တကယ်တော့ နွမ်းခါးသည် တစ်စုံတစ်ဦးကို နှစ်နှစ်ကာကာ ချစ်မြတ်နိုးမိသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည့်အလျောက် မည်သို့မည်ပုံ ချဉ်းကပ်ရမှန်း မသိပါချေ။ သာမှန် ညီအကို သံယောဇဉ်နှင့်သာ ခွဲခြားက ဆက်ဆံသည့် အခါမျိုးတွင် အသံတိတ်ကာ ရှေ့ဆက်မတိုးရဲခဲ့ပေ။
နွမ်းခါးသည် ထိုကဲ့သို့ တစ်စုံတစ်ယောက် မုန်းသွားမှာကို ပထမဆုံး စိုးထိတ်မိခြင်းလည်းဖြစ်သည်။ သွဲ့ယမင်းနှင့် ပတ်သတ်လျှင် အမြဲနွမ်းခါးက ဒုတိယလူဖြစ်ရသည်။ ခွဲခြား၏ မျက်နှာကို ထိုင်ငေးရုံမှအပ နွမ်းခါး ဘာမှ မတတ်နိုင်။ ထိုအခြေအနေကြီးကို နွမ်းခါး မုန်းသော်လည်း လက်ခံပေးရုံသာ တတ်နိုင်သည်။
အကို့အနားမှာနေရင်းနဲ့ပဲ ကျွန်တော်ဟာ တဖြည်းဖြည်း ဝေးကွာလာသလို ခံစားရတယ်။
သို့သော် နွမ်းခါး၏ ချစ်ခြင်းများစွာကတော့ လျော့သွားခြင်း ပေါ့သွားခြင်းမျိုးမရှိပဲ တိုး၍သာ လာခဲ့တော့သည်။
" ကိုလင်း ကိုမြတ် တံခါး ဖွင့်ပါဦး"
ငိုသံလေးနှင့် အရှေ့ကနေ အော်လာသည့် နွမ်းခါးအသံကြောင့် ခွဲခြားတို့ လန့်သွားသည်။ ညဘက် ဒီအချိန်ဆို လင်းသူရတို့အခန်းတွင် လူစုနေကြဖြစ်သော်လည်း နွမ်းခါးက ပင်ပန်းသည်ဟု ဆိုကာ စောစောအိပ်သွားခြင်း ဖြစ်သည်။
တံခါးကို ခွဲခြားဖွင့်လိုက်ချင်းပင် နွမ်းခါး၏ ကိုယ်လုံးက ခွဲခြားရင်ခွင်ထဲကို ပစ်၀င်သွားသည်။ ထိုအခါမှ ကျန်သောသူများကလည်း လန့်ဖြန့်ကာ
ထိတ်လန့်နေရသည့် အကြောင်းကို မေးနေကြသည်။ တခဏကြာမှ နွမ်းခါးက ခွဲခြားရင်ဘတ်ထဲက ထွက်ကာ တုန်ယင်နေသော ကိုယ်လေးကို တည်ငြိမ်အောင်ထိန်း၍
"ကျွန်တော့် အခန်းထဲမှာ လူရှိနေတယ် ကုတင်ခြေရင်းမှာ"
"ဟင် ဟုတ်လား လာ ကျော်ဇော သွားကြည့်ရအောင်"
စိုင်းက ကျော်ဇောကို ခေါ်ကာ နွမ်းခါး၏ အခန်းဘက်သို့ ထွက်သွားသည်။ ခွဲခြားက နွမ်းခါး၏ ကျောလေးကို ပွတ်ပေးနေရင်း
"အိပ်ယာနိုးကာစ ထင်ယောင်ထင်မှား ဖြစ်တာနေမှာပါ"
"ဟင့်အင်း အဲ့လို မဟုတ်ဘူး အကို လူကတစ်ယောက်တည်း မဟုတ်ဘူး ကုတင်အောက်မှာလည်း တစ်ယောက်ရှိတယ် ကျွန်တော် ကြောက်ပြီး မြန်မြန်ပြေးခဲ့တာ"
