Mistakes!

By yuisdreamyforest

397K 26.6K 183

ငါဟာမချစ်သင့်တဲ့အချစ်တစ်ခုကိုမသိလိုက်ဘဲနဲ့အစပျိုးခဲ့လို့ ငါမှားခဲ့တယ် ဟုတ်တယ် ငါမှားခဲ့တယ် ဒါပေမဲ့ ငါတစ်ခြားဘ... More

{ep:1}
{ep:2}
{ep:3}
{ep:4}
{ep:5}
{ep:6}
{ep:7}
{ep:8}
{ep:9}
{ep:10}
{ep:11}
{ep:12}
{ep:13}
{ep:14}
{ep:15}
{ep:16}
{ep:17}
{ep:18}
{ep:19}
{ep:20}
{ep:21}
Mistakes!*Final*

PERFECT💙(Special Extra)

7K 399 10
By yuisdreamyforest

Please play >>>Perfect🎶for this whole chapter💙

'မွ အချစ်ထတော့'
ကုတင်ဖြူလွလွပေါ်မှာ အိပ်မောကျနေတဲ့ အသည်းတုံးကြီးအား ပါးကြီးကိုညှစ်ကာ ညီဘုန်းမြတ်နှိုးလိုက်လေသည်

'အင်း မထချင်သေးဘူးကွာ လာ ညီလည်း ပြန်အိပ်'
ကုတင်စွန်းမှာထိုင်နေတဲ့သူ့ကိုခါးကနေဖက်ကာ အတင်းအိပ်ရာပေါ်ဆွဲလှဲနေတာကြောင့် ညီဘုန်းမြတ်ရဲ့ကိုယ်သေးသေးလေးမှာ မင်းခန့်ညားရဲ့လက်မောင်းတွေကြား ရုန်းကန်နေရလေသည်

'မဆိုးနဲ့ဗျာ ထတော့ လိမ္မာတယ် ဒီနေ့ဘာနေ့လဲသိတယ်မလား ထတော့နော်'
ပါး၂ဖက်ကိုလက်ဖဝါးသေးသေးလေး၂ဖက်ကအုပ်ကိုင်လာကာ အပြုံးလှလှလေးနဲ့ပြောလာတဲ့ကောင်လေးကိုကြည့်ကာ မင်းခန့်ညားနှစ်လိုသဘောကျစွာပြုံးလိုက်မိသည်
နေ့တိုင်း နေ့တိုင်း မနက်တိုင်း မနက်တိုင်း ပြုံးနေတဲ့မင်းမျက်နှာလေးကိုတွေ့ရတာ ငါ့အတွက်ဘယ်လောက်တောင် ကံကောင်းခြင်းလဲဆိုတာ မင်းဆံပင်လေးတွေကိုပွတ်သပ်ရင်း ပြောပြချင်တယ်

'Morning Kiss'
မျက်လုံးကိုမှိတ်ရင်း နှုတ်ခမ်းကိုစူကာ ခပ်ချွဲချွဲပြောမိတော့  ရယ်သံလွင်လွင်လေးကနားထဲကိုတိုးဝင်လာလေသည် မကြာမီ နှုတ်ခမ်းအစုံကနွေးထွေးခြင်းတစ်ခုနှင့်
မနက်ခင်းလေးဟာ လှပစွာပြည့်စုံသွားခဲ့လေသည်

'ဒီပုဆိုးလေး ဝတ်မှာလား'
ပုဆိုး အမည်းနဲ့အနီအကွက်စိပ်စိပ်လေးကို ထုတ်လာရင်းကြယ်သီးတပ်နေတဲ့ကိုယ့်ရှေ့မှာမတ်တပ်လာရပ်တဲ့သူဟာ ရှပ်အင်္ကျီအကွက်စိပ်စိပ်လေးကိုလက်တံတောင်ဆစ်အထိခေါက်ဝတ်ထားကာ ညှပ်ထားတာသိပ်မကြာသေးတဲ့ရှေ့ဆံပင်တွေကိုခပ်အုပ်အုပ်လေးချထားလေသည်

'အင်း ကိုယ့်ယောက်ျားလေးထုတ်ပေးတာပဲဝတ်ရမှာပေါ့ဗျ မဟုတ်ဘူးလား'

