"ဂူထဲ၀င်ကြည့်ကြမလား အကို"
လက်မောင်းပေါ်ကို လက်လေးလာတင်ပြီး အတွင်းထဲကို ငေးကာ ပြောလာသူကြောင့် ခွဲခြားလည်း ဂူအတွင်းကို လိုက်ကြည့်မိသည်။
အိတ်ထဲက ဓာတ်မီးကိုထုတ်၍ ကလေးကို နွမ်းခါးဆီပေးလိုက်ပြီး နှစ်ယောက်သား ဂူအတွင်းသို့ ၀င်လာသည်။ အတွင်းကို ရောက်လေလေ မပီပြင်သော အကူအညီ တောင်းခံသံများပိုကြားလာရသည်။
မှောင်မည်းနေသော လမ်းတွင် ဓာတ်မီးတစ်လက်သာ ပါတာကြောင့် သတိထားလျှောက်နေစဉ် ရုတ်တရက် ခွဲခြားက နွမ်းခါး၏ ပခုံးကို လှမ်းဆွဲလိုက်သည်။ နွမ်းခါးလန့်သွားပြီး အရှေ့ကို သေချာကြည့်တော့ ခါးလောက်မြင့်မည့် ချောက်တစ်ခုကိုတွေ့ရသည်။ ချောက်ဟုဆိုသော်လည်း အောက်သို့နိမ့်ဆင်း သွားခြင်းမဟုတ်ပဲ လမ်းဖောက်ထားသည့် သဏ္ဍာန်တူသည်။
"ကိုယ်အရင်ဆင်းမယ်"
ပြောလည်းပြောရင်း ခွဲခြားက သွက်လက်စွာခုန်ဆင်းသည်။ နွမ်းခါးက အနီးသို့သွားကာ ကလေးကို လှမ်းပေးဖို့ ထိုင်လိုက်ချိန်တွင် ခွဲခြားက ခါးမှ ချီမကာ ကလေးရော လူရော ပွေ့ချလိုက်လေသည်။
"အထဲက ပိုအေးလာပြီ လူတွေက ပိတ်မိနေတာထင်တယ်"
"အင်း မြန်မြန်သွားကြည့်ပြီး ပြန်ထွက်ရအောင် ကလေးက အအေးဒဏ်မခံနိုင်ဘူး"
ခွဲခြားက နွမ်းခါး၏ ပခုံးကနေဖေးမ ကာ ခပ်သွက်သွက်လျှောက်လိုက်ချိန်တွင် ပါးလွှာသော ရေခဲသား မျက်နှာပြင်ကို တွေ့ရသည်။ ထိုအပေါ်မှ သတိထားလျှောက်နေစဉ် အောက်ဘက်မှာ လက်ဝါးတစ်ခု ရေခဲကြမ်းပြင်ကို လာရိုက်သည်။ အသံတွေက အောက်ဘက်က လာမှန်း သတိထားမိတော့ ရေခဲသားပြင်ပေါ်ကနေ နွမ်းခါးကို မြန်မြန်ဖယ်လိုက်ပြီး လွတ်ရာတွင် ထားလိုက်သည်။
"အောက်မှာ လူရှိလား"
ခွဲခြားက ကြမ်းပြင်ကို ဒူးထောက်၍ နားကပ်ကာ နားထောင်တော့
"မြန်မြန်လေး ကယ်ပေးပါ ဒီမှာ အေးလို့သေတော့မယ်"
အသံတစ်ခုက အောက်ဘက်မှ အော်လိုက်တော့ အထဲတွင် လူရှိနေတာ သေချာသွားသည်။ ခွဲခြားက ရေခဲသားကြမ်းပြင်ကို ခွဲရန် အသုံးချနိုင်မည့် အရာတစ်ခုကို ဘေးပတ်လည်တွင် ရှာရဝောာ့သည်။
"အကို ဒီဘက်နားမှာ ကျောက်တုံးတွေ ရှိတယ်"
နွမ်းခါးပြောသံကြားမှ ဓာတ်မီးကို နွမ်းခါးအားပေး၍ အနားတွင်ရှိသော လက်တစ်ပွေ့စာမျှရှိသည့် ကျောက်တုံးတစ်ခုကို ကောက်ယူကာ အပေါ်သို့ မြှောက်၍ ခွဲလိုက်သည်။ ရေခဲပြင်သည် အပေါ်ယံကြည့်လျှင် ပါးလွှာသည်ဟုထင်ရသော်လည်း ခွဲကြည့်သောအခါ တော်တော်နှင့်မကွဲပေ။ အချက်နှစ်ဆယ်လောက် ဆက်တိုက် ပေါက်ခွဲလိုက်တော့ ရေခဲသားပြင်တစ်လျှောက် ပက်ကြားအက်လာသည်။ ခွဲခြားက နွမ်းခါးရှိရာဘက်သို့ ပြေးလိုက်ပြီး နောက်ဆုံးတစ်ချက်ကို အားနဲ့ ပစ်ပေါက်ခွဲလိုက်စဉ် ရေခဲသားပြင်က ကွဲအက်၍ ပြိုကျလေသည်။
"အား အေးလို့သေတော့မှာပဲ ဒီဂူကို ထောင်ချောက်ဆင်တဲ့သူကို တွေ့လို့ကတော့ ဂုတ်ချိုးပစ်မယ်"
