မောင့် အလိုကျ 💙(completed)
By yoe_nge614
2.5M 162K 8.1K
ရင်ထဲမှာရှိမရှိကို... ရင်ထဲကအလိုလိုသိပြီးသားမို့ ... ချစ်သလားလို့ မမေးတော့ဘူး မောင်... အရာအရာတိုင်းက.... မောင... More
စာရေးသူ၏အမှာစာ💙
ဇာတ်ကောင်လေးတွေ💙
မောင့်အလိုကျ 💙1💙
မောင့်အလိုကျ 💙2💙
မောင့်အလိုကျ 💙3💙🔞
မောင့်အလိုကျ 💙4💙
မောင့်အလိုကျ 💙5💙
မောင့်အလိုကျ 💙6💙
မောင့်အလိုကျ 💙7💙🔞
မောင့်အလိုကျ 💙8💙
မောင့်အလိုကျ 💙9💙
မောင့်အလိုကျ 💙10💙
မောင့်အလိုကျ 💙11💙
မောင့်အလိုကျ 💙12💙
မောင့်အလိုကျ 💙13💙
မောင့်အလိုကျ 💙14💙
မောင့်အလိုကျ 💙15💙
မောင့်အလိုကျ 💙16💙🔞
မောင့်အလိုကျ 💙17💙
မောင့်အလိုကျ 💙18💙
မောင့်အလိုကျ 💙19💙
မောင့်အလိုကျ 💙20💙
မောင့်အလိုကျ 💙21💙
မောင့်အလိုကျ 💙22💙
မောင့်အလိုကျ 💙23💙
မောင့်အလိုကျ 💙24💙
မောင့်အလိုကျ 💙25💙
မောင့်အလိုကျ 💙26💙
မောင့်အလိုကျ 💙27💙🔞
မောင့်အလိုကျ 💙28💙
မောင့်အလိုကျ 💙29💙
မောင့်အလိုကျ 💙30💙
မောင့်အလိုကျ 💙31💙
မောင့်အလိုကျ 💙32💙🔞
မောင့်အလိုကျ 💙33💙
မောင့်အလိုကျ 💙34💙
မောင့်အလိုကျ 💙35💙
အလင်းမရှိ🌚🌚🌚
မောင့်အလိုကျ 💙37💙
Bonous for lovely readers❤🔞
မောင့်အလိုကျ 💙38💙
မောင့်အလိုကျ 💙39💙
မောင့်အလိုကျ 💙40💙
မောင့်အလိုကျ 💙41💙
မောင့်အလိုကျ 💙42💙
မောင့်အလိုကျ 💙43💙
မောင့်အလိုကျ 💙44💙
တောင်းပန်ခြင်း😞
မောင့်အလိုကျ 💙45💙
🌚🌚🌚
မောင့်အလိုကျ 💙46💙
မောင့်အလိုကျ 💙47💙
မောင့်အလိုကျ 💙48💙
မောင့်အလိုကျ 💙49💙
မောင့်အလိုကျ 💙50💙
💙End💙
ဖတ်ပေးပါဦး 💙
Zay bann😁
Extra 💙1💙
Extra 💙2💙
Extra💙3💙
Extra 💙4💙(end)
Book Case!!!
!!physical book!!
!!Official Book Announcement!!
!!Preorder gifts for book!!
!!Book cover!!
Book details!!
!!!Preorder time!!!
Book လေးတွေရကြပြီလား?😍
💙Special Extra💙
မောင့်အလိုကျ 💙36💙
38.1K 2.3K 174
By yoe_nge614
Ep.36
"အင်းးး... အာ့...ကျွတ်..ကျွတ်.."
"အဟင့်...ဟင်...အင့်.. "
"အီးဟီး.... "
"ဟင်...ကို..ကို.."
"ငယ်..."
"ကိုကို...ကျွန်..ကျွန်တော်တောင်းပန်ပါတယ်..ကိုကိုရယ်..ကျွန်တော့်ကိုမောင်းမထုတ်ပါနဲ့နော်..ကျွန်တော် ကိုကို့ကို..မခွဲနိုင်လို့ပါ..နော်..ကျွန်တော်မှားပါတယ်.."
ငယ်ရယ်..."
"........"
"အွန်းး... "
"ဟင်..ကိုကို..."
"ဟင့်...ဟုတ်...ကိုကို.."
"ဗျာ.."
"ဟားဟား...ငယ်ကကွာ"
.
.
.
.
.
"မောင်.."
"ဟင်...ဘာဆိုင်လို့လဲ"
"အဲ့တော့..."
"သြော်...အဲ့လိုလား"
"အင်းပါ..."
"လိမ္မာတယ်...ပြွတ်စ်... "
"မေမေ..မယ်မယ်"
"ဟော..သားတို့လာ​လေ..."
"အမလေး...ဖေချစ်လေး.."
တွေနဲ့ရန်ဖြစ်ထားတာ.."
"ဟီးဟီး... မေမေတို့ကတော့"
မြန်မြန်ပြန်လာမှာပါ.."
                   💙💙💙
"ရဲလူကြီး..."
"ဟင်..."
"ဟမ်..."
"ရဲလူကြီး. မြင်မ်ြချင်းအချစ်ဆိုတာ..ယုံလား"
"ဘာကြီး.."
"......."
"ဟုတ်.."
"ဟို..."
.
.
.
"အင်း.."
