ဂူ၀မှာ ရေစက်ကျသံများကို ကြားနေရသည်။ ငှက်သံ တကျိကျိကလည်း တောအုပ်၏ အေးချမ်းမှုကို ဖော်ပြနေသယောင်။ ခွဲခြားနိုးလာတော့ ရင်ခွင်ထဲမှာ ကလေးလေးကို ပိုက်၍ နွမ်းခါးက အိပ်မော ကျနေသည်။ ကျောက်သားနံရံကို ခေါင်းမှီထားသည့် ကောင်လေးက ကလေးတစ်ဦး၏ အသားရည်အတိုင်း နူးညံ့၍ အိစက်နေသည်။ ဟိုးအတိတ်က နေ့ရက်များတွင်လည်း ထိုကောင်လေး၏ ဘေးတွင် ခွဲခြားအကြိမ်ပေါင်းများစွာ နိုးထဖူးသည်။ ဖြစ်နိုင်လျှင် ဒီတိုင်းလေးပဲ မျက်စိအောက်မှာ ထားချင်သည်။ ဒီကောင်လေး တစ်ခုခုဖြစ်နေပြီလို့ သိလိုက်ရတိုင်း ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်ခဲ့ရပေါင်းများပြီ။
"ခွဲခြားရေ ခွဲခြား မင်းတို့ အထဲမှာလား"
အပြင်ကနေ ကျော်ဇော၏ အော်ခေါ်သံကိုကြားတော့ ခွဲခြားနိုးလာသည်။ နွမ်းခါးကတော့ အိပ်ပျော်နေစဲပင်။
ကျော်ဇော ဂူထဲ၀င်လာတော့ ပေစုတ်နေသည့် လူသားနှစ်ယောက် ကလေးလေးတစ်ယောက်နှင့် နွမ်းလျစွာ ထိုင်လျက်ရှိနေသည်ကို မြင်လိုက်ရသည်။ အစက စိတ်ပူနေပေမယ့် တစ်ခါမှ စုတ်တီးစုတ်ပြတ် မနေဖူးသော အသန့်ကြိုက်သည့် သူနှစ်ဦး စစ်ဘေးကြောင့် လူရုပ်မပေါက်တော့သည်ကို ကြည့်ပြီး ရယ်ချင်စိတ်ကို ထိန်းထားရသည်။ သို့သော် ယခုအချိန်က စနောက်ရန် ကောင်းသည့် အချိန်မဟုတ်ပေ။
"နွမ်းခါးကို နှိုးလိုက်တော့ ငါတို့ ဟို ရှေးဟောင်းသုသေသနအဖွဲ့နဲ့ တွေ့လို့ မင်းတို့ကို ဒီမှာ ရှာဖို့ပြောလိုက်ကြလို့ လာတာ ပြန်စို့ စစ်ပွဲ ပြေငြိမ်းခွင့် ဒီနေ့ယူမယ် ကြားတယ်"
ပြောလည်းပြော ကျော်ဇောက နွမ်းခါးကို ဆွဲထူ၍ နှိုးလေသည်။ နိုးလာသော နွမ်းခါးက အရင်ဆုံး အလန့်တကြားရှာသည်မှာ လက်ထဲက ကလေးလေးကိုပင်။ အဖွဲ့ထဲက တစ်ဦး ချီထားသည်ကို မြင်မှ သက်ပြင်းလေးချကာ
"ကလေးကို နို့တိုက်ဖို့လိုနေတယ် သူဖျားလည်းဖျားနေတယ်"
"အေးပါ စခန်းရောက်ရင် အဆင်ပြေပါပြီ"
နွမ်းခါးက ကလေးလေးကို သံယောဇဉ်တွယ်မိနေပြီ ဖြစ်သည်။ ကိုယ်တိုင်မွေးပေးခဲ့၍ ကိုယ်တိုင် စောင့်ရှောက်ပေးခဲ့ရသည့် ကလေးလေးကို နွမ်းခါး ချစ်မြတ်နိုးသည်။
