Mysterious Love ( Completed )

By yoon_085

621K 60.2K 3.9K

ေလာကမွာ မျမင္ႏိုင္တဲ့အရာေတြ အမ်ားႀကီး႐ွိတယ္ ကိုယ္ကမျမင္ရတာနဲ႔ပဲ မရွိဘူးလို႔ေျပာလို႔မရဘူး အက္မျမင္ရတဲ့ အရာေတြက... More

Part 1 ~ Xiao Family
Part-2 ~Wrong face🔞🚨
Part-3 ~Sad Song
Part -4~ Leader Wang
Part-5 ~Picture
Part -6 ~ Piano
Part-8 ~ Lonely
Part -9 ~ Truth
Part -10~Darkness
Part-11~Cheating
Part-12~Party Night 🔞🚨
Part-13~ Attention 🔞🚨
Part-14 ~ It's hurt
Part-15~ Mirror
Part-16~Broken Photo
Part-17 ~ Mansion
Part -18 ~ Scream
Part-19 ~Red Lady
Part-20 ~ Cctv Records
Part-21~It's call Love 💚❤
Part-22~ Nightmare
Part-23~ Dating (1)
Part-24~Dating (2)
Part - 25~ Clue (1)
Part -26~ Clue (2)
Part-27~Love Drug 🔞🚨
Part-28 ~ Dream
Part-29~Cheater
Part-30 ~ Past (1)
Part-31 ~Past (2)
Part-32 ~Sleep Walking
Part-33 ~The Church
Part -34~ Love Poem 🔞🚨
Part -35~ Come Along
Part -36 ~ Terrify
Part- 37~ Unexpected
Part -38~Who is murderer?
Part -39 ~ Tears
Part-40 ~Twin Flame 🚨🔞
Part -41~ Belief ( Final )
Extra - I 🔞🚨
Holloween Special
one shot
Announcement !!

Part -7~ Argument

11.5K 1.3K 32
By yoon_085

Mysterious Love

Unicode

ရှောင်ကျန့်ဆိုက်ထဲကပြန်လာပြီးတည်းက ရင်တွေတုန်နေတုန်းပဲ ရှောင်ကျန့်လုံခြုံရေးဦးထုပ်ကို ကားထဲမှာချွတ်ခဲ့လိုက်ပြီးအိမ်ထဲဝင်လိုက်တယ် ။

" အာ....မန်နေဂျင်းပြန်ရောက်ပြီလား ''

ဧည့်ခန်းမှာထိုင်ပြီးအလုပ်ထိုင်လုပ်နေတဲ့ လင်းချန်ကနှုတ်ဆက်လိုက်တယ် ။

" အင်း ပြန်ရောက်ပြီ ဇီယီရော ''

"ခုနကပဲအလုပ်လုပ်ပြီးလို့ အထဲဝင်နားနေတယ်နေသိပ်မကောင်းချင်လို့တဲ့ ''

"အာ...ဟုတ်လား ''

ရှောင်ကျန့်ကနေ့လည်စာလုပ်ဖို့မီးဖိုချောင်ထဲဝင်သွားပြီး နေ့လည်စာပြင်ဖို့လုပ်ပေမယ့်မီးဖိုချောင်ထဲမှာဘာမှကို မတွေ့ဘူး ။

" မန်နေဂျင်း ဘာရှာနေတာလဲ ''

"ခေါက်ဆွဲပြုတ်စားမလားလို့လေ ဒါနဲ့ဘာလို့ တစ်ခုမှမတွေ့တာလဲ ''

"အာ...အဲ့ဒါကကုန်နေတာကြာပြီ မန်နေဂျင်းကျွန်မသွား ဝယ်ပေးရမလား ''

"ရတယ် ကျွန်တော်ပဲသွားလိုက်မယ် မြို့ထဲလဲဝယ်စရာလေးရှိသေးလို့ ''

ရှောင်ကျန့်အပေါ်ကုတ်အကျီကိုချွတ်ခဲ့ပြီး ကားသော့နဲ့ပိုက်ဆံအိတ်ကိုယူကာအိမ်အပြင်ပြန် ထွက်လာခဲ့တယ် ။

" မန်နေဂျင်း ဘယ်သွားမလို့လဲ ''

" အင်း မြို့ထဲကိုပါ မင်းရောဘာမှာစရာရှိလို့လဲ ''

"ကျွန်တော်ပါလိုက်ခဲ့ပေးရမလား တစ်ယောက်တည်းဖြစ်နေမှာပဲ''

" အင်းလိုက်ခဲ့လေအဖော်ရတာပေါ့ ''

"ကျွန်တော်ကားမောင်းပေးပါ့မယ်မန်နေဂျင်း ''

"ဒါဆိုလဲကျွန်တော်သက်သာတာပေါ့ ''

ရှောင်ကျန့်ကကားသော့ကိုရှောင်ဟန်ကိုပေးလိုက်တယ် ။

" မန်နေဂျင်း နဲ့ခေါင်းဆောင်ဟန်ကဘယ်သွားတာလဲ ''

"ဟမ်နေ့လည်စာစားဖို့ ဘာမှမရှိလို့ဈေးသွားတယ် ''

"ဒါနဲ့ မန်နေဂျင်းအမကတရုတ်မှာမဟုတ်လို့ weibo မသုံးတာများလား ''

" ဘာလုပ်ဖို့လဲနင်ကမန်နေဂျင်းအမကိုဘာလို့မေးတာလဲ ''

ယွီပင်းရဲ့အမေးကို လင်းချန်ကနားမလည်လို့ ပြန်မေးလိုက်တယ် ။

" ငါမန်နေဂျင်းအမကိုကြိုက်လို့် ကြည့်ပါဦး မချောဘူးလား သူကigပဲသုံးတယ်ထင်တယ်သူ့igက privateပဲလုပ်ထားလို့ သူပြန်follow မှသူတင်ထားတာတွေကြည့်လို့ရမှာငါကသူ့ပုံလေးတွေ ကြည့်ချင်သေးလို့ ''

" တော်ရုံပဲမှန်းစမ်းပါ မတန်တရာနှိုင်းလို့ရတဲ့အခြေနေမှမဟုတ်ဘဲ အမြင့်ကိုမှန်းပြီးမှအောက်ကိုပြုတ်ကျရင် အရမ်းခံရခက်လိမ့်မယ် ''

" နင်ကလဲပြောချက်ကြီးကရက်စက်လိုက်တာငါလဲ ရမယ်မမှန်းပါဘူး ဒီအတိုင်းကြိုက်လို့ပါဟာ ''

" ယွီပင်းပြောတာလဲဟုတ်တာပဲမင်အာက အရမ်းလှလွန်းတာငြင်းလို့မှမရဘဲ ''

လင်းချန်ပြောတဲ့စကားကိုရန်ဖေးက တွေးရင်းနဲ့ဝင်ငြင်းတယ် ။

" ကော ဘယ်အချိန်တုန်းကပြန်ရောက်တာလဲ ''

"အင်း ခုနကပဲ ''

"ကော အပြင်မှာမင်အာ့ကိုမြင်ဖူးတယ်မလားလှလား''

"ဒါပေါ့ သေချာပေါက်ကိုလှတာ ယောကျ်ားတွေအရူးမူးဖြစ်သွားနိုင်လောက်တဲ့အလှမျိုးလေ ''

" ဝါး...ကျွန်တော်လဲတွေ့ချင်လိုက်တာ ဒါနဲ့မင်အာကအခုဘယ်မှာလဲ နယူးယောက်? ပဲရစ်? "

"ဒါတော့ငါလဲမသိဘူး မင်အာထွက်သွားတာ ၃နှစ်တောင်ရှိပြီလေ''

ယွီပင်းကတော့ ရန်ဖေးရဲ့အပြောကြောင့် စိတ်ဓာတ်ကျသွားတယ် သူတကယ်ပဲ မင်အာ့ကိုတွေ့ချင်နေတာ ။

ယွီပင်းစိတ်ညစ်ညစ်နဲ့ ရေခဲသေတ္တာထဲက ဘီယာတစ်ဗူးသွားယူပြီးဖောက်သောက်လိုက်တယ် ။

" ကျဲ...သက်သာသွားပြီလား ဗိုက်ဆာလို့လား ''

