"ငါမှာတာ ပါလာပြီလား"
"ဟုတ်ကဲ့ ပါလာပါပြီ ဒီမှာပါ"
သွေးစွန်းနေသော အနွေးထည်ကို အရှေ့တွင် ရှိသော လူကို ပေးလိုက်သည်။ အညိုရောင်၀တ်ရုံကို ၀တ်ထားပြီး နှုတ်ခမ်းမွေးများလည်း ရှည်နေသည်။ မျက်နှာတွင် ပေါက်နေသော အသားပိုဘု များကို ကြည့်လျှင် တော်တော်တော့ ကြောက်ဖို့ကောင်းသည်။
"မင်း အသက် ၁၈နှစ်တောင် မပြည့်သေးဘူးမလား မိဘ အုပ်ထိန်းမှု အောက်မှာပဲ ရှိသေးတဲ့ သူတွေကို ငါ မလုပ်ပေးဘူး"
"ကျွန်တော် အသက် ၁၈နှစ် မပြည့်သေးပေမယ့် မိဘ အုပ်ထိန်းမှု အောက်မှာ မဟုတ်ပါဘူး ကိုယ်ပိုင် ၀င်ငွေ ရှိပါတယ် "
"ဘာလို့ လုပ်ချင်ရတာလဲ ခဏတာ စိတ်ကစားတာလေးကို ဒီလောက်ထိ လုပ်ဖို့ မလိုပါဘူး"
"ဒီလူမရှိရင် မဖြစ်တော့ဘူးဆိုတဲ့ ခံစားချက်မျိုး ခံစားဖူးလား သူ့ကို ချစ်လို့ ရင်ဘတ်တွေပါ အောင့်လာတဲ့အထိ ကျွန်တော် ခံစားရတယ် ကျေးဇူးပြုပြီး ကျွန်တော့်ကို ကူညီပါ"
"ခရစ်ယာန်တစ်ယောက်က ဒီလိုအရာတွေကို ယုံကြည်လို့လား"
"ကျွန်တော်က အချစ်ကို ပိုယုံတာ သူ့ကို ပိုင်ဆိုင်ရဖို့ အားလုံးလုပ်နိုင်တယ်"
"စပြီးရင် နောက်ဆုတ်လို့ မရဘူးနော် မင်းလုပ်ချင်တာ သေချာပြီလား"
"ဟုတ်ကဲ့"
ကျွန်တော့၏ မျက်လုံးများကို ထိုလူကြီးက အချိန်ခဏကြာတဲ့ အထိ စိုက်ကြည့်နေသည်။ ထို့နောက်တွင်တော့ အကို့သွေးတွေ စွန်းနေသည့် အနွေးထည်ကို ယူကာ ထွက်သွားလေသည်။
အကို့သွေးနဲ့ ဆွဲတဲ့ အင်းကွက်ဟာ ရေးထိုးနေစဉ် ရရှိသော နာကျင်မှုက ဘယ်အရာနဲ့မှ မတူ။ စူးအောင့်နေအောင် ခံစားရသည်။ ရေးထိုးပြီးသွားချိန်မှာတော့ နာကျင်မှုက မရှိတော့ပေ။
"ဒီနေ့ညသန်းခေါင်ကစပြီး သူက မင်းအပိုင်ဖြစ်သွားလိမ့်မယ်"
နွမ်းခါး မျက်ရည်များ ဝဲကာ ဘယ်ဘက်ကျောပေါ်က အင်းကွက်ကို တို့ထိမိသည်။
"မင်းရွေးတဲ့လမ်းကို မှန်အောင် လျှောက်နိုင်ပါစေ ကောင်လေး"
ထိုလူကြီး၏ နောက်ဆုံး စကားပင် ဖြစ်သည်။
အပြန်တွင် သူငယ်ချင်းဖြစ်သူ သူဇာလွင်၏ ဆိုင်ကယ်ကို သူမအဆောင်သို့ သွားပို့ပြီးမှ ပြန်လာခဲ့၍ အဆောင်ပြန် နောက်ကျသည် ဖြစ်ရာ ခံ၀န်လက်မှတ် ၀င်ထိုးရသည်။
တစ်ညလုံး နွမ်းခါး အိပ်မပျော်ချေ။ ထိုညက ထူးထူးဆန်းဆန်း မိုးများ သည်းထန်စွာ ရွာသွန်းလေသည်။ နွမ်းခါးသည် ကုတင်ပေါ်တွင် ထိုင်လျက် ပြတင်းပေါက်ကိုသာ ငေးကြည့်နေသည်။ မိုးသည်းသဖြင့် မီးလည်းပျက်သွားပြီ ဖြစ်ရာ အခန်းတစ်ခုလုံး အမှောင်ကျနေသည်။ ည ၁၂နာရီ ထိုးနေပြီ ဖြစ်တာကြောင့် အဆောင်တစ်ခုလုံးကတော့ မိုးရွာတာကိုပင် မသိ အိပ်မောကျနေလေပြီ။
