𝗟𝗶𝘁𝘁𝗹𝗲 𝗗𝗼 𝗬𝗼𝘂 𝗞𝗻...

By Iris_Choi

5.8K 765 92

Choi Soobin ဘယ်အချိန်ပဲဖြစ်ဖြစ်Hyungကကျွန်တော့်ရဲ့ရွေးချယ်မှုပဲ Choi Yeonjun ချစ်ရတာသိပ်နာကြင်ရတာမလို့ ငါ့ဆီထ... More

(( 2 ))
(( 3 ))
(( 4 ))
(( 5 ))
((6 ))
(( 7 ))

(( 1 ))

2.2K 187 26
By Iris_Choi

Unicode

Present , September 13/ 2026

'တီ တီ တီ'

၆:၀၀နာရီAlarmသံမြည်တော့ အိပ်ယာကထပြီးကုမ္ပဏီကိုအချိန်မှီရောက်ဖို့ဘတ်စ်ကားမှီအောင်အမြန်ပြင်ပြီးမှတ်တိုင်ဆီကိုပြေးရတာ မနက်စာတောင်စားဖို့အချိန်မရှိတဲ့နေ့ရက်တွေ။

သာမန်အခြေခံလူတန်းစားအိမ်ယာရပ်ကွက်ခေါင်းမိုးထပ်အခန်းလေးမှာငှားနေရင်းအထက်တန်းကတည်းက တစ်ယောက်တည်းဘဝကိုရုန်းကန်ပြီးကိုယ့်အားကိုကိုယ်ကိုးပြီးကြီးပြင်းလာခဲ့သည်မလို့ မိသားစုမရှိမိဘမဲ့တစ်ယောက်ဖြစ်သည်ပေါ့။

ဘွဲ့ရပြီးအခုတော့ကုမ္ပဏီတစ်ခုမှာ အောက်ခြေဝန်ထမ်းအလုပ်နေရာတစ်နေရာရထားတာကြောင့် သူ့မှာတစ်နေ့တစ်နေ့အားစိုက်စရာဆိုလို့ အလုပ်လုပ်ရတာပဲရှိသည်။

ဒီနေ့ကလည်းအမှန်ဆို သူ့မွေးနေ့။

တစ်ယောက်သောသူကရော?? သူကတော့မနေ့ညကတည်းကmissed callတွေဝင်ထားတာတွေ့ပေမဲ့ သူလစ်လျူရှုထားမိသည်။ ငါမင်းကိုအခုမတွေ့ချင်သေးဘူးSoobin...ငါသိပ်ကိုပင်ပန်းနေတယ်။

မိဘမဲ့တကောင်ကြွက်ဖြစ်တဲ့သူ့ဘဝဟာ အားကိုးရာကိုယ့်ကိုကိုယ်ကလွဲပြီးမရှိသည်မလို့ ဘယ်သူ့ကိုမှမယုံကြည်မမှီခိုပဲသန်မာအောင်နေခဲ့ရသည်။

သို့သော်ထိုသို့အမြဲမှောင်မိုက်အထီးကျန်နေခဲ့တဲ့သူ့ဘဝထဲသို့ ရူးမိုက်စွာတိုးဝင်ခဲ့တဲ့သူ။ သူ့ဘဝရဲ့တစ်ဦးတည်းသောအလင်းရောင်ဖြစ်ခဲ့တဲ့လူ။ သူ့ဘဝတလျှောက်လုံးသန်မာလာခဲ့သမျှကို ပျော့ညံ့သွားစေခဲ့တဲ့သူ။ သူ့ထက်တစ်နှစ်ငယ်တဲ့Choi Soobinလို့ခေါ်တဲ့ကောင်လေး...တစ်နည်းအားဖြင့် သူသိပ်ကိုချစ်ရပါသော မောင်...
-
-
-
-
-
-
ကုမ္ပဏီရောက်တော့လည်း အဖွဲ့မှုးဖိသမျှရုံးတွင်းတောက်တိုမည်ရကအစ စီနီယာတွေရဲ့လချုပ်စာရင်းတွေစစ်ပေးရဟိုဌာနပြေးရဒီဌာနပြေးနဲ့။ လူကနားချိန်တောင်မရှိ။

'ဒူ ဒူ ဒူ'

မိတ္တူခန်းထဲမှာစာရင်းတွေမိတ္တူကူးနေတုန်းဝင်လာသည့်ဖုန်းcall။ ခေါ်ဆိုသူကိုကြည့်လိုက်တော့ 'မောင်'ဆိုသည့်နာမ်စားလေးကထင်းခနဲ။

သူသက်ပြင်းချလိုက်ရင်း busyပဲနှိပ်ချပစ်လိုက်သည်။ သူမပျော်နေပါ။ ဒီနေ့တစ်နေကုန်မပျော်နေပါ။ မနှစ်ကမွေးနေ့တုန်းက ပျော်ခဲ့ရသလောက်ဒီနှစ်မွေးနေ့မှာတော့စိတ်တွေရှုပ်နေတာပဲသိသည်။

ညနေရုံးဆင်းတော့လည်း လွယ်နေကျအိတ်လေးကိုသိုင်းလွယ်ရင်းကုမ္ပဏီရှေ့သို့လေးပင်စွာလမ်းလျှောက်ရင်းထွက်လာတော့ ကုမ္ပဏီရှေ့မှာကားရပ်ရင်းကားအပြင်ကနေထွက်စောင့်နေသည့်Soobinကိုတွေ့လိုက်ရသည်။ သူ့ကိုတွေ့တော့ စိတ်ပူတကြီးသူ့အနားပြေးလာသည့်Soobinကိုသူမျက်လုံးချင်းဆုံအောင်မကြည့်မိ။

"Hyung! Yeonjunie hyung..ဘာလို့ဖုန်းမကိုင်တာလဲ?? မောင်ဘယ်လောက်တောင်စိတ်ပူလိုက်ရလဲ?"

"ငါမင်းနဲ့မတွေ့ချင်လို့Soobin"

သူပြောလိုက်တော့ ဝိုင်းစက်သွားသည့်မျက်ဝန်းတွေကနားမလည်နိုင်စွာ။ သူ့လက်မောင်းနှစ်ဖက်ကိုဆုပ်ကိုင်လာရင်း သူနဲ့အကြည့်ချင်းစုံရန်ကြိုးစားနေသူကိုဒီတခါတော့သူတန်ပြန်စိုက်ကြည့်ပေးလိုက်သည်။

"ဘာလို့လဲHyung... ဟင်...? မောင့်ကိုပြောလေ...ဘာဖြစ်ခဲ့လို့လဲ?တစ်ခုခုဖြစ်ခဲ့တယ်မလားဟင်?"

သူ့အကြောင်းကိုဆိုသူ့ထက်ပိုသိနေတတ်သည့်ဒီကောင်လေးကိုလိမ်လို့မရမှန်းသူသိပါသည်။ မသိတော့ဘူး။ ချစ်ပေမဲ့ မတူညီတဲ့ဘဝနှစ်ခုပေါင်းစပ်ဖို့ကလုံးဝမဖြစ်နိုင်ဘူးမလား။ အမြဲတမ်းသူတစ်ယောက်တည်းနေခဲ့ရတာတောင်ပင်ပန်းနေခဲ့ရတာ။

Soobinကအခုလာမဲ့ရွေးကောက်ပွဲမှာပါဝင်မည့် နာမည်ကြီးအမတ်လောင်းတစ်ဦးရဲ့သား။ ဂုဏ်ရောအသိုင်းအဝိုင်းရောအားလုံးပြီးပြည့်စုံနေတဲ့သူဌေးသားတစ်ယောက်။ သူ့လိုလူတစ်ယောက်နဲ့ပေါင်းဖက်ဖို့ဘယ်လိုမှမဖြစ်နိုင်တဲ့သူတစ်ယောက်။

"Yeonjunie hyung! အဲ့လိုကြီးမနေပါနဲ့ မောင့်ကိုတစ်ခုခုပြောစရာရှိနေတယ်မလား..ဟင် တစ်ခုခုပြန်ပြောစမ်းပါ မောင်ဘာအမှားလုပ်မိလို့လဲ?"

"မင်းဖြစ်နေတာကိုကမှားတာSoobin..."

သူစိတ်ပျက်စွာပြောလိုက်သည့်ခပ်တိုးတိုးစကားသံနောက်တွင် အံဩထိတ်လန့်သွားသည့်မောင့်မျက်ဝန်းတွေ...

"Hyung.."

