Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

လောကမှာ မမြင်နိုင်တဲ့အရာတွေ အများကြီးရှိတယ် ကိုယ်ကမမြင်ရတာနဲ့ပဲ မရှိဘူးလို့ပြောလို့မရဘူး အက်မမြင်ရတဲ့ အရာတွေက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part-14 ~ It's hurt

13.8K 1.3K 51
By yoon_085

Mysterious Love

Unicode

~~~~~ ဒေါက် ~~~~ ဒေါက် ~~~~

တံခါးခေါက်သံကြောင့်ရိပေါ် ဘယ်လိုမှဆက်အိပ်လို့မရဘဲနိုးလာတော့ သူ့လက်မောင်းကထုံပြီးကျင်နေတာမို့ဘေးကို ကြည့်လိုက်တော့ သူ့လက်မောင်းပေါ်ခေါင်းတင်ကာ တစ်ကိုယ်လုံးသူ့ရင်ခွင်ထဲရောက်နေတဲ့ရှောင်ကျန့်...

သူမနေ့ညကအကြောင်းပြန်စဉ်းစားတော့ ညကမူးမူးနဲ့ ရှောင်ကျန့်ကသူ့ကိုလာဆွဲဆောင်တာကြောင့် သူစိတ်ပါသွားမိတာ

" မန်နေဂျင်း မန်နေဂျင်း ''

ဇီယီကအခန်းတံခါးကိုထုနေတာကြောင့် ရှောင်ကျန့်ပါနိုးလာတယ် သူနိုးလာတော့သူ့ကျောပြင်တစ်ခုလုံးကလစ်ဟာနေတာ မို့လို့ မျက်လုံးကိုဖွင့်ကြည့်လိုက်တော့

' ကျက်သရေတုံးကောင်? ' သူမျက်လုံးများမှားကြည့်တာလား လို့သေချာပွတ်ကြည့်လိုက်တော့ကျက်သရေတုံးကောင်မှ ကျက်သရေတုံးကောင်အစစ်

" မင်းဘယ်လိုဖြစ် အွန်း အွန်း ''
ရှောင်ကျန့်ကအသံကျယ်ကြီးနဲ့အော်လိုက်တာမို့ရိပေါ်က
အမြန်ပဲ ရှောင်ကျန့်ပါးစပ်ကိုလက်နဲ့အုပ်လိုက်ရတယ် ။

" တိုးတိုးနေ အပြင်ကလူတွေကြားသွားလို့ ငါတို့နှစ်ယောက်လုံးကိုမြင်ရင်အရှက်ကွဲသွားမယ် မင်းကအရှက်ကွဲချင်နေလို့လား''

" အွန်း....အွန်း ''

" အ့ ''

ရှောင်ကျန့်ကရိပေါ်ရဲ့လက်ကိုကိုက်လိုက်ပြီး သူ့ပါးစပ်ကိုပိတ်ထားတဲ့လက်ကိုဖယ်လိုက်တယ်

"ထွီ မင်းရဲ့ရွံစရာလက်ကြီးနဲ့ ''

" မန်နေဂျင်းနိုးနေပြီလားအောက်ထပ်မှာမန်နေဂျင်းကို မနက်စာစားဖို့စောင့်နေတာ ''

" အာ....စားနှင့်လိုက်ကြပါ ကျွန်တော်မဆာသေးလို့ ပြီးမှပဲဆင်းခဲ့လိုက်တော့မယ် ''

"ဟုတ်ကဲ့...''

"တော်သေးတာပေါ့ညကဂျက်ချလိုက်မိလို့ ''

ဇီယီအောက်ထပ်ထွက်သွားတဲ့အသံကြားတော့မှ ရှောင်ကျန့်အိပ်ရာပေါ်ကနေဆင်းဖို့လုပ်တော့ အောက်ကမြှီးညှောင့်ရိုးကနာလို့မရပ်နိုင်ဘဲကုတင်ပေါ်က နေပြုတ်ကြသွားတယ် ။

