ဒီနေ့ မနက်အစောကြီးထဲက ခွဲခြားတို့ ခြောက်ယောက် မဟာမြတ်မုနိဘုရားကြီးကို ရောက်နေကြသည်။ အကြောင်းမှာ လင်းသူရနှင့် မြတ်ဘုန်းမောင်တို့၏ 1 year anniversary ဖြစ်သောကြောင့်ဖြစ်သည်။ ဘုရားသွားဝာာကို နှစ်ယောက်ထဲသွားရမှာ ပျင်းတာကြောင့် အကုန်လုံးကို ကုတင်ပေါ်က ဆွဲချကာ ပတ်နှိုးပြီး လာခဲ့ကြခြင်းဖြစ်သည်။ ဒီနေ့ တစ်နေကုန် လင်းသူရတို့နှစ်ယောက်က စားသမျှ ရှင်းမည်ဟု ဆိုခဲ့သည်။
ထိုမနက်က စိုင်းက နွမ်းခါးကို တစ်ရက်လောက် နောက်က ဆိုင်ကယ်လိုက်စီးပါဟု ခေါ်သော်လည်း ခွဲခြားနှင့် မြတ်ဘုန်းမောင်က သဘောမတူပေ။ ထို့ကြောင့် နွမ်းခါးသည် ခွဲခြားနှင့်သာ လိုက်ခဲ့ရတော့သည်။
ဘုရားပေါ်ရောက်တော့ ပုဆိုး၀တ်ခြင်း အမှုတွင် မကျွမ်းကျင်သော နွမ်းခါးက ပုဆိုးစကို လက်နှင့်စုကိုင်ကာ ကပိုကရို ဖြစ်နေသည်။ အလာတုန်းကလည်း မြတ်ဘုန်းမောင် အခန်းထဲ လာကာ ပုဆိုးလည်း ငှားပေးပြီး ၀တ်ပါ၀တ်ပေးခဲ့သည်။ ပုဆိုးက ကြာလေ တရွတ်တိုက်ဖြစ်လာတော့
"ဟိုလေ ကိုမြတ် ကျွန်တော့် ပုဆိုးကျွတ်နေပြီ ပြန်၀တ်ပေးပါလားဟင်"
မြတ်ဘုန်းမောင်က လှည့်ကြည့်ကာ ရယ်လိုက်ပြီး ၀တ်ပေးရန်ကြံလိုက်စဉ် လက်မြန်ခြေမြန် ခွဲခြားက ဘေးဘက်က သူ့ဆီ ဆွဲခေါ်ကာ နွမ်းခါးကို ကျောခိုင်းစေသည်။ နွမ်းခါး၏ ခါးမှတစ်ဆင့် ပုဆိုးကို ခိုင်ခိုင် ပြင်၀တ်ပေးလိုက်သည်။ နွမ်းခါး ကျောလေးတုန်သွားပြီး ကြက်သီးတွေပါ ထလာသည်။ ပြီးတော့ ရင်ဘတ်က တအားခုန်နေတယ်ဆိုတာ ကိုယ့်ကိုယ်ကို သတိထားမိတော့ ယောင်ရမ်းပြီး လက်နဲ့ဖိထားရသည်။ ဘယ်လိုဖြစ်လို့ ခွဲခြားကို ရင်ခုန်နေရတာလဲ။
"မ၀တ်တတ်ပဲနှင့် ဘာလို့ ၀တ်ခဲ့တာလဲ"
"ငါ အတင်း၀တ်ခိုင်းလိုက်တာ"
ခွဲခြားအမေးကို မြတ်ဘုန်းမောင်က တုံ့ပြန်ဖြေလိုက်သည်။ ရှပ်လက်ရှည် အဖြူကြားလေးကို ပုဆိုးပြာလေး၀တ်ထားသည့် ကောင်လေးက မြန်မာပုံမပေါက်ပဲ နိုင်ငံခြားသားပုံ ပေါက်နေတာမို့ တမျိုးလေး ချစ်ဖို့ကောင်းပြန်သည်။
"ဟိုလေ ကျွန်တော် ဒီနားကပဲ ထိုင်စောင့်တော့မယ်လေ အကိုတို့ ဘုရားကန်တော့ပြီးမှ ထွက်ခဲ့တော့"
ဘုရားသို့ လာကာ ဘုရားမရှိခိုးပဲ ဘေးတွင် ကန့်လန့် ရပ်နေရလျှင် အခြား ဘုရားလာဖူးသူတွေ အတွက် အနှောင့်အယှက်ဖြစ်မှာ နွမ်းခါးစိုးရိမ်သောကြောင့် နေခဲ့ရန် ဆုံဖြတ်လိုက်သည်။ အခြားသူများကလည်း ဘာသာခြားလေး နွမ်းခါးကို စိတ်တိုင်းကျ နေခိုင်းခဲ့ပြီး ဘုရားဖူးရန် အထဲ၀င်သွားကြသည်။
"ညီက ဘုရားကျောင်း ဘယ်တော့သွားဖြစ်လဲ"
အပြန်လမ်းတွင် အရင်းမရှိအဖျားမရှိ ခွဲခြားက မေးလာခဲ့သည်။
"ပုံမှန်ကSunday ဆို သွားဖြစ်တယ် အခုနောက်ပိုင်းတော့ မသွားဖြစ်ဘူး အဖော်မရှိလို့"