"ငါပင်ပန်းတယ်Soobin....မင်းတို့လိုအသိုင်းအဝိုင်းဂုဏ်တွေဒြပ်တွေကြီးမားတဲ့နေရာနဲ့ငါအဆင်ပြေမဘူး။ မင်းမိဘတွေလည်းကြိုက်မှာမဟုတ်ဘူး...ပြီးတော့ငါမင်းကိုငြီးငွေ့နေပြီ"

သူပြောလိုက်တော့ မျက်လုံးတွေနီရဲကာပြောစရာစကားရှာနေပုံရသည့်သူ့ရဲ့ချစ်ရပါသောမောင်။

တောင်းပန်ပါတယ်Soobin ahငါတကယ်ပင်ပန်းနေပြီမလို့ပါ။

"မဟုတ်မှလွဲ ...Ommaနဲ့တွေ့ခဲ့တာလားHyung?ဟင် ဟုတ်တယ်မလား?Ommaနဲ့တွေ့ခဲ့တယ်မလား? အဲ့တာကြောင့်မလို့ဆိုရင် မေ့ပစ်လိုက်ပါ။ Omma စကားတွေကိုဘာမှနားထောင်နေစရာမလိုဘူး..."

"ဟင့်အင်း...တော်ပါတော့! တော်ပါတော့Soobin ah ငါ့ကိုသနားရင်တော်ပါတော့... ငါမင်းကိုချစ်လဲမချစ်တော့ဘူး တွေ့လဲမတွေ့ချင်တော့ဘူး မင်းနဲ့အတူရှိနေတိုင်းလူတွေမျက်စိထဲမှာအထင်သေးတဲ့အကြည့်တွေနဲ့ကြည့်ခံရတာစိတ်ပျက်လာပြီ မင်းနဲ့တူတူရှိနေရင်ငါ့ဘဝကဘာမှအဖိုးမတန်တော့သလိုပဲသိမ်ငယ်နေရတယ် အဲ့တာကြောင့်ငါ့ဘဝထဲကထွက်သွားပါတော့"

Yeonjunရဲ့အော်ဟစ်ငြင်းဆန်ကာပြောလာသည့် အပြောတို့တွင်သူ့လက်မောင်းပေါ်ဆုပ်ကိုင်ထားသည့်Soobinလက်တွေပြောလျော့သွားခဲ့သည်။

"ဟင့်အင်း Hyungလိမ်နေတာ... "

ပြောနေရင်းမောင့်မျက်နှာထက်က မျက်ရည်တွေစီးကျလာတော့Yeonjunမကြည့်နိုင်စွာအကြည့်လွှဲလိုက်မိသည်။ မငိုပါနဲ့မောင် ငါကမင်းနဲ့မထိုက်တန်တာမလို့​။

"Yeonjunie hyung..."

သူလှည့်မကြည့်။ အကြောတင်းစွာမျက်နှာကြောကိုတင်းနိုင်သမျှတင်းပြီးမျက်ရည်တွေနဲ့ပြည့်နေမဲ့မောင့်မျက်ဝန်းကိုသူမကြည့်နိုင်ဘူး။ မကြည့်ချင်ဘူး။ မောင်ကအပြုံးလေးတွေနဲ့ပဲလိုက်ဖက်တာ။ ပါးချိုင့်လေးတွေပေါ်တဲ့အထိပြုံးနေတဲ့မျက်နှာလေးနဲ့ပဲလိုက်ဖက်တာ။

"Hyungမရှိရင် မောင့်ဘဝလဲမရှိဘူးဆိုတာHyungသိရဲ့သားနဲ့ မောင့်ကိုဒီလောက်ထိရက်စက်မှဖြစ်မှာလား...ဟင်"

တဖန်Soobinကသူ့လက်ကလေးတွေကိုဆုပ်ကိုင်လာပြန်သည်။

"မောင်တို့နှစ်ယောက်တည်းဘယ်သူမှမရှိတဲ့နေရာကိုထွက်ပြေးကြမယ်လေ နှစ်ယောက်တည်း.."

"ကျစ် ... အဲ့လိုထွက်ပြေးလို့ပြီးသွားမဲ့ကိစ္စလို့ထင်နေလား? အပိုတွေပြောမနေပဲ ငါနဲ့အေးအေးဆေးဆေးလမ်းခွဲပြီး Lee Haejinနဲ့ပဲလက်ထပ်လိုက်စမ်းပါ မင်းတို့ကလိုက်ဖက်ပါတယ်အသိုင်းအဝိုင်းရောမိသားစုတွေချင်းရော"

သူပြောလိုက်တော့ Soobinမျက်နှာကတကယ်ကိုယူကြုံးမရဖြစ်သွားဟန် အလွန်ပင်ထိခိုက်နာကြင်သွားဟန်ဖြင့်သူ့အားမယုံကြည်နိုင်စွာကြည့်လာသည်။

"အဟက်"

နာကြင်စွာခြောက်ကပ်ကပ်ရယ်လိုက်သည့်Soobinကို သူနားမလည်စွာပြန်ကြည့်လိုက်တော့ လက်ထဲကကိုင်ထားသည့်တစ်စုံတစ်ခုကိုငုံ့ကြည့်နေသည်။ ကြည့်လိုက်တော့ လက်စွပ်ဘူးလေး။ သူ့ရင်ထဲနင့်ခနဲ။

"Hyungမွေးနေ့မှာ နှစ်ယောက်တည်းအချိန်တွေတူတူကုန်ဆုံးပြီးလက်ထပ်ခွင့်တောင်းဖို့အထိမျှော်လင့်ထားခဲ့တာကို... "

"အဓိပ္ပာယ်မရှိတာတွေပြောမနေနဲ့တော့...ငါပြောပြီးပြီမလို့နောက်မင်းနဲ့မတွေ့ရရင်ကောင်းမယ်"

Soobinကိုဖြတ်ကျော်ပြီးသွားဖို့ပြင်တော့ သူ့လက်ကိုဆွဲထားပြန်သည်။

"မသွားပါနဲ့Hyung..."

မျက်ရည်တွေဝဲရင်း သူ့အားကြည့်နေပြန်သည်။

"ငါ့ကိုလွှတ်...မင်းကိုမချစ်တော့ဘူး မင်းငါ့ကိုအဲ့လိုဇွတ်တွေလိုက်ကပ်နေတာကိုငါတကယ်စိတ်ကုန်နေပြီChoi Soobin"

"မောင့်ကိုမချစ်တော့ဘူးဆိုရင် မောင့်မျက်လုံးတွေကိုသေချာကြည့်ပြီးပြော"

သူလည်းSoobinမျက်လုံးတွေကိုတည့်တည့်စိုက်ကြည့်လိုက်ရင်း

"အင်း မချစ်တော့ဘူး..မုန်းတယ် ငြီးငွေ့တယ် စိတ်ကုန်တယ် မင်းကိုရောမင်းအမေကို​ရောအကုန်လုံးကို"

သူပြောပြီးသည်နှင့်Soobinလက်ထဲကနေရုန်းကာ အမြန်ခပ်သွက်သွက်လျှောက်လာရင်း လူသွားလမ်းမီးစိမ်းနေတုန်းလမ်းတစ်ဖက်ကိုအမြန်ကူးဖို့ပြင်လိုက်သည်။ သူမောင့်ရှေ့မှာကြာကြာဆက်နေသေးရင်ဘယ်လိုမှဆက်ထိန်းနိုင်မှာမဟုတ်။

"Hyung...မသွားပါနဲ့... Hyung"

သူလည်းလမ်းကူးပြီးတစ်ဖက်ပလပ်ဖောင်းပေါ်သို့အရောက် နောက်ကနေပြေးလိုက်လာပြန်သည့်Soobin။ နောက်ကအော်ခေါ်နေသည့်အသံကိုလည်းသူဂရုမစိုက်မိ။

'ကျွီ '  'ဒုန်း'

တစ်ခုခုကိုကားဖြင့်ကျယ်လောင်စွာတိုက်လိုက်သည့်အသံကျယ်ကြီးကြားလိုက်ရချိန်မှာတော့ သူ့ခြေလှမ်းတွေတန့်ခနဲ။

"ဟာ ဟိုမှာလူတိုက်မိသွားပြီ အရေးပေါ်ကားခေါ်ကြအုံး"

"ကောင်လေးကလမ်းဖြတ်ပြေးလာတာ..."

"သေပြီလားမသိဘူး ကြည့်ကြအုံး"

တစ်ယောက်တစ်ပေါက်အော်ဟစ်သံတွေကြား သူဖြည်းဖြည်းချင်းလှည့်ကြည့်မိသည်။ လူအုပ်ကြီးဝိုင်းနေသည့်နေရာကိုလျှောက်သွားမိတော့မှ လမ်းမကြီးပေါ်မှာသွေးအလိမ်းလိမ်းနှင့်လဲနေသည့်လူကိုတွေ့တော့မှ သူအမြန်ပြေးသွားလိုက်ရင်း....

"မောင်! Choi Soobin!! Soobin ah!! သတိထားပါအုံး... မောင်! "

လဲကျနေသည့်Soobinကိုသူ့ပေါင်ပေါ်အသာပွေ့ယူဖက်ထားမိတော့ သူ့အင်္ကျီတွေဘောင်းဘီတွေကအစမောင့်သွေးတွေနှင့်ချက်ချင်းရဲရဲနီကုန်သည်။ သူမခံစားနိုင်....မျက်ရည်တို့ကတသောသောနဲ့ချက်ချင်းကျလာသည်။

သူအသာအယာလှုပ်နှိုးတော့ ခပ်ယေးယေးမျက်စိလေးဖွင့်လာသည့်Soobinဟာ လက်ထဲတွင်ဆုပ်ကိုင်ထားဆဲလက်စွပ်ဘူးလေးကို အားယူကာမြှောက်ပြရင်း

"မောင်..မောင့်...ကို လက်ထပ်..ပါYeon.."

