"ဒီဒီ အလည်လာဝာာလား"
"ဟုတ်တယ် အမ အန်တီဒေစီနဲ့ တွေ့ချင်လို့ပါ"
"ဪ အေးအေး အမသွားခေါ်ပေးမယ်နော် ခဏစောင့်"
ခွဲခြားနှင့် နွမ်းခါးတို့၏ အခြေအနေကို သိပြီးနောက် ဒီဒီက အန်တီဒေစီဆီကို အရင်သွားရမည်ကို သိနေသည်။ အန်တီက ဂုဏ်သိက္ခာနှင့်ပတ်သတ်လျှင် အလွန် အရှက်အကြောက်ကြီးသူမို့ နွမ်းခါးတို့ကို ခွဲပစ်လိမ့်မည်ဟု ဒီဒီ ယုံကြည်သည်။
"သမီး ဘာအရေးကြီးကိစ္စရှိလို့လဲ ရုတ်တရက်လာတွေ့တယ်ဆိုတော့ အန်တီ လန့်သွားတာ"
"ဟုတ် အန်တီ သိပ်တော့လည်း အရေးမကြီးပေမယ့် ပြောစရာလေးရှိလို့ပါ"
အန်တီဒေစီကတော့ ပြုံးပြုံးလေးဖြင့် ဒီဒီကို စကားလက်ခံပြောပေးနေသည်။
"အန်တီ ဒီနေ့ အိမ်ကိုလာလည်တဲ့ ခွဲခြားဆိုတဲ့တစ်ယောက်နဲ့ ဆုံလိုက်လား"
"အင်း ဆုံလိုက်တယ် သမီး စကားတောင် သေချာမပြောခဲ့ရဘူး အန်တီလည်းမအားတာနဲ့ ဘာဖြစ်လို့လဲဟင်"
ဒီဒီ စိတ်ကို လျှော့ချလိုက်ပြီး စကားလုံးတွေကို စိတ်တွင် စီနေလိုက်သည်။
"အန်တီမှတ်မိသေးလား လွန်ခဲ့တဲ့ ငါးနှစ်လောက်က နွမ်းခါး ကျောင်းထွက်ပြီး အမေရိကားကို ကြောက်ကြောက်လန့်လန့်နဲ့ ထွက်သွားခဲ့တာကိုလေ"
"အင်း မှတ်မိတယ်လေ"
"အဲ့ဒါ ဘာလို့လဲဆိုတာ နွမ်းခါး အန်တီ့ကို ပြောပြလား"
"အေး သမီးရယ် အန်တီမေးပေမယ့် မပြောပါဘူးကွယ် သမီးသိရင် အန်တီ့ကို ပြောပြပါဦး ဘာတွေ ဖြစ်ခဲ့လဲဆိုတာ"
ဒီဒီ့အကွက်ထဲ ၀င်လာတာနဲ့ အကြောင်းစုံကို ရှင်းပြလိုက်သည်။ အန်တီဒေစီ၏ မျက်နှာပျက်ယွင်းသွားပုံနှင့် ဒေါသကြောင့် တုန်ရီနေသော နှုတ်ခမ်းတို့က ဒီဒီ့အတွက် အားပဲ။
"အန်တီ့သားက အဲ့လိုမကောင်းတဲ့ကိစ္စတွေ လုပ်ခဲ့တာလား ယောကျာ်းလေးတစ်ယောက်အတွက်လေ"
"ဟုတ် ဟုတ်ပါတယ် အန်တီ သမီးပြောပြတယ် ဆိုတာကလေ နွမ်းခါးကို ချောက်တွန်းချင်လို့ မဟုတ်ပါဘူး ဟို သမီးက မဖြစ်သင့်တာကို တားရအောင်လို့ပါ"
"အေးအေး သမီး အန်တီနားလည်ပါတယ် အန်တီလည်း အရှက်နဲ့လူလုပ်နေတာပါ အကယ်၍များ သမီးပြောသလို သူတို့နှစ်ယောက်တွဲနေကြပြီဆို အန်တီ့မျက်နှာ ဘယ်မှာထားရမှန်းတောင် သိမှာ မဟုတ်ဘူး"
ဒီဒီ စိတ်မကောင်းဟန်ပြ၍ အန်တီ့ လက်မောင်းလေးကို ပွတ်ပေးလိုက်သည်။ ဒီဒီက လိုချင်တာကို မရရင် အဲ့ဒီအရာကို ဖျက်စီးပစ်ဖို့လည်း ၀န်မလေးဘူး။
တစ်ဘက်တွင်တော့ လုံးလုံးလေးကို ချီထားရင်းနှင့် မနက်က အချစ်စကားအပြောခံခဲ့ရတာကို တွေးရင်း မျက်နှာပူနေသည့် ကောင်လေးရှိသည်။