"နောက် ဘုရားကျောင်းတက်ချင်ရင် ပြောလေ အကို လိုက်ပို့ပေးမယ်"
"အာ မလုပ်ပါနဲ့ ရပါတယ် အကိုရဲ့ ကျွန်တော်တို့ ၀တ်ပြုရင် တစ်နာရီခွဲ နှစ်နာရီလောက်ကြာတယ် အကိုရဲ့ ရပါတယ် ဟီး"
အနောက်ကနေ ခွဲခြား၏ ခါးကို တင်းတင်းဖက်ကာ ခေါင်းလေးရမ်းနေသည်ကို သတိထားမိသည်။ ဒီကလေးက လူချစ်အောင် နေတတ်သည်ဟု ပြောရမည်။ ဒါမှမဟုတ် ချစ်မွှေးပါသည်ဟု ပြောရမည်။
ဘုရားသွားပြီးနောက် အဆောင်တွင် ဘောင်းဘီ သွားပြန်လဲကြကာ တစ်နေကုန် လျှောက်လည်ကြပြန်သည်။ ညနေဖက်တွင်တော့ ဦးပိန်တံတားပေါ် ရောက်ခဲ့သည်။ ညနေ ၃နာရီဆိုသည်မှာ နေပူဆဲအချိန် ဖြစ်သော်လည်း တံတားပေါ်တွင်တော့ လူများနေပြီဖြစ်သည်။
"မြတ် ကိုယ်ကျောပိုးချင်တယ်"
လင်းသူရ၏ မြတ်ဘုန်းမောင်ကို ချွဲ့နွဲ့မှုပင် ဖြစ်သည်။ အောက်သို့ထိုင်ချကာ မြတ်ဘုန်းမောင်လက်ကို အတင်းဆွဲ၍ သူ့ကျောပေါ် တက်ခိုင်းနေသည်။
"ဘယ်လိုဖြစ်နေတာလဲ လူတွေ အများကြီး ရှိနေတယ်လေ"
မြတ်ဘုန်းမောင်က အံကိုကြိတ်ကာ ပြောတော့
"ဘာဖြစ်လဲကွာ လာပါ အရင်ကဆို ကိုယ့်ကို အမြဲပိုးခိုင်းပြီးဝောာ့ နော်လို့ မြတ်"
လင်းသူရ အတင်းဆွဲနေတာကြောင့် မြတ်ဘုန်းမောင်လည်း ငြင်းမနေဝောာ့ပဲ ကျောပေါ်တက်လိုက်သည်။ ထိုအခါ ကျော်ဇောနဲ့ စိုင်းတို့က အတွဲတွေကို အမြင်ကပ် သည့်ဟန် ပျို့တက်လာပုံ လုပ်ပြသည်။ ခွဲခြားကတော့ ကင်မရာ တစ်လုံးနှင့် အလုပ်ရှုပ်နေသည်။ နွမ်းခါးကဝောာ့ ထုံးစံအတိုင်း စကားဝိုင်းတွင် ရယ်မောသူလေး သက်သက်သာ ဖြစ်သည်။
"ညီလေး ခဏ တိုင်နားလာခဲ့ အကို ဓါတ်ပုံ ရိုက်ပေးမယ်"
ခွဲခြားက နွမ်းခါးကို တိုင်နား ခေါ်ဝောာ့ လူရှုပ်ရှုပ်တွင် တိုးဝှေ့ကာ တိုင်ကို နေရာဦးလိုက်သည်။ အနောက်ကို လှည့်ကြည့်တော့ တော်တော် မြင့်သည်ကို တွေ့ရသည်။ နွမ်းခါး စိတ်ထဲတွင် အောက်က ရေတွေကို ကြည့်ကာ မူးလာသလို ခံစားရသည်။ စိတ်ကိုထိန်း၍ ခွဲခြားဘက်လှည့်ကာ ပြုံးပြရသည်။
အကိုက ကျွန်တော့ကို ဓါတ်ပုံ ရိုက်ပေးလျှင် အမြဲပြုံးထားခိုင်းလေ့ရှိသည်ပင်။
နွမ်းခါးတို့ နှစ်ယောက် ဓါတ်ပုံရိုက်နေတာကြောင့် ကျန်လေးယောက်နှင့် လူစု ကွဲကာ နောက်တွင် ကျန်ခဲ့သည်။ ရိုက်ပေးထားသည့် ဓါတ်ပုံများကိုကြည့်နေရင်း နွမ်းခါး ခေါင်းမူးလာသည်။ တစ်နေကုန် နေပူထဲတွင် လည်ပတ်ထားပြီး လူလည်း များနေသော တံတားမြင့်မြင့်ပေါ် ရောက်နေတာကြောင့် ဖြစ်မည်။ ရုတ်တရက် ယိုင်သွားတော့ ခွဲခြားလက်မောင်းကို တင်းတင်းလေး ဆုပ်ထားလိုက်မိသည်။
"ညီလေး ဘာဖြစ်လို့လဲ ခေါင်းမူးတာလား"
"ဟုတ် နေပူလို့ ဖြစ်မယ် ခဏ နားလိုက်ရင် ရမှာပါ အကို နေရိပ်ထဲ သွားရအောင်"