စခန်းကိုရောက်တော့ နေရပ်ကိုပြန်ကြရန် အသီးသီး ပြင်ဆင်ရလေပြီ။ စခန်းရောက်ထဲက နွမ်းခါးကို ခွဲခြားမတွေ့ရပေ။ ပြန်တော့မည့်အကြောင်း နှုတ်တောင်မဆက်လာဘူး ဒီကောင်လေး။
"အကို"
တွေးစစဖြင့် ကားထဲဝင် ကျော်ဇောကို စောင့်နေစဉ် ကားမှန်ကို လာခေါက်၍ အသံတိုးတိုးလေးကိုကြားရတော့ ခွဲခြား လှည့်ကြည့်မိသည်။ ကားမှန်ကို ချလိုက်ပြီး
"ဘာလဲ"
"အကို မပြန်ခင် ကျွန်တော်နဲ့ စကားနည်းနည်းလောက် ပြောရအောင်လေ ကျွန်တော် အကို့ကို သေသေချာချာတောင် မတောင်းပန်ရသေးဘူး ခဏဆင်းခဲ့ပါလားဟင်"
နွမ်းခါးက ရေချိုးပြီးကာစ ပုံစံ မျက်နှာမှာလည်း ရေစလေးတွေနဲ့ ခွဲခြားထွက်သွားရင် မမှီမှာစိုးလို့ စိုနေတဲ့ ခေါင်းကိုတောင် သေချာမသုတ်ခဲ့ပေ။
ခွဲခြားက အကြီးဖြစ်လေတော့ ဆက်ပြီးမူနေလည်း မကောင်းတာကြောင့် တောင်းပန်တာကို လက်ခံရန် ဆုံးဖြတ်ပြီး ကားပေါ်က ဆင်းလိုက်သည်။
"ဒီအတောအတွင်း ကျွန်တော့ကို စောင့်ရှောက်ပေးလို့ ကျေးဇူးတင်ပါတယ် အာ မဟုတ်ဘူး ဟိုးကတည်းက စောင့်ရှောက်ပေးခဲ့လို့ ကျေးဇူးတင်ပါတယ် ပြီးတော့ အားလည်းနာမိတယ် အကို စိတ်ချပါ နောက်ဘယ်တော့မှ အကိုထိခိုက်မယ့် အရာကို မလုပ်တော့ပါဘူး ကျွန်တော့ကိုခွင့်လွှတ်ပါနော်"
ခေါင်းလေးငုံ့ကာ ပြောပြီးနောက် နွမ်းခါးက ခွဲခြားကိုမော့ကြည့်လာသည်။ မျက်လုံးဝိုင်းဝိုင်း ညိုညိုလေးတွေက အရင်ကထက်တောင် ပိုလှသေးသည်။ ကြည့်ရတာ မျက်မှန်မပါတော့တာကြောင့်ဖြစ်မည်။
"ဘာလို့ မျက်မှန်မတပ်တော့ဝာာလဲ"
"ဗျာ"
နွမ်းခါးပြောသည်ကတစ်ခြား ခွဲခြားပြောလာသည်က တခြားဖြစ်နေတာကြောင့် နွမ်းခါးကြောင်သွားသည်။ မတတ်နိုင် ခွဲခြားဒါကို မေးချင်နေတာ ပြန်တွေ့တဲ့နေ့ကတည်းကပင်။ ပါဝါထူမျက်မှန်ကြီး တပ်ရတဲ့ နွမ်းခါးက အခုဝောာ့ မျက်မှန်မပါပဲ မြင်ရသလား။ ဒီကောင်လေး ရှိုးထုတ်ချင်ရုံသက်သက် ဂရုမစိုက်သည့်ဟန် မတပ်လေသလား မဆီမဆိုင် သိချင်နေတာကြာပြီ။ ဒါမှမဟုတ် ထိုမျက်၀န်းတွေနှင့် အခြားသူတိုင်းကို လိုက်ပြုံးပြနေသည်ကို ခွဲခြား မကြိုက်တာလား ဝေခွဲမရပေ။