'ဟီး ဒါပေါ့ ကျွန်တော်ကဒါဝတ်စေချင်လို့ ဒါကိုထုတ်လာတာကို'
သူ့ဘာသာပြောပြီး မျက်လုံးလေးတွေမှိတ်ကျသွားတဲ့အထိ သဘောတကျရယ်မောနေတဲ့ကောင်လေးကို ခပ်ကြမ်းကြမ်းပဲဆွဲပွေ့ဖက်လိုက်ကာ ပါးနုနုလေးတွေကိုနှာခေါင်းနစ်ဝင်သွားအောင်အထိ ဘယ်ပြန်ညာပြန်နမ်းလိုက်မိသည်

'လွှတ်တော့ နောက်ကျနေလိမ့်မယ် မာမီတို့ကရောက်နေလောက်ပြီ ကိုယ်တွေကMainဖြစ်ပြီးနောက်ကျနေရင်မကောင်းဘူးလေ'

'ဟား ဟုတ်ပါပြီဗျာ ပုဆိုးလေးတော့လဲဝတ်ပါရစေဦး'

'ဟုတ်ကဲ့ပါ မြန်မြန်လေးလဲပါ'

'ဟုတ်ကဲ့ပါဗျ'

တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ရင်း ပြုံးလိုက်မိကြသည်

အမှန်တော့ ဒီနေ့က သူတို့ရဲ့မင်္ဂလာသက်တမ်း၂နှစ်ပြည့်တဲ့နေ့ အဲ့ဒါကြောင့် သူတို့လက်ထပ်ခဲ့တဲ့ဆရာတော်ကြီးရဲ့ကျောင်းမှာပဲ နေ့ဆွမ်းလေးကပ်ပြီး ကလေးလေးတွေအတွက်ပါလိုအပ်တာလေးတွေလှူဖို့စီစဉ်ထားခဲ့ကြတာ
ဒါပေါ့ ညီ့ရဲ့ဆန္ဒ ညီ့ရဲ့သဘောအတိုင်းပေါ့

'ဟာ အအေးတွေကိုယ်တိုင်ဖျော်လို့ပါလား'
မင်းခန့်ညားရဲ့အစ်မဖြစ်သူတို့မိသားစုပါလာသည်မို့ ထိုအစ်ကိုက အအေးတွေကိုသံဇလားကြီးထဲထည့်ပြီး အအေးဖျော်နေတဲ့ညီဘုန်းမြတ်ကိုကြည့်ကာပြောလာလေသည်

'ဟုတ်တယ် အစ်ကိုရေ ညီကသူ့လက်နဲ့ကိုယ်တိုင်လုပ်ချင်လို့တဲ့'
ယောက်ဖဖြစ်သူကိုပြန်ဖြေရင်း ပြုံးကာသူတို့ကိုကြည့်နေတဲ့ညီဘုန်းမြတ်နားကိုတိုးသွားတဲ့မင်းခန့်ညားကြောင့် သူ့အစ်မစုံတွဲက မင်းခန့်ညားကိုကြည့်ကာရယ်သည်

'အချစ်ကလည်း ကိုယ့်အလှူပါဆိုမှ ကိုယ့်လုပ်အားလေးတော့ပါမှပေါ့'

'ဟုတ်ပါပြီဗျာ ယောက်ျားကဘာပြောလို့လဲ စိတ်ကျေနပ်ရင်ပြီးရော ကြိုက်တာလုပ်'
မင်းခန့်ညားရဲ့စကားကြောင့် ညီဘုန်းမြတ်ကချစ်ဖို့ကောင်းအောင် နှာခေါင်းလေးရှုံ့ပြလေသည်
သူသိတာပေါ့ သူ့ကိုဒီလူသားဟာ ဘယ်လောက်တောင်အလိုလိုက်လဲဆိုတာ

'သားတို့ရေ ဆရာတော်ကြီးတို့ဆွမ်းဘုန်းပေးတော့မှာမို့ ဆွမ်းကပ်ရအောင်အပေါ်တက်လာခဲ့ဦး'
မင်းခန့်ညားအမေရဲ့စကားကြောင့် ၂ယောက်သားအအေးဖျော်နေရာကနေ မင်းခန့်ညားရဲ့သူငယ်ချင်းတွေကိုလက်လွှဲခဲ့ရင်း တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ကာ ညီသဘောကျတယ်ဆိုတဲ့ ထိုဘုန်းကြီးကျောင်းရဲ့ သစ်သားပြားခပ်ကြီးကြီးတွေနဲ့သာလုပ်ထားတဲ့လှေကားထစ်တွေပေါ်သို့ တူတူခြေချရင်း ကျောင်းဆောင်ပေါ်သို့