ခွဲခြားက စောင်းထားသော ဦးထုတ်ကို နွမ်းခါးခေါင်းတွင် စောင်းပေးလိုက်သည်။ ပြီးနောက် လက်မောင်းကို ကိုင်ကာ ထိန်းပေးလိုက်ရင်း အမိုးရှိရာ ဇရပ်နားသို့ လျှောက်ခဲ့သည်။
"အဆင်ပြေလား ညီလေး ခဏလေး အကို ရေသွား၀ယ်ပေးမယ်"
ထိုင်ခုံတွင် ထိုင်စေခဲ့ပြီး ရေဘူး၀ယ်ရန် ခွဲခြားက အနားတွင်ရှိသော ဈေးဆိုင်သို့ သွားလိုက်သည်။ tissue နှင့် ရေဘူးပါ ၀ယ်လာကာ နွမ်းခါးကို ပေးသည်။ နွမ်းခါး၏ မျက်မှန်ဝိုင်းလေးကို အသာချွတ်ပေးကာ ခွဲခြားက သူ့ရင်ဘတ်တွင် ချိတ်လိုက်သည်။ နဖူးနှင့် လည်ပင်းရှိ ချွေးစေးများကိုလည်း ကိုယ်တိုင်သုတ်ပေးသည်။ နွမ်းခါးက ခွဲခြား၏ ပူပန်တတ်သော မျက်နှာချောချောခန့်ခန့်ကို မျက်ဝောာင်မခတ်ပဲ ကြည့်နေမိသည်။
ငါ ရင်တွေ ခုန်နေပြန်ပြီ။
အတွေးရောက်လာသည်နှင့် တပြိုင်နက် ရင်ဘတ်ပေါ်ကို လက်ဖိမိပြီးသား ဖြစ်သည်။ ကြောက်သည်။ ဒီခံစားချက်ကြီးကို နွမ်းခါးကြောက်သည်။ ခွဲခြား သိသွားမှာကိုလည်း ကြောက်သည်။
နွမ်းခါးက မျက်လုံးညိုညို ဝိုင်းဝိုင်းလေးတွေနဲ့ ခွဲခြားကို ကြည့်နေသည်ကို သတိထားမိတော့ ဘာရယ်မဟုတ် ပြုံးပြလိုက်မိသည်။
"သက်သာရဲ့လား"
"ဟုတ် သက်သာသွားပြီ အကို ဒီဘက်နည်းနည်းတိုးပါလား"
နွမ်းခါးက သူ့ဘေးနားတွင် ကပ်ထိုင်ပေးရန် ဝောာင်းဆိုလိုက်သည်။ ခွဲခြားက ဘာမှ မမေးပဲ အနားသို့ကပ်လိုက်သည်။
"ပခုံးခဏငှားမယ်နော် ကျွန်တော် နည်းနည်း မှေးချင်လို့"
နွမ်းခါးက တောင်းပန်တိုးလျော့သော အကြည့်များဖြင့် ပြောကာ ပခုံးပေါ်သို့ မှီလိုက်သည်။ ဆံပင်အုပ်အုပ် နုနုလေးများနှင့် ခေါင်းလေးက ခွဲခြားပခုံးပေါ်သို့ မှီလာတော့ သက်တောင့် သက်သာ ဖြစ်စေရန် အရှေ့တိုးပေးလိုက်သည်။ ခွဲခြားလည်း အပူဒဏ်ကြောင့် မောနေတာမို့ ရေမော့သောက်လိုက်ပြီး ခြေဆင်းထိုင်လိုက်သည်။ မျက်လုံးများပိတ်လိုက်တော့ နှစ်ယောက်လုံး အိပ်ပျော်သွားခဲ့လေသည်။
"ခွဲခြား ဟေ့ကောင် ထတော့ မိုးချုပ်တော့မယ်"
စိုင်း၏ နှိုးသံကြောင့် ခွဲခြားနိုးလာတော့ ပခုံးပေါ်က ခေါင်းလေးက မဖယ်ရသေး။ နွမ်းခါးက မနက်ပိုင်း စောစောထတတ်သော်လည်း ကျန်တဲ့ အချိန်ဆို နှိုးရခက်သည်။
ခွဲခြားက ခေါင်းစုတ်ဖွားလေးကို လက်ဖြင့် ဖွပစ်လိုက်ပြီး
"ညီလေး ထတော့ ပြန်ရအောင်"
"နွမ်းခါးမထရင် အကိုတို့ ထားခဲ့မှာနော်"
မြတ်ဘုန်းမောင်ကလည်း ပါးလေးကို ဆွဲကာ နွမ်းခါးကို နှိုးလေသည်။ ဆူပုတ်ပုတ်လေးနဲ့ နိုးလာတော့ အကိုတွေက ခွေးပေါက်လေးကို ပြုံးကာကြည့်နေကြသည်။ ထိုအခါ ခွဲခြားက
"သူနေမကောင်းဘူး ခေါင်းမူးတယ်ဆိုလို့ ငါလည်း ဆက်မလိုက်တော့ပဲ နားလိုက်တာ"