​ထိုစကားလေးတစ်ခွန်းကိုအားယူးပြီးပြောပြီးသည့်နောက်တွင်တော့ ခေါင်းလေးစောင်းကာလက်ထပ်လက်စွပ်ဘူးလေးလည်း မောင့်လက်ထဲကနေလွတ်ကျသွားခဲ့လေပြီ....

"မဟုတ်ဘူး!! မောင်!!!! ဟင့်အင်း ...Soobin ah!! ကျေးဇူးပြုပြီးမအိပ်ပါနဲ့....ငါတောင်းပန်ပါတယ် ငါမင်းကိုလက်ထပ်မှာမလို့ ကျေးဇူးပြုပြီး....Soobin ah!!"

-
-
-
-
-
-
အဲ့ဒီနေ့က သူသာမောင့်ကိုလမ်းမခွဲခဲ့ရင်...သူသာမောင့်ဖုန်းတွေကိုကိုင်ခဲ့ရင်...သူသာအရာအားလုံးနဲ့ယှဉ်ပြီးမောင့်ကိုရွေးချယ်ခဲ့ရင် ....သူအခုလိုသေမလိုခံစားနေရမှာမဟုတ်သလို မောင်လဲသူ့ဘဝထဲကအပြီးတိုင်းနှုတ်ဆက်ထွက်ခွာသွားခဲ့မည်မဟုတ်...

မောင့်ကိုနှင်လွှတ်ခဲ့တာသူ့ဘဝထဲကနေပဲနှင်လွှတ်ခဲ့တာပါ။ သူမရှိနဲ့ဘဝတစ်ခုမှာ အသိုင်းအဝိုင်းတစ်ခုမှာမောင့်ဘဝလေးလှပတောက်ပနေဖို့နုံချာနေတဲ့သူ့ဘဝထဲကနေပဲနှင်လွှတ်ခဲ့တာ။ လောကကြီးထဲကနေနှင်လွှတ်ခဲ့တာမှမဟုတ်ပါလေ။ အခုတော့သူ့ကိုသိပ်ချစ်လှပြီဆိုတဲ့မောင်ဟာ သူ့ဘဝထဲကတင်ပါမကလောကကြီးထဲကနေပါအပြီးတိုင်ထွက်ခွာသွားခဲ့လေပြီ။

မောင့်ဈာပနအခမ်းအနားကိုသွားရောက်ကာ ဂါဝရပြုတော့မောင့်မိဘတွေဟာမျက်ရည်တွေကြားထဲကနေသူ့အားမုန်းတီးစက်စုပ်စွာကြည့်နေခဲ့ကြသည်။အေးပေါ့ သူကသူတို့ရဲ့အဖိုးတန်တစ်ဦးတည်းသောသားလေးကိုဆုံးရှုံးရအောင်လုပ်ထားခဲ့သည်ပဲ။

'ဖြန်း'

ပါးပေါ်ရောက်လာသည့်မောင့်အမေရဲ့လက်ဝါးတချက်။ ပူထူသွားပေမဲ့ငါလည်းငိုဖို့မျက်ရည်တွေမကျန်တော့ဘူးSoobin ah...

'ဖြန်း'

နောက်ထပ်ကျရောက်လာသည့်ရိုက်ချက်တစ်ခု။

'ဖြန်း'

"နင်မကောင်းတဲ့အကောင်! ငါတို့Soobinieကိုသတ်တဲ့ကောင်....ငါနင့်ကိုပြောခဲ့တယ်မလား ငါတို့Soobinနားကနေထွက်သွားလို့ ငါပြောခဲ့တယ်မလား.... ငါတို့သားလေးကိုသနားလွန်းလို့ဘယ်လိုလုပ်ရမလဲ အိုက်ဂူး ငါ့သားလေး"

ဒေါသအလျောက်သူ့အားအော်ဟစ်ပြောဆိုပီးသည့်နောက်တွင်တော့ ရင်ဘတ်ကိုဖိကာငိုကြွေးနေသည့်Ommoniကို မောင့်အဖေကလာတွဲခေါ်သွားတော့သည်​။

ပါးနှစ်ဖက်စလုံးရစရာမရှိအောင်ထူပူနေပေမဲ့ သူမခံတတ်တော့ဘူး။ သူ့မျက်နှာတွင်လည်းဘာခံစားချက်မှမရှိတော့။

မောင့်ဈာပနအခမ်းအနားကနေ ခြေဦးတည့်ရာလမ်းလျှောက်ထွက်လာခဲ့မိသည်ကဟန်မြစ်တံတားပေါ်။

လက်တန်းတွေပေါ်တက်လိုက်ရင်း နောက်ဆုံးအနေနဲ့ကောင်းကင်ပြာကြီးကိုတချက်မော့ကြည့်မိသည်။အစကတည်းကဘာမှမရှိတဲ့ငါ့ဘဝမှာ မင်းလည်းမရှိတော့ဘူး။ ဘာဆိုဘာမှမရှိတော့ဘူး။ အမှတ်တရတွေရော ပျော်စရာတွေရော ခံစားချက်တွေရောဘာမှမရှိတော့ဘူး။

"တောင်းပန်ပါတယ်မောင်..."

'တကယ်လို့များ အချိန်တွေသာနောက်ပြန်လှည့်ခွင့်ရမယ်ဆိုရင် မင်းရဲ့ပါးချိုင့်လေးတွေနစ်ဝင်နေတဲ့အပြုံးလှလှလေးတွေပြန်မြင်ခွင့်ရချင်သေးမောင်...အဲ့အခါကျရင်တော့ပေါင်းစပ်ဖို့မဖြစ်နိုင်တဲ့အချစ်တစ်ခုကိုဘယ်တော့ငါပြန်ထပ်ပြီးကြိုးစားတော့မှာမဟုတ်ဘူး ငါနဲ့မင်းသူစိမ်းတွေလိုပဲနေသွားမယ်'

​လက်တန်းလေးပေါ်ကနေ လေထဲသို့ခြေတစ်လှမ်းရှေ့ထုတ်လိုက်ရင်း စိတ်တွေကိုလျှော့ချပစ်လိုက်တော့ ပေါ့ပါးစွာလွင့်ကျသွားသည့်ခန္ဓာကိုယ်ဟာမြစ်ထဲသို့နစ်မြုပ်သွားလျက်....

ပြီးသွားပြီ ....အရာအားလုံးပြီးသွားပြီ...မင်းနောက်ကိုလိုက်ခဲ့ပြီမောင်....

-
-
-
-
-
-
-
-
"မဖြစ်ဘူး!!!!"

ဝုန်းခနဲနေအောင် အိပ်ယာကနေလန့်နိုးလာသည်။ နိုးနိုးချင်းမထိန်းနိုင်စွာစီးကျလာသည့်မျက်ရည်တွေကိုသူမသုတ်နိုင်တော့။ အိပ်ယာဘေးနားကစားပွဲပေါ်မှာတင်ထားသည့်မောင်နဲ့သူ့ရဲ့ဓာတ်ပုံလေးကိုကြည့်ဖို့ယူမယ်လုပ်တော့မရှိ။ ဘယ်ရောက်သွားတာလဲ??

အိမ်မက်ထဲမှာမောင့်နောက်ကိုသူလိုက်သွားပြီတဲ့....

သူမျက်ရည်တွေကျနေမိတုန်း။ မောင့်ဈာပနပြီးသည့်နေ့ကတည်းကအလုပ်လည်းမသွားဖြစ်တော့သလို အခန်းတွင်းအောင်းကာဘာဆိုဘာမှလုပ်ဖစ်တော့...ဟုတ်တယ် တကယ်ပဲသူ့ဘဝဟာလည်းဘာမှမရှိတော့ဘူး။ အိမ်မက်ထဲကလိုမောင်ရှိနေမဲ့နေရာပဲလိုက်သွားတော့မယ်။

ဘယ်သူမှမရှိတဲ့ဒီဘဝကြီးထဲသူတစ်ယောက်တည်းမကျန်ခဲ့ချင်တော့ဘူး....