နွမ်းခါး၏ စကားကို ကြားတော့ ခွဲခြားတွေဝေ သွားသည်။ အခုတလောတွင် နွမ်းခါးနှင့် တောင်တက် ပြန်လာတိုင်း နွမ်းခါး၏ အခန်းသို့ရောက်လျှင် အခန်းက ထားခဲ့သည့်အတိုင်းမရှိပဲ နေရာရွေ့နေတာမျိုး ခွဲခြားလည်း မြင်နေရသည်မို့ သိသည်။ သေချာသော့ပိတ်ပြီး ညအိပ်၀တ်စုံများကို ခြေရင်းတွင် သပ်သပ်ရပ်ရပ် ခေါက်ထားခဲ့လျှင်တောင် ပြန်လာရင် အ၀တ်တွေက ပြန့်ကျဲနေတတ်သည်။ နွမ်းခါးက အ၀တ်တွေလည်း ခဏခဏ ပျောက်သည်ဟု ဆိုသည်။ ကိုယ့်အ၀တ်ကိုယ်လျှော်ပြီး ကိုယ့်အခန်းရှေ့တွင်သာ လှမ်းတတ်သော နွမ်းခါး၏ အ၀တ်များက ဘာကြောင့် တောက်လျှောက် ပျောက်နေရတာလဲ။
"ညီလေး အကိုတို့ သွားကြည့်ပြီးပြီ မရှိပါဘူး"
ကျော်ဇောက ပြန်၀င်လာရင်း ပြောလိုက်သည်။ မြတ်ဘုန်းမောင်ကလည်း ရေခပ်တိုက်လိုက်ပြီး
"ညီလေး ကြောက်နေရင် အကိုတို့နဲ့လာအိပ်လေ"
ထိုအခါ လင်းသူရက ၀င်၍
"မြတ်ရယ် ကိုယ်တို့အခန်းက ခြေချ စရာတောင် မရှိတဲ့ဟာ ပြီးရင် နွမ်းခါးက သန့်သန့်လေးနေတဲ့သူ ဘယ်အိပ်ပျော်မှာလဲ ညီလေး ခွဲခြားနဲ့အိပ်ရင်ရော"
"ဟာ မဖြစ်ဘူး စည်သူက သူစိမ်းခေါ်တာ မကြိုက်ဘူးလေ"
စိုင်းက သတိလှမ်းပေးရလေသည်။ စည်သူဆိုသည်မှာ ခွဲခြား၏ အခန်းဖော်ပင် ဖြစ်သည်။ စိုင်းနှင့်ကျော်ဇောတို့ကလည်း သူစိမ်းများနှင့် အခန်းဖော်ကျသူများ ဖြစ်တာကြောင့် ခေါ်ဖို့ရန် ခဲယဉ်းနေသည်။
"ဒါဆို အကို ညီလေးအခန်းမှာပဲ လာအိပ်မယ်လေ"
ခွဲခြားက ပြောလိုက်သောအခါ ညအိပ်၀တ်စုံ အပြာရောင် လက်ရှည်လေးနှင့် ကောင်လေးက မျက်ရည်ဝဲနေသည့် မျက်လုံးလေးများဖြင့်
"ရပါတယ် အကို အဆင်မပြေရင် ကျွန်တော် ဘာသာပဲ အိပ်ပါ့မယ်"
"အကိုက အဆင်ပြေပါတယ် အခုပြန်အိပ်တော့မလား ဒီမှာနေဦးမလား"
"ဒီမှာ ခဏနေဦးမယ်"
"အင်း ဟုတ်ပြီ ပြန်မယ်ဆို အကို့ကို ပြောနော်"
"ဟုတ်"
ခွဲခြားက လူတိုင်းအပေါ် စေတနာထားသည်။ ဒါကို နွမ်းခါးက အထင်မှားကာ မိမိကို ပိုဂရုစိုက်သည်ဟု ထင်ခဲ့ဖူးသည်။ နွမ်းခါးကို ဂရုစိုက်သကဲ့သို့ သွဲ့ယမင်းကိုလည်း ဂရုစိုက်သည် သူငယ်ချင်းများကိုလည်း ဂရုစိုက်သည်။ ဂျူနီယာများကိုလည်း ဂရုစိုက်တတ်သည်။ ထိုအရာက နွမ်းခါး၏ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိမှုများကို အားလျော့စေသည်။ သူငါ့ကို ပြန်ချစ်မှာမဟုတ်ဘူးဆိုသည့် အတွေးများနှင့် စိတ်သည် မလွတ်လပ်နိုင်စွာ အချုပ်ကျသူပမာ ဖြစ်နေသည်။ ခဏလောက် အကိုတွေနဲ့ နေပြီးတော့ နွမ်းခါး အိပ်ချင်လာသည်။
