင္ကဓားေတြထည့္ထာတဲ့ဓားဘူးထဲက ဓားတစ္ေခ်ာင္းကိုယူလိုက္ၿပီးမီးဖိုေခ်ာင္ထဲလွည့္ပတ္ ၾကည့္လိုက္တယ္ ။

" ခုနကမင္းကဘာျဖစ္ခ်င္လို႔လဲ ဟမ္... ဘာျဖစ္ခ်င္တာလဲ ငါတို႔ကိုဘာလို႔သတ္ခ်င္ေနတာလဲ ေျပာေလ ေျပာစမ္းပါ''

ယြီပင္းမီးဖိုေခ်ာင္ထဲဓားတရမ္းရမ္းနဲ႕စကားေျပာေန ေပမယ့္ ဘာအသံဘာအရိပ္ေယာင္မွကိုမၾကားရေတာ့တာ သူအခ်ိန္ၾကာတဲ့ထိေစာင့္ၾကည့္ေနေပမယ့္ဘာမွထပ္မေတြ႕ ရေတာ့တာေၾကာင့္သူအခန္းထဲကိုပဲ ျပန္သြားလိုက္ေတာ့တယ္ ။

____________<<<<<<<___________

ေရွာင္ဟန္နဲ႕မင္အာတို႔ဆိုင္ကထြက္သြားတဲ့အထိ ေဟာက္႐ႊမ္းတို႔ကိုမျမင္ဘူး မင္အာ့ပခုံးကိုင္ၿပီးဆိုင္ျပင္ကို ထြက္သြားတဲ့ေရွာင္ဟန္ကိုေဟာက္႐ႊမ္းၾကည့္မရေတာ့ဘူးရင္းႏွီးတယ္ဆိုရင္ေတာင္ရည္းစားရွိတဲ့သူတစ္ေယာက္ကို အဲ့လိုပိုင္စိုးပိုင္နင္းေခၚသြားစရာအေၾကာင္းရင္းမွမရွိဘဲ ။

သူ႐ုံးခ်ဳပ္ကို mailပို႔စရာအျမန္ပို႔လိုက္ၿပီး သူျပန္ဖို႔ထလိုက္တယ္

"ေဟာက္႐ႊမ္းၿပီးၿပီလား အိမ္ျပန္မယ္ေလ ''

" က်ိရန္ကိုယ္ေတာင္းပန္တယ္ ကိုယ္႐ုံးမွာအလုပ္လုပ္
စရာေလးက်န္ေသးလို႔အရင္ျပန္ႏွင့္ပါလား ကိုယ့္ကားယူသြားလိုက္ေနာ္ ကိုယ္taxiနဲ႕ျပန္ခဲ့မယ္ ''
ေဟာက္႐ႊမ္းမွာဖိုင္ေတြအကုန္သိမ္းၿပီး Taxi ငွါးကာ႐ုံးကိုတစ္ေခါက္ျပန္သြားတယ္ ။

" ေဟာက္႐ႊမ္းေကာ ႐ုံးဆင္းသြားၿပီမဟုတ္ဘူးလား ''

"ေအးအဲ့ဒါအေရးမႀကီးဘူး ရိေပၚ႐ုံးမွာရွိေသးလား''

"ဟုတ္ကဲ့ ႐ုံးခန္းထဲမွာရွိေနေသးတယ္''

ေဟာက္႐ႊမ္းလဲရိေပၚဆီအျမန္သြားလိုက္ေတာ့႐ုံးခန္းထဲ ေကာ္ဖီတစ္ခြက္နဲ႕ေအးေဆးအလုပ္လုပ္ေနတဲ့ရိေပၚ...

" ေဟ့ေကာင္မင္းအလုပ္မဆင္းေသးဘူးလား''

" ေအးငါလုပ္ရာေတြက်န္ေသးလို႔မင္းကေရာ ဘာလို႔ျပန္လာတာလဲ႐ုံးဆင္းသြားၿပီမဟုတ္ဘူးလား ''

' ေအးဆင္းတာၾကာၿပီေဟးငါ့သူငယ္ခ်င္းမင္းႏြားျဖစ္မွာ စိုးလို႔ငါ့မွာအေျပးလာရတာ လဒကအေျပးလာတာေတာင္
ေစာက္အလုပ္အေၾကာင္းအရင္စၿပီ '

" ေဟ့ေကာင္ ငါ့ကိုၾကည့္ၿပီးဘာေတြႀကိမ္ဆဲေနတာလဲ''

" ဘာမွမႀကိမ္ဆဲပါဘူးကြာ မင္းခုတေလာမင္အာနဲ႕date ျဖစ္လား''

"Dateဖို႔ေနေန ငါ့ဘာသာေတာင္မအားဘူးအလုပ္က
႐ူပ္ပါတယ္ဆို သူဖုန္းဆက္ၿပီးတဂ်ီဂ်ီရစ္တာခံရေသး အဲ့ဒါေၾကာင့္ငါဖုန္းေတာင္ပိတ္ထားရတာ ''

" ဘယ္ေလာက္ပဲအလုပ္႐ူပ္႐ူပ္ပါကြာ မင္းသူ႕ကိုဂ႐ုစိုက္ေပးလိုက္ဦး ''

