ကြွေပန်း(Unicode+Zawgi)

By KhonYate666

11.4K 505 30

အချစ်ရဆုံးသော တစ်ပွင့်တည်းသော ပန်းလေးအတွက်သာ လေပြေဖြစ်ခဲ့တဲ့ ကျွန်တော်ဟာ အဲ့ဒီပန်းလေးကြောင့်ဘဲ လေပွေဖြစ်သွား... More

Intro
Part(1)
Part(2)
Part(3)
Part(5)
Part(6)
Part(7)
Part(8)
Part(9)
Part(10)
Part(11)
Part(12)
Part(13)
Part(14)
Part(15)
Part (16)
Part (17)
Part(18)
Part(19)
Part(20)
Part(21) [ END]

Part(4)

459 30 2
By KhonYate666

Unicode//

ဒီနေ့ဖြိုးလေးတက္ကသိုသ် ပထမဆုံးနေ့။

ဖြိုးလေးက စာမေးပွဲမှာဂုဏ်ထူးသုံးခုပါတော့
တက်ချင်တဲ့ နည်းပညာတက္ကသိုလ်ကို
တက်ခွင့်ရတယ်။

ဖြိုးလေးဖြစ်ချင်တဲ့ အင်ဂျင်နီယာတစ်ယောက်
ဖြစ်ခွင့်ရတဲ့အတွက် ကိုယ်လည်းထပ်တူ
ဝမ်းသာပါတယ်။

ဒါပေမယ့် မင်းကို တစ်ချိန်လုံးမတွေ့နိုင်တော့တဲ့အတွက်
ကိုယ်တကယ် ဝမ်းနည်းမိတယ်။

ဖြိုးလေးနဲ့ တစ်စက္ကန့်မတွေ့ရရင်တောင်
တစ်ကမ္ဘာခြားသလို ခံစားနေရပြီမို့....
ကိုယ်တော့ တစ်နေ့လုံးလွမ်းနေရတော့မယ်
ထင်ပါရဲ့။

ပြီးတော့ ကိုယ်ဖြိုးလေးကို စိတ်မချနိုင်ဘူး။

ကိုယ့်ရဲ့ကလေးလေးက တကယ့်ကလေးလေးလိုဘဲ။
ဘာမှသိတာ မဟုတ်ဘူး။
လူလိမ်တွေနဲ့တွေ့ရင် ဘယ်လိုလုပ်မလဲ။

မတည့်တာတွေ စားနေရင်ရော။
ကိုယ်က မင်းအတွက် မနက်စာ
နေ့လည်စာ ညစာ အကုန်စီစဉ်ပေးတာဆိုတော့
ဖြိုးလေးကျောင်းမှာ နေ့လည်စာ စားတတ်ပါ့မလား။
သူငယ်ချင်းမရှိဘဲ
တစ်ယောက်ထဲ အထီးကျန်နေရင်ရော။

ဟာ...ဘယ်လိုဘဲတွေး‌တွေး
ကိုယ် မင်းကို စိတ်မချနိုင်တာတော့ အမှန်ဘဲ။

ကိုယ်ကသာ တစ်ယောက်ထဲတွေးရင်း
စိတ်ပူနေတာ သူလေးကတော့
သီချင်းလေးတအေးအေးနဲ့ ဆင်းလာတယ်။

အကျီအဖြူလေးနဲ့ ပုဆိုးအပြာရောင်လေးကို
ဝတ်ထားတဲ့‌ေကာင်လေးရဲ့ပုံစံလေးက
တကယ်ချစ်စရာ။ လူကြီးပုံဖမ်းထားတဲ့
ကလေးလေးကျနေတာဘဲ။

စိတ်ရှိလက်ရှိတိုင်းဆိုရင်လေ အဲ့ဒီလူသားလေးကို
အာခံတွင်းထဲထည့်ပြီး ငုံထားလိုက်ချင်သည်။

သူ့ကိုစိုက်ကြည့်နေတာသိတော့
မျက်စောင်းလေးထိုးပြလာတဲ့ ကောင်လေး။

မင်းလေးက ကိုယ့်ကိုလေ
အဲ့လို.....အဲ့လိုမျိုးလေးတွေနဲ့ ဖမ်းစားနေလို့
ကိုယ့်ရဲ့အချစ်တွေက ထိန်းမနိုင်တော့အောင်
လျှံကျလာတာ သိလား။

အဲ့ဒါ မင်းအပြစ်
ကိုယ့်ရဲ့အချစ်တွေကို
ဖြိုးလေးရဲ့နှလုံးသားလေးထဲမှာ သိမ်းထားပေးတော့.....

