Zawgyi
ယောတစ်ယောက် ဒီနေ့ ရှိန်းအတွက် အောင်သွယ်တော်မမ လုပ်ဖို့ ရုံးကို အစောကြီးလာပြီး Bossကားနားမှာ ယောင်လည်လည် လုပ်နေခြင်းသာ။ကားပါကင်မှာက CCTV မရှိတော့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ post card အဝါရောင်လေး ကိုထုတ်ပြီး Bossကားရဲ့ wiper မှာ ညှပ်ဖို့ ပြင်လိုက်သည်။
"အဲ့တာ ဘာလုပ်နေတာလဲ"
"F**k လန့်လိုက်တာ"
"ဟို.......Head ..."
post cardလေးကို ဆတ်သာ ဆွဲယူလိုက်ပြီး
"ယောင်္ကျားတွေကို မင်းအနား အဲ့ဒီ့လောက် ရှိစေချင်တာလား။
"အကိုက တိမ်စိုင်လေး
အမြဲတမ်း ပြေးနေတဲ့
တိမ်စိုင်လေး.....💙"
ယော...ယော မင်းက တကယ်မခေတာပဲ။
*****
"ယောရယ် ဖြစ်ရလေခြင်း။ တရားနဲ့မဖြေနဲ့
အဲ့မြင်ကွင်းကို မြင်နေရတဲ့ ဆတ်သာကတော့ စိတ်ထဲမှာ ဘဝင်မကျမှုပေါင်းများစွာနဲ့
*****
ဝတ်ထားတဲ့ Shirt အင်္ကျီအနီရဲ့ လက်ကိုခေါက်တင်ရင်း meeting room ထဲရှိ လူအများကြားမှ ယောကိုစိုက်ကြည့်ပြီး ဆတ်သာစကားစလိုက်သည်။
ဘယ်သူကထင်မှာလဲ ။ယောလက်ထဲက fileကို ဆတ်က သာမာန်ထက် ပိုတဲ့ အားနဲ့ ပြန်ဆွဲယူလိုက်ပြီး အကြည့်စူးစူး တစ်ချက်ကို ယောဆီလွှတ်ကာ သာမာန်ထက်ပြတ်သားတဲ့အသံနဲ့
"......"
"အွန်း ဟုတ်တယ် ဟုတ်တယ် ..ခွီး နင့်ပုံကလည်း အဖေက သူ့သမီးကို ဗိုက်တစ်လုံးနဲ့ ပစ်ထားခဲ့တဲ့ကောင်
"အဲ့တာနဲ့..."
"ပြောမယ် နားထောင်
မနက်က ငါအဲ့လိုလည်း သွားထားရော ဘေးက ကားထဲကနေ Headက ထွက်လာတော့တာပဲ လခွမ်း သောက်ကျိုးတွေကို နည်းရောဟေ့
~~~♥~~~
Unicode
ဆတ်သာ ရုံးတတ်တာ တစ်ပတ်ပြည့်ပြီ။ တစ်ပတ်အတွင်းတော့ ထူးထူးခြားခြား ဖြစ်စဉ်ရယ် မရှိခဲ့ယော ကိုလည်း အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ကောင်းကောင်း ခွဲခြားထားပြီး ဆက်ဆံတာမို့ အဆင်ပြေနေသည်။
ယော ကအလုပ်လုပ်တာတော့ တော်သည်။ တိကျတယ်။ကြိုးစားတယ်။ စိတ်ပါ လက်ပါလုပ်တယ်။အဲ့အချက်လေးတွေ ကိုတော့ ဆတ်သာ သဘောကျမိတယ်။