သူမီးဖိုချောင်ထဲကထွက်လာတော့ ထမင်းစားခန်းထဲကနေ ကျဲထွက်သွားတာတွေ့လိုက်ရတာမို့လှမ်းခေါ်ပေမယ့် လှည့်မကြည့် သူကျဲကိုစိတ်ပူလို့ အနောက်ကပြေးလိုက်သွားပေမယ့် ထမင်းစားခန်းကိုဖြတ်သွားတာအထိမြင်လိုက်ပြီး ဧည့်ခန်းနားရောက်တော့မတွေ့ရတော့ဘူး ။

" ယွီပင်းဘာဖြစ်လာတာလဲ ''

"ငါခုနကဇီယီကျဲ မီးဖိုချောင်ကနေထွက်သွားတာတွေ့လိုက်လားလို့ ''

" ယွီပင်းရာမင်းဘီယာလေးသောက်ပြီးမူးနေတာလား ဇီယီကဖြင့်အခန်းထဲကထွက်မလာသေးဘူး ''
ကျိုးချန်ကယွီပင်းကိုရူးနေပြီဆိုတဲ့အကြည့်မျိုးနဲ့ ခေါင်းခါပြီးပြောတယ် ။

" ဟင့်အင်း ငါသေချာပေါက်တွေ့လိုက်တာပါ ''
ယွီပင်းကမယုံလို့ဇီယီတို့ အခန်းတံခါးကိုဖွင့်ပြီးကြည့်လိုက်တော့ အိပ်နေတဲ့ဇီယီကိုတွေ့တာမို့သူ့စိတ်ထဲဇဝေဇဝါ သူပဲမူးပြီးအမြင်မှားတာများလား ။

__________<<<<<<<_________

ဒီနေ့က ပိတ်ရက်မို့ရိပေါ်လဲစံအိမ်ထဲက စာကြည့်ခန်းထဲမှာပဲအလုပ်ထိုင်လုပ်နေတယ် ။

" ကိုကို ဘာလုပ်နေတာလဲ''

" ဟင် အင်း အလုပ်လုပ်နေတာမပြီးပြတ်တာလေးတွေ ရှိနေသေးလို့ လိုတာတွေအလုပ်သမားတွေကို ပြောရမယ်လေအဲ့ဒါပြန်စစ်နေတာ ''

"အဲ့ဒါဆို မင်အာ ကိုကို့အတွက်စန္ဒယားတီးပြမယ် မင်အာစန္ဒယားဘယ်လောက်တော်လဲကိုကိုသိတာပဲ

Hello It's me
I was wondering if after all these year you'd like to meet
To go over everything
They say that time's supposed to heal
But I ain't done much healing

Hello can you heal me
I'm in California dreaming about who we used to be

When we were younger & free
I've forgotten how it felt before the world fell at our feet

There's such a difference between us and a million miles
Hello from the other side I much have called a thousands times
To tell you I'm sorry for everything that I've done
But when I call you never seem to be home

Hello from the outside at least I can say that I've tried
To tell you I'm sorry for breaking your heart
But it don't matter it clearly doesn't tear you apart anymore.....''

"Adele ရဲ့ Helloမလားဘာလို့ အဆွေးသီချင်းဆိုတာလဲ ''

" ဒီတိုင်း မင်အာကိုကို့ ကိုတောင်းပန်ချင်လို့ ''

"ဘာလို့လဲ....''

" When we were younger & free
I've forgotten how it felt before the world fell at our feet

ကိုယ်စီလမ်းကြောင်းပေါ်မလျှောက်ခင် ငယ်ရွယ်စဉ်လွတ်လပ်ခဲ့တာတွေ ဘယ်လိုလဲတောင်မေ့သွားပြီ

There's such a difference between us and a million miles

ကိုယ်တို့ကြားကခြားနားမှုက မိုင်ပေါင်းများစွာဝေးခဲ့ပြီ

အဲ့စာသားကမင်အာတို့နဲ့မတိုက်ဆိုင်ဘူးလား မင်အာတို့ အလုပ်တွေမဝင်ခင်ကကိုကိုလဲမင်အာကို ဂရုစိုက်ပေးခဲ့တယ်လေ အခုတော့အလုပ်မှ အလုပ်ဖြစ်နေပြီမလား ''

"ဒါက​တော့ ကိုယ်တို့အနာဂတ်အတွက် ကိုယ်ကကြိုးစားရမယ်လေ မင်အာတို့ချမ်းသာတာသိတယ် ချမ်းသာတာကိုပဲအခွင့်ကောင်းယူပြီး အရည်ချင်းမရှိတာမဖြစ်ချင်လို့ ကိုယ်ကြိုးစားနေတာ ပြီးတော့တောင်းပန်တယ်ကရောဘာအတွက်လဲ ''

" To tell you I'm sorry for everything that I've done

မှားခဲ့တာတွေအတွက်တောင်းပန်တယ်လို့ပြောချင်ပေမယ့်လည်း

But when I call you never seem to be home

ကိုယ်ဖုန်းခေါ်ဖို့လုပ်တိုင်း မင်းရှိနေတဲ့ပုံမပေါ်ဘူး

Hello from the outside at least I can say that I've tried

အိမ်အပြင်ကနေပဲ လှမ်းခေါ်လိုက်ပါတယ် အနည်းဆုံးတော့ မင်းကိုပြန်ခေါ်ဖို့ ကြိုးစားခဲ့ပါသေးတယ်လို့ပြောနိုင်တာပေါ့

To tell you I'm sorry for breaking your heart

မင်းရဲ့ အသည်းကိုခွဲမိလို့ တောင်းပန်ပါတယ်လို့ပြောချင်ပေမယ့်

But it don't matter it clearly doesn't tear you apart anymore.....''

ကိုယ်မရှင်းပြနိုင်ခဲ့ဘူး ဒါပေမယ့်လည်းမင်းကိုဒီ့ထက်ပို မျက်ရည်မကျစေရပါဘူး ''

" အင်းဒီစာသားကရောဘာအတွက်လဲ ''

" ကိုကို မင်အာ့အပေါ်ထားတဲ့အချစ်တွေကို မယုံကြည်သလိုဖြစ်ခဲ့တာရယ်တစ်ခုခုဆို ပိုက်ဆံနဲ့ဖြေရှင်းဖို့လုပ်တက်ပြီး ကိုကို့ ကိုအသည်းခွဲသလိုဖြစ်အောင်လုပ်ခဲ့တာရယ် ''

" ဟင့်အင်း အားလုံးကမင်အာကိုယ့်ကိုချစ်လို့ဖြစ်တာပဲ ဘယ်လိုလုပ်အပြစ်မြင်ရက်မှာလဲ ''

ရိပေါ်ကမင်အာ့နဖူးလေးကိုဖွဖွလေးနမ်းလိုက်တယ် ။

မင်အာကလဲရိပေါ်ရဲ့အနမ်းကို ပြုံးပြုံးလေးခံယူလို့ပေါ့...

" ကိုကို အလုပ်မပြီးသေးဘူးမလား မင်အာနေ့လည်စာလုပ်ပေးမယ် ''

"အင်း...''

မင်အာမီးဖိုချောင်ထဲဝင်ပြီး ရိပေါ်အတွက်နေ့လည်စာ ချက်ပေးဖို့ပြင်ဆင်တယ်ခြေမွှေးမီးမလောင်
လက်မွှေးမီးမလောင်နေလာတဲ့သူဌေးသမီးလေးဟာ သူ့ချစ်သူအတွက်နေ့လည်စာကို ကြိုးစားပန်းစားချက်ပေးနေလေရဲ့
မင်အာအသီးရွက်တွေလှီးနေတုန်း အနောက်ကနေရိပေါ်ကခါးကိုသိုင်းဖက်လာတယ် ။

" ဘာချက်နေတာလဲ ''

" ပါစတာ ကိုကိုကြိုက်တဲ့ဟာလေ မင်အာအင်တာနက်ကနေကြည့်ထားတယ် အဲ့ဒါချက်ကြည့်နေတာ ''

