Spring in yours

By Miz4JW

43K 3.4K 41

......My spring was born in your eyes ..... More

.1.
.2.
.3.
.4.
.5.
.6.
.7.
. 8 .
.9.
.10.
.11.
.12.
.13.
.14.

.15. Finale

3.8K 253 9
By Miz4JW

~ zawgyi ~





ပါပြီ။
နိုင်မှာမို့။

တောင်းနေပါတယ်

"ဝင်ခိုင်းလိုက်ပါ"


ကောလာကြိုမှာပေါ့"


ရောက်လာတဲ့ကိစ္စ"


လက်ထပ်တော့မှာပဲ "

ဖြစ်သွားတာ"

ခါးသက်မှုတွေရောတယ်


ဟုတ်တယ်မလား"

တော့မယ်ကော"



လျှော့ပေးခဲ့ပြီပဲ


လှနေခဲ့တာပင်



"ကိုကို"

ကိုကိုရယ်
လား ဟင်"

ချောမောစွာရှိနေတယ်


တွေသုတ်ပေးနေခဲ့တယ်


တာလဲ"





"မီနာကကိုယ်တို့အကြောင်းကိုဘယ်လိုလုပ်ြီိးသိသွားတာလဲ"


"ကိုယ်တကယ်မသိခဲ့ဘူး
ပြောပြခဲ့တာလဲ"





တွဲရပြန်တယ်

ကိုယ်တကယ်ကို"