စားပွဲဝိုင်းအစွန်းကိုကိုင်ကာမြှောက်ရင်း ဆရာတော်ဘုရားတိုင်ပေးသည်များကိုလိုက်ရွတ်ရင်း ဆွမ်းကပ်ပြီးနောက် လက်အုပ်ချီကာကန်တော့လိုက်ကြလေသည် သင်္ကန်းနှင့်ဝတ္ထုငွေများထည့်ထားသည့်အိတ်များကို ကျောင်းရှိဆရာတော်များအားလိုက်ကပ်ရင်း ဘုန်းပေးနေတဲ့ ကိုရင်လေးတွေကိုပါ လိုအပ်သည့်ဟင်းများကိုလိုက်ထည့်ပေးရင်း ၂ယောက်သားအားချိန်ကိုမရှိ  ကိုယ့်ရဲ့မင်္ဂလာအလှူမို့ ကိုယ့်လက်ကိုယ့်ခြေနဲ့သာလုပ်ကိုင်လိုနေကြသည်

'ကဲ သားတို့ ကလေးတွေကို အအေးတိုက်တာ မာမီတို့ပဲလုပ်လိုက်မယ် နေ့လည်စာစားချိန်လွန်နေမယ် သွားစားကြတော့'

'ဟုတ်တယ် သွားစားကြတော့ ဒီမှာအမေတို့လုပ်လိုက်လို့ရတယ် ပြီးမှကလေးတွေကိုပစ္စည်းဝေကြ'
အမေ၂ယောက်က ထမင်းသွားစားဖို့ ထမင်းစားဆောင်ထဲအတင်းတွန်းလွှတ်နေကြတာမို့ ၂ယောက်သားပြုံးရင်း ခေါင်းတဆတ်ဆတ်ငြိမ့်ပြကာ ထမင်းစားဖို့လုပ်ရလေတော့သည်
ဘယ်လောက်ပဲအိမ်ထောင်တစ်ခုတည်ထောင်ထားနေပြီပြောပြော မွေးသမိခင်ကျေးဇူးရှင်တွေရဲ့စကားကိုတော့ မလွန်ဆန်ဝင့်ဘူးဗျ

တစ်နေ့လုံးပင်ပန်းထားတာမို့ ညီကတော့ ညနေအိမ်ပြန်ရောက်တည်းက ကုတင်ပေါ်မှာခွေခွေလေးအိပ်ပျော်သွားလေသည် လူလေးကနုနုဖပ်ဖပ်သေးသေးလေးဆိုတော့ ညီကသိပ်အပင်ပန်းမခံနိုင် ဒါပေမဲ့ တစ်နေ့လုံး မျက်နှာလေးကပြုံးပျော်ကြည်လင်နေတာမို့  သူ့မျက်နှာတစ်ရွာထင်နေတဲ့ အကဲပိုသူကိုယ့်မှာ စိတ်ချမ်းသာရသည်

အိပ်မောကျနေတဲ့ညီ့ကိုနိုးသွားမှာစိုးတာ​ကြောင့် အဝတ်ဗီရိုထဲမှ လဲစရာအဝတ်အစားတစ်စုံကိုခပ်ဖြည်းဖြည်းယူရင်း အောက်ထပ်ကရေချိုးခန်းဆီသို့သာဦးတည်လိုက်လေသည်

'ဝါး အချစ်'
မျက်လုံးတွေကိုလက်ခုံနဲ့ပွတ်သပ်ကာ အောက်ထပ်သို့ဆင်းလာတဲ့သူက အခုထိအိပ်မှုန်စုံဝါးဖြစ်နေသေးတဲ့ပုံ
အဝတ်အစားလဲလာပေမဲ့ တွေ့ရာကောက်ဝတ်လာပုံပင် ချည်သားဘောင်းဘီအပွနှင့် T-shirtအဖြူရောင်ခပ်ပွပွက ပခုံးစွန်းတစ်ဖက်ကို အတန်ငယ်လျှောကျကာ သူနဲ့ကြီးနေလေသည်

'ဪ နိုးပြီလားသည်းညှာ ဗိုက်ဆာနေပြီလား'