ရိပေါ်က မင်အာ့ကိုအနောက်ကနေ သိုင်းဖက်ပြီးလည်ပင်းလေးကိုနမ်းရိူက်လိုက်တော့ မင်အာကယားလို့ရိပေါ်ကိုတွန်းလိုက်တော့ ရိပေါ်ကမင်အာ့ကိုသူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင်လှည့်လိုက်တယ် သူ့ရဲ့ပါးလေးကိုလက်နဲ့ကိုင်ပြီးနမ်းမလို့ လုပ်တုန်း....

~~~~~ ကျွီ ~~~~~~

" အာ....သွေ့ပုချိ...သွေ့ပုချိ ''

ထမင်းစားပွဲကထိုင်ခုံကိုတိုက်မိတဲ့အသံကြောင့် နမ်းတော့မလို့နီးကပ်နေတဲ့ရိပေါ်တို့ နှစ်ယောက်လူကွဲသွားတယ် ။

" ခေါင်းဆောင်ဝမ် ကျွန်တော်တို့ ဒီဇိုင်းစာရွက်တွေလာပေးတာပါ ''

" အာ...ကျေးဇူး ''

"ကျွန်တော်တို့ပြန်လိုက်ပါဦးမယ် ''

ရန်ဖေးနဲ့ရှောင်ဟန်ကပြန်တော့မလို့လုပ်တော့

" မပြန်နဲ့ဦးလေမင်အာ ပါစတာလုပ်ထားတာစားသွားပါလား ''

"အာ...ရပါတယ်.. ''

" ဘာလို့လဲ မင်အာလုပ်တာစားမကောင်းမှာစိုးလို့လား ''

"အဲ့လိုမဟုတ်ပါဘူး...''

"ဒါဆိုစားသွားပါ ''

ဒီလိုနဲ့ရှောင်ဟန်နဲ့ရန်ဖေးလဲ မင်အာ့ကြောင့်နေ့လည်စာ အတူစားလိုက်ရတယ် ။

"ကိုကို ဘယ်လိုလဲစားကောင်းလား'

" အင်း..မဆိုးပါဘူး ''

"ဒီမှာ ကိုကိုကြိုက်တဲ့ခေါက်ဆွဲနဲ့ ပါစတာလုပ်ထားတာ များများစားနော် ''

မင်အာကရိပေါ်ပန်းကန်ထဲရိပေါ်ကြိုက်တာတွေ ရွေးထည့်ပေးနေတယ် ရှောင်ဟန်နဲ့ ရန်ဖေးကတော့ မင်အာနဲ့ရိပေါ်ကြည်နူးနေတာကိုထိုင်ကြည့်နေရတယ် ။

ရှောင်ဟန်ကတော့ထိုမြင်ကွင်းကိုမြင်ပြီးခရင်းကို ကျစ်ကျစ်ပါအောင်ဆုပ်ထားလိုက်မိတယ် ။

" ချုံချင်ပရောဂျက်အမြန်ပြီးဖို့ကမ်းပေ့လုပ်ကြတာပေါ့ ''

"လာ...ကမ်းပေ့ ''

'' ကမ်းပေ့ ''

လေးယောက်လုံးဝိုင်ခွက်တိုက်လိုက်ပြီး ကမ်းပေ့လုပ်လိုက်ကြတယ်။

" ဒါနဲ့ ရှောင်ဟန်တို့ဘယ်တော့ပြောင်းလာမှာလဲ ''

" အာ..အဲ့ဒါ့က ''

"ဟုတ်သားပဲပြောင်းလာခဲ့လေအလုပ်မြန်မြန်ပြီးတာပေါ့ ''

"အာ ဟုတ်ကဲ့ပါ ခေါင်းဆောင်ဝမ် ''

မင်အာကျွေးတဲ့နေ့လည်စာကိုစားပြီးအိမ်ကနေပြန်ဖို့ လုပ်တုန်း မင်အာကရှောင်ဟန်တို့ နှစ်ယောက်ကိုလာနှုတ်ဆက်တယ် ။

" ဒါဟိုနေ့ကငှါးပေးလိုက်တဲ့ လက်ကိုင်ပုဝါပါကျေးဇူးပါနော်အဲ့နေ့ကပခုံးတစ်ဖက်ငှါးပြီး ငိုခွင့်ပေးတဲ့အတွက်ရောပေါ့ ''

"အာ..ရပါတယ် ''

" မြန်မြန်ပြောင်းလာခဲ့နော် မဟုတ်ရင်ဒီစံအိမ်ကြီးမှာ ပျင်းနေရမှာ ရှင်တို့ခေါင်းဆောင်ကအလုပ် လောဘကြီးတော့ကျွန်မကိုပြစ်ထားတယ်လေ ''

" ကျွန်တော် ကျွန်တော်တို့မနက်ဖြန်ပဲပြောင်းလာခဲ့ပါ့မယ် ''

" ဒါဆိုကောင်းတာပေါ့ စောင့်နေပါ့မယ် ''

မင်အာကရှောင်ဟန့်ကိုဖက်လိုက်တာကြောင့် သူ့မှာတစ်ကိုယ်လုံးတောင့်ခဲသွားရတယ်သူ့ကိုဖက်ပြီး
လက်ပြကာထွက်သွားတဲ့မင်အာရဲ့နောက်ကျောကို ရှောင်ဟန်ငေးကြည့်နေမိတယ် ။

" ဘာလဲ မင်းကြိုက်နေတာလား ''

" အဲ့လိုဖြစ်စရာလား ''

ရှောင်ဟန်ကရန်ဖေးပြောတာကိုမကြားသယောင်ဆောင် ပြီးကားပေါ်တက်သွားတယ် ။

" မင်းကြိုက်နေပါတယ် ဘာလို့လဲ ပိုင်ရှင်ရှိလို့လား မင်းကြိုက်တာလဲမဆန်းပါဘူးလေ သူကအတော်လေးလဲလှပြီးရေလဲလျှံတာကို ''

" ကြိုက်တော့ရောငါ့လိုဘာမှမဟုတ်တဲ့သူမျိုးက ဘာတက်နိုင်မှာလဲကားသာမောင်းစမ်းပါကွာ ''

"မင်းကပြိုင်တောင်မပြိုင်ရသေးဘဲလက်မြှောက်အရူံးပေးမလို့လား ''

ရန်ဖေးရဲ့အပြောကိုဘာမှမတုန့်ပြန်တော့ဘဲ ကားခုံကိုမှီကာအိပ်ဖို့ကြိုးစားလိုက်တော့တယ် ။

_________<<<<<________

ရှောင်ကျန့်နဲ့ရှောင်ဟန်အတူဈေးထဲမှာ အိမ်အတွက်လိုတာတွေအတူဝယ်နေကြတယ် ။

" မန်နေဂျင်းဘာကြိုက်လဲကျွန်တော်ချက်ကျွေးမယ်လေ''

" ရှောင်ဟန်ကဟင်းချက်တက်တယ်လား ''

"အာ....နည်းနည်းပါ ''

"ကောင်းတာပေါ့ ဒါဆိုလဲချုံချင်မှာရှိတုန်းဆိုတော့ ချုံချင်ကြက်သားအစပ်လေးချက်ကျွေးလေ ''

" ဟုတ်ကဲ့ ကျွန်တော်ချက်ကျွေးပါ့မယ် ''

" မန်နေဂျင်းသတိထား''

ရှောင်ကျန့်အနောက်ကနေစက်ဘီးကအရှိန်နဲ့လာနေတာမို့ ရှောင်ကျန့်ကိုထိမိမှာစိုးလို့ရှောင်ဟန်ကရှောင်ကျန့်ကို လှမ်းဆွဲလိုက်တာကြောင့် ရှောင်ကျန့်ကသူ့ရင်ခွင်ထဲရောက်သွားတယ် ။

" အဆင်ပြေရဲ့လား မန်နေဂျင်း ''

ရှောင်ဟန်ကရှောင်ကျန့်ပခုံးနှစ်ဖက်ကိုကိုင်ပြီး မေးလိုက်တယ်

"အာ...အဆင်ပြေပါတယ် ''

ရှောင်ကျန့်ကိုထိခိုက်မှာစိုးလို့ ရှောင်ဟန်ကလှမ်းဆွဲလိုက်တဲ့မြင်ကွင်းကိုလမ်းတစ်ဖက်မှာကားကိုမှီပြီး ဆေးလိပ်သောက်နေတဲ့ရိပေါ်ကမြင်သွားတယ် ။

" ဝါး ဝါး မြင်ရခဲတဲ့မြင်ကွင်းပဲ ''

လက်ခုပ်တီးပြီးရှောင်ကျန့်တို့ရှိရာဘက်ကိုလျှောက်လာခဲ့တယ်

" မာနကြီးလွန်းတဲ့သခင်လေးက အရမ်းကိုဖော်ရွေလွန်းနေတယ်မထင်ဘူးလား ''

သူ့ကိုခနဲ့ပြီးပြောနေတဲ့ရိပေါ်ကြောင့်ရှောင်ဟန်ကိုင်ထားတဲ့ သူ့လက်ကိုဆွဲဖြုတ်လိုက်ပြီးရိပေါ်နားလျှောက်သွား လိုက်တယ် ။

" မင်း ဘာစကားပြောလိုက်တာလဲ ''

ရိပေါ်နေကာမျက်မှန်ကိုချွတ်လိုက်ပြီး ရှောင်ကျန့်နား နားကပ်ပြောလိုက်တယ် ။

" မင်းကယောကျ်ားတွေကြိုက်တာလား ''

" ဘာ..''

ရှောင်ကျန့်ကစိတ်တိုသွားပြီး ရိပေါ်အင်္ကျီကော်လံကိုဆွဲလိုက်ပေမယ့်ရိပေါ်ကတော့ မျက်နှာမှာအပြုံးမပျက်ဒါပေမယ့်အဲ့အပြုံးက သေချာပေါက်လှောင်ပြုံး ။

" အာ...ခေါင်းဆောင်ဝမ် မန်နေဂျင်းစိတ်အေးအေးထားပြီးဖြေရှင်းကြပါ ဒီလိုရန်ဖြစ်နေတာကောင်းတယ်မထင်ဘူး ''

" အေးလေ ဒီလိုဆက်ဆံရေးကြီးလိုချင်မှာမဟုတ်ဘူး ဟုတ်တယ်မလား မန်နေဂျင်း ရှောင်ကျန့် ''

" ..... ''

"ရောက်လက်စနဲ့ ဒီဈေးထဲက hotpot ဆိုင်ကချုံချင်မှာ အရမ်းနာမည်ကြီးတာကျွန်တော်ကတကာခံပါ့မယ် ''

ရိပေါ်ကရွဲ့သလိုလိုခနဲ့သလိုလိုပြောတော့ ရှောင်ကျန့်မှာ ရှုးရှုးရှဲရှဲဖြစ်နေရတယ်

" အာ...ခေါင်းဆောင်ဝမ်ကဝယ်ကျွေးတော့လဲ ငြင်းလို့ဘယ်ကောင်းပါ့မလဲ မန်နေဂျင်းလက်ခံလိုက်ပါ ''