ဆတ်သာ တွေးလို့ မဆုံးသေးခင်မှာပဲ ကားပါကင်ကို ရောက်လာတဲ့ ယော။ အဝါရောင် T-Shirt အဝါကို ဂျင်းဘောင်းဘီအပွလေးနဲ့ တွဲဝတ်ထားတာက ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေတာ။ hk... အခု ငါချစ်ဖို့ကောင်းတယ်လို့ တွေးလိုက်တာလား။ ဒါနဲ့ ရုံးချိန်တောင် မရောက်သေးဘူး ဘာလို့အစောကြီး ရောက်နေတာလဲ။
ထိုအချိန် အိတ်ထဲက အဝါရောင် post cardလေး တစ်ခုကို ထုတ်လိုက်တဲ့ ယော။ ဆတ်သာရဲ့ Velocity Blue Ford Fusionကား လေးက one way privacy window မှန် သုံးထားတော့ အထဲက ကိုဆတ်သာ ယော မမြင်ရပေ။
ယောတစ်ယောက် ဒီနေ့ ရှိန်းအတွက် အောင်သွယ်တော်မမ လုပ်ဖို့ ရုံးကို အစောကြီးလာပြီး Bossကားနားမွာ ယောင်လည်လည် လုပ်နေခြင်းသာ။ကားပါကင်မှာက CCTV မရှိတော့ လုပ်ငန်းကို အကောင်အထည်ဖော်ဖို့ post card အဝါရောင်လေး ကိုထုတ်ပြီး Bossကားရဲ့ wiper မွာ ညှပ်ဖို့ ပြင်လိုက်သည်။
"အဲ့တာ ဘာလုပ်နေတာလဲ"
"F**k လန့်လိုက်တာ"
ဆတ် ကားထဲက ထွက်လာပြီး နေသစ်ရဲ့ကား wiperမှာ card ထည့်ဖို့ ပြင်နေတဲ့ ယောကို လှမ်းဟန့်လိုက်တာကြောင့် ယောတစ်ယောက် ထခုန်မိမတတ် လန့်ဖြန့်သွားပြီး ယောင်လိုက်မိခြင်း ဖြစ်တယ်။
"ဟို.......Head ..."
ခွန်နေသစ်ကားဘေးမှာ ရပ္ထားတဲ့ ကားထဲမွာ ဆတ်သာ ရှိနေမှန်း ယော မသိခဲ့ရိုးအမှန်။အခုတော့ ဘယ်လို ရှင်းပြရမှာလဲ ။ တကယ် ကံဆိုးတဲ့နေ့ပဲ ယောရေ။
ဆတ်သာ ဒေါသကို ထိန်းချုပ်ထားချင် ပေမယ့် ယောရဲ့ မထုံတထေးပုံကို ကြည့်ရင်း ပိုပိုပြီး ဒေါသထွက် လာမိသည်။ ဘာလို့လဲ? ဖြူစင်တဲ့ ပုံလေးနဲ့ ဘာလို့ အခုလောက် ဥာဏ်များရတာလဲ?
"မင်း ဘာလို့ အခုလောက်ထိ အတင့်ရဲရတာလဲ "
ဆတ်သာ စိတ်ဆိုးနေမှန်း တအားသိသာတယ်။အသံတွေတောင် တုန်နေပြီ။ ဘာပြန်ဖြေရမှာလဲ ဆိုတာ ယော စဉ်းစားနေတုန်း ယောလက်ထဲက
post cardလေးကို ဆတ်သာ ဆွဲယူလိုက်သည်။
"မင်း ကောင်လေးကို မင်းအားမနာဘူးလား "
ကောင်လေး? ငလူးတဲ့မှ.... ငါက ဘယ်တုန်းက ကောင်လေးရသွားတာလဲ Headရယ်?