"လေဆာနဲ့ ဖျောက်ထားဝာာ ဟီး အယ် နေဦးလေ ကျွန်တော် မေးတာဖြေဦး"
ပြန်တွေ့ရသည့် နောက်ပိုင်းမှ ခွဲခြားအတွက် ပထမဆုံး စွန့်ကြဲသော အပြုံးနုနုက ဖြူစင်လှသည်။ ခွင့်လွှတ်ရမယ်။ အစကတည်းကလည်း စိတ်ဆိုးစိတ်နာမိလောက်တဲ့အထိ အဲ့ကိစ္စအပေါ် စိတ်မရောက်။ ခဏတာ ပူထူသွားမိခြင်းသာဖြစ်ပြီး စိတ်ရောက်သည်က သူ ကိုယ့်ကိုယ်ကို ဂရုမစိုက်လို့ နေရင်းထိုင်ရင်း နွမ်းခါးဖြစ်သလို လိုက်ပြီး ခံစားနေရသည့် ကိုယ့်ကိုသာ ဖြစ်သည်။
"အင်း ငါစိတ်ထဲ မထားပါဘူး နောက်အဲ့လိုမလုပ်နဲ့"
"ဟုတ် ကျေးဇူးတင်ပါတယ် အကို ဒါဆို ကျွန်တော် သွားတော့မယ်နော်"
နှုတ်ဆက်၍ ထွက်သွားသော ကောင်လေး၏ ကျောပြင်ငယ်ဟာ အထီးကျန်လွန်းသည်ဟု ခွဲခြား တွေးမိသည်။ နွမ်းခါးက မိသားစုအကြောင်း ဘယ်တုန်းကမှ မပြောဖူးပေ။ ကျောင်းပိတ်ရက်များတွင်လည်း အိမ်သို့မပြန်ပဲ အဆောင်မှာပဲနေတတ်သည်။ ရံဖန်ရံခါ အမေဖြစ်သူကို ထည့်ပြောပေမယ့် အဖေကြောင်းတော့ ပါမလာ။ အဖေရှိရာ အမေရိကားမှာ ကျောင်းတက်သည်ဆိုတော့ မိသားစုနှင့် အတူနေခဲ့ဖူးဟန်မရှိပေ။ ငယ်ငယ်လေးနှင့် ကိုယ့်ဆုံးဖြတ်ချက်အတိုင်းပဲ လုပ်နေရသည့် နွမ်းခါးက ဘယ်သူ့ကိုမှလည်း မတိုင်ပင်ချေ။
သက်ပြင်းတစ်ခုချလိုက်ပြီး ခွဲခြားပြုံးလိုက်မိသည်။ ငါးနှစ်တာအတွင်း ထိုကောင်လေးကြောင့် အပြုံးတွေပျောက်ဆုံးပြီးနောက် ထိုကောင်လေးကြောင့်ပဲ စိတ်လိုလက်ရ ပြန်လည် ပြုံးဖြစ်ခဲ့သည်။
ကျော်ဇောကို စောင့်နေရင်း ကားပေါ်တွင် မနေ့ကတစ်ညလုံး ခဏသာ အိပ်ခဲ့ရတာကြောင့် မျက်ခွံတို့က လေးလံစွာ အိပ်ပျော်သွားခဲ့သည်။ ထိုမှတစ်ဆင့် မမက်တာကြာပြီဖြစ်သော အိမ်မက်တို့က အလည်ရောက်လာသည်။
ကားတစ်စီး အဝေးပြေးလမ်းမတွင် မောင်းနှင်နေသည်။ တိတိကျကျပြောရရင် volunteerလူငယ်များ၏ အပြန်လမ်းကားပေါ်တွင် ကောင်လေးက ကလေးလေးကို ပိုက်ကာ မြူနေသည်။
ဘုန်း..............
ရုတ်တရက်ပေါက်ကွဲသံကြီးနှင့်အတူ မြင်ကွင်းတစ်ခုလုံး မှောင်မဲသွားသည်။ နောက်ဆုံးမြင်လိုက်ရတာက ကလေးလေးနှင့်ကောင်လေး ကားပေါ်မှ လွင့်စင်ကျသွားခြင်းကိုပင်။
"အား"