"အကို ကျွန်တော်နဲ့ လာအိပ်မှာလားဟင် ကျွန်တော် ပြန်တော့မယ်"
"အင်း သွားမယ်လေ "
ခွဲခြားက ချက်ချင်းထကာ လိုက်လာသည်။
နွမ်းခါး၏ အခန်းကိုရောက်တော့ spiderman အရုပ်များက စောင့်ကြိုနေသည်။
"ညီလေး နှစ်ယောက်အိပ်ရတာအဆင်မပြေရင် အကို အောက်ဆင်းအိပ်ပေးမယ်လေ ခဏလေး အကို အခန်းပြန်ပြီး စောင်သွားယူလိုက်မယ်"
"ရတယ် အကို ကျွန်တော် အိပ်တတ်ပါတယ် အိမ်မှာလည်း မေမေနဲ့ ခဏခဏ သွားအိပ်နေကြပဲဟာ အကိုအဆင်မပြေဘူးလားဟင်"
"ဪ အကိုက ပြေတယ် ဘယ်လိုနေနေ အိပ်တတ်တယ် ညီလေး ဘယ်ဘက်မှာ အိပ်မလဲ"
"နံရံဘက်မှာပဲ အိပ်မယ် ပြတင်းပေါက်ကို ကြောက်တယ်"
"ဟုတ်ပြီ ဟုတ်ပြီ အကို ဘေးစွန်းမှာ အိပ်မယ်နော် တစ်ခုခုဆို နှိုးနော် ကြားလား"
"ဟုတ်"
နွမ်းခါး၏ တစ်ယောက်အိပ်ကုတင်လေးသည် လူနှစ်ယောက်တော့ အသာလေး အိပ်လို့ ရပါသေးသည်။နွမ်းခါးက နံရံဘက်ကို ကပ်သွားကာ အရင်လှဲလိုက်သည်။ မီးပိတ်လိုက်ပြီး ခွဲခြားက ခြင်လုံ ခြင်တောင်အခုံး၏ ဇစ်ကို ဆွဲကာပိတ်လိုက်သည်။ နွမ်းခါးက ခေါင်းအုံးနှစ်လုံးအစတည်းက ရှိသည်မို့ မျှသုံးစရာ မလိုပေ။
"ညီလေး အဲ့လူတွေ မျက်နှာ မြင်လိုက်လား"
"ဟင့်အင်း ကောင်းကောင်းမမြင်လိုက်ရဘူး အကို မီးပိတ်ထားတော့လေ"
ခွဲခြားက အတွေးထဲ မျောသွားသည်။ ဘယ်သူတွေ ဖြစ်နိုင်လဲ။ ကြည့်ရတာ ထင်ယောင်ထင်မှားတော့ မဖြစ်နိုင်ဘူး။
"အကိုပြောသလို ကျွန်တော် အမြင်မှားတာနေမှာပါ"
ခွဲခြားက သံသယရှိသည်ကို ပြောပြချင်သော်လည်း နွမ်းခါးကြောက်သွားမည်ကို စိုးရိမ်တာကြောင့် မပြောရန်သာ ဆုံးဖြတ်လိုက်သည်။
"အင်း နောက်နေ့လည်း ကြောက်ရင် ပြောနော် အကို လာအိပ်ပေးမယ်"
"ဟုတ် အကို"
ခွဲခြားက ပက်လက်လှန်နေရာမှ နွမ်းခါးကို ကျောပေးရင်း စောင်းအိပ်လိုက်သည်။ နွမ်းခါးကတော့ ခွဲခြားဘက်ကို လှည့်ကာ စောင်းအိပ်လိုက်သည်။
ထိုကျောပြင်ကို ဖက်တွယ်ချင်သည်။ ထိုလက်မောင်းကို ခိုမှီချင်သည်။ သို့သော် ကျွန်တော့မှာ အခွင့်မရှိခဲ့ပါ။
