အကို့ကို ကျွန်တော် ပိုင်ဆိုင်သည်ဟု ဆို၍ ရသော သုံးရက်မြောက်သောနေ့။
အကိုက အရင်လို နူးနူးညံ့ညံ့လေး ပြုံးမနေပါ။ ရင်ခွင်ထဲတိုး၀င်တိုင်း ပြန်လည် ဖက်ထားသော်လည်း နွေးထွေးမှုတို့ မရှိခဲ့ပါ။ ပါးလေးကို တိုးပေးတိုင်း ဖွဖွနမ်းတက်သော်လည်း ကြင်နာမှု အလျဉ်းမရှိ။ ပြောသမျှကို နားထောင်ပေးသော်လည်း ချစ်တယ်ဟူသော နှုတ်ပေါ်စကားကိုသာ ပြန်ပြောတတ်သည်။
အကို့ရဲ့ ဒူးအနာဟာ ပျောက်သွားခြင်းမရှိပဲ သွေးများ ထွက်နေစဲ ဖြစ်သည်။ အနာကို ပြုစားထားသည်ဟု ဆိုသောကြောင့် ဒီတိုင်း ဆက်သွားရင် အကို့အနာက ပိုဆိုးလာရုံပဲ ရှိသည်။
ဘေးနားမှာရှိနေပါလျက်၊ ပိုင်ဆိုင်ပါလျက်နဲ့ ကျွန်တော် ပျော်ရွှင်ခြင်း မရှိနိုင်တော့ပါ။ အရာအားလုံးထက် အကို့ကို ကျွန်တော် မြတ်နိုးတယ်။ ကျွန်တော် သဘောကျတဲ့ အကို့ရဲ့ ပါးထက်က ပါးချိုင့်လေးကို မမြင်ရတာ ကြာခဲ့ပြီ။
"အကို ချစ်သေးလားဟင်"
အကို့မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်ကာ ကျွန်တော်မေးလိုက်တော့
"အင်း ချစ်တယ်"
အဝေးကိုသာ ဆွေးဆွေးလေး ငေးကြည့်နေတဲ့အကိုဟာ ချစ်တယ်ဆိုသည့် စကားကို တစ်ချက်လေးတောင် လှည့်မကြည့်ပဲ ဖြေသည်။
ရစ်ဝဲတက်လာသည့် မျက်ရည်များက ပါးပြင်ပေါ် လှိမ့်ဆင်းသွားသည်။
"အကို့ ရင်ထဲက လာတဲ့ စကားလေး ကြားချင်လိုက်တာ အကိုသိလား ကျွန်တော် အခု မပျော်နိုင်တော့ဘူး"
နွမ်းခါး၏ တစ်ရက်တာဟာ ခွဲခြားနှင့်သာ ကုန်ဆုံးခဲ့သော်လည်း ခွဲခြားကမူ နွမ်းခါး မေးသည်ကိုသာ ဖြေသည်။ ကျွေးသည်ကိုသာ စားသည်။ မျက်စိအောက်ကလည်း အပျောက်မခံပေ။
၇ရက်အတွင်း သွေးသားနှီးနှောခြင်း ပြုလုပ်ရန် မှာလိုက်သော်လည်း နွမ်းခါး ထိုအရာများကို ကြောက်သည်။ ခွဲခြားကို ကုတင်ပေါ်တွင် အပေါ်မှ အုပ်မိုးထားချိန်၌ မျက်လုံးထဲတွင် စည်သူနှင့် ရဲမင်းတို့၏ တဏ္ဌာမျက်လုံးကြီးတွေကိုပဲ မြင်ယောင်လာသည်။ ကျွန်တော်ကြောက်တယ်။ ကျွန်တော့တုန်းက တော်တော်ကို ကြောက်ခဲ့တာ အကိုဆိုလည်း ဖွင့်မပြောနိုင်ပေမယ့် အရမ်းကြောက်နေမှာ။
ကျွန်တော်ကလေ အကို့ကို ဘေးနားထားချင်ခဲ့လို့သာ ဆိုးခဲ့တာပါ။ နည်းနည်းလေးတောင် အထိခိုက် မခံနိုင်ပါဘူး အကိုရယ်။