လူကို မမြင်ရခင် အသံကို အရင်ကြားရတာကြောင့် ဓာတ်မီးနဲ့ထိုးကြည့်တော့ အတွင်းတွင် လူလေးယောက်ရှိနေသည်။ အ၀တ်အစားတွေက ဟောင်းနွမ်းနေသည်တော့မဟုတ်ပေမယ့် ပြဲသည့်နေရာကပြဲ၍ စုတ်ပြတ်နေသည်လည်း ရှိသည်။
ရွှေကိုင်းတပ်မျက်မှန်လေးနဲ့ လူချောလေးတစ်ယောက်က ရုတ်တရက်ကြည့်ရင် မိန်းကလေးနှင့် မှားရလောက်အောင် ချောမောသည်။ အသက်ကတော့ ခွဲခြားနှင့်ရွယ်တူလောက်ရှိမည်။ သူ့ဘေးတွင်ရပ်နေသည့် ပါးသိုင်းမွှေးရေးရေးလေးရှိသော ခန့်ညားသည့် သူတစ်ဦးက ဒဏ်ရာရနေဟန်ရှိသည်။ ဘေးနားမှာတော့ အထုတ်အပိုးတွေပိုက်ထားသော အနည်းငယ် ၀သည့် သူတစ်ဦးကို တွေ့ရပြီး ကျန်တစ်ဦးကတော့ စောစောက ငြီးငြူသည့်အသံပိုင်ရှင်ဖြစ်ဟန်တူသည်။ အရပ်ပုပု အသားဖြူဖြူနှင့် အတော်လေးလည်း သွက်လက်သည်။ အပေါ်ကို လွှားခနဲ ခုန်တက်ကာ ခွဲခြားတို့စီ လျှောက်လာသည်။ အန္တရာယ်ရှိနိုင်လား ပြောမရသည်ကြောင့် နွမ်းခါးကို အနောက်သို့ပို့လိုက်သည်။
"ကျေးဇူးတင်ပါတယ် ဒီက ကျွန်တော်မျိုးမှာ အကိုကြီးပေးတဲ့ အသက်ပဲ ရှိပါတော့တယ် ဗျာ"
ရုပ်တည်ကြီးနဲ့ လျှောက်လာပြီးမှ ခွဲခြားအနားကိုရောက်တော့ လက်ကိုဆွဲ၍ ငိုသံကြီးလုပ်ပြောလာသူကြောင့် အနောက်နားမှ နွမ်းခါး၏ ရယ်သံတိုးတိုးလေးထွက်လာသည်။
ကျန်သူများလည်း အပေါ်ကို တက်လာတော့ မျက်မှန်နှင့် လူချောက
"ကူညီပေးလို့ ကျေးဇူးတင်ပါတယ် ကျွန်တော်က ရှေးဟောင်သုသေသန ဌာနချုပ်က ပါမောက္ခ သျှံထိုက် ပါ"
ခွဲခြားကိုရော နွမ်းခါးကိုပါ တရင်းတနှီး နှုတ်ဆက်လာတာကြောင့် ပြန်လည်အသိအမှတ်ပြုပေးသည့်အနေဖြင့် ခေါင်းညိတ်ပြလိုက်ကြသည်။
"ဒါက ဖုန်းရွှေ ပညာရှင် ဘုန်းသိုက် ပါ သူတို့က Key နဲ့ ဖော်ကာ ပါ"
ထိုသူကပဲ ဦးဆောင်၍ မိတ်ဆက်လေတော့ ခွဲခြားကလည်း ပြန်လည် မိတ်ဆက်ရသည်။
"ကျွန်တော်က ခွဲခြားပါ သူက နွမ်းခါးပါ"
"ဟုတ်ကဲ့ အယ် ကလေးလေးပါတာလား အထဲမှာ အေးတယ် အပြင်အရင် ထွက်ရအောင်"
နွမ်းခါး၏လက်ထဲက ကလေးကို မြင်တော့ အပြင်ထွက်ရန်ပြောလာသည်။ တကယ်လည်း အေးနေတာကြောင့် အကုန်လုံး ဂူအပေါက်၀နားထိ လျှောက်လာလိုက်ကြသည်။
"ဟိုလေ ကျွန်တော့မှာ နို့ဘူးပါတယ် မဖောက်ရသေးဘူး sugar free အဲ့ဒါ ကလေးကို တိုက်လို့ရလား ကလေးက ကိုယ်တွေပူနေသလိုပဲ"
Keyဆိုသည့် ပုသေးသေးကောင်လေးက နွမ်းခါးလက်ထဲက ကလေးကို ကိုင်ကြည့်ရင်းက ပြောလာသည်။
အသင့်သောက်ဘူးလေးဖြင့် ထုတ်ပိုးထားသော နွားနို့ဘူးလေးထုတ်ပေးတော့ ကလေးငယ်ကို တိုက်လို့ဖြစ်ပါ့မလား စိုးရိမ်မိသည်။ နွားနို့က ပူတဲ့နေရာမှာ ထားလို့မရပေမယ့် ရေခဲနေသည့် ဂူကြီး ကျေးဇူးကြောင့် နွားနို့က ကောင်းသေးသည်။
နွမ်းခါးက ကလေးပိုက်၍ ပါးစပ်သေးသေးလေးထဲကို စိတ်ရှည်စွာ တစ်စက်ချင်းတိုက်နေလိုက်သည်။
"သေတ္တာကို ဘယ်လိုဖွင့်ရမလဲ Keyလာကြည့်ပါဦး"
ဘုန်းသိုက်ဆိုသည့်သူက တည်ကြည်၍ အရှိန်အဝါရှိသူတစ်ယောက်ကဲ့သို့ အသံကအစ ကြည်လင်နေသည်။ သေတ္တာကို ဖင်တစ်ပြန်ခေါင်းတစ်ပြန် ကြည့်ပြီးသည့်တိုင် ဖွင့်ရမည့် သော့လည်း မတွေ့သလို အရာလည်းမရှိပေ။
