~ zawgyi ~
ရာသီစက်ဝန်းကနောက်ထပ်တစ်ပတ်ပြန်လည်တဲ့
အချိန်မှာတော့ရှောင်းကျန့်ကတရုတ်ပြည်ရဲ့ထိပ်
တန်းစီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်နေခဲ့ပြီ။အဲ့ဒီ့နေ့ကသူရိပေါ်နဲ့တွေ့ပြီးတော့ရှောင်ပြေးချင်တဲ့
စိတ်ကသာကြီးစိုးနေခဲ့တာမို့သူဝယ်ထားတဲ့တိုက်
ခန်းကိုထွက်သွားပြီး ရိပေါ်မပြန်သေးရင်ဆိုတဲ့စိတ်နဲ့
တစ်ပတ်လောက်နေနေခဲ့တယ်တကယ်လည်းသူပြန်တဲ့အချိန်မှာရိပေါ်ရှိမနေခဲ့တော့မွန်းကြပ်မှုအချို့ကိုခံစားရပြန်တယ်
ရိပေါ်အပေါ်မှာသူရက်စက်ရာကျမှန်းသိပေမဲ့လည်း
ဒီလိုမှမလုပ်ရင်ရိပေါ်ပဲပိုပြီးနာကျင်ရလိမ့်မည်။အခုတော့အားလုံးကပြီးဆုံးသွားခဲ့ပါပြီ။
သူပေကျင်းမှာပဲရှိနေပေမဲ့လည်းသူ့သဘောထားကို
ကောင်းကောင်းနားလည်သွားတယ်ထင်ပါတယ်
ရိပေါ်ကသူ့ကိုထပ်ပြီးမဆက်သွယ်လာတော့ဘူး။
အခုအချိန်တော့ရိပေါ်လည်းအဆင်ပြေနေလောက်
ပါပြီ။
မင်းကိုရက်စက်ခဲ့တဲ့ကိုယ့်ကိုယ်မေ့ပြီးပျော်ပျော်နေပါကလေးရေ။
မင်းပျော်နေမှကိုယ်လည်းနောင်တမရပဲအဆင်ပြေ
နိုင်မှာမို့။
ကိုယ်ကတော့မင်းကိုချစ်နေပြီးတော့ပဲတစ်သက်လုံး
နာကျင်ရင်းအပြစ်ဒဏ်ခံယူပါ့မယ်။"ဥက္ကဌ အမျိုးသမီးတစ်ယောက်ကတွေ့ခွင့်
တောင်းနေပါတယ်
မီနာကိုလို့ပြောပါတယ်""ဝင်ခိုင်းလိုက်ပါ"
ရှောင်းကျန့်ကအခန်းထဲဝင်လာတဲ့ညီမဖြစ်သူကို
မူပိုင်အပြုံးလေးနဲ့နှုတ်ဆက်လိုက်တယ်"မီနာ ဘယ်တုန်းကရောက်လာတာလဲ
ကောကိုဖုန်းကြိုမဆက်တာမဟုတ်ဘူး
ကောလာကြိုမှာပေါ့""အိုက်ယား ဒီလောက်အလုပ်များတဲ့ဥက္ကဌရှောင်း
ကိုလာမကြိုခိုင်းရဲပါဘူးနော်""ဟား ဟုတ်ပါပြီ် ဆိုပါဦးမပြောမဆိုနဲ့ပေကျင်း
ရောက်လာတဲ့ကိစ္စ"မီနာကအိတ်ထဲကပန်းနုရောင်စဖိတ်စာလေးကို
ရှောင်းကျန့်ရှေ့ကိုတိုးပေးတယ်
စားပွဲပေါ်ကဖိတ်စာလေးကိုကြည့်ရင်း
ရင်ထဲကလှိုက်တက်လာတဲ့နာကျင်မှုတွေကိုမသိ
ချင်ယောင်ဆောင်ရင်းလှိုက်လှိုက်လှဲလှဲအပြုံးတစ်
ပွင့်ကိုနှုတ်ခမ်းပါးထက်ချိတ်ဆွဲလိုက်တယ်။