~ zawgyi ~
ပထမဆုံးဒိတ်အတွက်ရှောင်းကျန့်ကရိပေါ်ကို
စတွေ့ခဲ့တဲ့ Hamarikyu garden
ကိုခေါ်လာခဲ့တယ်
သူ့နှလုံးသားကိုလေညှင်းလေးတွေနဲ့အတူခိုးယူသွား
တဲ့အဖြူရောင်ကောင်လေးတစ်ယောက်အကြောင်း
ကိုပြောပြမယ်ဆိုတဲ့စိတ်ကူးလေးနဲ့နွေဦးနှောင်းပိုင်းမို့အဝါရောင် Nanohana
ပန်းခင်းကြီးကိုမမြင်ရတော့ပေမဲ့
ပန်းရောင် Peony ပန်းတွေကအစားထိုးပွင့်ဝေနေ
ကြပြီ"ကိုကို "
"ဟင်"
"ဒီကိုလာဖို့ ဘယ်လိုစိတ်ကူးရသွားတာလဲ"
"အင်း ဒီနေရာကကိုယ်တို့ချစ်သူဖြစ်ရင်ရိပေါ်ကို
ကျိန်းသေပေါက်ခေါ်လာမယ်လို့အရင်ထဲကတွေး
ထားခဲ့တာမို့""ဘာလဲ ကိုကိုကကျွန်တော်ဒီကိုမရောက်ဖူးဘူး
ထင်လို့လား""ဟင့်အင် မထင်ပါဘူး ရိပေါ်ဒီကိုရောက်ဖူးပါတယ်
အရင်လကတောင်တစ်ခေါက်ရောက်သေးတယ်မလား""ကိုကိုဘယ်လိုသိလဲ"
ရိပေါ်ကမျက်ခုံးလေးတွေကျုံ့လို့မေးတယ်
"အဲ့ဒီတုန်းကကိုယ့်ရဲ့ပျောက်ဆုံးနေတဲ့နှလုံးသားလေးကိုအဝါရောင်ပန်းတွေကြားမှာရှာတွေ့ခဲ့တာ"
ရိပေါ်ကမျက်လုံးဝိုင်းလေးတွေနဲ့အံ့သြ
သွားသလိုပါးစပ်ကလေးဟလို့"ကိုကိုကျွန်တော်ကိုအဲ့ဒီတုန်းကတွေ့ခဲ့တာလား"
ရှောင်းကျန့်ကပြုံးရင်းခေါင်းညိတ်ပြတော့ရိပေါ်
ကပါးဖြူဖြူလေးတွေမို့တက်တဲ့အထိသဘောတကျ
ရယ်တယ်"ကျွန်တော်တို့ကဖူးစာပါတာပဲကိုကိုရဲ့"
ရိပေါ်ပြောရင်းဖုန်းလေးကိုဖွင့်ပြီးရှောင်းကျန့်ရှေ့ထိုး
ပြတယ်"ဒီမှာကြည့်"
"ဟမ် ဒါကိုယ်လား"
"သေချာတာပေါ့ ကိုကိုမဟုတ်လို့ဘယ်သူရှိရဦးမှာလဲ"
"ကိုကိုသိလား ကျွန်တော့်ဖုန်းထဲမှာပထမဆုံးနေရာ
ယူဖူးတဲ့လူတစ်ယောက်ရဲ့ဓာတ်ပုံကကိုကို့ပုံပဲ"