သူအိပ်ယာပေါ်ကနေဝရုန်းသုန်းကာ ထကာဟန်မြစ်ကိုသွားရန်အိမ်ထဲကနေမျက်ရည်စက်လက်ဖြင့်ပြေးထွက်လာမိတော့ ဘတ်စ်ကားမှတ်တိုင်ဆီသွားသည့်လမ်းထိပ်မှာအထက်တန်းကျောင်းယူနီဖောင်းအပြည့်အစုံနဲ့သူ့ဆီလာနေသည့်Taehyunနဲ့တွေ့သည်။

Taehyunကအထက်တန်းတုန်းသူ့ဘဝမှာတစ်ယောက်တည်းသောရင်းနှီးရသည့်သူငယ်ချင်း။

သူ့ခြေလှမ်းတွေတုန့်ခနဲ့ရပ်ကုန်သည်။ ကျောင်းယူနီဖောင်းနဲ့Kang Taehyunဟာတကယ်ပင်အထက်တန်းကျောင်းသားလေးလိုနုပျိုငယ်ရွယ်နေသည်။ သူTaehyunနှင့်မတွေ့ဖြစ်တာသူတို့တွေဘွဲ့ရပြီးကတည်းက ဘယ်နှနှစ်တောင်ကြာပြီလဲ။

Taehyunကသူ့ကိုတွေ့တော့ တက်ကြွစွာပြေးလာသည်။ အနားရောက်တော့စူပုပ်ပုပ်လေးဖြင့်

"Yah! Choi Yeonjun အခုမှအိပ်ယာထတာလား? အချိန်လဲကြည့်အုံး ဘတ်စ်ကားမမှီတော့ဘူး ကျောင်းစောစောသွားတဲ့ကောင်ကဒီနေ့မှဘာဖြစ်??"

သူ့အားကြည့်ပြီးစကားတွေပြောနေသည့်Taehyunကိုသူနားမလည်နိုင်သေး။ အခုဘာတွေဖြစ်နေတာလဲ??

"ဘာ..ဘာတွေပြောနေတာလဲKang Taehyun...မင်းဘယ်တုန်းကကနေဒါကပြန်ရောက်တာလဲ?"

သူ့အမေးကို ထူးဆန်းသလိုကြည့်ပြီးနဖူးအားအဖျားလာစမ်းသည့်Taehyun

"ဖျားနေတာလားChoi Yeonjun...အိမ်မက်ဆိုးတွေမက်လာတာလား?? ဘာတွေပြောနေတာလဲ?"

အခုဘာတွေဖြစ်နေတာလဲ?? သူ့မှာမောင့်ကြောင့်ဝမ်းနည်းကြေကွဲနေသည့်စိတ်တွေတောင် ရှုပ်ထွေးလာရသည်။

"မဟုတ်ဘူးလေငါပြောတာ..."

"တဆိတ်လောက်ပါဗျ... ဆယ်ဝေါအထက်တန်းကျောင်းကိုဘယ်လိုသွားရမလဲသိလားဗျာ? "

နောက်မှရုတ်တရက်ထွက်လာသည့် အသံတစ်ခုကြောင့်သူ့တစ်ကိုယ်လုံးတောင့်တင်းသွားရသည်။

သူသေသွားရင်တောင် ဘယ်တော့မှမမေ့မည့်အသံ။ သူ့ဘဝရဲ့တစ်ဦးတည်းသော ချစ်ရပါသောမောင့်အသံ... သူအမြန်လှည့်ကြည့်မိတော့ သူနဲ့Taehyunကိုတလှည့်စီကြည့်ရင်း ပါးချိုင့်လေးတွေထင်းနေအောင်ပြုံးပြနေသည့် ....Soobinnie...

"မောင်"

သူတစ်ကိုယ်တည်းကြားနိုင်လောက်သည့်အသံလေးဖြင့် တိုးတိတ်စွာရေရွတ်လိုက်မိသည်။ အံ့ဩရပေမဲ့ အခုချိန်မှာပျော်နေတာပဲသူသိသည်။ သူမျက်ရည်တွေချက်ချင်းကျလာမိသည်။ သူသိပ်ကိုလွမ်းနေရတဲ့မောင့်ကို မျက်စိရှေ့မှာသူမြင်တွေ့နေရသည်။ အိမ်မက်လို့ထင်ချင်စရာကောင်းပေမဲ့ အိမ်မက်မဟုတ်။ သူတကယ်ကိုမြင်နေရတာဖြစ်သည်။

"ကျွန်တော်ကအဲ့ကျောင်းကိုပြောင်းမဲ့အထက်တန်းပထမနှစ်ကျောင်းသားပါ ဒီကနဲ့ကျောင်းဝတ်စုံတူနေလို့"

အထက်တန်းကျောင်းဝတ်စုံလေးနဲ့မောင်ဟာ သူနဲ့စတွေ့ခဲ့တုန်းကအတိုင်းနူးညံ့အေးဆေးသည့်ကောင်လေးအဖြစ်သူ့မျက်စိရှေ့ကိုနောက်တဖန်ပြန်ရောက်လာခဲ့လေသည်။

သူမောင့်နောက်ကိုတကယ်လိုက်ပြီး ဟန်မြစ်ထဲခုန်ချပြီးသတ်သေဖို့လုပ်ခဲ့တာ အိမ်မက်မဟုတ်။ သူနာကြင်ခဲ့ရတာသူပဲသိသည်။

ဒါဆို မဟုတ်မှလွဲ.....

"Taehyun ah အ..အခု ဘယ်နှခုနစ်လဲ???"

သူထိတ်လန့်တကြားအလျင်အမြန်ပင်ဘေးကTaehyunကိုမေးမိတော့ အူကြောင်ကြောင်ဖြစ်သွားသည့်Taehyun

"အခုဘယ်နှခုနစ်လဲလို့မေးတာ?? ဒီနေ့ဘာနေ့လဲ??"

"Feb 15 2021လေ ဒီနေ့မှကျောင်းစဖွင့်ရက်ကိုဘာတွေကြောင်နေပြန်ပြီလဲ?"

သူဒူးတွေလမ်းမပေါ်ညွတ်ခနဲထောက်လျက်လဲကျသွားမိတော့သည်။

ပြုံးနေရင်းတစ်ချိန်တည်းမှာပင်မျက်ရည်တွေလဲကျနေခဲ့မိသည်။

'ငါ့ဆုတောင်းတွေပြည့်ခဲ့ပြီSoobin ah... တကယ်ပဲအချိန်တွေနောက်ပြန်ဆုတ်ခဲ့တာဆိုရင် ငါမင်းကိုရအောင်ကယ်မယ်...ငါတို့နှစ်ယောက်စလုံးမနာကြင်ရအောင် ဒီတစ်ခါတော့ငါကံကြမ္မာကိုပြောင်းလဲပစ်မယ်....

အရမ်းချစ်တယ် Choi Soobin...'

-
-
-
-
-
-
-
-
-
TBC
With Love❣️
||Yeon_For_Bin
Bin_To_Yeon||

A/N : Yeonbin ficအမြဲရေးချင်နေခဲ့တာအခုတော့အကောင်အထည်ဖော်လိုက်ပါပြီ။ Time travel, ဒီလိုfantasy typeမျိုးလေးအမြဲရေးချင်နေခဲ့တာ Yeonbinကလည်းIrisရဲ့main OTPပဲမလို့လိုက်ဖက်မယ်ထင်လို့ပုံဖော်လိုက်ပါတယ်။ Yeonbinသ ဘောကျတဲ့သူတွေရှိရင် ဖတ်ပေးကြပါအုံးရှင်။

Updateကတော့ ဖြည်းဖြည်းချင်းသွားပါ့မယ်။ ရေးလက်စလေးတွေအပြီးသတ်ပါအုံးမယ်။

-
-
-
-
Zawgyi

Present , September 13/ 2026

'တီ တီ တီ'

၆:၀၀နာရီAlarmသံျမည္ေတာ့ အိပ္ယာကထၿပီးကုမၸဏီကိုအခ်ိန္မွီေရာက္ဖို႔ဘတ္စ္ကားမွီေအာင္အျမန္ျပင္ၿပီးမွတ္တိုင္ဆီကိုေျပးရတာ မနက္စာေတာင္စားဖို႔အခ်ိန္မရွိတဲ့ေန႔ရက္ေတြ။

သာမန္အေျခခံလူတန္းစားအိမ္ယာရပ္ကြက္ေခါင္းမိုးထပ္အခန္းေလးမွာငွားေနရင္းအထက္တန္းကတည္းက တစ္ေယာက္တည္းဘဝကို႐ုန္းကန္ၿပီးကိုယ့္အားကိုကိုယ္ကိုးၿပီးႀကီးျပင္းလာခဲ့သည္မလို႔ မိသားစုမရွိမိဘမဲ့တစ္ေယာက္ျဖစ္သည္ေပါ့။

ဘြဲ႕ရၿပီးအခုေတာ့ကုမၸဏီတစ္ခုမွာ ေအာက္ေျခဝန္ထမ္းအလုပ္ေနရာတစ္ေနရာရထားတာေၾကာင့္ သူ႔မွာတစ္ေန႔တစ္ေန႔အားစိုက္စရာဆိုလို႔ အလုပ္လုပ္ရတာပဲရွိသည္။