"ကိုခွန်းစစ်ဘာတွေ အဲ့လောက်ကြည့်နေတာလဲ
ကျွန်တော်ချောတာ ကျွန်တော်သိပါတယ်နော်
လာ သွားမယ် ကျောင်းပထမဆုံးရက်မှာ
နောက်မကျချင်ဘူး"

"နောက်မကျပါဘူး ဖြိုးလေးရာ "

ကျောင်းကိုရောက်တော့ ကျောင်းပေါက်ဝတင်မဟုတ်ဘဲ
ကျောင်းထဲထိ ဝင်လာသော ကိုခွန်းစစ်

ပြောလိုက်တော့ စိတ်ပူလို့ပါတဲ့
အတန်း‌ရှေ့ထိဘဲ လိုက်မှာပါတဲ့

ဒီကိုခွန်းစစ်တစ်ယောက်နဲ့လည်း ခက်ပါတယ်လေ
ကျွန်တော့်ကို သူငယ်တန်းကျောင်းသားများ
မှတ်နေလားမသိဘူး။

အတန်းရှေ့ရောက်တော့လည်း အတန်းထဲထိလိုက်ဝင်ဖို့
ခြေလှမ်းပြင်နေလေသည်....

ချောင်းဟန့်လိုက်တော့ ဘာမှမသိသလို
သနားစရာမျက်နှာလေးနဲ့ နောက်ကိုဆုတ်သွားတော့
ရင်ထဲမကောင်း

"ကိုခွန်းစစ် အပြန်ကျမှလာကြိုတော့လေ
ကျွန်တော့်အခန်းရှေ့ရောက်နေပြီဘဲ
ကောင်မလေးတွေအကုန်လုံးကလည်း
ကိုခွန်းစစ်ကိုဘဲ ဝိုင်းကြည့်နေကြတာ မြင်လား
သွားပြန်တော့"

"ဖြိုးလေးက ကိုယ့်ကို သဝန်တိုနေတာလား"

"ကိုယ့်အစ်ကိုဘဲဟာ သဝန်တိုတာပေါ့
သွားမြန်မြန်ပြန်တော့"

အတန်းကတက်တော့မှာ ကိုခွန်းစစ်က
အခုထိမပြန်သေးတာကြောင့်
အမြန်ပြန်လွှတ်လိုက်တာ။

အဲ့ဒီလိုပြောမှဘဲ ပြန်သွားတော့တယ်။
လူကလည်း ပြုံးစိစိနဲ့ကို ပြန်သွားတာ
ဘာတွေ ဒီလောက်ပျော်နေလဲမသိဘူးနော်။

ကားပေါ်ရောက်တော့ ခွန်းစစ်နိုင်တစ်ယောက်
သူ့‌ေကာင်လေး၏စကားများကို ပြန်လည်ကြားယောင်နေမိသည်။

ဖြိုးလေးကလေ သူ့ကိုသဝန်တိုတယ်တဲ့လား။
သူကတော့ အစ်ကိုမို့လို့ လို့ပြောပေမယ့်
ဘာဘဲဖြစ်ဖြစ်လေ သူ့လူသားလေးကသူ့ကို
သဝန်တိုတတ်နေပြီ မဟုတ်လား။
သူ့အတွေးနဲ့သူ ပျော်ရွှင်လျက်။

ဖြိုးလေးဆီက သဝန်တိုတယ်ဆိုတဲ့စကားနဲ့တင်
ကိုယ်ရူးမလို ဖြစ်နေတာ
မင်းဆီက ချစ်တယ်ဆိုတဲ့စကားကိုများကြားရင်
ကိုယ်ဘယ်လိုနေမလဲ မသိဘူးနော်
နှလုံးခုန်များ ရပ်သွားမလားဘဲ။

မင်းကို အရမ်းချစ်တဲ့ကိုယ်ဟာ
မင်းရဲ့နှုတ်ဖျားက ထွက်သမျှစကားလုံးတိုင်းကိုလည်း
ချစ်တတ်နေမိပြီလေ...........

