မောင့်အလိုကျ 💙26💙

34.4K 2.4K 104
                                    

မြတ်သူရ …မြတ်သူရဆိုတဲ့ သူဒီကိုပြန်ရောက်နေတာကို ခြံရံသိပြီသား…ဟိုမိန်းမကလည်း
သူ့ ရဲ့ ခိုင်းစေမှုကြောင့်ရောက်လာတာကိုလည်း
ခြံရံ ကိုယ်ရံတော်တစ်ချို့ ကသိပြီးသားမို့ သတင်းရပြီးသား…

အဲ့လူကို အများအမြင်မှာတော့ လွှတ်ပေးလိုက်တယ်လိုထင်ရပေမယ့်…ခြံရံဘယ်လိုလုပ်လိုက်တယ်ဆိုတာကို ထင်ရှားတို့ တောင်မသိကြ…။

သျှားနဒီကိုဖမ်းမိတဲ့အချိန်… မြတ်သူရက နိုင်ငံခြားကိုပြေးဖို့ လေဆိပ်အဆင်းမှာ ခြံရံသူ့ လူတွေကိုလွှတ်ပြီး မြတ်သူရကို တစ်နေရာဖမ်းသွားခိုင်းလိုက်သည်။ထင်ရှားတို့ သိရင်ခြံရံ့ ကိုခွင့်မပြုမှာစိုးတာကြောင့် ဘယ်သူမှမသိအောင်သိုသိုသိပ်သိပ်လုပ်ခဲ့သည်။နောက် သူ့ လုပ်ငန်းတွေကိုခြယ်လှယ်လိုက်တော့ နဂိုကတည်းက ယိမ်းယိုင်စပြုနေတဲ့  Luckyက ခြံရံသိပ်ပြီးအားမထုတ်လိုက်ရ…အချိန်တိုအတွင်းမှာပဲ ဒေဝါလီခခံသွားရသည်။အဲ့ဒီအထိ မြတ်သူရကို သွားမတွေ့ သေး…နောက်မှာကျန်နေသေးတဲ့ သူရဲ့ မှောင်ခိုလုပ်ငန်းအားလုံးကိုလည်း လူစားထိုးအသုံးပြု၍
ရဲလက်အပ်ခဲ့သည်။

နောက်ဆုံးကျန်သေးတဲ့  မြတ်သူရကိုတော့……

flask back…

"ဟား ဟား  မင်းကပြေးမယ်ပေါ့  ဟား ဟား
မင်းမြတ်ခြံရံက ဘာကောင်ဆိုတာ မသိတာလဲမဟုတ်ဘဲနဲ့ များ"

"တောင်း~တောင်းပန်ပါတယ်ကွာ အခုငါ့လုပ်ငန်းတွေလည်း ဆုံးရှုံးသွားပြီးပဲကွာ မင်းကျေနပ်ပါတော့ကွာ ခြံရံရာ"

"ဘာ!!!ကျေနပ်ရမယ်  မင်းထိထားတဲ့ သူကဘယ်သူဆိုတာကို မင်းမေ့နေတာလာ ဟမ်!!! ရူးချင်ယောင်ဆောင်နေတာတွေရပ်လိုက် ဟျောင့်!!"

ကော်လန်စကနေစွဲပြီး ဒေါသတကြီး အော်ပြောလိုက်သည်။ဒါတောင် ဒင်းက အကြည့်တို့ လျော့မသွား ခြံရံကို အပြိုင်ပြန်ကြည့်နေသည်။

"တေဇ တုတ်ပေး"

"ဒီမှာပါ boss"

လက်ထဲရောက်လာတဲ့ ဘေ့စ်ဘော တုတ်ကိုကိုင်ပြီး  ကြမ်းပြင်ပေါ်လဲကျနေတဲ့ မြတ်သူရကိုမဲ့ပြုံးတစ်ချက်ဆင်မြန်းကာကြည့်လိုက်တော့……

မောင့် အလိုကျ 💙(completed)Where stories live. Discover now