"အင်းပါ..ခဏပဲ..."
~~~ဝေါ~~ဝေါ~~~
"ဟင်!!!!"
~~ဒုန်းး ~~~
~~အားး ~~~
                     💙💙💙
unicoad
Ep.36
"အင်းးး... အာ့...ကျွတ်..ကျွတ်.."
မျက်နှာကိုနေရောင်ထိုးလာ​တာ​ကြောင့်...တစ်ဖက်လှည့်အိပ်ရန်ပြင်လိုက်စဉ်...အောက်ပိုင်းကအသည်းခိုက်မတက်နာကျင်မှုကြောင့်...စုတ်သတ်လိုက်မိသည်....။ပြီးတော့...တစ်ကိုယ်လုံးလည်း..လှုပ်မရ...တစ်ခုခုနဲ့...တင်းတင်းချုပ်နှောင်ထားသလို...ခံစားရတာကြောင့်..
မဖွင့်ချင်သေးသောမျက်လုံးတို့ကို...အားယူဖွင်လိုက်တော့....ပထမဦးဆုံးမြင်ရတာက...
ရင်ဘတ်ကျယ်ကြီးတစ်ခု...အပေါ်သို့တဖြည်းဖြည်းမော့ကြည့်လိုက်တော့...တွေ့လိုက်ရတာက
နှစ်ခြိုက်စွာ..အိပ်ပျော်နေတဲ့...ကိုကို....။
ခန့်ထည်ရဲ့...ခါးမှာလည်း...လက်တို့နဲ့..ရစ်ပတ်ထားသေးသည်...။
ကိုကိုနဲ့ညက...အဖြစ်အပျက်များကိုပြန်တွေးမိတော့...မျက်နှာကချက်ချင်းနွေးခနဲဖြစ်သွားရသည်...။ကိုကိုနဲ့...မင်္ဂလာဦးည ဆင်နွှဲလိုက်တာ...ကိိုကိုမှတ်မိပါ့မလား..မနေ့က..ကိုကို
ကမူးနေတာမလား..မူးနေတာကို..အခွင့်ကောင်းယူတယ်ဆိုပြီးပြောမှာလား...။ခန့်ထည်ကိုမမြင်ချင်ဘူးထွက်သွားဆိုပြီ..အော်မှာလား...။
အဲ့လိုတွေးမိတော့...ခန့်ထည်ငိုချင်လာသည်..။
ကိုကို့ကိုသူမခွဲနိုင်ဘူး...ညကရုန်းထွက်ရင်ရပါတယ်..ဒါပေမယ့်... ကိုကိုမို့လို့ကို..ခန့်ထည်ပေးဆပ်တာပါ..ကိုကို့ကိုအရမ်းချစ်လို့..ကိုကို့အထိအတွေ့တိုင်းကို..မြတ်နိုးလို့...။
"အဟင့်...ဟင်...အင့်.. "
ဝမ်းနည်းစိတ်တို့က..လှိုက်တက်လာကာ...အသံထွက်ပင်ငိုမိတော့သည်...။
နားထဲမှာ..ကလေးငိုသံလို..ရှိုက်သံတစ်ချို့ကြားနေပေမယ့်...လေးနေသောမျက်ခွံတို့ကြောင့်ဖွင့်ကြည့်လို့မရခဲ့... ထို့အပြင်..သူ့ရင်ဘတ်တွင်လည်း...စိုစိစိခံစားရတာကြောင့်...အားယူကာမျက်လုံးတို့ကို..ဖွင့်လိုက်သည်။
တရားခံကာ..တခြားသူမဟုတ်..မနေ့ညကမှ..
ညီတော်ကောင်းမှုအကြောင်းပြုပြီး..တရားဝင်
ပေါင်းဖက်ခဲ့ရတဲ့..ချစ်လင်လေး..သူ့ရင်ခွင်ထဲအတင်းတိုးဝင်ပြီး...ပုခုံးလေးတွေလှုပ်သည်..အထိရှိုက်ငိုနေတာ..ဘာများဖြစ်လို့ပါလိမ့်..အရမ်းများနာနေလို့လား..သူ့မနေ့ညက
အဲ့လောက်လည်းမကြမ်းပါဘူး..သူတို့နှစ်ယောက် လုံးအတွက်..ပထမဆုံးအကြိမ်ဖြစ်တာကြောင့်..အငြင်သာဆုံးသာသွားခဲ့ပြီး..တစ်ကြိမ်မျှသာဆက်ဆံခဲ့သည်...။
"အီးဟီး.... "
"ငယ်...ငယ်..ဘာ..ဘာဖြစ်လို့လဲ..ငယ်"
"ဟင်...ကို..ကို.."
ငိုသံတို့ကပိုကျယ်လာတာကြောင့်...ရင်ခွင်ထဲကမျက်နှာလေးကိုခွာလိုက်ပြီး...မော့စေလိုက်တော့...ထိတ်လန့်နေတဲ့..မျက်လုံးလေးတွေ နဲ့
ကြည့်ကာ..ခေါ်လာရှာသည်..။သူလေး..ကြောက်သွားတာလား..ငါမှားပြီလား..။
"ငယ်..."
"ကိုိုကို...ကျွန်..ကျွန်တော်တောင်းပန်ပါတယ်..ကိုကိုရယ်..ကျွန်တော့်ကိုမောင်းမထုတ်ပါနဲ့နော်..ကျွန်တော် ကိုကို့ကို..မခွဲနိုင်လို့ပါ..နော်..ကျွန်တော်မှားပါတယ်.."