"ဒါနဲ့ ခင်များတို့က အထဲကို ဘယ်လိုရောက်နေတာလဲ"
"ကျွန်တော်တို့ ရာဇ၀င်တစ်ခုကို လိုက်နေတာဗျ ခင်များ ဒီမှာ စစ်ပွဲဖြစ်တဲ့အကြောင်းသိတယ်မလား မြေ့မိဖုရားရဲ့ ကျိန်စာလေ"
"အွန်း သိတယ် ဧကန္တ အဲ့မိဖုရားက တကယ်ရှိခဲ့တာလား"
"အွန်းဟုတ်တယ် ကျွန်တော့ အမြင်အရဆို နှစ်ပေါင်း သုံးထောင်လောက်ရှိနေပြီ အဲ့ဒီရာဇ၀င်က လိုက်ဖို့သိပ်မလွယ်တော့ဘူး သူတို့ခေတ်အခါက နေရာတွေကလည်း မြေတစ်ဆင့်ရေတစ်ဆင့်တွေ တက်ကုန်တော့ အကုန်မြေအောက် ရောက်သွားပြီဆိုပါတော့ ပျောက်နေတဲ့ ရာဇ၀င်ကိုလိုက်ရင်း လွန်ခဲ့တဲ့ သုံးလက တောင်ငူမှာ ပစ္စည်းတစ်ခုရှာတွေ့ခဲ့တယ် အဲ့ပစ္စည်းကို ဌာနကိုပို့တော့ မီဒီယာမှာ ပြလိုက်တဲ့ပုံကြောင့် ရှီဘဲ့လူမျိုးတွေက မြေ့မိဖုရားရဲ့ ပစ္စည်းလို့ ယုံကြည်ကြပြီး စစ်ပွဲစကြတာပဲ"
"မြေ့မိဖုရားရဲ့ ပစ္စည်းတကယ်ဟုတ်တာလား"
"အင်း ဟုတ်တယ်လို့ဆိုရမယ် ဒီဂူကလည်း မြေ့မိဖုရားစီမံခဲ့တာပဲ အထဲမှာ ထောင်ချောက်တွေရှိတယ် ရေခဲကုန်တာက ကျွန်တော်တို့ ခြေလှမ်းမှားပြီး ထောင်ချောက်ဖွင့်မိခဲ့လို့ ရေခဲမြစ်နဲ့တိုးခဲ့တာ ဒီဂူတစ်ခုလုံးကို ရေခဲတွေဖြစ်ကုန်ရော ဒီသေတ္တာရဲ့ အပူငွေ့မရှိရင် သေနေတာကြာပြီ တော်တော်ကိုတော်တဲ့ မိဖုရားဗျာ ဒီသေတ္တာရဖို့ တော်တော် ကြိုးစားလိုက်ရတယ် အခု ဖွင့်လို့မရပြန်ဘူး"
"ခဏလေး သေတ္တာမှာ စာတွေပါတယ် မဖတ်တတ်ဘူး ကိုသျှံ တစ်ချက် လာဖတ်ကြည့်"
ဘုန်းသိုက်နှင့် ခွဲခြားတို့၏ စကားစ ပြတ်သွားကာ ရွှေကိုင်းတပ်မျက်မှန်နှင့် စာဖတ်နေသော သျှံထိုက်ကို ကြည့်လိုက်သည်။
"ငါလည်း ဒီစာလုံးတွေကို သိပ်မရင်းနှီးဘူး ငါဖတ်တာမမှားဘူးဆိုရင် ဖြူစင်တဲ့သွေးနဲ့မှ သေတ္တာက ပွင့်မယ်တဲ့"
အားလုံးခေါင်းကြီးသွားကြရသည်က တစ်ယောက်မှ ကိုယ့်လိပ်ပြာကိုယ်မလုံတာပင်။ ဒီအရွယ်ကြီးမှာ ဖြူစင်တဲ့သူရှိပါ့မလား။ မြေ့မိဖုရား၏ ဖြူစင်သူဟု ရည်ညွှန်းလျှင် ကံငါးပါးကို စိတ်နှင့်တောင် မပြစ်မှားဖူးသူ ဖြစ်ရမည်ဖြစ်သည်။ အရွယ်ရောက်နေသူများအဖို့ အနည်းဆုံးတော့ လိမ်ဖူးကြသည်။ မုသားမပါ လက်ာမချောလေ။ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး စိတ်ပျက်သွားကြလေသည်။
"ဟိုလေ ကလေးလေး ဆိုရင်ရော"
နွမ်းခါး၏ အကြံပေးချက်ကြောင့် အကုန်လုံး၏ မျက်လုံးများက သူနှင့်ကလေးဆီရောက်လာသည်။
"အင်း ဒီချိန်မှာ ကလေးလောက် ဖြူစင်သူ မရှိတော့ဘူး ကလေးလေး အကို့ကို သွေးတစ်စက်လောက်ငှားနော် ခနပဲ နာမှာသိလား ကျွတ်ကျွတ် အကိုလည်း မလုပ်ရက်ပါဘူး ကလေးရယ် စစ်ပွဲက ဒါမရှိရင် ပြီးမှာမဟုတ်လို့ ခွင့်လွှတ်ပါ"
"ဟာ လျှာရှည်လိုက်တာ ပေး ဓား"