ရိပေါ်ကကုတင်စောင်းကိုမှီကာထူးဆန်းစွာပြုမူနေတဲ့ ရှောင်ကျန့်ကိုကြည့်လိုက်တယ် ။

" အခုမှလာရှက်မနေနဲ့ မနေ့ညတုန်းကကောင်းလိုက်တာ ဟိုနားလေးလုပ်ပေး ဒီနားလေးလုပ်ပေးနဲ့အော်နေပြီး..''

"ပါးစပ်ပိတ် ငါညကမူးနေတာကို ငါ့ကိုအခွင့်ကောင်းယူသွားတာမလား ခွေးကောင် ''

ရိပေါ်ကုတင်ပေါ်ကဆင်းလာပြီးရှောင်ကျန့်နားကို
လျှောက်လာတာမို့လို့ ဘာအဝတ်မှမကပ်တဲ့ရှောင်ကျန့်လဲ စောင်ကိုဆွဲယူလိုက်ပြီးအုပ်လိုက်တယ် ဝမ်ရိပေါ်ကတော့ boxer တစ်ထည်နဲ့မို့လို့ရှောင်ကျန့်မှာ အကြည့်လွှဲထားရတယ်

" မင်းအဲ့လိုပဲထိုင်နေတော့မှာလား ''
ရိပေါ်ကမေးတော့ရှောင်ကျန့်ကမလိုဟန်နှာခေါင်းရူံ ပြလိုက်တယ်ရုတ်တရက်ဝမ်ရိပေါ်က ရှောင်ကျန့်ကိုကောက်ပွေ့လိုက်တော့ ရှောင်ကျန့်ကယောင်ပြီးသူ့လက်နှစ်ဖက်နဲ့ စောင်ကိုအတင်းဆွဲခြုံထားတယ်

" မင်းကိုဘာမှမလုပ်ဘူး မင်းလမ်းမလျှောက်နိုင်ဘူးမို့လား အဲ့ဒါကြောင့်ငါကရေချိုးခန်းထဲလိုက်ပို့မလို့ ''

' ချီးပဲ ညကခွေးကောင် ဘယ်လောက်တောင်ကြမ်းထားလဲ မသိဘူးမတ်တပ်ရပ်လို့တောင်မရဘူး ခါးကနာနေတာ စောက်ကောင်းကြိုးမပေးတဲ့အရက်နောက်ဆို ​မသောက်တော့ဘူး သောက်ခွေးကောင်ကလဲငါမူးတာကို အခွင့်ကောင်းကယူလိုက်ရသေး '

"စိတ်ထဲကနေကြိမ်ဆဲမနေနဲ့ညကငါလဲလုပ်ချင် လို့လုပ်တာမဟုတ်ဘူးမင်းကစဆွဲဆောင်လို့ဖြစ်တာ ''

" ဘာ ! ငါကစဆွဲဆောင်တာဟုတ်လားလူစကားပြော ဟေ့ကောင် ''

" အခုလဲလူစကားပြောနေတာပဲလေ ''

ရိပေါ်ကရေချိုးကန်ထဲကိုရှောင်ကျန့်ကိုချပေးလိုက်ပြီး ရေမပူမနွေးလေးစပ်ပေးလိုက်တယ် ။

" ငါအရင်အောက်ကိုဆင်းနှင့်လိုက်မယ် တော်ကြာငါတို့
နှစ်ယောက်လုံးပျောက်နေရင်အားလုံးက ငါတို့ကိုတမျိုးထင်နေဦးမယ် ''

ရိပေါ်ကရှောင်ကျန့်ကိုရေချိုးကန်ထဲကို သေချာချပေးပြီးမှရေချိုးခန်းထဲကထွက်သွားတယ် ။

တခါတလေဘဝင်ရူးကောင်ကလဲမထင်မှတ်ထားလောက် အောင်ကို ဂရုစိုက်တက်သေးတာပဲ ဘာလို့များကျဲနဲ့ပြတ်သွားတာလဲလို့တောင် ရှောင်ကျန့်တွေးမိသေးတယ် ။