"အေး ငါတို့လည်း အလယ်လောက်ရောက်မှ မင်းတို့မပါမှန်း သိတာ မြတ်ဘုန်းက အဆုံးထိမလျှောက်ရင် တစ်ယောက်နဲ့တစ်ယောက် ဝေးတတ်တယ်ဆိုလို့ ဆက်လျှောက်သွားကြတာ"
ကျော်ဇောကလည်း သူတို့ပြန်မလှည့်လာရသည့် အကြောင်းကိုပြောလိုက်သည်။ အိပ်ရာနိုးကာစ နွမ်းခါးက မျက်လုံးလေးတွေပြူးသွားသည်။
"တံတားကို အဆုံးထိမလျှောက်ရင် အဲ့လူတွေက ဝေးကြတာလား"
"အင်း ဟုတ်တယ်"
လင်းသူရက စကားထောက်ပေးတော့
"အာ့ဆို အကို ကျွန်တော်တို့နှစ်ယောက် အဆုံးထိမလျှောက်ရသေးဘူးလေ အဆုံးထိ လျှောက်ပြီးမှ ပြန်ကြမယ်လေ"
ခွဲခြား လက်မောင်းကို ကိုင်ကာ နွမ်းခါးက စိတ်ပူဟန်ဖြင့် ပြောတော့ အကိုတွေက ဝိုင်းရယ်ကြသည်။ ခွဲခြားကလည်း ဘာပြောရမှန်းမသိ၍ ခေါင်းရမ်းကာ ရယ်လေသည်။
"အဲ့ဒါ အတွဲတွေကို ပြောတာလေ ညီလေးရဲ့ ဟားဟား အဆုံးထိမလျှောက်လည်း ဒီကောင်တွေရဲ့ မျက်နှာက မတွေ့ချင်လို့ ရှောင်နေတောင် မြင်နေရဦးမှာ"
"ဟုတ်တယ် ဟိုနှစ်ကောင်က အတွဲမို့ အဆုံးထိ လျှောက်တာ အကိုတို့က လျှောက်လျှောက် မလျှောက်လျှောက် ဘာမှ မဖြစ်ပါဘူး မစိုးရိမ်ပါနဲ့"
ကျော်ဇောနှင့် စိုင်းတို့၏ ရှင်းပြမှု ပြီးသွားချိန်တွင် နွမ်းခါးက ခေါင်းလေး ငြိတ်ပြသည်။ အတွဲတွေမှတဲ့လား။ အကယ်၍ ဒီနေ့ အဆုံးထိ မလျှောက်ခဲ့လို့ တစ်နေ့ဝေးသွားရင်ရော။ အရှေ့ကနေ လမ်းလျှောက်နေသည့် ခွဲခြား၏ ကျောပြင်ကိုကြည့်ကာ မျက်ရည်ဝဲလာခဲ့သည်။
ကျွန်တော်တို့ တစ်နေ့ဝေးသွားရင်ရော အကို။
အပြန်လမ်းတွင်တော့ နွမ်းခါးအရင်နဲ့မတူပဲ တိတ်နေလေသည်။ ခွဲခြား၏ ခါးကို တင်းတင်းဖက်ကာ ကျောပြင်ကို မှီထားသည်။ ခွဲခြားကတော့ နွမ်းခါး အိပ်ပျော်နေသည်မှတ်၍ လက်တစ်ဖက်ဖြင့် ထိန်းပေးကာ ဖြေးဖြေးချင်းမောင်းနေသည်။ လေတိုးသံတွေအစား ခွဲခြား၏ အသက်ရှူသံ မှန်မှန်ကိုသာ နွမ်းခါးကြားနေရသည်။ ဒီကျောပြင်က အရမ်းနွေးသည်။ အကို့လက်တွေကလည်း လုံခြုံမှုအပြည့်ပေးသည်။ ဒီကျောပြင် ဒီလက်ပိုင်ရှင် ဒီအကိုကို ကျွန်တော် အပိုင်လိုချင်လာသည်။
သွားပြီ ငါ့ရဲ့ အကျင့်ဆိုးက ပြန်ပေါ်လာပြီ။
နွမ်းခါး လွှတ်မပေးချင်။ ဒီလူသားကို ဘယ်သူနဲ့မှ မျှမသုံးချင်တော့ပေ။ ဒီလူသား၏ ဦးစားပေးသည် မိမိတစ်ယောက်သာ ဖြစ်လိုသည်။ ဒီလူသားသည် မိမိကိုသာ ချစ်နေစေလိုသည်။ ဒီလူသားကိုလည်း မိမိသိပ်ချစ်နေမိပြီ။ အဆုံးရှုံးမခံချင်ပေမယ့် ထိုလူသားကပဲ ပိုင်ရှင်ရှိနေနှင့်ပြီးသား ဖြစ်နေသည်။ အတ္တကြီးတာမကောင်းဘူးဟု အမေအမြဲဆုံးမခဲ့သော်လည်း နွမ်းခါးကတော့ လိုချင်ပြီဆို နည်းမျိုးစုံ သုံးတတ်သည်။ အကိုတွေ ထင်သလို ဖြူဖြူစင်စင်တစ်ယောက်တော့ နွမ်းခါး မဟုတ်ခဲ့ပါချေ။