ဒေါက် ဒေါက် ဒေါက်
အခန်းတံခါး ခေါက်သံကြောင့် နွမ်းခါးလန့်သွားသည်။
"အကိုလား"
အသံတိုးတိုးဖြင့် တံခါးနားသွားကာ မေးလိုက်တော့ တုံ့ပြန်သံမကြားရပေ။ တံခါးဖွင့်လိုက်တော့ အမှောင်ထဲတွင် ရပ်နေသည့် ခွဲခြားကို မြင်လိုက်ရသည်။
"အပြင်မှာအရမ်းအေးတယ် အထဲ၀င်လေ အကို"
အထဲ၀င်ရန် နွမ်းခါးခေါ်လိုက်တော့ ချက်ချင်းမ၀င်သေးပဲ နွမ်းခါးကိုသာ စိုက်ကြည့်နေသည်။
"လွမ်းတယ် ကိုယ်မင်းမရှိရင် မနေနိုင်ဘူး အနားက ထွက်မသွားနဲ့နော်"
နူးညံ့စွာပြောကာ နွမ်းခါး၏ ခါးကို တင်းကြပ်စွာ ဖက်လာသည်။ ကြည်နူးရိပ်လေးသန်းသွားကာ ခွဲခြား၏ ကျောကို အသာပုတ်ပေးလိုက်သည်။
"အင်း အင်း သိတယ် အဲ့ဒါကြောင့် အထဲ၀င်တော့ မိုးပတ်တယ်"
ခွဲခြားကိုယ်ကို အထဲသို့ သွင်းကာ ရေစိုနေသည့် ခြေထောက်ကို သုတ်ပေးလိုက်သည်။ ဘောင်းဘီတို ၀တ်ထားတာကြောင့် ဒဏ်ရာရထားသော ဒူးခေါင်းကို မြင်လိုက်ရသည်။ ဆေးဘူးကို ယူကာ ခွဲခြား၏ ဒဏ်ရာကို ဆေးလိမ်းပြီး ပတ်တီးစီးရသည်။ ပိုး၀င်ကုန်တော့မှာပဲ အနာကို ဒီတိုင်းကြီးထားရလား။
"အကို ကျွန်တော့ကို ချစ်လား"
မျက်နှာပြောင်သည်ဟု ထင်ရင်လည်း ထင်ပါစေ နွမ်းခါးလိုချင်တာ အကို့ကိုဖြစ်သည်မို့ တခြားသူ၏ အမြင်ကို မလိုအပ်။
ခေါင်းညိတ်ကာ နွမ်းခါးကို တဖန်ပြန်ဖက်လာတာကြောင့် အလိုက်သင့်လေး ပခုံးကို ပြန်မှီထားသည်။
"ချစ်တယ် ကျွန်တော်လည်း အကို့ကို အများကြီးချစ်တယ်"
ထိုနေ့ ညက မှောင်မဲပြီး ချမ်းအေးသည်။ ချစ်သူရင်ခွင်တွင် မှေးစက်ရသဖြင့် နူးညံ့ခြင်း နွေးထွေးခြင်းများကို ခံစားရသည်။ တစ်ညလုံး နွမ်းခါးကို အလွတ်မပေးပဲ တင်းကြပ်စွာ ဖက်ထားသည့် ခွဲခြားက ပိုင်ဆိုင်သည့်အရာကို ဘယ်သူ့ကိုမှ မပေးချင်သလိုမျိုး၊ နွမ်းခါးမရှိရင် မဖြစ်တော့သည့်သူလိုမျိုး ဖြစ်နေသည်။
ကျွန်တော် တောင်းပန်ပါတယ်။ အကို့ကို လုံး၀ အဆုံးရှုံး မခံနိုင်လို့ပါ အကို။
မနက်လင်းတော့ ကျွန်တော့ဘေးမှာ အကိုက အိပ်မောကျနေစဲ ဖြစ်သည်။ သူနဲ့ကျွန်တော့ရဲ့ အခု ဆက်ဆံရေးက ဘယ်လိုမျိုးလဲ။ ချစ်သူတွေလား၊ ဒါမှမဟုတ် ရုပ်သေးရုပ်နဲ့ ကြိုးဆွဲသူလား။