အကိုက ချစ်တယ်လို့ပြောတယ်။ အဖြေလည်းတောင်းသွားတယ်။ ချစ်သူတွေ ဖြစ်ပြီလို့လည်းပြောတယ်။ ဒါတွေအကုန်လုံးက ရုတ်တရက် ဆန်မနေဘူးလား။ အကိုက တကယ်ချစ်တာရော ဟုတ်ပါ့မလား။ ဒါပေမယ့် အကိုက မလိမ်တတ်ဘူးလေ။ ဒါဆို ငါက တကယ်ကြီး အကို့ရဲ့ ချစ်သူ ဖြစ်သွားတာလား။
ရှက်လည်းရှက်၍ ပျော်လည်းပျော်သည်။ မျက်နှာကြီး ပြုံးဖြီးနေမိမှာ သေချာသည်။ ထိုအချိန်ဖုန်း ၀င်လာသည်။ contact nameကို ကြည့်တော့ အကိုတဲ့။
"ဟယ်လို"
"ဟယ်လို ကိုယ့်အချစ် စားပြီးပြီလား"
"ဗျာ"
ကိုယ့်အချစ်တဲ့ အကို ဘယ်လိုတွေတောင် ခေါ်လိုက်တာလဲ။ တစ်လုံးတစ်ခဲကြီး။ အဲ့လို နာမည်ဆန်းဆန်းကြီးတွေ မခေါ်လို့မရဘူးလား။ မသွဲ့နဲ့ရည်းစားဖြစ်တုန်းကလည်း ခေါ်တာကိုက လေဒီတဲ့။ အဲ့တုန်းကဆို သ၀န်တိုလိုက်ရတာဆိုတာ။ ကြည့်ရတာ အကိုက နာမည်ပေးတဲ့နေရာမှာ တော်တော်ညံ့တယ်ထင်တယ်။
"ကိုယ့်ချစ်သူကိုတောင် ပြန်ရောက်ပြီလား ဖုန်းဆက်မမေးဘူးနော်"
"အဲ့ အဲ့လိုမဟုတ်ပါဘူး အကိုရဲ့ အကို မအားဘူးထင်လို့ပါ အခု ဟိုတယ် ပြန်ရောက်ပြီလား"
နွမ်းခါး ရယ်ချင်စိတ်ကို ထိန်းလိုက်သည်။ အကိုက အဲ့လိုလည်း ဆိုးတတ်တာလား။ နွမ်းခါး ဖုန်းပြောရင်း ရင်တွေ ခုန်လာသည်။ တစ်ခါမှ အကိုနဲ့များ ရည်းစားဖြစ်ခဲ့ရင်လို့ မတွေးခဲ့ဖူးတော့ နှစ်ကိုယ်တူ ချစ်ကြတဲ့အခါ ဘာတွေလုပ်မယ်လို့ အစီအစဉ် ဆွဲထားခြင်းလည်း မရှိခဲ့ပါ။ ပြီးတော့အကိုက ရုတ်တရက်ကြီး ဖွင့်ပြောလာတာမလား။
"လူကတော့ ဟိုတယ်ကို ပြန်ရောက်ပြီ စိတ်ကတော့ ကိုယ့်အချစ်ဆီမှာ ကျန်ခဲ့တယ်"
နွမ်းခါး မထိန်းနိုင်တော့ပဲ ရယ်မိသည်။ အကိုက ဒီလိုစကားတွေ ပြောတတ်တာပဲလား။ မသွဲ့ယမင်းနဲ့တုန်းကရော ဒီလိုပဲလား။ မဆီမဆိုင် အတိတ်ကိုဆွပြီး မနာလို ဖြစ်လိုက်ရသေးသည်။ ငါဆိုသည်မှာလည်း ရသလောက်နဲ့ကို မတင်းတိမ်နိုင်ဘူး။
"Deliveryနဲ့ ပြန်ပို့ပေးလိုက်မယ် ခဏစောင့်"
"အင်း အချစ်တွေပါ အစစ်ထည့်ပေးလိုက်နော်"
"ကျွန်တော့အချစ်က ဈေးကြီးတယ် အစစ်ထည့်ပေးလို့ရတဲ့ အရာမဟုတ်ဘူး"
"အဲ့ဒါဆို အကုန်၀ယ်မယ် ဘယ်လောက်ပေးရမလဲ"
နွမ်းခါး၏ ရယ်သံလွင်လွင်လေးက အခန်းထဲတွင် ပျံ့နှံ့လျက်။ အချိန်တော်တော်ကြာအောင် စနောက်၍ ဖုန်းပြောပြီးနောက် ဖုန်းချရန် နှုတ်ဆက်စကားဆိုတော့ ခွဲခြားက
"အစကတော့ ကိုယ်ပြန်တော့မလို့ပဲ အခုတော့ နေလိုက်ဦးမယ် ချစ်သူလေးနဲ့ အဝေးမှာ မနေချင်သေးဘူး ချစ်လို့တောင် မ၀သေးဘူး"
"အကိုကလေ တကယ်အရှက်ကိုမရှိဘူး အဲ့လိုစကားတွေကို ရုပ်တည်ကြီးနဲ့ ပြောရဲတယ်"
"ဘာဖြစ်လဲ အပိုစကားမှ မဟုတ်ဝာာ သိက္ခာကျတယ်လို့လည်း မတွေးပါဘူး ကိုယ့်အချစ်ရယ် မင်းအတွက်ပဲ ဒီကကောင်က ပျော့ညံ့တာ"