" ဒါနဲ့ခေါင်းဆောင်ဝမ်ရော ''

" ခေါင်းဆောင်ဝမ်လဲ အခန်းထဲမှာမတွေ့ဘူးအပြင်ပဲ
ထွက်သွားလားမသိဘူး ''

"ကျွန်တော်ရေချိုးခန်းထဲဝင်နေလို့မတွေ့မိတာထင်တယ် '' ထမင်းစားခန်းထဲမှာစကားပြောနေကြတဲ့အုပ်စုဆီရိပေါ် လျှောက်သွားလိုက်တယ်

" အာ...ဟုတ်ကဲ့ ''

"ခေါင်းဆောင်ဝမ်ရော ထမင်းစားမလား ''

" ရတယ် ကျွန်တော်ကော်ဖီပဲသောက်လိုက်တော့မယ် ''

"ဝမ်ရိပေါ် ''
အိမ်ထဲကိုအာကျယ်အာကျယ်နဲ့ရိပေါ်ရဲ့နာမည်ကိုခေါ်ပြီး ဝင်လာတယ် ။

" အာ မနက်စာစားနေကြတာလား ''

" ဘာလာလုပ်တာလဲ ဝမ်ဟောက်ရွှမ်း ''

" မန်နေဂျင်းခေါ်ထားလို့ပါ သူ့ခြံထဲကရေကူးကန်က ညစ်ပတ်နေပြီဆိုလို့ သန့်ရှင်းရေးလုပ်ခိုင်းဖို့ လူခေါ်လာပေးတာမင်းကလဲကွာသူငယ်ချင်းလာတာကို မကြိုဆိုတဲ့အပြင် နှင်ထုတ်မယ့်ဆိုက်ကြီးနဲ့ ''

" ဟောက်ရွှမ်းရော ထမင်းစားမလား ''

" အာ...ကျေးဇူးတင်တာပေါ့ ''

ရိပေါ်ကတော့ဟောက်ရွှမ်းနဲ့တွေ့ရင် အတိတ်ကိုပြန်ပြန်ဖော်နေမှာစိုးလို့ ခြံထဲထွက်လာလိုက်တယ်

" ရန်ဖေးရောရှောင်ဟန်ရောဒီကို အတူရောက်လာတယ်နော်ကျွန်တော်ကနှစ်ယောက်ကို ဌါနမတူတော့ဘူးတောင်ထင်တာ''

" အာ ကျွန်တော်တို့ကသူငယ်ချင်းတွေပဲ ဝေးစရာမှမရှိတာဟုတ်တယ်နော်ရှောင်ဟန် ''

ရန်ဖေးကရှောင်ဟန်ရဲ့ပခုံးကိုဖက်ပြီးပေါ့ပေါ့ပါးပါး ပြောလိုက်ပေမယ့်ရှောင်ဟန်ကတော့မသက်မသာ ပြုံးလိုက်ရတာကိုဟောက်ရွှမ်းမြင်ဖြစ်အောင်ကိုမြင်လိုက်ပါသေးတယ်

ရိပေါ်ခြံထဲမှာဆေးလိပ်သောက်နေရင်းရေကန်ကို ရှင်းနေတဲ့အလုပ်သမားတွေကိုကြည့်နေလိုက်တယ် ရိပေါ်ကလုပ်ငန်းခွင်ထဲမှာသည်းကမ်းကြီးသူမို့ ရိပေါ်ကိုရှိန်ကာအလုပ်တွေပဲလုပ်နေကြတယ် ။

" မင်းကလဲကွာအလုပ်သမားတွေသက်သက်သာသာ လုပ်ပါစေကွာမင်းကအဲ့လိုကြီးသွားကြည့်နေမှတော့ သူတို့ဘယ်လှုပ်ရဲမှာလဲ ''

" ဘာဆိုင်လို့လဲ ငါ့ဘာသာရပ်နေတာသူတို့က သူတို့အလုပ်သူလုပ်ပေါ့ ''

" ဒါနဲ့မင်းလည်ပင်းကဘာဖြစ်တာလဲ ''
မျက်လုံးရှင်တဲ့ဟောက်ရွှမ်းကရိပေါ်အကျီအောက်က တစ်စွန်းတစ်စထွက်နေတဲ့ ခရမ်းပုပ်ရောင်အကွက်ကို မြင်ဖြစ်အောင်မြင်သွားပါသေးတယ်