Zawgyi
ဒီေန႕ မနက္အေစာႀကီးထဲက ခြဲျခားတို႔ ေျခာက္ေယာက္ မဟာျမတ္မုနိဘုရားႀကီးကို ေရာက္ေနၾကသည္။ အေၾကာင္းမွာ လင္းသူရႏွင့္ ျမတ္ဘုန္းေမာင္တို႔၏ 1 year anniversary ျဖစ္ေသာေၾကာင့္ျဖစ္သည္။ ဘုရားသြားဝာာကို ႏွစ္ေယာက္ထဲသြားရမွာ ပ်င္းတာေၾကာင့္ အကုန္လုံးကို ကုတင္ေပၚက ဆြဲခ်ကာ ပတ္ႏွိုးၿပီး လာခဲ့ၾကျခင္းျဖစ္သည္။ ဒီေန႕ တစ္ေနကုန္ လင္းသူရတို႔ႏွစ္ေယာက္က စားသမွ် ရွင္းမည္ဟု ဆိုခဲ့သည္။
ထိုမနက္က စိုင္းက ႏြမ္းခါးကို တစ္ရက္ေလာက္ ေနာက္က ဆိုင္ကယ္လိုက္စီးပါဟု ေခၚေသာ္လည္း ခြဲျခားႏွင့္ ျမတ္ဘုန္းေမာင္က သေဘာမတူေပ။ ထို႔ေၾကာင့္ ႏြမ္းခါးသည္ ခြဲျခားႏွင့္သာ လိုက္ခဲ့ရေတာ့သည္။
ဘုရားေပၚေရာက္ေတာ့ ပုဆိုး၀တ္ျခင္း အမႈတြင္ မကြၽမ္းက်င္ေသာ ႏြမ္းခါးက ပုဆိုးစကို လက္ႏွင့္စုကိုင္ကာ ကပိုကရို ျဖစ္ေနသည္။ အလာတုန္းကလည္း ျမတ္ဘုန္းေမာင္ အခန္းထဲ လာကာ ပုဆိုးလည္း ငွားေပးၿပီး ၀တ္ပါ၀တ္ေပးခဲ့သည္။ ပုဆိုးက ၾကာေလ တ႐ြတ္တိုက္ျဖစ္လာေတာ့
"ဟိုေလ ကိုျမတ္ ကြၽန္ေတာ့္ ပုဆိုးကြၽတ္ေနၿပီ ျပန္၀တ္ေပးပါလားဟင္"
ျမတ္ဘုန္းေမာင္က လွည့္ၾကည့္ကာ ရယ္လိုက္ၿပီး ၀တ္ေပးရန္ႀကံလိုက္စဥ္ လက္ျမန္ေျချမန္ ခြဲျခားက ေဘးဘက္က သူ႕ဆီ ဆြဲေခၚကာ ႏြမ္းခါးကို ေက်ာခိုင္းေစသည္။ ႏြမ္းခါး၏ ခါးမွတစ္ဆင့္ ပုဆိုးကို ခိုင္ခိုင္ ျပင္၀တ္ေပးလိုက္သည္။ ႏြမ္းခါး ေက်ာေလးတုန္သြားၿပီး ၾကက္သီးေတြပါ ထလာသည္။ ၿပီးေတာ့ ရင္ဘတ္က တအားခုန္ေနတယ္ဆိုတာ ကိုယ့္ကိုယ္ကို သတိထားမိေတာ့ ေယာင္ရမ္းၿပီး လက္နဲ႕ဖိထားရသည္။ ဘယ္လိုျဖစ္လို႔ ခြဲျခားကို ရင္ခုန္ေနရတာလဲ။
"မ၀တ္တတ္ပဲႏွင့္ ဘာလို႔ ၀တ္ခဲ့တာလဲ"
"ငါ အတင္း၀တ္ခိုင္းလိုက္တာ"
ခြဲျခားအေမးကို ျမတ္ဘုန္းေမာင္က တုံ႕ျပန္ေျဖလိုက္သည္။ ရွပ္လက္ရွည္ အျဖဴၾကားေလးကို ပုဆိုးျပာေလး၀တ္ထားသည့္ ေကာင္ေလးက ျမန္မာပုံမေပါက္ပဲ နိုင္ငံျခားသားပုံ ေပါက္ေနတာမို႔ တမ်ိဳးေလး ခ်စ္ဖို႔ေကာင္းျပန္သည္။
"ဟိုေလ ကြၽန္ေတာ္ ဒီနားကပဲ ထိုင္ေစာင့္ေတာ့မယ္ေလ အကိုတို႔ ဘုရားကန္ေတာ့ၿပီးမွ ထြက္ခဲ့ေတာ့"
ဘုရားသို႔ လာကာ ဘုရားမရွိခိုးပဲ ေဘးတြင္ ကန႔္လန႔္ ရပ္ေနရလွ်င္ အျခား ဘုရားလာဖူးသူေတြ အတြက္ အေႏွာင့္အယွက္ျဖစ္မွာ ႏြမ္းခါးစိုးရိမ္ေသာေၾကာင့္ ေနခဲ့ရန္ ဆုံျဖတ္လိုက္သည္။ အျခားသူမ်ားကလည္း ဘာသာျခားေလး ႏြမ္းခါးကို စိတ္တိုင္းက် ေနခိုင္းခဲ့ၿပီး ဘုရားဖူးရန္ အထဲ၀င္သြားၾကသည္။
"ညီက ဘုရားေက်ာင္း ဘယ္ေတာ့သြားျဖစ္လဲ"
အျပန္လမ္းတြင္ အရင္းမရွိအဖ်ားမရွိ ခြဲျခားက ေမးလာခဲ့သည္။
