Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

ေလာကမွာ မျမင္ႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတယ္ ကိုယ္ကမျမင္ရတာနဲ႔ပဲ မရွိဘူးလို႔ေျပာလို႔မရဘူး အက္မျမင္ရတဲ့ အရာေတြက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part -7~ Argument
Part-8 ~ Lonely
Part -9 ~ Truth
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part -10~Darkness

11.7K 1.3K 43
By yoon_085

Mysterious Love

Unicode

ရန်ဖေးရေခဲသေတ္တာထဲကဘီယာဗူးသွားယူပြီးပြန်အလာ သူသေချာပိတ်ခဲ့တဲ့စာဖတ်ခန်းအခန်းတံခါးကပွင့်နေပြီး အခန်းမီးပါပွင့်နေတာသူစာဖတ်ခန်းထဲဝင်ပြီးအိမ်ထဲများ လူစိမ်းရောက်နေသလားလိုက်ပတ်ရှာနေပေမဲ့ လူအရိပ်ယောင်ဘာမှမတွေ့ရ ဒါပေမဲ့လဲမသိစိတ်ကနေ အိမ်ထဲမှာသူ့အပြင်လူတစ်ယောက်ရှိနေသေးတယ်ဆိုပြီး
စိတ်ထဲထင့်နေတယ်။

သူဧည့်ခန်းမှာအလှထားထားတဲ့ဂေါက်ရိုက်တဲ့အတံတစ်ခုကို ယူပြီးအိမ်ထဲတခန်းဝင်တစ်ခန်းထွက်လိုက်ရှာတယ် မတော်လို့အိမ်ထဲသူခိုးတို့ဘာတို့ဝင်နေရင်သူ့ကိုအန္တာ ရယ်ပြုမှာစိုးလို့ကြိုတင်ကာကွယ်တဲ့သဘောနဲ့ပေါ့ ။

တစ်အိမ်လုံးလှည့်ပတ်ကြည့်နေပေမယ့်လူအရိပ်ယောင်တောင်မမြင်ရတာကြောင့်ရန်ဖေးလဲဆက်မရှာတော့ဘဲ ဧည့်ခန်းထဲပဲသွားပြီးထိုင်နေလိုက်တယ် ။ သူnotebookကိုဆက်ကြည့်နေတုန်းအခန်းတွေ လျှောက်လှမ်းဘက်ကအသံကြားတာမို့notebook သုံးနေတာရပ်လိုက်တော့အသံမကြားရတော့တာမို့ ဆက်သုံးနေလိုက်တယ် ။

သို့သော်နံရံကိုတစ်ခုခုနဲ့ဆွဲခြစ်နေတဲ့အသံကကျယ်သထက် ကျယ်လာတာမို့သူ့ဘေးမှာချထားတဲ့ဂေါက်ရိုက်တဲ့ တုတ်တံကိုယူပြီးအသံလာရာကိုကြည့်ဖို့ထွက်လာခဲ့တယ်
သူထကြည့်ဖို့လုပ်တော့တစ်အိမ်လုံးမီးပျက်သွားတာမို့ဘာမှက်ိုမမြင်ရတော့ဘူးသူဖုန်းကိုရှာပေမယ့်လဲဖုန်းကရှာလို့ မတွေ့တာမို့အသံကြားရတဲ့နေရာကိုပဲမှန်းပြီးလျှောက်သွားလိုက်တယ် ။

သူအလင်းရလိုရငြားလိုက်ကာတွေကိုဆွဲလိုက်ပေမယ့် တစ်အိမ်လုံးကမှောင်မဲနေတယ်ညအမှောင်လို အမှောင်မျိုးမဟုတ်ဘဲလုံးဝပိန်းကျနေအောင်ကိုမှောင်မိုက်နေတာမို့သူ့ခြေလှမ်းတွေကိုသတိထားလျှောက်ပြီး အသံကြားရာကိုလျှောက်လာခဲ့တယ် ။

အသံကတစ်ခုခုကိုလက်သည်းနဲ့ကုတ်ဆွဲသံမျိိုးမို့အိမ်ထဲ တစိမ်းဝင်နေရင်ခုခံရအောင်ဂေါက်တံကိုတင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ပြီးအပေါ်ထပ်ကိုတစ်လှမ်းချင်း တက်လာခဲ့တယ်အပေါ်ထပ်မှာလဲမှောင်မဲနေတာမို့ အပေါ်ထပ်လျှောက်လှမ်းကိုသတိထားပြီးလျှောက်လာခဲ့တယ်

သူအခန်းတွေရှိတဲ့လျှောက်လှမ်းဘက်ကိုလျှောက်လာတော့ လျှောက်လှမ်းအဆုံးမှာသူ့ကိုကျောပေးပြီးရပ်နေတဲ့
သူတစ်ယောက်လိုအရိပ်ကိုမြင်ရတာကြောင့်ဂေါက်ရိုက်တံကိုဆုပ်ကိုင်လိုက်ပြီးဖြေးဖြေးချင်း လျှောက်သွားလိုက်တယ် ။

သူအနီးကပ်လျှောက်သွားလိုက်တော့မှထိုလူက မိန်းကလေးဖြစ်တာက်ိုသတိထားမိသွားတယ် ။ထိုမိန်းကလေးကလျှောက်လှမ်းအဆုံးမှာရပ်နေပြီး မှန်ပြတင်းပေါက်အကြီးကြီးကနေတဆင့် အောက်ကိုကြည့်နေပုံပေါ်တာမို့ရန်ဖေးလဲ အသံတိတ်လျှောက်သွားလိုက်တယ် ။

ထိုမိန်းကလေးကသူရောက်လာတာကိုသိပုံမပေါ်တာမို့ ဝတ်စုံအနီဝတ်ထားတဲ့မိန်းကလေးရဲ့ ပခုံးကိုသူကိုင်လိုက်တော့ရေခဲကိုကိုင်လိုက်ရသလို အေးစက်စက်အထိတွေ့ကိုခံစားလိုက်ရတယ် ။

ဝတ်စုံအနီနဲ့မိန်းကလေးကသူ့ဘက်ကိုရုတ်တရက် လှည့်ကြည့်လာတာမို့သူလဲမရဲတရဲနဲ့စိုက်ကြည့်လိုက်တော့ မျက်နှာမှာသွေးတွေအပြည့်နဲ့မျက်လုံးကနီရဲနေပြီး သွေးတွေကျနေသလားတောင်ထင်မှတ်ရတယ် သူထိုမျက်နှာကိုမြင်ပြီးအလန့်တကြား နောက်ဆုတ်လိုက်တော့လျှောက်လှမ်းမှာအလှဆင်ထားတဲ့ ပန်းအိုးရှည်ကိုတိုက်မိတာကြောင့်လဲကျသွားတယ် ဝတ်စုံအနီနဲ့မိန်းကလေးကသူ့ကိုစိုက်ကြည့်ပြီး ဖြေးဖြေးချင်းလျှောက်လာတာမို့ရန်ဖေးလဲ အမြန်ပင်ထွက်ပြေးရတယ် ။

သူ့နောက်ကိုဆက်လိုက်ရင်မိသွားမှာစိုးလို့အပေါ်ထပ်က အခန်းတစ်ခန်းထဲဝင်ပြီးတံခါးကိုလော့သေချာချကာတံခါးနဲ့ ခပ်ခွာခွာရပ်နေလိုက်ပြီးအပြင်ကလူဝင်လို့မရအောင် တံခါးလက်ကိုင်ကိုနီးစပ်ရာခုံနဲ့ပိတ်ထားလိုက်တယ် ။