ဆွဲသွင်းပြီး



လားဟင်"






~~~~~~~~~~The End~~~~~~~~~~

###ကဲ ပြီးဆုံးသွားပါပြီ။
ပါရှင်....
Bye Bye🙋‍♀️

__________________________________

~ uni ~

ရာသီစက်ဝန်းကနောက်ထပ်တစ်ပတ်ပြန်လည်တဲ့
အချိန်မှာတော့ရှောင်းကျန့်ကတရုတ်ပြည်ရဲ့ထိပ်
တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေခဲ့ပြီ။

အဲ့ဒီ့နေ့ကသူရိပေါ်နဲ့တွေ့ပြီးတော့ရှောင်ပြေးချင်တဲ့
စိတ်ကသာကြီးစိုးနေခဲ့တာမို့သူဝယ်ထားတဲ့တိုက်
ခန်းကိုထွက်သွားပြီး ရိပေါ်မပြန်သေးရင်ဆိုတဲ့စိတ်နဲ့
တစ်ပတ်လောက်နေနေခဲ့တယ်

တကယ်လည်းသူပြန်တဲ့အချိန်မှာရိပေါ်ရှိမနေခဲ့တော့မွန်းကြပ်မှုအချို့ကိုခံစားရပြန်တယ်

ရိပေါ်အပေါ်မှာသူရက်စက်ရာကျမှန်းသိပေမဲ့လည်း
ဒီလိုမှမလုပ်ရင်ရိပေါ်ပဲပိုပြီးနာကျင်ရလိမ့်မည်။

အခုတော့အားလုံးကပြီးဆုံးသွားခဲ့ပါပြီ။
သူပေကျင်းမှာပဲရှိနေပေမဲ့လည်းသူ့သဘောထားကို
ကောင်းကောင်းနားလည်သွားတယ်ထင်ပါတယ်
ရိပေါ်ကသူ့ကိုထပ်ပြီးမဆက်သွယ်လာတော့ဘူး။
အခုအချိန်တော့ရိပေါ်လည်းအဆင်ပြေနေလောက်
ပါပြီ။
မင်းကိုရက်စက်ခဲ့တဲ့ကိုယ့်ကိုယ်မေ့ပြီးပျော်ပျော်နေပါကလေးရေ။
မင်းပျော်နေမှကိုယ်လည်းနောင်တမရပဲအဆင်ပြေ
နိုင်မှာမို့။
ကိုယ်ကတော့မင်းကိုချစ်နေပြီးတော့ပဲတစ်သက်လုံး
နာကျင်ရင်းအပြစ်ဒဏ်ခံယူပါ့မယ်။


"ဥက္ကဌ အမျိုးသမီးတစ်ယောက်ကတွေ့ခွင့်
တောင်းနေပါတယ်
မီနာကိုလို့ပြောပါတယ်"

"ဝင်ခိုင်းလိုက်ပါ"

ရှောင်းကျန့်ကအခန်းထဲဝင်လာတဲ့ညီမဖြစ်သူကို
မူပိုင်အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ်

"မီနာ ဘယ်တုန်းကရောက်လာတာလဲ
ကောကိုဖုန်းကြိုမဆက်တာမဟုတ်ဘူး
ကောလာကြိုမှာပေါ့"

"အိုက်ယား ဒီလောက်အလုပ်များတဲ့ဥက္ကဌရှောင်း
ကိုလာမကြိုခိုင်းရဲပါဘူးနော်"

"ဟား ဟုတ်ပါပြီ် ဆိုပါဦးမပြောမဆိုနဲ့ပေကျင်း
ရောက်လာတဲ့ကိစ္စ"

မီနာကအိတ်ထဲကပန်းနုရောင်စဖိတ်စာလေးကို
ရှောင်းကျန့်ရှေ့ကိုတိုးပေးတယ်
စားပွဲပေါ်ကဖိတ်စာလေးကိုကြည့်ရင်း
ရင်ထဲကလှိုက်တက်လာတဲ့နာကျင်မှုတွေကိုမသိ
ချင်ယောင်ဆောင်ရင်းလှိုက်လှိုက်လှဲလှဲအပြုံးတစ်
ပွင့်ကိုနှုတ်ခမ်းပါးထက်ချိတ်ဆွဲလိုက်တယ်။

"အိုက်ယား နောက်ဆုံးတော့ကောညီမလေးတောင်
လက်ထပ်တော့မှာပဲ "

"ဟီး မီနာတို့ဒီကပြန်သွားပြီးမကြာဘူး
သူကင်္မီနာ့ကိုလက်ထပ်ခွင့်တောင်းခဲ့တာ
အစတုန်းကတော့နောက်နှစ်လောက်မှပဲလက်ထပ်ကြမယ်လို့စီစဉ်ထားတာ
ဒါပေမဲ့သူကနောက်လဆိုပြင်သစ်ကိုပညာတော်သင်သွားမှာမို့