ဖော်ကာက ဓားပါးလေးကို ကိုင်ကာ ကလေးကို ချော့မြူနေတော့ ဘုန်းသိုက်က စိတ်မရှည်သောကြောင့် ဓားကို ဆွဲယူလိုက်ပြီး သေတ္တာကို အောက်က ခံကာ ကလေးရဲ့ လက်ညှိုးလေးကို ဓားထိပ်ဖြင့် အသာလေးဖိလိုက်တော့ သွေးစက်လေးများ စိမ့်ထွက်လာသည်။
ကလေးက နာကျင်သွားသောကြောင့် အော်ငိုလေတော့ အလုပ်ပိုရသည်က နွမ်းခါးပဲ ဖြစ်သည်။ ခွဲခြားကလည်း အနားသို့ရောက်လာကာ ကလေးကို ပွတ်သပ်လေးနေသည်။
သေတ္တာပေါ်သွေးစက်ကျလျှင် တစ်ဂူလုံးလင်းသော အနီရောင်အလင်းက သေတ္တာထဲမှ ထွက်လာသည်။ အကုန်လုံးမျက်လုံးကို မှိတ်ထားလိုက်ရာမှ အလင်းရောင်လျှော့သွားသည့်အခါ ပြန်ဖွင့်လိုက်တော့ သေတ္တာထဲတွင် အညိုရောင်သန်းနေသော စာရေးထားသည့်ပိတ်စနှင့် ကြေးထည်ဘူးလေးကို တွေ့ရသည်။
"ဒီဘူးက ဟိုတစ်ခေါက်စာထဲမှာပါတဲ့ အဆိပ်မှန်သမျှပျောက်တဲ့ ဆေးဆိုတာလား"
သူတို့လေးယောက်ပြောသည့်စကားအားလုံးကိုတော့ ခွဲခြားနှင့် နွမ်းခါး နားမလည်သော်လည်း နားထောင်နေမိသည်။
"အွန်း ကြည့်ရတာ ရှီဘဲ့လူမျိုးတွေက ကျိန်စာမိတာ မဟုတ်ပဲ သွေးထဲအဆိပ်ခတ်ခံရတာ မွေးလာသမျှကလေးတိုင်းက မိခင်၀မ်းထဲမှာကတည်းက သွေးကြောင့်အဆိပ်ခတ်ခံရတာပဲ ရက်စက်လိုက်တာ နှစ်ငါးဆယ်ကြာမှ အစွမ်းပြတဲ့အဆိပ်ပဲဖြစ်ရမယ်"
"ဒါဆို သူတို့ကကျိန်စာဖြေတာမဟုတ်ပဲ အဆိပ်ဖြေရမှာပေါ့"
မြေ့မိဖုရား၏ ဒဏ္ဍာရီဟာ တော်တော်ကိုလေးနက်သည်။ နွမ်းခါးနှင့်ခွဲခြား ညဏ်တောင်လိုက်မမှီနိုင်သည့်အရာများကို ဖော်ထုတ်နေကြသည့် အရှေ့က လူများကိုကြည့်၍ ချီးကျူးမိတာတော့ အမှန်ပဲ။
"ကဲအချိန်လည်း မရှိတော့ဘူး ကြာရင် စစ်ပွဲ ဒီထက်ဆိုးတော့မယ် သူတို့လိုချင်တာပေးပြီး ရန်ကုန်ကို အမြန်ပြန်ရမယ်"
ဘုန်သိုက်က စကားဖြတ်လိုက်ပြီး ခွဲခြားတို့ဘက် လှည့်ကြည့်ကာ
"ဒါဆို ကျနော်တို့ကို ခွင့်ပြုပါဦး နောင်အခွင့်အရေးရှိရင် ပြန်တွေ့ကြတာပေါ့"
"ဟုတ်ကဲ့ ဖြည်းဖြည်း သွားကြပါ"
ကလေးငယ်လေးရှိတာကြောင့် ညဘက်ကြီး ခရီးနှင်ရန်က ခွဲခြားတို့အတွက် မဖြစ်နိုင်တာကြောင့် နေခဲ့ရန်ပဲဆုံးဖြတ်လိုက်သည်ကို ကိုဘုန်းသိုက်က ရိပ်မိဟန်တူသည်။ လိုက်ဖို့မမေးတော့ပဲ နှုတ်ဆက်ကာ ဂူထဲကထွက်သွားကြလေတော့သည်။
ဂူ၏အပူချိန်က သိသိသာသာပြန်မြင့်တက်လာတာကြောင့် နွေးနွေးလေးဖြစ်သွားသည်။ နွမ်းခါးက ကျောက်နံရံကို မှီ၍ မှေးနေသည်။ ကလေးကလည်း အငိုတိတ်သွားပြီဖြစ်သည်။ ကလေး၏ လက်က အနာကတော့ သေတ္တာပွင့်သွားပြီးနောက် သတိမမူမိခင်မှာပဲ ပကတိအတိုင်းလေးပြန်လည် ပျောက်ကင်းသွားပြီ ဖြစ်သည်။ ဒီလောကမှာ သိပ္ပံပညာနဲ့ ဖြေရှင်းလို့ မရသေးတာတွေလည်း ရှိတယ်ဆိုတာ ခွဲခြားယုံကြည်သွားသည်။ ပထမတစ်ခါ အရှေ့က ကောင်လေးကြောင့် ဖြစ်ပြီး ယခုတစ်ခါ ထိုကောင်လေးနဲ့အတူရှိချိန်မှာ ထပ်တွေ့ခဲ့ရသည်။ အရှေ့က ကောင်လေးကတော့ ကလေးကိုပိုက်၍ အိပ်ပျော်သွားပြီ ဖြစ်သော်လည်း စိတ်မချသည့် ခွဲခြားက ညစောင့်တပ်သား ဖြစ်သွားရလေတော့သည်။