အခန်းထဲကို ခိုးကြောင်ခိုးဝှက် ရောက်နေခဲ့သည့် သူခိုးလိုလို လူတွေကိုတောင် နွမ်းခါး ကျေးဇူးတင်ချင်သွားသည်။ ချစ်သူနှင့်အတူ အိပ်စက်ခွင့်ရပြီး ချစ်သူနှင့်အတူ နိုးထခွင့်ရသော ပထမဆုံး ညပင် ဖြစ်လေသည်။
"ညီလေး အခန်းရော အိပ်ယာရောက ကလေးပေါင်ဒါမှုန့်အနံ့လေး ရတယ်"
ခွဲခြားက ရယ်သံ တစ်၀က်နှင့် လှည့်မကြည့်ပဲပြောလာသည်။ ပြောချင်တာက နွမ်းခါးကပဲ သူငယ်နာ မစင်သေးသလိုလိုနဲ့ သူပြောမှ ကိုယ့်ကိုယ်ကို နမ်းကြည့်မိသည်။ နွမ်းခါးကတော့ ကိုယ့်ကိုယ်သင်းနံ့နဲ့ ရင်းနှီးနေပြီမို့ ဘာအနံ့မှန်း မသိပါ။
"နံလို့လားဟင်"
"ဟင့်အင်း မွှေးပါတယ် ညီလေး ကိုယ်သင်းနံ့လည်း ဒီအနံ့ပဲ မဟုတ်လား ကလေးပေါင်ဒါမှုန့်တွေ ခိုးသုံးနေတာလား"
အိပ်ချိန်ရောက်နေတာတောင် နွမ်းခါးကို စနောက်ရန် တွေးနေသေးသည်။
"အကိုနော် ကျွန်တော်က ဘာလို့ ကလေးပေါင်ဒါသုံးရမှာလဲ မသုံးပါဘူး လူကြီးဖြစ်နေပြီဟာကို"
"ဪ လူကြီးဖြစ်နေပြီလား"
"အကိုနော်"
"ဟားဟား စတာ စတာ အိပ်တော့ မနက် တောင်တက်ရဦးမယ်လေ"
"ဟွန်း ဟုတ် ဟုတ်"
စောင်လေးကို ပြန်ခြုံကာ နွမ်းခါး အိပ်ရန်ပဲ ပြင်လိုက်သည်။ ပြီးမှ ခွဲခြားတွင် စောင်မရှိသည်ကို သတိရတာမို့ ခွဲခြားကို စောင်လေးခြုံပေးလိုက်သည်။
အကိုရေ အိမ်မက်လှလှ မက်ပါစေ။
ထိုနေ့က နွမ်းခါး ကောင်းကောင်း အိပ်ပျော်ခဲ့သည်။ မနက်လင်းတော့ ချမ်းတာကြောင့် ဘေးနားရှိ ခန္ဓာကိုယ် နွေးနွေးကြီးကို ခွဖက် ထားမိလိုက်သည်။
"ညီလေး ဝောာင်တက်ဦးမှာလား"
ပက်လက်ဖြစ်နေသော ခွဲခြားက နွမ်းခါး ခွဖက်တာကြောင့် နိုးလာပြီး မျက်လုံးကို ပွတ်လိုက်ကာ ဘေးနားက ကောင်လေးကို မေးလိုက်သည်။ မျက်မှန်မတပ်ထားသည့် မျက်နှာလေးက မနက်စောစောတွင်တောင် ကြည့်ကောင်းနေသည်။ ကလေး တစ်ယောက်၏ အသားအရည်လေးအတိုင်း နုဖတ်နေသည်။ ခွဲခြားက နဖူးပေါ်တွင်ကျနေသော ဆံစလေးများကို သပ်တင်ပေးလိုက်တော့
"အရမ်းအေးတယ် မထချင်ဘူး"
ငြီးငြီးငြူငြူပြောလာတော့ ခွဲခြားပြုံးလိုက်သည်။ ခွဲခြားလည်း ဒီမနက်က ပိုချမ်းနေတာကြောင့် အိပ်ယာနွေးနွေးထဲသာ ကွေးနေလိုသည်။ ဒီလိုနဲ့ပဲ နှစ်ယောက်သား နောက်ထပ်တစ်ရေး ထပ်အိပ်ဖြစ်ခဲ့ကြတော့သည်။
ထိုနေ့က နွမ်းခါးသည် ကျောင်းခန်းထဲတွင် ပြုံးပြုံးကြီး ထိုင်ကာ အပျော်ကြီး ပျော်နေခဲ့ပေသည်။
