အပိုင်း (၂၀)
Unicode Version
ခါတိုင်း စကားသံများနှင့် ဆူညံလျက်ရှိသော ကုန်းမြင့်ထက်ရှိအဆောင်လေးသည် ယနေ့တွင်တော့ သိသိသာသာပင် တိတ်ဆိတ်ငြိမ်သက်လျက်ရှိလေသည်။
"ကျောင်းဆရာလေးက ဘာပြောသေးလဲ"
အဖိုးဖြစ်သူကမေးတော့ စာရေးဆရာပေါက်စက ချက်ချင်းပင် ခေါင်းယမ်းပြလာသည်။ ထို့နောက် နောက်ဆက်တွဲအနေနှင့် သက်ပြင်းချသံသဲ့သဲ့ကိုလည်း ကြားလိုက်ရလေသည်။
"ဒါနဲ့လေ အဖိုး"
"အင်း ပြော"
ခေါင်းထဲ လက်ခနဲဖြစ်သွားသော အသိနှင့်အတူ အဖိုးဖြစ်သူအပါအဝင် မိဘနှစ်ပါးနှင့်အစ်ကိုဆော့ဂျင်တို့ကို လှမ်းကြည့်လိုက်သည်။
"အဲ့လူကို အနောက်ဘက်အဆောင်မှာတစ်ခါမြင်ဖူးတယ် ကျွန်တော်ထင်တာမမှားရင် အဲ့လူက အခု Jiminကို တွန်းချတဲ့သူနဲ့တစ်ယောက်တည်းဖြစ်လိမ့်မယ်"
"ဟုတ်လား? နေဦး အဖိုးတို့ကို အကြောင်းစုံပြောပြ"
ထိုနေ့က အနောက်ဘက်ဆောင်မှာ ကျောင်းဆရာက သူ့ကိုလိုက်ဖမ်းရင်း ဖြစ်ပျက်ခဲ့သမျှအကြောင်းအပါအဝင် ဘိုးဘွားဆောင်မှာ သရဲဟုအော်ကာ ရောက်ချလာသည့်အကြောင်းကိုလည်း Jungkookကပင် အကျယ်တဝင့်ရှင်းပြလိုက်သည်။
Jungkookရဲ့ ရှင်းပြမှုကြီးအဆုံးတွင်တော့ အဖိုးဖြစ်သူရဲ့ သက်ပြင်းချသံကိုကြားလိုက်ရသည်။
"စံအိမ်ထဲမှာ မကောင်းတဲ့လူရှိနေတာလား ဘယ်သူလဲဆိုတာ သေချာစုံစမ်းရမယ် ကျွန်တော်အခုပဲ.... "
"နေပါဦး ထိုင်စမ်းပါဦး မြေးရယ်"
ဖမ်းမယ် ဆီးမယ် တကဲကဲလုပ်ကာ လက်သီးလက်မောင်းတန်းနေသည့် မြေးဖြစ်သူကို အဖိုးက တရားပြန်ချရတော့သည်။ ဒီကောင်လေးကလေ အခုမှ ဘယ်လိုတွေဖြစ်သွားတာလဲ။ ဒီလိုကျတော့လည်း ကျောင်းဆရာလေးအပေါ် အတော်သံယောဇဥ်တွယ်နေတာကို မြင်လိုက်ရသည်။
"အဖိုးကလည်း ခုကတည်းကဖမ်းဖို့လုပ်မှပေါ့ နောက်ကျရင် ဒီ့ထက်ပိုဆိုးလာရင် ဘယ်လိုလုပ်မလဲ?"
မြေးဖြစ်သူပြောတာကလည်း ဟုတ်မှန်နေတာမို့ ချေပဖို့ကမဖြစ်နိုင်။ ထို့အတူ တဖက်တွင်လည်း မဖြစ်မနေပိတ်ပင်ရမလို အခြေအနေကြောင့် ခေါင်းပင်အုံချင်သလို။
"နောက်မှ နောက်မှ ကြည့်စီစဥ်ကြတာပေါ့"
အလိုမကျဟန် တွန့်ကွေးသွားသည့် မျက်မှောင်နက်တန်းတွေကို အဖိုးက လျစ်လျူရှုသည်။ မိဘနှစ်ပါးကို အားကိုးဖို့ကြည့်လိုက်တော့လည်း မသိမသာတမျိုး သိသိသာသာတဖုံ အကြည့်ကိုရှောင်နေတာမို့ Jungkook တစ်ယောက်တည်း ကြိတ်ဒေါပွရတော့သည်။
"အဖိုးတို့ကြောက်ရင်လည်း နေပေါ့ အစ်ကိုတော် လာ ကျွန်တော်နဲ့လိုက်ခဲ့"
"ကင်ဆော့ဂျင် ဘယ်မှမသွားရဘူး"
အဖိုးရဲ့တချက်လွှတ်အမိန့်အောက်မှာ အစ်ကိုတော်သည်လည်း မျက်လုံးလေး ပေကလပ် ပေကလပ်ဖြင့် ထိုင်နေရာမှမထရဲရှာ။
"အကုန်လုံးနေခဲ့! ကျွန်တော်ပဲသွားမယ်"
"သားငယ်!"