ကျွန်တော် သိပ်ချစ်တဲ့ အကိုက အခု ကျွန်တော့ဘေးမှာလေ။ ကျွန်တော် ပျော်သင့်တယ်မလား။
အကို ရင်ခွင်က အရမ်းနွေးတယ်။ ထပ်ပြီးတော့ နောက်ထပ်အချိန်အကြာကြီး ဒီရင်ခွင်ထဲမှာ ဆက်နေချင်တယ်။
တစ်ရေးထပ်အိပ်ပျော်သွားပြီး နိုးလာတော့ အကိုက ကျွန်တော့ဆံပင်တွေကို သပ်ပေးနေတယ်။ မော့ကြည့်လိုက်တော့ ကျွန်တော့ကို ပြန်ငေးကြည့်လာတဲ့ မျက်လုံးတွေက ဆွေးမြေ့နေသလို ခံစားရတယ်။ ဒါပေမယ့် ရယ်ပြုံးခြင်းတော့ အလျဉ်းမရှိခဲ့ပါပေ။
"ထကြစို့ ဗိုက်ဆာနေပြီ မနက်စာ သွားစားကြမယ်လေ"
ရင်ခွင်ထဲကနေ ကျွန်တော် ပြောသည်ကို ခေါင်းညိတ်ပြကာ အကိုက ကျွန်တော့ကို အိပ်ရာထဲက ထရန် ထူပေးသည်။
"အကို morning kiss ပေးလေ"
ကျွန်တော့ပါးကို ခြေဖျားထောက်၍ ထိုးပေးတော့ အကိုက ငုံ့၍ နမ်းသည်။ ရန်ခုန်ခြင်းမျိုးလည်း အကိုမှာမရှိခဲ့ပါ။ အသက်မပါသော လူချည်းသက်သက်ပေးသည့် အနမ်းကလည်း ကျွန်တော့ အတွက်တော့ ချိုမြိန်ပါသည်။
"အကို မသွဲ့ယမင်းကို ဖြတ်လိုက်တော့နော်"
ပထမဆုံးတောင်းဆိုချင်သည့် အရာဆိုလျင် ဒါပဲ ဖြစ်သည်။ ခေါင်းညိတ်ပြလာသည့် အကို့ကို ဖက်ကာ
"ကောင်းတယ် ဒီတိုင်းလေး လိလိမ္မာမ္မာနဲ့ ကျွန်တော့နားမှာ နေပေးရမယ်နော်"
"အင်း"
"ချစ်လား ဖြေဦးလေ"
"အင်း ချစ်တယ် နွမ်းခါးကို ကိုယ်အရမ်းချစ်တယ်"
ဒီလောက်ဆို လုံလောက်ပြီ။ ဒီလူကို ပိုင်ဆိုင်ဖို့ တစ်လောကလုံးနဲ့လည်း ရင်ဆိုင်ရဲတယ်။
"နွမ်းခါး ညီလေး ထပြီဆိုရင် မနက်စာ သွားစားစို့လေ"
လင်းသူရက မနက်စာစားရန် တံခါးလာခေါက်တော့ နွမ်းခါး သက်ပြင်းချလိုက်ပြီး တံခါးဖွင့်ပေးလိုက်သည်။ ပထမဆုံး ရင်ဆိုင်ရမှာ အဆောင်တူသည့် အကိုတွေနဲ့ပဲ ဖြစ်သည်။
"ကိုလင်း ခဏနေ ကျွန်တော်နဲ့ အကိုခွဲခြား အောက်ဆင်းခဲ့မယ်နော်"
"ဟင် ခွဲခြားညက ဒီမှာ အိပ်တာလား"
"အင်း"
"ဟုတ်တယ် အကို ညက ကျွန်တော် ကြောက်လို့ ဖုန်းဆက် ခေါ်လိုက်တာ"
"ဪ အေးအေး အဲ့ဒါဆို အကိုတို့ အောက်မှာပဲ စောင့်မယ်နော်"
"ဟုတ် ကိုလင်း"
လင်းသူရ ထွက်သွားတော့ နွမ်းခါးက ခွဲခြားကို ထိုင်ခုံပေါ်တွင် ထိုင်စေလိုက်သည်။ ညကတည်းက သေသေချာချာ စည်းပေးထားသော ဒူးအနာက အခုထိ သွေးမတိတ်ပဲ ပတ်တီးစတွေပါ နီရဲလာသည်အထိ စိမ့်ထွက်နေသည်။
အနာကို ဆေးပြန်ထည့်ပေးပြီး ပတ်တီးစည်းပေးလိုက်သည်။