Zawgyi
တကယ္ေတာ့ ႏြမ္းခါးသည္ တစ္စုံတစ္ဦးကို ႏွစ္ႏွစ္ကာကာ ခ်စ္ျမတ္နိုးမိသည္မွာ ပထမဆုံးအႀကိမ္ျဖစ္သည့္အေလ်ာက္ မည္သို႔မည္ပုံ ခ်ဥ္းကပ္ရမွန္း မသိပါေခ်။ သာမွန္ ညီအကို သံေယာဇဥ္ႏွင့္သာ ခြဲျခားက ဆက္ဆံသည့္ အခါမ်ိဳးတြင္ အသံတိတ္ကာ ေရွ႕ဆက္မတိုးရဲခဲ့ေပ။
ႏြမ္းခါးသည္ ထိုကဲ့သို႔ တစ္စုံတစ္ေယာက္ မုန္းသြားမွာကို ပထမဆုံး စိုးထိတ္မိျခင္းလည္းျဖစ္သည္။ သြဲ႕ယမင္းႏွင့္ ပတ္သတ္လွ်င္ အၿမဲႏြမ္းခါးက ဒုတိယလူျဖစ္ရသည္။ ခြဲျခား၏ မ်က္ႏွာကို ထိုင္ေငး႐ုံမွအပ ႏြမ္းခါး ဘာမွ မတတ္နိုင္။ ထိုအေျခအေနႀကီးကို ႏြမ္းခါး မုန္းေသာ္လည္း လက္ခံေပး႐ုံသာ တတ္နိုင္သည္။
အကို႔အနားမွာေနရင္းနဲ႕ပဲ ကြၽန္ေတာ္ဟာ တျဖည္းျဖည္း ေဝးကြာလာသလို ခံစားရတယ္။
သို႔ေသာ္ ႏြမ္းခါး၏ ခ်စ္ျခင္းမ်ားစြာကေတာ့ ေလ်ာ့သြားျခင္း ေပါ့သြားျခင္းမ်ိဳးမရွိပဲ တိုး၍သာ လာခဲ့ေတာ့သည္။
" ကိုလင္း ကိုျမတ္ တံခါး ဖြင့္ပါဦး"
ငိုသံေလးႏွင့္ အေရွ႕ကေန ေအာ္လာသည့္ ႏြမ္းခါးအသံေၾကာင့္ ခြဲျခားတို႔ လန႔္သြားသည္။ ညဘက္ ဒီအခ်ိန္ဆို လင္းသူရတို႔အခန္းတြင္ လူစုေနၾကျဖစ္ေသာ္လည္း ႏြမ္းခါးက ပင္ပန္းသည္ဟု ဆိုကာ ေစာေစာအိပ္သြားျခင္း ျဖစ္သည္။
တံခါးကို ခြဲျခားဖြင့္လိုက္ခ်င္းပင္ ႏြမ္းခါး၏ ကိုယ္လုံးက ခြဲျခားရင္ခြင္ထဲကို ပစ္၀င္သြားသည္။ ထိုအခါမွ က်န္ေသာသူမ်ားကလည္း လန႔္ျဖန႔္ကာ
ထိတ္လန႔္ေနရသည့္ အေၾကာင္းကို ေမးေနၾကသည္။ တခဏၾကာမွ ႏြမ္းခါးက ခြဲျခားရင္ဘတ္ထဲက ထြက္ကာ တုန္ယင္ေနေသာ ကိုယ္ေလးကို တည္ၿငိမ္ေအာင္ထိန္း၍
"ကြၽန္ေတာ့္ အခန္းထဲမွာ လူရွိေနတယ္ ကုတင္ေျခရင္းမွာ"
"ဟင္ ဟုတ္လား လာ ေက်ာ္ေဇာ သြားၾကည့္ရေအာင္"
စိုင္းက ေက်ာ္ေဇာကို ေခၚကာ ႏြမ္းခါး၏ အခန္းဘက္သို႔ ထြက္သြားသည္။ ခြဲျခားက ႏြမ္းခါး၏ ေက်ာေလးကို ပြတ္ေပးေနရင္း
"အိပ္ယာနိုးကာစ ထင္ေယာင္ထင္မွား ျဖစ္တာေနမွာပါ"
"ဟင့္အင္း အဲ့လို မဟုတ္ဘူး အကို လူကတစ္ေယာက္တည္း မဟုတ္ဘူး ကုတင္ေအာက္မွာလည္း တစ္ေယာက္ရွိတယ္ ကြၽန္ေတာ္ ေၾကာက္ၿပီး ျမန္ျမန္ေျပးခဲ့တာ"