" ဘာမှမဟုတ်ဘူး အကောင်ကိုက်တာနေမှာပေါ့ ''
ရိပေါ်ကဘာမှမဖြစ်သလိုနဲ့ခပ်တည်တည်ဘဲ ပေါ်နေတဲ့အရာကို အင်္ကျီဆွဲတင်ကာဖုံးလိုက်တယ် ။

ခြံထဲကိုရှပ်အင်္ကျီအပွကြီးနဲ့ ညဝတ်ဘောင်းဘီအပွကြီး
ဝတ်ကာရေကူးကန်နားကိုရှောင်ကျန့်ရောက်လာတယ်
လမ်းလျှောက်ရတာမသက်မသာဖြစ်ပေမယ့်ကိုယ်ကညွှန်ကြားထားတဲ့ကိစ္စမို့လို့ မဖြစ်မနေဆင်းလာလိုက်တယ်
' ညကဟိုခွေးကောင်ကလဲစားလို့ရပြီဆိုပြီး ဘယ်တုန်းထဲကငတ်နေခဲ့လဲမသိဘူးချီးပဲ အကျိုးမပေးတဲ့အရက် '

ရှောင်ကျန့်လမ်းလျှောက်လာတဲ့ တလျှောက်လုံးဝမ်ရိပေါ်ကိုကျိန်ဆဲပြီးရောက်လာတယ်

" မန်နေဂျင်းရှောင် နေမကောင်းလို့လား ''

" ဗျာ....''

" လမ်းလျှောက်နေတာ မသက်မသာဖြစ်နေလားလို့ ''

" အာ...အဲ့ဒါလား အဲ့ဒါမနေ့ကလေ ရေချိုးခန်းထဲမှာ မှာချော်လဲသွားလို့ ''

ရှောင်ကျန့်ကပြောပြီးရှက်ရှက်နဲ့ ဂုတ်ကိုပွတ်လိုက်တယ် ဟောက်ရွှမ်းကလဲရှောင်ကျန့်ကိုကြည့်လိုက်တော့ လည်ပင်းမှာကိုက်ရာတွေအကွင်းလိုက်အကွင်းလိုက်ပဲ
ရိပေါ်ရှောင်ကျန့်ကိုလည်ပင်းကိုဆက်မပွတ်ဖို့ ပြောချင်
ပေမယ့်လဲဟောက်ရွှမ်းကကြည့်နေတာမို့မသိချင်ယောင် ဆောင်နေလိုက်ရတယ် ။

" ကျွန်တော်တို့အလုပ်သမားတွေကို ကြည့်ခိုင်းလိုက်ပါ့မယ်မန်နေဂျင်းနေမကောင်းရင်နားရင် နားလိုက်လေ ''

" အာ..ကျေးဇူးပါပဲ ဒါဆိုကျွန်တော်အိမ်ထဲသွားလိုက်ဦးမယ်''

ရှောင်ကျန့်ထော့နဲ့ထော့နဲ့ နဲ့သွားတာကိုဝမ်ဟောက်ရွှမ်းက လိုက်ကြည့်နေတာမို့ရိပေါ်လဲဟောက်ရွှမ်းနား ကထွက်သွားမလို့လုပ်ပေမယ့်အနောက်ကနေဆွဲထားတဲ့ ဟောက်ရွှမ်း

" ဘာလဲငါမနက်စာမစားရသေးဘူး ဗိုက်ဆာနေပြီမင်းဆက်ကြည့်ထားလိုက် ''

"နေပါဦးကွာ ငါမေးစရာလေးရှိလို့ ''

"နောက်မှမေးကွာ ''

" မင်းလည်ပင်းမှာလဲအကွက်ကြီးနဲ့ မန်နေဂျင်းကလဲ လမ်းလျှောက်တာမူမမှန်ဘူး မှန်မှန်ပြောစမ်းမင်းတို့ရိုးရောရိုးရဲ့လား ''

" ပေါက်ကရတွေမပြောစမ်းနဲ့ကွာသူချော်လဲတာလို့
ပြောတယ်လေ ''

"အေးပါကွာ မင်းကလဲငါကလဲဆက်စပ်တွေးကြည့်တာပါ ဒါနဲ့ရန်ဖေးနဲ့ရှောင်ဟန်ကအဆင်ပြေနေကြတာပဲ ''