"ငယ်...ကိုယ့်ကိုကြည့်...ငယ်က..ဘာတွေမှားလို့ဘာတွေတောင်းပန်နေတာလဲ..ဟင်..ဘာလို့ငယ့်ကို..ကိုယ်က.မောင်းထုတ်ရမှာလဲ
ငယ်ရယ်..."
အတင်းတွေ..တောင်းပန်ပြီး.မောင်းမထုတ်ဖို့ပြောနေတဲ့..ငယ့်ကို..သူနားမလည်နိုင်..။သူလှဲနေရာကနေထထိုင်လိုက်ပြီး...ခေါင်းအုံးခုကာ..ကုတင်ကိုကျောမှီကာ..ထိုင်လိုက်သည်အထိ..သူလေးလည်းငုတ်တုပ်ထထိုင်ပြီး...အူကြောင်ကြောင်လေးလိုက်ကြည့်နေတော့...ခေါင်..သူ့ကိုယ်လုံးလေးကိုဆွဲယူလိုက်ပြီးပေါင်ပေါ်တင်ပေးလိုက်တော့...ဘာအကာအရံမှာမရှိတဲ့ထိတွေ့မှုတစ်ခုကြောင့်..သူလေးမျက်နှာရဲကာ..ခေါင်းလေးငုံ့သွားသည်...။
"ငယ်...ကိုယ့်ကိုကြည့်...အဲ့လိုခေါင်းကြီးမငုံ့မထားနဲ့..."
"........"
"ငယ်...အခုဘာတွေတွေးနေတာလဲ ဘာလဲ
ညက..ကိုယ်တို့နှစ်ယောက်..ကိစ္စကိုလား.."
"အွန်းး... "
ခေါင်းလေးအသားညိမ့်ပြကာ..တစ်လုံးထဲဆိုလာသည်...ညကကိစ္စလို့ပြောလိုက်ကတည်းက..နားရွက်လေးတွေရဲကာ..ရှက်နေတဲ့ပုံလေးက...ခေါင့်ကိုတစ်မျိုးဆွဲဆောင်နေတာ...။
"ငယ်..ဘယ်လိုတွေးနေလဲ..ကိုယ်မခန့်မှန်းတတ်ပေမယ့်...ငယ်သိထားရမှာက..ကိုယ်ညကမမူးဘူး..အကုန်လုံးက..ကိုယ်လိုလိုချင်နဲ့ယူခဲ့တာကြီးပဲ..ငယ့်ကိုချစ်လွန်းလို့ငယ့်ကိုပိုင်ဆိုင်ချင်းလွန်းလို့..ကိုယ်လုပ်ခဲ့တာကြီးပဲ..."
ရှင်းပြနေပြန်တော့လည်း...အံ့သြနေပြန်သော..သူလေး..ညကညီကသူ့ကိုအကြံပေးတာ..မူးချင်ယောင်ဆောင်တဲ့..ပြီးရင်...ခန္ဓာကိုယ်မှာအနံ့စွဲသွားအောင်..နည်းနည်းလောင်းချ ပြီးရင်အိမ်ရောက်တာနဲ့..မူးသလိုလိုနဲ့ကုတင်ပေါ်ဆွဲချပြီးချစ်တယ်ပြောတဲ့..နည်းနည်းတော့မြန်မာကားဆန်သွားတယ်...ညီကချစ်တယ်
ပဲပြောခိုင်းတာ..သူကတော့တစ်ဆင့်တိုးပြီးအပိုင်ပါသိမ်းပလိုက်တာ...ဟင်းဟင်း....။
"အဲ့...အဲ့ဒါဆို...ည...ညကဖြစ်တာတွေအကုန်ကိုကိုမှတ်မိတယ်ပေါ့..."
"မှတ်မိတာပေါ့...ကိုယ်တစ်ခွက်လောက်ပဲ
သောက်ထားတော့..ရီဝေဝေဖြစ်ယုံလေးပဲ..
ညက..ငယ်နဲ့ဖြစ်တာအကုန်မှတ်မိတယ်..."
"အဲ့ဒါဆို..ချစ်တယ်ဆိုတာကရော.."
ဒီအဖြေကိုသူလေးတော်တော်ကြားချင်နေပုံရတယ်...ညကလည်းအကြိမ်ကြိမ်ပြန်မေးနေတာ..။ဟုတ်ပါတယ်..သူလေးလို..ကိုယ့်ဆီကအချစ်ကိုမျှော်လင့်နေတဲ့သူအတွက်..ဒီစကားကဘယ်လောက်တောင်အရေးပါမှန်းသိပါသည်..။
"ဟင်..ကိုကို..."
"ငယ်...တကယ်ပါငယ်ရယ်...ကိုကို..ငယ့်ကိုတကယ်ချစ်တာပါ...ဘယ်တုန်းကချစ်သွားလဲဆိုတာတော့ကိုယ်လည်းမသိဘူး...ဒါပေမယ့်
ကိုကို ငယ့်ကိုချစ်တယ်..."
"ဟင့်...ဟင့်..ကိုကို...အီးဟီး..."