"တော်ပြီ တော်ပြီ ကျွန်တော်အရှုံးပေးပါတယ် အကိုရယ် အောက်မှာ ကားသံကြားတယ် အမေပြန်လာပြီ ထင်တယ် ကျွန်တော် သွားကြိုလိုက်ဦးမယ်"
"အင်းအင်း ဒါဆို ညကျမှ ဖုန်းဆက်လိုက်မယ်"
"ဟုတ်"
ဖုန်းကျသွားတော့ နွမ်းခါး အောက်ထပ်ကို ဆင်းလာသည်။ ဆိုဖာပေါ်တွင် အိန္ဒြေကြီးစွာထိုင်နေသော အမေဖြစ်သူကိုတွေ့တော့ ဘေးနားတွင် ၀င်ထိုင်မိသည်။
"သားငယ် အမေ့ကို ခွဲခြားနဲ့ပတ်သတ်ပြီး တစ်ခုခု ပြောစရာမရှိဘူးလား"
အမေက ရုတ်တရက်ကြီး ဘာလို့မေးတာလဲ။ နွမ်းခါးက အမေ့ကို လွန်ခဲ့တဲ့ငါးနှစ်က ကိစ္စနှင့်ပတ်သတ်ပြီး တစ်ခါမှ မပြောဖူး။ အမေကလည်း အတင်းအကြပ်မမေးပေ။ အခုမှ ဘာလို့ အကို့အကြောင်းသိချင်သွားရတာလဲ။
"အကိုနဲ့က ကျောင်းမှာ ခင်ခဲ့တာလေ"
"အဲ့ဒါတွေ အမေသိတယ် သားငယ် အမေသိချင်တဲ့ နောက်တစ်ခုက သားကျောင်းထွက်ခဲ့တာ သူနဲ့ဆိုင်နေလား"
အမေဒီလိုမေးပြီဆို သေချာပေါက် အကြောင်းအရင်းစုံကို သိပြီးသွား၍ ဖြစ်သည်။ ယခုလို မေးနေခြင်းက မသိလို့မဟုတ်ပဲ သူ့ကို ပြောမပြလို့ စစ်မေးနေခြင်း ဖြစ်သည်။
"အမေသိထားသလိုပါပဲ အမေ"
"ဒီကိစ္စကို ဘာလို့အမေ့ကို ပြောမပြရတာလဲ"
"ကျွန်တော် ပြောပြတော့ရော ဘာတွေ ပြောင်းလဲသွားမှာလဲ ကျွန်တော် တဇွတ်ထိုးလုပ်ခဲ့လို့ ဒုက္ခရောက်ခဲ့ပြီးတာကို ဘာကြောင့်ပါဆိုတာ ကျွန်တော်ကပြောပြရင်ရော ကျွန်တော့ဖြေရှင်းချက်တွေကို ဘယ်သူယုံမှာလဲ"
"ကောင်းပြီ အမေလည်း အတိတ်ကို ပြန်ဆွရတာမကြိုက်ဘူး ဒါပေမယ့် မင်းသူနဲ့ထပ်ပြီး အဆက်အသွယ်မလုပ်နဲ့တော့"
"အဲ့လို လုပ်လို့မရဘူး အမေ သူနဲ့ကျွန်တော်က"
"ဘာတွေပဲဖြစ်နေနေ နွမ်းခါး နင်မရှက်ဘူးလား သူလည်းယောကျာ်း နင်လည်းယောကျာ်းလေ နွမ်းခါးရဲ့ နင်မရှက်ဘူးလားဟမ် ပတ်၀န်းကျင် နင်နေတဲ့အသိုင်းအဝိုင်း သူနေတဲ့အသိုင်းအဝိုင်း အားလုံးမျက်နှာပျက်ကြရမှာလေ ဒီခေတ်မှာ ဘယ်လိုပဲ ပွင့်လင်းမြင်သာတယ် ပြောပြော ဘယ်သူမှ ပေါ်ပေါ်ထင်ထင် လိုလားကြတာမဟုတ်ဘူး။ နောက်ကွယ်ရောက်ရင် အပြစ်ပြောနေဦးမှာပဲ။"
"ကျွန်တော် ပတ်၀န်းကျင်ကို ဂရုမစိုက်ဘူးအမေ"
"အေး ငါကတော့ ဂရုစိုက်တယ် ပြီးတော့ တစ်ခါတည်းပြောမယ် နင်သူ့ကို ရွေးမယ်ဆိုလို့ကတော့ ငါ့အိမ်အရိပ်တောင် ပြန်မနင်းနဲ့ နင်နဲ့ငါနဲ့ ပတ်သတ်မှု အဲ့ဒီနေရာမှာတင် ပြီးတယ်"
"အမေရယ်"
နွမ်းခါး မျက်ရည်များကြားထဲက အသနားခံနေပါသော်လည်း အမေက ပြောပြီးသားစကားကို သိပ်တည်သည်။ နွမ်းခါးမှာ ခင်တွယ်စရာဆိုလို့ အမေတစ်ယောက်တည်း ရှိတာရယ်ပါ။ အမေ့ကို သံယောဇဉ်ဖြတ်ဖို့က ဒီသားအတွက် ဖြစ်နိုင်ပါ့မလား။