အခုတော့ ကျွန်တော့ကြောင့် စိတ်ရော ကိုယ်ပါ နာကျင်နေပြီမလား။ ဒူးခေါင်းက အနာလေးကို ပတ်တီးစည်းပေးပြီး ခပ်ဖွဖွ နမ်းမိသည်။ စပြီးရင် ဆုံးလို့မရဘူး။ နောက်ပြန်ဆုတ်လို့ မရဘူးတဲ့။ အကို့မျက်နှာကို မြင်ရတိုင်း နောင်တ တရားတို့က နှိပ်စက်နေပြီ အကို။
"အကို အသိစိတ်ပြန်လည်လာတဲ့အခါ ကျွန်တော့ကို မုန်းသွားမှာလားဟင် ကျွန်တော်ကလေ ငယ်ငယ်တည်းက လိုချင်တာကိုရဖို့ တပါးသူရဲ့ အချစ်ဆုံးခွေးလေးကိုလည်း အဆိပ်ခတ်ပြီး သတ်ဖူးတယ် အဖေ့ရဲ့ နောက်မိန်းမ ကလေးမရအောင်လည်း သားအိမ်ပျော့ဆေးတွေ တိုက်ဖူးတယ် ကျွန်တော်က အကိုထင်သလိုတော့ မဖြူစင်ပါဘူး"
အကို့ရှေ့မှာ ဒူးကိုထောက်ကာ တောင်းပန်တိုးလျော့ နေမိသည်။ မနက်ကလည်း မသွဲ့ယမင်းက ပြသနာရှာလို့ အကိုက အခြောက်ဟု အများရှေ့တွင် သမုတ်ခံရသည်။ အရာရာကို သွေးရင်း တစ်ယောက်လို စောင့်ရှောက်ပေးခဲ့တဲ့ အကို့ရဲ့ ဂုဏ်သိက္ခာကိုတောင် ကျွန်တော် မစောင့်ရှောက်နိုင်ဘူးဆိုရင် တဘ၀လုံးစာအတွက် အကို့ကို တာ၀န်မယူနိုင်မှာကို စိုးရိမ်လာပြီ။
"ဒီလောက်နဲ့ပဲ ကျွန်တော်တို့ ရပ်လိုက်ကြတော့မလားဟင်"
အကို့လက်နှစ်ဖက်ကို တင်းစွာဆုပ်ကိုင် ထားလိုက်ရင်း ကျွန်တော် မော့ကာ မေးဖြစ်သည်။ တည်ငြိမ်ခန့်ညားသည့် အကိုကတော့ ပြုံးရောင် သဲ့သဲ့လေးတောင် မပြ။
"အင်းလေ တစ်ဖက်တည်းက ချစ်ရတာလည်း အချစ်ပါပဲ နောင်မှာ အခွင့်ရှိသေးရင် အကို့ကို ကျွန်တော် ဖြူဖြူစင်စင်လေးပဲ ချစ်ချင်တယ် ဘာပဲဖြစ်ဖြစ် အနည်းဆုံးတော့ အကိုအသက်ရှည်ရှည် နေနိုင်ဦးမှာလေ"
နွမ်းခါးသည် စားပွဲပေါ်တွင် တင်ထားသော အသီးလှီးသည့် ဓားပါးငယ်ကို ယူကာ အင်းကွက်ပေါ်သို့ မျက်လုံးစုံမှိတ်၍ လက်ပြန် စိုက်ချလိုက်သည်။ ကျောတလျှောက် နာကျင်မှုဟာ ပြင်းထန်သော်လည်း ဒါနွမ်းခါး ပေးဆပ်ရမည့် အပြစ်ကြွေးပဲ ဖြစ်သည်။ ဓားကို ဆွဲနှုတ်၍ လွှတ်ချလိုက်တော့ ကုတင်ပေါ်တွင် အကိုက အရုပ်ကြိုးပျက် လဲကျသွားသည်။ အင်းကွက် မပျက်သ၍ ပြုစားလို့ ရနိုင်တယ် ဆိုရင် အင်းကွက်ပျက်တာနဲ့ ဒီမကောင်းတဲ့အရာတွေ ပျောက်သွားမယ်ဟု ဆရာက ပြောလိုက်သည်။ အကျိုးဆက်အနေနဲ့တော့ ခံရသူ၏ ကံအကျိုးအကြောင်း အဆိုးအကောင်းသည် တဖန်ပြန်လည်ကာ ပြုလုပ်သူထံသို့ ရောက်ရှိတတ်သည်တဲ့။ ထိုဆိုလိုရင်းကိုတော့ နွမ်းခါး နားမလည်ခဲ့ပါပေ။