ဒီေန႔ကလည္းအမွန္ဆို သူ႔ေမြးေန႔။

တစ္ေယာက္ေသာသူကေရာ?? သူကေတာ့မေန႔ညကတည္းကmissed callေတြဝင္ထားတာေတြ႕ေပမဲ့ သူလစ္လ်ဴရႈထားမိသည္။ ငါမင္းကိုအခုမေတြ႕ခ်င္ေသးဘူးSoobin...ငါသိပ္ကိုပင္ပန္းေနတယ္။

မိဘမဲ့တေကာင္ႂကြက္ျဖစ္တဲ့သူ႔ဘဝဟာ အားကိုးရာကိုယ့္ကိုကိုယ္ကလြဲၿပီးမရွိသည္မလို႔ ဘယ္သူ႔ကိုမွမယုံၾကည္မမွီခိုပဲသန္မာေအာင္ေနခဲ့ရသည္။

သို႔ေသာ္ထိုသို႔အျမဲေမွာင္မိုက္အထီးက်န္ေနခဲ့တဲ့သူ႔ဘဝထဲသို႔ ႐ူးမိုက္စြာတိုးဝင္ခဲ့တဲ့သူ။ သူ႔ဘဝရဲ့တစ္ဦးတည္းေသာအလင္းေရာင္ျဖစ္ခဲ့တဲ့လူ။ သူ႔ဘဝတေလၽွာက္လုံးသန္မာလာခဲ့သမၽွကို ေပ်ာ့ညံ့သြားေစခဲ့တဲ့သူ။ သူ႔ထက္တစ္ႏွစ္ငယ္တဲ့Choi Soobinလို႔ေခၚတဲ့ေကာင္ေလး...တစ္နည္းအားျဖင့္ သူသိပ္ကိုခ်စ္ရပါေသာ ေမာင္...
-
-
-
-
-
-
ကုမၸဏီေရာက္ေတာ့လည္း အဖြဲ႕မႈးဖိသမၽွ႐ုံးတြင္းေတာက္တိုမည္ရကအစ စီနီယာေတြရဲ့လခ်ဳပ္စာရင္းေတြစစ္ေပးရဟိုဌာနေျပးရဒီဌာနေျပးနဲ႔။ လူကနားခ်ိန္ေတာင္မရွိ။

'ဒူ ဒူ ဒူ'

မိတၱဴခန္းထဲမွာစာရင္းေတြမိတၱဴကူးေနတုန္းဝင္လာသည့္ဖုန္းcall။ ေခၚဆိုသူကိုၾကည့္လိုက္ေတာ့ 'ေမာင္'ဆိုသည့္နာမ္စားေလးကထင္းခနဲ။

သူသက္ျပင္းခ်လိုက္ရင္း busyပဲႏွိပ္ခ်ပစ္လိုက္သည္။ သူမေပ်ာ္ေနပါ။ ဒီေန႔တစ္ေနကုန္မေပ်ာ္ေနပါ။ မႏွစ္ကေမြးေန႔တုန္းက ေပ်ာ္ခဲ့ရသေလာက္ဒီႏွစ္ေမြးေန႔မွာေတာ့စိတ္ေတြရႈပ္ေနတာပဲသိသည္။

ညေန႐ုံးဆင္းေတာ့လည္း လြယ္ေနက်အိတ္ေလးကိုသိုင္းလြယ္ရင္းကုမၸဏီေရွ႕သို႔ေလးပင္စြာလမ္းေလၽွာက္ရင္းထြက္လာေတာ့ ကုမၸဏီေရွ႕မွာကားရပ္ရင္းကားအျပင္ကေနထြက္ေစာင့္ေနသည့္Soobinကိုေတြ႕လိုက္ရသည္။ သူ႔ကိုေတြ႕ေတာ့ စိတ္ပူတႀကီးသူ႔အနားေျပးလာသည့္Soobinကိုသူမ်က္လုံးခ်င္းဆုံေအာင္မၾကည့္မိ။

"Hyung! Yeonjunie hyung..ဘာလို႔ဖုန္းမကိုင္တာလဲ?? ေမာင္ဘယ္ေလာက္ေတာင္စိတ္ပူလိုက္ရလဲ?"

"ငါမင္းနဲ႔မေတြ႕ခ်င္လို႔Soobin"

သူေျပာလိုက္ေတာ့ ဝိုင္းစက္သြားသည့္မ်က္ဝန္းေတြကနားမလည္နိုင္စြာ။ သူ႔လက္ေမာင္းႏွစ္ဖက္ကိုဆုပ္ကိုင္လာရင္း သူနဲ႔အၾကည့္ခ်င္းစုံရန္ႀကိဳးစားေနသူကိုဒီတခါေတာ့သူတန္ျပန္စိုက္ၾကည့္ေပးလိုက္သည္။

"ဘာလို႔လဲHyung... ဟင္...? ေမာင့္ကိုေျပာေလ...ဘာျဖစ္ခဲ့လို႔လဲ?တစ္ခုခုျဖစ္ခဲ့တယ္မလားဟင္?"

သူ႔အေၾကာင္းကိုဆိုသူ႔ထက္ပိုသိေနတတ္သည့္ဒီေကာင္ေလးကိုလိမ္လို႔မရမွန္းသူသိပါသည္။ မသိေတာ့ဘူး။ ခ်စ္ေပမဲ့ မတူညီတဲ့ဘဝႏွစ္ခုေပါင္းစပ္ဖို႔ကလုံးဝမျဖစ္နိုင္ဘူးမလား။ အျမဲတမ္းသူတစ္ေယာက္တည္းေနခဲ့ရတာေတာင္ပင္ပန္းေနခဲ့ရတာ။

Soobinကအခုလာမဲ့ေရြးေကာက္ပြဲမွာပါဝင္မည့္ နာမည္ႀကီးအမတ္ေလာင္းတစ္ဦးရဲ့သား။ ဂုဏ္ေရာအသိုင္းအဝိုင္းေရာအားလုံးၿပီးျပည့္စုံေနတဲ့သူေဌးသားတစ္ေယာက္။ သူ႔လိုလူတစ္ေယာက္နဲ႔ေပါင္းဖက္ဖို႔ဘယ္လိုမွမျဖစ္နိုင္တဲ့သူတစ္ေယာက္။

"Yeonjunie hyung! အဲ့လိုႀကီးမေနပါနဲ႔ ေမာင့္ကိုတစ္ခုခုေျပာစရာရွိေနတယ္မလား..ဟင္ တစ္ခုခုျပန္ေျပာစမ္းပါ ေမာင္ဘာအမွားလုပ္မိလို႔လဲ?"

"မင္းျဖစ္ေနတာကိုကမွားတာSoobin..."

သူစိတ္ပ်က္စြာေျပာလိုက္သည့္ခပ္တိုးတိုးစကားသံေနာက္တြင္ အံဩထိတ္လန႔္သြားသည့္ေမာင့္မ်က္ဝန္းေတြ...

"Hyung.."

"ငါပင္ပန္းတယ္Soobin....မင္းတို႔လိုအသိုင္းအဝိုင္းဂုဏ္ေတြျဒပ္ေတြႀကီးမားတဲ့ေနရာနဲ႔ငါအဆင္ေျပမဘူး။ မင္းမိဘေတြလည္းႀကိဳက္မွာမဟုတ္ဘူး...ၿပီးေတာ့ငါမင္းကိုၿငီးေငြ႕ေနၿပီ"

သူေျပာလိုက္ေတာ့ မ်က္လုံးေတြနီရဲကာေျပာစရာစကားရွာေနပုံရသည့္သူ႔ရဲ့ခ်စ္ရပါေသာေမာင္။

ေတာင္းပန္ပါတယ္Soobin ahငါတကယ္ပင္ပန္းေနၿပီမလို႔ပါ။

"မဟုတ္မွလြဲ ...Ommaနဲ႔ေတြ႕ခဲ့တာလားHyung?ဟင္ ဟုတ္တယ္မလား?Ommaနဲ႔ေတြ႕ခဲ့တယ္မလား? အဲ့တာေၾကာင့္မလို႔ဆိုရင္ ေမ့ပစ္လိုက္ပါ။ Omma စကားေတြကိုဘာမွနားေထာင္ေနစရာမလိုဘူး..."

"ဟင့္အင္း...ေတာ္ပါေတာ့! ေတာ္ပါေတာ့Soobin ah ငါ့ကိုသနားရင္ေတာ္ပါေတာ့... ငါမင္းကိုခ်စ္လဲမခ်စ္ေတာ့ဘူး ေတြ႕လဲမေတြ႕ခ်င္ေတာ့ဘူး မင္းနဲ႔အတူရွိေနတိုင္းလူေတြမ်က္စိထဲမွာအထင္ေသးတဲ့အၾကည့္ေတြနဲ႔ၾကည့္ခံရတာစိတ္ပ်က္လာၿပီ မင္းနဲ႔တူတူရွိေနရင္ငါ့ဘဝကဘာမွအဖိုးမတန္ေတာ့သလိုပဲသိမ္ငယ္ေနရတယ္ အဲ့တာေၾကာင့္ငါ့ဘဝထဲကထြက္သြားပါေတာ့"

Yeonjunရဲ့ေအာ္ဟစ္ျငင္းဆန္ကာေျပာလာသည့္ အေျပာတို႔တြင္သူ႔လက္ေမာင္းေပၚဆုပ္ကိုင္ထားသည့္Soobinလက္ေတြေျပာေလ်ာ့သြားခဲ့သည္။

"ဟင့္အင္း Hyungလိမ္ေနတာ... "

ေျပာေနရင္းေမာင့္မ်က္ႏွာထက္က မ်က္ရည္ေတြစီးက်လာေတာ့Yeonjunမၾကည့္နိုင္စြာအၾကည့္လႊဲလိုက္မိသည္။ မငိုပါနဲ႔ေမာင္ ငါကမင္းနဲ႔မထိုက္တန္တာမလို႔​။

"Yeonjunie hyung..."