•••••••••••••••

ကိုခွန်းစစ်ရဲ့အရိပ်အောက်က လွတ်သွားတာ
ကျွန်တော် ပျော်ရမလား ဝမ်းနည်းရမလားပင်မသိတော့
ကျွန်‌ေတာ်တစ်ခုခုလစ်လပ်နေသလို ခံစားရတာတော့ အမှန်ဘဲဗျ

ဘာဖြစ်ဖြစ် အကောင်းဘက်ကဘဲ တွေးမယ်ဗျာ
အရာရာတိုင်းကို ကျွန်တော့်ခြေကျွန်တော့်လက်နဲ့
လုပ်လို့ရနေပြီလေ။
အခုမှဘဲ ကျွန်ဝောာ့်ဘဝကို ကျွန်တော်ပိုင်သလို
ခံစားရတော့တယ် ဟုတ်တယ် အာ့လိုဘဲ တွေးမယ်

ကျွန်တော့်ရဲ့နေ့စဉ်လူနေမှုဘဝမှာ
ကိုခွန်းစစ်မပါတဲ့အရာဆို‌တာ မရှိသလောက်ပဲ။
ကျွန်တော့်ကို ကိုခွန်းစစ်က အရမ်းချုပ်ချယ်ပြီး
အရမ်းကြိုးကိုင်နေသလိုဘဲ
ဒါပေမယ့် ကျွန်တော်ကျေနပ်တယ်
သူ့ရဲ့ချုပ်ချယ်မှုမရှိဘဲ ကျွန်တော်မနေတတ်တော့တာ အမှန်

ကျောင်းပထမဆုံးရက်မှာ စိတ်ရှုပ်စရာတွေ
မတွေးတော့ပါဘူး။
ပျော်ပျော်နေရမယ်လေ။

အတွေးစတို့ကို ဖြတ်တောက်လိုက်ချိန်
စာသင်ချိန်တောင်ရောက်နေပြီ ဖြစ်သည်။
စာသင်ချိန်ကတော့ အတန်းထဲထိုင်ပြီး
စာသင်ရုံဘဲဆိုတော့ အဆင်ပြေသည်။ အခက်အခဲမရှိ။
အားလုံးနဲ့‌ဝေးရာ နောက်ဆုံးအတန်းမှာတစ်‌ယောက်ထဲထိုင်ပြီး
သင်နေလိုက်သည်။

ခက်တာက နေ့လည်စာစားချိန်ဖြစ်သည်။
နေ့လည်စာစားချိန်ကျ အခက်တွေ့ပြီ။
သူငယ်ချင်းကလည်း မရှိ။
ဘယ်သွားစားရမှန်းလည်းမသိ။

ကို‌ခွန်းစစ်က သူ့လက်သူ့ခြေနဲ့ဘဲ အမြဲလုပ်ပေးနေတော့
ဒီက ဇွန်ဖြိုးဆိုတဲ့ကောင်က ဘာမှကိုမလုပ်တတ်တော့ဘူးလေ။

ဒုက္ခပါဘဲ နေ့လည်စာက မစားရလို့လဲမဖြစ်။
ဗိုက်ထဲက သံစုံတီးဝိုင်းမြည်နေပြီ။

ကြံရာမရတဲ့အဆုံး အတန်းထဲတွင်သာ
ထိုင်နေလိုင်သည်။
ယောကျာ်းဘဲကွာ ထမင်းလေးတစ်နပ် မစားရတာလောက်တော့ ခံနိုင်ရည်ရှိပါတယ်။

အိမ်ပြန်ရောက်မှ ကိုခွန်းစစ်ကိုပြောဦးမယ်။
ကိုခွန်းစစ်ကြောင့် ကျွန်တော်နေ့လည်စာ
ငတ်တာဆိုပြီးတော့လေ။

ကိုယ့်အတွေးနဲ့ကိုယ် စိတ်တိုကာ
ဘေးပတ်ဝန်းကျင်ကို သတိမထားမိ။

ထိုအချိန်တွင် မျက်စိရှေ့၌ပေါ်လာသော
ခြေထောက်တစ်စုံ။

ကတ္ထီပါဖိနပ်စီးထားတဲ့ ခြေထောက်တို့က
ဖွေးဥလို့ အကျောစိမ်းလေးများတောင်မြင်နိုင်သည်။

မော့ကြည့်လိုက်တော့ ကျွန်တော့်ကို
ပြုံးစစနဲ့ကြည့်နေတဲ့ ဒီလူက ဘယ်သူတုန်း။

ချောတာတော့ တော်တော်ချောသည်။
ကိုခွန်းစစ်ကို မမှီတာက တစ်ပိုင်းပေါ့ဗျာ
ကိုခွန်းစစ်က တည်ငြိမ်ရင့်ကျက်တဲ့ပုံစံမျိုးနဲ့ ချောတာဗျ
ကျွန်တော့်ရှေ့က လူကတော့ တစ်မျိုး။
ထားပါတော့ သူများအကြောင်းမတွေးချင်ပါ။

သူ့ရှေ့လာရပ်တဲ့ ကျွန်တော့်ကို
ပြူးကြောင်ကြောင်လေးနဲ့ မော့ကြည့်ပြီး
ငေးနေတဲ့ကောင်လေး...

