Unicode//
ပြင်ဆင်စရာရှိတာတွေ ပြင်ဆင်ပြီးလို့ပြန်လာချိန်
မြင်လိုက်ရတဲ့မြင်ကွင်းက......
ပါးချိုင့်လေးတွေပေါ်အောင်ထိရီနေသော ကောင်လေး
သူနဲ့စကားပြောတဲ့ထိကို မှိုင်နေတဲ့ေကာင်လေးက
အခုတော့....အခုတော့ ရီနေတယ်
ဖြိုးလေးဘေးနားကလူက ဘယ်သူလည်း
သူက ဖြိုးလေးကိုဘာကြောင့်ရီအောင် လုပ်နိုင်ရတာလဲ
ရီနေတဲ့ကောင်လေးရဲ့မျက်ဝန်းထဲက
မျက်ရည်တွေကိုတော့ သူမမြင်ခဲ့....
သူမြင်ခဲ့သည်က သူမဟုတ်တဲ့အခြားသူတစ်ယောက်ရှေ့တွင်
ရီနေသော ကောင်လေး၏ပုံရိပ်....
အစက ဖြိုးလေးဆီကိုသွားဖို့ပြင်ထားတဲ့ခြေထောက်တွေက
အခုတော့ အခြားနေရာသို့....
နံပါတ်တစ်ခုကို ဖုန်းဆက်လိုက်သည်။
"ငါဓာတ်ပုံပို့လိုက်တဲ့သူကို ရှင်းလိုက်"
ဖုန်းဆက်ပြီးလို့ ပြန်လှည့်ရန်ပြင်တော့
နောက်ကနေရောက်လာသော ကောင်လေးကြောင့်
ခြေလှမ်းတွေကို ရပ်တန့်ထားမိသည်။
"ကိုခွန်းစစ် သွားကြရအောင်လေ
နောက်ကျနေပြီ"
စိတ်ညစ်နေတဲ့ဖြိုးလေးကို ထပ်ပြီးတော့
စိတ်မညစ်စေချင်ပါ ဒါပေမယ့် သိချင်စိတ်ကိုလည်း
ထိန်းချုပ်လို့မရ..
"အင်း သွားမယ်လေ နေဦး
ကိုယ်ဖြိုးလေးကိုမေးစရာရှိတယ်"
စိတ်ဝင်တစားပုံစံနဲ့မေးနေသော ကိုခွန်းစစ်
ဘာများမေးမလို့ပါလိမ့် အရေးကြီးကိစ္စတစ်ခုခုများလား
"ဟိုလေ ခုနက ဖြိုးလေးဘေးကစကားပြောနေတာ
ဘယ်သူလဲ ဖြိုးလေးနဲ့ဘယ်လိုပတ်သတ်တာလဲ"
"ဪ ကိုေနသူရိန်လား
သူက ကျွန်တော်ဆယ်တန်းတုန်းက ကျွန်တော့်ကို
guideလုပ်ပေးခဲ့တာ အခုအဖေဆုံးလို့ လာတာ"
guideလုပ်ပေးတာဆိုတော့ ဖြိုးလေးရဲ့ဆရာပေါ့
ကိုယ့်ရဲ့နှလုံးသားက သူ့ပိုင်ရှင်ကိုလုယူမယ့်သူထင်ပြီး
ငိုနေခဲ့တာ ကိုယ့်ရင်တစ်ခုလုံးဗလောင်ဆူနေပြီ
ဖြိုးလေးရယ် ကိုယ့်ကိုလွှမ်းမိုးရက်လိုက်တာ
ကိုယ်ကြာရင် ရူးရတော့မယ်ထင်တယ်....
ကိုသူရိန်လင်းက ဆရာလို့ပြောလိုက်တော့
ဘာစကားမှပြန်မပြောဘဲ ပြုံးပြုံးကြီးနဲ့ကိုယ့်ကို
ရပ်ကြည့်နေသော ကိုခွန်းစစ်ကြောင့်
လူတောင် ကြောင်သွားသလိုလို
အမြန်ရီပြပြီး စကားလမ်းကြောင်းလွှဲလိုက်ရတော့သည်။
"ကိုခွန်းစစ်ရယ် အရေးကြီးကိစ္စများလားလို့
လာ သွားမယ် နောက်ကျနေပြီ"
အရေးမကြီးဘူးတဲ့လား ဖြိုးလေးရယ်
ကိုယ့်အတွက်တော့ မင်းနဲ့ပတ်သတ်တဲ့အရာအားလုံးက
အရေးကြီးဆုံးပါဘဲကွာ......