ဒါဘာကြီးလဲ။ အိမ်မက်လား။ နွမ်းခါး က ကားပေါ်မှာလား။ နွမ်းခါးရော ဘာဖြစ်မှာလဲ။
ချွေးစီးများပြန်ကာ နိုးထလာတော့ ခွဲခြားရောက်နေသည်က မိမိ၏ ကားပေါ်တွင်။ သူအခုမက်လိုက်တာက နွမ်းခါးအကြောင်းပဲမလား။ သူ့အိမ်မက်တွေထဲက အတိုင်း ကောင်လေးက ဖြစ်လေ့ရှိတာ သူသတိထားမိပြီးသားမို့ ကားကို စက်နှိုး၍ စခန်းမှ ထွက်ခဲ့တော့သည်။ လမ်းတစ်လျှောက်လုံး ဘာကိုမှမမြင် ကားကြီး၏ ဘေးမှန်ကနေ လွင့်စင်သွားသည် ကောင်လေး၏ ပုံရိပ်ကသာ စိတ်ထဲဆွဲနေသည်။
မကွေးမြို့သို့ မရောက်မီနေရာနားတွင် ကားများလည်း ရှင်းနေသလို ရှေ့နားဆီက မီးခိုးများ ထွက်နေသည်။ မောင်း၍ သိပ်မကြာခင်ပဲ မီးလောင်နေသော ကားကြီးနားတွင် လူငယ်များကို တွေ့နေရသည်။ ထင်ထားသည့်အတိုင်း ပေါက်ကွဲမှုကြီး ဖြစ်ခဲ့ဟန်ပေ။ မီးခိုးငွေ့တလူလူကြားတွင် လူပျောက်၍ ရှာနေသူများလည်း တွေ့ရသည်။
"နွမ်းခါးရော နွမ်းခါးကို တွေ့မိသေးလား"
မြေပေါ်တွင် ခြေဆင်း၍ လှဲနေသူကောင်မလေးကို မေးတော့ ခေါင်းသာခါပြလေသည်။
"နွမ်းခါး"
မေးလည်း မထူးသည်ကို သိနေတာကြောင့် ကားပတ်၀န်ကျင်ကို အော်ခေါ်မိသည်။ မှန်ကွဲစမျ ပြန့်ကြဲနေသော မြေပေါ်တွင် တချို့ကလည်း ဒဏ်ရာရကြသလို တချို့ကလည်း သတိမေ့နေကြသည်။
အကို့ကိုထူးပါဦး နွမ်းခါးရေ။
ရင်ထဲကနေ လှိုက်တက်လာသော ၀မ်းနည်းမှုက ဘာနဲ့မှ နှိုင်းယှဉ်လို့မရ။ ကြိုသာသိခဲ့ရင် ထိုကလေးကို ခွဲခြားနှင့်သာ ပြန်ရန် ပြောမိခဲ့မည်ဖြစ်သည်။
"နွမ်းခါး"
တစ်ယောက်ပြီး တစ်ယောက်ကို မျက်နှာလိုက်ကြည့်၍ နွမ်းခါးလားဟု မေးနေရသည်။ သို့သော် ထိုကောင်လေးကိုတော့ ရှာမတွေသေး။ ကားနောက်ကျောဘက်သို့ အရောက်တွင် မီးလောင်၍ ပြိုကျတော့မည့် ကားအဖုံးနား ခွေခွေလေးလဲနေသော သူဆီ မျက်စိအရောက် ဘာကိုမှ တွေးမနေတော့ပဲ အပေါ်ကနေ အုပ်မိုးလိုက်မိသည်။
ဝုန်း...