ရှောင်ဟန်ကပြောတော့ရိပေါ်ရဲ့ဖိတ်ကျွေးမှုကို ရှောင်ကျန့်လဲမလွှဲသာပဲလက်ခံလိုက်ရတယ် ။

" ရှောင်ဟန် အရင်ဆိုင်ထဲဝင်နှင့်ပါလား ''

" အဆင်ပြေရဲ့လားခေါင်းဆောင်ဝမ်နဲ့...''

"စိတ်မပူပါနဲ့ ကျွန်တော်ကမန်နေဂျင်းပါ... ''

Hotpot ဆိုင်ထဲကိုဝင်ခါနီးရိပေါ်လက်ကိုဆွဲပြီး အိမ်သာဘက်ဆွဲခေါ်လာခဲ့တယ် ။

" မင်း...ဘာဖြစ်ချင်နေတာလဲ ''

" ဘာလဲ ငါတို့ရဲ့ပထမဆုံးတွေ့ဆုံမှုကို သတိရမသွားဘူးလား''

" ပါးစပ်ပိတ်ထား ပထမဆုံးတွေ့တဲ့နေ့ကမင်းက အားသာနေလို့ဖြစ်သွားတာပြီးတော့အဲ့ကိစ္စကို လဲမရှိခဲ့ဘူးလို့သဘောထားလိုက် ''

" cool ကြိုက်ပြီဒါနဲ့မင်းကတကယ်ပဲယောကျ်ားတွေကို စိတ်ဝင်စားတာလား ''

" ပါးစပ်ပိတ်ထားလို့သူရဲဘောကြောင်တဲ့ကောင်ရဲ့ မင်းလိုငါကသူရဲဘောကြောင်တဲ့ကောင်မဟုတ်ဘူး ''

" ဘာ...''
သန့်စင်ခန်းထဲလူဝင်လာတာမို့ သူတို့နှစ်ယောက်လူခွဲလိုက်ရတယ် ။

" ဒါဆိုကျွန်တော်အရင်သွားနှင့်လိုက်မယ်နော် ခေါင်းဆောင်ဝမ်''

ရှောင်ကျန့်လဲသန့်စင်ခန်းထဲကထွက်လာလိုက်တယ် ။
ရှောင်ကျန့်ထွက်သွားပြီးရိပေါ်သန့်စင်ခန်းထဲမှာ မျက်နှာသစ်ပြီးမှထွက်လာလိုက်တယ်
ရိပေါ်ထွက်လာတော့ရှောင်ကျန့်ပန်းကန်ထဲအသားတွေ ကူဆယ်ပေးနေတဲ့ ရှောင်ဟန်ကြောင့်ရိပေါ်ခပ်မဲ့မဲ့ပြုံးမိတယ် ။

" သွေ့ပုချိကျွန်တော်နည်းနည်းကြာသွားတယ် ''

" အာ ရပါတယ် ခေါင်းဆောင်ဝမ်လဲသုံးဆောင်ပါဦး ''

" ဒါနဲ့ ကျွန်တော်ကြားဖူးတာတစ်ခုရှိတယ်သိလား ဟန်ဆောင်မျက်နှာဖုံးတပ်ထားတဲ့သူအမြဲပြုံးပြနေနိုင်ပေမယ့် မျက်နှာဖုံးမတပ်တဲ့သူကျအမြဲပြုံးမနေနိုင်ဘူးလေ သူ့ခံစားချက်အတိုင်းပျော်ရင်ပြုံးမယ်
ဝမ်းနည်းရင်မျက်ရည်ကျမယ်
စိတ်တိုရင်ဒေါသထွက်ရင်ထွက်မယ်

ဒါပေမယ့်မျက်နှာဖုံးတပ်ထားတဲ့သူကျအမြဲပြုံးနေနိုင်တယ်လေဟုတ်တယ်မလားခေါင်းဆောင်ဟန်''

ရိပေါ်ရဲ့စကားကြောင့်ရှောင်ဟန်ရဲ့လက်တွေတုံ့သွားပေမယ့် ပြုံးပြလိုက်ကာရိပေါ်ရဲ့အပြောကိုထောက်ခံကြောင်း ခေါင်းငြိမ့်ပြလိုက်တယ် ။

" ဒါနဲ့ ခေါင်းဆောင်ဝမ်ဘာလို့စံအိမ်မှာလာနေဖို့ ငြင်းနေလဲ ကျွန်တော်စဉ်းစားမရဘူး အတိတ်မှာတခုခုဖြစ်ခဲ့လို့လား ''

ရှောင်ကျန့်ရဲ့အမေးကြောင့်ရိပေါ်ကပြုံးလိုက်တယ် ။
" ကောင်းပြီလေ ကျွန်တော့်ကိုအဲ့လောက်တောင်
လာနေစေချင်မှတော့လာရတော့မှာပေါ့ ဆက်ငြင်းနေရင် ဖိတ်တဲ့သူကိုအားနာစရာကြီးမလား
မနက်ဖြန်ပြောင်းစေချင်တဲ့အတိုင်းပြောင်းလာပါ့မယ် ''

ရိပေါ်ကရှောင်ကျန့်သောက်ဖို့ကိုင်ထားတဲ့ရေခွက်ကို ဆွဲယူလိုက်ပြီးသောက်လိုက်တယ် ။

" ဒါဆိုမနက်ဖြန်တွေ့ကြတာပေါ့ ''

"အချစ်လေး ''
ဆိုပြီးရှောင်ကျန့်နား အနားကိုကပ်ပြီးပြောကာ ထွက်သွားတယ်။

edaz
4:22 a.m.

_____________<<<<<<<<<__________

Mysterious Love

Zawgyi

ေရွာင္က်န႔္ဆိုက္ထဲကျပန္လာၿပီးတည္းက ရင္ေတြတုန္ေနတုန္းပဲ ေရွာင္က်န႔္လုံၿခဳံေရးဦးထုပ္ကို ကားထဲမွာခြၽတ္ခဲ့လိုက္ၿပီးအိမ္ထဲဝင္လိုက္တယ္ ။

" အာ....မန္ေနဂ်င္းျပန္ေရာက္ၿပီလား ''

ဧည့္ခန္းမွာထိုင္ၿပီးအလုပ္ထိုင္လုပ္ေနတဲ့ လင္းခ်န္ကႏႈတ္ဆက္လိုက္တယ္ ။

" အင္း ျပန္ေရာက္ၿပီ ဇီယီေရာ ''

"ခုနကပဲအလုပ္လုပ္ၿပီးလို႔ အထဲဝင္နားေနတယ္ေနသိပ္မေကာင္းခ်င္လို႔တဲ့ ''

"အာ...ဟုတ္လား ''

ေရွာင္က်န႔္ကေန႕လည္စာလုပ္ဖို႔မီးဖိုေခ်ာင္ထဲဝင္သြားၿပီး ေန႕လည္စာျပင္ဖို႔လုပ္ေပမယ့္မီးဖိုေခ်ာင္ထဲမွာဘာမွကို မေတြ႕ဘူး ။

" မန္ေနဂ်င္း ဘာရွာေနတာလဲ ''

"ေခါက္ဆြဲျပဳတ္စားမလားလို႔ေလ ဒါနဲ႕ဘာလို႔ တစ္ခုမွမေတြ႕တာလဲ ''

"အာ...အဲ့ဒါကကုန္ေနတာၾကာၿပီ မန္ေနဂ်င္းကြၽန္မသြား ဝယ္ေပးရမလား ''

"ရတယ္ ကြၽန္ေတာ္ပဲသြားလိုက္မယ္ ၿမိဳ႕ထဲလဲဝယ္စရာေလးရွိေသးလို႔ ''

ေရွာင္က်န႔္အေပၚကုတ္အက်ီကိုခြၽတ္ခဲ့ၿပီး ကားေသာ့နဲ႕ပိုက္ဆံအိတ္ကိုယူကာအိမ္အျပင္ျပန္ ထြက္လာခဲ့တယ္ ။

" မန္ေနဂ်င္း ဘယ္သြားမလို႔လဲ ''

" အင္း ၿမိဳ႕ထဲကိုပါ မင္းေရာဘာမွာစရာရွိလို႔လဲ ''

"ကြၽန္ေတာ္ပါလိုက္ခဲ့ေပးရမလား တစ္ေယာက္တည္းျဖစ္ေနမွာပဲ''

" အင္းလိုက္ခဲ့ေလအေဖာ္ရတာေပါ့ ''

"ကြၽန္ေတာ္ကားေမာင္းေပးပါ့မယ္မန္ေနဂ်င္း ''

"ဒါဆိုလဲကြၽန္ေတာ္သက္သာတာေပါ့ ''

ေရွာင္က်န႔္ကကားေသာ့ကိုေရွာင္ဟန္ကိုေပးလိုက္တယ္ ။

" မန္ေနဂ်င္း နဲ႕ေခါင္းေဆာင္ဟန္ကဘယ္သြားတာလဲ ''

"ဟမ္ေန႕လည္စာစားဖို႔ ဘာမွမရွိလို႔ေဈးသြားတယ္ ''

"ဒါနဲ႕ မန္ေနဂ်င္းအမကတ႐ုတ္မွာမဟုတ္လို႔ weibo မသုံးတာမ်ားလား ''

" ဘာလုပ္ဖို႔လဲနင္ကမန္ေနဂ်င္းအမကိုဘာလို႔ေမးတာလဲ ''

ယြီပင္းရဲ႕အေမးကို လင္းခ်န္ကနားမလည္လို႔ ျပန္ေမးလိုက္တယ္ ။

" ငါမန္ေနဂ်င္းအမကိုႀကိဳက္လို႔္ ၾကည့္ပါဦး မေခ်ာဘူးလား သူကigပဲသုံးတယ္ထင္တယ္သူ႕igက privateပဲလုပ္ထားလို႔ သူျပန္follow မွသူတင္ထားတာေတြၾကည့္လို႔ရမွာငါကသူ႕ပုံေလးေတြ ၾကည့္ခ်င္ေသးလို႔ ''

" ေတာ္႐ုံပဲမွန္းစမ္းပါ မတန္တရာႏွိုင္းလို႔ရတဲ့အေျခေနမွမဟုတ္ဘဲ အျမင့္ကိုမွန္းၿပီးမွေအာက္ကိုျပဳတ္က်ရင္ အရမ္းခံရခက္လိမ့္မယ္ ''

" နင္ကလဲေျပာခ်က္ႀကီးကရက္စက္လိုက္တာငါလဲ ရမယ္မမွန္းပါဘူး ဒီအတိုင္းႀကိဳက္လို႔ပါဟာ ''

" ယြီပင္းေျပာတာလဲဟုတ္တာပဲမင္အာက အရမ္းလွလြန္းတာျငင္းလို႔မွမရဘဲ ''

လင္းခ်န္ေျပာတဲ့စကားကိုရန္ေဖးက ေတြးရင္းနဲ႕ဝင္ျငင္းတယ္ ။

" ေကာ ဘယ္အခ်ိန္တုန္းကျပန္ေရာက္တာလဲ ''

"အင္း ခုနကပဲ ''

"ေကာ အျပင္မွာမင္အာ့ကိုျမင္ဖူးတယ္မလားလွလား''

"ဒါေပါ့ ေသခ်ာေပါက္ကိုလွတာ ေယာက်္ားေတြအ႐ူးမူးျဖစ္သြားနိုင္ေလာက္တဲ့အလွမ်ိဳးေလ ''

" ဝါး...ကြၽန္ေတာ္လဲေတြ႕ခ်င္လိုက္တာ ဒါနဲ႕မင္အာကအခုဘယ္မွာလဲ နယူးေယာက္? ပဲရစ္? "

"ဒါေတာ့ငါလဲမသိဘူး မင္အာထြက္သြားတာ ၃ႏွစ္ေတာင္ရွိၿပီေလ''