ရင်ခွင်တစ်ဖန်ပြန်ဝင်လားပြီး..ဖက်ထားကာ
ငိုပြန်သည်...။ခေါင်..တစ်ချက်ရယ်လိုက်ပြီး
သူလေး..ကိုယ်လုံးလေးကိုပြန်ဖက်ထားလိုက်သည်..။ဆံပင်တွေထဲ..နှာခေါင်းနှစ်ထားကာ...နမ်းနေလိုက်သည်...။သူလေးကတော့..ငိုကောင်းတုန်း...။
"ကဲ...ငယ်..တော်ပြီ..ဒါငိုစရာမဟုတ်ဖူးလေ"
"ကျွန်..ကျွန်တော်...ပျော်..ပျော်လို့ပါ..ကိုကိုရဲ့...ဟင့်..."
"ဟင့်အင်း... ပျော်လည်းမငိုရဘူး...ဝမ်းနည်းလည်းမငိုရဘူး..ကိုကို ကိုယ်တိုင်လည်း..ငယ်ငိုအောင်ဘယ်တော့မှမလုပ်ဘူး..နော်..အခုကစပြီးငယ်အတွက်ပျော်ရွှင်စရာတွေပဲ..ဖန်တီးပေးမယ်နော်..."
"ဟင့်...ဟုတ်...ကိုကို.."
"ဗျာ.."
"ကျွန်တော်လည်း..ကိုကို့ကိုချစ်တယ်​နော်.."
"ငယ်ရယ်...မလိုပါဘူးကွာ..ငယ့်အချစ်တွေက
ငယ်ပြောစရာမလိုအောင်...ပြည့်စုံပြီးသားပါ..ငယ်ရယ်..."
တကယ်ပါ..သူလေးက..ကိုယ့်ပေါ်ကို..ဘယ်လောက်အနစ်နာခံပြီးချစ်ပေးခဲ့တယ်ဆိုတာကို..
ဘေးလူတွေပြောစရာတောင်..မလိုပါ..။
"အခုရေချိုးရအောင်နော်..ပြီးရင်..ကိုကို..ငယ့်ကိုဆေးတိုက်မယ်..ဖျားမှာစိုးလို့...ဒါနဲ့နာနေလားငယ်.."
"ဟို..ကိုကို..အဲ့ဒါကြီးကို..မ..မမေးလို့မရဘူးလားဟင်..."
"အဲ..ငယ်ရယ်..ဘာရှက်စရာလိုလဲ...ကိုယ်တို့ကလင်မယားတွေပဲကို...ကိုယ့်မှာမပြောရင်ဘယ်သူ့သွားပြောမှာလဲ...ဘာလဲ..ငယ့်သူငယ်ချင်းတွေကိုပြောမှာလား..."
"ဟာ..ကိုကိုနော်..အဲ့လိုတော့..လျှောက်ပြောမလား.."
"အေးလေး..အဲ့ဒါကြောင့်.. ကိုကို့ကိုပြောခိုင်းတာလေ..."
ခန့်ထည်တကယ်ရှက်လွန်းဘယ်လိုနေရမှန်းမသိတော့...မပြောရင်လည်း..ဒီဆေးရုံအုပ်ကြီးကမေးနေဦးမှာ..လူကိုသူ့လူနာများမှတ်နေလားမသိဘူး...
"နာတယ်ဗျာ..နာတယ်..လမ်းတောင်မလျှောက်နိုင်လောက်အောင်..နာတယ်..."
"ဟားဟား...ငယ်ကကွာ"
မုန်းလိုက်တာ...မဖြေတော့လည်းမဖြေလို့..ဖြေတော့လည်း..တဟားဟားနဲ့အော်ရယ်နေတာ..ခန့်ထည်မျက်စောင်းတွေကြီးပဲလှိမ့်ထိုးပေးလိုက်သည်...။
.
.
.
.
.
သွန်း..မနက်ဖြန်သွားမယ်..ခရီးအတွက်.အဝတ်တွေထည့်နေသည်..။သူ့တို့က..ကိုယ်ပိုင်လေယာဉ်နဲ့သွားမယ်ဆိုပေမယ့်..သားလေးကိုတော့.မခေါ်ချင်..ဘာလို့ဆို...သားကအရမ်းငယ်သေးတယ်..တစ်နှစ်ဆိုတဲ့အရွယ်က..လေယာဉ်စီးဖို့..သိပ်မသင့်တော့်ဘူးလားလို့...။
"ဟိတ်..အချစ်..ဘာတွေတွေးနေတာလဲ"
အဝတ်လဲခန်းထဲကိုလိုက်ဝင်လာတဲ့...မောင်။
ခုနကအပြင်မှာသားကိုကြည့်ဖို့ထားခဲ့တာ..အခု
လည်းဘာလာလုပ်ပြန်ပြီလဲမသိ..သားလည်းပါမလာဘူး...။
"မောင်.."
"အင်း..ပြောလေ..honeyဘာလိုချင်လို့လဲ.."
"မောင့်ရဲ့...Black cardကြီး.."