'ဟင့်အင်း'
ဧည့်ခန်းမှာထိုင်ကာ TVကလာနေတဲ့အစီအစဉ်တွေကို ဘာမှန်းမသိထိုင်ကြည့်နေတဲ့သူ့အနားသို့ရောက်လာပြီး ဘေးမှာဝင်ထိုင်လာပြီးနောက်လှဲလိုက်ကာ သူ့ပေါင်ပေါ်ခေါင်းအုံးရင်း ပြန်အိပ်ဖို့ပြင်နေလေသည်

'ထပ်အိပ်ဦးမလို့လား ညီ'
နဖူးပေါ်ဝဲနေတဲ့ ဆံပင်လေးတွေကိုသပ်တင်ပေးရင်းပြောလိုက်တော့ ခေါင်းခါပြလေသည် ဒါပေမဲ့ မျက်လုံးလေးတွေကအခုထိမဖွင့်သေး

'အင်း'
အတန်ကြာအောင်ပေါင်ပေါ်လှဲအိပ်နေပြီးမှ အိပ်ချင်ပြေသွားသည့်နှယ် လက်တွေကိုဆန့်ကာ တအင်းအင်းတအဲအဲနဲ့ထထိုင်လေသည်

'အချစ်'

'ဟင်'

'အာ အိမ်ပေါ်ထပ်မှာကျန်ခဲ့ပြီ'
ဘောင်းဘီအိတ်ကပ်မပါတဲ့ ချည်ဘောင်းဘီကိုဝတ်ထားပြီး ဟိုစမ်းဒီစမ်းနဲ့ တစ်ယောက်တည်းရေရွတ်နေတာကြောင့် သူခေါင်းခါကာရယ်လိုက်မိသည်
အိမ်ထောင်သက်တမ်းတစ်ရက်ပြီးတစ်ရက်တိုးလာခဲ့သလို ဒီလူသားလေးကလည်း တစ်ရက်ပြီးတစ်ရက်သူ့ကိုအချစ်တိုးလာလေအောင် အမြဲဖန်တီးနေပါရော

'ဘာတွေရှာနေတာလဲ ညီရဲ့'

'ဟင် လေယာဉ်လက်မှတ်တွေလေ အိမ်ပေါ်ထပ်ကနေယူလာတယ်ထင်တာ အိပ်ချင်မူးတူးနဲ့ဆင်းလာတာမပါလာဘူး'

'လေယာဉ်လက်မှတ်က ဘာလုပ်ဖို့လဲ'

'လက်ဆောင်ပေးဖို့လေ'

'ဘယ်သူ့ကိုလဲ ညီ'

'အချစ်ကိုလေ'

'ဟင် ကိုယ့်ကို?ဘာလို့လဲ'

'2nd Wedding Anniversaryမလားဒီနေ့က အဲ့ဒါ အချစ်ပဲ ဟိုတလောကTVကလာတဲ့ Animeကားကိုကြည့်ပြီး ဂျပန်သွားချင်တယ်ဆို အဲ့ဒါကြောင့် ခရီးထွက်ရအောင် လက်ဆောင်အဖြစ်ပေးမလို့ပေါ့ဗျ'
အလေးအနက်ကိုပြောလာတဲ့ညီ့ကြောင့် သူသဘောတကျပြုံးရင်း ညီ့ဆံပင်လေးတွေကိုဆွဲဖွလိုက်လေသည်
အဟား ဖြစ်ရမယ် ညီရယ် ကာတွန်းကားမကြည့်စဖူး TVကလာလို့ကြည့်မိပါတယ် နေရာလေးတွေကလှလို့ သွားလည်ချင်တယ်ပြောခဲ့တာကို သေချာမှတ်ထားခဲ့ပုံပဲ

'အင်း အဲ့ဒါဆို ကိုယ်လည်း လက်ဆောင်တော့မဟုတ်ပေမဲ့ ညီနဲ့အတူတူလုပ်ဖူးချင်တာလေးရှိလို့ ပြင်ဆင်ထားတယ်'

'ဘာလဲ?'