"ဖြိုးလေးသွားနှင့် ကိုယ်ဖုန်းဆက်စရာရှိသေးလို့
ပြီးရင် ချက်ချင်းလိုက်လာခဲ့မယ်နော်"
ဖြိုးလေးရဲ့ဆရာဆိုတော့ ရှင်းပစ်လိုက်လို့
မဖြစ်ဘူးလေ တော်ကြာဖြိုးလေးငရဲကြီးနေမှဖြင့်
ဖြိုးလေးထွက်သွားသည်နှင့်
ဖုန်းထုတ်၍ ခုနကနံပါတ်သို့ထပ်ဆက်လိုက်သည်။
"မင်းတို့ ငါပြောတဲ့ကိစ္စလုပ်စရာမလိုတော့ဘူး
ဒါပေမယ့် ဖြိုးလေးနားနောက်ထပ်မလာနိုင်အောင်တော့
ပညာပေးလိုက်"
ဖြိုးလေးရဲ့ဘေးမှာ ကိုယ်ကလွဲပြီး
အခြားသူရှိမနေစေချင်ဘူး
ကိုယ်အတ္တကြီးသလို ဖြစ်သွားခဲ့ရင်
ကိုယ့်ကိုနားလည်ပေးနိုင်မလားဟင်........
•••••••••••••••
အဖေဆုံးပြီးတော့ အိမ်မှာနေရတာ
အရမ်းအထီးကျန်တယ်။
အစကလည်း တစ်ယောက်ထဲနေခဲ့တာပေမယ့်
အဖေမရှိတော့ဘူးဆိုတဲ့စိတ်က ကျွန်တော့်ကို
လွှမ်းမိုးနေတယ်။
အဖေတစ်ခုသားတစ်ခုဘဝမှာ
အဖေ့ကိုဆုံးရှုုံးလိုက်ရတဲ့ခံစားချက်....
အဲ့ဒီခံစားချက်ကို
ဆုံးရှုံးဖူးသူများသာ သိနိုင်ပေလိမ့်မည်။
ကျွန်တော့်အတွက်တစ်ခုတည်းသော အလင်းရောင်လေး
ပျောက်ဆုံးသွားသလိုလို....
ကျွန်တော့်ရဲ့အနာဂတ်ခရီးလမ်းဟာလည်း
မှောင်မိုက်သွားသယောင်ယောင်.....
အဖေ့ရဲ့အငွေ့အသက်တွေရှိနေတဲ့အိမ်မှာ
ကျွန်တော်မနေချင်တော့ပါ။
အဖေ့ကိုလွမ်းတဲ့စိတ်နဲ့ဘဲ နေလို့မရဘူးလေ။
အဖေဖြစ်စေချင်တဲ့သားတစ်ယောက်ဖြစ်အောင်လည်း
ကြိုးစားရဦးမယ်။
ကိုခွန်းစစ်ကလည်း ခဏ ခဏ ခေါ်နေတာကြောင့်
ကိုခွန်းစစ်အိမ်မှာ သွားနေဖြစ်သည်။
ကိုခွန်းစစ်အိမ်ကိုစရောက်တဲ့နေ့ကတည်းက
ကိုခွန်းစစ်က ကျွန်တော့်ကို ပိုမိုချုပ်ချယ်လာတယ်။
ကျွန်တော်ဝတ်တဲ့အဝတ်အစားကအစ
သူကိုယ်တိုင် ရွေးပေးတယ်။
ကျွန်တော်စားမယ့်အစားအစာတွေကိုလည်း
သူကိုယ်တိုင် စာရင်းလုပ်ပြီး
ဟင်းချက်တဲ့အန်တီကြီးကို ချက်ခိုင်းသည်။
ဒါတောင်မှ သူကိုယ်တိုင်ချက်ကျွေးချင်တာ
မချက်တတ်လို့ဆိုပြီး ခဏ ခဏ ညည်းညူတတ်သေးတယ်။
ဟင်းချက်သင်တန်းတတ်မယ်ဆိုလို့
ကျွန်တော်မနည်းတားထားရတာ။
အိမ်ထဲကနေအိမ်ပြင်ဆိုရင် လုံးဝကိုပေးမထွက်ဘူး။
မျက်စိအောက်ကကို အပျောက်မခံတာ။
တစ်ခါတစ်ခါ ကျွန်တော့်ကိုကျွန်တော်
အလှကြည့်ဖို့ထားထားတဲ့ ပန်းလေးတစ်ပွင့်လို
ခံစားလာရတဲ့ထိဘဲ။
ကိုခွန်းစစ်က ကျွန်တော့်ကိုဂရုစိုက်လွန်နေတာ။
အဖေမရှိတော့ပေမယ့်လည်း ကိုခွန်းစစ်က
အရမ်းဂရုစိုက်တော့ ကျွန်တော်သိပ်ဝမ်းမနည်းရတော့တာတော့ အမှန်ဘဲ။
ကျွန်တော် မှတ်မိသေးသည်။
ကျွန်တော်ဆယ်တန်းအောင်စာရင်းထွက်တုန်းက
ကျွန်တော့်ထက်ပိုပြီး စိတ်လှုပ်ရှားနေတဲ့
ကိုခွန်းစစ်ရဲ့ပုံစံကို....