သွန်းသက်သက်ရွဲ့ကာပြောလိုက်သည်...။သွန်းမှာလည်းရှိပေမယ့်..သူ့cardက...ဝယ်ချင်ရင်
ရွှေတောင်ကြားကခြံတစ်ခြံတောင်သွားဝယ်နိုင်တာကြောင့် သူ့cardကြီးကိုသွန်းမျက်စောင်းထိုးနေတာ..ခဏခဏပဲ..အဲ့လိုပြောတိုင်း..နောက်နေ့ဆိုရင်..သွန်းcardထဲကို တစ်ထောင်လောက်ကအသာလေး လွှဲပေးပြီးသား...။
"လူတစ်ယောက်လုံးတောင်..အပိုင်ပေးထားတာ..cardလိုသေးလို့လား..honeyနော်
မောင်က..လင်းပိုင်မျိုးစိတ်သိလား..တန်ဖိုးထား"
"ဟင်...ဘာဆိုင်လို့လဲ"
သွန်းအကျႌခေါက်နေတာတောင်ရပ်လိုက်ပြီးဆိုဖာပေါ်ထိုင်နေတဲ့..သူ့ကိုလှမ်းကြည့်ကာမေးလိုက်သည်...။ဘယ်တုန်းက..ငါ့ယောကျာ်းပ..လင်းပိုင်ဖြစ်သွားတာပါလိမ့်...။
"ဆိုင်တာပေါ့...အခုကမ္ဘာပေါ်မှာ..လင်းပိုင်
တွေက..ရှားပါးမျိုးစိတ်ဖြစ်နေပြီလေ..မောင်လည်းသူတို့လိုပဲ..ရှားပါမျိုးစိတ်...အဟက်..ဒီမှာ
honey..မင်းဒီလိုရှားပါးယောကျာ်းကိုရထားတာ
ဘယ်လောက်တောင်..ဂုဏ်ယူဖို့ကောင်းလဲ..ဂုဏ်ယူလိုက်စမ်းပါ...ဟဟ"
ဟယ်...ဘာမှမဆိုင်သလိုကြီးနော်...သက်သက်ကြီးဝင်ဂုဏ်ဖော်..အံမယ်..သူ့ကိုရလို့..လူက
ရွှေမှုန်ရတီပဲလုပ်ရမလိုလို..ကွန်းဖီးလ်ဒန့်လယ်ဗယ်ဆိုးဟိုက်သွားတာဆိုတာ...။
"အဟင်း..ဒီမှာ..မောင်မင်းမြတ်ခြံရံ..
ဂုဏ်ယူရမှာ ကျုပ်မဟုတ်ဘူး..ခဗျားသိလား
သွန်းသုတ ကိုလိုချင်နေတဲ့လူတွေမှလေ....
တောင်လိုပုံနေရော.. အဲ့ထဲကမှ..ခဗျားက
လာပြီးတော့လူ​ရှေ့ဒူ​း​ထောက်...အတင်းတွေ
လက်စွပ် စွပ်..ပန်းစည်းတွေအတင်းထိုးပေးနေလို့..သနားလိုယူလိုက်တာသိလား...ဟွန့်...
ယူမယ့်ယူ..ခဗျားသာဂုဏ်ယူ..."
"အဟက်...honey..မင်းအပြင်မှာသွားရှာကြည့် ထီးဖြူးဖိနပ်ပါးသွားလိမ့်မယ့် မောင့်ကို
ယောကျာ်း မျိုးရှာမတွေ့ဘူး.."
"အံမယ်..ဘာမှထီးဖြူဖိနပ်ပါးစရာမလိုဘူး..
အခုခေတ်က..အွန်လိုင်းခေတ်..."
သူ့ရှေ့လာရပ်ပြီးခါးထောက်ရန်တွေ့နေတဲ့...အသည်းအသက်..နှုတ်ခမ်းကိုထော်နေရော...
အသည်းယားလို့ကိုထပ်စနေတာ...သားတစ်ယောက်မွေးထားတယ်လို့သာပြောတာ..တစ်သားမွေးတစ်သွေးလှဆိုတာ..honeyကိုပြောတာဖြစ်လိမ့်မယ်..သားလေးမွေးပြီးမှအရင်ကထက်ပိုချစ်ဖို့ကောင်း ပိုလှလာတာ...။အိမ်တွင်းအောင်းနေရတော့...အသားတို့က..ဥနေတာပဲ...။ပါးလေးဆွဲတာတောင်..ရဲတက်လာတာ...။အဲ..အခုစွာလည်းစွာလာသည်....။
"honey...လာပါကွာ.. မောနေတော့မယ်..
မောင့်ကိုရန်တွေ့နေရတာ.."
ကိုယ်လုံးလေးကိုဆွဲယူလိုက်ပြီးပေါင်ပေါ်တင်ကာထိုင်​စေပြီးမပြုတ်ကျ​စေရန်..ခါးကနေထိန်းကာပွေ့ထားလိုက်သည်...။သူ​လေးက​တော့
နှုတ်ခမ်းလေးကိုစူထားတုန်း....။
"မောင့်အချစ်က...လှလာလိုက်တာ​နော်"
"ဘာလဲ..ဘာတွေလာဖားနေတာလဲ.."
"မဖားပါဘူး..တကယ်ပြောတာ..တကယ်လှလာတာ...အရမ်းလည်းချစ်ဖို့ကောင်းလာတာ"
"အာ့ဆိုအရင်က..ချစ်ဖို့မကောင်းဘူးပေါ့.."
"အရင်ကလည်းချစ်ဖို့ကောင်းတယ်..အခုလည်းပိုချစ်ဖို့ကောင်းတယ်.."
"အဲ့တော့..."