Zawgyi
"ဂူထဲ၀င္ၾကည့္ၾကမလား အကို"
လက္ေမာင္းေပၚကို လက္ေလးလာတင္ၿပီး အတြင္းထဲကို ေငးကာ ေျပာလာသူေၾကာင့္ ခြဲျခားလည္း ဂူအတြင္းကို လိုက္ၾကည့္မိသည္။
အိတ္ထဲက ဓာတ္မီးကိုထုတ္၍ ကေလးကို ႏြမ္းခါးဆီေပးလိုက္ၿပီး ႏွစ္ေယာက္သား ဂူအတြင္းသို႔ ၀င္လာသည္။ အတြင္းကို ေရာက္ေလေလ မပီျပင္ေသာ အကူအညီ ေတာင္းခံသံမ်ားပိုၾကားလာရသည္။
ေမွာင္မည္းေနေသာ လမ္းတြင္ ဓာတ္မီးတစ္လက္သာ ပါတာေၾကာင့္ သတိထားေလွ်ာက္ေနစဥ္ ႐ုတ္တရက္ ခြဲျခားက ႏြမ္းခါး၏ ပခုံးကို လွမ္းဆြဲလိုက္သည္။ ႏြမ္းခါးလန႔္သြားၿပီး အေရွ႕ကို ေသခ်ာၾကည့္ေတာ့ ခါးေလာက္ျမင့္မည့္ ေခ်ာက္တစ္ခုကိုေတြ႕ရသည္။ ေခ်ာက္ဟုဆိုေသာ္လည္း ေအာက္သို႔နိမ့္ဆင္း သြားျခင္းမဟုတ္ပဲ လမ္းေဖာက္ထားသည့္ သ႑ာန္တူသည္။
"ကိုယ္အရင္ဆင္းမယ္"
ေျပာလည္းေျပာရင္း ခြဲျခားက သြက္လက္စြာခုန္ဆင္းသည္။ ႏြမ္းခါးက အနီးသို႔သြားကာ ကေလးကို လွမ္းေပးဖို႔ ထိုင္လိုက္ခ်ိန္တြင္ ခြဲျခားက ခါးမွ ခ်ီမကာ ကေလးေရာ လူေရာ ေပြ႕ခ်လိဳက္ေလသည္။
"အထဲက ပိုေအးလာၿပီ လူေတြက ပိတ္မိေနတာထင္တယ္"
"အင္း ျမန္ျမန္သြားၾကည့္ၿပီး ျပန္ထြက္ရေအာင္ ကေလးက အေအးဒဏ္မခံနိုင္ဘူး"
ခြဲျခားက ႏြမ္းခါး၏ ပခုံးကေနေဖးမ ကာ ခပ္သြက္သြက္ေလွ်ာက္လိုက္ခ်ိန္တြင္ ပါးလႊာေသာ ေရခဲသား မ်က္ႏွာျပင္ကို ေတြ႕ရသည္။ ထိုအေပၚမွ သတိထားေလွ်ာက္ေနစဥ္ ေအာက္ဘက္မွာ လက္ဝါးတစ္ခု ေရခဲၾကမ္းျပင္ကို လာရိုက္သည္။ အသံေတြက ေအာက္ဘက္က လာမွန္း သတိထားမိေတာ့ ေရခဲသားျပင္ေပၚကေန ႏြမ္းခါးကို ျမန္ျမန္ဖယ္လိုက္ၿပီး လြတ္ရာတြင္ ထားလိုက္သည္။
"ေအာက္မွာ လူရွိလား"
ခြဲျခားက ၾကမ္းျပင္ကို ဒူးေထာက္၍ နားကပ္ကာ နားေထာင္ေတာ့
"ျမန္ျမန္ေလး ကယ္ေပးပါ ဒီမွာ ေအးလို႔ေသေတာ့မယ္"
အသံတစ္ခုက ေအာက္ဘက္မွ ေအာ္လိုက္ေတာ့ အထဲတြင္ လူရွိေနတာ ေသခ်ာသြားသည္။ ခြဲျခားက ေရခဲသားၾကမ္းျပင္ကို ခြဲရန္ အသုံးခ်နိဳင္မည့္ အရာတစ္ခုကို ေဘးပတ္လည္တြင္ ရွာရေဝာာ့သည္။
"အကို ဒီဘက္နားမွာ ေက်ာက္တုံးေတြ ရွိတယ္"
ႏြမ္းခါးေျပာသံၾကားမွ ဓာတ္မီးကို ႏြမ္းခါးအားေပး၍ အနားတြင္ရွိေသာ လက္တစ္ေပြ႕စာမွ်ရွိသည့္ ေက်ာက္တုံးတစ္ခုကို ေကာက္ယူကာ အေပၚသို႔ ျမႇောက္၍ ခြဲလိုက္သည္။ ေရခဲျပင္သည္ အေပၚယံၾကည့္လွ်င္ ပါးလႊာသည္ဟုထင္ရေသာ္လည္း ခြဲၾကည့္ေသာအခါ ေတာ္ေတာ္ႏွင့္မကြဲေပ။ အခ်က္ႏွစ္ဆယ္ေလာက္ ဆက္တိုက္ ေပါက္ခြဲလိုက္ေတာ့ ေရခဲသားျပင္တစ္ေလွ်ာက္ ပက္ၾကားအက္လာသည္။ ခြဲျခားက ႏြမ္းခါးရွိရာဘက္သို႔ ေျပးလိုက္ၿပီး ေနာက္ဆုံးတစ္ခ်က္ကို အားနဲ႕ ပစ္ေပါက္ခြဲလိုက္စဥ္ ေရခဲသားျပင္က ကြဲအက္၍ ၿပိဳက်ေလသည္။
"အား ေအးလို႔ေသေတာ့မွာပဲ ဒီဂူကို ေထာင္ေခ်ာက္ဆင္တဲ့သူကို ေတြ႕လို႔ကေတာ့ ဂုတ္ခ်ိဳးပစ္မယ္"