မဟုတ်သေးဘူး မနေ့က အကို့အနာက အဲ့လောက် မကြီးဘူး။ ဒီနေ့ သိသိသာသာ အနာရင်းပြီး ယောင်လာတာပဲ။
"ခွဲခြား မင်းဒီနေ့ ဘာဖြစ်နေတာလဲ တစ်ချိန်လုံး နွမ်းခါးကိုပဲ ကြည့်နေတယ်"
ကျော်ဇော၏ စကားသံ ကြားမှ နွမ်းခါး အတွေးကမ္ဘာထဲက ထွက်လာနိုင်သည်။
"ချစ်လို့"
"ဘာပြောတယ်"
ရုပ်တည်ကြီးနှင့် ခွဲခြားဖြေတော့ နွမ်းခါး သောက်နေသည့် ဟင်းရည် သီးသွားသည်
"ပြန်ပြောစမ်း မင်းက ဘယ်သူ့ကိုချစ်တာ"
"နွမ်းခါးကို ငါက ချစ်တာ"
နွမ်းခါးကို မျက်တောင်မခတ်ကြည့်ရင်း တစ်လုံးချင်းစီ ပြောလာတာကြောင့် မထင်မှတ်ထားရသည် ဖြစ်ကာ တစ်ဝိုင်းလုံး ပါးစပ် အဟောင်းသား ဖြစ်နေရသည်။
"ခွဲခြား အဆင်ပြေရဲ့လား ဆေးမှားသောက်ထားတာလား"
မဖြစ်ချေ နွမ်းခါး ၀င်ထိန်းမှ ရတော့မယ့် အခြေအနေ ဖြစ်သည်။
" ကိုကျော်လည်း ကျွန်တော့ကို ချစ်တယ်မလား"
"ဟမ် အေး ချစ်ပါတယ်"
နွမ်းခါးက ပြုံးကာ ၀င်ပြောတော့ ကျော်ဇောက ကြောင်အမ်းအမ်းဖြင့် ပြန်ဖြေသည်။
"မချစ်ရဘူး နွမ်းခါးကို ဘယ်သူမှ မချစ်ရဘူး"
ခွဲခြားက ကျော်ဇော၏ လည်ပင်းကို ကိုင်ထားကာ အလွတ်မပေး။ ရုတ်တရက်ကြီး မြန်ဆန်လှသည်မို့ နွမ်းခါးကိုယ်တိုင်လည်း ဘာဖြစ်သွားမှန်းမသိလိုက်ရပေ။
"အကို လွှတ်လိုက်ပါ"
"နွမ်းခါးက ကိုယ်ပိုင်တာ ကိုယ့်လူ ကိုယ့်ရဲ့ချစ်သူ"
နွမ်းခါးဘက်ကို ပြန်လှည့်ကာ လည်ပင်းကနေ ဖက်ထားတာကြောင့် အသက်ရှူလို့ မ၀ပေ။ အခု ခွဲခြားရဲ့ပုံက စိတ်လွတ်နေတဲ့သူ တစ်ယောက်လို နွမ်းခါးက လွဲရင် ဘယ်သူ့ကိုမှ မသိတော့တဲ့ လူလိုမျိုး။
"ခွဲခြား ဘာဖြစ်သွားတာလဲ"
"ငါလည်းမသိဘူး အကောင်းကြီးကနေ ဖြစ်သွားတာ အရင်ကလည်း စနောက်နေကျပဲ ဟာကို"
"အေး အခုလည်း နွမ်းခါး အတင်းဆွဲခေါ် သွားရတာပဲ ကြည့်လေ"
"တစ်ခုခုတော့ မှားနေပြီ ထင်တယ်နော်"
သူငယ်ချင်းတစ်သိုက် စဉ်းစားခန်း ဖွင့်ရပြန်သည်။ ချက်ချင်းကြီး နွမ်းခါးမှ နွမ်းခါး ဖြစ်သွားတာ ထူးဆန်းလွန်းနေသည်မလား။ ဘာတဲ့ နွမ်းခါးက ကိုယ့်ချစ်သူ ဟုတ်လား။
ထိုနေ့က ခွဲခြားနှင့်နွမ်းခါးတို့ နှစ်ဦးကို အဖွဲ့ထဲတွင် နောက်ဆုံးတွေ့ရခြင်းသာ ဖြစ်သည်။ ခွဲခြား၏ ပြောင်းလဲသွားပုံကို ကြည့်ကာ အံ့ဩရသော်လည်း တကယ့်လက်တွေ့တွင် ဘာမှ ရေရေရာရာ မသိတာကြောင့် ဝင်မပါရန်ပဲ ဆုံးဖြတ်လိုက်ကြတော့သည်။
Zawgyi