ဒေါက် ဒေါက်
"နွမ်းခါးရေ ညီလေး အကို့အိမ်က မုန့်လာပို့သွားတယ် အခန်းထဲ လာစားပါလား"
မြတ်ဘုန်းမောင်၏ အသံကို ကြားတော့ နွမ်းခါး နှုတ်ခမ်းတွေ ပြာနှမ်းလာကာ ကုတင်ပေါ်က လူကို တချက်ကြည့်လိုက်သည်။ နွမ်းခါးအခု ဘယ်သူ့ကိုမှ မသိစေပဲ ထွက်ပြေးချင်နေပြီ ဖြစ်သည်။
တံခါးကို သော့မခတ်မိတာကိုပဲ အပြစ်တင်ရတော့ မည်။ မြတ်ဘုန်းမောင်က တံခါးကို အသာတွန်းဖွင့်ကာ အထဲရောက်လာသည်။ ကြမ်းပြင်ပေါ်တွင် သွေးပေနေသည့် ဓားကို ပစ်ချထားပြီး နွမ်းခါး လက်တွင် သွေးများ တစက်စက်ကျနေသည်။ ကုတင်ပေါ်တွင် လဲနေသော ခွဲခြားကို မြင်သောအခါ မြတ်ဘုန်းမောင် လန့်သွားပြီ ကုတင်နားကို အပြေးအလွှား ရောက်သွားသည်။
"ခွဲခြား ဟေ့ကောင် ထဦးလေကွာ ဘာဖြစ်သွားတာလဲ နွမ်းခါး ဘာလုပ်လိုက်တာလဲဟင်"
ခွဲခြားကို ထူလိုက်ပြီး ဒဏ်ရာ ရထားသေးလားဟု စစ်ဆေးရာ ခွဲခြားကမူ အကောင်းတိုင်း ရှိနေသည်။ မြတ်ဘုန်းမောင်၏ အတင်းနှိုးနေသံကြောင့် ခွဲခြား သတိပြန်လည်လာသည်ကို မြင်လိုက်ရချိန်တွင် နွမ်းခါး ကမ္ဘာကြီး ပြိုကျလုဆဲဆဲ ဖြစ်နေပြီ။
"မင်း နွမ်းခါးရာရ်ဇင်"
နွမ်းခါးကို လက်ညိုးထိုး၍ ခွဲခြားထလာသည်။ ဒေါသ မျက်လုံးများက နီရဲ၍ အေးစက်နေသည်။ အကို့ဆီမှာ ဒီလိုပုံစံမျိုး ပထမဆုံး မြင်ဖူးခြင်းပင်။
"ငါ့ကို ဒီလိုပုံနဲ့ ကျေးဇူးဆပ်လိုက်တာလား ဟမ်"
နွမ်းခါး၏ ညအိပ်၀တ်စုံ ကော်လံစကို အားနှင့်ဆွဲကာ ခွဲခြား လက်သီးဖြင့်ထိုးရန် ရွယ်လိုက်တော့ မြတ်ဘုန်းမောင်က ၀င်ဆွဲသည်။
"ခွဲခြား မလုပ်နဲ့ ဘာတွေ ဖြစ်တာလဲ ငါ့ကို ပြောပါဦး"
"ဒီကောင့် လုပ်ရပ်ကို မင်းကြည့်လိုက် ငါ့ကို ငါ့ကို တောက်"
ခွဲခြားက ပြောနေရင်း အသံဖျားတွေတုန်လာကာ တောက်ခေါက်လိုက်ပြီး နွမ်းခါးကို လွှတ်ပေးလိုက်သည်။
"မင်းသွားတော့ မင်းမျက်နှာ ငါမမြင်ချင်ဘူး ရွံတယ် ထွက်သွားစမ်းကွာ"