"အမေက သားကို အမြဲကာကွယ်ပေးခဲ့တာ သားသိပါတယ် အခုအမေတားနေရတာကလဲ မဖြစ်သင့်တာ မဖြစ်ရအောင် မချစ်သင့်တဲ့သူကို မချစ်ရအောင် တားနေရတာပါသားရယ်"
"အမေ ကျွန်တော့လေ ငယ်ငယ်ထဲက တစ်ယောက်တည်းနေရတာ အသားကျခဲ့ပါတယ် အလုပ်များတဲ့အမေ့ဆီက အချိန်လည်းမတောင်းခံခဲ့သလို အချစ်များတဲ့ဒယ်ဒီဆီက ဂရုစိုက်မှုလည်း မတောင်းခံခဲ့ပါဘူး ဒီတစ်ခါလေးပဲ ကျွန်တော် အကို့ကို သိပ်ချစ်မိခဲ့တာပါ ကျွန်တော့ဘ၀မှာ လောဘကြီးခဲ့တာဆိုလို့ အကိုပဲရှိခဲ့တာပါ ဒါတောင် အမေက ကျွန်တော့ကို အဆက်အသွယ်ဖြတ်ခိုင်းတယ်နော် မလုပ်ချင်ဘူးအမေ ကျွန်တော်လုပ်လည်း လုပ်နိုင်မှာမဟုတ်ဘူး တစ်ခါလေးပဲ အချစ်ကိုတောင်းခံကြည့်ချင်တာပါ တစ်ခါလေးပဲ ကျွန်တော် အချစ်ခံချင်တာပါ အမေရယ်"
မျက်ရည်တွေက နူးညံ့တဲ့မျက်နှာပေါ် တစ်စက်ချင်းစီးကျနေရင်းက စကားလုံး တစ်လုံးချင်းစီကို သားဖြစ်သူက ဆိုလာတော့ ဒေါ်ဒေစီ ကြောင်အသွားသည်။ အမှန်တကယ်လည်း သားက သိပ်အထီးကျန်ခဲ့တာပဲ။ အမေတစ်ယောက်ဖြစ်ပါလျက်နဲ့ ထွေးပွေ့မှုတောင် မပေးခဲ့။ လိုနေချိန်ရှိပေးလိုက်ရင် ရပြီဆိုတဲ့ စိတ်တစ်ခုနဲ့ သားဘက်က တောင်းဆိုလာမှသာ ဘေးမှာ ရှိပေးခဲ့သည်။ သားဖွားမီးယပ်ဆရာ၀န်တစ်ယောက်အနေနဲ့ သူများသားသမီးကို ဂရုစိုက်ပေးနေချိန် ကိုယ့်သားလေးက မေတ္တာတောင်းခံနေသည်ကို သူမ မမြင်ခဲ့လေသလား။
"သားငယ်"
"အမေ မလိုချင်တော့ဘူးဆိုလည်း စွန့်ပြစ်နိုင်ပါတယ် အိမ်အရိပ်ကို မနင်းနဲ့ဆိုလည်း ကျွန်တော် မနင်းတော့ဘူး အမေနဲ့သံယောဇဉ်ဖြတ်မယ်လို့တော့ အမေမပြောသင့်ဘူး ကျွန်တော်တို့ကြား သံယောဇဉ်ကြိုးပါးပါးလေးကို ကျွန်တော်ကပဲ ချည်ထားခဲ့ရတာပါ ကျွန်တော် စွန့်ပြစ်ခြင်းခံရတာနဲ့လည်း နေသားကျနေပါပြီ အမေ့သဘောပါပဲ"
ညှိုးနွမ်းနေသည့် မျက်နှာလေးက နွမ်းခါးငယ်စဉ်ကတည်းက အခုချိန်ထိတွင် ဒေါ်ဒေစီ မြင်ဖူးသည့်တစ်လျှောက် အညှိုးနွမ်းဆုံပင် ဖြစ်သည်။ သူမအတ္တသိပ်ကြီးသွားသလား။ သားရဲ့စကားလုံးတွေက မိမိဂုဏ်သိက္ခာက သားထက်ပိုအရေးကြီးနေသလားလို့ မေးလိုက်သလိုပဲ။ ကိုယ့်၀မ်းနဲ့လွယ်ပြီးမွေးထားတဲ့သားရဲ့စိတ်ကိုတောင် မဖတ်တတ်တဲ့အမေက သားစီက ဘာတွေများပြန်လိုချင်နေသေးတာလဲ။
ဒေါ်ဒေစီ၏ မျက်၀န်းညိုတို့ကလည်း မျက်ရည်မိုးတွေစွေလာသည်။ အမေမှားသွားပါတယ် သားရယ်။ အမေ သားလုပ်ချင်တာကို လုပ်ခွင့်ပေးမယ်။ သားသူ့ကို လိုချင်တယ်ဆို သူသားကို ထားမသွားအောင် အမေကူညီပေးမယ်။ ဒါသားအပေါ် တာ၀န်ပျက်ကွက်ခဲ့သမျှအတွက် အမေနောက်ဆုံးလုပ်ပေးနိုင်တဲ့ အခွင့်အရေးပဲထင်ပါရဲ့။