'ဟင် သိချင်လို့လား'

'သိချင်တာပေါ့ ဘာလဲ ဘာလဲ'

'အဲ့ဒါဆို ခြံထဲသွားမယ်လာ'
လက်ကိုဆွဲကာ ထိုင်နေရာကနေထလိုက်သည်

'ဒါနဲ့ ဘာလို့ ခြံထဲကမှောင်နေရတာလဲ မီးသီးကျွမ်းသွားလို့လား အချစ်'
အိမ်တံခါးဝမှာရပ်နေရင်းကနေ ခြံထဲမှာမှောင်နေတာမို့ လူကိုကြည့်ကာ မျက်လုံးအဝိုင်းသားလေးနဲ့ပြောလာလေသည်

'အာ ကိုယ်မီးမဖွင့်ရသေးတာဖြစ်မယ် ညီ ခြံထဲကဒန်းမှာစောင့်နေနှင့်နော် ကိုယ်မီးခလုတ်သွားဖွင့်ပြီးပြန်လာခဲ့မယ်'

'ကြည့် ဖြစ်ရမယ် အချစ်ကတော့ အင်း ကျွန်တော်စောင့်နေမယ် မြန်မြန်လာနော်'

'အင်းပါ'
သူပြန်ဖြေတော့ ခေါင်းလေးငြိမ့်ပြကာ ခြံထဲကိုထွက်သွားတာကြောင့် သူ့ရဲ့Surprise planလေးကိုအကောင်အထည်ဖော်ရန် မီးခလုတ်များကိုအမြန်ပြေးဖွင့်ကာ အင်္ကျီအပါးလေးပဲဝတ်ထားတဲ့ညီ့ကြောင့် ခြံထဲမှာလေတိုက်လို့အေးနေမှာစိုးတာကြောင့် အပေါ်အမြန်ပြေးတက်ကာ အပေါ်ဝတ်အပါးလေးတစ်ထည်ပြေးယူရသေးသည်

ညီဘုန်းမြတ် ခြံထဲကဒန်းပေါ်မှာထိုင်ရင်း ကောင်းကင်မှာထိန်ထိန်သာကာ လထီးဆောင်းနေတဲ့လမင်းကြီးကို ငေးကြည့်နေမိလေသည်

'ဟင်!'
ဖျက်ကနဲ တစ်ခြံလုံး မီးလုံးအဝါအသေးလေးတွေနဲ့လင်းသွားတာမို့ သူအကြောင်သားလေးနဲ့ မျက်လုံးလေးပြူးကာ အံ့ဩရင်းကြည့်နေမိသည် သူထိုင်နေတဲ့ဒန်းရဲ့အပေါ်တန်းမှာလည်းမီးလုံးလေးတွေကိုရစ်ပတ်ထားသေးသည်

'ညီ'
ခေါ်သံကြောင့် အရမ်းလှနေတဲ့ပတ်ဝန်းကျင်ကိုငေးမောကြည့်နေမိရာကနေ အနောက်ကိုလှည့်ကြည့်လိုက်မိသည်

'လေတွေတိုက်တယ် အေးနေပြီလား'
ပြောလည်းပြောရင်း သူထိုင်နေတဲ့အရှေ့မှာ ဒူးတစ်ဖက်ထောက်ကာထိုင်လာရင်း လက်ထဲကအင်္ကျီလက်ရှည်လေးကို ပခုံးစွန်းတွေပေါ်လွှမ်းခြုံပေးလာကာ သူ့လက်တွေကိုဆုပ်ကိုင်လာတဲ့သူ့ကြောင့် အပြုံးလှလှတစ်ခုကိုအစွမ်းကုန်ပြုံးပြလိုက်မိသည်
အိမ်ထောင်သက်တမ်း၂နှစ်ကြာပြီဖြစ်တဲ့ ကိုယ့်အိမ်ထောင်ဖက်အပေါ် အကဲပိုလွန်းစွာတဒိန်းဒိန်းခုန်နေတဲ့ ရင်ဘတ်ထဲကအကောင်ကြောင့် ညီဘုန်းမြတ်မှာအသက်ရှူသံတွေတောင်မြန်လာသလို

'Happy 2nd Wedding Anniversaryပါညီ အရင်တစ်နှစ်ကအလုပ်ကိစ္စကြောင့် ညီ့ကိုအချိန်မပေးနိုင်တာ ကိုယ့်ကိုခွင့်လွှတ်ပေးပါနော်'