ပြိုကျလာသော ကားအဖုံးကို ခန္ဓာကိုယ်ဖြင့် ၀င်ခံကာ ကောင်လေးကိုမထိမိတာ သေချာမှ သက်ပြင်းချနိုင်သည်။ ကျောပေါ်မှ နာကျင်မှုထက် မိမိအောက်တွင် သတိမေ့နေသော ကောင်လေးနာမည်ကိုပဲ အကြိမ်ကြိမ်ခေါ်ကာ နှိုးနေမိသည်။ ထိုကောင်လေး၏ ရင်ခွင်ထဲက ကလေးလေးကတော့ အန္တရာယ်ကင်းကြောင်း ငိုသံဖြင့် အသိပေးလေသည်။ အပေါ်က အလေးဒဏ်နှင့် အပူဒဏ်ကြောင့် ခွဲခြားသည်လည်း မေ့မြောခြင်းအဖြစ်သို့ ရောက်ရှိသွားလေတော့သည်။
Zawgyi
ဂူ၀မွာ ေရစက္က်သံမ်ားကို ၾကားေနရသည္။ ငွက္သံ တက်ိက်ိကလည္း ေတာအုပ္၏ ေအးခ်မ္းမႈကို ေဖာ္ျပေနသေယာင္။ ခြဲျခားနိုးလာေတာ့ ရင္ခြင္ထဲမွာ ကေလးေလးကို ပိုက္၍ ႏြမ္းခါးက အိပ္ေမာ က်ေနသည္။ ေက်ာက္သားနံရံကို ေခါင္းမွီထားသည့္ ေကာင္ေလးက ကေလးတစ္ဦး၏ အသားရည္အတိုင္း ႏူးညံ့၍ အိစက္ေနသည္။ ဟိုးအတိတ္က ေန႕ရက္မ်ားတြင္လည္း ထိုေကာင္ေလး၏ ေဘးတြင္ ခြဲျခားအႀကိမ္ေပါင္းမ်ားစြာ နိုးထဖူးသည္။ ျဖစ္နိုင္လွ်င္ ဒီတိုင္းေလးပဲ မ်က္စိေအာက္မွာ ထားခ်င္သည္။ ဒီေကာင္ေလး တစ္ခုခုျဖစ္ေနၿပီလို႔ သိလိုက္ရတိုင္း ေျခမကိုင္မိ လက္မကိုင္မိ ျဖစ္ခဲ့ရေပါင္းမ်ားၿပီ။
"ခြဲျခားေရ ခြဲျခား မင္းတို႔ အထဲမွာလား"
အျပင္ကေန ေက်ာ္ေဇာ၏ ေအာ္ေခၚသံကိုၾကားေတာ့ ခြဲျခားနိုးလာသည္။ ႏြမ္းခါးကေတာ့ အိပ္ေပ်ာ္ေနစဲပင္။
ေက်ာ္ေဇာ ဂူထဲ၀င္လာေတာ့ ေပစုတ္ေနသည့္ လူသားႏွစ္ေယာက္ ကေလးေလးတစ္ေယာက္ႏွင့္ ႏြမ္းလ်စြာ ထိုင္လ်က္ရွိေနသည္ကို ျမင္လိုက္ရသည္။ အစက စိတ္ပူေနေပမယ့္ တစ္ခါမွ စုတ္တီးစုတ္ျပတ္ မေနဖူးေသာ အသန႔္ႀကိဳက္သည့္ သူႏွစ္ဦး စစ္ေဘးေၾကာင့္ လူ႐ုပ္မေပါက္ေတာ့သည္ကို ၾကည့္ၿပီး ရယ္ခ်င္စိတ္ကို ထိန္းထားရသည္။ သို႔ေသာ္ ယခုအခ်ိန္က စေနာက္ရန္ ေကာင္းသည့္ အခ်ိန္မဟုတ္ေပ။
"ႏြမ္းခါးကို ႏွိုးလိုက္ေတာ့ ငါတို႔ ဟို ေရွးေဟာင္းသုေသသနအဖြဲ႕နဲ႕ ေတြ႕လို႔ မင္းတို႔ကို ဒီမွာ ရွာဖို႔ေျပာလိုက္ၾကလို႔ လာတာ ျပန္စို႔ စစ္ပြဲ ေျပၿငိမ္းခြင့္ ဒီေန႕ယူမယ္ ၾကားတယ္"
ေျပာလည္းေျပာ ေက်ာ္ေဇာက ႏြမ္းခါးကို ဆြဲထူ၍ ႏွိုးေလသည္။ နိုးလာေသာ ႏြမ္းခါးက အရင္ဆုံး အလန႔္တၾကားရွာသည္မွာ လက္ထဲက ကေလးေလးကိုပင္။ အဖြဲ႕ထဲက တစ္ဦး ခ်ီထားသည္ကို ျမင္မွ သက္ျပင္းေလးခ်ကာ
"ကေလးကို နို႔တိုက္ဖို႔လိုေနတယ္ သူဖ်ားလည္းဖ်ားေနတယ္"