မင်းက အရမ်းချစ်စရာကောင်းတာဘဲ

"ဟို...ဒီက...ဘာကိစ္စများရှိလို့လဲ မသိဘူးဗျ "

အူကြောင်ကြောင်လေးနဲ့မေးနေတဲ့ သူ့ပုံစံကိုကြည့်ပြီး
သူကတကယ်အူကြောင်ကြောင်လေးပါလားလို့
ကျွန်တော် တွေးလိုက်မိသည်။

"ကိုယ့်နာမည်က လင်းသူခန့်ပါ
ကိုယ့်မှာ သူငယ်ချင်းလည်း မရှိလို့
မင်းနဲ့ခင်ချင်လို့ပါ"

"ဪ ဒီလိုလား ကျွန်တော့်မှာလည်း
သူငယ်ချင်းမရှိတာနဲ့ အတော်ဘဲ
ခင်လို့ရတာပေါ့"

ပါးချိုင့်လေးတွေ ပေါ်အောင်ထိပြုံးပြနေသော
ကောင်လေး....

မင်းမှာ ချစ်စရာကောင်းတဲ့အရာတွေ
အများကြီးရှိတာဘဲလား.....

"အဲ့ဒါဆိုရင် ကိုလင်းသူခန့်က
ကျွန်တော်နဲ့သူငယ်ချင်းဖြစ်တဲ့ အထိမ်းအမှတ်အနေနဲ့
ကျွန်တော့်ကို မုန့်လိုက်ဝယ်ကျွေး
ကျွန်တော် ဗိုက်ဆာနေပြီ"

"အင်းဝယ်ကျွေးမယ်လေ
ဒါနဲ့ မင်းနာမည်က"

ကျွန်တော်သူ့နာမည်ကို သိတာပေါ့
ကျွန်တော့်ရဲ့အသွေးအသားထဲကနေကို သိတာ..

"အဲ ဟုတ်သား ကျွန်တော့်နာမည်ကို
ပြောဖို့မေ့နေတာ ကျွန်တော့်နာမည်က ဇွန်ဖြိုးပါ
ကိုလင်းသူခန့် အဆင်ပြေသလိုခေါ်ပေါ့ ကျွန်တော့်အကိုကတော့ ဖြိုးလေးလို့ ခေါ်တယ် "

" သူများခေါ်သလိုမျိုး ကိုယ်လိုက်မခေါ်ချင်ဘူး
မင်းကို ငယ်လေး လို့ဘဲ ခေါ်မယ် "

" ဗျာ "

" မ ‌ဗျာ နဲ့ ခေါ်လို့ရတယ်မလား "

ပြောပြောဆိုဆိုနဲ့ ကျွန်တော့်လက်ကိုဆွဲကာ အတန်းထဲမှ ကန်တင်းဆီသို့.....

နာမည်အခေါ်အဝေါ်လေးတစ်ခု သတ်မှတ်ချက်လေးတစ်ခုကို
ဒီလောက်တောင် အတွေးထူရလားဗျာ
ဇီဇာကြောင်တဲ့လူနဲ့ သူငယ်ချင်းဖြစ်ရပြီ ထင်တယ်
ကိုယ့်ခေါင်းကိုယ်သာ တူနဲ့ထုလိုက်ချင်မိရဲ့.....

••••••••••••

ပန်းလေးရဲ့ဘဝထဲကို ခွင့်မတောင်းဘဲ
ဝင်လာတဲ့
ပန်းလေးရဲ့ရောင်ခြည်လေးဟာ
ပန်းလေးကို
နာကျင်ခြင်းတွေဘဲပေးခဲ့ပြီး
ပြန်ထွက်သွားလေရဲ့

🌹🌹🌹🌹🌹🌹

Zawgi//

ဒီေန႔ၿဖိဳးေလးတကၠသိုသ္ ပထမဆုံးေန႔။

ၿဖိဳးေလးက စာေမးပြဲမွာဂုဏ္ထူးသုံးခုပါေတာ့
တက္ခ်င္တဲ့ နည္းပညာတကၠသိုလ္ကို
တက္ခြင့္ရတယ္။

ၿဖိဳးေလးျဖစ္ခ်င္တဲ့ အင္ဂ်င္နီယာတစ္ေယာက္
ျဖစ္ခြင့္ရတဲ့အတြက္ ကိုယ္လည္းထပ္တူ
ဝမ္းသာပါတယ္။

ဒါေပမယ့္ မင္းကို တစ္ခ်ိန္လုံးမေတြ႕နိုင္ေတာ့တဲ့အတြက္
ကိုယ္တကယ္ ဝမ္းနည္းမိတယ္။

ၿဖိဳးေလးနဲ႔ တစ္စကၠန႔္မေတြ႕ရရင္ေတာင္
တစ္ကမၻာျခားသလို ခံစားေနရၿပီမို႔....
ကိုယ္ေတာ့ တစ္ေန႔လုံးလြမ္းေနရေတာ့မယ္
ထင္ပါရဲ့။