မီနာ့ကိုပါခေါ်သွားချင်တယ်တဲ့လေ
အဲ့ဒါနဲ့ပဲလူကြီးတွေကိုပြောပြီးအခုလိုပဲအမြန်စီစဉ်
ဖြစ်သွားတာ"

ချစ်တဲ့သူနဲ့ပေါင်းရမှာမို့ပျော်နေတဲ့ညီမဖြစ်သူကိုကြည့်ပြီးရှောင်းကျန့်နောက်တစ်ကြိမ်ပြုံးမိပြန်တယ်
ဒ်ီတစ်ခါတော့နှလုံးသားတစ်ခုလုံးကြေမွသွားသလို
ခါးသက်မှုတွေရောတယ်
ဒီလိုဖြစ်လာမဲ့နေ့ကိုထိုင်စောင့်နေခဲ့တာဆိုပေမဲ့
တကယ်ဖြစ်လာတော့လည်းသေမလိုနာကျင်နေပြန်တယ်တဲ့

"မင်္ဂလာပွဲကဟိုမှာပဲလုပ်မှာ
ကောကအလုပ်များနေတာဆိုတော့ ပွဲမတိုင်ခင်
တစ်ရက်လောက်ကျလာခဲ့လေ မလာလို့မရဘူး
နော်ကော ကောမလာရင်မင်္ဂလာမဆောင်ဘူး
တကယ်ဆိုတစ်ခါတည်းတောင်ခေါ်သွား
ချင်တာ ကောအဆင်ပြေမှာစိုးလို့သာ"

"ဟုတ်ပါပြီ ကောလာခဲ့မှာပါ ကောညီမလေးရဲ့
မင်္ဂလာပွဲကိုမလာလို့ဘယ်ဖြစ်မလဲ
ဟုတ်တယ်မလား"

"လာမယ်ဆိုလည်းပြီးတာပါပဲ အဲ့တာဆိုမီနာပြန်
တော့မယ်ကော"

ရှောင်းကျန့်ကတော့ပန်းနုရောင်ဖိတ်စာလေးကို
ငေးလို့မျက်ရည်တစ်ချို့ပါးပြင်ပေါ်ဖြတ်သန်းတယ်
နှလုံးသားရဲ့အနက်ဆုံးအပိုင်းကလာတယ်ထင်ပါရဲ့
နာကျင်မှုတွေကမျက်ရည်တစ်စက်ကျတိုင်း
တရိပ်ရိပ်လှိုက်တက်နေတော့တာ။

ခပ်ကျယ်ကျယ်ဘုရားကျောင်းဝန်းအတွင်းမှာရှိတဲ့
ဆာကူရာပင်တွေကဘုရားကျောင်းအတွင်းက
အပြည့်စုံဆုံးသောလူငယ်လေးနဲ့မိန်းမငယ်လေးတို့
ရဲ့ပေါင်းစည်းခြင်းကိုချီးမြှောက်တဲ့အနေနဲ့ပွင့်ဖတ်
လေးတွေဖြန့်ကျဲလို့ဂုဏ်ပြုနေဟန်

ရှောင်းကျန့်ကဆာကူရာပင်အောက်မှာကြွေလွှင့်
နေတဲ့ပွင့်ဖတ်လေးတွေကိုငေးရင်း
အထဲဝင်ဖို့ကိုတွန့်ဆုတ်နေမိတယ်။
ကိုယ်မဟုတ်တဲ့တစ်ခြားတစ်ယောက်ရဲ့လက်ကို
ဆုပ်ကိုင်ရင်းအကြင်နာခြွေနေမဲ့တစ်စုံတစ်ယောက်
ကိုဘာမှမဖြစ်သလိုခပ်ပြုံးပြုံးကြည့်ရင်း
ဒီလူဟာအခြားလူတစ်ယောက်ရဲ့ပိုင်ဆိုင်မှုဖြစ်သွား
ပါလားဆိုပြီးဝမ်းသာအာရအသိအမှတ်ပြုပေးနိုင်
မှာမဟုတ်သလိုကိုယ်ကိုယ်တိုင်ကျောင်းပေးခဲ့တဲ့
လမ်းဖြစ်တာမို့မျက်နှာပြဖို့လည်းမဝံ့ရဲ၊
ဘယ်လိုပဲမီနာဖြစ်စေဦးတော့သူအားလုံးလက်
လျှော့ပေးခဲ့ပြီပဲ
ဒီမြင်ကွင်းကိုအပြုံးတုကြီးချိတ်ပြီးအများနည်းတူ
သြဘာမပေးနိုင်တာတော့သူမလွန်ဘူးမဟုတ်လား။

အထဲမဝင်တော့ဖို့ဆုံးဖြတ်လိုက်ပြီးအပြင်ဘက်
မှန်ပြတင်းပေါက်နေတစ်ချက်ကပ်ကြည့်လိုက်တယ်

အဖြူရောင်ဂါဝန်ရှည်လေးနဲ့ ပါးရဲ့လက်ကိုတွဲပြီး
ဝင်လာတဲ့မီနာကတကယ့်ကိုတောက်တောက်ပပ
လှနေခဲ့တာပင်
ပြတင်းပေါက်ကသတိုးသားကျောခိုင်းထားတဲ့ဘက်
မို့မျက်နှာမမြင်ရပေမဲ့လည်းအနည်ငယ်ပိုကျယ်ပြန့်လာတဲ့နောက်ကျောလေးကတောင်ပြောစရာမရှိ