ယြီပင္းကေတာ့ ရန္ေဖးရဲ႕အေျပာေၾကာင့္ စိတ္ဓာတ္က်သြားတယ္ သူတကယ္ပဲ မင္အာ့ကိုေတြ႕ခ်င္ေနတာ ။

ယြီပင္းစိတ္ညစ္ညစ္နဲ႕ ေရခဲေသတၱာထဲက ဘီယာတစ္ဗူးသြားယူၿပီးေဖာက္ေသာက္လိုက္တယ္ ။

" က်ဲ...သက္သာသြားၿပီလား ဗိုက္ဆာလို႔လား ''

သူမီးဖိုေခ်ာင္ထဲကထြက္လာေတာ့ ထမင္းစားခန္းထဲကေန က်ဲထြက္သြားတာေတြ႕လိုက္ရတာမို႔လွမ္းေခၚေပမယ့္ လွည့္မၾကည့္ သူက်ဲကိုစိတ္ပူလို႔ အေနာက္ကေျပးလိုက္သြားေပမယ့္ ထမင္းစားခန္းကိုျဖတ္သြားတာအထိျမင္လိုက္ၿပီး ဧည့္ခန္းနားေရာက္ေတာ့မေတြ႕ရေတာ့ဘူး ။

" ယြီပင္းဘာျဖစ္လာတာလဲ ''

"ငါခုနကဇီယီက်ဲ မီးဖိုေခ်ာင္ကေနထြက္သြားတာေတြ႕လိုက္လားလို႔ ''

" ယြီပင္းရာမင္းဘီယာေလးေသာက္ၿပီးမူးေနတာလား ဇီယီကျဖင့္အခန္းထဲကထြက္မလာေသးဘူး ''
က်ိဳးခ်န္ကယြီပင္းကို႐ူးေနၿပီဆိုတဲ့အၾကည့္မ်ိဳးနဲ႕ ေခါင္းခါၿပီးေျပာတယ္ ။

" ဟင့္အင္း ငါေသခ်ာေပါက္ေတြ႕လိုက္တာပါ ''
ယြီပင္းကမယုံလို႔ဇီယီတို႔ အခန္းတံခါးကိုဖြင့္ၿပီးၾကည့္လိုက္ေတာ့ အိပ္ေနတဲ့ဇီယီကိုေတြ႕တာမို႔သူ႕စိတ္ထဲဇေဝဇဝါ သူပဲမူးၿပီးအျမင္မွားတာမ်ားလား ။

__________<<<<<<<_________

ဒီေန႕က ပိတ္ရက္မို႔ရိေပၚလဲစံအိမ္ထဲက စာၾကည့္ခန္းထဲမွာပဲအလုပ္ထိုင္လုပ္ေနတယ္ ။

" ကိုကို ဘာလုပ္ေနတာလဲ''

" ဟင္ အင္း အလုပ္လုပ္ေနတာမၿပီးျပတ္တာေလးေတြ ရွိေနေသးလို႔ လိုတာေတြအလုပ္သမားေတြကို ေျပာရမယ္ေလအဲ့ဒါျပန္စစ္ေနတာ ''

"အဲ့ဒါဆို မင္အာ ကိုကို႔အတြက္စႏၵယားတီးျပမယ္ မင္အာစႏၵယားဘယ္ေလာက္ေတာ္လဲကိုကိုသိတာပဲ

Hello It's me
I was wondering if after all these year you'd like to meet
To go over everything
They say that time's supposed to heal
But I ain't done much healing

Hello can you heal me
I'm in California dreaming about who we used to be

When we were younger & free
I've forgotten how it felt before the world fell at our feet

There's such a difference between us and a million miles
Hello from the other side I much have called a thousands times
To tell you I'm sorry for everything that I've done
But when I call you never seem to be home

Hello from the outside at least I can say that I've tried
To tell you I'm sorry for breaking your heart
But it don't matter it clearly doesn't tear you apart anymore.....''

"Adele ရဲ႕ Helloမလားဘာလို႔ အေဆြးသီခ်င္းဆိုတာလဲ ''

" ဒီတိုင္း မင္အာကိုကို႔ ကိုေတာင္းပန္ခ်င္လို႔ ''

"ဘာလို႔လဲ....''

" When we were younger & free
I've forgotten how it felt before the world fell at our feet

ကိုယ္စီလမ္းေၾကာင္းေပၚမေလွ်ာက္ခင္ ငယ္႐ြယ္စဥ္လြတ္လပ္ခဲ့တာေတြ ဘယ္လိုလဲေတာင္ေမ့သြားၿပီ

There's such a difference between us and a million miles

ကိုယ္တို႔ၾကားကျခားနားမႈက မိုင္ေပါင္းမ်ားစြာေဝးခဲ့ၿပီ

အဲ့စာသားကမင္အာတို႔နဲ႕မတိုက္ဆိုင္ဘူးလား မင္အာတို႔ အလုပ္ေတြမဝင္ခင္ကကိုကိုလဲမင္အာကို ဂ႐ုစိုက္ေပးခဲ့တယ္ေလ အခုေတာ့အလုပ္မွ အလုပ္ျဖစ္ေနၿပီမလား ''

"ဒါကေတာ့ ကိုယ္တို႔အနာဂတ္အတြက္ ကိုယ္ကႀကိဳးစားရမယ္ေလ မင္အာတို႔ခ်မ္းသာတာသိတယ္ ခ်မ္းသာတာကိုပဲအခြင့္ေကာင္းယူၿပီးအရည္ခ်င္းမရွိတာမျဖစ္ခ်င္လို႔ ကိုယ္ႀကိဳးစားေနတာ ၿပီးေတာ့ေတာင္းပန္တယ္ကေရာဘာအတြက္လဲ ''

" To tell you I'm sorry for everything that I've done

မွားခဲ့တာေတြအတြက္ေတာင္းပန္တယ္လို႔ေျပာခ်င္ေပမယ့္လည္း

But when I call you never seem to be home

ကိုယ္ဖုန္းေခၚဖို႔လုပ္တိုင္း မင္းရွိေနတဲ့ပုံမေပၚဘူး

Hello from the outside at least I can say that I've tried

အိမ္အျပင္ကေနပဲ လွမ္းေခၚလိုက္ပါတယ္ အနည္းဆုံးေတာ့ မင္းကိုျပန္ေခၚဖို႔ ႀကိဳးစားခဲ့ပါေသးတယ္လို႔ေျပာနိုင္တာေပါ့

To tell you I'm sorry for breaking your heart

မင္းရဲ႕ အသည္းကိုခြဲမိလို႔ ေတာင္းပန္ပါတယ္လို႔ေျပာခ်င္ေပမယ့္

But it don't matter it clearly doesn't tear you apart anymore.....''

ကိုယ္မရွင္းျပနိုင္ခဲ့ဘူး ဒါေပမယ့္လည္းမင္းကိုဒီ့ထက္ပို မ်က္ရည္မက်ေစရပါဘူး ''

" အင္းဒီစာသားကေရာဘာအတြက္လဲ ''

" ကိုကို မင္အာ့အေပၚထားတဲ့အခ်စ္ေတြကို မယုံၾကည္သလိုျဖစ္ခဲ့တာရယ္တစ္ခုခုဆို ပိုက္ဆံနဲ႕ေျဖရွင္းဖို႔လုပ္တက္ၿပီး ကိုကို႔ ကိုအသည္းခြဲသလိုျဖစ္ေအာင္လုပ္ခဲ့တာရယ္ ''

" ဟင့္အင္း အားလုံးကမင္အာကိုယ့္ကိုခ်စ္လို႔ျဖစ္တာပဲ ဘယ္လိုလုပ္အျပစ္ျမင္ရက္မွာလဲ ''

ရိေပၚကမင္အာ့နဖူးေလးကိုဖြဖြေလးနမ္းလိုက္တယ္ ။

မင္အာကလဲရိေပၚရဲ႕အနမ္းကို ၿပဳံးၿပဳံးေလးခံယူလို႔ေပါ့...

" ကိုကို အလုပ္မၿပီးေသးဘူးမလား မင္အာေန႕လည္စာလုပ္ေပးမယ္ ''

"အင္း...''

မင္အာမီးဖိုေခ်ာင္ထဲဝင္ၿပီး ရိေပၚအတြက္ေန႕လည္စာ ခ်က္ေပးဖို႔ျပင္ဆင္တယ္ေျခေမႊးမီးမေလာင္
လက္ေမႊးမီးမေလာင္ေနလာတဲ့သူေဌးသမီးေလးဟာ သူ႕ခ်စ္သူအတြက္ေန႕လည္စာကို ႀကိဳးစားပန္းစားခ်က္ေပးေနေလရဲ႕
မင္အာအသီး႐ြက္ေတြလွီးေနတုန္း အေနာက္ကေနရိေပၚကခါးကိုသိုင္းဖက္လာတယ္ ။

" ဘာခ်က္ေနတာလဲ ''

" ပါစတာ ကိုကိုႀကိဳက္တဲ့ဟာေလ မင္အာအင္တာနက္ကေနၾကည့္ထားတယ္ အဲ့ဒါခ်က္ၾကည့္ေနတာ ''

ရိေပၚက မင္အာ့ကိုအေနာက္ကေန သိုင္းဖက္ၿပီးလည္ပင္းေလးကိုနမ္းရိူက္လိုက္ေတာ့ မင္အာကယားလို႔ရိေပၚကိုတြန္းလိုက္ေတာ့ ရိေပၚကမင္အာ့ကိုသူနဲ႕မ်က္ႏွာခ်င္းဆိုင္ျဖစ္ေအာင္လွည့္လိုက္တယ္ သူ႕ရဲ႕ပါးေလးကိုလက္နဲ႕ကိုင္ၿပီးနမ္းမလို႔ လုပ္တုန္း....