ၿပီးေတာ့ ကိုယ္ၿဖိဳးေလးကို စိတ္မခ်နိုင္ဘူး။

ကိုယ့္ရဲ့ကေလးေလးက တကယ့္ကေလးေလးလိုဘဲ။
ဘာမွသိတာ မဟုတ္ဘူး။
လူလိမ္ေတြနဲ႔ေတြ႕ရင္ ဘယ္လိုလုပ္မလဲ။

မတည့္တာေတြ စားေနရင္ေရာ။
ကိုယ္က မင္းအတြက္ မနက္စာ
ေန႔လည္စာ ညစာ အကုန္စီစဥ္ေပးတာဆိုေတာ့
ၿဖိဳးေလးေက်ာင္းမွာ ေန႔လည္စာ စားတတ္ပါ့မလား။
သူငယ္ခ်င္းမရွိဘဲ
တစ္ေယာက္ထဲ အထီးက်န္ေနရင္ေရာ။

ဟာ...ဘယ္လိုဘဲေတြး‌ေတြး
ကိုယ္ မင္းကို စိတ္မခ်နိုင္တာေတာ့ အမွန္ဘဲ။

ကိုယ္ကသာ တစ္ေယာက္ထဲေတြးရင္း
စိတ္ပူေနတာ သူေလးကေတာ့
သီခ်င္းေလးတေအးေအးနဲ႔ ဆင္းလာတယ္။

အက်ီအျဖဴေလးနဲ႔ ပုဆိုးအျပာေရာင္ေလးကို
ဝတ္ထားတဲ့‌ေကာင္ေလးရဲ့ပုံစံေလးက
တကယ္ခ်စ္စရာ။ လူႀကီးပုံဖမ္းထားတဲ့
ကေလးေလးက်ေနတာဘဲ။

စိတ္ရွိလက္ရွိတိုင္းဆိုရင္ေလ အဲ့ဒီလူသားေလးကို
အာခံတြင္းထဲထည့္ၿပီး ငုံထားလိုက္ခ်င္သည္။

သူ႔ကိုစိုက္ၾကည့္ေနတာသိေတာ့
မ်က္ေစာင္းေလးထိုးျပလာတဲ့ ေကာင္ေလး။

မင္းေလးက ကိုယ့္ကိုေလ
အဲ့လို.....အဲ့လိုမ်ိဳးေလးေတြနဲ႔ ဖမ္းစားေနလို႔
ကိုယ့္ရဲ့အခ်စ္ေတြက ထိန္းမနိုင္ေတာ့ေအာင္
လၽွံက်လာတာ သိလား။

အဲ့ဒါ မင္းအျပစ္
ကိုယ့္ရဲ့အခ်စ္ေတြကို
ၿဖိဳးေလးရဲ့ႏွလုံးသားေလးထဲမွာ သိမ္းထားေပးေတာ့.....

"ကိုခြန္းစစ္ဘာေတြ အဲ့ေလာက္ၾကည့္ေနတာလဲ
ကၽြန္ေတာ္ေခ်ာတာ ကၽြန္ေတာ္သိပါတယ္ေနာ္
လာ သြားမယ္ ေက်ာင္းပထမဆုံးရက္မွာ
ေနာက္မက်ခ်င္ဘူး"

"ေနာက္မက်ပါဘူး ၿဖိဳးေလးရာ "

ေက်ာင္းကိုေရာက္ေတာ့ ေက်ာင္းေပါက္ဝတင္မဟုတ္ဘဲ
ေက်ာင္းထဲထိ ဝင္လာေသာ ကိုခြန္းစစ္

ေျပာလိုက္ေတာ့ စိတ္ပူလို႔ပါတဲ့
အတန္း‌ေရွ႕ထိဘဲ လိုက္မွာပါတဲ့

ဒီကိုခြန္းစစ္တစ္ေယာက္နဲ႔လည္း ခက္ပါတယ္ေလ
ကၽြန္ေတာ့္ကို သူငယ္တန္းေက်ာင္းသားမ်ား
မွတ္ေနလားမသိဘူး။

အတန္းေရွ႕ေရာက္ေတာ့လည္း အတန္းထဲထိလိုက္ဝင္ဖို႔
ေျခလွမ္းျပင္ေနေလသည္....