သွန်း..မျက်ခုံးပင့်ကာမေးလိုက်တော့...အချေကြီးဘာမှပြန်မဖြေပဲပြုံးပြီးကြည့်နေတာ...သွန်း
ကြားချင်တဲ့..စကားကိုမပြော..အရမ်းဈေးကိုင်တာပဲ...။
"အဲ့တော့..ဘာဖြစ်လဲလို့ဖြေလေ.. မောင်"
"ဘာဖြစ်ရမှာလဲ... honeyရဲ့..."
"ဟွန့်...ဘာဖြစ်ရမှာလဲ..ပိုချစ်တယ်လို့ပြောလေ.."
"သြော်...အဲ့လိုလား"
ဘယ်လိုတောင်..ချေတယ်ဆိုတာမေး...။
"ဖယ်...သွား..ကိုယ့်ဘာသာနေနေတဲ့..လူကို
သက်သက်လာပြီးဒေါသထွက်အောင်လုပ်တာ"
"အယ်..မောင်ကလည်း..ကိုယ့်ဘာသာဝင်လာတာပါနော်..အချစ်ကအတင်းတွေရန်တွေ့နေတာ"
အတင်းလက်တွေခါချကာပေါင်ပေါ်က ဆင်းမယ့်သူ့ကိုပြန်ဆွဲထားရင်းပြောလိုက်သည်...။သူလေးဒေါသထွက်ရင်..ချစ်ဖို့ကောင်းလွန်းတယ်..
အဲ့ဒါကြောင့်..ဒေါသထွက်အောင်လုပ်ပြီး...ထိုင်ကြည့်မယ်...။
"ဖယ်လို့...သားငိုနေတော့မယ်..သားဆီသွားဖို့"
"မငိုပါဘူး..honeyရယ်..သူ့အဖွားတွေလက်ထဲမှာ..ခုနလေးတင်ဆော့နေတာ.."
"ဟင်...မေမေတို့ရောက်နေတာလား.."
"အင်း..အဲ့ဒါကြောင့်..မောင်ဝင်လာတာပေါ့"
မေမေတို့ကအခုနောက်ပိုင်း သူတို့မြေးရှိတော့
ရက်ဆက်ရောက်လာတတ်ကြသည်..။တစ်ယောက်မအားရင်တောင်တစ်ယောက်ကရောက်လာနေကျ....။အခုလညး်မနက်ဖြန်ခရီးသွားမယ်ဆိုတော့...သူတို့မြေးကို..လာနှုတ်ဆက်တာနေလိမ့်မည်...။
"သွားရအောင်​လေ​မောင်..အားနာစရာကြီး..လူကြီးတွေကို... "
"အင်းပါ..."
"လိမ္မာတယ်...ပြွတ်စ်... "
မောင့်နှုတ်ခမ်းလေးကိုပြွတ်စ်ခနဲ..စုပ်နမ်းလိုက်သည်...။မောင်ကတော့..ကျေနပ်ပြုံးကြီးနဲ့ပေါ့...။နှစ်​ယောက်လုံး..အောက်ကိုပဲဆင်းလာခဲ့လိုက်ကြသည်...။
"မေမေ..မယ်မယ်"
"ဟော..သားတို့လာ​လေ..."
လွတ်နေတဲ့..နှစ်ယောက်ထိုင်ဆိုဖာမှာ..ဝင်ထိုင်လိုက်ကြသည်...။သားကတော့...သူ့ပါပါးလာတော့လက်ကဆန့်နေပြီ..သူ့ကိုခေါ်ပါဆိုတဲ့သဘော...။သွန်းတမင်ညစ်ပြီးမသိချင်ယောင်ဆောင်နေတော့..မျက်နှာလေးကတစ်ဖြည်းဖြည်းမဲ့ကျသွားပြီး..မေးလေးတွေတုန်ကာ..ငိုချင်နေပြီ..သွန်းနဲ့မောင်လည်း..အခြေအနေကိုပဲကြည့်နေလိုက်သည်...။​နောက်ဆံုံးသူကိုမ​ခေါ်​တော့​အော်ငိုပါ​လေ​ရော...။
"အိုး..အေး..အေး..daddy ့သားလေးကိုdaddyခေါ်မှာပေါ့.."
မောင်ကထသွားပြီး..သူသားကိုချီလိုက်ကာချော့နေသည်..။သားငိုရင်တော့...သူမနေနိုင်
သွန်းကသာတစ်ခါတစ်လေ ပင်ပန်းလွန်းလို့
ငိုရင်ငိုပါစေဆိုပြီးပစ်ထားလိုက်တာ...သူကတော့မရဘူး..အဟင့်..ဆိုတာနဲ့..တုန်နေရောအရင်အအိပ်မက်တဲ့မောင်က..ညဘက်..သူ့သားအသံကြားတာနဲ့သွန်းထက်အရင်နိုးနေရော...။
"အမလေး...ဖေချစ်လေး.."
"ပြောမနေနဲ့...မမမြတ်ရေ...သူက..ဖွားအေ
တွေနဲ့ရန်ဖြစ်ထားတာ.."
"ဟီးဟီး... မေမေတို့ကတော့"
အဖွားနှစ်ယောက်..သူတို့သားဖကိုကြည့်ပြီး..
ပြောနေကြတာ..သွန်းကတော့အသံထွက်ပင်ရယ်ရသည်..။မြေးဦးဆိုတော့..သူတို့မှာချစ်လွန်းနေတာ...။
"သားခရီးသွားဖို့အဆင်သင့်ဖြစ်ပြီလား..."