"ေအးပါ စခန္းေရာက္ရင္ အဆင္ေျပပါၿပီ"
ႏြမ္းခါးက ကေလးေလးကို သံေယာဇဥ္တြယ္မိေနၿပီ ျဖစ္သည္။ ကိုယ္တိုင္ေမြးေပးခဲ့၍ ကိုယ္တိုင္ ေစာင့္ေရွာက္ေပးခဲ့ရသည့္ ကေလးေလးကို ႏြမ္းခါး ခ်စ္ျမတ္နိုးသည္။
စခန္းကိုေရာက္ေတာ့ ေနရပ္ကိုျပန္ၾကရန္ အသီးသီး ျပင္ဆင္ရေလၿပီ။ စခန္းေရာက္ထဲက ႏြမ္းခါးကို ခြဲျခားမေတြ႕ရေပ။ ျပန္ေတာ့မည့္အေၾကာင္း ႏႈတ္ေတာင္မဆက္လာဘူး ဒီေကာင္ေလး။
"အကို"
ေတြးစစျဖင့္ ကားထဲဝင္ ေက်ာ္ေဇာကို ေစာင့္ေနစဥ္ ကားမွန္ကို လာေခါက္၍ အသံတိုးတိုးေလးကိုၾကားရေတာ့ ခြဲျခား လွည့္ၾကည့္မိသည္။ ကားမွန္ကို ခ်လိဳက္ၿပီး
"ဘာလဲ"
"အကို မျပန္ခင္ ကြၽန္ေတာ္နဲ႕ စကားနည္းနည္းေလာက္ ေျပာရေအာင္ေလ ကြၽန္ေတာ္ အကို႔ကို ေသေသခ်ာခ်ာေတာင္ မေတာင္းပန္ရေသးဘူး ခဏဆင္းခဲ့ပါလားဟင္"
ႏြမ္းခါးက ေရခ်ိဳးၿပီးကာစ ပုံစံ မ်က္ႏွာမွာလည္း ေရစေလးေတြနဲ႕ ခြဲျခားထြက္သြားရင္ မမွီမွာစိုးလို႔ စိုေနတဲ့ ေခါင္းကိုေတာင္ ေသခ်ာမသုတ္ခဲ့ေပ။
ခြဲျခားက အႀကီးျဖစ္ေလေတာ့ ဆက္ၿပီးမူေနလည္း မေကာင္းတာေၾကာင့္ ေတာင္းပန္တာကို လက္ခံရန္ ဆုံးျဖတ္ၿပီး ကားေပၚက ဆင္းလိုက္သည္။
"ဒီအေတာအတြင္း ကြၽန္ေတာ့ကို ေစာင့္ေရွာက္ေပးလို႔ ေက်းဇူးတင္ပါတယ္ အာ မဟုတ္ဘူး ဟိုးကတည္းက ေစာင့္ေရွာက္ေပးခဲ့လို႔ ေက်းဇူးတင္ပါတယ္ ၿပီးေတာ့ အားလည္းနာမိတယ္ အကို စိတ္ခ်ပါ ေနာက္ဘယ္ေတာ့မွ အကိုထိခိုက္မယ့္ အရာကို မလုပ္ေတာ့ပါဘူး ကြၽန္ေတာ့ကိုခြင့္လႊတ္ပါေနာ္"
ေခါင္းေလးငုံ႕ကာ ေျပာၿပီးေနာက္ ႏြမ္းခါးက ခြဲျခားကိုေမာ့ၾကည့္လာသည္။ မ်က္လုံးဝိုင္းဝိုင္း ညိုညိုေလးေတြက အရင္ကထက္ေတာင္ ပိုလွေသးသည္။ ၾကည့္ရတာ မ်က္မွန္မပါေတာ့တာေၾကာင့္ျဖစ္မည္။
"ဘာလို႔ မ်က္မွန္မတပ္ေတာ့ဝာာလဲ"
"ဗ်ာ"
ႏြမ္းခါးေျပာသည္ကတစ္ျခား ခြဲျခားေျပာလာသည္က တျခားျဖစ္ေနတာေၾကာင့္ ႏြမ္းခါးေၾကာင္သြားသည္။ မတတ္နိုင္ ခြဲျခားဒါကို ေမးခ်င္ေနတာ ျပန္ေတြ႕တဲ့ေန႕ကတည္းကပင္။ ပါဝါထူမ်က္မွန္ႀကီး တပ္ရတဲ့ ႏြမ္းခါးက အခုေဝာာ့ မ်က္မွန္မပါပဲ ျမင္ရသလား။ ဒီေကာင္ေလး ရွိုးထုတ္ခ်င္႐ုံသက္သက္ ဂ႐ုမစိုက္သည့္ဟန္ မတပ္ေလသလား မဆီမဆိုင္ သိခ်င္ေနတာၾကာၿပီ။ ဒါမွမဟုတ္ ထိုမ်က္၀န္းေတြႏွင့္ အျခားသူတိုင္းကို လိုက္ၿပဳံးျပေနသည္ကို ခြဲျခား မႀကိဳက္တာလား ေဝခြဲမရေပ။
