~ zawgyi ~
ဒီနေ့ရိပေါ်တို့ပြိုင်ပွဲနေ့
အိပ်ယာနိုးနိုးချင်းအသည်းအသန်ယူကြည့်မိတဲ့ဖုန်း
မှာဘာတစ်ခုမှရှိမနေခဲ့တာကြောင့်စိတ်ကြည်လင်
မနေခဲ့နောက်တစ်ခုကတော့ နည်းပြဖြစ်တဲ့ရှောင်းကျန့်ကို
အရိပ်အရောင်လေးတောင်မမြင်ရသေးတာကြောင့်
ပင်ဒီနှစ်ချက်ကရိပေါ်ရဲ့မျက်ခုံးတန်းတွေကိုအလိုမကျ
မှုတွေနဲ့စုကျုံ့နေစေတာဖြစ်တယ်ပွဲစတဲ့အချိန်မှာတော့ရိပေါ်ကပွဲအပေါ်မှာပဲအာရုံ
စိုက်ထားတယ်
ရိပေါ်တို့အဖွဲ့ကအားလုံးလူတော်တွေပဲစုနေတာမို့
တစ်ဖက်အသင်းကိုအနိုင်ရပြီး
နောက်ဆုံးပွဲစဉ်ကိုတက်ခွင့်ရခဲ့တယ်ရိပေါ်ကတော့အားလုံးနည်းတူပျော်ရွှင်မနေဘူး
ပြီးပြည့်စုံတဲ့နေ့တစ်နေ့ကိုဖန်တီးပေးတဲ့
အရာတွေကလစ်ဟာနေတဲ့အခါတစ်နေ့တာဟာ
တကယ်ပဲကျက်သရေကင်းမဲ့တယ်ဘာမဟုတ်တဲ့အကျင့်လေးတစ်ခုကရက်အနည်း
ငယ်အတွင်းမှာမသိမသာစွဲသွားတတ်တယ်
စောင့်ရတာကိုမုန်းတဲ့ကောင်လေးကတစ်စုံတစ်ခု
ကိုမျှော်ရတာကိုတော့အကျင့်ဖြစ်နေခဲ့ပုံပါပဲဒီနေ့တော့စာတိုလေးတစ်စောင်တင်မဟုတ်ပဲ
အပြုံးလှလှနဲ့ကောင်လေးတစ်ယောက်ရယ်
ပန်းစည်းလေးနဲ့ကတ်ကလေးတစ်ခုပါ
ပေါ်မလာတဲ့အခါ
ပါးမို့မို့လေးတွေနဲ့အပြုံးလှလှလေးတစ်ခုလည်း
ကွယ်ပျောက်နေခဲ့တယ်နောက်ဆုံးပွဲစဉ်ဖြစ်တဲ့အပြင်တစ်ဖက်ကျောင်းက
ပြိုင်ရမဲ့အသင်းကလည်းတော်တဲ့သူတွေဖြစ်တာ
ကြောင့်နှစ်သင်းလုံးကလက်ရည်တူနေတဲ့အခါပိုလို့
ပင်ပန်းတယ် ပွဲစဉ်ပထမပိုင်းနားတဲ့အထိနှစ်ဖက်
လုံးကအမှတ်တူနေတာကြောင့်
ကြည့်ရှုသူတွေအတွက်တော့စိတ်ဝင်စားစရာ
ကောင်းတဲ့ပွဲတစ်ခုပဲပွဲချိန်ပြီးခါနီးတစ်မိနစ်အလို
ရိပေါ်တို့ကိုတစ်ဖက်အသင်းကတစ်မှတ်အသာစီး
ရထားတယ်
စက္ကန့်နှစ်ဆယ်
ရိပေါ်လက်ထဲကိုဘောလုံးရောက်လာတယ်
ဒါကရိပေါ်တို့အသင်းရဲ့နောက်ဆုံးမျှော်လင့်ချက်
လည်းဖြစ်တယ်