ႏြမ္းခါး၏ စကားကို ၾကားေတာ့ ခြဲျခားေတြေဝ သြားသည္။ အခုတေလာတြင္ ႏြမ္းခါးႏွင့္ ေတာင္တက္ ျပန္လာတိုင္း ႏြမ္းခါး၏ အခန္းသို႔ေရာက္လွ်င္ အခန္းက ထားခဲ့သည့္အတိုင္းမရွိပဲ ေနရာေ႐ြ႕ေနတာမ်ိဳး ခြဲျခားလည္း ျမင္ေနရသည္မို႔ သိသည္။ ေသခ်ာေသာ့ပိတ္ၿပီး ညအိပ္၀တ္စုံမ်ားကို ေျခရင္းတြင္ သပ္သပ္ရပ္ရပ္ ေခါက္ထားခဲ့လွ်င္ေတာင္ ျပန္လာရင္ အ၀တ္ေတြက ျပန႔္က်ဲေနတတ္သည္။ ႏြမ္းခါးက အ၀တ္ေတြလည္း ခဏခဏ ေပ်ာက္သည္ဟု ဆိုသည္။ ကိုယ့္အ၀တ္ကိုယ္ေလွ်ာ္ၿပီး ကိုယ့္အခန္းေရွ႕တြင္သာ လွမ္းတတ္ေသာ ႏြမ္းခါး၏ အ၀တ္မ်ားက ဘာေၾကာင့္ ေတာက္ေလွ်ာက္ ေပ်ာက္ေနရတာလဲ။
"ညီေလး အကိုတို႔ သြားၾကည့္ၿပီးၿပီ မရွိပါဘူး"
ေက်ာ္ေဇာက ျပန္၀င္လာရင္း ေျပာလိုက္သည္။ ျမတ္ဘုန္းေမာင္ကလည္း ေရခပ္တိုက္လိုက္ၿပီး
"ညီေလး ေၾကာက္ေနရင္ အကိုတို႔နဲ႕လာအိပ္ေလ"
ထိုအခါ လင္းသူရက ၀င္၍
"ျမတ္ရယ္ ကိုယ္တို႔အခန္းက ေျခခ် စရာေတာင္ မရွိတဲ့ဟာ ၿပီးရင္ ႏြမ္းခါးက သန႔္သန႔္ေလးေနတဲ့သူ ဘယ္အိပ္ေပ်ာ္မွာလဲ ညီေလး ခြဲျခားနဲ႕အိပ္ရင္ေရာ"
"ဟာ မျဖစ္ဘူး စည္သူက သူစိမ္းေခၚတာ မႀကိဳက္ဘူးေလ"
စိုင္းက သတိလွမ္းေပးရေလသည္။ စည္သူဆိုသည္မွာ ခြဲျခား၏ အခန္းေဖာ္ပင္ ျဖစ္သည္။ စိုင္းႏွင့္ေက်ာ္ေဇာတို႔ကလည္း သူစိမ္းမ်ားႏွင့္ အခန္းေဖာ္က်သဴမ်ား ျဖစ္တာေၾကာင့္ ေခၚဖို႔ရန္ ခဲယဥ္းေနသည္။
"ဒါဆို အကို ညီေလးအခန္းမွာပဲ လာအိပ္မယ္ေလ"
ခြဲျခားက ေျပာလိုက္ေသာအခါ ညအိပ္၀တ္စုံ အျပာေရာင္ လက္ရွည္ေလးႏွင့္ ေကာင္ေလးက မ်က္ရည္ဝဲေနသည့္ မ်က္လုံးေလးမ်ားျဖင့္
"ရပါတယ္ အကို အဆင္မေျပရင္ ကြၽန္ေတာ္ ဘာသာပဲ အိပ္ပါ့မယ္"
"အကိုက အဆင္ေျပပါတယ္ အခုျပန္အိပ္ေတာ့မလား ဒီမွာေနဦးမလား"
"ဒီမွာ ခဏေနဦးမယ္"
"အင္း ဟုတ္ၿပီ ျပန္မယ္ဆို အကို႔ကို ေျပာေနာ္"
"ဟုတ္"
ခြဲျခားက လူတိုင္းအေပၚ ေစတနာထားသည္။ ဒါကို ႏြမ္းခါးက အထင္မွားကာ မိမိကို ပိုဂ႐ုစိုက္သည္ဟု ထင္ခဲ့ဖူးသည္။ ႏြမ္းခါးကို ဂ႐ုစိုက္သကဲ့သို႔ သြဲ႕ယမင္းကိုလည္း ဂ႐ုစိုက္သည္ သူငယ္ခ်င္းမ်ားကိုလည္း ဂ႐ုစိုက္သည္။ ဂ်ဴနီယာမ်ားကိုလည္း ဂ႐ုစိုက္တတ္သည္။ ထိုအရာက ႏြမ္းခါး၏ ကိုယ့္ကိုယ္ကို ယုံၾကည္ခ်က္ရွိမႈမ်ားကို အားေလ်ာ့ေစသည္။ သူငါ့ကို ျပန္ခ်စ္မွာမဟုတ္ဘူးဆိုသည့္ အေတြးမ်ားႏွင့္ စိတ္သည္ မလြတ္လပ္နိုင္စြာ အခ်ဳပ္က်သဴပမာ ျဖစ္ေနသည္။ ခဏေလာက္ အကိုေတြနဲ႕ ေနၿပီးေတာ့ ႏြမ္းခါး အိပ္ခ်င္လာသည္။