"ငါမွာတာ ပါလာၿပီလား"
"ဟုတ္ကဲ့ ပါလာပါၿပီ ဒီမွာပါ"
ေသြးစြန္းေနေသာ အေႏြးထည္ကို အေရွ႕တြင္ ရွိေသာ လူကို ေပးလိုက္သည္။ အညိုေရာင္၀တ္႐ုံကို ၀တ္ထားၿပီး ႏႈတ္ခမ္းေမြးမ်ားလည္း ရွည္ေနသည္။ မ်က္ႏွာတြင္ ေပါက္ေနေသာ အသားပိုဘု မ်ားကို ၾကည့္လွ်င္ ေတာ္ေတာ္ေတာ့ ေၾကာက္ဖို႔ေကာင္းသည္။
"မင္း အသက္ ၁၈ႏွစ္ေတာင္ မျပည့္ေသးဘူးမလား မိဘ အုပ္ထိန္းမႈ ေအာက္မွာပဲ ရွိေသးတဲ့ သူေတြကို ငါ မလုပ္ေပးဘူး"
"ကြၽန္ေတာ္ အသက္ ၁၈ႏွစ္ မျပည့္ေသးေပမယ့္ မိဘ အုပ္ထိန္းမႈ ေအာက္မွာ မဟုတ္ပါဘူး ကိုယ္ပိုင္ ၀င္ေငြ ရွိပါတယ္ "
"ဘာလို႔ လုပ္ခ်င္ရတာလဲ ခဏတာ စိတ္ကစားတာေလးကို ဒီေလာက္ထိ လုပ္ဖို႔ မလိုပါဘူး"
"ဒီလူမရွိရင္ မျဖစ္ေတာ့ဘူးဆိုတဲ့ ခံစားခ်က္မ်ိဳး ခံစားဖူးလား သူ႕ကို ခ်စ္လို႔ ရင္ဘတ္ေတြပါ ေအာင့္လာတဲ့အထိ ကြၽန္ေတာ္ ခံစားရတယ္ ေက်းဇူးျပဳၿပီး ကြၽန္ေတာ့္ကို ကူညီပါ"
"ခရစ္ယာန္တစ္ေယာက္က ဒီလိုအရာေတြကို ယုံၾကည္လို႔လား"
"ကြၽန္ေတာ္က အခ်စ္ကို ပိုယုံတာ သူ႕ကို ပိုင္ဆိုင္ရဖို႔ အားလုံးလုပ္နိုင္တယ္"
"စၿပီးရင္ ေနာက္ဆုတ္လို႔ မရဘူးေနာ္ မင္းလုပ္ခ်င္တာ ေသခ်ာၿပီလား"
"ဟုတ္ကဲ့"
ကြၽန္ေတာ့၏ မ်က္လုံးမ်ားကို ထိုလူႀကီးက အခ်ိန္ခဏၾကာတဲ့ အထိ စိုက္ၾကည့္ေနသည္။ ထို႔ေနာက္တြင္ေတာ့ အကို႔ေသြးေတြ စြန္းေနသည့္ အေႏြးထည္ကို ယူကာ ထြက္သြားေလသည္။
အကို႔ေသြးနဲ႕ ဆြဲတဲ့ အင္းကြက္ဟာ ေရးထိုးေနစဥ္ ရရွိေသာ နာက်င္မႈက ဘယ္အရာနဲ႕မွ မတူ။ စူးေအာင့္ေနေအာင္ ခံစားရသည္။ ေရးထိုးၿပီးသြားခ်ိန္မွာေတာ့ နာက်င္မႈက မရွိေတာ့ေပ။
"ဒီေန႕ညသန္းေခါင္ကစၿပီး သူက မင္းအပိုင္ျဖစ္သြားလိမ့္မယ္"
ႏြမ္းခါး မ်က္ရည္မ်ား ဝဲကာ ဘယ္ဘက္ေက်ာေပၚက အင္းကြက္ကို တို႔ထိမိသည္။
"မင္းေ႐ြးတဲ့လမ္းကို မွန္ေအာင္ ေလွ်ာက္နိုင္ပါေစ ေကာင္ေလး"
ထိုလူႀကီး၏ ေနာက္ဆုံး စကားပင္ ျဖစ္သည္။
အျပန္တြင္ သူငယ္ခ်င္းျဖစ္သူ သူဇာလြင္၏ ဆိုင္ကယ္ကို သူမအေဆာင္သို႔ သြားပို႔ၿပီးမွ ျပန္လာခဲ့၍ အေဆာင္ျပန္ ေနာက္က်သည္ ျဖစ္ရာ ခံ၀န္လက္မွတ္ ၀င္ထိုးရသည္။
တစ္ညလုံး ႏြမ္းခါး အိပ္မေပ်ာ္ေခ်။ ထိုညက ထူးထူးဆန္းဆန္း မိုးမ်ား သည္းထန္စြာ ႐ြာသြန္းေလသည္။ ႏြမ္းခါးသည္ ကုတင္ေပၚတြင္ ထိုင္လ်က္ ျပတင္းေပါက္ကိုသာ ေငးၾကည့္ေနသည္။ မိုးသည္းသျဖင့္ မီးလည္းပ်က္သြားၿပီ ျဖစ္ရာ အခန္းတစ္ခုလုံး အေမွာင္က်ေနသည္။ ည ၁၂နာရီ ထိုးေနၿပီ ျဖစ္တာေၾကာင့္ အေဆာင္တစ္ခုလုံးကေတာ့ မိုး႐ြာတာကိုပင္ မသိ အိပ္ေမာက်ေနေလၿပီ။