လူကို မျမင္ရခင္ အသံကို အရင္ၾကားရတာေၾကာင့္ ဓာတ္မီးနဲ႕ထိုးၾကည့္ေတာ့ အတြင္းတြင္ လူေလးေယာက္ရွိေနသည္။ အ၀တ္အစားေတြက ေဟာင္းႏြမ္းေနသည္ေတာ့မဟုတ္ေပမယ့္ ၿပဲသည့္ေနရာကၿပဲ၍ စုတ္ျပတ္ေနသည္လည္း ရွိသည္။
ေ႐ႊကိုင္းတပ္မ်က္မွန္ေလးနဲ႕ လူေခ်ာေလးတစ္ေယာက္က ႐ုတ္တရက္ၾကည့္ရင္ မိန္းကေလးႏွင့္ မွားရေလာက္ေအာင္ ေခ်ာေမာသည္။ အသက္ကေတာ့ ခြဲျခားႏွင့္႐ြယ္တူေလာက္ရွိမည္။ သူ႕ေဘးတြင္ရပ္ေနသည့္ ပါးသိုင္းေမႊးေရးေရးေလးရွိေသာ ခန႔္ညားသည့္ သူတစ္ဦးက ဒဏ္ရာရေနဟန္ရွိသည္။ ေဘးနားမွာေတာ့ အထုတ္အပိုးေတြပိုက္ထားေသာ အနည္းငယ္ ၀သည့္ သူတစ္ဦးကို ေတြ႕ရၿပီး က်န္တစ္ဦးကေတာ့ ေစာေစာက ၿငီးျငဴသည့္အသံပိုင္ရွင္ျဖစ္ဟန္တူသည္။ အရပ္ပုပု အသားျဖဴျဖဴႏွင့္ အေတာ္ေလးလည္း သြက္လက္သည္။ အေပၚကို လႊားခနဲ ခုန္တက္ကာ ခြဲျခားတို႔စီ ေလွ်ာက္လာသည္။ အႏၲရာယ္ရွိနိုင္လား ေျပာမရသည္ေၾကာင့္ ႏြမ္းခါးကို အေနာက္သို႔ပို႔လိုက္သည္။
"ေက်းဇူးတင္ပါတယ္ ဒီက ကြၽန္ေတာ္မ်ိဳးမွာ အကိုႀကီးေပးတဲ့ အသက္ပဲ ရွိပါေတာ့တယ္ ဗ်ာ"
႐ုပ္တည္ႀကီးနဲ႕ ေလွ်ာက္လာၿပီးမွ ခြဲျခားအနားကိုေရာက္ေတာ့ လက္ကိုဆြဲ၍ ငိုသံႀကီးလုပ္ေျပာလာသူေၾကာင့္ အေနာက္နားမွ ႏြမ္းခါး၏ ရယ္သံတိုးတိုးေလးထြက္လာသည္။
က်န္သူမ်ားလည္း အေပၚကို တက္လာေတာ့ မ်က္မွန္ႏွင့္ လူေခ်ာက
"ကူညီေပးလို႔ ေက်းဇူးတင္ပါတယ္ ကြၽန္ေတာ္က ေရွးေဟာင္သုေသသန ဌာနခ်ဳပ္က ပါေမာကၡ သွ်ံထိုက္ ပါ"
ခြဲျခားကိုေရာ ႏြမ္းခါးကိုပါ တရင္းတႏွီး ႏႈတ္ဆက္လာတာေၾကာင့္ ျပန္လည္အသိအမွတ္ျပဳေပးသည့္အေနျဖင့္ ေခါင္းညိတ္ျပလိုက္ၾကသည္။
"ဒါက ဖုန္းေ႐ႊ ပညာရွင္ ဘုန္းသိုက္ ပါ သူတို႔က Key နဲ႕ ေဖာ္ကာ ပါ"
ထိုသူကပဲ ဦးေဆာင္၍ မိတ္ဆက္ေလေတာ့ ခြဲျခားကလည္း ျပန္လည္ မိတ္ဆက္ရသည္။
"ကြၽန္ေတာ္က ခြဲျခားပါ သူက ႏြမ္းခါးပါ"
"ဟုတ္ကဲ့ အယ္ ကေလးေလးပါတာလား အထဲမွာ ေအးတယ္ အျပင္အရင္ ထြက္ရေအာင္"
ႏြမ္းခါး၏လက္ထဲက ကေလးကို ျမင္ေတာ့ အျပင္ထြက္ရန္ေျပာလာသည္။ တကယ္လည္း ေအးေနတာေၾကာင့္ အကုန္လုံး ဂူအေပါက္၀နားထိ ေလွ်ာက္လာလိုက္ၾကသည္။
"ဟိုေလ ကြၽန္ေတာ့မွာ နို႔ဘူးပါတယ္ မေဖာက္ရေသးဘူး sugar free အဲ့ဒါ ကေလးကို တိုက္လို႔ရလား ကေလးက ကိုယ္ေတြပူေနသလိုပဲ"
Keyဆိုသည့္ ပုေသးေသးေကာင္ေလးက ႏြမ္းခါးလက္ထဲက ကေလးကို ကိုင္ၾကည့္ရင္းက ေျပာလာသည္။
အသင့္ေသာက္ဘူးေလးျဖင့္ ထုတ္ပိုးထားေသာ ႏြားနို႔ဘူးေလးထုတ္ေပးေတာ့ ကေလးငယ္ကို တိုက္လို႔ျဖစ္ပါ့မလား စိုးရိမ္မိသည္။ ႏြားနို႔က ပူတဲ့ေနရာမွာ ထားလို႔မရေပမယ့္ ေရခဲေနသည့္ ဂူႀကီး ေက်းဇူးေၾကာင့္ ႏြားနို႔က ေကာင္းေသးသည္။
ႏြမ္းခါးက ကေလးပိုက္၍ ပါးစပ္ေသးေသးေလးထဲကို စိတ္ရွည္စြာ တစ္စက္ခ်င္းတိုက္ေနလိုက္သည္။
"ေသတၱာကို ဘယ္လိုဖြင့္ရမလဲ Keyလာၾကည့္ပါဦး"
ဘုန္းသိုက္ဆိုသည့္သူက တည္ၾကည္၍ အရွိန္အဝါရွိသူတစ္ေယာက္ကဲ့သို႔ အသံကအစ ၾကည္လင္ေနသည္။ ေသတၱာကို ဖင္တစ္ျပန္ေခါင္းတစ္ျပန္ ၾကည့္ၿပီးသည့္တိုင္ ဖြင့္ရမည့္ ေသာ့လည္း မေတြ႕သလို အရာလည္းမရွိေပ။