နွမ်းခါးကို ထွက်သွားခိုင်းသည့်သူကပင် အရင်ဆုံး နွမ်းခါးကို ထားခဲ့၍ အခန်းထဲက ထွက်သွားသည်။ ဖြစ်သင့်ပါတယ် ကျွန်တော်လုပ်ခဲ့တဲ့ သုံးရက်တာအတွက် ပေးဆပ်ရတာကြီးက ဆိုးရွားပေမယ့် တန်တယ်လို့ပဲ ယူဆပါ့မယ်။ ထွက်သွားသူ၏ ကျောပြင်ကို ကြည့်ကာ နွမ်းခါး၏ ကမ္ဘာငယ်ဟာ ပျက်သုန်းသွားတော့သည်။ ဟိုးကတည်းက ငေးကြည့်ရတဲ့ ကျောပြင်ဟာ အခုလို စိမ်းသက်သွားလိမ့်မည်ဟု နွမ်းခါး ဘယ်တုန်းကမှ တွေးမထင်ခဲ့ပါ။
ကျောပြင်ကို လက်ဖြင့် ဖိကိုင်ထားရင်း ဖုန်းကို ရှာလိုက်သည်။ ဖုန်းနံပါတ်တစ်ခုကို ရှာဖွေရင်း နှိပ်လိုက်တော့ contact name က မေမေ။
"ဟယ်လို မေမေ သားကို လာခေါ်ပါလားဟင် သား မနေချင်တော့ဘူး အရမ်းကြောက်တယ် လာခေါ်ပါနော် မေမေနော်"
တစ်ဖက်က အမေဖြစ်သူက အရမ်းလန့်သွားမှာ သေချာသည်။ အခုချက်ချင်း ထွက်လာပြီဟု ဆိုသော်လည်း နေပြည်တော်ကနေ မန္တလေးကို အနည်းဆုံး ငါးနာရီ စီးရသည်မို့ ဒီည နွမ်းခါး နှလုံးသား နွေးထွေးဖို့ ဘယ်သူ့ရင်မှာ ခို၀င်ရပါ့မလဲ။
တူ တူ တူ
Vibrate လုပ်ထားသော ဖုန်းက မြည်လာ၍ contact nameကို ကြည့်လိုက်တော့ နေသူရိန် ဟူ၍။
ဈေးရောင်းပွဲတော်နေ့တည်းက နွမ်းခါးကို တစ်ရက်မပျက် ဖုန်းဆက်သည်။ နွမ်းခါးကတော့ ကိုင်ချင်တဲ့ အချိန်ကိုင်သည်။ မကိုင်ချင်ရင် ဖုန်းချ လိုက်သည်။ လာတွေ့သည့်အခါလည်း ရှောင်၍ မရတော့မှသာ တွေ့လေ့ရှိသည်။ အခုတော့
"ဟယ်လို ညီ ကိုယ်အခု ညီ့ အဆောင်အောက် ရောက်နေတယ် အဆောင်ပိတ်ပြီ ဆိုပေမယ့် ခဏ ဆင်းခဲ့ပါလား ကိုယ် မုန့်လာပို့တာ"
"ဟုတ် အကို ခဏစောင့်နော်"
ဖုန်းချလိုက်သည်နှင့် နွမ်းခါး အ၀တ်နှစ်စုံ သုံးစုံကို ကျောပိုးအိတ်ထဲ ထည့်လိုက်သည်။ အဆောင်မှူးဆီသွားကာ ကျောမှာ မတော်တဆ ဖြစ်တာကြောင့် ဆေးရုံသွားရန် ခွင့်ပေးပါဟု တောင်းလိုက်သည်။ ကျောပေါ်က သွေးတွေကိုမြင်တော့ အဆောင်က လိုက်ပို့မည်ဟု ဆိုသော်လည်း အဆောင်ရှေ့တွင် လိုက်ပို့မည့်သူရှိတာကြောင့် ခွင့်ပဲ ပေးရန် တောင်းဆို လိုက်ရသည်။ တကိုယ်လုံးတုန်ရီနေပြီး မျက်ရည်များပင် မကျနိုင်တော့ပေ။ ရင်ဘတ်ထဲကရော ကျောပေါ်ကရော ခန္ဓာကိုယ်တစ်ခုလုံး နာကျင်နေသည်။
အဆောင်ရှေ့ရောက်တော့ ကျွန်တော်ပြေးလာသည်ကို မြင်သည့် ကိုနေက အပြေးလာကြိုသည်။ သူ့နားကို ရောက်သည့် အချိန်တွင်တော့ ဒူးကမခိုင်တော့ပဲ လဲကျသွားပြီး ပတ်၀န်းကျင်နဲ့ အဆက်အသွယ်ပြတ်သွားခဲ့တော့သည်။