ေဒါက္ ေဒါက္ ေဒါက္
အခန္းတံခါး ေခါက္သံေၾကာင့္ ႏြမ္းခါးလန႔္သြားသည္။
"အကိုလား"
အသံတိုးတိုးျဖင့္ တံခါးနားသြားကာ ေမးလိုက္ေတာ့ တုံ႕ျပန္သံမၾကားရေပ။ တံခါးဖြင့္လိုက္ေတာ့ အေမွာင္ထဲတြင္ ရပ္ေနသည့္ ခြဲျခားကို ျမင္လိုက္ရသည္။
"အျပင္မွာအရမ္းေအးတယ္ အထဲ၀င္ေလ အကို"
အထဲ၀င္ရန္ ႏြမ္းခါးေခၚလိုက္ေတာ့ ခ်က္ခ်င္းမ၀င္ေသးပဲ ႏြမ္းခါးကိုသာ စိုက္ၾကည့္ေနသည္။
"လြမ္းတယ္ ကိုယ္မင္းမရွိရင္ မေနနိုင္ဘူး အနားက ထြက္မသြားနဲ႕ေနာ္"
ႏူးညံ့စြာေျပာကာ ႏြမ္းခါး၏ ခါးကို တင္းၾကပ္စြာ ဖက္လာသည္။ ၾကည္ႏူးရိပ္ေလးသန္းသြားကာ ခြဲျခား၏ ေက်ာကို အသာပုတ္ေပးလိုက္သည္။
"အင္း အင္း သိတယ္ အဲ့ဒါေၾကာင့္ အထဲ၀င္ေတာ့ မိုးပတ္တယ္"
ခြဲျခားကိုယ္ကို အထဲသို႔ သြင္းကာ ေရစိုေနသည့္ ေျခေထာက္ကို သုတ္ေပးလိုက္သည္။ ေဘာင္းဘီတို ၀တ္ထားတာေၾကာင့္ ဒဏ္ရာရထားေသာ ဒူးေခါင္းကို ျမင္လိုက္ရသည္။ ေဆးဘူးကို ယူကာ ခြဲျခား၏ ဒဏ္ရာကို ေဆးလိမ္းၿပီး ပတ္တီးစီးရသည္။ ပိုး၀င္ကုန္ေတာ့မွာပဲ အနာကို ဒီတိုင္းႀကီးထားရလား။
"အကို ကြၽန္ေတာ့ကို ခ်စ္လား"
မ်က္ႏွာေျပာင္သည္ဟု ထင္ရင္လည္း ထင္ပါေစ ႏြမ္းခါးလိုခ်င္တာ အကို႔ကိုျဖစ္သည္မို႔ တျခားသူ၏ အျမင္ကို မလိုအပ္။
ေခါင္းညိတ္ကာ ႏြမ္းခါးကို တဖန္ျပန္ဖက္လာတာေၾကာင့္ အလိုက္သင့္ေလး ပခုံးကို ျပန္မွီထားသည္။
"ခ်စ္တယ္ ကြၽန္ေတာ္လည္း အကို႔ကို အမ်ားႀကီးခ်စ္တယ္"
ထိုေန႕ ညက ေမွာင္မဲၿပီး ခ်မ္းေအးသည္။ ခ်စ္သူရင္ခြင္တြင္ ေမွးစက္ရသျဖင့္ ႏူးညံ့ျခင္း ေႏြးေထြးျခင္းမ်ားကို ခံစားရသည္။ တစ္ညလုံး ႏြမ္းခါးကို အလြတ္မေပးပဲ တင္းၾကပ္စြာ ဖက္ထားသည့္ ခြဲျခားက ပိုင္ဆိုင္သည့္အရာကို ဘယ္သူ႕ကိုမွ မေပးခ်င္သလိုမ်ိဳး၊ ႏြမ္းခါးမရွိရင္ မျဖစ္ေတာ့သည့္သူလိုမ်ိဳး ျဖစ္ေနသည္။
ကြၽန္ေတာ္ ေတာင္းပန္ပါတယ္။ အကို႔ကို လုံး၀ အဆုံးရႈံး မခံနိုင္လို႔ပါ အကို။
မနက္လင္းေတာ့ ကြၽန္ေတာ့ေဘးမွာ အကိုက အိပ္ေမာက်ေနစဲ ျဖစ္သည္။ သူနဲ႕ကြၽန္ေတာ့ရဲ႕ အခု ဆက္ဆံေရးက ဘယ္လိုမ်ိဳးလဲ။ ခ်စ္သူေတြလား၊ ဒါမွမဟုတ္ ႐ုပ္ေသး႐ုပ္နဲ႕ ႀကိဳးဆြဲသူလား။