အခန်းအပြင်ဘက်လျှောက်လှမ်းကခြေသံတလျှပ်လျှပ် ကြားရတာမို့ရန်ဖေးတံတွေးတောင်မမျိုချရဲလောက်အောင်ကို ကြောက်ရွံနေတယ် ။

" မင်....မင်အာ...မဖြစ်နိုင်ဘူး ''

ရန်ဖေးအခန်းထဲမှာနေပြီးတံခါးနဲ့တက်နိုင်သလောက် ဝေးအောင်အနောက်ကိုကပ်ပြီးနေလိုက်တယ် ။အခန်းပြင်ကလဲခြေသံရပ်သွားတာမို့သူ့နှလုံးခုန်နှုန်းက ပေါက်ထွက်မတက်ပဲ ။

သူအနောက်ကိုဆုတ်ရင်းတခုခုကိုတိုက်မိတာမို့သူအနောက်ကိုဖြေးဖြေးချင်းကြည့်လိုက်တော့သွေးမျက်ရည်တွေကျနေပြီးသူ့ကိုပြုံးကာကြည့်နေတဲ့မိန်းကလေး ထိုမိန်းကလေးလက်ကသူ့လည်ပင်းကိုလာညှစ်တာမို့ သူဘယ်လိုမှမရုန်းနိုင်ဘူး သူဘယ်လောက်ပဲ ရုန်းကန်နေပါစေလည်ပင်းကိုအညှစ်ခံထားရတာမို့မထနိုင် ။

~~~~~~~အား ~~~~~~~

သူမျက်လုံးပွင့်သွားတော့အိမ်မက်ဖြစ်နေခဲ့တယ်ဘေးမှာလဲ ဘီယာဗူးတွေနဲ့သူ့တစ်ကိုယ်လုံးလဲချွေးသံတရွှဲရွှဲနဲ့ ။

"ဘာလဲခုနကအားလုံးကအိမ်မက်လား ''

~~~~~ ဂျက် ~~~~~ဂျက်

သူအိမ်မက်ထဲမှာကြားရတဲ့အသံလိုမျိုးအပြင်မှာလဲကြားလိုက်ရတဲ့အတွက်သူအနည်းငယ်တုန်လှုပ်သွားတယ်
အိမ်ရှေ့တံခါးမကြီးကနေတံခါးကိုထုဖွင့်သံကြားရတာမို့ တုန်လှုပ်နေတဲ့သူ့စိတ်က်ိုထိန်းပြီးဘေးမှာချထားတဲ့ ဂေါက်ရိုက်တံကိုယူပြီးတံခါးမကြီးနားကို ဖြေးညှင်းစွာတိုးကပ်သွားလိုက်တယ် ။

သူတစ်ယောက်ယောက်ရောက်လာရင်အဆင်သင့်ရိုက်ဖို့ ဂေါက်ရိုက်တံကိုမြှောက်ထားလိုက်တယ် နောက်တော့ တံခါးမကြီးကပွင့်သွားတာမို့သူလဲဂေါက်တံကိုမြှောက်ကာ အားနဲ့ရိုက်ချလိုက်တယ် ။

ဒါပေမယ့်သူရိုက်လိုက်တာက ခပ်မာမာအရာတစ်ခုဖြစ်နေတာမို့ကြည့်လိုက်တော့

" ခေါင်းဆောင်ဝမ် ? မန်နေဂျင်း ''
သူလန့်ပြီးဂေါက်ရိုက်တဲ့တံကိုလွှတ်ချလိုက်တယ် ။

" အဆင်ပြေရဲ့လား ခေါင်းဆောင်ဝမ် ''

လွန်ခဲ့သော ၅ မိနစ်က~~~~~

ရိပေါ်နဲ့ရှောင်ကျန့်ဆိုက်ထဲကပြန်လာတော့ထူးဆန်းစွာ ဖွင့်ထားတဲ့တံခါးမကြီးကပိတ်နေတာမို့လို့ ရှောင်ကျန့်တံခါးကိုဖွင့်ပေမယ့်လဲမပွင့် အထဲက အော်သံကြားတာမို့နှစ်ယောက်လုံးထိတ်လန့်သွားပြီး တံခါးကိုခေါက်သော်လဲအထဲမှအသံမကြားတာမို့ တံခါးကိုထုရိုက်ပြီးခေါ်နေတုန်းအထဲက တံခါးလက်ကိုင်ကလှုပ်လာတာမို့ရှောင်ကျန့်တံခါးကို ဆက်မထုတော့ဘဲနေလိုက်တော့တံခါးက ပွင့်သွားပြီးအထဲကဂေါက်ရိုက်တံကိုရိပေါ်ကလှမ်းမြင်လိုက်တာကြောင့်ရှောင်ကျန့်ခေါင်းကိုတိုက်ရိုက်ထိမယ့် ဂေါက်ရိုက်တံကိုရိပေါ်ကသူ့လက်နဲ့ကာလိုက်တော့ ဂေါက်ရိုက်တံကရိပေါ်ရဲ့လက်မောင်းကိုရိုက်မိသွားတယ်

" အဆင်ပြေရဲ့လား ခေါင်းဆောင်ဝမ် ''

ရှောင်ကျန့်ရိပေါ်ရဲ့ရုတ်တရက်ဆန်တဲ့အပြုမူကိုကြည့်ပြီး အံသြသွားရတယ် သူနဲ့တွေ့တိုင်းတစ်ကျက်ကျက် ရန်ဖြစ်နေတဲ့သူကဒီလိုအပြုမူမျိိုးလဲလုပ်သတဲ့လား ဘာပဲဖြစ်ဖြစ်ရိပေါ်ကိုကျေးဇူးတင်ရမှာအသေချာပဲ ရိပေါ်ရဲ့လက်သာမခံလိုက်ရင်သေချာတယ် ရှောင်ကျန့်ခေါင်းကွဲမှာအသေအချာပဲ ။

ရိပေါ်ကတော့ဘာမှမပြောဘဲဧည့်ခန်းထဲဝင်သွား တာကြောင့်ရှောင်ကျန့်နဲ့ရန်ဖေးလဲရိပေါ်အနောက်ကနေ လိုက်သွားလိုက်တယ် ရိပေါ်တို့ရောက်ပြီးသိပ်မကြာဘူး ကျန်တဲ့သူတွေရောက်လာကြတယ် ။

" ခုနကဂေါက်တံကြီးနဲ့ဘာလုပ်တာလဲ ''

" အပြင်ကနေပြီးတံခါးထုသံကြားတော့ သူစိမ်းဝင်လာတယ်ထင်လို့ပါ ပြီးတော့ မန်နေဂျင်းတို့ကတံခါးကိုဘာလို့ထုတာလဲ လော့လဲမချထားပါဘူး ''

" ဟင့်အင်းငါတို့အပြင်ကဖွင့်တာဖွင့်လို့မရဘူး အထဲကနေ​လော့ခ်ထားတာမဟုတ်ဘူးလား ''

" ဟမ် ''

ရှောင်ကျန့်လဲရန်ဖေးရဲ့စကားကြောင့်အံအားသင့် သွားတယ်သူသေချာပေါက်တံခါးကိုဖွင့်တုန်းက အထဲကလော့ပွင့်နေခဲ့တာပါ ။

" ဘာလဲဒါဆိုသရဲလား ဟား...ဟား...''