Zawgyi
"ဒီဒီ အလည္လာဝာာလား"
"ဟုတ္တယ္ အမ အန္တီေဒစီနဲ႕ ေတြ႕ခ်င္လို႔ပါ"
"ဪ ေအးေအး အမသြားေခၚေပးမယ္ေနာ္ ခဏေစာင့္"
ခြဲျခားႏွင့္ ႏြမ္းခါးတို႔၏ အေျခအေနကို သိၿပီးေနာက္ ဒီဒီက အန္တီေဒစီဆီကို အရင္သြားရမည္ကို သိေနသည္။ အန္တီက ဂုဏ္သိကၡာႏွင့္ပတ္သတ္လွ်င္ အလြန္ အရွက္အေၾကာက္ႀကီးသူမို႔ ႏြမ္းခါးတို႔ကို ခြဲပစ္လိမ့္မည္ဟု ဒီဒီ ယုံၾကည္သည္။
"သမီး ဘာအေရးႀကီးကိစၥရွိလို႔လဲ ႐ုတ္တရက္လာေတြ႕တယ္ဆိုေတာ့ အန္တီ လန႔္သြားတာ"
"ဟုတ္ အန္တီ သိပ္ေတာ့လည္း အေရးမႀကီးေပမယ့္ ေျပာစရာေလးရွိလို႔ပါ"
အန္တီေဒစီကေတာ့ ၿပဳံးၿပဳံးေလးျဖင့္ ဒီဒီကို စကားလက္ခံေျပာေပးေနသည္။
"အန္တီ ဒီေန႕ အိမ္ကိုလာလည္တဲ့ ခြဲျခားဆိုတဲ့တစ္ေယာက္နဲ႕ ဆုံလိုက္လား"
"အင္း ဆုံလိုက္တယ္ သမီး စကားေတာင္ ေသခ်ာမေျပာခဲ့ရဘူး အန္တီလည္းမအားတာနဲ႕ ဘာျဖစ္လို႔လဲဟင္"
ဒီဒီ စိတ္ကို ေလွ်ာ့ခ်လိဳက္ၿပီး စကားလုံးေတြကို စိတ္တြင္ စီေနလိုက္သည္။
"အန္တီမွတ္မိေသးလား လြန္ခဲ့တဲ့ ငါးႏွစ္ေလာက္က ႏြမ္းခါး ေက်ာင္းထြက္ၿပီး အေမရိကားကို ေၾကာက္ေၾကာက္လန႔္လန႔္နဲ႕ ထြက္သြားခဲ့တာကိုေလ"
"အင္း မွတ္မိတယ္ေလ"
"အဲ့ဒါ ဘာလို႔လဲဆိုတာ ႏြမ္းခါး အန္တီ့ကို ေျပာျပလား"
"ေအး သမီးရယ္ အန္တီေမးေပမယ့္ မေျပာပါဘူးကြယ္ သမီးသိရင္ အန္တီ့ကို ေျပာျပပါဦး ဘာေတြ ျဖစ္ခဲ့လဲဆိုတာ"
ဒီဒီ့အကြက္ထဲ ၀င္လာတာနဲ႕ အေၾကာင္းစုံကို ရွင္းျပလိုက္သည္။ အန္တီေဒစီ၏ မ်က္ႏွာပ်က္ယြင္းသြားပုံႏွင့္ ေဒါသေၾကာင့္ တုန္ရီေနေသာ ႏႈတ္ခမ္းတို႔က ဒီဒီ့အတြက္ အားပဲ။
"အန္တီ့သားက အဲ့လိုမေကာင္းတဲ့ကိစၥေတြ လုပ္ခဲ့တာလား ေယာက်ာ္းေလးတစ္ေယာက္အတြက္ေလ"
"ဟုတ္ ဟုတ္ပါတယ္ အန္တီ သမီးေျပာျပတယ္ ဆိုတာကေလ ႏြမ္းခါးကို ေခ်ာက္တြန္းခ်င္လို႔ မဟုတ္ပါဘူး ဟို သမီးက မျဖစ္သင့္တာကို တားရေအာင္လို႔ပါ"
"ေအးေအး သမီး အန္တီနားလည္ပါတယ္ အန္တီလည္း အရွက္နဲ႕လူလုပ္ေနတာပါ အကယ္၍မ်ား သမီးေျပာသလို သူတို႔ႏွစ္ေယာက္တြဲေနၾကၿပီဆို အန္တီ့မ်က္ႏွာ ဘယ္မွာထားရမွန္းေတာင္ သိမွာ မဟုတ္ဘူး"
ဒီဒီ စိတ္မေကာင္းဟန္ျပ၍ အန္တီ့ လက္ေမာင္းေလးကို ပြတ္ေပးလိုက္သည္။ ဒီဒီက လိုခ်င္တာကို မရရင္ အဲ့ဒီအရာကို ဖ်က္စီးပစ္ဖို႔လည္း ၀န္မေလးဘူး။
တစ္ဘက္တြင္ေတာ့ လုံးလုံးေလးကို ခ်ီထားရင္းႏွင့္ မနက္က အခ်စ္စကားအေျပာခံခဲ့ရတာကို ေတြးရင္း မ်က္ႏွာပူေနသည့္ ေကာင္ေလးရွိသည္။