အောင်စာရင်းထွက်မဲ့နေ့ မနက်နှစ်နာရီလောက်ကြီး
ကျွန်တော့်အခန်းထဲကို ရောက်လာတဲ့ ကိုခွန်းစစ်
"ဖြိုးလေးစိတ်လှုပ်ရှားပြီး အိပ်မပျော်မှာစိုးလို့
ကိုယ်လာစောင့်ပေးတာ ဖြိုးလေးအိပ်ပြီလား"
ကျွန်တော်အိပ်ပျော်တာကြာပါပြီ။
ကိုခွန်းစစ်အသံကြားတော့မှ လန့်နိုးသွားတာ
ညသန်းခေါင်ကို ကျွန်တော့်အိမ်ထိရောက်ချလာတယ်
ကိုခွန်းစစ်ကတော့ တကယ်စံပါဘဲဗျာ
ကိုခွန်းစစ်က အခုထိမအိပ်သေးဘူးပေါ့။
ကာယကံရှင်ကျွန်တော်ကတောင် အိပ်ပျော်နေတာ
ကိုခွန်းစစ်ကမအိပ်သေးဘူးဆိုတော့
ကျွန်တော်ကိုခွန်းစစ်ကို အားလည်းအားနာသလို
သနားလည်းသနားမိသည်။
ခုတင်ပေါ်လာထိုင်ပြီး ကျွန်တော့်လက်တွေကို
ဆုပ်ကိုင်လာတဲ့ ကိုခွန်းစစ်.....
"ဖြိုးလေး စိတ်ပူမနေနဲ့နော်
ဖြိုးလေးက စာမေးပွဲအောင်မှာသိလား
ဂုဏ်ထူးတောင် ပါချင်ပါအုံးမှာ
စိတ်လှုပ်ရှားမနေနဲ့ အိပ်ပျော်အောင်အိပ်နော်"
စိတ်လှုပ်ရှားမနေနဲ့လို့ပြောတဲ့သူက
ကျွန်တော့်ထက်ပိုပြီး စိတ်လှုပ်ရှားနေသလိုဘဲ
ကျွန်တော့်လက်ကိုဆုပ်ကိုင်ထားတဲ့
လက်တစ်စုံမှာ တုန်ရင်လျက်...
မျက်နှာမှာလည်း ချွေးစီးတွေပျံလို့....