ယွီပင်းကကြားဖြတ်ပြောလိုက်ပြီးသူ့စကားကိုသူ့ဘာသာ ရယ်ပေမဲ့အားလုံးကအသံတိတ်သွားပြီးတစ်ခုခုကိုစဉ်းစား သယောင်ဖြစ်သွားကြတယ် ။

" အဟမ်း..အော်...မရယ်ရဘူးပဲ ''

ယွီပင်းမှာသူ့ဟာသကိုအားလုံးရယ်မောမယ်ထင်သော်လဲ မထင်မှတ်ထားတဲ့တုန့်ပြန်မှုတွေကြောင့်သူ့ပေါင်ကိုပဲသူ ရိုက်ပြီးအရှက်ဖြေလိုက်ရတယ် ။

" ဆေးရုံမှာလဲဇီယီရောလင်းချန်ရောက သရဲခြောက်ခံရတယ်ပဲပြောနေကြတယ် နည်းနည်းထူးဆန်းတယ်မထင်ဘူးလား ''

" ဘာကိုထူးဆန်းတာလဲအဲ့လိုမမြင်ရတဲ့အရာတွေကိုလဲ ပညာတက်တွေဖြစ်ပြီးယုံကြတာပဲလားဖြစ်နိုင်တာကိုပဲပြောပြီးအလုပ်ပဲဆက်လုပ်ပါတစ်ယာက်ကဆေးရုံ တက်ရတယ် တစ်ယောက်ကလူနာသွားစောင့်ပေးတယ် သူတို့နှစ်ယောက်ရဲ့လစ်နေတဲ့အလုပ်အတွက်ပိုလုပ်ရဖို့ပဲ စဉ်းစားပြီးအပိုတွေတွေးမနေပါနဲ့ ''

ရိပေါ်ကဝမ်ကျိုးချန်ရဲ့အပြောကိုတုန့်ပြန်ပြီး အပေါ်ကိုတက်သွားတယ် ။

ရှောင်ကျန့်လဲဘာမှတော့ဝင်မပြောပေမယ့် ဒီအိမ်မှာထူးဆန်းတာတွေကတော့အမှန်ပဲ ရှောင်ကျန့်လဲ ဘာမှဆက်မပြောတော့ဘဲအပေါ်ထပ်ကိုသာတက်သွားလိုက်တယ် ။

" ဟေ့ကောင်မင်းကလဲမန်နေဂျင်းရှေ့မှာဘယ်လိုပြော လိုက်တာလဲ ဒါကသူတို့စံအိမ်လေစကားလေးဘာလေး ဂရုစိုက်ပြော ''

"အာ...ဟုတ်သားပဲ ''

ရှောင်ဟန်ကဝင်ဟန့်လိုက်မှကျိုးချန်လဲသူပြောတာမှားသွားမှန်းသိတော့တယ် ။

ရိပေါ်ရေချိိုးတော့ဂေါက်တံနဲ့လက်မောင်းကိုရိုက်ခံလိုက် ရတာမို့လက်မောင်းကအပေါ်ကိုတောင်မမြှောက်
နိုင်တော့ဘူး ရေပန်းနဲ့ပဲအမြန်ရေချိုးလိုက်ရတယ် ။

ရေချိုးခန်းကထွက်လာတော့bathrobe တောင်မဝတ်နိုင်အောင်လက်ကမမြှောက်နိုင်တာမို့ တဘတ်နဲ့ပဲခါးမှာပတ်ထားလိုက်တယ် ။

တံခါးခေါက်သံကြားလို့ရိပေါ်တံခါးသွားဖွင့်လိုက်တော့ ညအိတ်ဝတ်စုံနဲ့first aid ဗူးကိုကိုင်ထားတဲ့ရှောင်ကျန့်။

" ဘာကိစ္စရှိလို့လဲ ''

ရှောင်ကျန့်မှာရိပေါ်ရဲ့အပေါ်ပိုင်းကဗလာကိုကြည့်ပြီး စိတ်ထဲတမျိုးခံစားလိုက်ရပေမယ့်မျက်နှာကိုထိန်းလိုက်တယ်

" ငါ့ကြောင့် မင်းလက်ထိသွားတယ်မလား အဲ့ဒါဆေးလိမ်းပေးမလို့ ''

ရှောင်ကျန့်ကအခန်းဝပိတ်ရပ်ထားတဲ့ရိပေါ်ကိုတွန်းပြီး အခန်းထဲဝင်လာလိုက်တယ် အခန်းထဲကထိုင်ခုံမှာလဲ စာရွက်တွေအဝတ်အစားတွေနဲ့ရစရာမရှိအောင်ရူပ်ပွ
နေတာမို့ရှောင်ကျန့်ကုတင်ပေါ်မှာပဲထိုင်လိုက်တယ်
ရိပေါ်ကတော့ရှောင်ကျန့်လုပ်တာတွေကိုလိုက် ကြည့်နေတယ် ။

" ဘာကြည့်တာလဲ ဆေးလိမ်းပေးမလို့လာထိုင်လေ ဘာလုပ်နေတာလဲ ''

ရိပေါ်ကရှောင်ကျန့်ရှေ့ကိုလာထိုင်တယ် ။

"နောက်လှည့်လေဆေးလိမ်းပေးပါမယ်ဆိုမှ ''

ရှောင်ကျန့်စကားကြောင့်ရိပေါ်လဲကျောပေးကာလှည့်ထိုင်လိုက်တယ် အပေါ်ပိုင်းကဗလာဖြစ်နေတဲ့ရိပေါ်ရဲ့ လက်မောင်းကိုပွတ်ကာဆေးလိမ်းပေးလိုက်တယ် နောက်တော့လက်မောင်းအညိုမဲစွဲသွားတဲ့နေရာကို ပလာစတာကပ်ပေးလိုက်တယ် ။

" ကျေးဇူးပဲမင်းကြောင့်ငါ့ခေါင်းမကွဲတာအဲ့ဒါကြောင့် ငါကမကောင်းတက်လို့ဆေးလာလိမ်းပေးတာ ''

"အော်...''

ရှောင်ကျန့်ကရိပေါ်ကိုမကြည့်ဘဲဆေးဗူးကိုပြန်ပိတ်နေတာကြောင့်ရိပေါ်သူ့ကိုစိုက်ကြည့်နေတာကို သတိမပြုမိဘူး

ရှောင်ကျန့်လဲရိပေါ်သူ့ကိုစိုက်ကြည့်နေတာကို သတိထားမိပြီးသူရိပေါ်ကိုကြည့်လိုက်တော့ သူ့ကိုစိုက်ကြည့်နေတာသိလို့အကြည့်လွှဲလိုက်တယ် ။

" ဘာလို့အကြည့်လွှဲလိုက်တာလဲဘာလဲကြိုက်လား ''

" ရူးနေလား ''

ရှောင်ကျန့်ကထရပ်ဖို့လုပ်လိုက်တော့ရိပေါ်ကရှောင်ကျန့် ရင်ဘတ်ကိုတွန်းလိုက်တယ် ။

" ဘာလဲသနားလို့ဆေးထည့်ပေးတာကိုမင်းကရောင့်တက် တာလား မင်းရဲ့ယောင်နေတဲ့လက်မကျိုးချင်ရင်ဖယ် ''

ရိပေါ်ကရှောင်ကျန့်ရင်ဘတ်ကိုအမှတ်မထင်ဘဲတွန်း
လိုက်တာကြောင့်ရှောင်ကျန့်လဲကုတင်ပေါ်လဲ ကျသွားတယ်