'ဒါပေါ့ အလုပ်ကြောင့်ပဲကို ပြီးတော့ အချစ်ပိုက်ဆံတွေရှာနေတာ ကျွန်တော့်အတွက်ပဲမလား'
ဇက်ကလေးပုကာ သွားလေးဖြဲရင်းပြောလာတဲ့ကောင်လေးကြောင့် သူခေါင်းတစ်ချက်ငြိမ့်ပြရင်း ပြုံးလိုက်မိပြန်သည်

'ခြေထောက်တွေနာနေမယ် ကျွန်တော့်ဘေးမှာလာထိုင်'

'မထိုင်တော့ဘူး ကိုယ် ညီနဲ့လုပ်ချင်တာရှိသေးတယ်'

'ဟင်!ဘာရှိသေးလို့လဲ'

'ညီ ဖိနပ်ချွတ်လိုက်'
ပြုံးကာ ဖိနပ်ချွတ်ခိုင်းလာတဲ့သူကြောင့် ညီ့မှာမျက်မှောင်လေးကုတ်ကာ ဘာလို့လဲဆိုပြီးစဉ်းစားနေတဲ့မျက်နှာပေးလေးနဲ့ လူကိုခပ်ပြုံးပြုံးလေးကြည့်လာတာကြောင့် သူ့မှာညီ့ကိုပြုံးကာ ဖိနပ်ချွတ်ဖို့သာ မျက်စလေးပစ်ပြလိုက်တော့သည်

'လာ ကိုယ့်ခြေထောက်တွေပေါ်တက်'
မတ်တပ်ထရပ်လိုက်ရင်း သူ့ခြေခုံတွေပေါ် ကိုယ့်ခြေထောက်တွေကိုတင်ခိုင်းနေတာကြောင့် ညီအကြောင်သားလေးနဲ့ကြည့်မိတော့ အဆင်ပြေပါတယ်ဆိုတဲ့ပုံနဲ့ ခေါင်းငြိမ့်ပြတာကြောင့် ခပ်ဖြည်းဖြည်းနဲ့သူ့ခြေခုံတွေပေါ် ခြေစုံရပ်မိတော့ သူ့လက်တွေကခါးပေါ်ကိုရစ်သိုင်းလာလေကာ နားထဲကို နားကြပ်တစ်ဖက်ထည့်ပေးလာလေသည်

'ညီနဲ့တူတူနားထောင်ချင်နေတဲ့သီချင်းလေး'
လူကိုပြုံးကာငုံ့ကြည့်ရင်းပြောလာတဲ့ သူ့မျက်ဝန်းတွေကိုစိုက်ကြည့်ရင်း ခေါင်းလေးကိုတဆတ်ဆတ်ငြိမ့်ပြကာ အပြုံးလေးတစ်ခုနဲ့သာပြန်တုံ့ပြန်မိသည်

နားကြပ်ကနေ ခပ်ငြိမ့်ငြိမ့်ထွက်လာတဲ့ သီချင်းသံနဲ့အတူ ခြေလှမ်းတွေကိုစလှမ်းလိုက်တဲ့ သူ့ခြေဖဝါးတွေရဲ့နှင်ရာနောက်ကို ကြည်နူးစွာ သူ့မျက်ဝန်းညိုတွေကိုငေးကြည့်ရင်း အလိုက်သင့်လေး လိုက်ပါသွားမိသည်

I found a love for me...
Darling, just dive right in
And follow my lead

Well, I found a girl, beautiful and sweet
I never knew you were the someone waiting for me

Cause we were just kids
When we fell in love
Not knowing what it was
I will not give you up this time

Darling, just kiss me slow,
Your heart is all I own
And in your eyes, you're holding mine

Baby, I'm dancing in the dark
With you between my arms
Barefoot on the grass,
Listening to our favorite song
When you said you looked a mess,
I whispered underneath my breath
But you heard it,
Darling, you look perfect tonight

သီချင်းစာသားလှလှလေးတွေကြောင့် သဘောကျမှုတစ်သိန်းနဲ့ ဒီအခိုက်အတန့်လေးမှာ သူ့ရဲ့ပျော်ရွှင်နေမှုကိုဖုံးဖိထားဖို့ရာမစွမ်းသာခဲ့
သူ့လည်တိုင်ကိုသိုင်းဖက်ကာ နဖူးချင်းထိကာ တစ်ယောက်နဲ့တစ်ယောက် သွားတန်းတွေပေါ်အောင်ထိပြုံးမိကြရင်း သီချင်းသံစဉ်တွေအတိုင်းခြေလှမ်းတွေကို မြက်ခင်းနုနုပေါ် ဟိုဒီဖြန့်ကျက်ရင်း ညချမ်းလေးရဲ့အလှဆုံး ကြည်နူးဖို့အကောင်းဆုံးအချိန်လေးကို ၂ယောက်အတူတူကြိုးစားဖန်တီးနေမိကြသည်