"ဟုတ်..မေမေ...သုံးရက်လောက်ပဲကာမှာဆိုတော့သိပ်ထည့်စရာမလိုပါဘူး..."
"မယ်မယ်ကတော့...မြေးလေးကို..မခေါ်သွားစေချင်ဘူးသားရယ်..."
မယ်မယ့်အပြောကို မေမေကလည်း..ထောက်ခံသလိုခေါင်းငြိမ့်ပြသည်...။
"ဟုတ်တယ်မယ်မယ်...သားလည်းအဲ့ဒါစဉ်းစားနေတာ..ဒါပေမယ့်..ထားခဲ့ရင်လည်း..
မယ်မယ်တို့ပင်ပန်းမှာစိုးတယ်.."
"ဖြစ်နိုင်ရင်..ထားခဲ့လိုက်ပါသားရယ်..မယ်မယ်တို့မပင်းပန်းပါဘူး...သားသာစိတ်ချလက်ချနဲ့ဆေးသွားစစ်နော်..ဟုတ်ပြီလား.."
"သားရယ်..သုံးရက်ပဲကာမှာလေ..နော်"
သူ့ကို..နှစ်ယောက်လုံးကပြောလာတာကြောင့်..သွန်းဆုံးဖြတ်ရခက်သွားသည်...။တကယ်တော့သွန်းလည်းသားကိုမခွဲနိုင်..ဒါပေမယ့်သားကိုလည်းမပင်ပန်းစေချင်ဘူး...။မောင့်ကိုလှမ်းကြည့်တော့..မောင်ကသွန်းကြိုက်သလိုလုပ်ဆိုတဲ့အနေတဲ့မေးသာဆက်ပြသည်...။
"ဟို...အဲ့ဒါဆို..သားထားခဲ့မယ်နော်...သားတို့
မြန်မြန်ပြန်လာမှာပါ.."
မေမေနှစ်ယောက်ကတော့...သူတို့မြေးနဲ့မခွဲရတော့ပျော်သွားကြတာပေါ့...။သွန်းကတော့..မောင့်လက်ပေါ်ကသားလေးကိုသာ..ကြည့်နေလိုက်သည်...။
                   💙💙💙
"ရဲလူကြီး..."
"ဟင်..."
ကစားကွင်းထဲက..ခုံမှာထိုင်ကာရေခဲမုန့်စားနေတုန်းခေါ်လာတာကြောင့်..ထင်ရှားရေခဲမုန့်ခက်ရင်းပြန်ထူးလိုက်သည်...။
"ကျွန်တော့်ကိုဘာလို့ခင်တာလဲဟင်.."
"ဟမ်..."
ခေါ်ပြီးတော့ဘာမှမပြောပဲ..အဝေးကိုသာကြည့်နေတာ...ရေခဲမုန့်ဇွန်းကိုလည်းကိုင်လျက်ကြီး....
"ဟေးး.. ခေါ်ပြီးတစ်ခုပြောလေ.."
"ရဲလူကြီး. မြင်ြမ်ချင်းအချစ်ဆိုတာ..ယုံလား"
"ဘာကြီး.."
ဟန်ဆောင်ပြီးသာပြန်ပေးလိုက်ပေမယ့်...ရင်ထဲမှာတော့ဒိန်းခနဲဖြစ်သွားရသည်... ။သူ​လေးကချစ်ရမယ့်သူရှိ​နေပြီလား...။
"ကျွန်တော်..လူတစ်ယောက်ကိုမြင်မြင်ချင်းချစ်မိသွားတယ်ဗျာ..."
"ဘယ်...ဘယ်သူလဲ...ငါ...သိလို့ရမလား.."
"......."
"ရပါတယ်..မင်းမပြောချင်လဲ..ဒါနဲ့ငါတို့ပြန်ကြမလား...မင်းလည်းမနက်ပြန်ဖို့ပြင်ဆင်ရဦးမယ်မလား..."
"ဟုတ်.."
ဘာမှမပြောတော့ပဲ... ကားရှိရာကိုသာလျှောက်လာလိုက်ကြသည်...။ကား​ပေါ်ရောက်ပြီးပြန်လာကြသည်အထိဘာတစ်ခွန်းမှမပြောဖြစ်သေး...။တစ်လမ်းလုံးတိတ်ဆိတ်လို့....။အိမ်တောင်ရောက်လာပြီး..ဟိုကလေးက ခါးပတ်ဖြုတ်ကာဆင်းမယ်အလုပ်...
"ကိုယ်မနက်ဖြန်လိုက်ပို့လို့ရမလား...."
မေးလိုက်တော့... ဆွေးရိပ်သမ်းနေတဲ့မျက်နှာလေးနဲ့ကြည့်လာသည်...။
"ဟင့်အင်း...ကျွန်တော်..ကျောခိုင်းလိုက်ရတဲ့ခံစားချက်ကိုမုန်းတယ်...မနက်ဖြန်လည်းကိုယ့်ဘာသာတစ်ယောက်ထဲသွားမှာ.."
"ဟို..."
"ကျွန်တော်သွားတော့မယ်..."
ပြောပြီးတာနဲ့ချက်ချင်းဆင်းသွားပြီးအိမ်ထဲပြေးဝင်သွားသည်...။သူမဆွဲထားမိ..သူဆွဲထားလိုက်ရင်..ပြန်မလွှတ်ပေးလိုက်မိမှာစိုးတယ်...။
"တစ်နေ့ပေါ့ကလေးရယ်...တစ်နေ့ပေါ့..."