" ဘာလုပ်တာလဲ ''

" ငါတို့တွဲကြမလား ''

ရိပေါ်ရဲ့မထင်မှတ်ထားတဲ့စကားကြောင့်ရှောင်ကျန့် အံသြသွားတယ် ။

" ဂေါက်ရိုက်တံကလက်ပဲရိုက်မိတယ်ထင်တာ ခေါင်းပါထိပြီးဦးနှောက်ထိသွားပြီလား ''

" ဟင့်အင်းစိတ်ရင်း ''

ရိပေါ်ရဲ့နာနေတဲ့လက်မောင်းကိုထိုးလိုက်တော့ရိပေါ်နာသွားတာကိုအခွင့်ကောင်းယူပြီးရှောင်ကျန့်လဲထွက်လာခဲ့ တယ်

" ကျက်သရေကိုမရှိဘူး ''

ရှောင်ကျန့်လဲရှက်လဲရှက်ဒေါသလဲထွက်တာကြောင့် အခန်းထဲကနေခပ်မြန်မြန်ပဲထွက်လာလိုက်တယ် ။

________<<<<<<<<_______

မင်အာတစ်ယောက်barမှာခေါင်းမဖော်နိုင်လောက် အောင်မူးနေတာမို့လို့စံအိမ်ကိုမပြန်တော့ဘဲအနီးနားက ဟိုတယ်ကိုပဲဝင်လိုက်တော့တယ် ။

လူမှန်းသူမှန်းမသိအောင်မူးနေတာမို့မင်အာ့ကိုကုန်းပိုးပြီး ဟိုတယ်ထဲဝင်ပြီးဒီတစ်ညတော့အိပ်ဖို့လုပ်တယ် သူအနည်းငယ်အတ္တကြီးချင်တာလဲပါတယ်သူချစ်နေရတဲ့ သူနဲ့တစ်ညလောက်ပဲအတူနေချင်ရုံပါ
ရှောင်ဟန်မင်အာ့ရဲ့ဖိနပ်ကိုချွတ်ပေးပြီးကုတင်ပေါ်ကို သေချာတင်ပေးလိုက်တယ် ။

" ပူတယ်....''

မင်အာကပူတယ်အော်နေလို့မင်အာဝတ်ထားတဲ့ အပေါ်အင်္ကျီချွတ်ပေးလိုက်တော့လက်ပြတ်အင်္ကျီနဲ့တိုနေတဲ့ စကတ်ကရှောင်ဟန့်ကိုအကြိမ်ကြိမ်ဆွဲဆောင်နေတယ်
ရှောင်ဟန်လဲအသွေးနဲ့အသားနဲ့ယောကျ်ားဖြစ်တဲ့အပြင် သူကြိုက်တဲ့သူပါဖြစ်နေတော့သူ့စိတ်တွေကိုချုပ်ထိန်းထားရတယ် ။

နောက်ဆုံးသူစောင်ကိုယူလိုက်ပြီး မင်အာ့ကိုခြုံပေးလိုက်တယ် ။

" ဝမ်ရိပေါ် မကောင်းတဲ့ကောင် ဟင့်''

အိပ်နေရင်းနဲ့တောင်အခြားသူနာမည်ကိုတမ်းတနေတဲ့ ကိုယ်ချစ်ရတဲ့သူကိုမြင်နေရတာလဲ နှလုံးကိုအရှင်လတ်လတ်ခွဲနေသလိုပဲ မင်အာ့ကို စောင်ခြုံပေးနေတဲ့ရှောင်ဟန့်လက်ကိုဆွဲလိုက်တာမို့ ရှောင်ဟန်မင်အာ့အပေါ်ကိုလဲကျသွားတယ် ။

" ဒီတစ်ညတော့ငါကမင်းရဲ့ချစ်သူလုပ်ခွင့်ပေးပါ ''

ရှောင်ဟန်ကမင်အာ့ရဲ့နဖူးလေးကိုနမ်းလိုက်ပြီး မင်အာ့ကိုဖက်ကာအိပ်လိုက်တယ် ရှောင်ဟန်က မင်အာ့ကိုမထိရက်နိုင်လောက်အောင်ကိုမြတ်နိုးလွန်းတာမို့ သူမင်အာကိုဘာမှမလုပ်ဘဲရိုးသားစွာပဲအိပ်ခဲ့တယ် ။

ခေါင်းကမခံမရပ်နိုင်အောင်ထိုးကိုက်နေတာမို့မင်အာဘေးမှာရှိတဲ့ခုံပေါ်ကရေကိုယူသောက်လိုက်တယ် သူအခန်းကို ကြည့်လိုက်တော့မရင်းနှီးတာမို့ဘေးကိုကြည့်လိုက်တော့ အိပ်နေတဲ့ရှောင်ဟန့်ကိုတွေ့တယ်

" ဘာလဲ ညကဘာဖြစ်ခဲ့တာလဲ ''

သူသေချာပြန်စဉ်းစားလိုက်တော့ညကရှောင်ဟန်နဲ့ညစာ အတူစားခဲ့ပြီးBar မှာအရက်သွားသောက်တာအထိပဲ မှတ်မိတယ် ။

​ရှောင်ဟန်လဲနိုးလာပြီးသူ့ဘေးမှာတုန်လှုပ်နေတဲ့မင်အာ့ကို မြင်လိုက်ရတာမို့ သူအိပ်ရာပေါ်ကအမြန်ဆင်းလိုက်တယ်

"ညကကျွန်တော်တို့ဘာမှမဖဖြစ်ခဲ့တာမို့စိတ်မပူပါနဲ့ ကျွန်တော်အရင်ထွက်သွားလိုက်မှာမို့ အေးဆေးပြင်ဆင် ပြီးမှထွက်ခဲ့ပါ ''

" ကျွန်မတို့တွဲကြမလား ''
​ရှောင်ဟန်အခန်းထဲကထွက်သွားဖို့ပြင်နေတုန်း မင်အာ့ရဲ့ စကားကြောင့်သူ့ခြေလှမ်းတွေရပ်တန့်သွားတယ် ။

edaz
4:55 a.m.

____________<<<<<<<____________

Mysterious Love

Zawgyi

ရန္ေဖးေရခဲေသတၱာထဲကဘီယာဗူးသြားယူၿပီးျပန္အလာ သူေသခ်ာပိတ္ခဲ့တဲ့စာဖတ္ခန္းအခန္းတံခါးကပြင့္ေနၿပီး အခန္းမီးပါပြင့္ေနတာသူစာဖတ္ခန္းထဲဝင္ၿပီးအိမ္ထဲမ်ား လူစိမ္းေရာက္ေနသလားလိုက္ပတ္ရွာေနေပမဲ့ လူအရိပ္ေယာင္ဘာမွမေတြ႕ရ ဒါေပမဲ့လဲမသိစိတ္ကေန အိမ္ထဲမွာသူ႕အျပင္လူတစ္ေယာက္ရွိေနေသးတယ္ဆိုၿပီး
စိတ္ထဲထင့္ေနတယ္။

သူဧည့္ခန္းမွာအလွထားထားတဲ့ေဂါက္ရိုက္တဲ့အတံတစ္ခုကို ယူၿပီးအိမ္ထဲတခန္းဝင္တစ္ခန္းထြက္လိုက္ရွာတယ္ မေတာ္လို႔အိမ္ထဲသူခိုးတို႔ဘာတို႔ဝင္ေနရင္သူ႕ကိုအႏၱာ ရယ္ျပဳမွာစိုးလို႔ႀကိဳတင္ကာကြယ္တဲ့သေဘာနဲ႕ေပါ့ ။