" စိတ်မဝင်စားဘူး ''

"မင်းစိတ်မဝင်စားပေမယ့်ငါစိတ်ဝင်စားတယ် ငါ့ကောင်သူတို့ မင်းအပေါ်ဘာလုပ်ခဲ့..'

"တော်လောက်ပြီ ''
ရိပေါ်ကသောက်လက်စဆေးလိပ်ကိုနင်းချေပြီး ထွက်သွားတယ်ဝမ်ရိပေါ်ကအမှတ်သည်းချေလဲ ကြီးသလိုသစ္စာဖောက်တာလဲအသေမုန်းတယ် ။

__________<<<<<<<_________

မင်အာရုံးကနေသူ့ဘာသာစံအိမ်ကိုကားစီးပြီးပြန်သွားတာ
မလို့မင်အာ့ကိုကားအထိလိုက်ပို့ပေးပြီး ရုံးခန်းထဲပြန်ဝင်လာခဲ့တယ်

" မင်းအခန်းထဲမှာလင်းချန်စောင့်နေတယ် ရှောင်ဟန် ''

ရုံးထဲအဝင်ရန်ဖေးကရှောင်ဟန်ရဲ့ ပခုံးကိုဖြေးဖြေးလေးပုတ်ပြီးအခန်းပြင်ထွက်သွားတယ် ။

" ကိုကို ရာထူးတိုးသွားလို့ ဂုဏ်ပြုပါတယ်နော်''
လင်းချန်ကရှောင်ဟန့်ကိုဖက်ပြီးပါးကိုနမ်းလိုက်တယ်

" လင်း ရုံးမှာလူတွေနဲ့သတိထားလေကွာ ''

" အာ လင်းကဝမ်းသာဇောနဲ့ဖြစ်သွားတာကိုး အဲ့ဒါကြောင့်ကိုကိုကမန်နေဂျင်းကျဲနားကပ်နေတာကိုး လင်းကမသိဘဲသဝန်တိုမိတော့မလို့ ''

" အာ အဲ့လိုမဟုတ် ''

" မင်အာကျဲကမထင်ရဘူးနော် အဲ့လိုလဲအပျော်ရှာ..''

" တော်လောက်ပြီ လင်းချန်..''

"ကိုကို ဘာဖြစ်တာလဲ ''

" သူများအကြောင်းကိုနောက်ကွယ်မှာမပြောနဲ့ ကိုကိုမကြိုက်ဘူး အလုပ်ရှိသေးလို့ကိုကို သွားလိုက်ဦးမယ် ''

လင်းချန်ကိုအော်ပြီးထွက်သွားတဲ့ ရှောင်ဟန်ကိုသူနားမလည်တော့ဘူး ဘာကြောင့်သူဆက်ဆက်ထိမခံဖြစ်နေရတာလဲ

" ရှောင်ဟန်ကဘာလို့သူတစ်ယောက်တည်းကွက်ပြီး ရာထူးတိုးသွားတာလဲ ''

" ဘယ်သိမလဲရန်ဖေးနဲ့အတူတူပဲမလားအရင်က ဘာအကြောင်းမှလဲမရှိဘဲရှောင်ဟန်ကရာထူးတိုးသွားတော့ရန်ဖေးကအဆင်ပြေပါ့မလား ''

" အေးနော် ''
ရုံးတွင်းထဲမှာဝန်ထမ်းအချို့ရဲ့စကားသံကိုကြားပေမယ့် ရန်ဖေးမကြားချင်ယောင်ဆောင်ပြီးနေလိုက်တယ်
မင်အာစိတ်ညစ်ညစ်နဲ့ကားကိုအမြန်မောင်းပြီးတစ်လမ်းလုံးလဲငိုနေမိတယ်ဘာလို့သူချစ်သလောက် ပြန်မချစ်နိုင်ရတာလဲ အရင်ကတော့သူအချစ်တွေ ပေးရင်ပေးသလောက်ပြန်ရမယ်ထင်ခဲ့တယ် အခုတော့သူ့ရဲ့အထင်နဲ့အမြင်မှားခဲ့ပြီလား