အိမ်ထဲဝင်သွားတဲ့ကောင်လေးကတံခါးအကွယ်ကနေကားပေါ်ကကောင်လေးကိုလှမ်းကြည့်ပြီးငိုနေတာကိုတော့...ကားထဲကကောင်လေးမသိခဲ့....။
.
.
.
အခုဆို သွန်းတို့ Bangkokကိုရောက်နေကြပြီဖြစ်သည်....။သွန်းကရက်အကြာကြီးမနေချင်..သားကိုလည်းစိတ်မချတာကြောင့်...ရောက်တာနဲ့.... ဆေးရုံကိုပဲတန်းလာလိုက်သည်..။
ဆေးစစ်ပြီးတော့...မောင်ကဆရာဝန်ကြီးနဲ့လိုအပ်တာတွေအကုန်ပြောနေပေမယ့်..သွန်းကတော့ဝင်မပြောခဲ့....သွန်းပင်လည်းပင်ပန်းနေသလို...သားကိုလည်းသတိရတာကြောင့်...လူကဘာမှမလုပ်ချင်....။
"honey...လာ..ပြန်လို့ရပြီ...honeyနားချင်ရောပေါ့..."
"အင်း.."
မောင်လက်မောင်းကိုတွဲပြီးတော့..မောင့်ကိုမှီပြီးပဲလျှောက်လာလိုက်သည်...။လူကလုံးဝမဟန်တော့....။
"honey...အရမ်းပင်ပန်းနေပြီလား..ခဏပဲနော်..honeyပြန်ကြမယ်...မောင်ဆေးသွားယူလိုက်ဦးမယ်...လိုက်ခဲ့မလား..မောင်နဲ့..."
"ဟင့်အင်း..ဒီမှာပဲစောင့်နေမယ်..မြန်မြန်ယူပြီးပြန်လာခဲ့..honeyနားချင်ပြီ..."
"အင်းပါ..ခဏပဲ..."
မောင်ကပြောပြီးတော့..ဆေးကောင်တာဘက်ထွက်သွားသည်...။သွန်းဓာတ်လှေကားရှေ့မှာပဲရပ်စောင့်နေလိုက်သည်...။သွန်းအခုမှကြည့်မိတဲ့...ဘေးနားမှာ Operations ခန်းရှိသည်...။သွန်းလည်းလိုက်ကြည့်နေတုန်း...။
~~~ဝေါ~~ဝေါ~~~
"ဟင်!!!!"
သွန်းဆီကိုဦးတည်လာခဲ့ လူနာတင်ကုတင်တစ်ခု...တွန်းသူမရှိပဲနဲ...အရှိန်နဲ့ဝင်လာတာ..သွန်းနေရာမှာပဲ..ငူငူကြီးရပ်နေမိသည်...ရှောင်လည်းမရှောင်မိ...။
~~ဒုန်းး ~~~
~~အားး ~~~
                     💙💙💙
လက်မြှောက်လို့မရတဲ့...ဒုက္ခ😅
မနက်စောစောupပေးမယ်လုပ်တာ..လက်ကြောင့်မတွင်ကျယ်ဘူး😁အခုတော့upနိုင်ပြီ..
ဟို ဒီအပိုင်းလေးပေါ့သွားရင်တောင်းပန်ပါတယ်နော်...ပြီးတော့စာလုံးပေါင်းမှားရင်လည်းခွင့်လွှတ်..ထိန်းတော့ရေးပေးထားတယ်😁နောက်မှပြန်စစ်ပြီးပြင်ပေးမယ်နော်😘😘😘😘
Continue Reading
You'll Also Like
265K 10.7K 64
Start date - 13 Sep 2022 ( 11: 09 AM) End date - 31 May 2023 ကျိုးပြတ်သွားတဲ့ ကတိတစ်စုံဟာ လွင့်ပြယ်သွားတဲ့ တိမ်တိုက်​တွေလိုပဲ ပုံစံတကျ ပြန်စုစည်းလို...
351K 11.8K 45
ဖီးနစ်ငှက်တစ်ကောင်ရဲ့ ရင်ကွဲမတတ်အော်ဟစ်သံဟာ လောင်ကျွမ်းအံ့ဆဲဆဲ အတောင်ပံတွေနဲ့အတူ ပျောက်ကွယ်ပျက်စီးသွားတော့မယ့်အချိန်မှာ ငါဟာ မင်းနဲ့နောက်တစ်ကြိမ်...
308K 11.7K 52
အစားထိုးပြီးချစ်ခဲ့ပေမဲ့ ကိုယ်မင်းကိုတစ်ကယ်ချစ်မိတာပါ.. နှစ်ယောက်မရှိအချစ်မျိုးနဲ့ချစ်ခဲ့တာပါ....... ❤❤❤❤❤❤❤❤❤❤❤❤ ကျွန်တော်ကGayမဟုတ်ဘူး..... ကျွန်တော...
421K 16.9K 39
"ငါခံယူထားတဲ့ အချစ်ကရယူခြင်း ဒါကြောင့် ငါအချစ်ကပြင်းတယ်" ရိန်ရန်ရှင်းသန့်+ဂုဏ်ခန့်စည်