ေခ်ာင္းဟန႔္လိုက္ေတာ့ ဘာမွမသိသလို
သနားစရာမ်က္ႏွာေလးနဲ႔ ေနာက္ကိုဆုတ္သြားေတာ့
ရင္ထဲမေကာင္း

"ကိုခြန္းစစ္ အျပန္က်မွလာႀကိဳေတာ့ေလ
ကၽြန္ေတာ့္အခန္းေရွ႕ေရာက္ေနၿပီဘဲ
ေကာင္မေလးေတြအကုန္လုံးကလည္း
ကိုခြန္းစစ္ကိုဘဲ ဝိုင္းၾကည့္ေနၾကတာ ျမင္လား
သြားျပန္ေတာ့"

"ၿဖိဳးေလးက ကိုယ့္ကို သဝန္တိုေနတာလား"

"ကိုယ့္အစ္ကိုဘဲဟာ သဝန္တိုတာေပါ့
သြားျမန္ျမန္ျပန္ေတာ့"

အတန္းကတက္ေတာ့မွာ ကိုခြန္းစစ္က
အခုထိမျပန္ေသးတာေၾကာင့္
အျမန္ျပန္လႊတ္လိုက္တာ။

အဲ့ဒီလိုေျပာမွဘဲ ျပန္သြားေတာ့တယ္။
လူကလည္း ျပဳံးစိစိနဲ႔ကို ျပန္သြားတာ
ဘာေတြ ဒီေလာက္ေပ်ာ္ေနလဲမသိဘူးေနာ္။

ကားေပၚေရာက္ေတာ့ ခြန္းစစ္နိုင္တစ္ေယာက္
သူ႔‌ေကာင္ေလး၏စကားမ်ားကို ျပန္လည္ၾကားေယာင္ေနမိသည္။

ၿဖိဳးေလးကေလ သူ႔ကိုသဝန္တိုတယ္တဲ့လား။
သူကေတာ့ အစ္ကိုမို႔လို႔ လို႔ေျပာေပမယ့္
ဘာဘဲျဖစ္ျဖစ္ေလ သူ႔လူသားေလးကသူ႔ကို
သဝန္တိုတတ္ေနၿပီ မဟုတ္လား။
သူ႔အေတြးနဲ႔သူ ေပ်ာ္ရႊင္လ်က္။

ၿဖိဳးေလးဆီက သဝန္တိုတယ္ဆိုတဲ့စကားနဲ႔တင္
ကိုယ္႐ူးမလို ျဖစ္ေနတာ
မင္းဆီက ခ်စ္တယ္ဆိုတဲ့စကားကိုမ်ားၾကားရင္
ကိုယ္ဘယ္လိုေနမလဲ မသိဘူးေနာ္
ႏွလုံးခုန္မ်ား ရပ္သြားမလားဘဲ။

မင္းကို အရမ္းခ်စ္တဲ့ကိုယ္ဟာ
မင္းရဲ့ႏွုတ္ဖ်ားက ထြက္သမၽွစကားလုံးတိုင္းကိုလည္း
ခ်စ္တတ္ေနမိၿပီေလ...........

•••••••••••••••

ကိုခြန္းစစ္ရဲ့အရိပ္ေအာက္က လြတ္သြားတာ
ကၽြန္ေတာ္ ေပ်ာ္ရမလား ဝမ္းနည္းရမလားပင္မသိေတာ့
ကၽြန္‌ေတာ္တစ္ခုခုလစ္လပ္ေနသလို ခံစားရတာေတာ့ အမွန္ဘဲဗ်

ဘာျဖစ္ျဖစ္ အေကာင္းဘက္ကဘဲ ေတြးမယ္ဗ်ာ
အရာရာတိုင္းကို ကၽြန္ေတာ့္ေျခကၽြန္ေတာ့္လက္နဲ႔
လုပ္လို႔ရေနၿပီေလ။
အခုမွဘဲ ကၽြန္ေဝာာ့္ဘဝကို ကၽြန္ေတာ္ပိုင္သလို
ခံစားရေတာ့တယ္ ဟုတ္တယ္ အာ့လိုဘဲ ေတြးမယ္

ကၽြန္ေတာ့္ရဲ့ေန႔စဥ္လူေနမွုဘဝမွာ
ကိုခြန္းစစ္မပါတဲ့အရာဆို‌တာ မရွိသေလာက္ပဲ။
ကၽြန္ေတာ့္ကို ကိုခြန္းစစ္က အရမ္းခ်ဳပ္ခ်ယ္ၿပီး
အရမ္းႀကိဳးကိုင္ေနသလိုဘဲ
ဒါေပမယ့္ ကၽြန္ေတာ္ေက်နပ္တယ္
သူ႔ရဲ့ခ်ဳပ္ခ်ယ္မွုမရွိဘဲ ကၽြန္ေတာ္မေနတတ္ေတာ့တာ အမွန္

