မောင့်အလိုကျ 💙22💙

32.4K 2.5K 137
                                    

Ep-22

"သားလက်မခံ နိုင်ဘူး မယ်မယ်"

"မင်းမြတ်ထွဋ်ခေါင်!!! နင့်အခြေအနေက ဒီလိုငြ်းလို့ ရတဲ့ အနေအထားလား"

"မယ်မယ်!!"

"တိတ်စမ်း!!!"

သားအမိနှစ်ယောက် ဧည့်ခန်းထဲမှာ အပြိုင်အော်နေကြတာကြောင့် အလုပ်သမားတွေတောင်ငြိမ် ကုပ်နေရသည်။ထို့ အတူဘေးနားမှာထိုင်နေတဲ့  ခန့် ထည်ဝါတစ်ယောက်လဲ လုပ်တုန်းကတော့ဘာမှမသိဘူး အခုတော့မှငိုတောင်ငိုချင်လာသည်။

"မတိတ်နိုင်ဘူး မယ်မယ် ကျွန်တော်တို့ ကညာမှဖြစ်ခဲ့တာမဟုတ်ဘူး "

"Hotelခန်းထဲမှာ အဝတ်မပါပဲတူတူအိပ်နေတာ ဘာမှမဖြစ်တာလား"

"မဟုတ်ဘူး မယ်မယ် အဲ့ဒါကို……"

"တော်ပြီ ဘာမှအထွန့် မတက်နဲ့  ဒီတစ်ပတ်အတွင်း မင်္ဂလာပွဲလုပ်မယ်"

"မယ်မယ်!!!"

သူမ ရဲ့ သဘောဆန္ဒကိုပြောပြီးတာနဲ့ ထွက်လာလိုက်သည်။အနောက်ကနေ လှမ်းခေါ်နေတဲ့ သားကြီးရဲ့ အော်သံကိုလစ်လျူ ရှုကာ အပေါ်ထပ်ကို တက်လာခဲ့လိုက်သည်။

ိမယ်မယ်တက်သွားတော့ ခေါင် ဘေးနားကဘာတစ်ခွန်းမှမပြောပဲ ထိုင်နေတဲ့ ကောင်လေးကိုဒေါသတွေပုံကျသွားပြီး ကောင်လေးရဲ့ ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်လိုက်တော့ အထိတ်တလန့် မော့ကြည့်လာသည်။

"ပြော…မင်းပြောလေ မင်းပျော်တယ်မလား
ဟမ်!!! ဒီလိုတွေဖြစ်ကုန်တော့ မင်းပျော်တယ်မလား ပြောလေ!!!"

"ကိုထွဋ်~~"

"မခေါ်နဲ့ !!!"

"အ့~"

ပုခုံးကိုင်ထားတာကိုဆောင့်လွှတ်လိုက်တော့ ဆိုဖာနဲ့ ကျောစောင့်မိပြီး အောင့်သွားတာကြောင့် အသံထွက်ညီးမိလိုက်သည်။ခန့် ထည်မှားပြီလား…ခန့် ထည်ဒီလိုလုပ်လိုက်ရင် ကိုထွဋ်နဲ့ နီးစပ်သွားမယ်လို့ ထင်တာ…အခုအရာရာတိုင်းကတစ်လွဲစီ…ကိုထွဋ်ကတော့ထွက်သွားလေပြီ…ခန့် ထည်ထိုင်နေမိပြီး တစ်နေ့ ကအကြောင်းတွေကို ပြန်တွေးမိတော့ မျက်ရည်တွေကအလုအယက်ခုန်ဆင်းလာတော့သည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now