"ေနပါဦးမင္းကဒါကိုေျပာဖို႔႐ုံးကိုတစ္ေခါက္ျပန္လာတယ္ လို႔ေတာ့မေျပာနဲ႕ေနာ္ ''

"ျဖစ္စရာလားကြ ငါ့ဘာသာ႐ုံးကိုပို႔စရာဖိုင္ေတြရွိေသးလို႔ ဘာပဲျဖစ္ျဖစ္မင္းဒီေန႕အိမ္ကိုေစာေစာျပန္လိုက္တာ ေကာင္းမယ္ထင္တယ္''

ေဟာက္႐ႊမ္းလဲဒါပဲေျပာၿပီးျပန္ထြက္သြားတယ္ ရိေပၚစိတ္ထဲေဟာက္႐ႊမ္းေျပာတာေတြထူးဆန္းေနတာမို႔ အိမ္ကိုေစာေစာျပန္ဖို႔လုပ္လိုက္တယ္ ။

တေနကုန္ငူငိုင္ေနတဲ့လင္းခ်န္ဆီရန္ေဖးေကာ္ဖီတစ္ခြက္ ဝယ္ၿပီးသြားတယ္

" လင္းရယ္ တစ္ေနကုန္ဘာျဖစ္ေနတာလဲ စိတ္ဓာတ္က်ေနတဲ့ သူလိုမ်ိဳးနဲ႕ ''

"ေကာ သူကလင္းကိုက် လက္ထပ္ဖို႔ျငင္းဆန္ေနၿပီး မန္ေနဂ်င္းနဲ႕က်အခုလိုလုပ္ေနတာေတြမယုံၾကည္နိုင္ဘူး ''

" မင္းသူနဲ႕တြဲေနေၾကာင္း မန္ေနဂ်င္း(မင္အာ) ကိုအသိေပးသင့္တယ္မထင္ဘူးလား ဒါဆိုသူတို႔ဆက္ဆံေရးလဲရပ္သြားလိမ့္မယ္ ''

"ဟုတ္တယ္ ေျပာရမယ္ ''

ရန္ေဖးကေဘာင္းဘီအိတ္ထဲကစာ႐ြက္ေလးတစ္႐ြက္ ထုတ္လိုက္ၿပီးလင္းကိုေပးလိုက္တယ္ ။

"ဒါကဘာလဲ ေကာ ''

" မန္ေနဂ်င္းရဲ႕စံအိမ္လိပ္စာ လတ္တေလာမန္ေနဂ်င္းက ႐ုံးလာမွာမဟုတ္ဘူးမင္းကိုယ္တိုင္သြားရွာရင္ ပိုေကာင္းတာေပါ့ ''

လင္းခ်န္လဲရန္ေဖးေပးတဲ့လိပ္စာကိုယူၿပီး ေနာက္ေန႕သြားရွာဖို႔ဆုံးျဖတ္လိုက္တယ္။

လင္းခ်န္ရဲ႕ဆုံးျဖတ္ခ်က္မွာရန္ေဖးလဲေက်နပ္သြားတယ္ သူ႕အတြက္ရန္သူကိုျဖဳတ္ခ်ဖိဳ႕ၾကားထဲက လူမိုက္ငွါးလိုက္႐ုံပဲေလသူ႕အတြက္နစ္နာသြားတာမွမရွိတာကိုယ္က်ိဳးအတြက္ရန္သူကိုခ်နင္းကရတာက ေပ်ာ္ဖို႔ေတာ့ေကာင္းသား....

ရိေပၚစံအိမ္ကိုျပန္ေရာက္ေတာ့ သူအိမ္ထဲဝင္ဖို႔
တြန႔္ဆုတ္ေနတယ္သူမင္အာရဲ႕အေရးမပါတဲ့ေမးခြန္းေတြ ရစ္မႈေတြကိုမႀကဳံခ်င္ဘူး ဒါေပမယ့္လဲသူအိမ္ထဲဝင္ လိုက္ေတာ့အိမ္ထဲမွာဘယ္သူ႕မွမေတြ႕ရဘူး
ရိေပၚထမင္းစားခန္းကိုသြားေတာ့ထမင္းစားခန္းမွာ မင္အာကိုခြံေကြၽးေနတဲ့ေရွာင္ဟန္တို႔ကိုေတြ႕လိုက္ရတယ္

မင္အာလဲေရွာင္ဟန္ခြံေကြၽးတာစားၿပီး တစ္ဖက္ကိုလွည့္လိုက္ေတာ့ ထမင္းစားခန္းေပါက္ဝ
မွာရပ္ေနတဲ့ ရိေပၚကိုေတြ႕လိုက္ရတယ္

" ကိုကို ''

"ေခါင္းေဆာင္ဝမ္ ''
မင္အာေရာေရွာင္ဟန္ေရာထမင္းစားခန္းဝကရိေပၚကိုျမင္ၿပီး ထိပ္လန႔္သြားၾကတယ္ ။

edaz
5:06a.m.

_______________<<<<<<<_____________

Continue Reading

You'll Also Like

1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
142K 16.6K 39
End of serendipity , I met him Xiao Zhan x Wang Yibo YiZhan Edited : this is totally different version
9K 516 85
host လင်ရဖို့ ငါ system ဖူဂျိုရှီလေးတာဝန်ထား