Zawgyi
အကို႔ကို ကြၽန္ေတာ္ ပိုင္ဆိုင္သည္ဟု ဆို၍ ရေသာ သုံးရက္ေျမာက္ေသာေန႕။
အကိုက အရင္လို ႏူးႏူးညံ့ညံ့ေလး ၿပဳံးမေနပါ။ ရင္ခြင္ထဲတိုး၀င္တိုင္း ျပန္လည္ ဖက္ထားေသာ္လည္း ေႏြးေထြးမႈတို႔ မရွိခဲ့ပါ။ ပါးေလးကို တိုးေပးတိုင္း ဖြဖြနမ္းတက္ေသာ္လည္း ၾကင္နာမႈ အလ်ဥ္းမရွိ။ ေျပာသမွ်ကို နားေထာင္ေပးေသာ္လည္း ခ်စ္တယ္ဟူေသာ ႏႈတ္ေပၚစကားကိုသာ ျပန္ေျပာတတ္သည္။
အကို႔ရဲ႕ ဒူးအနာဟာ ေပ်ာက္သြားျခင္းမရွိပဲ ေသြးမ်ား ထြက္ေနစဲ ျဖစ္သည္။ အနာကို ျပဳစားထားသည္ဟု ဆိုေသာေၾကာင့္ ဒီတိုင္း ဆက္သြားရင္ အကို႔အနာက ပိုဆိုးလာ႐ုံပဲ ရွိသည္။
ေဘးနားမွာရွိေနပါလ်က္၊ ပိုင္ဆိုင္ပါလ်က္နဲ႕ ကြၽန္ေတာ္ ေပ်ာ္႐ႊင္ျခင္း မရွိနိုင္ေတာ့ပါ။ အရာအားလုံးထက္ အကို႔ကို ကြၽန္ေတာ္ ျမတ္နိုးတယ္။ ကြၽန္ေတာ္ သေဘာက်တဲ့ အကို႔ရဲ႕ ပါးထက္က ပါးခ်ိဳင့္ေလးကို မျမင္ရတာ ၾကာခဲ့ၿပီ။
"အကို ခ်စ္ေသးလားဟင္"
အကို႔မ်က္ႏွာကို လက္ႏွစ္ဖက္ျဖင့္ ကိုင္ကာ ကြၽန္ေတာ္ေမးလိုက္ေတာ့
"အင္း ခ်စ္တယ္"
အေဝးကိုသာ ေဆြးေဆြးေလး ေငးၾကည့္ေနတဲ့အကိုဟာ ခ်စ္တယ္ဆိုသည့္ စကားကို တစ္ခ်က္ေလးေတာင္ လွည့္မၾကည့္ပဲ ေျဖသည္။
ရစ္ဝဲတက္လာသည့္ မ်က္ရည္မ်ားက ပါးျပင္ေပၚ လွိမ့္ဆင္းသြားသည္။
"အကို႔ ရင္ထဲက လာတဲ့ စကားေလး ၾကားခ်င္လိုက္တာ အကိုသိလား ကြၽန္ေတာ္ အခု မေပ်ာ္နိုင္ေတာ့ဘူး"
ႏြမ္းခါး၏ တစ္ရက္တာဟာ ခြဲျခားႏွင့္သာ ကုန္ဆုံးခဲ့ေသာ္လည္း ခြဲျခားကမူ ႏြမ္းခါး ေမးသည္ကိုသာ ေျဖသည္။ ေကြၽးသည္ကိုသာ စားသည္။ မ်က္စိေအာက္ကလည္း အေပ်ာက္မခံေပ။
၇ရက္အတြင္း ေသြးသားႏွီးေႏွာျခင္း ျပဳလုပ္ရန္ မွာလိုက္ေသာ္လည္း ႏြမ္းခါး ထိုအရာမ်ားကို ေၾကာက္သည္။ ခြဲျခားကို ကုတင္ေပၚတြင္ အေပၚမွ အုပ္မိုးထားခ်ိန္၌ မ်က္လုံးထဲတြင္ စည္သူႏွင့္ ရဲမင္းတို႔၏ တဏၭာမ်က္လုံးႀကီးေတြကိုပဲ ျမင္ေယာင္လာသည္။ ကြၽန္ေတာ္ေၾကာက္တယ္။ ကြၽန္ေတာ့တုန္းက ေတာ္ေတာ္ကို ေၾကာက္ခဲ့တာ အကိုဆိုလည္း ဖြင့္မေျပာနိုင္ေပမယ့္ အရမ္းေၾကာက္ေနမွာ။
ကြၽန္ေတာ္ကေလ အကို႔ကို ေဘးနားထားခ်င္ခဲ့လို႔သာ ဆိုးခဲ့တာပါ။ နည္းနည္းေလးေတာင္ အထိခိုက္ မခံနိုင္ပါဘူး အကိုရယ္။
