မောင့်အလိုကျ 💙1💙

118K 5.2K 97
                                    

"မောင်"

နှစ်ယောက်အိပ်ကုတင်ကြီးပေါ်မှာ အပေါ်ပိုင်းအင်္ကျီဗလာနှင့်မှောက်ယက်အိပ်နေသောမောင့်
ကိုသွန်းနှိုးနေသည်မှာအတော်ကိုကြာပြီဖြစ်သသည်။ဒါမဲ့ အသံတောင်းမပေးပဲ ပေကာအိပ်နေသည်။သွန်း လည်းလိုက်ကာအရှည်ကြီးတွေကိုဆွဲဖွင့်လိုက်တော့ သူ့ မျက်နှာကိုနေရောင်ကျလို့ 
ထင်သည် ပြတင်းပေါက်ဘက်ကိုမျက်နှာမူထားရကနေတခြားတစ်ဖက်သို့ မျက်နှာလှည့်သွားသည်။

"မောင် ထတော့လို့  အစည်းအဝေးရှိတယ်ဆို ဘာလို့ မထတာလဲ နောက်ကျတော့မယ်နော်"

"အာ~~ honeyရာ ခဏလေးပါကွာ မောင်ညကနောက်ကျမှအိပ်ရတဲ့ဟာကို မောင်အိပ်ချင်သေးတယ်"

သြော် တော်တော်တရားတယ် သူတစ်ယောက်တည်းနောက်ကျမှအိပ်ရတာကျနေရော ကိုယ်
ကမပင်ပန်းရဘူး သူကတော်တော်ပင်ပန်းရှာတယ်။

"မောင်ရယ် ထပါနော် တော်ကြာနောက်ကျလို့ အသည်းအသန်ပြင်နေရမယ်နော် ထပါ"

သွန်း ကုတင်အောက်ကိုပြုတ်ကျနေတဲ့ စောင်ကိုကောက်ကာခေါက်နေရင်းမောင့်ကိုလည်းနှိုးနေရသည်။ကိုယ်တော်က တုပ်တုပ်မှမလှုပ်…။

~~တီ~~တီ~~

သွန်းစော်ခေါက်နေတုန်း ခုတင်ဘေးကခုံပေါ်တွင်တင်ထားသော မောင့်ဖုန်းကမြည်လာတာကြောင့် သွန်းယူပြီးကြည့်လိုက်တော့ ထင်သည်အတိုင်း မောင့်အတွင်းရေမှူး ကိုစည်သူဆက်တာ…။

"ဟဲလို ကိုစည်သူ"

*အကိုလေးလား bossကိုအစည်းအဝေးရှိတဲ့ အကြောင်းလှမ်းပြောတာပါ *

"ဟုတ် သွန်းပြောလိုက်မယ် သူကအိပ်နေတယ်
သိတယ်မလား အခုထိနှိုးလို့ မရသေးဘူး တကယ်လို့ လူစုံနေရင်လည်း ကိုစည်သူကြည့်ပြီးပြောထားလိုက်နော် "

*ဟုတ် အကိုလေး*

တစ်ဖက်ကဖုန်းချသွားတော့ ဆက်လည်းဖုန်းကို ခုနကနေရာမှာပဲပြန်ထားလိုက်သည်။ကုတင်ပေါ်ကမောင့်ကိုကြည့်လိုက်တော့ အိပ်နေတာများသိုးလို့ ။သွန်းလည်း ထပ်မနှိုးတော့ပဲအောက်ထပ်ကိုသာဆင်းလာလိုက်သည်။ထပ်နှိုးရင်လည်းရမှာမှမဟုတ်တာ။ပြီးရင် သွန်းကိုပဲပြသာနာရှာမှာ။အဲ့တော့ ကိုယ့်ဘာသာကိုယ်အောက်မှာမနက်စာပြင်ဖို့ ဆင်းလာလိုက်သည်။

မောင့် အလိုကျ 💙(completed)Where stories live. Discover now