~~~~~ ဒုန်း ~~~~~~

မင်အာ့မျက်လုံးထဲမျက်ရည်တွေဝေ့လာတာမို့လို့ ရှေ့ကိုလဲမမြင်တော့ဘဲ ရှေ့ကားကိုဝင်တိုက်မိတယ်

" ဟေ့ ကန်းနေလား မီးနီနေတာတောင်ကားကို အရှိန်မလျော့တာသေချင်လို့လား ဟေ့ တံခါးဖွင့်စမ်း ''

အပြင်ကသူကားတိုက်မိတဲ့သူကသူ့ကိုဆင်းလာဖို့ပြောပေမယ့် သူမဆင်းရဲဘူး
" ကိုကိုဟုတ်တယ် ကိုကို့ကိုခေါ်ရမယ် ''

မင်အာရိပေါ်ကိုဖုန်းဆက်တယ် ပထမတစ်ခါဝင်သွားတယ်မကိုင်ဘူး ဒုတိယတစ်ကြိမ်ဆက်တယ်မကိုင်ဘူးနောက်တစ်ခါထပ် ဆက်တယ် ဖုန်းပါစက်ပိတ်သွားတယ်
'ကိိုကိုကမင်အာ့ကိုအဲ့လောက်တောင်အလေးမထားဘူးလား အဟက်ဒါပေမယ့်လဲရပါတယ်လေ ကိုကိုကအေလးမထားလဲ မင်အာ့ဘက်ကချစ်နေရင်ရပြီမလား '

မင်အာကားပေါ်မှာအရူးလိုအော်ဟစ်ပြီးရယ်နေမိတယ် လူတွေကအချစ်ကြောင့်ရူးတယ်ဆိုတာတကယ်ပဲကိုး...
မင်အာဖုန်းကိုထပ်ကိုင်ပြီးဆက်လိုက်တယ် သူသေချာပေါက်လာမှာပါ

မင်အာရဲစခန်းကခုံမှာထိုင်ပြီးငူငူငေါင်ငေါင်နဲ့ ရဲကမေးပေမယ့်လဲသူဘာမှပြန်မပြောနိုင် သူ့ကိုယ်သူဘာဖြစ်သွားမှန်းတောင်မသိလိုက်ဘူး ။

" ရှောင်မင်အာ့အုပ်ထိန်းသူပါ ''
ရဲစခန်းထဲကိုအပြေးဝင်လာတဲ့သူကိုမင်အာမျှော်လင့်ချက် လေးနဲ့ကြည့်လိုက်တော့သူထင်ထားတဲ့သူမဟုတ်..