ကျွန်တော်စာမေးပွဲအောင်မှာကျွန်တော်သိပါတယ်။
အဲ့ဒါကြောင့် ကျွန်တော်စိတ်လည်းမလှုပ်ရှားဘူး
စိတ်လည်းမပူဘူး။
ဒါပေမယ့် ကိုခွန်းစစ်ကိုအားနာလို့
အဲ့ဒါတွေမပြောလိုက်ပါဘူး။
"ကျွန်တော်အိပ်ပျော်ပါတယ်
ကိုခွန်းစစ်လည်း အိမ်ပြန်ပြီးအိပ်တော့လေ"
"မအိပ်တော့ဘူး ဖြိုးလေးရဲ့
နှစ်နာရီတောင်ထိုးနေပြီ အောင်စာရင်းထွက်တော့မယ်လေ
ကိုယ်သွားကြည့်လိုက်အုံးမယ်"
"ကိုခွန်းစစ်ရယ် အခုမှနှစ်နာရီထိုးတာ
အစောကြီးရှိသေးတယ်လေ"
"မစောတော့ပါဘူး ဖြိုးလေးရယ်
ကိုယ်က ဖြိုးလေးစာမေးပွဲအောင်တယ်ဆိုတာကို
သူများတွေထက်အရင်ဆုံး ဖြိုးလေးကို
သိစေချင်တာ"
"အဲ့ဒါဆိုလည်း ကိုခွန်းစစ်ရယ်
ကိုခွန်းစစ်တပည့်တွေကို သွားကြည့်ခိုင်းလိုက်ပေါ့"
"ဖြိုးလေး ကိုယ်ကလေ
မင်းနဲ့ပတ်သတ်တဲ့အရာမှန်သမျှကို
ကိုယ် ကိုယ်တိုင်ဘဲလုပ်ချင်တာ
ဘယ်သူ့ကိုမှ စိတ်မချဘူး"
ထိုသို့သာပြောပြီး ထွက်သွားသော
ကိုခွန်းစစ်ရဲ့ကျောပြင်ကို ကျွန်တောငေးကြည့်ရင်းကျန်ေနခဲ့သည်။
ကိုခွန်းစစ်နဲ့ပိုပြီး နီးနီးကပ်ကပ်နေလေ
ကိုခွန်းစစ်ရဲ့အတွင်းစိတ်ထဲမှာ ကျွန်တော်မမြင်နိုင်တာတွေ
အများကြီးရှိတယ်ဆိုတာကို သိလာလေလေဘဲ
ကိုခွန်းစစ်က ကျွန်တော်နဲ့ပတ်သတ်လာရင်
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့လည်း
စိတ်ဆိုးတတ်သလို
ဘာမဟုတ်တဲ့ကိစ္စလေးနဲ့လည်း
ပျော်ရွှင်နေတတ်တယ်။
ကျွန်တော်နဲ့ပတ်သတ်လာရင် ကိုခွန်းစစ်က
အမြဲတမ်းထူးဆန်းတဲ့ လူသားတစ်ယောက်
ဖြစ်သွားသလိုဘဲ။
အဲ့ဒီထူးဆန်းတာတွေကို သတိမထားမိခဲ့တဲ့
ကျွန်တော်က ပြသာနာတွေကို
အစပျိုးခဲ့မိမှန်းသာသိရင်
ကျွန်တော်အဲ့ဒီအရာတွေကို အစကတည်းက
သတိထားခဲ့မိမယ် ထင်တယ်..........
••••••••••••••
လေပြေလေးရဲ့ရင်ထဲကို ဝင်မကြည့်ခဲ့တဲ့
ပန်းလေးက
လေပြေလေးရဲ့နာကျင်ခြင်းတွေကို
ဘယ်မြင်နိုင်ပါ့မလဲ.......
🌹🌹🌹🌹🌹🌹🌹
.
.
.
.
.
.
.
.
.
.
.
.
Zawgi//
သူနဲ့စကားပြောတဲ့ထိကို မှိုင်နေတဲ့ကောင်လေးက
နောက်ကျနေပြီ"
ထိန်းချုပ်လို့မရ..
"အင်း သွားမယ်လေ နေဦး
"ဪ ကိုသူရိန်လင်းလား
အရေးကြီးဆုံးပါဘဲကွာ......
ပညာပေးလိုက်"
ဖြုနးလေးရဲ့ဘေးမှာ ကိုယ်ကလွဲပြီး
•••••••••••••••
အရမ်းအထီးကျန်တယ်။
လွှမ်းမိုးနေတယ်။
အဖေ့ကိုဆုံးရှုံးလိုက်ရတဲ့ခံစားချက်....
အဲ့ဒီခံစားချက်ကို
ကြိုးစားရဦးမယ်။
ခံစားလာရတဲ့ထိဘဲ။
သနားလည်းသနားမိသည်။
စိတ်လည်းမပူဘူး။
အစောကြီးရှိသေးတယ်လေ"
သိစေချင်တာ"
"ဖြိုးလေး ကိုယ်ကလေ
ကိုခွန်းစစ်ရဲ့ကျောပြင်ကို ကျွန်တောငေးကြည့်ရင်းကျန်နေခဲ့သည်။
စိတ်ဆိုးတတ်သလို
ပျော်ရွှင်နေတတ်တယ်။
ဖြစ်သွားသလိုဘဲ။
••••••••••••••
ပန်းလေးက
ဘယ်မြင်နိုင်ပါ့မလဲ.......
🌹🌹🌹🌹🌹🌹