တစ္အိမ္လုံးလွည့္ပတ္ၾကည့္ေနေပမယ့္လူအရိပ္ေယာင္ေတာင္မျမင္ရတာေၾကာင့္ရန္ေဖးလဲဆက္မရွာေတာ့ဘဲ ဧည့္ခန္းထဲပဲသြားၿပီးထိုင္ေနလိုက္တယ္ ။ သူnotebookကိုဆက္ၾကည့္ေနတုန္းအခန္းေတြ ေလွ်ာက္လွမ္းဘက္ကအသံၾကားတာမို႔notebook သုံးေနတာရပ္လိုက္ေတာ့အသံမၾကားရေတာ့တာမို႔ ဆက္သုံးေနလိုက္တယ္ ။

သို႔ေသာ္နံရံကိုတစ္ခုခုနဲ႕ဆြဲျခစ္ေနတဲ့အသံကက်ယ္သထက္ က်ယ္လာတာမို႔သူ႕ေဘးမွာခ်ထားတဲ့ေဂါက္ရိုက္တဲ့ တုတ္တံကိုယူၿပီးအသံလာရာကိုၾကည့္ဖို႔ထြက္လာခဲ့တယ္
သူထကြည့်ဖို့လုပ်တော့တစ်အိမ်လုံးမီးပျက်သွားတာမို့ဘာမှက်ိုမမြင်ရတော့ဘူးသူဖုန်းကိုရှာပေမယ့်လဲဖုန်းကရှာလို့ မေတြ႕တာမို႔အသံၾကားရတဲ့ေနရာကိုပဲမွန္းၿပီးေလွ်ာက္သြားလိုက္တယ္ ။

သူအလင္းရလိုရျငားလိုက္ကာေတြကိုဆြဲလိုက္ေပမယ့္ တစ္အိမ္လုံးကေမွာင္မဲေနတယ္ညအေမွာင္လို အေမွာင္မ်ိဳးမဟုတ္ဘဲလုံးဝပိန္းက်ေနေအာင္ကိုေမွာင္မိုက္ေနတာမို႔သူ႕ေျခလွမ္းေတြကိုသတိထားေလွ်ာက္ၿပီး အသံၾကားရာကိုေလွ်ာက္လာခဲ့တယ္ ။

အသံကတစ္ခုခုကိုလက္သည္းနဲ႕ကုတ္ဆြဲသံမ်ိိုးမို႔အိမ္ထဲ တစိမ္းဝင္ေနရင္ခုခံရေအာင္ေဂါက္တံကိုတင္းတင္းၾကပ္ၾကပ္ဆုပ္ကိုင္ၿပီးအေပၚထပ္ကိုတစ္လွမ္းခ်င္း တက္လာခဲ့တယ္အေပၚထပ္မွာလဲေမွာင္မဲေနတာမို႔ အေပၚထပ္ေလွ်ာက္လွမ္းကိုသတိထားၿပီးေလွ်ာက္လာခဲ့တယ္

သူအခန္းေတြရွိတဲ့ေလွ်ာက္လွမ္းဘက္ကိုေလွ်ာက္လာေတာ့ ေလွ်ာက္လွမ္းအဆုံးမွာသူ႕ကိုေက်ာေပးၿပီးရပ္ေနတဲ့
သူတစ္ေယာက္လိုအရိပ္ကိုျမင္ရတာေၾကာင့္ေဂါက္ရိုက္တံကိုဆုပ္ကိုင္လိုက္ၿပီးေျဖးေျဖးခ်င္း ေလွ်ာက္သြားလိုက္တယ္ ။

သူအနီးကပ္ေလွ်ာက္သြားလိုက္ေတာ့မွထိုလူက မိန်းကလေးဖြစ်တာက်ိုသတိထားမိသွားတယ် ။ထိုမိန္းကေလးကေလွ်ာက္လွမ္းအဆုံးမွာရပ္ေနၿပီး မွန္ျပတင္းေပါက္အႀကီးႀကီးကေနတဆင့္ ေအာက္ကိုၾကည့္ေနပုံေပၚတာမို႔ရန္ေဖးလဲ အသံတိတ္ေလွ်ာက္သြားလိုက္တယ္ ။

ထိုမိန္းကေလးကသူေရာက္လာတာကိုသိပုံမေပၚတာမို႔ ဝတ္စုံအနီဝတ္ထားတဲ့မိန္းကေလးရဲ႕ ပခုံးကိုသူကိုင္လိုက္ေတာ့ေရခဲကိုကိုင္လိုက္ရသလို ေအးစက္စက္အထိေတြ႕ကိုခံစားလိုက္ရတယ္ ။

ဝတ္စုံအနီနဲ႕မိန္းကေလးကသူ႕ဘက္ကို႐ုတ္တရက္ လွည့္ၾကည့္လာတာမို႔သူလဲမရဲတရဲနဲ႕စိုက္ၾကည့္လိုက္ေတာ့ မ်က္ႏွာမွာေသြးေတြအျပည့္နဲ႕မ်က္လုံးကနီရဲေနၿပီး ေသြးေတြက်ေနသလားေတာင္ထင္မွတ္ရတယ္ သူထိုမ်က္ႏွာကိုျမင္ၿပီးအလန႔္တၾကား ေနာက္ဆုတ္လိုက္ေတာ့ေလွ်ာက္လွမ္းမွာအလွဆင္ထားတဲ့ ပန္းအိုးရွည္ကိုတိုက္မိတာေၾကာင့္လဲက်သြားတယ္ ဝတ္စုံအနီနဲ႕မိန္းကေလးကသူ႕ကိုစိုက္ၾကည့္ၿပီး ေျဖးေျဖးခ်င္းေလွ်ာက္လာတာမို႔ရန္ေဖးလဲ အျမန္ပင္ထြက္ေျပးရတယ္ ။

သူ႕ေနာက္ကိုဆက္လိုက္ရင္မိသြားမွာစိုးလို႔အေပၚထပ္က အခန္းတစ္ခန္းထဲဝင္ၿပီးတံခါးကိုေလာ့ေသခ်ာခ်ကာတံခါးနဲ႕ ခပ္ခြာခြာရပ္ေနလိုက္ၿပီးအျပင္ကလူဝင္လို႔မရေအာင္ တံခါးလက္ကိုင္ကိုနီးစပ္ရာခုံနဲ႕ပိတ္ထားလိုက္တယ္ ။

အခန္းအျပင္ဘက္ေလွ်ာက္လွမ္းကေျခသံတလွ်ပ္လွ်ပ္ ၾကားရတာမို႔ရန္ေဖးတံေတြးေတာင္မမ်ိဳခ်ရဲေလာက္ေအာင္ကို ေၾကာက္႐ြံေနတယ္ ။

" မင္....မင္အာ...မျဖစ္နိုင္ဘူး ''

ရန္ေဖးအခန္းထဲမွာေနၿပီးတံခါးနဲ႕တက္နိုင္သေလာက္ ေဝးေအာင္အေနာက္ကိုကပ္ၿပီးေနလိုက္တယ္ ။အခန္းျပင္ကလဲေျခသံရပ္သြားတာမို႔သူ႕ႏွလုံးခုန္ႏႈန္းက ေပါက္ထြက္မတက္ပဲ ။