"အကို ကြၽန္ေတာ္နဲ႕ လာအိပ္မွာလားဟင္ ကြၽန္ေတာ္ ျပန္ေတာ့မယ္"
"အင္း သြားမယ္ေလ "
ခြဲျခားက ခ်က္ခ်င္းထကာ လိုက္လာသည္။
ႏြမ္းခါး၏ အခန္းကိုေရာက္ေတာ့ spiderman အ႐ုပ္မ်ားက ေစာင့္ႀကိဳေနသည္။
"ညီေလး ႏွစ္ေယာက္အိပ္ရတာအဆင္မေျပရင္ အကို ေအာက္ဆင္းအိပ္ေပးမယ္ေလ ခဏေလး အကို အခန္းျပန္ၿပီး ေစာင္သြားယူလိုက္မယ္"
"ရတယ္ အကို ကြၽန္ေတာ္ အိပ္တတ္ပါတယ္ အိမ္မွာလည္း ေမေမနဲ႕ ခဏခဏ သြားအိပ္ေနၾကပဲဟာ အကိုအဆင္မေျပဘူးလားဟင္"
"ဪ အကိုက ေျပတယ္ ဘယ္လိုေနေန အိပ္တတ္တယ္ ညီေလး ဘယ္ဘက္မွာ အိပ္မလဲ"
"နံရံဘက္မွာပဲ အိပ္မယ္ ျပတင္းေပါက္ကို ေၾကာက္တယ္"
"ဟုတ္ၿပီ ဟုတ္ၿပီ အကို ေဘးစြန္းမွာ အိပ္မယ္ေနာ္ တစ္ခုခုဆို ႏွိုးေနာ္ ၾကားလား"
"ဟုတ္"
ႏြမ္းခါး၏ တစ္ေယာက္အိပ္ကုတင္ေလးသည္ လူႏွစ္ေယာက္ေတာ့ အသာေလး အိပ္လို႔ ရပါေသးသည္။ႏြမ္းခါးက နံရံဘက္ကို ကပ္သြားကာ အရင္လွဲလိုက္သည္။ မီးပိတ္လိုက္ၿပီး ခြဲျခားက ျခင္လုံ ျခင္ေတာင္အခုံး၏ ဇစ္ကို ဆြဲကာပိတ္လိုက္သည္။ ႏြမ္းခါးက ေခါင္းအုံးႏွစ္လုံးအစတည္းက ရွိသည္မို႔ မွ်သုံးစရာ မလိုေပ။
"ညီေလး အဲ့လူေတြ မ်က္ႏွာ ျမင္လိုက္လား"
"ဟင့္အင္း ေကာင္းေကာင္းမျမင္လိုက္ရဘူး အကို မီးပိတ္ထားေတာ့ေလ"
ခြဲျခားက အေတြးထဲ ေမ်ာသြားသည္။ ဘယ္သူေတြ ျဖစ္နိုင္လဲ။ ၾကည့္ရတာ ထင္ေယာင္ထင္မွားေတာ့ မျဖစ္နိုင္ဘူး။
"အကိုေျပာသလို ကြၽန္ေတာ္ အျမင္မွားတာေနမွာပါ"
ခြဲျခားက သံသယရွိသည္ကို ေျပာျပခ်င္ေသာ္လည္း ႏြမ္းခါးေၾကာက္သြားမည္ကို စိုးရိမ္တာေၾကာင့္ မေျပာရန္သာ ဆုံးျဖတ္လိုက္သည္။
"အင္း ေနာက္ေန႕လည္း ေၾကာက္ရင္ ေျပာေနာ္ အကို လာအိပ္ေပးမယ္"
"ဟုတ္ အကို"
ခြဲျခားက ပက္လက္လွန္ေနရာမွ ႏြမ္းခါးကို ေက်ာေပးရင္း ေစာင္းအိပ္လိုက္သည္။ ႏြမ္းခါးကေတာ့ ခြဲျခားဘက္ကို လွည့္ကာ ေစာင္းအိပ္လိုက္သည္။
ထိုေက်ာျပင္ကို ဖက္တြယ္ခ်င္သည္။ ထိုလက္ေမာင္းကို ခိုမွီခ်င္သည္။ သို႔ေသာ္ ကြၽန္ေတာ့မွာ အခြင့္မရွိခဲ့ပါ။