အခုေတာ့ ကြၽန္ေတာ့ေၾကာင့္ စိတ္ေရာ ကိုယ္ပါ နာက်င္ေနၿပီမလား။ ဒူးေခါင္းက အနာေလးကို ပတ္တီးစည္းေပးၿပီး ခပ္ဖြဖြ နမ္းမိသည္။ စၿပီးရင္ ဆုံးလို႔မရဘူး။ ေနာက္ျပန္ဆုတ္လို႔ မရဘူးတဲ့။ အကို႔မ်က္ႏွာကို ျမင္ရတိုင္း ေနာင္တ တရားတို႔က ႏွိပ္စက္ေနၿပီ အကို။
"အကို အသိစိတ္ျပန္လည္လာတဲ့အခါ ကြၽန္ေတာ့ကို မုန္းသြားမွာလားဟင္ ကြၽန္ေတာ္ကေလ ငယ္ငယ္တည္းက လိုခ်င္တာကိုရဖို႔ တပါးသူရဲ႕ အခ်စ္ဆုံးေခြးေလးကိုလည္း အဆိပ္ခတ္ၿပီး သတ္ဖူးတယ္ အေဖ့ရဲ႕ ေနာက္မိန္းမ ကေလးမရေအာင္လည္း သားအိမ္ေပ်ာ့ေဆးေတြ တိုက္ဖူးတယ္ ကြၽန္ေတာ္က အကိုထင္သလိုေတာ့ မျဖဴစင္ပါဘူး"
အကို႔ေရွ႕မွာ ဒူးကိုေထာက္ကာ ေတာင္းပန္တိုးေလ်ာ့ ေနမိသည္။ မနက္ကလည္း မသြဲ႕ယမင္းက ျပသနာရွာလို႔ အကိုက အေျခာက္ဟု အမ်ားေရွ႕တြင္ သမုတ္ခံရသည္။ အရာရာကို ေသြးရင္း တစ္ေယာက္လို ေစာင့္ေရွာက္ေပးခဲ့တဲ့ အကို႔ရဲ႕ ဂုဏ္သိကၡာကိုေတာင္ ကြၽန္ေတာ္ မေစာင့္ေရွာက္နိုင္ဘူးဆိုရင္ တဘ၀လုံးစာအတြက္ အကို႔ကို တာ၀န္မယူနိုင္မွာကို စိုးရိမ္လာၿပီ။
"ဒီေလာက္နဲ႕ပဲ ကြၽန္ေတာ္တို႔ ရပ္လိုက္ၾကေတာ့မလားဟင္"
အကို႔လက္ႏွစ္ဖက္ကို တင္းစြာဆုပ္ကိုင္ ထားလိုက္ရင္း ကြၽန္ေတာ္ ေမာ့ကာ ေမးျဖစ္သည္။ တည္ၿငိမ္ခန႔္ညားသည့္ အကိုကေတာ့ ၿပဳံးေရာင္ သဲ့သဲ့ေလးေတာင္ မျပ။
"အင္းေလ တစ္ဖက္တည္းက ခ်စ္ရတာလည္း အခ်စ္ပါပဲ ေနာင္မွာ အခြင့္ရွိေသးရင္ အကို႔ကို ကြၽန္ေတာ္ ျဖဴျဖဴစင္စင္ေလးပဲ ခ်စ္ခ်င္တယ္ ဘာပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ အကိုအသက္ရွည္ရွည္ ေနနိုင္ဦးမွာေလ"
ႏြမ္းခါးသည္ စားပြဲေပၚတြင္ တင္ထားေသာ အသီးလွီးသည့္ ဓားပါးငယ္ကို ယူကာ အင္းကြက္ေပၚသို႔ မ်က္လုံးစုံမွိတ္၍ လက္ျပန္ စိုက္ခ်လိဳက္သည္။ ေက်ာတေလွ်ာက္ နာက်င္မႈဟာ ျပင္းထန္ေသာ္လည္း ဒါႏြမ္းခါး ေပးဆပ္ရမည့္ အျပစ္ေႂကြးပဲ ျဖစ္သည္။ ဓားကို ဆြဲႏႈတ္၍ လႊတ္ခ်လိဳက္ေတာ့ ကုတင္ေပၚတြင္ အကိုက အ႐ုပ္ႀကိဳးပ်က္ လဲက်သြားသည္။ အင္းကြက္ မပ်က္သ၍ ျပဳစားလို႔ ရနိုင္တယ္ ဆိုရင္ အင္းကြက္ပ်က္တာနဲ႕ ဒီမေကာင္းတဲ့အရာေတြ ေပ်ာက္သြားမယ္ဟု ဆရာက ေျပာလိုက္သည္။ အက်ိဳးဆက္အေနနဲ႕ေတာ့ ခံရသူ၏ ကံအက်ိဳးအေၾကာင္း အဆိုးအေကာင္းသည္ တဖန္ျပန္လည္ကာ ျပဳလုပ္သူထံသို႔ ေရာက္ရွိတတ္သည္တဲ့။ ထိုဆိုလိုရင္းကိုေတာ့ ႏြမ္းခါး နားမလည္ခဲ့ပါေပ။