သူအေနာက္ကိုဆုတ္ရင္းတခုခုကိုတိုက္မိတာမို႔သူအေနာက္ကိုေျဖးေျဖးခ်င္းၾကည့္လိုက္ေတာ့ေသြးမ်က္ရည္ေတြက်ေနၿပီးသူ႕ကိုၿပဳံးကာၾကည့္ေနတဲ့မိန္းကေလး ထိုမိန္းကေလးလက္ကသူ႕လည္ပင္းကိုလာညွစ္တာမို႔ သူဘယ္လိုမွမ႐ုန္းနိုင္ဘူး သူဘယ္ေလာက္ပဲ ႐ုန္းကန္ေနပါေစလည္ပင္းကိုအညွစ္ခံထားရတာမို႔မထနိုင္ ။

~~~~~~~အား ~~~~~~~

သူမ်က္လုံးပြင့္သြားေတာ့အိမ္မက္ျဖစ္ေနခဲ့တယ္ေဘးမွာလဲ ဘီယာဗူးေတြနဲ႕သူ႕တစ္ကိုယ္လုံးလဲေခြၽးသံတ႐ႊဲ႐ႊဲနဲ႕ ။

"ဘာလဲခုနကအားလုံးကအိမ္မက္လား ''

~~~~~ ဂ်က္ ~~~~~ဂ်က္

သူအိမ္မက္ထဲမွာၾကားရတဲ့အသံလိုမ်ိဳးအျပင္မွာလဲၾကားလိုက္ရတဲ့အတြက္သူအနည္းငယ္တုန္လႈပ္သြားတယ္
အိမ္ေရွ႕တံခါးမႀကီးကေနတံခါးကိုထုဖြင့္သံၾကားရတာမို႔ တုန်လှုပ်နေတဲ့သူ့စိတ်က်ိုထိန်းပြီးဘေးမှာချထားတဲ့ ေဂါက္ရိုက္တံကိုယူၿပီးတံခါးမႀကီးနားကို ေျဖးညွင္းစြာတိုးကပ္သြားလိုက္တယ္ ။

သူတစ္ေယာက္ေယာက္ေရာက္လာရင္အဆင္သင့္ရိုက္ဖို႔ ေဂါက္ရိုက္တံကိုျမႇောက္ထားလိုက္တယ္ ေနာက္ေတာ့ တံခါးမႀကီးကပြင့္သြားတာမို႔သူလဲေဂါက္တံကိုျမႇောက္ကာ အားနဲ႕ရိုက္ခ်လိဳက္တယ္ ။

ဒါေပမယ့္သူရိုက္လိုက္တာက ခပ္မာမာအရာတစ္ခုျဖစ္ေနတာမို႔ၾကည့္လိုက္ေတာ့

" ေခါင္းေဆာင္ဝမ္ ? မန္ေနဂ်င္း ''
သူလန႔္ၿပီးေဂါက္ရိုက္တဲ့တံကိုလႊတ္ခ်လိဳက္တယ္ ။

" အဆင္ေျပရဲ႕လား ေခါင္းေဆာင္ဝမ္ ''

လြန္ခဲ့ေသာ ၅ မိနစ္က~~~~~

ရိေပၚနဲ႕ေရွာင္က်န႔္ဆိုက္ထဲကျပန္လာေတာ့ထူးဆန္းစြာ ဖြင့္ထားတဲ့တံခါးမႀကီးကပိတ္ေနတာမို႔လို႔ ေရွာင္က်န႔္တံခါးကိုဖြင့္ေပမယ့္လဲမပြင့္ အထဲက ေအာ္သံၾကားတာမို႔ႏွစ္ေယာက္လုံးထိတ္လန႔္သြားၿပီး တံခါးကိုေခါက္ေသာ္လဲအထဲမွအသံမၾကားတာမို႔ တံခါးကိုထုရိုက္ၿပီးေခၚေနတုန္းအထဲက တံခါးလက္ကိုင္ကလႈပ္လာတာမို႔ေရွာင္က်န႔္တံခါးကို ဆက္မထုေတာ့ဘဲေနလိုက္ေတာ့တံခါးက ပြင့္သြားၿပီးအထဲကေဂါက္ရိုက္တံကိုရိေပၚကလွမ္းျမင္လိုက္တာေၾကာင့္ေရွာင္က်န႔္ေခါင္းကိုတိုက္ရိုက္ထိမယ့္ ေဂါက္ရိုက္တံကိုရိေပၚကသူ႕လက္နဲ႕ကာလိုက္ေတာ့ ေဂါက္ရိုက္တံကရိေပၚရဲ႕လက္ေမာင္းကိုရိုက္မိသြားတယ္

" အဆင္ေျပရဲ႕လား ေခါင္းေဆာင္ဝမ္ ''

ေရွာင္က်န႔္ရိေပၚရဲ႕႐ုတ္တရက္ဆန္တဲ့အျပဳမူကိုၾကည့္ၿပီး အံၾသသြားရတယ္ သူနဲ႕ေတြ႕တိုင္းတစ္က်က္က်က္ ရန္ျဖစ္ေနတဲ့သူကဒီလိုအျပဳမူမ်ိိုးလဲလုပ္သတဲ့လား ဘာပဲျဖစ္ျဖစ္ရိေပၚကိုေက်းဇူးတင္ရမွာအေသခ်ာပဲ ရိေပၚရဲ႕လက္သာမခံလိုက္ရင္ေသခ်ာတယ္ ေရွာင္က်န႔္ေခါင္းကြဲမွာအေသအခ်ာပဲ ။

ရိေပၚကေတာ့ဘာမွမေျပာဘဲဧည့္ခန္းထဲဝင္သြား တာေၾကာင့္ေရွာင္က်န႔္နဲ႕ရန္ေဖးလဲရိေပၚအေနာက္ကေန လိုက္သြားလိုက္တယ္ ရိေပၚတို႔ေရာက္ၿပီးသိပ္မၾကာဘူး က်န္တဲ့သူေတြေရာက္လာၾကတယ္ ။

" ခုနကေဂါက္တံႀကီးနဲ႕ဘာလုပ္တာလဲ ''

" အျပင္ကေနၿပီးတံခါးထုသံၾကားေတာ့ သူစိမ္းဝင္လာတယ္ထင္လို႔ပါ ၿပီးေတာ့ မန္ေနဂ်င္းတို႔ကတံခါးကိုဘာလို႔ထုတာလဲ ေလာ့လဲမခ်ထားပါဘူး ''

" ဟင့္အင္းငါတို႔အျပင္ကဖြင့္တာဖြင့္လို႔မရဘူး အထဲကေနေလာ့ခ္ထားတာမဟုတ္ဘူးလား ''

" ဟမ္ ''

ေရွာင္က်န႔္လဲရန္ေဖးရဲ႕စကားေၾကာင့္အံအားသင့္ သြားတယ္သူေသခ်ာေပါက္တံခါးကိုဖြင့္တုန္းက အထဲကေလာ့ပြင့္ေနခဲ့တာပါ ။

" ဘာလဲဒါဆိုသရဲလား ဟား...ဟား...''