အခန္းထဲကို ခိုးေၾကာင္ခိုးဝွက္ ေရာက္ေနခဲ့သည့္ သူခိုးလိုလို လူေတြကိုေတာင္ ႏြမ္းခါး ေက်းဇူးတင္ခ်င္သြားသည္။ ခ်စ္သူႏွင့္အတူ အိပ္စက္ခြင့္ရၿပီး ခ်စ္သူႏွင့္အတူ နိုးထခြင့္ရေသာ ပထမဆုံး ညပင္ ျဖစ္ေလသည္။
"ညီေလး အခန္းေရာ အိပ္ယာေရာက ကေလးေပါင္ဒါမႈန႔္အနံ႕ေလး ရတယ္"
ခြဲျခားက ရယ္သံ တစ္၀က္ႏွင့္ လွည့္မၾကည့္ပဲေျပာလာသည္။ ေျပာခ်င္တာက ႏြမ္းခါးကပဲ သူငယ္နာ မစင္ေသးသလိုလိုနဲ႕ သူေျပာမွ ကိုယ့္ကိုယ္ကို နမ္းၾကည့္မိသည္။ ႏြမ္းခါးကေတာ့ ကိုယ့္ကိုယ္သင္းနံ႕နဲ႕ ရင္းႏွီးေနၿပီမို႔ ဘာအနံ႕မွန္း မသိပါ။
"နံလို႔လားဟင္"
"ဟင့္အင္း ေမႊးပါတယ္ ညီေလး ကိုယ္သင္းနံ႕လည္း ဒီအနံ႕ပဲ မဟုတ္လား ကေလးေပါင္ဒါမႈန႔္ေတြ ခိုးသုံးေနတာလား"
အိပ္ခ်ိန္ေရာက္ေနတာေတာင္ ႏြမ္းခါးကို စေနာက္ရန္ ေတြးေနေသးသည္။
"အကိုေနာ္ ကြၽန္ေတာ္က ဘာလို႔ ကေလးေပါင္ဒါသုံးရမွာလဲ မသုံးပါဘူး လူႀကီးျဖစ္ေနၿပီဟာကို"
"ဪ လူႀကီးျဖစ္ေနၿပီလား"
"အကိုေနာ္"
"ဟားဟား စတာ စတာ အိပ္ေတာ့ မနက္ ေတာင္တက္ရဦးမယ္ေလ"
"ဟြန္း ဟုတ္ ဟုတ္"
ေစာင္ေလးကို ျပန္ၿခဳံကာ ႏြမ္းခါး အိပ္ရန္ပဲ ျပင္လိုက္သည္။ ၿပီးမွ ခြဲျခားတြင္ ေစာင္မရွိသည္ကို သတိရတာမို႔ ခြဲျခားကို ေစာင္ေလးၿခဳံေပးလိုက္သည္။
အကိုေရ အိမ္မက္လွလွ မက္ပါေစ။
ထိုေန႕က ႏြမ္းခါး ေကာင္းေကာင္း အိပ္ေပ်ာ္ခဲ့သည္။ မနက္လင္းေတာ့ ခ်မ္းတာေၾကာင့္ ေဘးနားရွိ ခႏၶာကိုယ္ ေႏြးေႏြးႀကီးကို ခြဖက္ ထားမိလိုက္သည္။
"ညီေလး ေဝာာင္တက္ဦးမွာလား"
ပက္လက္ျဖစ္ေနေသာ ခြဲျခားက ႏြမ္းခါး ခြဖက္တာေၾကာင့္ နိုးလာၿပီး မ်က္လုံးကို ပြတ္လိုက္ကာ ေဘးနားက ေကာင္ေလးကို ေမးလိုက္သည္။ မ်က္မွန္မတပ္ထားသည့္ မ်က္ႏွာေလးက မနက္ေစာေစာတြင္ေတာင္ ၾကည့္ေကာင္းေနသည္။ ကေလး တစ္ေယာက္၏ အသားအရည္ေလးအတိုင္း ႏုဖတ္ေနသည္။ ခြဲျခားက နဖူးေပၚတြင္က်ေနေသာ ဆံစေလးမ်ားကို သပ္တင္ေပးလိုက္ေတာ့
"အရမ္းေအးတယ္ မထခ်င္ဘူး"
ၿငီးၿငီးျငဴျငဴေျပာလာေတာ့ ခြဲျခားၿပဳံးလိုက္သည္။ ခြဲျခားလည္း ဒီမနက္က ပိုခ်မ္းေနတာေၾကာင့္ အိပ္ယာေႏြးေႏြးထဲသာ ေကြးေနလိုသည္။ ဒီလိုနဲ႕ပဲ ႏွစ္ေယာက္သား ေနာက္ထပ္တစ္ေရး ထပ္အိပ္ျဖစ္ခဲ့ၾကေတာ့သည္။
ထိုေန႕က ႏြမ္းခါးသည္ ေက်ာင္းခန္းထဲတြင္ ၿပဳံးၿပဳံးႀကီး ထိုင္ကာ အေပ်ာ္ႀကီး ေပ်ာ္ေနခဲ့ေပသည္။