"မင်အာဘာဖြစ်သွားသေးလဲတခုခုများထိခိုက်
သွားသေးလား ''
ရှောင်ဟန်ကမင်အာ့တစ်ကိုယ်လုံးကိုစစ်ပြီး ဒဏ်ရာရမရကြည့်ပေးနေပေမယ့်မင်အာကတော့ မျက်ရည်တွေအသွင်သွင်စီးပြီးလှောင်ရယ်တုန်း

" ဝမ်ရိပေါ် ဝမ်ရိပေါ်ဘယ်မှာလဲ သူဘယ်မှာလဲ ဘာလို့သူ ကမလာရတာလဲ အား ''
မင်အာရဲစခန်းကခုံပေါ်မှာရှိတဲ့ပစ္စည်းတွေကို လက်နဲ့အကုန်တိုက်ချလိုက်ပြီး အော်ကြီးဟစ်ကျယ်နဲ့ငိုနေတယ်

" မင်အာ စိတ်ထိန်းခေါင်းဆောင်ဝမ်က အခုရုံးချုပ်ကခေါ်လို့ပေကျင်းခဏပြန်သွားတယ် ''

" ဒါဆိုငါကျဘာလို့မသိလဲတစ်ရုံးလုံးသိပဲ ငါကျတော့ဘာလို့မသိလဲ အဲ့လောက်တောင်ပဲဥပေက္ခာပြုနိုင်တာလား ''

အော်ဟစ်ပြီးသောင်းကျန်းနေတဲ့မင်အာ့ကို ရှောင်ဟန်က ပွေ့ဖက်ပေးလိုက်တယ်အခြေနေပြန်တည်ငြိမ်သွားတော့မှ ရဲစခန်းကရဲတွေနဲ့ဖြစ်ကြောင်းကုန်စဉ်ရှင်းပြီး လျှော်စရာရှိတာလျှော်ပေးပါ့မယ်ဆိုပြီး ခံဝန်ကတိထိုးပေးလိုက်ရတယ် ။

" အုပ်ထိန်းသူအဖြစ်နဲ့လာတာနော်ဘာတော်တာလဲ ''

ရဲဝန်ထမ်းကမေးတော့ရှောင်ဟန်ဘာဖြေရမှန်းမသိဖြစ်သွားတယ် မင်အာ့ကိုကြည့်တော့အသိစိတ်နဲ့လူနဲ့မကပ်
တာကြောင့်သူအဆင်ပြေသလိုပဲ....

" သူ့ရဲ့ချစ်သူပါ ''

ဒီလောက်ထိမင်းကိုကာကွယ်ပေးခဲ့ပြီးပြီပဲ မင်းရဲ့ချစ်သူပါလို့ခေါင်းစဉ်တပ်လို့ရသင့်ပြီမလား ?

ရှောင်ဟန်ကိုယ်တိုင်မင်အာ့ကို စံအိမ်ထိကားမောင်းပြီး လိုက်ပို့ပေးတယ် ရုံးမှာအလုပ်တွေမပြီးသေးပေမယ့် ရုံးအလုပ်ထက်အခုချိန်မှာ မင်အာကအရမ်းကို အရေးကြီးတယ် စိတ်ကထိလွယ်ရှလွယ်အခြေနေမို့ သူ့အနားမှာပဲစောင့်ရှောက်ထားစေချင်တယ် ။

မင်အာ့ကိုအခန်းထဲလိုက်ပို့ပြီးသူကမင်အာစားဖို့ အောက်မှာထမင်းတွေဟင်းတွေသွားချက်လိုက်တယ် မြို့ထဲကပြန်လာပေမယ့်ဘာမှမဝယ်ခဲ့လိုက်ရတာကြောင့် လွယ်လွယ်ကူကူဆန်ပြုတ်ပဲလုပ်လိုက်တယ်

" အင်း ရိပေါ်..''

သူဆန်ပြုတ်ပန်းကန်လေးယူပြီးအပေါ်တက်လာတော့ အိပ်နေရင်းနဲ့ယောင်ကာသူ့ချစ်သူနာမည်ကိုသာတနေတဲ့ မင်အာ့ကြောင့်သူ့နှလုံးသားလေးနဲနဲတော့ နာကျင်ရပေမယ့်သူကတော့အနားမှာရှိပေးနေနိုင်တယ်လေ ဒါဟာအဆိုးထဲကအကောင်းပေါ့....