ေက်ာင္းပထမဆုံးရက္မွာ စိတ္ရွုပ္စရာေတြ
မေတြးေတာ့ပါဘူး။
ေပ်ာ္ေပ်ာ္ေနရမယ္ေလ။

အေတြးစတို႔ကို ျဖတ္ေတာက္လိုက္ခ်ိန္
စာသင္ခ်ိန္ေတာင္ေရာက္ေနၿပီ ျဖစ္သည္။
စာသင္ခ်ိန္ကေတာ့ အတန္းထဲထိုင္ၿပီး
စာသင္႐ုံဘဲဆိုေတာ့ အဆင္ေျပသည္။ အခက္အခဲမရွိ။
အားလုံးနဲ႔‌ေဝးရာ ေနာက္ဆုံးအတန္းမွာတစ္‌ေယာက္ထဲထိုင္ၿပီး
သင္ေနလိုက္သည္။

ခက္တာက ေန႔လည္စာစားခ်ိန္ျဖစ္သည္။
ေန႔လည္စာစားခ်ိန္က် အခက္ေတြ႕ၿပီ။
သူငယ္ခ်င္းကလည္း မရွိ။
ဘယ္သြားစားရမွန္းလည္းမသိ။

ကို‌ခြန္းစစ္က သူ႔လက္သူ႔ေျခနဲ႔ဘဲ အျမဲလုပ္ေပးေနေတာ့
ဒီက ဇြန္ၿဖိဳးဆိုတဲ့ေကာင္က ဘာမွကိုမလုပ္တတ္ေတာ့ဘူးေလ။

ဒုကၡပါဘဲ ေန႔လည္စာက မစားရလို႔လဲမျဖစ္။
ဗိုက္ထဲက သံစုံတီးဝိုင္းျမည္ေနၿပီ။

ႀကံရာမရတဲ့အဆုံး အတန္းထဲတြင္သာ
ထိုင္ေနလိုင္သည္။
ေယာက်ာ္းဘဲကြာ ထမင္းေလးတစ္နပ္ မစားရတာေလာက္ေတာ့ ခံနိုင္ရည္ရွိပါတယ္။

အိမ္ျပန္ေရာက္မွ ကိုခြန္းစစ္ကိုေျပာဦးမယ္။
ကိုခြန္းစစ္ေၾကာင့္ ကၽြန္ေတာ္ေန႔လည္စာ
ငတ္တာဆိုၿပီးေတာ့ေလ။

ကိုယ့္အေတြးနဲ႔ကိုယ္ စိတ္တိုကာ
ေဘးပတ္ဝန္းက်င္ကို သတိမထားမိ။

ထိုအခ်ိန္တြင္ မ်က္စိေရွ႕၌ေပၚလာေသာ
ေျခေထာက္တစ္စုံ။

ကတၳီပါဖိနပ္စီးထားတဲ့ ေျခေထာက္တို႔က
ေဖြးဥလို႔ အေက်ာစိမ္းေလးမ်ားေတာင္ျမင္နိုင္သည္။

ေမာ့ၾကည့္လိုက္ေတာ့ ကၽြန္ေတာ့္ကို
ျပဳံးစစနဲ႔ၾကည့္ေနတဲ့ ဒီလူက ဘယ္သူတုန္း။

ေခ်ာတာေတာ့ ေတာ္ေတာ္ေခ်ာသည္။
ကိုခြန္းစစ္ကို မမွီတာက တစ္ပိုင္းေပါ့ဗ်ာ
ကိုခြန္းစစ္က တည္ၿငိမ္ရင့္က်က္တဲ့ပုံစံမ်ိဳးနဲ႔ ေခ်ာတာဗ်
ကၽြန္ေတာ့္ေရွ႕က လူကေတာ့ တစ္မ်ိဳး။
ထားပါေတာ့ သူမ်ားအေၾကာင္းမေတြးခ်င္ပါ။

သူ႔ေရွ႕လာရပ္တဲ့ ကၽြန္ေတာ့္ကို
ျပဴးေၾကာင္ေၾကာင္ေလးနဲ႔ ေမာ့ၾကည့္ၿပီး
ေငးေနတဲ့ေကာင္ေလး...