"ဒါနဲ႕ ခင္မ်ားတို႔က အထဲကို ဘယ္လိုေရာက္ေနတာလဲ"
"ကြၽန္ေတာ္တို႔ ရာဇ၀င္တစ္ခုကို လိုက္ေနတာဗ် ခင္မ်ား ဒီမွာ စစ္ပြဲျဖစ္တဲ့အေၾကာင္းသိတယ္မလား ေျမ့မိဖုရားရဲ႕ က်ိန္စာေလ"
"အြန္း သိတယ္ ဧကႏၲ အဲ့မိဖုရားက တကယ္ရွိခဲ့တာလား"
"အြန္းဟုတ္တယ္ ကြၽန္ေတာ့ အျမင္အရဆို ႏွစ္ေပါင္း သုံးေထာင္ေလာက္ရွိေနၿပီ အဲ့ဒီရာဇ၀င္က လိုက္ဖို႔သိပ္မလြယ္ေတာ့ဘူး သူတို႔ေခတ္အခါက ေနရာေတြကလည္း ေျမတစ္ဆင့္ေရတစ္ဆင့္ေတြ တက္ကုန္ေတာ့ အကုန္ေျမေအာက္ ေရာက္သြားၿပီဆိုပါေတာ့ ေပ်ာက္ေနတဲ့ ရာဇ၀င္ကိုလိုက္ရင္း လြန္ခဲ့တဲ့ သုံးလက ေတာင္ငူမွာ ပစၥည္းတစ္ခုရွာေတြ႕ခဲ့တယ္ အဲ့ပစၥည္းကို ဌာနကိုပို႔ေတာ့ မီဒီယာမွာ ျပလိုက္တဲ့ပုံေၾကာင့္ ရွီဘဲ့လူမ်ိဳးေတြက ေျမ့မိဖုရားရဲ႕ ပစၥည္းလို႔ ယုံၾကည္ၾကၿပီး စစ္ပြဲစၾကတာပဲ"
"ေျမ့မိဖုရားရဲ႕ ပစၥည္းတကယ္ဟုတ္တာလား"
"အင္း ဟုတ္တယ္လို႔ဆိုရမယ္ ဒီဂူကလည္း ေျမ့မိဖုရားစီမံခဲ့တာပဲ အထဲမွာ ေထာင္ေခ်ာက္ေတြရွိတယ္ ေရခဲကုန္တာက ကြၽန္ေတာ္တို႔ ေျခလွမ္းမွားၿပီး ေထာင္ေခ်ာက္ဖြင့္မိခဲ့လို႔ ေရခဲျမစ္နဲ႕တိုးခဲ့တာ ဒီဂူတစ္ခုလုံးကို ေရခဲေတြျဖစ္ကုန္ေရာ ဒီေသတၱာရဲ႕ အပူေငြ႕မရွိရင္ ေသေနတာၾကာၿပီ ေတာ္ေတာ္ကိုေတာ္တဲ့ မိဖုရားဗ်ာ ဒီေသတၱာရဖို႔ ေတာ္ေတာ္ ႀကိဳးစားလိုက္ရတယ္ အခု ဖြင့္လို႔မရျပန္ဘူး"
"ခဏေလး ေသတၱာမွာ စာေတြပါတယ္ မဖတ္တတ္ဘူး ကိုသွ်ံ တစ္ခ်က္ လာဖတ္ၾကည့္"
ဘုန္းသိုက္ႏွင့္ ခြဲျခားတို႔၏ စကားစ ျပတ္သြားကာ ေ႐ႊကိုင္းတပ္မ်က္မွန္ႏွင့္ စာဖတ္ေနေသာ သွ်ံထိုက္ကို ၾကည့္လိုက္သည္။
"ငါလည္း ဒီစာလုံးေတြကို သိပ္မရင္းႏွီးဘူး ငါဖတ္တာမမွားဘူးဆိုရင္ ျဖဴစင္တဲ့ေသြးနဲ႕မွ ေသတၱာက ပြင့္မယ္တဲ့"
အားလုံးေခါင္းႀကီးသြားၾကရသည္က တစ္ေယာက္မွ ကိုယ့္လိပ္ျပာကိုယ္မလုံတာပင္။ ဒီအ႐ြယ္ႀကီးမွာ ျဖဴစင္တဲ့သူရွိပါ့မလား။ ေျမ့မိဖုရား၏ ျဖဴစင္သူဟု ရည္ၫႊန္းလွ်င္ ကံငါးပါးကို စိတ္ႏွင့္ေတာင္ မျပစ္မွားဖူးသူ ျဖစ္ရမည္ျဖစ္သည္။ အ႐ြယ္ေရာက္ေနသူမ်ားအဖို႔ အနည္းဆုံးေတာ့ လိမ္ဖူးၾကသည္။ မုသားမပါ လက္ာမေခ်ာေလ။ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ၿပီး စိတ္ပ်က္သြားၾကေလသည္။
"ဟိုေလ ကေလးေလး ဆိုရင္ေရာ"
ႏြမ္းခါး၏ အႀကံေပးခ်က္ေၾကာင့္ အကုန္လုံး၏ မ်က္လုံးမ်ားက သူႏွင့္ကေလးဆီေရာက္လာသည္။
"အင္း ဒီခ်ိန္မွာ ကေလးေလာက္ ျဖဴစင္သူ မရွိေတာ့ဘူး ကေလးေလး အကို႔ကို ေသြးတစ္စက္ေလာက္ငွားေနာ္ ခနပဲ နာမွာသိလား ကြၽတ္ကြၽတ္ အကိုလည္း မလုပ္ရက္ပါဘူး ကေလးရယ္ စစ္ပြဲက ဒါမရွိရင္ ၿပီးမွာမဟုတ္လို႔ ခြင့္လႊတ္ပါ"
"ဟာ လွ်ာရွည္လိုက္တာ ေပး ဓား"