အောင်ပြည့်စုံနေလိုက်တာ

ဘယ်လိုပဲစိတ်ကိုတင်းထားပါစေခံစာချက်တွေ
ပြင်းထန်လာတဲ့ရှောင်းကျန့်ကမစဲနိုင်အောင်ကျဆင်းလာတဲ့မျက်ရည်တွေနဲ့အတူလှည့်ထွက်လာခဲ့တယ်

လှည့်ထွက်လာခဲ့တဲ့ခြေလှမ်းတွေကအရင်တစ်ခါက
လိုပဲခါးကိုလာရစ်နွယ်တဲ့ခပ်နွေးနွေးလက်တစ်စုံ
ကြားမှာရပ်တန့်ကုန်တယ်

"ကိုကို"

"ထပ်ပြီးတော့ဘယ်ကိုများထွက်ပြေးဦးမလို့လဲ
ကိုကိုရယ်
ဒီလောက်တောင်ထွက်ပြေးနေတာမမောသေးဘူး
လား ဟင်"

ရှောင်းကျန့်အထိတ်တလန့်လှည့်ကြည့်မိတော့
ရိပေါ်ကအဖြူရောင်သတို့သားဝတ်စုံနဲ့မဟုတ်ပဲ
အမဲရောင်အနောက်တိုင်းဝတ်စုံလေးနဲ့ခန့်ငြား
ချောမောစွာရှိနေတယ်

"ညီမကိုအဲ့လောက်တောင်နှမြောလားကိုကို ဟင်"

ခပ်နွေးနွေးလက်ချောင်းရှည်လေးတွေနဲ့
မျက်မှောင်လေးတွေကျုံ့လို့ရိပေါ်ကသူ့ကိုမျက်ရည်
တွေသုတ်ပေးနေခဲ့တယ်

အဲ့တာဆိုသူခုနကတွေ့ခဲ့တာဘယ်သူလဲ။
ရှောင်းကျန့်စဉ်းစားလို့မရတော့မျက်မှောင်တွေစုကျုံ့လာတယ်

"ဟော ဘယ်လိုဖြစ်လို့မျက်မှောင်ကြီးကျုံ့လာရပြန်
တာလဲ"

ပြောရင်းနဲ့ရိပေါ်ကရှောင်းကျန့်ရဲ့မျက်ခုံးနှစ်ခုကြားကိုလက်ကလေးနဲ့ဖြေလျှော့ပေးတယ်

"ကိုယ့်ကိုရှင်းပြစရာမရှိဘူးလား ရိပေါ်"

"ကိုကိုနားထောင်ချင်ပြီပေါ့
ကိုကိုနားထောင်ချင်ပြီဆိုရင် ကျွန်တော့်စီမှာကိုကို့
ကိုပြောပြစရာတွေအများကြီးရှိပါတယ်"

"ပြောရမယ်ဆိုကိုကိုနိုင်ငံခြားကိုထွက်သွားတဲ့အချိန်
ကစရမှာပဲ ကျွန်တော်ကိုကို့ကိုစောင့်နေခဲ့ပေမဲ့
ကိုကိုပြန်မလာခဲ့ဘူးေ  နိုင်ငံခြားကိုထွက်သွားတာတောင်တော်တော်ကြာမှသိခဲ့ရတာ ကျွန်တော်မီနာ့ကိုအားလုံးအမှန်အတိုင်းပြောပြလိုက်တယ်
မီနာကသူအားလုံးသိပြီးသားပါဆိုပြီးပြောတော့
ကျွန်တော်တောင်တော်တော်အံ့သြသွားတာ"

"မီနာကကိုယ်တို့အကြောင်းကိုဘယ်လိုလုပ်ြီးိသိသွားတာလဲ"

"စေ့စပ်ပွဲညကကျွန်တောတို့စကားပြောနေတာကိုသူကြားခဲ့တယ်တဲ့ ဒါပေမဲ့ကျွန်တော့်ကိုသူသဘောကျတာကြောင့်ဒီအတောအတွင်းကြိုးစားကြည့်ပါရစေဆိုပြီးပြောတယ် အမှန်အတိုင်းပြောရရင်
ကျွန်တော်ကိုယ်တိုင်လည်းကိုကို့ကိုမေ့နိုင်ဖို့ကြိုးစား
ကြည့်ခဲ့တယ် ဒါပေမဲ့လည်းနောက်ဆုံးတော့
ဘယ်လိုမှမဖြစ်နိုင်မှန်းကိုသူရောကျွန်တော်ပါ
နှစ်ယောက်လုံးလက်ခံလိုက်ရတယ်
နောက်တော့သူလည်းသူ့ကိုတကယ်ချစ်တဲ့သူကို
ရှာတွေ့သွားခဲ့တယ် မိဘတွေကိုလည်းနားလည်အောင်မီနာပဲပြောပေးခဲ့တာ
ကိုကိုကသာအပြေးကောင်းနေခဲ့တာ"

"ကိုယ်တကယ်မသိခဲ့ဘူး
အဲ့တာကိုဘာလို့ဟိုတစ်ခေါက်တုန်းကကိုယ့်ကိုမ
ပြောပြခဲ့တာလဲ"

"ကိုကိုကအပြောမခံခဲ့တာမဟုတ်ဘူးလား"