~~~~~ ကြၽီ ~~~~~~

" အာ....ေသြ႕ပုခ်ိ...ေသြ႕ပုခ်ိ ''

ထမင္းစားပြဲကထိုင္ခုံကိုတိုက္မိတဲ့အသံေၾကာင့္ နမ္းေတာ့မလို႔နီးကပ္ေနတဲ့ရိေပၚတို႔ ႏွစ္ေယာက္လူကြဲသြားတယ္ ။

" ေခါင္းေဆာင္ဝမ္ ကြၽန္ေတာ္တို႔ ဒီဇိုင္းစာ႐ြက္ေတြလာေပးတာပါ ''

" အာ...ေက်းဇူး ''

"ကြၽန္ေတာ္တို႔ျပန္လိုက္ပါဦးမယ္ ''

ရန္ေဖးနဲ႕ေရွာင္ဟန္ကျပန္ေတာ့မလို႔လုပ္ေတာ့

" မျပန္နဲ႕ဦးေလမင္အာ ပါစတာလုပ္ထားတာစားသြားပါလား ''

"အာ...ရပါတယ္.. ''

" ဘာလို႔လဲ မင္အာလုပ္တာစားမေကာင္းမွာစိုးလို႔လား ''

"အဲ့လိုမဟုတ္ပါဘူး...''