ေဒါက္ ေဒါက္
"ႏြမ္းခါးေရ ညီေလး အကို႔အိမ္က မုန႔္လာပို႔သြားတယ္ အခန္းထဲ လာစားပါလား"
ျမတ္ဘုန္းေမာင္၏ အသံကို ၾကားေတာ့ ႏြမ္းခါး ႏႈတ္ခမ္းေတြ ျပာႏွမ္းလာကာ ကုတင္ေပၚက လူကို တခ်က္ၾကည့္လိုက္သည္။ ႏြမ္းခါးအခု ဘယ္သူ႕ကိုမွ မသိေစပဲ ထြက္ေျပးခ်င္ေနၿပီ ျဖစ္သည္။
တံခါးကို ေသာ့မခတ္မိတာကိုပဲ အျပစ္တင္ရေတာ့ မည္။ ျမတ္ဘုန္းေမာင္က တံခါးကို အသာတြန္းဖြင့္ကာ အထဲေရာက္လာသည္။ ၾကမ္းျပင္ေပၚတြင္ ေသြးေပေနသည့္ ဓားကို ပစ္ခ်ထားၿပီး ႏြမ္းခါး လက္တြင္ ေသြးမ်ား တစက္စက္က်ေနသည္။ ကုတင္ေပၚတြင္ လဲေနေသာ ခြဲျခားကို ျမင္ေသာအခါ ျမတ္ဘုန္းေမာင္ လန႔္သြားၿပီ ကုတင္နားကို အေျပးအလႊား ေရာက္သြားသည္။
"ခြဲျခား ေဟ့ေကာင္ ထဦးေလကြာ ဘာျဖစ္သြားတာလဲ ႏြမ္းခါး ဘာလုပ္လိုက္တာလဲဟင္"
ခြဲျခားကို ထူလိုက္ၿပီး ဒဏ္ရာ ရထားေသးလားဟု စစ္ေဆးရာ ခြဲျခားကမူ အေကာင္းတိုင္း ရွိေနသည္။ ျမတ္ဘုန္းေမာင္၏ အတင္းႏွိုးေနသံေၾကာင့္ ခြဲျခား သတိျပန္လည္လာသည္ကို ျမင္လိုက္ရခ်ိန္တြင္ ႏြမ္းခါး ကမာၻႀကီး ၿပိဳက်လဳဆဲဆဲ ျဖစ္ေနၿပီ။
"မင္း ႏြမ္းခါးရာရ္ဇင္"
ႏြမ္းခါးကို လက္ညိုးထိုး၍ ခြဲျခားထလာသည္။ ေဒါသ မ်က္လုံးမ်ားက နီရဲ၍ ေအးစက္ေနသည္။ အကို႔ဆီမွာ ဒီလိုပုံစံမ်ိဳး ပထမဆုံး ျမင္ဖူးျခင္းပင္။
"ငါ့ကို ဒီလိုပုံနဲ႕ ေက်းဇူးဆပ္လိုက္တာလား ဟမ္"
ႏြမ္းခါး၏ ညအိပ္၀တ္စုံ ေကာ္လံစကို အားႏွင့္ဆြဲကာ ခြဲျခား လက္သီးျဖင့္ထိုးရန္ ႐ြယ္လိုက္ေတာ့ ျမတ္ဘုန္းေမာင္က ၀င္ဆြဲသည္။
"ခြဲျခား မလုပ္နဲ႕ ဘာေတြ ျဖစ္တာလဲ ငါ့ကို ေျပာပါဦး"
"ဒီေကာင့္ လုပ္ရပ္ကို မင္းၾကည့္လိုက္ ငါ့ကို ငါ့ကို ေတာက္"
ခြဲျခားက ေျပာေနရင္း အသံဖ်ားေတြတုန္လာကာ ေတာက္ေခါက္လိုက္ၿပီး ႏြမ္းခါးကို လႊတ္ေပးလိုက္သည္။
"မင္းသြားေတာ့ မင္းမ်က္ႏွာ ငါမျမင္ခ်င္ဘူး ႐ြံတယ္ ထြက္သြားစမ္းကြာ"