သူလွည့္မၾကည့္။ အေၾကာတင္းစြာမ်က္ႏွာေၾကာကိုတင္းနိုင္သမၽွတင္းၿပီးမ်က္ရည္ေတြနဲ႔ျပည့္ေနမဲ့ေမာင့္မ်က္ဝန္းကိုသူမၾကည့္နိုင္ဘူး။ မၾကည့္ခ်င္ဘူး။ ေမာင္ကအျပဳံးေလးေတြနဲ႔ပဲလိုက္ဖက္တာ။ ပါးခ်ိဳင့္ေလးေတြေပၚတဲ့အထိျပဳံးေနတဲ့မ်က္ႏွာေလးနဲ႔ပဲလိုက္ဖက္တာ။

"Hyungမရွိရင္ ေမာင့္ဘဝလဲမရွိဘူးဆိုတာHyungသိရဲ့သားနဲ႔ ေမာင့္ကိုဒီေလာက္ထိရက္စက္မွျဖစ္မွာလား...ဟင္"

တဖန္Soobinကသူ႔လက္ကေလးေတြကိုဆုပ္ကိုင္လာျပန္သည္။

"ေမာင္တို႔ႏွစ္ေယာက္တည္းဘယ္သူမွမရွိတဲ့ေနရာကိုထြက္ေျပးၾကမယ္ေလ ႏွစ္ေယာက္တည္း.."

"က်စ္ ... အဲ့လိုထြက္ေျပးလို႔ၿပီးသြားမဲ့ကိစၥလို႔ထင္ေနလား? အပိုေတြေျပာမေနပဲ ငါနဲ႔ေအးေအးေဆးေဆးလမ္းခြဲၿပီး Lee Haejinနဲ႔ပဲလက္ထပ္လိုက္စမ္းပါ မင္းတို႔ကလိုက္ဖက္ပါတယ္အသိုင္းအဝိုင္းေရာမိသားစုေတြခ်င္းေရာ"

သူေျပာလိုက္ေတာ့ Soobinမ်က္ႏွာကတကယ္ကိုယူၾကဳံးမရျဖစ္သြားဟန္ အလြန္ပင္ထိခိုက္နာၾကင္သြားဟန္ျဖင့္သူ႔အားမယုံၾကည္နိုင္စြာၾကည့္လာသည္။

"အဟက္"

နာၾကင္စြာေျခာက္ကပ္ကပ္ရယ္လိုက္သည့္Soobinကို သူနားမလည္စြာျပန္ၾကည့္လိုက္ေတာ့ လက္ထဲကကိုင္ထားသည့္တစ္စုံတစ္ခုကိုငုံ႔ၾကည့္ေနသည္။ ၾကည့္လိုက္ေတာ့ လက္စြပ္ဘူးေလး။ သူ႔ရင္ထဲနင့္ခနဲ။

"Hyungေမြးေန႔မွာ ႏွစ္ေယာက္တည္းအခ်ိန္ေတြတူတူကုန္ဆုံးၿပီးလက္ထပ္ခြင့္ေတာင္းဖို႔အထိေမၽွာ္လင့္ထားခဲ့တာကို... "

"အဓိပၸာယ္မရွိတာေတြေျပာမေနနဲ႔ေတာ့...ငါေျပာၿပီးၿပီမလို႔ေနာက္မင္းနဲ႔မေတြ႕ရရင္ေကာင္းမယ္"

Soobinကိုျဖတ္ေက်ာ္ၿပီးသြားဖို႔ျပင္ေတာ့ သူ႔လက္ကိုဆြဲထားျပန္သည္။

"မသြားပါနဲ႔Hyung..."

မ်က္ရည္ေတြဝဲရင္း သူ႔အားၾကည့္ေနျပန္သည္။

"ငါ့ကိုလႊတ္...မင္းကိုမခ်စ္ေတာ့ဘူး မင္းငါ့ကိုအဲ့လိုဇြတ္ေတြလိုက္ကပ္ေနတာကိုငါတကယ္စိတ္ကုန္ေနၿပီChoi Soobin"

"ေမာင့္ကိုမခ်စ္ေတာ့ဘူးဆိုရင္ ေမာင့္မ်က္လုံးေတြကိုေသခ်ာၾကည့္ၿပီးေျပာ"

သူလည္းSoobinမ်က္လုံးေတြကိုတည့္တည့္စိုက္ၾကည့္လိုက္ရင္း

"အင္း မခ်စ္ေတာ့ဘူး..မုန္းတယ္ ၿငီးေငြ႕တယ္ စိတ္ကုန္တယ္ မင္းကိုေရာမင္းအေမကို​ေရာအကုန္လုံးကို"

သူေျပာၿပီးသည္ႏွင့္Soobinလက္ထဲကေန႐ုန္းကာ အျမန္ခပ္သြက္သြက္ေလၽွာက္လာရင္း လူသြားလမ္းမီးစိမ္းေနတုန္းလမ္းတစ္ဖက္ကိုအျမန္ကူးဖို႔ျပင္လိုက္သည္။ သူေမာင့္ေရွ႕မွာၾကာၾကာဆက္ေနေသးရင္ဘယ္လိုမွဆက္ထိန္းနိုင္မွာမဟုတ္။

"Hyung...မသြားပါနဲ႔... Hyung"

သူလည္းလမ္းကူးၿပီးတစ္ဖက္ပလပ္ေဖာင္းေပၚသို႔အေရာက္ ေနာက္ကေနေျပးလိုက္လာျပန္သည့္Soobin။ ေနာက္ကေအာ္ေခၚေနသည့္အသံကိုလည္းသူဂ႐ုမစိုက္မိ။

'ကၽြီ '  'ဒုန္း'

တစ္ခုခုကိုကားျဖင့္က်ယ္ေလာင္စြာတိုက္လိုက္သည့္အသံက်ယ္ႀကီးၾကားလိုက္ရခ်ိန္မွာေတာ့ သူ႔ေျခလွမ္းေတြတန႔္ခနဲ။

"ဟာ ဟိုမွာလူတိုက္မိသြားၿပီ အေရးေပၚကားေခၚၾကအုံး"

"ေကာင္ေလးကလမ္းျဖတ္ေျပးလာတာ..."

"ေသၿပီလားမသိဘူး ၾကည့္ၾကအုံး"

တစ္ေယာက္တစ္ေပါက္ေအာ္ဟစ္သံေတြၾကား သူျဖည္းျဖည္းခ်င္းလွည့္ၾကည့္မိသည္။ လူအုပ္ႀကီးဝိုင္းေနသည့္ေနရာကိုေလၽွာက္သြားမိေတာ့မွ လမ္းမႀကီးေပၚမွာေသြးအလိမ္းလိမ္းႏွင့္လဲေနသည့္လူကိုေတြ႕ေတာ့မွ သူအျမန္ေျပးသြားလိုက္ရင္း....

"ေမာင္! Choi Soobin!! Soobin ah!! သတိထားပါအုံး... ေမာင္! "

လဲက်ေနသည့္Soobinကိုသူ႔ေပါင္ေပၚအသာေပြ႕ယူဖက္ထားမိေတာ့ သူ႔အကၤ်ီေတြေဘာင္းဘီေတြကအစေမာင့္ေသြးေတြႏွင့္ခ်က္ခ်င္းရဲရဲနီကုန္သည္။ သူမခံစားနိုင္....မ်က္ရည္တို႔ကတေသာေသာနဲ႔ခ်က္ခ်င္းက်လာသည္။

သူအသာအယာလႈပ္ႏွိုးေတာ့ ခပ္ေယးေယးမ်က္စိေလးဖြင့္လာသည့္Soobinဟာ လက္ထဲတြင္ဆုပ္ကိုင္ထားဆဲလက္စြပ္ဘူးေလးကို အားယူကာေျမႇာက္ျပရင္း

"ေမာင္..ေမာင့္...ကို လက္ထပ္..ပါYeon.."

​ထိုစကားေလးတစ္ခြန္းကိုအားယူးၿပီးေျပာၿပီးသည့္ေနာက္တြင္ေတာ့ ေခါင္းေလးေစာင္းကာလက္ထပ္လက္စြပ္ဘူးေလးလည္း ေမာင့္လက္ထဲကေနလြတ္က်သြားခဲ့ေလၿပီ....