အကိုက ခ်စ္တယ္လို႔ေျပာတယ္။ အေျဖလည္းေတာင္းသြားတယ္။ ခ်စ္သူေတြ ျဖစ္ၿပီလို႔လည္းေျပာတယ္။ ဒါေတြအကုန္လုံးက ႐ုတ္တရက္ ဆန္မေနဘူးလား။ အကိုက တကယ္ခ်စ္တာေရာ ဟုတ္ပါ့မလား။ ဒါေပမယ့္ အကိုက မလိမ္တတ္ဘူးေလ။ ဒါဆို ငါက တကယ္ႀကီး အကို႔ရဲ႕ ခ်စ္သူ ျဖစ္သြားတာလား။
ရွက္လည္းရွက္၍ ေပ်ာ္လည္းေပ်ာ္သည္။ မ်က္ႏွာႀကီး ၿပဳံးၿဖီးေနမိမွာ ေသခ်ာသည္။ ထိုအခ်ိန္ဖုန္း ၀င္လာသည္။ contact nameကို ၾကည့္ေတာ့ အကိုတဲ့။
"ဟယ္လို"
"ဟယ္လို ကိုယ့္အခ်စ္ စားၿပီးၿပီလား"
"ဗ်ာ"
ကိုယ့္အခ်စ္တဲ့ အကို ဘယ္လိုေတြေတာင္ ေခၚလိုက္တာလဲ။ တစ္လုံးတစ္ခဲႀကီး။ အဲ့လို နာမည္ဆန္းဆန္းႀကီးေတြ မေခၚလို႔မရဘူးလား။ မသြဲ႕နဲ႕ရည္းစားျဖစ္တုန္းကလည္း ေခၚတာကိုက ေလဒီတဲ့။ အဲ့တုန္းကဆို သ၀န္တိုလိုက္ရတာဆိုတာ။ ၾကည့္ရတာ အကိုက နာမည္ေပးတဲ့ေနရာမွာ ေတာ္ေတာ္ညံ့တယ္ထင္တယ္။
"ကိုယ့္ခ်စ္သူကိုေတာင္ ျပန္ေရာက္ၿပီလား ဖုန္းဆက္မေမးဘူးေနာ္"
"အဲ့ အဲ့လိုမဟုတ္ပါဘူး အကိုရဲ႕ အကို မအားဘူးထင္လို႔ပါ အခု ဟိုတယ္ ျပန္ေရာက္ၿပီလား"
ႏြမ္းခါး ရယ္ခ်င္စိတ္ကို ထိန္းလိုက္သည္။ အကိုက အဲ့လိုလည္း ဆိုးတတ္တာလား။ ႏြမ္းခါး ဖုန္းေျပာရင္း ရင္ေတြ ခုန္လာသည္။ တစ္ခါမွ အကိုနဲ႕မ်ား ရည္းစားျဖစ္ခဲ့ရင္လို႔ မေတြးခဲ့ဖူးေတာ့ ႏွစ္ကိုယ္တူ ခ်စ္ၾကတဲ့အခါ ဘာေတြလုပ္မယ္လို႔ အစီအစဥ္ ဆြဲထားျခင္းလည္း မရွိခဲ့ပါ။ ၿပီးေတာ့အကိုက ႐ုတ္တရက္ႀကီး ဖြင့္ေျပာလာတာမလား။
"လူကေတာ့ ဟိုတယ္ကို ျပန္ေရာက္ၿပီ စိတ္ကေတာ့ ကိုယ့္အခ်စ္ဆီမွာ က်န္ခဲ့တယ္"
ႏြမ္းခါး မထိန္းနိုင္ေတာ့ပဲ ရယ္မိသည္။ အကိုက ဒီလိုစကားေတြ ေျပာတတ္တာပဲလား။ မသြဲ႕ယမင္းနဲ႕တုန္းကေရာ ဒီလိုပဲလား။ မဆီမဆိုင္ အတိတ္ကိုဆြၿပီး မနာလို ျဖစ္လိုက္ရေသးသည္။ ငါဆိုသည္မွာလည္း ရသေလာက္နဲ႕ကို မတင္းတိမ္နိုင္ဘူး။
"Deliveryနဲ႕ ျပန္ပို႔ေပးလိုက္မယ္ ခဏေစာင့္"
"အင္း အခ်စ္ေတြပါ အစစ္ထည့္ေပးလိုက္ေနာ္"
"ကြၽန္ေတာ့အခ်စ္က ေဈးႀကီးတယ္ အစစ္ထည့္ေပးလို႔ရတဲ့ အရာမဟုတ္ဘူး"
"အဲ့ဒါဆို အကုန္၀ယ္မယ္ ဘယ္ေလာက္ေပးရမလဲ"
ႏြမ္းခါး၏ ရယ္သံလြင္လြင္ေလးက အခန္းထဲတြင္ ပ်ံ့ႏွံ႕လ်က္။ အခ်ိန္ေတာ္ေတာ္ၾကာေအာင္ စေနာက္၍ ဖုန္းေျပာၿပီးေနာက္ ဖုန္းခ်ရန္ ႏႈတ္ဆက္စကားဆိုေတာ့ ခြဲျခားက
"အစကေတာ့ ကိုယ္ျပန္ေတာ့မလို႔ပဲ အခုေတာ့ ေနလိုက္ဦးမယ္ ခ်စ္သူေလးနဲ႕ အေဝးမွာ မေနခ်င္ေသးဘူး ခ်စ္လို႔ေတာင္ မ၀ေသးဘူး"
"အကိုကေလ တကယ္အရွက္ကိုမရွိဘူး အဲ့လိုစကားေတြကို ႐ုပ္တည္ႀကီးနဲ႕ ေျပာရဲတယ္"
"ဘာျဖစ္လဲ အပိုစကားမွ မဟုတ္ဝာာ သိကၡာက်တယ္လို႔လည္း မေတြးပါဘူး ကိုယ့္အခ်စ္ရယ္ မင္းအတြက္ပဲ ဒီကေကာင္က ေပ်ာ့ညံ့တာ"