ဒေါသဖြစ်ဖြစ်နှင့်ပင် အဆောင်လေးထဲမှ ဝုန်းဒိုင်းကြဲထထွက်သွားသည့် မြေးဖြစ်သူကိုကြည့်ကာ Jeonဖိုးဖိုးတစ်ယောက် သက်ပြင်းရှည်ကြီးကို ချလိုက်တော့သည်။
"အလကား လူကြီးတွေဖြစ်ပြီး သတ္တိကိုမရှိဘူး!"
တစ်ယောက်တည်း ရေရွတ်လိုက်ကာ မြေနီလမ်းလေးပေါ်က ကျောက်စရစ်ခဲလေးတွေကို ကွင်းထိုးဖိနပ်ျလးရဲ့ထိပ်ဖျားနှင့် ကန်ကျောက်လိုက်သည်။
"Jungkook~"
စံအိမ်အပေါက်ဝဆီက ကျောင်းဆရာရဲ့ခေါ်သံ။ Jungkookတစ်ယောက် ချက်ချင်းဆိုသလိုပင် ကျောင်းဆရာရဲ့ဘေးကို ရောက်ရှိသွားရသည်။
"ခင်ဗျားပြန်လာပြီလား"
"အင်း"
"ဒါပေမဲ့ အစောကြီးရှိသေးတာကို ကျွန်တော်ကပုံမှန်ကျောင်းဆင်းချိန်မှတ်လို့ လာမကြိုသေးတာ"
"ရပါတယ် နည်းနည်းနေမကောင်းချင်လို့ ပြန်လာခဲ့တာ"
"မြင်လား ကျွန်တော်ပြောသားပဲ မသွားပါနဲ့ဆိုတာကို ခင်ဗျားကခေါင်းမာတာကိုး"
စာရေးဆရာပေါက်စလေးရဲ့ ဆူဆူပူပူပြောနေသမျှကို ခပ်ပြုံးပြုံးမျက်နှာထားဖြင့် နားထောင်နေတဲ့ ကျောင်းဆရာ။
"ပေး ကျွန်တော့်ကို"
လက်ထဲကအိတ်နှင့် ထမင်းချိုင့်တွေကိုပါ ဆွဲယူလိုက်တာက လှစ်ခနဲပင်။ တားချိန်ပင်မရလိုက်တာမို့ Jiminလည်း ဘာမှမပြောတော့ဘဲ ကူသယ်ပေးတာကို ခွင့်ပြုလိုက်သည်။
"ခင်ဗျား အဲ့လူကိုတကယ်မမြင်လိုက်တာလား မျက်နှာရောလေ? ဒါမှမဟုတ် ကိုယ်လုံးကိုယ်ပေါက်"
စာရေးဆရာလေးရဲ့ စုံစမ်းမေးမြန်းနေမှုကို အတန်ကြာသည်အထိ ဘာကိုမှမဖြေသေးဘဲ ကုန်းမြင့်ပေါ်ရှိအဆောင်လေးဆီရောက်တော့မှ သစ်သားကြမ်းခင်းပေါ် အရင်ထိုင်ချလိုက်သည်။
"နည်းနည်းလောက် ထပ်စဥ်းစားကြည့်ပါလား"
"အင်း~"
Jiminက အသာအယာပြုံးရင်း မြေနီလမ်းလေးဆီကို အသာမျှော်ကြည့်နေသည်။ စာရေးဆရာလည်း ချက်ချင်းပင် နေရာကထကာ အဆောင်ထဲဝင်သွားသည်။ ခဏကြာတော့ ဂျိုးဂျိုးဂျွတ်ဂျွတ်အသံတွေကြားလိုက်ရပြီ ပစ္စည်းတချို့နှင့်အတူ ပြန်ထွက်လာသည်။
"ရပြီ ပြောတော့"
"ဘာလုပ်မလို့လဲ"
"ခင်ဗျားပြောတဲ့ပုံစံကိုနားထောင်ပြီး ပုံဆွဲကြည့်ရမှာပေါ့"
အားတက်သရောပင် သူ့အားရေတံခွန်ပေါ်မှ တွန်းချသည့်လူအား ဖမ်းမိဖို့အတွက် ကြိုးစားနေသည့်စာရေးဆရာကြောင့် နောက်တခေါက်ထပ်ပြီး ပြုံးလိုက်မိပြန်သည်။
"ပြောလေ"
"ဘယ်လိုပြောရမှာလဲ?"