"မဟုတ္ဘူး!! ေမာင္!!!! ဟင့္အင္း ...Soobin ah!! ေက်းဇူးျပဳၿပီးမအိပ္ပါနဲ႔....ငါေတာင္းပန္ပါတယ္ ငါမင္းကိုလက္ထပ္မွာမလို႔ ေက်းဇူးျပဳၿပီး....Soobin ah!!"

-
-
-
-
-
-
အဲ့ဒီေန႔က သူသာေမာင့္ကိုလမ္းမခြဲခဲ့ရင္...သူသာေမာင့္ဖုန္းေတြကိုကိုင္ခဲ့ရင္...သူသာအရာအားလုံးနဲ႔ယွဥ္ၿပီးေမာင့္ကိုေရြးခ်ယ္ခဲ့ရင္ ....သူအခုလိုေသမလိုခံစားေနရမွာမဟုတ္သလို ေမာင္လဲသူ႔ဘဝထဲကအၿပီးတိုင္းႏႈတ္ဆက္ထြက္ခြာသြားခဲ့မည္မဟုတ္...

ေမာင့္ကိုႏွင္လႊတ္ခဲ့တာသူ႔ဘဝထဲကေနပဲႏွင္လႊတ္ခဲ့တာပါ။ သူမရွိနဲ႔ဘဝတစ္ခုမွာ အသိုင္းအဝိုင္းတစ္ခုမွာေမာင့္ဘဝေလးလွပေတာက္ပေနဖို႔ႏုံခ်ာေနတဲ့သူ႔ဘဝထဲကေနပဲႏွင္လႊတ္ခဲ့တာ။ ေလာကႀကီးထဲကေနႏွင္လႊတ္ခဲ့တာမွမဟုတ္ပါေလ။ အခုေတာ့သူ႔ကိုသိပ္ခ်စ္လွၿပီဆိုတဲ့ေမာင္ဟာ သူ႔ဘဝထဲကတင္ပါမကေလာကႀကီးထဲကေနပါအၿပီးတိုင္ထြက္ခြာသြားခဲ့ေလၿပီ။

ေမာင့္ဈာပနအခမ္းအနားကိုသြားေရာက္ကာ ဂါဝရျပဳေတာ့ေမာင့္မိဘေတြဟာမ်က္ရည္ေတြၾကားထဲကေနသူ႔အားမုန္းတီးစက္စုပ္စြာၾကည့္ေနခဲ့ၾကသည္။ေအးေပါ့ သူကသူတို႔ရဲ့အဖိုးတန္တစ္ဦးတည္းေသာသားေလးကိုဆုံးရႈံးရေအာင္လုပ္ထားခဲ့သည္ပဲ။

'ျဖန္း'

ပါးေပၚေရာက္လာသည့္ေမာင့္အေမရဲ့လက္ဝါးတခ်က္။ ပူထူသြားေပမဲ့ငါလည္းငိုဖို႔မ်က္ရည္ေတြမက်န္ေတာ့ဘူးSoobin ah...

'ျဖန္း'

ေနာက္ထပ္က်ေရာက္လာသည့္ရိုက္ခ်က္တစ္ခု။

'ျဖန္း'

"နင္မေကာင္းတဲ့အေကာင္! ငါတို႔Soobinieကိုသတ္တဲ့ေကာင္....ငါနင့္ကိုေျပာခဲ့တယ္မလား ငါတို႔Soobinနားကေနထြက္သြားလို႔ ငါေျပာခဲ့တယ္မလား.... ငါတို႔သားေလးကိုသနားလြန္းလို႔ဘယ္လိုလုပ္ရမလဲ အိုက္ဂူး ငါ့သားေလး"

ေဒါသအေလ်ာက္သူ႔အားေအာ္ဟစ္ေျပာဆိုပီးသည့္ေနာက္တြင္ေတာ့ ရင္ဘတ္ကိုဖိကာငိုေႂကြးေနသည့္Ommoniကို ေမာင့္အေဖကလာတြဲေခၚသြားေတာ့သည္​။

ပါးႏွစ္ဖက္စလုံးရစရာမရွိေအာင္ထူပူေနေပမဲ့ သူမခံတတ္ေတာ့ဘူး။ သူ႔မ်က္ႏွာတြင္လည္းဘာခံစားခ်က္မွမရွိေတာ့။

ေမာင့္ဈာပနအခမ္းအနားကေန ေျခဦးတည့္ရာလမ္းေလၽွာက္ထြက္လာခဲ့မိသည္ကဟန္ျမစ္တံတားေပၚ။

လက္တန္းေတြေပၚတက္လိုက္ရင္း ေနာက္ဆုံးအေနနဲ႔ေကာင္းကင္ျပာႀကီးကိုတခ်က္ေမာ့ၾကည့္မိသည္။အစကတည္းကဘာမွမရွိတဲ့ငါ့ဘဝမွာ မင္းလည္းမရွိေတာ့ဘူး။ ဘာဆိုဘာမွမရွိေတာ့ဘူး။ အမွတ္တရေတြေရာ ေပ်ာ္စရာေတြေရာ ခံစားခ်က္ေတြေရာဘာမွမရွိေတာ့ဘူး။

"ေတာင္းပန္ပါတယ္ေမာင္..."

'တကယ္လို႔မ်ား အခ်ိန္ေတြသာေနာက္ျပန္လွည့္ခြင့္ရမယ္ဆိုရင္ မင္းရဲ့ပါးခ်ိဳင့္ေလးေတြနစ္ဝင္ေနတဲ့အျပဳံးလွလွေလးေတြျပန္ျမင္ခြင့္ရခ်င္ေသးေမာင္...အဲ့အခါက်ရင္ေတာ့ေပါင္းစပ္ဖို႔မျဖစ္နိုင္တဲ့အခ်စ္တစ္ခုကိုဘယ္ေတာ့ငါျပန္ထပ္ၿပီးႀကိဳးစားေတာ့မွာမဟုတ္ဘူး ငါနဲ႔မင္းသူစိမ္းေတြလိုပဲေနသြားမယ္'

​လက္တန္းေလးေပၚကေန ေလထဲသို႔ေျခတစ္လွမ္းေရွ႕ထုတ္လိုက္ရင္း စိတ္ေတြကိုေလၽွာ့ခ်ပစ္လိုက္ေတာ့ ေပါ့ပါးစြာလြင့္က်သြားသည့္ခႏၶာကိုယ္ဟာျမစ္ထဲသို႔နစ္ျမဳပ္သြားလ်က္....

ၿပီးသြားၿပီ ....အရာအားလုံးၿပီးသြားၿပီ...မင္းေနာက္ကိုလိုက္ခဲ့ၿပီေမာင္....

-
-
-
-
-
-
-
-
"မျဖစ္ဘူး!!!!"

ဝုန္းခနဲေနေအာင္ အိပ္ယာကေနလန႔္နိုးလာသည္။ နိုးနိုးခ်င္းမထိန္းနိုင္စြာစီးက်လာသည့္မ်က္ရည္ေတြကိုသူမသုတ္နိုင္ေတာ့။ အိပ္ယာေဘးနားကစားပြဲေပၚမွာတင္ထားသည့္ေမာင္နဲ႔သူ႔ရဲ့ဓာတ္ပုံေလးကိုၾကည့္ဖို႔ယူမယ္လုပ္ေတာ့မရွိ။ ဘယ္ေရာက္သြားတာလဲ??

အိမ္မက္ထဲမွာေမာင့္ေနာက္ကိုသူလိုက္သြားၿပီတဲ့....

သူမ်က္ရည္ေတြက်ေနမိတုန္း။ ေမာင့္ဈာပနၿပီးသည့္ေန႔ကတည္းကအလုပ္လည္းမသြားျဖစ္ေတာ့သလို အခန္းတြင္းေအာင္းကာဘာဆိုဘာမွလုပ္ဖစ္ေတာ့...ဟုတ္တယ္ တကယ္ပဲသူ႔ဘဝဟာလည္းဘာမွမရွိေတာ့ဘူး။ အိမ္မက္ထဲကလိုေမာင္ရွိေနမဲ့ေနရာပဲလိုက္သြားေတာ့မယ္။

ဘယ္သူမွမရွိတဲ့ဒီဘဝႀကီးထဲသူတစ္ေယာက္တည္းမက်န္ခဲ့ခ်င္ေတာ့ဘူး....