ရှောင်းကျန့်ကိုယ့်ကိုယ်ကိုယ်ပဲမသေမချင်းရိုက်သက်ချင်လာတယ်
သူတကယ်ကိုနာကျင်ရမှာစိုးလို့ဆိုပြီးရိပေါ်ကိုပိုနာကျင်ရအောင်လုပ်ခဲ့မိတာပဲ

"ကျွန်တော်ကတော့အခက်အခဲတွေကိုရင်ဆိုင်ပြီး
ခက်ခက်ခဲခဲနဲ့ကိုကို့စီလာခဲ့ပေမဲ့ကိုကိုကတော့
တစ်ချက်လှည့်မကြည့်ပဲထပ်ထားသွားတယ်"

"ဘယ်လိုလဲကိုကို ကိုယ့်ကိုထားခဲ့တဲ့သူရဲ့နောက်
ကျောကိုကြည့်ရတာနာကျင်ရတယ်မလား"

မျက်ရည်လေးတွေတလိမ့်လိမ့်စီးကျနေတဲ့ရိပေါ်ကို
ကြည့်ပြီးသူလည်းမျက်ရည်ဥတွေမျက်ဝန်းမှာခို
တွဲရပြန်တယ်

"ကိုယ် ကိုယ်တောင်းပန်ပါတယ်ကလေးရယ်
ကိုယ်တကယ်ကို"

သူကိုယ်တိုင်လည်းရင်ထဲမှာမြိုသိပ်ထားခဲ့ရတဲ့ခံစား
ချက်တွေကများတာမို့ဆက်မပြောနိုင်လောက်အောင်ရင်ထဲတစ်စို့လာရတယ်

"ကိုကိုသိလား ကျွန်တော်ကအဲ့လို့မျိုးကိုကို့ကျော
ပြင်ပိုနှစ်ခါတောင်ရပ်ကြည့်နေခဲ့ရတာ"

တသိမ့်သိမ့်တုန်နေတဲ့ခန္ဓာကိုယ်လေးကိုရင်ခွင်ထဲ
ဆွဲသွင်းပြီး

"တော်ပါတော့ ကလေးရယ်မငိုပါနဲ့တော့
အားလုံးကိုကို့အပြစ်တွေပါ ကိုကိုမကောင်းတာပါ
တောင်းပန်ပါတယ် မငိုနဲ့တော့နော် "

ချော့မြူခံရတော့မှပဲရိပေါ်ကရှောင်းကျန့်ရင်ထဲမျက်
နှာအပ်ရင်းပိုလို့ပင်ရှိုက်ကြီးတငင်ကိုငိုတော့တယ်

"ကိုကိုကျွန်တော့်စီကထပ်ပြီးထွက်မပြေးတော့ဘူးမ
လားဟင်"

ခပ်ရှည်ရှည်လက်ချောင်းလေးတွေကိုတင်းတင်း
ကျပ်ကျပ်ဆုတ်ကိုင်လို့ခုံတန်းလေးပေါ်ကဆင်းပြီး
ရိပေါ်ရှေ့ဒူးထောက်ရင်း

"ဟင့်အင်း ဘာတွေပဲဖြစ်လာဖြစ်လာကိုကိုက
ဒီလက်တွေကိုဘယ်တော့မှမလွှတ်ပဲဆုပ်ကိုင်ထားမယ် ကလေးစိတ်ညစ်လောက်အောင်ကိုအနားမှာတွယ်ကပ်နေမယ် အခက်အခဲတွေကြုံလာရင်လည်းကိုကိုကပဲကာကွယ်ပေးပါ့မယ်
ကိုကို့ကိုခွင့်ပြုမယ်မလားဟင်"

ဘုရားကျောင်းထဲကသင်းအုပ်ဆရာရဲ့အကြင်သူနှစ်
ဦးအကြင်နာပေးနိုင်ပါပြီဆိုတဲ့စကားနဲ့အတူ
ရိပေါ်ရဲ့ခပ်ဖောင်းဖောင်းနှုတ်ခမ်းလေးကလည်း
မှဲ့နက်ကလေးတစ်လုံးပနံသင့်စွာဝန်းရံထားတဲ့
ခပ်ရဲရဲနှုတ်ခမ်းပါးလေးတွေစီနားခိုလို့၊

အထိမ်းအမှတ်ပြုစရာလက်စွပ်တစ်ကွင်းမပါပေမဲ့
ဆာကူရာပွင့်ဖတ်လေးတွေကအသိသက်သေအဖြစ်
တစ်ဖွဲဖွဲကြွေကျပေးရင်း၊

အေးစက်အထီးကျန်တဲ့နွေဦးတွေကိုအဓိပ္ပာယ်မဲ့ခြင်း
ှုတွေနဲ့ကျာ်ဖြတ်ပြီးနောက်
ဒီနှစ်နွေဦးကတော့နူးညံ့ချိုမြိန်တဲ့အနမ်းတွေနဲ့နွေးထွေးတဲ့ပန်းနုရောင်ချစ်ခြင်းတွေ၊
နောက်ထပ်ဘယ်တော့မှမဖြုတ်တော့မဲ့တွဲလက်တွေနဲ့Tokyoတစ်မြို့လုံးအရောင်စုံလို့ပန်းရနံ့ရောတဲ့ချစ်ခြင်းရနံ့တွေမွှေးပျံ့ထုံသင်းနေတော့မည်။