"ခင်ဗျားစိတ်ထဲပေါ်လာသလိုပေါ့"
"အင်း မျက်နှာက ဒီလိုပုံစံ"
လေထဲမှာ လက်နှင့်ဆွဲပြသည့်ပုံစံအား အသေအချာလိုက်ကြည့်ကာ အဖြူရောင်စက္ကူသားပေါ်တွင် သူ့နည်းတူလိုက်ရေးခြစ်နေသည့် စာရေးဆရာလေး။
"နောက်ပြီးတော့ရော?"
"နှာခေါင်းနည်းနည်းပွတယ်"
"အင်း"
"မျက်လုံးဝိုင်းဝိုင်းတွေနဲ့"
"အင်း"
"ပါးပေါ်မှာ အမာရွတ်သေးသေးလေးလည်းရှိတယ်"
"နောက်တော့ရော"
"အောက်နှုတ်ခမ်းအောက်မှာ မှဲ့နက်သေးသေးလေးနဲ့"
ထိုစကားဆုံးတော့ စက္ကူသားဖြူဖြူပေါ်ရေးခြစ်နေသည့် စာရေးဆရာရဲ့လက်ကလေးတွေက ရုတ်ချည်းတုန့်ဆိုင်းသွားသည်။ ထို့နောက် ကျောင်းဆရာအား မျက်မှောင်ကြီးကြုတ်ကာ စိုက်ကြည့်နေတော့သည်။
"ဆက်ဆွဲလေ ခေါင်းပေါ်မှာယုန်နားရွက်လေးနဲ့"
"တော်ပြီ ခင်ဗျားကလာနောက်နေတာပဲ"
စိတ်ဆိုးသွားကာ ရေးခြစ်လက်စပုံတူလေးကို ကြမ်းပြင်ပေါ်သို့ အင့်ခနဲနေအောင် ဆောင့်ချလိုက်ပြီး နှုတ်ခမ်းဆူနေသည့် စာရေးဆရာ။ Jiminလည်း ဟက်ဟက်ပက်ပက်ပင် ရယ်မောလိုက်မိသည်။
"မင်းပဲ ငါ့စိတ်ထဲပေါ်လာသလိုဆို"
"ကျွန်တော်ပြောချင်တာကို သိရဲ့သားနဲ့"
"အိုက်ဂူး ခွေးပေါက်လေး"
ပြောလည်းပြော ဆံပင်ကွေးကွေးကောက်ကောက်လေးတွေကိုလည်း လက်နဲ့ဆွဲဖွနေတာမို့ စာရေးဆရာရဲ့ နှုတ်ခမ်းက ပိုထော်သထက်ထော်လာတော့သည်။ သို့သော် ရုန်းကန်ခြင်းတော့မရှိ။
ဒေါက်!