ႏြမ္းခါးကို ထြက္သြားခိုင္းသည့္သူကပင္ အရင္ဆုံး ႏြမ္းခါးကို ထားခဲ့၍ အခန္းထဲက ထြက္သြားသည္။ ျဖစ္သင့္ပါတယ္ ကြၽန္ေတာ္လုပ္ခဲ့တဲ့ သုံးရက္တာအတြက္ ေပးဆပ္ရတာႀကီးက ဆိုး႐ြားေပမယ့္ တန္တယ္လို႔ပဲ ယူဆပါ့မယ္။ ထြက္သြားသူ၏ ေက်ာျပင္ကို ၾကည့္ကာ ႏြမ္းခါး၏ ကမာၻငယ္ဟာ ပ်က္သုန္းသြားေတာ့သည္။ ဟိုးကတည္းက ေငးၾကည့္ရတဲ့ ေက်ာျပင္ဟာ အခုလို စိမ္းသက္သြားလိမ့္မည္ဟု ႏြမ္းခါး ဘယ္တုန္းကမွ ေတြးမထင္ခဲ့ပါ။
ေက်ာျပင္ကို လက္ျဖင့္ ဖိကိုင္ထားရင္း ဖုန္းကို ရွာလိုက္သည္။ ဖုန္းနံပါတ္တစ္ခုကို ရွာေဖြရင္း ႏွိပ္လိုက္ေတာ့ contact name က ေမေမ။
"ဟယ္လို ေမေမ သားကို လာေခၚပါလားဟင္ သား မေနခ်င္ေတာ့ဘူး အရမ္းေၾကာက္တယ္ လာေခၚပါေနာ္ ေမေမေနာ္"
တစ္ဖက္က အေမျဖစ္သူက အရမ္းလန႔္သြားမွာ ေသခ်ာသည္။ အခုခ်က္ခ်င္း ထြက္လာၿပီဟု ဆိုေသာ္လည္း ေနျပည္ေတာ္ကေန မႏၲေလးကို အနည္းဆုံး ငါးနာရီ စီးရသည္မို႔ ဒီည ႏြမ္းခါး ႏွလုံးသား ေႏြးေထြးဖို႔ ဘယ္သူ႕ရင္မွာ ခို၀င္ရပါ့မလဲ။
တူ တူ တူ
Vibrate လုပ္ထားေသာ ဖုန္းက ျမည္လာ၍ contact nameကို ၾကည့္လိုက္ေတာ့ ေနသူရိန္ ဟူ၍။
ေဈးေရာင္းပြဲေတာ္ေန႕တည္းက ႏြမ္းခါးကို တစ္ရက္မပ်က္ ဖုန္းဆက္သည္။ ႏြမ္းခါးကေတာ့ ကိုင္ခ်င္တဲ့ အခ်ိန္ကိုင္သည္။ မကိုင္ခ်င္ရင္ ဖုန္းခ် လိုက္သည္။ လာေတြ႕သည့္အခါလည္း ေရွာင္၍ မရေတာ့မွသာ ေတြ႕ေလ့ရွိသည္။ အခုေတာ့
"ဟယ္လို ညီ ကိုယ္အခု ညီ့ အေဆာင္ေအာက္ ေရာက္ေနတယ္ အေဆာင္ပိတ္ၿပီ ဆိုေပမယ့္ ခဏ ဆင္းခဲ့ပါလား ကိုယ္ မုန႔္လာပို႔တာ"
"ဟုတ္ အကို ခဏေစာင့္ေနာ္"
ဖုန္းခ်လိဳက္သည္ႏွင့္ ႏြမ္းခါး အ၀တ္ႏွစ္စုံ သုံးစုံကို ေက်ာပိုးအိတ္ထဲ ထည့္လိုက္သည္။ အေဆာင္မႉးဆီသြားကာ ေက်ာမွာ မေတာ္တဆ ျဖစ္တာေၾကာင့္ ေဆး႐ုံသြားရန္ ခြင့္ေပးပါဟု ေတာင္းလိုက္သည္။ ေက်ာေပၚက ေသြးေတြကိုျမင္ေတာ့ အေဆာင္က လိုက္ပို႔မည္ဟု ဆိုေသာ္လည္း အေဆာင္ေရွ႕တြင္ လိုက္ပို႔မည့္သူရွိတာေၾကာင့္ ခြင့္ပဲ ေပးရန္ ေတာင္းဆို လိုက္ရသည္။ တကိုယ္လုံးတုန္ရီေနၿပီး မ်က္ရည္မ်ားပင္ မက်နိဳင္ေတာ့ေပ။ ရင္ဘတ္ထဲကေရာ ေက်ာေပၚကေရာ ခႏၶာကိုယ္တစ္ခုလုံး နာက်င္ေနသည္။
အေဆာင္ေရွ႕ေရာက္ေတာ့ ကြၽန္ေတာ္ေျပးလာသည္ကို ျမင္သည့္ ကိုေနက အေျပးလာႀကိဳသည္။ သူ႕နားကို ေရာက္သည့္ အခ်ိန္တြင္ေတာ့ ဒူးကမခိုင္ေတာ့ပဲ လဲက်သြားၿပီး ပတ္၀န္းက်င္နဲ႕ အဆက္အသြယ္ျပတ္သြားခဲ့ေတာ့သည္။