"ရှိန်းရော ငါ့အကို ကိုရော မင်းက တော်တော်လေး အကြံကြီးနေတယ်ပေါ့"
WTF ဘာတွေပြောနေတာလဲ Headရယ်။ငါဘာပြန်ပြောရမှာလဲ ဘာပြောရမှာလဲ။ရှိန်းက Bossကို ကြိုက်နေတာပါလို့ ရှင်းပြရမှာလား။ မဖြစ်သေးဘူး ။အဲ့လိုဆို ဘာတစ်ခုမှ ကောင်းလာစရာ မရှိဘူး။
ယောတစ်ယောက် ပြောစရာစကားများ ပျောက်ဆုံးနေပြီ။
"ယောကျၤားတွေကို မင်းအနား အဲ့ဒီ့လောက် ရှိစေချင်တာလား။
တခြားသူကိုပဲ သွားလုပ် ။ ငါ့အကိုကို လာမလုပ်နဲ့။ မင်းနားလည်လား"
ပြောချင်တာပြောပြီး ထက်သွားတဲ့ ဆတ်သာကို မျက်ရည်အဝိုင်းသားနဲ့ ကြည့်နေတဲ့ ယော။ဘာပြန်ပြောနိုင်မှာလဲ။
ဇာတ်လမ်းတွေထဲမှာ မဟုတ်ပဲနဲ့ စွပ်စွဲခံရရင် ဘာလို့ ရှင်းပြချက် မပေးကြတာလဲ ဆိုတာကို ယော အရင်က နားမလည်ခဲ့။ အခုမှ ကိုယ်တွေ့နားလည်သွားပြီ။
တစ်ခါတစ်လေမှာ တချို့အရာတွေက အမှန်တိုင်း ပြောလိုက်တာထက် မပြောပဲထားတာက ပိုပြီး အဆင်ပြေစေတယ်။ ဒါပေမယ့် ဘယ်လောက်တောင် ခံပြင်းဖို့ ကောင်းလိုက်သလဲ။
ဆတ် ပြောချင်တာပြောပြီး လှည့်ထွက်ခဲ့ပေမယ့် ယောရဲ့ မျက်ရည်ဝိုင်းနေတဲ့ မျက်လုံးတွေကို မြင်ဖြစ်အောင် မြင်လိုက်သေးတယ်။ Tsk...မင်းက ဘာလဲကြာ.. ပြောခဲ့တဲ့ ငါ့ကို နောင်တရအောင် လုပ်နေတာလား။ စိတ်ပျက်ဖို့ ကောင်းလိုက်တာ။
ဆတ်သာ အတွေးပေါင်းများစွာနဲ့ လျှောက်သွားရင်း ရုံးခန်းထဲ
ရောက်တဲ့အထိ ယောဆီက post card အဝါလေးကိုလက်က မချခဲ့မိ။
ဖွင့်ကြည့်လိုက်မိတော့ အထဲက လက်ရေးဝိုင်းလေးတွေနဲ့ ရေးထားတဲ့ စာတိုလေးက....
"အကိုက တိမ်စိုင်လေး
ကျွန်တော်နဲ့ ဝေးရာကို
အမြဲတမ်း ပြေးနေတဲ့
တိမ်စိုင်လေး....."
ဘယ်လိုတောင် ရေးထားတာလဲ။နာမ်စားသုံးထားတာကလည်း ကျွန်တော်တဲ့။မန္တလေးသူများလား။ ဒီကြားထဲ အသဲလေးက အစစ်ပါသေးတယ်။
ယော...ယော မင်းက တကယ်မလွယ်တာပဲ။
ဆတ်သာ လွှင့်ပစ်ဖို့တော့ စိတ်ကူးမရှိလို့ coatရဲ့ အတွင်းအိတ်ထဲသာ ထည့်ထားလိုက်တယ်။
post card လေးအောက်က နှလုံးခုံသံတွေကလည်း တည်ငြိမ်လို့နေဆဲ။
*****
မနက်တည်းက ယော မျက်နှာမကောင်းတာကို ရှိန်း သတိထားမိနေသည်။ ဟိုတနေ့ကပဲ ရှိန်းနဲ့နေသစ်ကို ပိုအဆင်ပြေမယ့် နည်းလမ်း ရှာတွေ့ထားတယ်ဆိုပြီး ဝမ်းသာပီတိ ဂွမ်းဆီထိနေတဲ့ ယောက ဘာကြောင့် တစ်မနက်တွင်း မျောက်မှိုင်မှိုင်သွားလဲ ကို ရှိန်းနားမလည်နိုင်။
"ယော ဘာလို့လဲ။ မျက်နှာလည်း မကောင်းဘူး။ငိုထားတာလား"