ယြီပင္းကၾကားျဖတ္ေျပာလိုက္ၿပီးသူ႕စကားကိုသူ႕ဘာသာ ရယ္ေပမဲ့အားလုံးကအသံတိတ္သြားၿပီးတစ္ခုခုကိုစဥ္းစား သေယာင္ျဖစ္သြားၾကတယ္ ။

" အဟမ္း..ေအာ္...မရယ္ရဘူးပဲ ''

ယြီပင္းမွာသူ႕ဟာသကိုအားလုံးရယ္ေမာမယ္ထင္ေသာ္လဲ မထင္မွတ္ထားတဲ့တုန႔္ျပန္မႈေတြေၾကာင့္သူ႕ေပါင္ကိုပဲသူ ရိုက္ၿပီးအရွက္ေျဖလိုက္ရတယ္ ။

" ေဆး႐ုံမွာလဲဇီယီေရာလင္းခ်န္ေရာက သရဲေျခာက္ခံရတယ္ပဲေျပာေနၾကတယ္ နည္းနည္းထူးဆန္းတယ္မထင္ဘူးလား ''

" ဘာကိုထူးဆန္းတာလဲအဲ့လိုမျမင္ရတဲ့အရာေတြကိုလဲ ပညာတက္ေတြျဖစ္ၿပီးယုံၾကတာပဲလားျဖစ္နိုင္တာကိုပဲေျပာၿပီးအလုပ္ပဲဆက္လုပ္ပါတစ္ယာက္ကေဆး႐ုံ တက္ရတယ္ တစ္ေယာက္ကလူနာသြားေစာင့္ေပးတယ္ သူတို႔ႏွစ္ေယာက္ရဲ႕လစ္ေနတဲ့အလုပ္အတြက္ပိုလုပ္ရဖို႔ပဲ စဥ္းစားၿပီးအပိုေတြေတြးမေနပါနဲ႕ ''

ရိေပၚကဝမ္က်ိဳးခ်န္ရဲ႕အေျပာကိုတုန႔္ျပန္ၿပီး အေပၚကိုတက္သြားတယ္ ။

ေရွာင္က်န႔္လဲဘာမွေတာ့ဝင္မေျပာေပမယ့္ ဒီအိမ္မွာထူးဆန္းတာေတြကေတာ့အမွန္ပဲ ေရွာင္က်န႔္လဲ ဘာမွဆက္မေျပာေတာ့ဘဲအေပၚထပ္ကိုသာတက္သြားလိုက္တယ္ ။

" ေဟ့ေကာင္မင္းကလဲမန္ေနဂ်င္းေရွ႕မွာဘယ္လိုေျပာ လိုက္တာလဲ ဒါကသူတို႔စံအိမ္ေလစကားေလးဘာေလး ဂ႐ုစိုက္ေျပာ ''

"အာ...ဟုတ္သားပဲ ''

ေရွာင္ဟန္ကဝင္ဟန႔္လိုက္မွက်ိဳးခ်န္လဲသူေျပာတာမွားသြားမွန္းသိေတာ့တယ္ ။

ရိေပၚေရခ်ိိုးေတာ့ေဂါက္တံနဲ႕လက္ေမာင္းကိုရိုက္ခံလိုက္ ရတာမို႔လက္ေမာင္းကအေပၚကိုေတာင္မျမႇောက္
နိုင္ေတာ့ဘူး ေရပန္းနဲ႕ပဲအျမန္ေရခ်ိဳးလိုက္ရတယ္ ။

ေရခ်ိဳးခန္းကထြက္လာေတာ့bathrobe ေတာင္မဝတ္နိုင္ေအာင္လက္ကမျမႇောက္နိုင္တာမို႔ တဘတ္နဲ႕ပဲခါးမွာပတ္ထားလိုက္တယ္ ။

တံခါးေခါက္သံၾကားလို႔ရိေပၚတံခါးသြားဖြင့္လိုက္ေတာ့ ညအိတ္ဝတ္စုံနဲ႕first aid ဗူးကိုကိုင္ထားတဲ့ေရွာင္က်န႔္။

" ဘာကိစၥရွိလို႔လဲ ''

ေရွာင္က်န႔္မွာရိေပၚရဲ႕အေပၚပိုင္းကဗလာကိုၾကည့္ၿပီး စိတ္ထဲတမ်ိဳးခံစားလိုက္ရေပမယ့္မ်က္ႏွာကိုထိန္းလိုက္တယ္

" ငါ့ေၾကာင့္ မင္းလက္ထိသြားတယ္မလား အဲ့ဒါေဆးလိမ္းေပးမလို႔ ''

ေရွာင္က်န႔္ကအခန္းဝပိတ္ရပ္ထားတဲ့ရိေပၚကိုတြန္းၿပီး အခန္းထဲဝင္လာလိုက္တယ္ အခန္းထဲကထိုင္ခုံမွာလဲ စာ႐ြက္ေတြအဝတ္အစားေတြနဲ႕ရစရာမရွိေအာင္႐ူပ္ပြ
ေနတာမို႔ေရွာင္က်န႔္ကုတင္ေပၚမွာပဲထိုင္လိုက္တယ္
ရိေပၚကေတာ့ေရွာင္က်န႔္လုပ္တာေတြကိုလိုက္ ၾကည့္ေနတယ္ ။

" ဘာၾကည့္တာလဲ ေဆးလိမ္းေပးမလို႔လာထိုင္ေလ ဘာလုပ္ေနတာလဲ ''

ရိေပၚကေရွာင္က်န႔္ေရွ႕ကိုလာထိုင္တယ္ ။

"ေနာက္လွည့္ေလေဆးလိမ္းေပးပါမယ္ဆိုမွ ''

ေရွာင္က်န႔္စကားေၾကာင့္ရိေပၚလဲေက်ာေပးကာလွည့္ထိုင္လိုက္တယ္ အေပၚပိုင္းကဗလာျဖစ္ေနတဲ့ရိေပၚရဲ႕ လက္ေမာင္းကိုပြတ္ကာေဆးလိမ္းေပးလိုက္တယ္ ေနာက္ေတာ့လက္ေမာင္းအညိုမဲစြဲသြားတဲ့ေနရာကို ပလာစတာကပ္ေပးလိုက္တယ္ ။

" ေက်းဇူးပဲမင္းေၾကာင့္ငါ့ေခါင္းမကြဲတာအဲ့ဒါေၾကာင့္ ငါကမေကာင္းတက္လို႔ေဆးလာလိမ္းေပးတာ ''

"ေအာ္...''

ေရွာင္က်န႔္ကရိေပၚကိုမၾကည့္ဘဲေဆးဗူးကိုျပန္ပိတ္ေနတာေၾကာင့္ရိေပၚသူ႕ကိုစိုက္ၾကည့္ေနတာကို သတိမျပဳမိဘူး

ေရွာင္က်န႔္လဲရိေပၚသူ႕ကိုစိုက္ၾကည့္ေနတာကို သတိထားမိၿပီးသူရိေပၚကိုၾကည့္လိုက္ေတာ့ သူ႕ကိုစိုက္ၾကည့္ေနတာသိလို႔အၾကည့္လႊဲလိုက္တယ္ ။

" ဘာလို႔အၾကည့္လႊဲလိုက္တာလဲဘာလဲႀကိဳက္လား ''

" ႐ူးေနလား ''

ေရွာင္က်န႔္ကထရပ္ဖို႔လုပ္လိုက္ေတာ့ရိေပၚကေရွာင္က်န႔္ ရင္ဘတ္ကိုတြန္းလိုက္တယ္ ။

" ဘာလဲသနားလို႔ေဆးထည့္ေပးတာကိုမင္းကေရာင့္တက္ တာလား မင္းရဲ႕ေယာင္ေနတဲ့လက္မက်ိဳးခ်င္ရင္ဖယ္ ''

ရိေပၚကေရွာင္က်န႔္ရင္ဘတ္ကိုအမွတ္မထင္ဘဲတြန္း
လိုက္တာေၾကာင့္ေရွာင္က်န႔္လဲကုတင္ေပၚလဲ က်သြားတယ္