"ေလဆာနဲ႕ ေဖ်ာက္ထားဝာာ ဟီး အယ္ ေနဦးေလ ကြၽန္ေတာ္ ေမးတာေျဖဦး"
ျပန္ေတြ႕ရသည့္ ေနာက္ပိုင္းမွ ခြဲျခားအတြက္ ပထမဆုံး စြန႔္ႀကဲေသာ အၿပဳံးႏုႏုက ျဖဴစင္လွသည္။ ခြင့္လႊတ္ရမယ္။ အစကတည္းကလည္း စိတ္ဆိုးစိတ္နာမိေလာက္တဲ့အထိ အဲ့ကိစၥအေပၚ စိတ္မေရာက္။ ခဏတာ ပူထူသြားမိျခင္းသာျဖစ္ၿပီး စိတ္ေရာက္သည္က သူ ကိုယ့္ကိုယ္ကို ဂ႐ုမစိုက္လို႔ ေနရင္းထိုင္ရင္း ႏြမ္းခါးျဖစ္သလို လိုက္ၿပီး ခံစားေနရသည့္ ကိုယ့္ကိုသာ ျဖစ္သည္။
"အင္း ငါစိတ္ထဲ မထားပါဘူး ေနာက္အဲ့လိုမလုပ္နဲ႕"
"ဟုတ္ ေက်းဇူးတင္ပါတယ္ အကို ဒါဆို ကြၽန္ေတာ္ သြားေတာ့မယ္ေနာ္"
ႏႈတ္ဆက္၍ ထြက္သြားေသာ ေကာင္ေလး၏ ေက်ာျပင္ငယ္ဟာ အထီးက်န္လြန္းသည္ဟု ခြဲျခား ေတြးမိသည္။ ႏြမ္းခါးက မိသားစုအေၾကာင္း ဘယ္တုန္းကမွ မေျပာဖူးေပ။ ေက်ာင္းပိတ္ရက္မ်ားတြင္လည္း အိမ္သို႔မျပန္ပဲ အေဆာင္မွာပဲေနတတ္သည္။ ရံဖန္ရံခါ အေမျဖစ္သူကို ထည့္ေျပာေပမယ့္ အေဖေၾကာင္းေတာ့ ပါမလာ။ အေဖရွိရာ အေမရိကားမွာ ေက်ာင္းတက္သည္ဆိုေတာ့ မိသားစုႏွင့္ အတူေနခဲ့ဖူးဟန္မရွိေပ။ ငယ္ငယ္ေလးႏွင့္ ကိုယ့္ဆုံးျဖတ္ခ်က္အတိုင္းပဲ လုပ္ေနရသည့္ ႏြမ္းခါးက ဘယ္သူ႕ကိုမွလည္း မတိုင္ပင္ေခ်။
သက္ျပင္းတစ္ခုခ်လိဳက္ၿပီး ခြဲျခားၿပဳံးလိုက္မိသည္။ ငါးႏွစ္တာအတြင္း ထိုေကာင္ေလးေၾကာင့္ အၿပဳံးေတြေပ်ာက္ဆုံးၿပီးေနာက္ ထိုေကာင္ေလးေၾကာင့္ပဲ စိတ္လိုလက္ရ ျပန္လည္ ၿပဳံးျဖစ္ခဲ့သည္။
ေက်ာ္ေဇာကို ေစာင့္ေနရင္း ကားေပၚတြင္ မေန႕ကတစ္ညလုံး ခဏသာ အိပ္ခဲ့ရတာေၾကာင့္ မ်က္ခြံတို႔က ေလးလံစြာ အိပ္ေပ်ာ္သြားခဲ့သည္။ ထိုမွတစ္ဆင့္ မမက္တာၾကာၿပီျဖစ္ေသာ အိမ္မက္တို႔က အလည္ေရာက္လာသည္။
ကားတစ္စီး အေဝးေျပးလမ္းမတြင္ ေမာင္းႏွင္ေနသည္။ တိတိက်က်ေျပာရရင္ volunteerလူငယ္မ်ား၏ အျပန္လမ္းကားေပၚတြင္ ေကာင္ေလးက ကေလးေလးကို ပိုက္ကာ ျမဴေနသည္။
ဘုန္း..............