သူအိပ္ယာေပၚကေနဝ႐ုန္းသုန္းကာ ထကာဟန္ျမစ္ကိုသြားရန္အိမ္ထဲကေနမ်က္ရည္စက္လက္ျဖင့္ေျပးထြက္လာမိေတာ့ ဘတ္စ္ကားမွတ္တိုင္ဆီသြားသည့္လမ္းထိပ္မွာအထက္တန္းေက်ာင္းယူနီေဖာင္းအျပည့္အစုံနဲ႔သူ႔ဆီလာေနသည့္Taehyunနဲ႔ေတြ႕သည္။

Taehyunကအထက္တန္းတုန္းသူ႔ဘဝမွာတစ္ေယာက္တည္းေသာရင္းႏွီးရသည့္သူငယ္ခ်င္း။

သူ႔ေျခလွမ္းေတြတုန႔္ခနဲ႔ရပ္ကုန္သည္။ ေက်ာင္းယူနီေဖာင္းနဲ႔Kang Taehyunဟာတကယ္ပင္အထက္တန္းေက်ာင္းသားေလးလိုႏုပ်ိဳငယ္ရြယ္ေနသည္။ သူTaehyunႏွင့္မေတြ႕ျဖစ္တာသူတို႔ေတြဘြဲ႕ရၿပီးကတည္းက ဘယ္ႏွႏွစ္ေတာင္ၾကာၿပီလဲ။

Taehyunကသူ႔ကိုေတြ႕ေတာ့ တက္ႂကြစြာေျပးလာသည္။ အနားေရာက္ေတာ့စူပုပ္ပုပ္ေလးျဖင့္

"Yah! Choi Yeonjun အခုမွအိပ္ယာထတာလား? အခ်ိန္လဲၾကည့္အုံး ဘတ္စ္ကားမမွီေတာ့ဘူး ေက်ာင္းေစာေစာသြားတဲ့ေကာင္ကဒီေန႔မွဘာျဖစ္??"

သူ႔အားၾကည့္ၿပီးစကားေတြေျပာေနသည့္Taehyunကိုသူနားမလည္နိုင္ေသး။ အခုဘာေတြျဖစ္ေနတာလဲ??

"ဘာ..ဘာေတြေျပာေနတာလဲKang Taehyun...မင္းဘယ္တုန္းကကေနဒါကျပန္ေရာက္တာလဲ?"

သူ႔အေမးကို ထူးဆန္းသလိုၾကည့္ၿပီးနဖူးအားအဖ်ားလာစမ္းသည့္Taehyun

"ဖ်ားေနတာလားChoi Yeonjun...အိမ္မက္ဆိုးေတြမက္လာတာလား?? ဘာေတြေျပာေနတာလဲ?"

အခုဘာေတြျဖစ္ေနတာလဲ?? သူ႔မွာေမာင့္ေၾကာင့္ဝမ္းနည္းေၾကကြဲေနသည့္စိတ္ေတြေတာင္ ရႈပ္ေထြးလာရသည္။

"မဟုတ္ဘူးေလငါေျပာတာ..."

"တဆိတ္ေလာက္ပါဗ်... ဆယ္ေဝါအထက္တန္းေက်ာင္းကိုဘယ္လိုသြားရမလဲသိလားဗ်ာ? "

ေနာက္မွ႐ုတ္တရက္ထြက္လာသည့္ အသံတစ္ခုေၾကာင့္သူ႔တစ္ကိုယ္လုံးေတာင့္တင္းသြားရသည္။

သူေသသြားရင္ေတာင္ ဘယ္ေတာ့မွမေမ့မည့္အသံ။ သူ႔ဘဝရဲ့တစ္ဦးတည္းေသာ ခ်စ္ရပါေသာေမာင့္အသံ... သူအျမန္လွည့္ၾကည့္မိေတာ့ သူနဲ႔Taehyunကိုတလွည့္စီၾကည့္ရင္း ပါးခ်ိဳင့္ေလးေတြထင္းေနေအာင္ျပဳံးျပေနသည့္ ....Soobinnie...

"ေမာင္"

သူတစ္ကိုယ္တည္းၾကားနိုင္ေလာင္သည့္အသံေလးျဖင့္ တိုးတိတ္စြာေရရြတ္လိုက္မိသည္။ အံ့ဩရေပမဲ့ အခုခ်ိန္မွာေပ်ာ္ေနတာပဲသူသိသည္။ သူမ်က္ရည္ေတြခ်က္ခ်င္းက်လာမိသည္။ သူသိပ္ကိုလြမ္းေနရတဲ့ေမာင့္ကို မ်က္စိေရွ႕မွာသူျမင္ေတြ႕ေနရသည္။ အိမ္မက္လို႔ထင္ခ်င္စရာေကာင္းေပမဲ့ အိမ္မက္မဟုတ္။ သူတကယ္ကိုျမင္ေနရတာျဖစ္သည္။

"ကၽြန္ေတာ္ကအဲ့ေက်ာင္းကိုေျပာင္းမဲ့အထက္တန္းပထမႏွစ္ေက်ာင္းသားပါ ဒီကနဲ႔ေက်ာင္းဝတ္စုံတူေနလို႔"

အထက္တန္းေက်ာင္းဝတ္စုံေလးနဲ႔ေမာင္ဟာ သူနဲ႔စေတြ႕ခဲ့တုန္းကအတိုင္းႏူးညံ့ေအးေဆးသည့္ေကာင္ေလးအျဖစ္သူ႔မ်က္စိေရွ႕ကိုေနာက္တဖန္ျပန္ေရာက္လာခဲ့ေလသည္။

သူေမာင့္ေနာက္ကိုတကယ္လိုက္ၿပီး ဟန္ျမစ္ထဲခုန္ခ်ၿပီးသတ္ေသဖို႔လုပ္ခဲ့တာ အိမ္မက္မဟုတ္။ သူနာၾကင္ခဲ့ရတာသူပဲသိသည္။

ဒါဆို မဟုတ္မွလြဲ.....

"Taehyun ah အ..အခု ဘယ္ႏွခုနစ္လဲ???"

သူထိတ္လန႔္တၾကားအလ်င္အျမန္ပင္ေဘးကTaehyunကိုေမးမိေတာ့ အူေၾကာင္ေၾကာင္ျဖစ္သြားသည့္Taehyun

"အခုဘယ္ႏွခုနစ္လဲလို႔ေမးတာ?? ဒီေန႔ဘာေန႔လဲ??"

"Feb 15 2021ေလ ဒီေန႔မွေက်ာင္းစဖြင့္ရက္ကိုဘာေတြေၾကာင္ေနျပန္ၿပီလဲ?"

သူဒူးေတြလမ္းမေပၚညြတ္ခနဲေထာက္လ်က္လဲက်သြားမိေတာ့သည္။

ျပဳံးေနရင္းတစ္ခ်ိန္တည္းမွာပင္မ်က္ရည္ေတြလဲက်ေနခဲ့မိသည္။

'ငါ့ဆုေတာင္းေတြျပည့္ခဲ့ၿပီSoobin ah... တကယ္ပဲအခ်ိန္ေတြေနာက္ျပန္ဆုတ္ခဲ့တာဆိုရင္ ငါမင္းကိုရေအာင္ကယ္မယ္...ငါတို႔ႏွစ္ေယာက္စလုံးမနာၾကင္ရေအာင္ ဒီတစ္ခါေတာ့ငါကံၾကမၼာကိုေျပာင္းလဲပစ္မယ္....

အရမ္းခ်စ္တယ္ Choi Soobin...'

-
-
-
-
-
-
-
-
-
TBC
With Love❣️
||Yeon_For_Bin
Bin_To_Yeon||

A/N : Yeonbin ficအျမဲေရးခ်င္ေနခဲ့တာအခုေတာ့အေကာင္အထည္ေဖာ္လိုက္ပါၿပီ။ Time travel, ဒီလိုfantasy typeမ်ိဳးေလးအျမဲေရးခ်င္ေနခဲ့တာ Yeonbinကလည္းIrisရဲ့main OTPပဲမလို႔လိုက္ဖက္မယ္ထင္လို႔ပုံေဖာ္လိုက္ပါတယ္။ Yeonbinသ ေဘာက်တဲ့သူေတြရွိရင္ ဖတ္ေပးၾကပါအုံးရွင္။

Updateကေတာ့ ျဖည္းျဖည္းခ်င္းသြားပါ့မယ္။ ေရးလက္စေလးေတြအၿပီးသတ္ပါအုံးမယ္။

Continue Reading

You'll Also Like

227K 13.1K 37
Taekook ⚠️ រឿងភាគខ្លីᕦ⁠༼⁠✩⁠ل͜⁠✩⁠༽⁠ᕤ
63.8K 8.7K 34
Após a morte de seu pai Edward Teach, um dos maiores e mais respeitados piratas da região do Caribe, Mon assume como capitã do navio Concorde. Bem qu...
177K 16.7K 91
🍓🍎🍒🍑 ဘယ်ရည်းစားကိုအချစ်ဆုံးလဲ🍓🍎🍒🍑 📣📣📣ရှောင်းကျန့်...ရဲရဲ ကြီးဖြေလိုက်စမ်းပါ...ဘယ်ရည်းစားကို အချစ်ဆုံး လဲဆိုတာ...✨✨✨ 🍓🍎🍒🍑 ဘယ္ရည္းစားကို...
152K 7.1K 15
ကမ္ဘာပေါ်မှာ လူပေါင်း billion ချီပြီးရှိနေလည်း ကျွန်မအကြည့်တွေက ရှင့်တ​ယောက်အတွက်သာ။