ကြၽန္ေတာ္ သိပ္ခ်စ္တဲ့ အကိုက အခု ကြၽန္ေတာ့ေဘးမွာေလ။ ကြၽန္ေတာ္ ေပ်ာ္သင့္တယ္မလား။
အကို ရင္ခြင္က အရမ္းေႏြးတယ္။ ထပ္ၿပီးေတာ့ ေနာက္ထပ္အခ်ိန္အၾကာႀကီး ဒီရင္ခြင္ထဲမွာ ဆက္ေနခ်င္တယ္။
တစ္ေရးထပ္အိပ္ေပ်ာ္သြားၿပီး နိုးလာေတာ့ အကိုက ကြၽန္ေတာ့ဆံပင္ေတြကို သပ္ေပးေနတယ္။ ေမာ့ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့ကို ျပန္ေငးၾကည့္လာတဲ့ မ်က္လုံးေတြက ေဆြးေျမ့ေနသလို ခံစားရတယ္။ ဒါေပမယ့္ ရယ္ၿပဳံးျခင္းေတာ့ အလ်ဥ္းမရွိခဲ့ပါေပ။
"ထၾကစို႔ ဗိုက္ဆာေနၿပီ မနက္စာ သြားစားၾကမယ္ေလ"
ရင္ခြင္ထဲကေန ကြၽန္ေတာ္ ေျပာသည္ကို ေခါင္းညိတ္ျပကာ အကိုက ကြၽန္ေတာ့ကို အိပ္ရာထဲက ထရန္ ထူေပးသည္။
"အကို morning kiss ေပးေလ"
ကြၽန္ေတာ့ပါးကို ေျခဖ်ားေထာက္၍ ထိုးေပးေတာ့ အကိုက ငုံ႕၍ နမ္းသည္။ ရန္ခုန္ျခင္းမ်ိဳးလည္း အကိုမွာမရွိခဲ့ပါ။ အသက္မပါေသာ လူခ်ည္းသက္သက္ေပးသည့္ အနမ္းကလည္း ကြၽန္ေတာ့ အတြက္ေတာ့ ခ်ိဳၿမိန္ပါသည္။
"အကို မသြဲ႕ယမင္းကို ျဖတ္လိုက္ေတာ့ေနာ္"
ပထမဆုံးေတာင္းဆိုခ်င္သည့္ အရာဆိုလ်င္ ဒါပဲ ျဖစ္သည္။ ေခါင္းညိတ္ျပလာသည့္ အကို႔ကို ဖက္ကာ
"ေကာင္းတယ္ ဒီတိုင္းေလး လိလိမၼာမၼာနဲ႕ ကြၽန္ေတာ့နားမွာ ေနေပးရမယ္ေနာ္"
"အင္း"
"ခ်စ္လား ေျဖဦးေလ"
"အင္း ခ်စ္တယ္ ႏြမ္းခါးကို ကိုယ္အရမ္းခ်စ္တယ္"
ဒီေလာက္ဆို လုံေလာက္ၿပီ။ ဒီလူကို ပိုင္ဆိုင္ဖို႔ တစ္ေလာကလုံးနဲ႕လည္း ရင္ဆိုင္ရဲတယ္။
"ႏြမ္းခါး ညီေလး ထၿပီဆိုရင္ မနက္စာ သြားစားစို႔ေလ"
လင္းသူရက မနက္စာစားရန္ တံခါးလာေခါက္ေတာ့ ႏြမ္းခါး သက္ျပင္းခ်လိဳက္ၿပီး တံခါးဖြင့္ေပးလိုက္သည္။ ပထမဆုံး ရင္ဆိုင္ရမွာ အေဆာင္တူသည့္ အကိုေတြနဲ႕ပဲ ျဖစ္သည္။
"ကိုလင္း ခဏေန ကြၽန္ေတာ္နဲ႕ အကိုခြဲျခား ေအာက္ဆင္းခဲ့မယ္ေနာ္"
"ဟင္ ခြဲျခားညက ဒီမွာ အိပ္တာလား"
"အင္း"
"ဟုတ္တယ္ အကို ညက ကြၽန္ေတာ္ ေၾကာက္လို႔ ဖုန္းဆက္ ေခၚလိုက္တာ"
"ဪ ေအးေအး အဲ့ဒါဆို အကိုတို႔ ေအာက္မွာပဲ ေစာင့္မယ္ေနာ္"
"ဟုတ္ ကိုလင္း"
လင္းသူရ ထြက္သြားေတာ့ ႏြမ္းခါးက ခြဲျခားကို ထိုင္ခုံေပၚတြင္ ထိုင္ေစလိုက္သည္။ ညကတည္းက ေသေသခ်ာခ်ာ စည္းေပးထားေသာ ဒူးအနာက အခုထိ ေသြးမတိတ္ပဲ ပတ္တီးစေတြပါ နီရဲလာသည္အထိ စိမ့္ထြက္ေနသည္။
အနာကို ေဆးျပန္ထည့္ေပးၿပီး ပတ္တီးစည္းေပးလိုက္သည္။