~~~~~~~~~~The End~~~~~~~~~~

###ကဲ ပြီးဆုံးသွားပါပြီ။
နောက်ဆုံးအထိရှိပေးခဲ့ကြတဲ့တစ်ဉ်ီးတစ်ယောက်
ခြင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်....
ကိုယ့်ရဲ့လိုအပ်ချက်တွေအတွက်လည်း
sorryပါရှင်....
Bye Bye🙋‍♀️

Continue Reading

You'll Also Like

47.5K 3.2K 16
Yizhan(BJYX) แ€™แ€ฑแ€แ€นแ€แ€ฌแ€›แ€•แ€บแ€แ€ถแ€แ€ผแ€„แ€บแ€ธโ—โ— แ€€แ€ปแ€ฑแ€ธแ€‡แ€ฐแ€ธแ€•แ€ผแ€ฏแ€•แ€ผแ€ฎแ€ธ Juneแ€›แ€ฒแ€ท fiction แ€€แ€ญแ€ฏ แ€แ€แ€ผแ€ฌแ€ธ mediaแ€™แ€ปแ€ฌแ€ธแ€€แ€ญแ€ฏแ€œแ€ฏแ€ถแ€ธแ€ แ€™share แ€€แ€ผแ€•แ€ซแ€”แ€ฒแ€ทแ‹ แ€กแ€™แ€พแ€ญแ€ฏแ€€แ€บแ€œแ€ญแ€ฏ แ€šแ€ฑแ€ฌแ€€แ€บแ€€แ€ปแ€ฌแ€บแ€ธ!!!แ€žแ€ฐแ€ทแ€šแ€ฑแ€ฌแ€€แ€ปแ€ฌแ€บแ€ธแ€€ แ€กแ€›แ€ญแ€•แ€บ...
375K 12.6K 74
๐›๐จ๐จ๐ค ๐จ๐ง๐ž. gilmore girls universe. ๐™š | B L U E ห–โบโ€งโ‚Šหšโ™กหšโ‚Šโ€งโบห– โ”€โ”€โ”€ blue eyes like the sea on a cold, rainy day โ ๐˜‰๐˜“๐˜œ๐˜Œ ๐˜Œ๐˜ ๐˜Œ๐˜‹ ๐˜‰๐˜Œ๐˜ˆ๐˜œ๐˜›๏ฟฝ...
296K 14.5K 94
Riven Dixon, the youngest of the Dixon brothers, the half brother of Merle and Daryl dixon was a troubled young teen with lots of anger in his body...
240K 16.7K 25
**Wang Yibo*** **Xiao Zhan***