ေဖာ္ကာက ဓားပါးေလးကို ကိုင္ကာ ကေလးကို ေခ်ာ့ျမဴေနေတာ့ ဘုန္းသိုက္က စိတ္မရွည္ေသာေၾကာင့္ ဓားကို ဆြဲယူလိုက္ၿပီး ေသတၱာကို ေအာက္က ခံကာ ကေလးရဲ႕ လက္ညွိုးေလးကို ဓားထိပ္ျဖင့္ အသာေလးဖိလိုက္ေတာ့ ေသြးစက္ေလးမ်ား စိမ့္ထြက္လာသည္။
ကေလးက နာက်င္သြားေသာေၾကာင့္ ေအာ္ငိုေလေတာ့ အလုပ္ပိုရသည္က ႏြမ္းခါးပဲ ျဖစ္သည္။ ခြဲျခားကလည္း အနားသို႔ေရာက္လာကာ ကေလးကို ပြတ္သပ္ေလးေနသည္။
ေသတၱာေပၚေသြးစက္က်လွ်င္ တစ္ဂူလုံးလင္းေသာ အနီေရာင္အလင္းက ေသတၱာထဲမွ ထြက္လာသည္။ အကုန္လုံးမ်က္လုံးကို မွိတ္ထားလိုက္ရာမွ အလင္းေရာင္ေလွ်ာ့သြားသည့္အခါ ျပန္ဖြင့္လိုက္ေတာ့ ေသတၱာထဲတြင္ အညိုေရာင္သန္းေနေသာ စာေရးထားသည့္ပိတ္စႏွင့္ ေၾကးထည္ဘူးေလးကို ေတြ႕ရသည္။
"ဒီဘူးက ဟိုတစ္ေခါက္စာထဲမွာပါတဲ့ အဆိပ္မွန္သမွ်ေပ်ာက္တဲ့ ေဆးဆိုတာလား"
သူတို႔ေလးေယာက္ေျပာသည့္စကားအားလုံးကိုေတာ့ ခြဲျခားႏွင့္ ႏြမ္းခါး နားမလည္ေသာ္လည္း နားေထာင္ေနမိသည္။
"အြန္း ၾကည့္ရတာ ရွီဘဲ့လူမ်ိဳးေတြက က်ိန္စာမိတာ မဟုတ္ပဲ ေသြးထဲအဆိပ္ခတ္ခံရတာ ေမြးလာသမွ်ကေလးတိုင္းက မိခင္၀မ္းထဲမွာကတည္းက ေသြးေၾကာင့္အဆိပ္ခတ္ခံရတာပဲ ရက္စက္လိုက္တာ ႏွစ္ငါးဆယ္ၾကာမွ အစြမ္းျပတဲ့အဆိပ္ပဲျဖစ္ရမယ္"
"ဒါဆို သူတို႔ကက်ိန္စာေျဖတာမဟုတ္ပဲ အဆိပ္ေျဖရမွာေပါ့"
ေျမ့မိဖုရား၏ ဒ႑ာရီဟာ ေတာ္ေတာ္ကိုေလးနက္သည္။ ႏြမ္းခါးႏွင့္ခြဲျခား ညဏ္ေတာင္လိုက္မမွီနိုင္သည့္အရာမ်ားကို ေဖာ္ထုတ္ေနၾကသည့္ အေရွ႕က လူမ်ားကိုၾကည့္၍ ခ်ီးက်ဴးမိတာေတာ့ အမွန္ပဲ။
"ကဲအခ်ိန္လည္း မရွိေတာ့ဘူး ၾကာရင္ စစ္ပြဲ ဒီထက္ဆိုးေတာ့မယ္ သူတို႔လိုခ်င္တာေပးၿပီး ရန္ကုန္ကို အျမန္ျပန္ရမယ္"
ဘုန္သိုက္က စကားျဖတ္လိုက္ၿပီး ခြဲျခားတို႔ဘက္ လွည့္ၾကည့္ကာ
"ဒါဆို က်ေနာ္တို႔ကို ခြင့္ျပဳပါဦး ေနာင္အခြင့္အေရးရွိရင္ ျပန္ေတြ႕ၾကတာေပါ့"
"ဟုတ္ကဲ့ ျဖည္းျဖည္း သြားၾကပါ"
ကေလးငယ္ေလးရွိတာေၾကာင့္ ညဘက္ႀကီး ခရီးႏွင္ရန္က ခြဲျခားတို႔အတြက္ မျဖစ္နိုင္တာေၾကာင့္ ေနခဲ့ရန္ပဲဆုံးျဖတ္လိုက္သည္ကို ကိုဘုန္းသိုက္က ရိပ္မိဟန္တူသည္။ လိုက္ဖို႔မေမးေတာ့ပဲ ႏႈတ္ဆက္ကာ ဂူထဲကထြက္သြားၾကေလေတာ့သည္။
ဂူ၏အပူခ်ိန္က သိသိသာသာျပန္ျမင့္တက္လာတာေၾကာင့္ ေႏြးေႏြးေလးျဖစ္သြားသည္။ ႏြမ္းခါးက ေက်ာက္နံရံကို မွီ၍ ေမွးေနသည္။ ကေလးကလည္း အငိုတိတ္သြားၿပီျဖစ္သည္။ ကေလး၏ လက္က အနာကေတာ့ ေသတၱာပြင့္သြားၿပီးေနာက္ သတိမမူမိခင္မွာပဲ ပကတိအတိုင္းေလးျပန္လည္ ေပ်ာက္ကင္းသြားၿပီ ျဖစ္သည္။ ဒီေလာကမွာ သိပၸံပညာနဲ႕ ေျဖရွင္းလို႔ မရေသးတာေတြလည္း ရွိတယ္ဆိုတာ ခြဲျခားယုံၾကည္သြားသည္။ ပထမတစ္ခါ အေရွ႕က ေကာင္ေလးေၾကာင့္ ျဖစ္ၿပီး ယခုတစ္ခါ ထိုေကာင္ေလးနဲ႕အတူရွိခ်ိန္မွာ ထပ္ေတြ႕ခဲ့ရသည္။ အေရွ႕က ေကာင္ေလးကေတာ့ ကေလးကိုပိုက္၍ အိပ္ေပ်ာ္သြားၿပီ ျဖစ္ေသာ္လည္း စိတ္မခ်သည့္ ခြဲျခားက ညေစာင့္တပ္သား ျဖစ္သြားရေလေတာ့သည္။