မဟုတ္ေသးဘူး မေန႕က အကို႔အနာက အဲ့ေလာက္ မႀကီးဘူး။ ဒီေန႕ သိသိသာသာ အနာရင္းၿပီး ေယာင္လာတာပဲ။
"ခြဲျခား မင္းဒီေန႕ ဘာျဖစ္ေနတာလဲ တစ္ခ်ိန္လုံး ႏြမ္းခါးကိုပဲ ၾကည့္ေနတယ္"
ေက်ာ္ေဇာ၏ စကားသံ ၾကားမွ ႏြမ္းခါး အေတြးကမာၻထဲက ထြက္လာနိုင္သည္။
"ခ်စ္လို႔"
"ဘာေျပာတယ္"
႐ုပ္တည္ႀကီးႏွင့္ ခြဲျခားေျဖေတာ့ ႏြမ္းခါး ေသာက္ေနသည့္ ဟင္းရည္ သီးသြားသည္
"ျပန္ေျပာစမ္း မင္းက ဘယ္သူ႕ကိုခ်စ္တာ"
"ႏြမ္းခါးကို ငါက ခ်စ္တာ"
ႏြမ္းခါးကို မ်က္ေတာင္မခတ္ၾကည့္ရင္း တစ္လုံးခ်င္းစီ ေျပာလာတာေၾကာင့္ မထင္မွတ္ထားရသည္ ျဖစ္ကာ တစ္ဝိုင္းလုံး ပါးစပ္ အေဟာင္းသား ျဖစ္ေနရသည္။
"ခြဲျခား အဆင္ေျပရဲ႕လား ေဆးမွားေသာက္ထားတာလား"
မျဖစ္ေခ် ႏြမ္းခါး ၀င္ထိန္းမွ ရေတာ့မယ့္ အေျခအေန ျဖစ္သည္။
" ကိုေက်ာ္လည္း ကြၽန္ေတာ့ကို ခ်စ္တယ္မလား"
"ဟမ္ ေအး ခ်စ္ပါတယ္"
ႏြမ္းခါးက ၿပဳံးကာ ၀င္ေျပာေတာ့ ေက်ာ္ေဇာက ေၾကာင္အမ္းအမ္းျဖင့္ ျပန္ေျဖသည္။
"မခ်စ္ရဘူး ႏြမ္းခါးကို ဘယ္သူမွ မခ်စ္ရဘူး"
ခြဲျခားက ေက်ာ္ေဇာ၏ လည္ပင္းကို ကိုင္ထားကာ အလြတ္မေပး။ ႐ုတ္တရက္ႀကီး ျမန္ဆန္လွသည္မို႔ ႏြမ္းခါးကိုယ္တိုင္လည္း ဘာျဖစ္သြားမွန္းမသိလိုက္ရေပ။
"အကို လႊတ္လိုက္ပါ"
"ႏြမ္းခါးက ကိုယ္ပိုင္တာ ကိုယ့္လူ ကိုယ့္ရဲ႕ခ်စ္သူ"
ႏြမ္းခါးဘက္ကို ျပန္လွည့္ကာ လည္ပင္းကေန ဖက္ထားတာေၾကာင့္ အသက္ရႉလို႔ မ၀ေပ။ အခု ခြဲျခားရဲ႕ပုံက စိတ္လြတ္ေနတဲ့သူ တစ္ေယာက္လို ႏြမ္းခါးက လြဲရင္ ဘယ္သူ႕ကိုမွ မသိေတာ့တဲ့ လူလိုမ်ိဳး။
"ခြဲျခား ဘာျဖစ္သြားတာလဲ"
"ငါလည္းမသိဘူး အေကာင္းႀကီးကေန ျဖစ္သြားတာ အရင္ကလည္း စေနာက္ေနက်ပဲ ဟာကို"
"ေအး အခုလည္း ႏြမ္းခါး အတင္းဆြဲေခၚ သြားရတာပဲ ၾကည့္ေလ"
"တစ္ခုခုေတာ့ မွားေနၿပီ ထင္တယ္ေနာ္"
သူငယ္ခ်င္းတစ္သိုက္ စဥ္းစားခန္း ဖြင့္ရျပန္သည္။ ခ်က္ခ်င္းႀကီး ႏြမ္းခါးမွ ႏြမ္းခါး ျဖစ္သြားတာ ထူးဆန္းလြန္းေနသည္မလား။ ဘာတဲ့ ႏြမ္းခါးက ကိုယ့္ခ်စ္သူ ဟုတ္လား။
ထိုေန႕က ခြဲျခားႏွင့္ႏြမ္းခါးတို႔ ႏွစ္ဦးကို အဖြဲ႕ထဲတြင္ ေနာက္ဆုံးေတြ႕ရျခင္းသာ ျဖစ္သည္။ ခြဲျခား၏ ေျပာင္းလဲသြားပုံကို ၾကည့္ကာ အံ့ဩရေသာ္လည္း တကယ့္လက္ေတြ႕တြင္ ဘာမွ ေရေရရာရာ မသိတာေၾကာင့္ ဝင္မပါရန္ပဲ ဆုံးျဖတ္လိုက္ၾကေတာ့သည္။