"ဒါဆိုစားသြားပါ ''

ဒီလိုနဲ႕ေရွာင္ဟန္နဲ႕ရန္ေဖးလဲ မင္အာ့ေၾကာင့္ေန႕လည္စာ အတူစားလိုက္ရတယ္ ။

"ကိုကို ဘယ္လိုလဲစားေကာင္းလား'

" အင္း..မဆိုးပါဘူး ''

"ဒီမွာ ကိုကိုႀကိဳက္တဲ့ေခါက္ဆြဲနဲ႕ ပါစတာလုပ္ထားတာ မ်ားမ်ားစားေနာ္ ''

မင္အာကရိေပၚပန္းကန္ထဲရိေပၚႀကိဳက္တာေတြ ေ႐ြးထည့္ေပးေနတယ္ ေရွာင္ဟန္နဲ႕ ရန္ေဖးကေတာ့ မင္အာနဲ႕ရိေပၚၾကည္ႏူးေနတာကိုထိုင္ၾကည့္ေနရတယ္ ။

ေရွာင္ဟန္ကေတာ့ထိုျမင္ကြင္းကိုျမင္ၿပီးခရင္းကို က်စ္က်စ္ပါေအာင္ဆုပ္ထားလိုက္မိတယ္ ။

" ခ်ဳံခ်င္ပေရာဂ်က္အျမန္ၿပီးဖို႔ကမ္းေပ့လုပ္ၾကတာေပါ့ ''

"လာ...ကမ္းေပ့ ''

'' ကမ္းေပ့ ''

ေလးေယာက္လုံးဝိုင္ခြက္တိုက္လိုက္ၿပီး ကမ္းေပ့လုပ္လိုက္ၾကတယ္။

" ဒါနဲ႕ ေရွာင္ဟန္တို႔ဘယ္ေတာ့ေျပာင္းလာမွာလဲ ''

" အာ..အဲ့ဒါ့က ''

"ဟုတ္သားပဲေျပာင္းလာခဲ့ေလအလုပ္ျမန္ျမန္ၿပီးတာေပါ့ ''

"အာ ဟုတ္ကဲ့ပါ ေခါင္းေဆာင္ဝမ္ ''

မင္အာေကြၽးတဲ့ေန႕လည္စာကိုစားၿပီးအိမ္ကေနျပန္ဖို႔ လုပ္တုန္း မင္အာကေရွာင္ဟန္တို႔ ႏွစ္ေယာက္ကိုလာႏႈတ္ဆက္တယ္ ။

" ဒါဟိုေန႕ကငွါးေပးလိုက္တဲ့ လက္ကိုင္ပုဝါပါေက်းဇူးပါေနာ္အဲ့ေန႕ကပခုံးတစ္ဖက္ငွါးၿပီး ငိုခြင့္ေပးတဲ့အတြက္ေရာေပါ့ ''

"အာ..ရပါတယ္ ''

" ျမန္ျမန္ေျပာင္းလာခဲ့ေနာ္ မဟုတ္ရင္ဒီစံအိမ္ႀကီးမွာ ပ်င္းေနရမွာ ရွင္တို႔ေခါင္းေဆာင္ကအလုပ္ ေလာဘႀကီးေတာ့ကြၽန္မကိုျပစ္ထားတယ္ေလ ''

" ကြၽန္ေတာ္ ကြၽန္ေတာ္တို႔မနက္ျဖန္ပဲေျပာင္းလာခဲ့ပါ့မယ္ ''

" ဒါဆိုေကာင္းတာေပါ့ ေစာင့္ေနပါ့မယ္ ''

မင္အာကေရွာင္ဟန႔္ကိုဖက္လိုက္တာေၾကာင့္ သူ႕မွာတစ္ကိုယ္လုံးေတာင့္ခဲသြားရတယ္သူ႕ကိုဖက္ၿပီး
လက္ျပကာထြက္သြားတဲ့မင္အာရဲ႕ေနာက္ေက်ာကို ေရွာင္ဟန္ေငးၾကည့္ေနမိတယ္ ။

" ဘာလဲ မင္းႀကိဳက္ေနတာလား ''

" အဲ့လိုျဖစ္စရာလား ''

ေရွာင္ဟန္ကရန္ေဖးေျပာတာကိုမၾကားသေယာင္ေဆာင္ ၿပီးကားေပၚတက္သြားတယ္ ။

" မင္းႀကိဳက္ေနပါတယ္ ဘာလို႔လဲ ပိုင္ရွင္ရွိလို႔လား မင္းႀကိဳက္တာလဲမဆန္းပါဘူးေလ သူကအေတာ္ေလးလဲလွၿပီးေရလဲလွ်ံတာကို ''

" ႀကိဳက္ေတာ့ေရာငါ့လိုဘာမွမဟုတ္တဲ့သူမ်ိဳးက ဘာတက္နိုင္မွာလဲကားသာေမာင္းစမ္းပါကြာ ''

"မင္းကၿပိဳင္ေတာင္မၿပိဳင္ရေသးဘဲလက္ျမႇောက္အ႐ူံးေပးမလို႔လား ''

ရန္ေဖးရဲ႕အေျပာကိုဘာမွမတုန႔္ျပန္ေတာ့ဘဲ ကားခုံကိုမွီကာအိပ္ဖို႔ႀကိဳးစားလိုက္ေတာ့တယ္ ။

_________<<<<<________

ေရွာင္က်န႔္နဲ႕ေရွာင္ဟန္အတူေဈးထဲမွာ အိမ္အတြက္လိုတာေတြအတူဝယ္ေနၾကတယ္ ။

" မန္ေနဂ်င္းဘာႀကိဳက္လဲကြၽန္ေတာ္ခ်က္ေကြၽးမယ္ေလ''

" ေရွာင္ဟန္ကဟင္းခ်က္တက္တယ္လား ''

"အာ....နည္းနည္းပါ ''

"ေကာင္းတာေပါ့ ဒါဆိုလဲခ်ဳံခ်င္မွာရွိတုန္းဆိုေတာ့ ခ်ဳံခ်င္ၾကက္သားအစပ္ေလးခ်က္ေကြၽးေလ ''

" ဟုတ္ကဲ့ ကြၽန္ေတာ္ခ်က္ေကြၽးပါ့မယ္ ''

" မန္ေနဂ်င္းသတိထား''

ေရွာင္က်န႔္အေနာက္ကေနစက္ဘီးကအရွိန္နဲ႕လာေနတာမို႔ ေရွာင္က်န႔္ကိုထိမိမွာစိုးလို႔ေရွာင္ဟန္ကေရွာင္က်န႔္ကို လွမ္းဆြဲလိုက္တာေၾကာင့္ ေရွာင္က်န႔္ကသူ႕ရင္ခြင္ထဲေရာက္သြားတယ္ ။

" အဆင္ေျပရဲ႕လား မန္ေနဂ်င္း ''

ေရွာင္ဟန္ကေရွာင္က်န႔္ပခုံးႏွစ္ဖက္ကိုကိုင္ၿပီး ေမးလိုက္တယ္

"အာ...အဆင္ေျပပါတယ္ ''

ေရွာင္က်န႔္ကိုထိခိုက္မွာစိုးလို႔ေရွာင္ဟန္ကလွမ္းဆြဲလိုက္တဲ့ျမင္ကြင္းကိုလမ္းတစ္ဖက္မွာကားကိုမွီၿပီး ေဆးလိပ္ေသာက္ေနတဲ့ရိေပၚကျမင္သြားတယ္ ။

" ဝါး ဝါး ျမင္ရခဲတဲ့ျမင္ကြင္းပဲ ''

လက္ခုပ္တီးၿပီးေရွာင္က်န႔္တို႔ရွိရာဘက္ကိုေလွ်ာက္လာခဲ့တယ္

" မာနႀကီးလြန္းတဲ့သခင္ေလးက အရမ္းကိုေဖာ္ေ႐ြလြန္းေနတယ္မထင္ဘူးလား ''

သူ႕ကိုခနဲ႕ၿပီးေျပာေနတဲ့ရိေပၚေၾကာင့္ေရွာင္ဟန္ကိုင္ထားတဲ့ သူ႕လက္ကိုဆြဲျဖဳတ္လိုက္ၿပီးရိေပၚနားေလွ်ာက္သြား လိုက္တယ္ ။

" မင္း ဘာစကားေျပာလိုက္တာလဲ ''

ရိေပၚေနကာမ်က္မွန္ကိုခြၽတ္လိုက္ၿပီး ေရွာင္က်န႔္နား နားကပ္ေျပာလိုက္တယ္ ။

" မင္းကေယာက်္ားေတြႀကိဳက္တာလား ''

" ဘာ..''