"ေတာ္ၿပီ ေတာ္ၿပီ ကြၽန္ေတာ္အရႈံးေပးပါတယ္ အကိုရယ္ ေအာက္မွာ ကားသံၾကားတယ္ အေမျပန္လာၿပီ ထင္တယ္ ကြၽန္ေတာ္ သြားႀကိဳလိုက္ဦးမယ္"
"အင္းအင္း ဒါဆို ညက်မွ ဖုန္းဆက္လိုက္မယ္"
"ဟုတ္"
ဖုန္းက်သြားေတာ့ ႏြမ္းခါး ေအာက္ထပ္ကို ဆင္းလာသည္။ ဆိုဖာေပၚတြင္ အိေႏၵျႀကီးစြာထိုင္ေနေသာ အေမျဖစ္သူကိုေတြ႕ေတာ့ ေဘးနားတြင္ ၀င္ထိုင္မိသည္။
"သားငယ္ အေမ့ကို ခြဲျခားနဲ႕ပတ္သတ္ၿပီး တစ္ခုခု ေျပာစရာမရွိဘူးလား"
အေမက ႐ုတ္တရက္ႀကီး ဘာလို႔ေမးတာလဲ။ ႏြမ္းခါးက အေမ့ကို လြန္ခဲ့တဲ့ငါးႏွစ္က ကိစၥႏွင့္ပတ္သတ္ၿပီး တစ္ခါမွ မေျပာဖူး။ အေမကလည္း အတင္းအၾကပ္မေမးေပ။ အခုမွ ဘာလို႔ အကို႔အေၾကာင္းသိခ်င္သြားရတာလဲ။
"အကိုနဲ႕က ေက်ာင္းမွာ ခင္ခဲ့တာေလ"
"အဲ့ဒါေတြ အေမသိတယ္ သားငယ္ အေမသိခ်င္တဲ့ ေနာက္တစ္ခုက သားေက်ာင္းထြက္ခဲ့တာ သူနဲ႕ဆိုင္ေနလား"
အေမဒီလိုေမးၿပီဆို ေသခ်ာေပါက္ အေၾကာင္းအရင္းစုံကို သိၿပီးသြား၍ ျဖစ္သည္။ ယခုလို ေမးေနျခင္းက မသိလို႔မဟုတ္ပဲ သူ႕ကို ေျပာမျပလို႔ စစ္ေမးေနျခင္း ျဖစ္သည္။
"အေမသိထားသလိုပါပဲ အေမ"
"ဒီကိစၥကို ဘာလို႔အေမ့ကို ေျပာမျပရတာလဲ"
"ကြၽန္ေတာ္ ေျပာျပေတာ့ေရာ ဘာေတြ ေျပာင္းလဲသြားမွာလဲ ကြၽန္ေတာ္ တဇြတ္ထိုးလုပ္ခဲ့လို႔ ဒုကၡေရာက္ခဲ့ၿပီးတာကို ဘာေၾကာင့္ပါဆိုတာ ကြၽန္ေတာ္ကေျပာျပရင္ေရာ ကြၽန္ေတာ့ေျဖရွင္းခ်က္ေတြကို ဘယ္သူယုံမွာလဲ"
"ေကာင္းၿပီ အေမလည္း အတိတ္ကို ျပန္ဆြရတာမႀကိဳက္ဘူး ဒါေပမယ့္ မင္းသူနဲ႕ထပ္ၿပီး အဆက္အသြယ္မလုပ္နဲ႕ေတာ့"
"အဲ့လို လုပ္လို႔မရဘူး အေမ သူနဲ႕ကြၽန္ေတာ္က"
"ဘာေတြပဲျဖစ္ေနေန ႏြမ္းခါး နင္မရွက္ဘူးလား သူလည္းေယာက်ာ္း နင္လည္းေယာက်ာ္းေလ ႏြမ္းခါးရဲ႕ နင္မရွက္ဘူးလားဟမ္ ပတ္၀န္းက်င္ နင္ေနတဲ့အသိုင္းအဝိုင္း သူေနတဲ့အသိုင္းအဝိုင္း အားလုံးမ်က္ႏွာပ်က္ၾကရမွာေလ ဒီေခတ္မွာ ဘယ္လိုပဲ ပြင့္လင္းျမင္သာတယ္ ေျပာေျပာ ဘယ္သူမွ ေပၚေပၚထင္ထင္ လိုလားၾကတာမဟုတ္ဘူး။ ေနာက္ကြယ္ေရာက္ရင္ အျပစ္ေျပာေနဦးမွာပဲ။"
"ကြၽန္ေတာ္ ပတ္၀န္းက်င္ကို ဂ႐ုမစိုက္ဘူးအေမ"
"ေအး ငါကေတာ့ ဂ႐ုစိုက္တယ္ ၿပီးေတာ့ တစ္ခါတည္းေျပာမယ္ နင္သူ႕ကို ေ႐ြးမယ္ဆိုလို႔ကေတာ့ ငါ့အိမ္အရိပ္ေတာင္ ျပန္မနင္းနဲ႕ နင္နဲ႕ငါနဲ႕ ပတ္သတ္မႈ အဲ့ဒီေနရာမွာတင္ ၿပီးတယ္"
"အေမရယ္"
ႏြမ္းခါး မ်က္ရည္မ်ားၾကားထဲက အသနားခံေနပါေသာ္လည္း အေမက ေျပာၿပီးသားစကားကို သိပ္တည္သည္။ ႏြမ္းခါးမွာ ခင္တြယ္စရာဆိုလို႔ အေမတစ္ေယာက္တည္း ရွိတာရယ္ပါ။ အေမ့ကို သံေယာဇဥ္ျဖတ္ဖို႔က ဒီသားအတြက္ ျဖစ္နိုင္ပါ့မလား။