Baby, I'm dancing in the dark
with you between my arms
Barefoot on the grass,
Listening to our favorite song
I have faith in what I see
Now I know I have met an angel in person
And she looks perfect
I don't deserve this
You look perfect tonight...

သီချင်းသံဆုံးသွားသည်နှင့် နှုတ်ခမ်းတွေကိုခပ်ဖွဖွစုပ်ကာနမ်းရှိုက်လာတာကြောင့် မျက်လုံးကိုစုံမှိတ်ကာ ခေါင်းကိုမော့ရင်း သူ့ရဲ့ချစ်ခြင်းတွေကို လပြည့်ဝန်းရဲ့အောက်မှာ အပြည့်အဝခံယူနေမိသည်

'ချစ်တယ်'
နဖူးချင်းထိကာ ခပ်တိုးတိုးနှစ်ကိုယ်ကြားရေရွတ်လာတဲ့သူ့ကြောင့် ညီဘုန်းမြတ်မှာ မျက်ရည်လေးတွေဝဲကာဖြင့် မင်းခန့်ညားရဲ့ပါးပြင်၂ဖက်ကိုအုပ်ကာကိုင်လိုက်ရင်း ခေါင်းလေးမော့ကာ မင်းခန့်ညားရဲ့နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်လေသည်

လေတိုးသံတရှပ်ရှပ်နဲ့
သစ်ရွက်လေးတွေရဲ့လှုပ်ခတ်နေသံကိုလည်း ဥပေက္ခာပြုလို့
ထိန်ထိန်သာနေတဲ့လမင်းကြီးနဲ့ ချောင်းကြည့်နေတဲ့ကြယ်လေးတွေကိုလည်း ဥပေက္ခာပြုလို့
မီးရောင်ဝါဝါတွေအောက်မှာ သူ့ကိုပွေ့ဖက်ထားတဲ့လက်နွေးနွေးတွေရဲ့ပိုင်ရှင် သူ့နှလုံးသားရဲ့သခင် သူ့အရှေ့ကတောင်ပံမပါတဲ့နတ်သားအား အနမ်းချိုချိုတွေပဲပေးချင်မိတဲ့ဆန္ဒကိုသာ ရှေ့တန်းတင်လိုက်မိသည်...

ချစ်တယ်
အရမ်းချစ်တယ်
ခင်ဗျားကို မင်းခန့်ညား...

********************************
ဒါ၂နှစ်ကြာပြီးတဲ့နောက်မှာ ပထမဆုံးရေးမိတဲ့Extraလေးပါ
နောက်ဆုံးတော့ ညီဘုန်းမြတ်လေးဟာ သူသိပ်ချစ်ရတဲ့ မင်းခန့်ညားရဲ့လက်မောင်းတွေကြားထဲမှာ ပျော်ရွှင်နေရပြီ
အခုဒီစာကိုရေးရင်း သီချင်းနားထောင်နေရင်း တကယ်မျက်ရည်တွေကျလာမိတယ်

Continue Reading

You'll Also Like

835K 148K 186
bl ဘာသာပြန် ဝတ္ထုဖြစ်တယ်။
278K 28.7K 64
ဗီလိန်ဆိုတဲ့ ဝေါဟာရကို သင်ဘယ်လိုအဓိပ္ပါယ်ဖွင့်မလဲ။
44.7K 4.4K 18
ကြိုက်နှစ်သက်လိမ့်မည်ဟု ယုံကြည်ပါသည်။ ဖတ်ကြည့်ပေးပါနော်❤️
29.7K 2K 9
Chansoo(yaoi) မိမိရဲ့ဖြစ်တည်မှုကိုကြောက်ရွံ့အားငယ်မှု မရှိဘဲအထက်တန်းကျောင်းသားဘဝကို ရိုးသားကြိုးစားစွာဖြတ်သန်းနေတဲ့ကောင် လေးDo Kyung Soo တနေ့မှာမမျှော်...