ဘယ်လိုဖြေရမှာလဲ။ ရှိန်းကို အမှန်တိုင်း ဖြေလိုက်သင့်လား။အဲ့တာဆို ရှိန်းပါ စိတ်မကောင်းဖြစ်ရမှာ။
"ဘာမှမဟုတ်ပါဘူး ငါ့ idol kiss scene ကြည့်ပြီး ဝမ်းနည်းလို့ပါ "
ယောလိမ်လိုက်မိပြီ။ မတတ်နိုင်ဘူးလေ။ ကိုယ့်ကြောင့် ရှိန်းပါ အပြစ်ရှိသလို မခံစားစေချင်ဘူး။
"ယောရယ် ဖြစ်ရလေခြင်း။ တရားနဲ့မဖြေနဲ့
တစ်ရာနဲ့ဖြေ တစ်ရာနဲ့ဖြေ"
"တစ်ရာနဲ့က နင်ပဲဖြေ အရှိန်းကောင်"
ယောကို ဝမ်းနည်းနေရာကနေ ပြုံးဖြစ်အောင် ပြုံးလိုက်မိအောင် လိုက်စနေတဲ့ ရှိန်း။
အဲ့မြင်ကွင်းကို မြင်နေရတဲ့ ကေတာ့ ဆတ်သာ စိတ်ထဲမှာ ဘဝင်မကျမှုပေါင်းများစွာနဲ့
အကုန်လုံးကို အစည်းအဝေးလာရန် Accountant အငယ်လေးအား တစ်ဆင့်ပြောခိုင်း လိုက်သည်။
"Headက နောက်ဆယ့်ငါးမိနစ် နေရင် အကုန်လုံး
Meeting Roomထဲကို လာခဲ့ကြပါတဲ့"
Junior Accountant ကောင်မလေးစကားအဆုံး ယောတစ်ယောက် သက်ပြင်းအရှည်ကြီး ချမိလိုက်သည်။ မနက်ကတင် အခြေအတင်ဖြစ်ထားတာ အခု အစည်းအဝေးတဲ့လား။ ကံလေးရယ် ကောင်းနေလိုက်။
လေးပင်တဲ့ ခြေလှမ်းတွေနဲ့ Meeting Roomလေးဆီ ထွက်သွားတဲ့ယော။
*****
ဝတ္ထားတဲ့ Shirt အနီရဲ့ လက်ကိုခေါက်တင်ရင်း meeting room ထဲရှိ လူအများကြားမှ ယောကိုစိုက်ကြည့်ပြီး ဆတ်သာစကားစလိုက်သည်။
"ဆတ် အခု meeting ခေါ်ရတာက အရင်Head မယု နေရာမှာ ခနတာ တာဝန်ယူတဲ့ အချိန်မှာ Project အသစ်ဖြစ်တဲ့ ပဲခူးဘက်က shopping mall စီမံကိန်းကို ကောင်းကောင်း ကိုင်တွယ်ချင်တယ်။
အဲ့တာကြောင့် တစ်ယောက်ချင်းစီက ပိုပြီး အလုပ်ကြိုးစားပေးဖို့ရယ် project အတွက် လိုအပ်လာရင် over time ဆင်းပေးနိုင်မလား သိချင်လို့ ခေါ်လိုက်ရတာပါ။ ကြိုမပြောထားရင် အဆင်မပြေ ဖြစ်မှာဆိုးလို့ပါ "
အကုန်လုံးရဲ့ စိတ်ထဲမှာတော့ Bossညီမကလည်း Bossလိုပဲ အလုပ်နဲ့ပတ်သတ်လာရင် လောဘရှိတယ် ဆိုတာကို အပြည့်အဝ ထောက်ခံမိကြတယ်။ အခုလိုကြီး ပြောလာမှတော့ ဘယ်သူက စောဒကတတ်ရဲမှာလဲ။
"မဖြစ်ပါဘူး အဆင်ပြေပါတယ်"
"Headနဲ့အတူတူ ကြိုးစားကြမှာပါ"
အယောက်ချင်းစီတိုင်းက သဘောတူကြောင်းသာ ပြောပြီး
project အကြောင်းဆွေးနွေးရင်း Meetingကို အဆုံးသတ်လိုက်ကြသည်။
"အာ....ဒါနဲ့ စကားမစပ် ဒီfileလေးကို တစ်ယောက်ယောက် Bossခွန်နေသစ်ဆီ သွားပေးလို့ရမလား"
ဆတ်က လမ်းကြုံပါးရန် fileကို အလွယ်တကူ ပေးဖို့ပြင်လိုက်ခြင်းသာ။
ယောကတော့ မိမိအတွေးနဲ့ ဆတ်ဆီက fileကို လျင်လျင်မြန်မြန် ယူလိုက်မိတယ်။ယောက ဆတ်ဆီကယူပြီးလျှင် ရှိန်းကိုပြန်ပေးကာ Bossဆီ သွားပို့ပေးရန်သာ စိတ်ကူးထားခြင်းဖြစ်တယ်။