"အေမက သားကို အၿမဲကာကြယ္ေပးခဲ့တာ သားသိပါတယ္ အခုအေမတားေနရတာကလဲ မျဖစ္သင့္တာ မျဖစ္ရေအာင္ မခ်စ္သင့္တဲ့သူကို မခ်စ္ရေအာင္ တားေနရတာပါသားရယ္"
"အေမ ကြၽန္ေတာ့ေလ ငယ္ငယ္ထဲက တစ္ေယာက္တည္းေနရတာ အသားက်ခဲ့ပါတယ္ အလုပ္မ်ားတဲ့အေမ့ဆီက အခ်ိန္လည္းမေတာင္းခံခဲ့သလို အခ်စ္မ်ားတဲ့ဒယ္ဒီဆီက ဂ႐ုစိုက္မႈလည္း မေတာင္းခံခဲ့ပါဘူး ဒီတစ္ခါေလးပဲ ကြၽန္ေတာ္ အကို႔ကို သိပ္ခ်စ္မိခဲ့တာပါ ကြၽန္ေတာ့ဘ၀မွာ ေလာဘႀကီးခဲ့တာဆိုလို႔ အကိုပဲရွိခဲ့တာပါ ဒါေတာင္ အေမက ကြၽန္ေတာ့ကို အဆက္အသြယ္ျဖတ္ခိုင္းတယ္ေနာ္ မလုပ္ခ်င္ဘူးအေမ ကြၽန္ေတာ္လုပ္လည္း လုပ္နိုင္မွာမဟုတ္ဘူး တစ္ခါေလးပဲ အခ်စ္ကိုေတာင္းခံၾကည့္ခ်င္တာပါ တစ္ခါေလးပဲ ကြၽန္ေတာ္ အခ်စ္ခံခ်င္တာပါ အေမရယ္"
မ်က္ရည္ေတြက ႏူးညံ့တဲ့မ်က္ႏွာေပၚ တစ္စက္ခ်င္းစီးက်ေနရင္းက စကားလုံး တစ္လုံးခ်င္းစီကို သားျဖစ္သူက ဆိုလာေတာ့ ေဒၚေဒစီ ေၾကာင္အသြားသည္။ အမွန္တကယ္လည္း သားက သိပ္အထီးက်န္ခဲ့တာပဲ။ အေမတစ္ေယာက္ျဖစ္ပါလ်က္နဲ႕ ေထြးေပြ႕မႈေတာင္ မေပးခဲ့။ လိုေနခ်ိန္ရွိေပးလိုက္ရင္ ရၿပီဆိုတဲ့ စိတ္တစ္ခုနဲ႕ သားဘက္က ေတာင္းဆိုလာမွသာ ေဘးမွာ ရွိေပးခဲ့သည္။ သားဖြားမီးယပ္ဆရာ၀န္တစ္ေယာက္အေနနဲ႕ သူမ်ားသားသမီးကို ဂ႐ုစိုက္ေပးေနခ်ိန္ ကိုယ့္သားေလးက ေမတၱာေတာင္းခံေနသည္ကို သူမ မျမင္ခဲ့ေလသလား။
"သားငယ္"
"အေမ မလိုခ်င္ေတာ့ဘူးဆိုလည္း စြန႔္ျပစ္နိုင္ပါတယ္ အိမ္အရိပ္ကို မနင္းနဲ႕ဆိုလည္း ကြၽန္ေတာ္ မနင္းေတာ့ဘူး အေမနဲ႕သံေယာဇဥ္ျဖတ္မယ္လို႔ေတာ့ အေမမေျပာသင့္ဘူး ကြၽန္ေတာ္တို႔ၾကား သံေယာဇဥ္ႀကိဳးပါးပါးေလးကို ကြၽန္ေတာ္ကပဲ ခ်ည္ထားခဲ့ရတာပါ ကြၽန္ေတာ္ စြန႔္ျပစ္ျခင္းခံရတာနဲ႕လည္း ေနသားက်ေနပါၿပီ အေမ့သေဘာပါပဲ"
ညွိုးႏြမ္းေနသည့္ မ်က္ႏွာေလးက ႏြမ္းခါးငယ္စဥ္ကတည္းက အခုခ်ိန္ထိတြင္ ေဒၚေဒစီ ျမင္ဖူးသည့္တစ္ေလွ်ာက္ အညွိုးႏြမ္းဆုံပင္ ျဖစ္သည္။ သူမအတၱသိပ္ႀကီးသြားသလား။ သားရဲ႕စကားလုံးေတြက မိမိဂုဏ္သိကၡာက သားထက္ပိုအေရးႀကီးေနသလားလို႔ ေမးလိုက္သလိုပဲ။ ကိုယ့္၀မ္းနဲ႕လြယ္ၿပီးေမြးထားတဲ့သားရဲ႕စိတ္ကိုေတာင္ မဖတ္တတ္တဲ့အေမက သားစီက ဘာေတြမ်ားျပန္လိုခ်င္ေနေသးတာလဲ။
ေဒၚေဒစီ၏ မ်က္၀န္းညိုတို႔ကလည္း မ်က္ရည္မိုးေတြေစြလာသည္။ အေမမွားသြားပါတယ္ သားရယ္။ အေမ သားလုပ္ခ်င္တာကို လုပ္ခြင့္ေပးမယ္။ သားသူ႕ကို လိုခ်င္တယ္ဆို သူသားကို ထားမသြားေအာင္ အေမကူညီေပးမယ္။ ဒါသားအေပၚ တာ၀န္ပ်က္ကြက္ခဲ့သမွ်အတြက္ အေမေနာက္ဆုံးလုပ္ေပးနိုင္တဲ့ အခြင့္အေရးပဲထင္ပါရဲ႕။