ေရွာင္က်န႔္ကစိတ္တိုသြားၿပီး ရိေပၚအကၤ်ီေကာ္လံကိုဆြဲလိုက္ေပမယ့္ရိေပၚကေတာ့ မ်က္ႏွာမွာအၿပဳံးမပ်က္ဒါေပမယ့္အဲ့အၿပဳံးက ေသခ်ာေပါက္ေလွာင္ၿပဳံး ။

" အာ...ေခါင္းေဆာင္ဝမ္ မန္ေနဂ်င္းစိတ္ေအးေအးထားၿပီးေျဖရွင္းၾကပါ ဒီလိုရန္ျဖစ္ေနတာေကာင္းတယ္မထင္ဘူး ''

" ေအးေလ ဒီလိုဆက္ဆံေရးႀကီးလိုခ်င္မွာမဟုတ္ဘူး ဟုတ္တယ္မလား မန္ေနဂ်င္း ေရွာင္က်န႔္ ''

" ..... ''

"ေရာက္လက္စနဲ႕ ဒီေဈးထဲက hotpot ဆိုင္ကခ်ဳံခ်င္မွာ အရမ္းနာမည္ႀကီးတာကြၽန္ေတာ္ကတကာခံပါ့မယ္ ''

ရိေပၚက႐ြဲ႕သလိုလိုခနဲ႕သလိုလိုေျပာေတာ့ ေရွာင္က်န႔္မွာ ရႈးရႈးရွဲရွဲျဖစ္ေနရတယ္

" အာ...ေခါင္းေဆာင္ဝမ္ကဝယ္ေကြၽးေတာ့လဲ ျငင္းလို႔ဘယ္ေကာင္းပါ့မလဲ မန္ေနဂ်င္းလက္ခံလိုက္ပါ ''

ေရွာင္ဟန္ကေျပာေတာ့ရိေပၚရဲ႕ဖိတ္ေကြၽးမႈကို ေရွာင္က်န႔္လဲမလႊဲသာပဲလက္ခံလိုက္ရတယ္ ။

" ေရွာင္ဟန္ အရင္ဆိုင္ထဲဝင္ႏွင့္ပါလား ''

" အဆင္ေျပရဲ႕လားေခါင္းေဆာင္ဝမ္နဲ႕...''

"စိတ္မပူပါနဲ႕ ကြၽန္ေတာ္ကမန္ေနဂ်င္းပါ... ''

Hotpot ဆိုင္ထဲကိုဝင္ခါနီးရိေပၚလက္ကိုဆြဲၿပီး အိမ္သာဘက္ဆြဲေခၚလာခဲ့တယ္ ။

" မင္း...ဘာျဖစ္ခ်င္ေနတာလဲ ''

" ဘာလဲ ငါတို႔ရဲ႕ပထမဆုံးေတြ႕ဆုံမႈကို သတိရမသြားဘူးလား''

" ပါးစပ္ပိတ္ထား ပထမဆုံးေတြ႕တဲ့ေန႕ကမင္းက အားသာေနလို႔ျဖစ္သြားတာၿပီးေတာ့အဲ့ကိစၥကို လဲမရွိခဲ့ဘူးလို႔သေဘာထားလိုက္ ''

" cool ႀကိဳက္ၿပီဒါနဲ႕မင္းကတကယ္ပဲေယာက်္ားေတြကို စိတ္ဝင္စားတာလား ''

" ပါးစပ္ပိတ္ထားလို႔သူရဲေဘာေၾကာင္တဲ့ေကာင္ရဲ႕ မင္းလိုငါကသူရဲေဘာေၾကာင္တဲ့ေကာင္မဟုတ္ဘူး ''

" ဘာ...''
သန႔္စင္ခန္းထဲလူဝင္လာတာမို႔ သူတို႔ႏွစ္ေယာက္လူခြဲလိုက္ရတယ္ ။

" ဒါဆိုကြၽန္ေတာ္အရင္သြားႏွင့္လိုက္မယ္ေနာ္ ေခါင္းေဆာင္ဝမ္''

ေရွာင္က်န႔္လဲသန႔္စင္ခန္းထဲကထြက္လာလိုက္တယ္ ။
ေရွာင္က်န႔္ထြက္သြားၿပီးရိေပၚသန႔္စင္ခန္းထဲမွာ မ်က္ႏွာသစ္ၿပီးမွထြက္လာလိုက္တယ္
ရိေပၚထြက္လာေတာ့ေရွာင္က်န႔္ပန္းကန္ထဲအသားေတြ ကူဆယ္ေပးေနတဲ့ ေရွာင္ဟန္ေၾကာင့္ရိေပၚခပ္မဲ့မဲ့ၿပဳံးမိတယ္ ။

" ေသြ႕ပုခ်ိကြၽန္ေတာ္နည္းနည္းၾကာသြားတယ္ ''

" အာ ရပါတယ္ ေခါင္းေဆာင္ဝမ္လဲသုံးေဆာင္ပါဦး ''

" ဒါနဲ႕ ကြၽန္ေတာ္ၾကားဖူးတာတစ္ခုရွိတယ္သိလား ဟန္ေဆာင္မ်က္ႏွာဖုံးတပ္ထားတဲ့သူအၿမဲၿပဳံးျပေနနိုင္ေပမယ့္ မ်က္ႏွာဖုံးမတပ္တဲ့သူက်အၿမဲၿပဳံးမေနနိုင္ဘူးေလ သူ႕ခံစားခ်က္အတိုင္းေပ်ာ္ရင္ၿပဳံးမယ္
ဝမ္းနည္းရင္မ်က္ရည္က်မယ္
စိတ္တိုရင္ေဒါသထြက္ရင္ထြက္မယ္

ဒါေပမယ့္မ်က္ႏွာဖုံးတပ္ထားတဲ့သူက်အၿမဲၿပဳံးေနနိုင္တယ္ေလဟုတ္တယ္မလားေခါင္းေဆာင္ဟန္''

ရိေပၚရဲ႕စကားေၾကာင့္ေရွာင္ဟန္ရဲ႕လက္ေတြတုံ႕သြားေပမယ့္ ၿပဳံးျပလိုက္ကာရိေပၚရဲ႕အေျပာကိုေထာက္ခံေၾကာင္း ေခါင္းၿငိမ့္ျပလိုက္တယ္ ။

" ဒါနဲ႕ ေခါင္းေဆာင္ဝမ္ဘာလို႔စံအိမ္မွာလာေနဖို႔ ျငင္းေနလဲ ကြၽန္ေတာ္စဥ္းစားမရဘူး အတိတ္မွာတခုခုျဖစ္ခဲ့လို႔လား ''

ေရွာင္က်န႔္ရဲ႕အေမးေၾကာင့္ရိေပၚကၿပဳံးလိုက္တယ္ ။
" ေကာင္းၿပီေလ ကြၽန္ေတာ့္ကိုအဲ့ေလာက္ေတာင္
လာေနေစခ်င္မွေတာ့လာရေတာ့မွာေပါ့ ဆက္ျငင္းေနရင္ ဖိတ္တဲ့သူကိုအားနာစရာႀကီးမလား
မနက္ျဖန္ေျပာင္းေစခ်င္တဲ့အတိုင္းေျပာင္းလာပါ့မယ္ ''

ရိေပၚကေရွာင္က်န႔္ေသာက္ဖို႔ကိုင္ထားတဲ့ေရခြက္ကို ဆြဲယူလိုက္ၿပီးေသာက္လိုက္တယ္ ။

" ဒါဆိုမနက္ျဖန္ေတြ႕ၾကတာေပါ့ ''

"အခ်စ္ေလး ''
ဆိုၿပီးေရွာင္က်န႔္နား အနားကိုကပ္ၿပီးေျပာကာ ထြက္သြားတယ္။

edaz
4:22 a.m.

____________<<<<<<<___________

Continue Reading

You'll Also Like

9K 516 85
host လင်ရဖို့ ငါ system ဖူဂျိုရှီလေးတာဝန်ထား
1.4K 122 7
Gyujin...... ( U+Z )
112K 8.3K 22
အမုန္​း​ေတြနဲ႔နာက​်ည္​းခ်က္​​ေတြဟာ ငါ့ကို တျခားလူတစ္​​ေယာက္​အျဖစ္​​ေျပာင္​း​ေစခဲ့တာ..ငါဘယ္​​ေတာ့မွ မင္​းကို ထပ္​မ႐ႈံး ​ေစရဘူး လန္​႔က်န္​႔ ..မင္​းကို...
89.8K 7.3K 22
#ကျွန်တော် သူ့ကိုအရမ်းချစ်တာမို့ သူနဲ့တွေ့ဆုံခဲ့တဲ့ ဆောင်းကိုလည်း ကျွန်တော်ချစ်တယ် # #Yizhan fanfiction #Feedback votingပေးတဲ့တစ်ဦးချင်းစီကိုအရမ်းကျေ...