ဘယ်သူကထင်မှာလဲ ။ယောလက်ထဲက fileကို ဆတ်က သာမာန်ထက် ပိုတဲ့ အားနဲ့ ပြန်ဆွဲယူလိုက်ပြီး အကြည့်စူးစူး တစ်ခုကို ယောဆီလွှတ်ကာ သာမာန်ထက် ပြတ်သားတဲ့အသံနဲ့
"ယောကလွဲလို့ ကျန်တဲ့သူသွားပေးလိုက်"
အစည်းအဝေးပြီးခါစ ဖြစ်၍ အခန်းထဲမှာ လူအကုန်ရှိနေသေးကာ ထွက်သွားရန်ပြင်နေတဲ့ တံခါးပေါက်နားက သူတွေတောင် ကိုယ်ရှိန်တန့်သွားကြသည်။ရှိန်းလည်း အတော်လေး ကြောင်စီစီဖြစ်သွားပြီး ကိုဆတ်သာ တစ်လှည့် ယောကိုတစ်လှည့် အကဲခတ်မိသည်။
ယောစိတ်ထဲမှာ အတော်လေး ကသိကအောက် ဖြစ်သွားတာအမှန်။ သူ့ကို စူးရှရှကြည့်နေတဲ့ ဆတ်သာကို လျစ်လျူရှုပြီး ဘာမေးခွန်းမှမထုတ်ပဲ အခန်းထဲကသာ အေးအးဆေးဆေး ထွက်လာလိုက်မိတယ်။
အထူးတဆန်း လိုက်ကြည့်နေတဲ့ မျက်လုံးတွေကိုလည်း ယောဂရုမစိုက်ဘူး။ စိတ်လည်းမဝင်စားဘူး။ထင်ချင်သလိုသာ ထင်နိုင်တယ်။
ယောရဲ့ နောက်ကနေ ရှိန်း ဆတ်ကနဲ ထလိုက်သွားပြီး ယောလက်ကိုဆွဲရင်း companyရဲ့ roof topဆီကို ဦးတည်သွားလိုက်သည်။
"ယော Headနဲ့ ပြဿနာဖြစ်ရတာ ငါ့ကြောင့်မဟုတ်လား "
"......"
ဘာမှမဖြေတဲ့ ယောကြောင့် ရှိန်းပိုပြီး စိတ်မကောင်းဖြစ်မိသည်။
"ဟုတ်တယ်မဟုတ်လားယော။ မနက်က မျက်နှာမကောင်းတာလည်း အဲ့ကိစ္စပဲမဟုတ်လား"
ရှိန်းရဲ့ပုံစံက သမီးလေးကို ရည်းစားက ဗိုက်တစ်လုံးနဲ့ပစ်သွားတာကို ယူကြုံးမရဖြစ်နေတဲ့ ဖခင်တစ်ယောက်ပုံစံနဲ့ပင် တူနေတာကြောင့် ယောပြုံးစိစိလုပ်ပြီး
"အွန်း ဟုတ်တယ် ဟုတ်တယ် ..ခွီး နင့်ပုံကလည်း အဖေက သူ့သမီးကို ဗိုက််တစ်လုံးနဲ့ ပစ်ထားခဲ့တဲ့ကောင်
ကြောင့် သောကရောက်နေတဲ့ ပုံနဲ့တူတယ်ဟ"
ယောရဲ့ ဆီလျော်မှုမရှိသော ဟာသကြောင့် ရှိန်းမရယ်နိုင်ပဲ
ယောဆီ မကြည်အကြည့် တစ်ချက်ပို့လိုက်သည်။
"ဟားဟား ဖြစ်တာကဒီလိုဟ။ ငါက ငါဖတ်ဖူးတဲ့ ficထဲကလို post card နဲ့ love letter လှလှလေးရေးပြီး Bossရဲ့ကား wiper မှာညှပ်ပေးမယ်ဟာ။ အဲ့စာမှာ ယောကျၤားလေး ပြောသလိုပဲ ရေးထားတာ။
အဲ့စာကို ရပြီးနောက်ပိုင်း Bossအခြေအနေကို အကဲခတ်မယ်။ တဖြေးဖြေးနဲ့ စွဲလမ်းလာအောင် လုပ်ကြည့်မလို့ဟာ။ ဒီတစ်ခုကို အရင်စမ်းထားကြည့်တာ။ အဆင်ပြေရင် နင့်ကိုပြောပြီး နင့်စိတ်ထဲက ပြောချင်တာတွေကို ရေးခိုင်းပြီးပို့ပေးမလို့"
ယောရဲ့ ဉာဏ်ဆင်နေမှုကြီးကို ရှိန်း လိုက်မမီတော့ပေ။
"အဲ့တာနဲ့..."