"ပုံမွန္ကSunday ဆို သြားျဖစ္တယ္ အခုေနာက္ပိုင္းေတာ့ မသြားျဖစ္ဘူး အေဖာ္မရွိလို႔"
"ေနာက္ ဘုရားေက်ာင္းတက္ခ်င္ရင္ ေျပာေလ အကို လိုက္ပို႔ေပးမယ္"
"အာ မလုပ္ပါနဲ႕ ရပါတယ္ အကိုရဲ႕ ကြၽန္ေတာ္တို႔ ၀တ္ျပဳရင္ တစ္နာရီခြဲ ႏွစ္နာရီေလာက္ၾကာတယ္ အကိုရဲ႕ ရပါတယ္ ဟီး"
အေနာက္ကေန ခြဲျခား၏ ခါးကို တင္းတင္းဖက္ကာ ေခါင္းေလးရမ္းေနသည္ကို သတိထားမိသည္။ ဒီကေလးက လူခ်စ္ေအာင္ ေနတတ္သည္ဟု ေျပာရမည္။ ဒါမွမဟုတ္ ခ်စ္ေမႊးပါသည္ဟု ေျပာရမည္။
ဘုရားသြားၿပီးေနာက္ အေဆာင္တြင္ ေဘာင္းဘီ သြားျပန္လဲၾကကာ တစ္ေနကုန္ ေလွ်ာက္လည္ၾကျပန္သည္။ ညေနဖက္တြင္ေတာ့ ဦးပိန္တံတားေပၚ ေရာက္ခဲ့သည္။ ညေန ၃နာရီဆိုသည္မွာ ေနပူဆဲအခ်ိန္ ျဖစ္ေသာ္လည္း တံတားေပၚတြင္ေတာ့ လူမ်ားေနၿပီျဖစ္သည္။
"ျမတ္ ကိုယ္ေက်ာပိုးခ်င္တယ္"
လင္းသူရ၏ ျမတ္ဘုန္းေမာင္ကို ခြၽဲ႕ႏြဲ႕မႈပင္ ျဖစ္သည္။ ေအာက္သို႔ထိုင္ခ်ကာ ျမတ္ဘုန္းေမာင္လက္ကို အတင္းဆြဲ၍ သူ႕ေက်ာေပၚ တက္ခိုင္းေနသည္။
"ဘယ္လိုျဖစ္ေနတာလဲ လူေတြ အမ်ားႀကီး ရွိေနတယ္ေလ"
ျမတ္ဘုန္းေမာင္က အံကိုႀကိတ္ကာ ေျပာေတာ့
"ဘာျဖစ္လဲကြာ လာပါ အရင္ကဆို ကိုယ့္ကို အၿမဲပိုးခိုင္းၿပီးေဝာာ့ ေနာ္လို႔ ျမတ္"
လင္းသူရ အတင္းဆြဲေနတာေၾကာင့္ ျမတ္ဘုန္းေမာင္လည္း ျငင္းမေနေဝာာ့ပဲ ေက်ာေပၚတက္လိုက္သည္။ ထိုအခါ ေက်ာ္ေဇာနဲ႕ စိုင္းတို႔က အတြဲေတြကို အျမင္ကပ္ သည့္ဟန္ ပ်ိဳ႕တက္လာပုံ လုပ္ျပသည္။ ခြဲျခားကေတာ့ ကင္မရာ တစ္လုံးႏွင့္ အလုပ္ရႈပ္ေနသည္။ ႏြမ္းခါးကေဝာာ့ ထုံးစံအတိုင္း စကားဝိုင္းတြင္ ရယ္ေမာသူေလး သက္သက္သာ ျဖစ္သည္။
"ညီေလး ခဏ တိုင္နားလာခဲ့ အကို ဓါတ္ပုံ ရိုက္ေပးမယ္"
ခြဲျခားက ႏြမ္းခါးကို တိုင္နား ေခၚေဝာာ့ လူရႈပ္ရႈပ္တြင္ တိုးေဝွ႕ကာ တိုင္ကို ေနရာဦးလိုက္သည္။ အေနာက္ကို လွည့္ၾကည့္ေတာ့ ေတာ္ေတာ္ ျမင့္သည္ကို ေတြ႕ရသည္။ ႏြမ္းခါး စိတ္ထဲတြင္ ေအာက္က ေရေတြကို ၾကည့္ကာ မူးလာသလို ခံစားရသည္။ စိတ္ကိုထိန္း၍ ခြဲျခားဘက္လွည့္ကာ ၿပဳံးျပရသည္။
အကိုက ကြၽန္ေတာ့ကို ဓါတ္ပုံ ရိုက္ေပးလွ်င္ အၿမဲၿပဳံးထားခိုင္းေလ့ရွိသည္ပင္။
ႏြမ္းခါးတို႔ ႏွစ္ေယာက္ ဓါတ္ပုံရိုက္ေနတာေၾကာင့္ က်န္ေလးေယာက္ႏွင့္ လူစု ကြဲကာ ေနာက္တြင္ က်န္ခဲ့သည္။ ရိုက္ေပးထားသည့္ ဓါတ္ပုံမ်ားကိုၾကည့္ေနရင္း ႏြမ္းခါး ေခါင္းမူးလာသည္။ တစ္ေနကုန္ ေနပူထဲတြင္ လည္ပတ္ထားၿပီး လူလည္း မ်ားေနေသာ တံတားျမင့္ျမင့္ေပၚ ေရာက္ေနတာေၾကာင့္ ျဖစ္မည္။ ႐ုတ္တရက္ ယိုင္သြားေတာ့ ခြဲျခားလက္ေမာင္းကို တင္းတင္းေလး ဆုပ္ထားလိုက္မိသည္။
"ညီေလး ဘာျဖစ္လို႔လဲ ေခါင္းမူးတာလား"
"ဟုတ္ ေနပူလို႔ ျဖစ္မယ္ ခဏ နားလိုက္ရင္ ရမွာပါ အကို ေနရိပ္ထဲ သြားရေအာင္"