႐ုတ္တရက္ေပါက္ကြဲသံႀကီးႏွင့္အတူ ျမင္ကြင္းတစ္ခုလုံး ေမွာင္မဲသြားသည္။ ေနာက္ဆုံးျမင္လိုက္ရတာက ကေလးေလးႏွင့္ေကာင္ေလး ကားေပၚမွ လြင့္စင္က်သြားျခင္းကိုပင္။
"အား"
ဒါဘာႀကီးလဲ။ အိမ္မက္လား။ ႏြမ္းခါး က ကားေပၚမွာလား။ ႏြမ္းခါးေရာ ဘာျဖစ္မွာလဲ။
ေခြၽးစီးမ်ားျပန္ကာ နိုးထလာေတာ့ ခြဲျခားေရာက္ေနသည္က မိမိ၏ ကားေပၚတြင္။ သူအခုမက္လိုက္တာက ႏြမ္းခါးအေၾကာင္းပဲမလား။ သူ႕အိမ္မက္ေတြထဲက အတိုင္း ေကာင္ေလးက ျဖစ္ေလ့ရွိတာ သူသတိထားမိၿပီးသားမို႔ ကားကို စက္ႏွိုး၍ စခန္းမွ ထြက္ခဲ့ေတာ့သည္။ လမ္းတစ္ေလွ်ာက္လုံး ဘာကိုမွမျမင္ ကားႀကီး၏ ေဘးမွန္ကေန လြင့္စင္သြားသည္ ေကာင္ေလး၏ ပုံရိပ္ကသာ စိတ္ထဲဆြဲေနသည္။
မေကြးၿမိဳ႕သို႔ မေရာက္မီေနရာနားတြင္ ကားမ်ားလည္း ရွင္းေနသလို ေရွ႕နားဆီက မီးခိုးမ်ား ထြက္ေနသည္။ ေမာင္း၍ သိပ္မၾကာခင္ပဲ မီးေလာင္ေနေသာ ကားႀကီးနားတြင္ လူငယ္မ်ားကို ေတြ႕ေနရသည္။ ထင္ထားသည့္အတိုင္း ေပါက္ကြဲမႈႀကီး ျဖစ္ခဲ့ဟန္ေပ။ မီးခိုးေငြ႕တလူလူၾကားတြင္ လူေပ်ာက္၍ ရွာေနသူမ်ားလည္း ေတြ႕ရသည္။
"ႏြမ္းခါးေရာ ႏြမ္းခါးကို ေတြ႕မိေသးလား"
ေျမေပၚတြင္ ေျခဆင္း၍ လွဲေနသူေကာင္မေလးကို ေမးေတာ့ ေခါင္းသာခါျပေလသည္။
"ႏြမ္းခါး"
ေမးလည္း မထူးသည္ကို သိေနတာေၾကာင့္ ကားပတ္၀န္က်င္ကို ေအာ္ေခၚမိသည္။ မွန္ကြဲစမ် ျပန႔္ႀကဲေနေသာ ေျမေပၚတြင္ တခ်ိဳ႕ကလည္း ဒဏ္ရာရၾကသလို တခ်ိဳ႕ကလည္း သတိေမ့ေနၾကသည္။
အကို႔ကိုထူးပါဦး ႏြမ္းခါးေရ။
ရင္ထဲကေန လွိုက္တက္လာေသာ ၀မ္းနည္းမႈက ဘာနဲ႕မွ ႏွိုင္းယွဥ္လို႔မရ။ ႀကိဳသာသိခဲ့ရင္ ထိုကေလးကို ခြဲျခားႏွင့္သာ ျပန္ရန္ ေျပာမိခဲ့မည္ျဖစ္သည္။
"ႏြမ္းခါး"
တစ္ေယာက္ၿပီး တစ္ေယာက္ကို မ်က္ႏွာလိုက္ၾကည့္၍ ႏြမ္းခါးလားဟု ေမးေနရသည္။ သို႔ေသာ္ ထိုေကာင္ေလးကိုေတာ့ ရွာမေတြေသး။ ကားေနာက္ေက်ာဘက္သို႔ အေရာက္တြင္ မီးေလာင္၍ ၿပိဳက်ေတာ့မည့္ ကားအဖုံးနား ေခြေခြေလးလဲေနေသာ သူဆီ မ်က္စိအေရာက္ ဘာကိုမွ ေတြးမေနေတာ့ပဲ အေပၚကေန အုပ္မိုးလိုက္မိသည္။
ဝုန္း...
ၿပိဳက်လာေသာ ကားအဖုံးကို ခႏၶာကိုယ္ျဖင့္ ၀င္ခံကာ ေကာင္ေလးကိုမထိမိတာ ေသခ်ာမွ သက္ျပင္းခ်နိဳင္သည္။ ေက်ာေပၚမွ နာက်င္မႈထက္ မိမိေအာက္တြင္ သတိေမ့ေနေသာ ေကာင္ေလးနာမည္ကိုပဲ အႀကိမ္ႀကိမ္ေခၚကာ ႏွိုးေနမိသည္။ ထိုေကာင္ေလး၏ ရင္ခြင္ထဲက ကေလးေလးကေတာ့ အႏၲရာယ္ကင္းေၾကာင္း ငိုသံျဖင့္ အသိေပးေလသည္။ အေပၚက အေလးဒဏ္ႏွင့္ အပူဒဏ္ေၾကာင့္ ခြဲျခားသည္လည္း ေမ့ေျမာျခင္းအျဖစ္သို႔ ေရာက္ရွိသြားေလေတာ့သည္။