ရှောင်ဟန်မင်အာ့ကိုညစာစားဖို့နှိုးတော့ အသားတွေ တစ်ကိုယ်လုံးပူကျစ်နေတာကြောင့် ရှောင်ဟန်ရေချိုးခန်းထဲကတဘတ်တွေကိုရေစွတ်ပြီး မင်အာ့နဖူးပေါ်ကိုတင်ပေးကာအဖျားကျအောင်လုပ်ပေးတယ်

" ကိုကို ကိိုကို ပြန်လာတာလား ''
မင်အာ့စကားကြောင့်ရေဘတ်တိုက်ပေးနေတဲ့ရှောင်ဟန့်
လက်တွေရပ်တန့်သွားတယ်

" အင်း ကိုကို ကိုကိုကဘေးမှာရှိနေတာမို့စိတ်ချနော် ''

မင်းစိတ်ချမ်းသာဖို့ဆိုငါဟန်ဆောင်ပေးလိုက်ရလဲ အဆင်ပြေပါတယ် ။

edaz
3:01 a.m.

____________<<<<<<<<<__________

Mysterious Love

Zawgyi

~~~~~ ဒေါက် ~~~~ ဒေါက် ~~~~








" အွန်း....အွန်း ''

" အ့ ''





"ဟုတ်ကဲ့...''


















ထွက်သွားလားမသိဘူး ''


" အာ...ဟုတ်ကဲ့ ''



"ဝမ်ရိပေါ် ''





" အာ...ကျေးဇူးတင်တာပေါ့ ''













" ဗျာ....''









"နောက်မှမေးကွာ ''


ပြောတယ်လေ ''


" စိတ်မဝင်စားဘူး ''


"တော်လောက်ပြီ ''

__________<<<<<<<_________







" အာ အဲ့လိုမဟုတ် ''



"ကိုကို ဘာဖြစ်တာလဲ ''





" အေးနော် ''

~~~~~ ဒုန်း ~~~~~~




'ကိုကိုကမင်အာ့ကိုအဲ့လောက်တောင်အလေးမထားဘူးလား အဟက်ဒါပေမယ့်လဲရပါတယ်လေ ကိုကိုကအေလးမထားလဲ မင်အာ့ဘက်ကချစ်နေရင်ရပြီမလား '




သွားသေးလား ''







" သူ့ရဲ့ချစ်သူပါ ''




" အင်း ရိပေါ်..''



" ကိုကို ကိုကို ပြန်လာတာလား ''



edaz
3:01 a.m.

____________<<<<<<<<<__________

Continue Reading

You'll Also Like

54.9K 5.5K 73
လူတွေကကြောက်ဖို့ကောင်းတဲ့ပုံပြင်တွေပြောတဲ့အခါ သရဲပုံပြင်တွေကိုပြောကြတယ်။ ဒါပေမယ့်သရဲတွေပုံပြောကြတဲ့အခါမှာတော့ ပိုပြီးကြောက်စရာကောင်းတဲ့ လူသားတွေရဲ့အက...
8.6K 575 13
သိမ်းဆည်းထား‌သော Fan Art Photoများ
110K 13.7K 25
သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် သူဟာ လရောင်ကိုနှစ်ခြိုက်တဲ့ လိုင်လက်ပန်းလေးအသွင် Wang Yi Bo 💙 Xiao Zhan BO JUN YI XIAO story in Hog...
1.1M 233K 168
MinervaLance အရင် acc က ဝင်မရလို့ အခု Acc အသစ်မှာ အဆက်ကို ဆက်တင်ပေးနေတာပါ။ ပထမအုပ်ကို My Works Reading List ထဲမှာ ရှာလို့ရပါတယ်။ ဟုတ်ကဲ့... အရင်က Mi...