ခြဲျခားက ေစာင္းထားေသာ ဦးထုတ္ကို ႏြမ္းခါးေခါင္းတြင္ ေစာင္းေပးလိုက္သည္။ ၿပီးေနာက္ လက္ေမာင္းကို ကိုင္ကာ ထိန္းေပးလိုက္ရင္း အမိုးရွိရာ ဇရပ္နားသို႔ ေလွ်ာက္ခဲ့သည္။
"အဆင္ေျပလား ညီေလး ခဏေလး အကို ေရသြား၀ယ္ေပးမယ္"
ထိုင္ခုံတြင္ ထိုင္ေစခဲ့ၿပီး ေရဘူး၀ယ္ရန္ ခြဲျခားက အနားတြင္ရွိေသာ ေဈးဆိုင္သို႔ သြားလိုက္သည္။ tissue ႏွင့္ ေရဘူးပါ ၀ယ္လာကာ ႏြမ္းခါးကို ေပးသည္။ ႏြမ္းခါး၏ မ်က္မွန္ဝိုင္းေလးကို အသာခြၽတ္ေပးကာ ခြဲျခားက သူ႕ရင္ဘတ္တြင္ ခ်ိတ္လိုက္သည္။ နဖူးႏွင့္ လည္ပင္းရွိ ေခြၽးေစးမ်ားကိုလည္း ကိုယ္တိုင္သုတ္ေပးသည္။ ႏြမ္းခါးက ခြဲျခား၏ ပူပန္တတ္ေသာ မ်က္ႏွာေခ်ာေခ်ာခန႔္ခန႔္ကို မ်က္ေဝာာင္မခတ္ပဲ ၾကည့္ေနမိသည္။
ငါ ရင္ေတြ ခုန္ေနျပန္ၿပီ။
အေတြးေရာက္လာသည္ႏွင့္ တၿပိဳင္နက္ ရင္ဘတ္ေပၚကို လက္ဖိမိၿပီးသား ျဖစ္သည္။ ေၾကာက္သည္။ ဒီခံစားခ်က္ႀကီးကို ႏြမ္းခါးေၾကာက္သည္။ ခြဲျခား သိသြားမွာကိုလည္း ေၾကာက္သည္။
ႏြမ္းခါးက မ်က္လုံးညိုညို ဝိုင္းဝိုင္းေလးေတြနဲ႕ ခြဲျခားကို ၾကည့္ေနသည္ကို သတိထားမိေတာ့ ဘာရယ္မဟုတ္ ၿပဳံးျပလိုက္မိသည္။
"သက္သာရဲ႕လား"
"ဟုတ္ သက္သာသြားၿပီ အကို ဒီဘက္နည္းနည္းတိုးပါလား"
ႏြမ္းခါးက သူ႕ေဘးနားတြင္ ကပ္ထိုင္ေပးရန္ ေဝာာင္းဆိုလိုက္သည္။ ခြဲျခားက ဘာမွ မေမးပဲ အနားသို႔ကပ္လိုက္သည္။
"ပခုံးခဏငွားမယ္ေနာ္ ကြၽန္ေတာ္ နည္းနည္း ေမွးခ်င္လို႔"
ႏြမ္းခါးက ေတာင္းပန္တိုးေလ်ာ့ေသာ အၾကည့္မ်ားျဖင့္ ေျပာကာ ပခုံးေပၚသို႔ မွီလိုက္သည္။ ဆံပင္အုပ္အုပ္ ႏုႏုေလးမ်ားႏွင့္ ေခါင္းေလးက ခြဲျခားပခုံးေပၚသို႔ မွီလာေတာ့ သက္ေတာင့္ သက္သာ ျဖစ္ေစရန္ အေရွ႕တိုးေပးလိုက္သည္။ ခြဲျခားလည္း အပူဒဏ္ေၾကာင့္ ေမာေနတာမို႔ ေရေမာ့ေသာက္လိုက္ၿပီး ေျခဆင္းထိုင္လိုက္သည္။ မ်က္လုံးမ်ားပိတ္လိုက္ေတာ့ ႏွစ္ေယာက္လုံး အိပ္ေပ်ာ္သြားခဲ့ေလသည္။
"ခြဲျခား ေဟ့ေကာင္ ထေတာ့ မိုးခ်ဳပ္ေတာ့မယ္"
စိုင္း၏ ႏွိုးသံေၾကာင့္ ခြဲျခားနိုးလာေတာ့ ပခုံးေပၚက ေခါင္းေလးက မဖယ္ရေသး။ ႏြမ္းခါးက မနက္ပိုင္း ေစာေစာထတတ္ေသာ္လည္း က်န္တဲ့ အခ်ိန္ဆို ႏွိုးရခက္သည္။
ခြဲျခားက ေခါင္းစုတ္ဖြားေလးကို လက္ျဖင့္ ဖြပစ္လိုက္ၿပီး
"ညီေလး ထေတာ့ ျပန္ရေအာင္"
"ႏြမ္းခါးမထရင္ အကိုတို႔ ထားခဲ့မွာေနာ္"
ျမတ္ဘုန္းေမာင္ကလည္း ပါးေလးကို ဆြဲကာ ႏြမ္းခါးကို ႏွိုးေလသည္။ ဆူပုတ္ပုတ္ေလးနဲ႕ နိုးလာေတာ့ အကိုေတြက ေခြးေပါက္ေလးကို ၿပဳံးကာၾကည့္ေနၾကသည္။ ထိုအခါ ခြဲျခားက
"သူေနမေကာင္းဘူး ေခါင္းမူးတယ္ဆိုလို႔ ငါလည္း ဆက္မလိုက္ေတာ့ပဲ နားလိုက္တာ"