"ပြောမယ် နားထောင်
မနက်က ငါအဲ့လိုလည်း သွားထားရော ဘေးက ကားထဲကနေ Headက ထွက်လာတော့တာပဲ ။ လခွမ်း သောက်ကျိုးတွေကို နည်းရောဟေ့။
ငါ့ကို သူ့အကိုကိုကို မမြူစွယ်နဲ့ ဆိုတာတွေရော ဒီကြားထဲ နင်နဲ့ငါ့ကို တွဲနေတယ် ထင်သွားသေးတယ်။ ရွှေဉာဏ်တော် စူးရောက်ပါပေတယ်။ ငါလေး အံသြလို့ မျက်ရည်နှစ်စက်တောင် ကတောက်ဆိုပြီး ကျသွားတယ်"
ကိုယ့်ကို မကောင်းတဲ့လူလို စွပ်စွဲခံရတာကို ပေါ့ပေါ့ပါးပါး ပြန်ပြောပြနေတဲ့ ယောကြောင့် ရှိန်းပိုပိုပြီး ဝမ်းနည်းလာကာ ယောကို ဖက်ငိုမိတော့သည်။
"Eeee~~~တောင်းပန်ပါတယ်ယောရယ် ငါ့ကြောင့် နင်အထင်လွဲခံရတာ Eeee~~~~ "
"ဒရာမာတွေမချိုးစမ်းပါနဲ့ဟ ဘာမှမဖြစ်ဘူး မငိုနဲ့ ။
ငါလေး ဂေးနေတာ ငါလေးအသိဆုံး Headဘာသာ ထင်ချင်သလိုထင်ပါစေ"
"ယောရယ် ငါ့ကြောင့်ပါ ငါ့ကိုကူညီပေးချင်လွန်းလို့ဖြစ်သွားတာ
ငါဖွင့်ပြောဖို့ သတ္တိမရှိလို့ဖြစ်ရတာပါ"
(အဲ့တာဆိုလည်းမြန်မြန်သာဖွင့်ပြောလိုက်ပါတော့လား အရှိန်းကောင်ရယ် ခင်ဗျားလေးတို့ အချစ်ဇာတ်လမ်းက မုဆိုးမလေးမင်္ဂါထက် တိုင်ပတ်နေတယ်)
စိတ်ထဲကနေသာ ပြောရဲတာ အပြင်ကနေ သွားပြောရင် မျက်ရည်ဘူးသီးလုံးလောက်ကျပြီး ထကိုက်ကြရဦးမှာ သိနေတယ်။
"အွန်းပါ အွန်းပါ ငါကဘာမှမဖြစ်ဘူး။ အဆင်ပြေသွားလိမ့်မယ် Fighting Fighting
လာလာ အလုပ်ပြန်သွားလုပ်ကြမယ် "
အထင်လွဲခံလိုက်ရတဲ့ လူထက်ပိုပြီး ဝမ်းနည်းပက်လက်ဖြစ်နေတဲ့ ရှိန်းကို မနည်းဆွဲခေါ်လာရတဲ့ ယောစန္ဒာမောင်ရယ်ပါ။
~~~~~~