" ဘာလုပ္တာလဲ ''

" ငါတို႔တြဲၾကမလား ''

ရိေပၚရဲ႕မထင္မွတ္ထားတဲ့စကားေၾကာင့္ေရွာင္က်န႔္ အံၾသသြားတယ္ ။

" ေဂါက္ရိုက္တံကလက္ပဲရိုက္မိတယ္ထင္တာ ေခါင္းပါထိၿပီးဦးႏွောက္ထိသြားၿပီလား ''

" ဟင့္အင္းစိတ္ရင္း ''

ရိေပၚရဲ႕နာေနတဲ့လက္ေမာင္းကိုထိုးလိုက္ေတာ့ရိေပၚနာသြားတာကိုအခြင့္ေကာင္းယူၿပီးေရွာင္က်န႔္လဲထြက္လာခဲ့ တယ္

" က်က္သေရကိုမရွိဘူး ''

ေရွာင္က်န႔္လဲရွက္လဲရွက္ေဒါသလဲထြက္တာေၾကာင့္ အခန္းထဲကေနခပ္ျမန္ျမန္ပဲထြက္လာလိုက္တယ္ ။

________<<<<<<<<_______

မင္အာတစ္ေယာက္barမွာေခါင္းမေဖာ္နိုင္ေလာက္ ေအာင္မူးေနတာမို႔လို႔စံအိမ္ကိုမျပန္ေတာ့ဘဲအနီးနားက ဟိုတယ္ကိုပဲဝင္လိုက္ေတာ့တယ္ ။

လူမွန္းသူမွန္းမသိေအာင္မူးေနတာမို႔မင္အာ့ကိုကုန္းပိုးၿပီး ဟိုတယ္ထဲဝင္ၿပီးဒီတစ္ညေတာ့အိပ္ဖို႔လုပ္တယ္ သူအနည္းငယ္အတၱႀကီးခ်င္တာလဲပါတယ္သူခ်စ္ေနရတဲ့ သူနဲ႕တစ္ညေလာက္ပဲအတူေနခ်င္႐ုံပါ
ေရွာင္ဟန္မင္အာ့ရဲ႕ဖိနပ္ကိုခြၽတ္ေပးၿပီးကုတင္ေပၚကို ေသခ်ာတင္ေပးလိုက္တယ္ ။

" ပူတယ္....''

မင္အာကပူတယ္ေအာ္ေနလို႔မင္အာဝတ္ထားတဲ့ အေပၚအကၤ်ီခြၽတ္ေပးလိုက္ေတာ့လက္ျပတ္အကၤ်ီနဲ႕တိုေနတဲ့ စကတ္ကေရွာင္ဟန႔္ကိုအႀကိမ္ႀကိမ္ဆြဲေဆာင္ေနတယ္
ေရွာင္ဟန္လဲအေသြးနဲ႕အသားနဲ႕ေယာက်္ားျဖစ္တဲ့အျပင္ သူႀကိဳက္တဲ့သူပါျဖစ္ေနေတာ့သူ႕စိတ္ေတြကိုခ်ဳပ္ထိန္းထားရတယ္ ။

ေနာက္ဆုံးသူေစာင္ကိုယူလိုက္ၿပီး မင္အာ့ကိုၿခဳံေပးလိုက္တယ္ ။

" ဝမ္ရိေပၚ မေကာင္းတဲ့ေကာင္ ဟင့္''

အိပ္ေနရင္းနဲ႕ေတာင္အျခားသူနာမည္ကိုတမ္းတေနတဲ့ ကိုယ္ခ်စ္ရတဲ့သူကိုျမင္ေနရတာလဲ ႏွလုံးကိုအရွင္လတ္လတ္ခြဲေနသလိုပဲ မင္အာ့ကို ေစာင္ၿခဳံေပးေနတဲ့ေရွာင္ဟန႔္လက္ကိုဆြဲလိုက္တာမို႔ ေရွာင္ဟန္မင္အာ့အေပၚကိုလဲက်သြားတယ္ ။

" ဒီတစ္ညေတာ့ငါကမင္းရဲ႕ခ်စ္သူလုပ္ခြင့္ေပးပါ ''

ေရွာင္ဟန္ကမင္အာ့ရဲ႕နဖူးေလးကိုနမ္းလိုက္ၿပီး မင္အာ့ကိုဖက္ကာအိပ္လိုက္တယ္ ေရွာင္ဟန္က မင္အာ့ကိုမထိရက္နိုင္ေလာက္ေအာင္ကိုျမတ္နိုးလြန္းတာမို႔ သူမင္အာကိုဘာမွမလုပ္ဘဲရိုးသားစြာပဲအိပ္ခဲ့တယ္ ။

ေခါင္းကမခံမရပ္နိုင္ေအာင္ထိုးကိုက္ေနတာမို႔မင္အာေဘးမွာရွိတဲ့ခုံေပၚကေရကိုယူေသာက္လိုက္တယ္ သူအခန္းကို ၾကည့္လိုက္ေတာ့မရင္းႏွီးတာမို႔ေဘးကိုၾကည့္လိုက္ေတာ့ အိပ္ေနတဲ့ေရွာင္ဟန႔္ကိုေတြ႕တယ္

" ဘာလဲ ညကဘာျဖစ္ခဲ့တာလဲ ''

သူေသခ်ာျပန္စဥ္းစားလိုက္ေတာ့ညကေရွာင္ဟန္နဲ႕ညစာ အတူစားခဲ့ၿပီးBar မွာအရက္သြားေသာက္တာအထိပဲ မွတ္မိတယ္ ။

ေရွာင္ဟန္လဲနိုးလာၿပီးသူ႕ေဘးမွာတုန္လႈပ္ေနတဲ့မင္အာ့ကို ျမင္လိုက္ရတာမို႔ သူအိပ္ရာေပၚကအျမန္ဆင္းလိုက္တယ္

"ညကကြၽန္ေတာ္တို႔ဘာမွမဖျဖစ္ခဲ့တာမို႔စိတ္မပူပါနဲ႕ ကြၽန္ေတာ္အရင္ထြက္သြားလိုက္မွာမို႔ ေအးေဆးျပင္ဆင္ ၿပီးမွထြက္ခဲ့ပါ ''

" ကြၽန္မတို႔တြဲၾကမလား ''
ေရွာင္ဟန္အခန္းထဲကထြက္သြားဖို႔ျပင္ေနတုန္း မင္အာ့ရဲ႕ စကားေၾကာင့္သူ႕ေျခလွမ္းေတြရပ္တန့္သြားတယ္ ။

edaz
4:55 a.m.
________________<<<<<<<____________

Continue Reading

You'll Also Like

7.5K 459 85
host လင်ရဖို့ ငါ system ဖူဂျိုရှီလေးတာဝန်ထား
765K 79.3K 77
သာသာ fan fiction မေရးဖူးတာ သိျကမွာပါ. . . ဒါပထမဆံုး သာသာရဲ႕ fan fictionေလးျဖစ္ပါတယ္ . . အရင္က ဘာလို႔ မေရးျဖစ္တာလဲဆိုေတာ့ shipေပးဖို႔ အရမ္းသေဘာက်တဲ့...
257K 34.2K 131
ဘာသာပြန်သူ - Swae Nyoe Team, ဆုမြတ်လှိုင်
377K 41.5K 33
Epiphany (n.) a moment when you suddenly feel that you understand or suddenly become conscious of something that is very important to you