"ေအး ငါတို႔လည္း အလယ္ေလာက္ေရာက္မွ မင္းတို႔မပါမွန္း သိတာ ျမတ္ဘုန္းက အဆုံးထိမေလွ်ာက္ရင္ တစ္ေယာက္နဲ႕တစ္ေယာက္ ေဝးတတ္တယ္ဆိုလို႔ ဆက္ေလွ်ာက္သြားၾကတာ"
ေက်ာ္ေဇာကလည္း သူတို႔ျပန္မလွည့္လာရသည့္ အေၾကာင္းကိုေျပာလိုက္သည္။ အိပ္ရာနိုးကာစ ႏြမ္းခါးက မ်က္လုံးေလးေတြျပဴးသြားသည္။
"တံတားကို အဆုံးထိမေလွ်ာက္ရင္ အဲ့လူေတြက ေဝးၾကတာလား"
"အင္း ဟုတ္တယ္"
လင္းသူရက စကားေထာက္ေပးေတာ့
"အာ့ဆို အကို ကြၽန္ေတာ္တို႔ႏွစ္ေယာက္ အဆုံးထိမေလွ်ာက္ရေသးဘူးေလ အဆုံးထိ ေလွ်ာက္ၿပီးမွ ျပန္ၾကမယ္ေလ"
ခြဲျခား လက္ေမာင္းကို ကိုင္ကာ ႏြမ္းခါးက စိတ္ပူဟန္ျဖင့္ ေျပာေတာ့ အကိုေတြက ဝိုင္းရယ္ၾကသည္။ ခြဲျခားကလည္း ဘာေျပာရမွန္းမသိ၍ ေခါင္းရမ္းကာ ရယ္ေလသည္။
"အဲ့ဒါ အတြဲေတြကို ေျပာတာေလ ညီေလးရဲ႕ ဟားဟား အဆုံးထိမေလွ်ာက္လည္း ဒီေကာင္ေတြရဲ႕ မ်က္ႏွာက မေတြ႕ခ်င္လို႔ ေရွာင္ေနေတာင္ ျမင္ေနရဦးမွာ"
"ဟုတ္တယ္ ဟိုႏွစ္ေကာင္က အတြဲမို႔ အဆုံးထိ ေလွ်ာက္တာ အကိုတို႔က ေလွ်ာက္ေလွ်ာက္ မေလွ်ာက္ေလွ်ာက္ ဘာမွ မျဖစ္ပါဘူး မစိုးရိမ္ပါနဲ႕"
ေက်ာ္ေဇာႏွင့္ စိုင္းတို႔၏ ရွင္းျပမႈ ၿပီးသြားခ်ိန္တြင္ ႏြမ္းခါးက ေခါင္းေလး ၿငိတ္ျပသည္။ အတြဲေတြမွတဲ့လား။ အကယ္၍ ဒီေန႕ အဆုံးထိ မေလွ်ာက္ခဲ့လို႔ တစ္ေန႕ေဝးသြားရင္ေရာ။ အေရွ႕ကေန လမ္းေလွ်ာက္ေနသည့္ ခြဲျခား၏ ေက်ာျပင္ကိုၾကည့္ကာ မ်က္ရည္ဝဲလာခဲ့သည္။
ကြၽန္ေတာ္တို႔ တစ္ေန႕ေဝးသြားရင္ေရာ အကို။
အျပန္လမ္းတြင္ေတာ့ ႏြမ္းခါးအရင္နဲ႕မတူပဲ တိတ္ေနေလသည္။ ခြဲျခား၏ ခါးကို တင္းတင္းဖက္ကာ ေက်ာျပင္ကို မွီထားသည္။ ခြဲျခားကေတာ့ ႏြမ္းခါး အိပ္ေပ်ာ္ေနသည္မွတ္၍ လက္တစ္ဖက္ျဖင့္ ထိန္းေပးကာ ေျဖးေျဖးခ်င္းေမာင္းေနသည္။ ေလတိုးသံေတြအစား ခြဲျခား၏ အသက္ရႉသံ မွန္မွန္ကိုသာ ႏြမ္းခါးၾကားေနရသည္။ ဒီေက်ာျပင္က အရမ္းေႏြးသည္။ အကို႔လက္ေတြကလည္း လုံၿခဳံမႈအျပည့္ေပးသည္။ ဒီေက်ာျပင္ ဒီလက္ပိုင္ရွင္ ဒီအကိုကို ကြၽန္ေတာ္ အပိုင္လိုခ်င္လာသည္။
သြားၿပီ ငါ့ရဲ႕ အက်င့္ဆိုးက ျပန္ေပၚလာၿပီ။
ႏြမ္းခါး လႊတ္မေပးခ်င္။ ဒီလူသားကို ဘယ္သူနဲ႕မွ မွ်မသုံးခ်င္ေတာ့ေပ။ ဒီလူသား၏ ဦးစားေပးသည္ မိမိတစ္ေယာက္သာ ျဖစ္လိုသည္။ ဒီလူသားသည္ မိမိကိုသာ ခ်စ္ေနေစလိုသည္။ ဒီလူသားကိုလည္း မိမိသိပ္ခ်စ္ေနမိၿပီ။ အဆုံးရႈံးမခံခ်င္ေပမယ့္ ထိုလူသားကပဲ ပိုင္ရွင္ရွိေနႏွင့္ၿပီးသား ျဖစ္ေနသည္။ အတၱႀကီးတာမေကာင္းဘူးဟု အေမအၿမဲဆုံးမခဲ့ေသာ္လည္း ႏြမ္းခါးကေတာ့ လိုခ်င္ၿပီဆို နည္းမ်ိဳးစုံ သုံးတတ္သည္။ အကိုေတြ ထင္သလို ျဖဴျဖဴစင္စင္တစ္ေယာက္ေတာ့ ႏြမ္းခါး မဟုတ္ခဲ့ပါေခ်။