မင္းက အရမ္းခ်စ္စရာေကာင္းတာဘဲ

"ဟို...ဒီက...ဘာကိစၥမ်ားရွိလို႔လဲ မသိဘူးဗ် "

အူေၾကာင္ေၾကာင္ေလးနဲ႔ေမးေနတဲ့ သူ႔ပုံစံကိုၾကည့္ၿပီး
သူကတကယ္အူေၾကာင္ေၾကာင္ေလးပါလားလို႔
ကၽြန္ေတာ္ ေတြးလိုက္မိသည္။

"ကိုယ့္နာမည္က လင္းသူခန႔္ပါ
ကိုယ့္မွာ သူငယ္ခ်င္းလည္း မရွိလို႔
မင္းနဲ႔ခင္ခ်င္လို႔ပါ"

"ဪ ဒီလိုလား ကၽြန္ေတာ့္မွာလည္း
သူငယ္ခ်င္းမရွိတာနဲ႔ အေတာ္ဘဲ
ခင္လို႔ရတာေပါ့"

ပါးခ်ိဳင့္ေလးေတြ ေပၚေအာင္ထိျပဳံးျပေနေသာ
ေကာင္ေလး....

မင္းမွာ ခ်စ္စရာေကာင္းတဲ့အရာေတြ
အမ်ားႀကီးရွိတာဘဲလား.....

"အဲ့ဒါဆိုရင္ ကိုလင္းသူခန္႔က
ကၽြန္ေတာ္နဲ႔သူငယ္ခ်င္းျဖစ္တဲ့ အထိမ္းအမွတ္အေနနဲ႔
ကၽြန္ေတာ့္ကို မုန႔္လိုက္ဝယ္ေကၽြး
ကၽြန္ေတာ္ ဗိုက္ဆာေနၿပီ"

"အင္းဝယ္ေကၽြးမယ္ေလ
ဒါနဲ႔ မင္းနာမည္က"

ကၽြန္ေတာ္သူ႔နာမည္ကို သိတာေပါ့
ကၽြန္ေတာ့္ရဲ့အေသြးအသားထဲကေနကို သိတာ..

"အဲ ဟုတ္သား ကၽြန္ေတာ့္နာမည္ကို
ေျပာဖို႔ေမ့ေနတာ ကၽြန္ေတာ့္နာမည္က ဇြန္ၿဖိဳးပါ
ကိုလင္းသူခန႔္ အဆင္ေျပသလိုေခၚေပါ့ ကၽြန္ေတာ့္အကိုကေတာ့ ၿဖိဳးေလးလို႔ ေခၚတယ္ "

" သူမ်ားေခၚသလိုမ်ိဳး ကိုယ္လိုက္မေခၚခ်င္ဘူး
မင္းကို ငယ္ေလး လို႔ဘဲ ေခၚမယ္ "

" ဗ်ာ "

" မ ‌ဗ်ာ နဲ႔ ေခၚလို႔ရတယ္မလား "

ေျပာေျပာဆိုဆိုနဲ႔ ကၽြန္ေတာ့္လက္ကိုဆြဲကာ အတန္းထဲမွ ကန္တင္းဆီသို႔.....

နာမည္အေခၚအေဝၚေလးတစ္ခု သတ္မွတ္ခ်က္ေလးတစ္ခုကို
ဒီေလာက္ေတာင္ အေတြးထူရလားဗ်ာ
ဇီဇာေၾကာင္တဲ့လူနဲ႔ သူငယ္ခ်င္းျဖစ္ရၿပီ ထင္တယ္
ကိုယ့္ေခါင္းကိုယ္သာ တူနဲ႔ထုလိုက္ခ်င္မိရဲ့.....

••••••••••••

ပန္းေလးရဲ့ဘဝထဲကို ခြင့္မေတာင္းဘဲ
ဝင္လာတဲ့
ပန္းေလးရဲ့ေရာင္ျခည္ေလးဟာ
ပန္းေလးကို
နာက်င္ျခင္းေတြဘဲေပးခဲ့ၿပီး
ျပန္ထြက္သြားေလရဲ့

🌹🌹🌹🌹🌹🌹

Continue Reading

You'll Also Like

2K 174 13
တကယ်တမ်းတော့ ငါဟာ ဒီလူသားတ‌စ်ယောက်အပေါ်သာ လောဘကြီးခဲ့မိရုံပါ။ ။ [Unicode] တကယ္တမ္းေတာ့ ငါဟာ ဒီလူသားတ‌စ္ေယာက္အေပၚသာ ေလာဘႀကီးခဲ့မိ႐ုံပါ။ ။ [Zawgyi]
139K 16.6K 121
Associated name : 佛系少女穿书日常 Author : 十六月西瓜 , shiliu yue xigua Status in COO : 253 chapters ...
1.3M 61.4K 29
အပျော်သဘောဖြင့် ရေးထားခြင်း ဖြစ်ပါသည်။
15M 460K 32
"We can't do this." I whisper as our lips re-connect, a tingling fire surging through my body as his hands ravage unexplored lands; my innocence di...