လေအဝှေ့မှာ နှစ်ယောက်လုံးရဲ့ နားစည်ကိုရိုက်ခတ်လာသည့်အသံကြောင့် Jungkookက ချက်ချင်းပင် ကျောင်းဆရာရဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲထည့်လိုက်သည်။
"ဘာဖြစ်လို့လဲ"
အသံကြားရာကိုကြည့်လိုက်တော့ ကြက်မကြီးနှင့်အတူအစာရှာထွက်နေကြသည့် ကြက်ပေါက်ဝါဝါကလေးများအုပ်စုဖြစ်နေတာမို့ စိတ်အေးသွားရသည်။
"ဘာမှမဟုတ်ပါဘူး ကြက်ကလေးတွေပါ"
"အော် အင်း"
စာရေးဆရာက သူ့အားရင်ခွင်ကျယ်ကြီးထဲမှ ထုတ်မပေးသလို သူကိုယ်တိုင်ကလည်း မရုန်းချင်ပါ။ အများကြီးနွေးထွေးပြီး လုံခြုံသလိုခံစားရတာမို့။
တဖြည်းဖြည်းချင်း သူတို့နှစ်ဦးထိုင်နေသည့် အောက်ခင်းကြမ်းပြင်လေးရဲ့အစပ်ဆီကို ရောက်လာကြတဲ့ ကြက်ပေါက်ကလေးတွေ။ ပိကျိပိကျိအသံလေးများ ပြုလုပ်ကာ ကြက်မိခင်ကြီးနောက်ကနေ လိုက်ပါနေကြသည့် အဝါရောင်ကြက်ပေါက်စကလေးများ။။
"ကျွန်တော်ငယ်ငယ်က ကြက်ပေါက်လေးတွေကို လိုက်ဖမ်းဖူးတယ်"
"အင်း~ အဲ့တော့မိလား"
"မမိပါဘူး ကြက်မကြီးလိုက်လို့ပြေးရင်းက မှောက်တောင်လဲသေးတယ်"
ထိုသို့ပြောတော့ ရင်ခွင်ထဲမှ ကျောင်းဆရာက ကိုယ်လေးအနည်းငယ်လှုပ်ခါသွားသည်အထိ ရယ်လေသည်။ ကျောင်းဆရာရယ်တော့ သူကိုယ်တိုင်လည်း ရယ်မိသည်။
"မင်းက ဘာလို့သွားဖမ်းတာလဲ"
"ကျွန်တော်သဘောကျရတဲ့ လူတစ်ယောက်ကိုပေးချင်လို့ပေါ့"
"အော်~"
တချက်ပြုံးလိုက်ရင်း ရင်ခွင်ထဲကိုငုံ့ကြည့်လိုက်တော့ တည်ငြိမ်သည့်မျက်ဝန်းများနှင့် တနေရာကိုစိုက်ကြည့်နေသည့် ကျောင်းဆရာကိုမြင်လိုက်ရသည်။
"ငါလည်း မင်းလို ဟိုးငယ်ငယ်တုန်းကအကြောင်းတွေကို မှတ်မိရင်သိပ်ကောင်းမှာပဲ"
"လိုသေးလို့လား"
"ဘာကိုလဲ"
"ကိုကို မမှတ်မိရင် ကျွန်တော်ကပြောပြပေးမှာပေါ့"
အတန်ကြာသည်အထိ ကျောင်းဆရာထံမှ ဘာသံမှထပ်ထွက်မလာတော့ဘဲ ငြိမ်ကျသွားသည်။ နောက်တော့မှ ခပ်တိုးတိုးသာဖွင့်ဟလာသည်။
"ငါက မင်းရဲ့ကိုကိုမဟုတ်ရင်ရော?"
"ဟင့်အင်း သေချာတယ် ခင်ဗျားက ကျွန်တော့်ရဲ့ကိုကိုပါ"
"မင်းက သိပ်ခေါင်းမာတာပဲ စာရေးဆရာ"
"အင်း တစ်ယောက်ယောက်နဲ့တူလို့ဖြစ်မယ်"
ထိုစကားကြားတော့ ကျောင်းဆရာကသူ့ရင်ဘတ်အား တချက်ထုလိုက်သည်။ သို့ပေမဲ့ နာကျင်နေရတာက နှစ်ဦးလုံးရဲ့ရင်ဘတ်ထဲက။
"လွှတ်တော့ ငါရေမချိုးရသေးဘူး ချွေးတွေနဲ့"
"အတူတူချိုးမလား ဒါမှမဟုတ် ချိုးပေးရမလား"
"ငါက ကလေးမှမဟုတ်တာ"
"ဒါပေမဲ့ စိတ်မချရဘူးလေ ဟိုလူပြန်ပေါ်လာရင် ဘယ်လိုလုပ်မလဲ"
"Jeon Jungkook ထွက်သွားနော်!"
"မထွက်ပါဘူး ကျွန်တော်လည်းပူနေလို့ ရေချိုးမလားလို့"
"ရား! မင်းကနှာဘူးပဲ!"
ညနေဆည်းဆာအောက်က အဆောင်လေးသည် ပုံမှန်နေ့ရက်တွေအတိုင်း ဂန္ဓမာဖြူဖြူတို့ခြံရံလျက်အချေအတင်စကားသံများကြားတွင် သက်ဝင်လှုပ်ရှားလို့နေတော့သည်။
__________________
"ဟဲ့ ငါ့မြေးနှယ် အိမ်ပေါက်မှာဘာထိုင်လုပ်နေတာတုန်း"
"ကိုကိုပြန်မလာသေးလို့"
အိမ်ပေါက်က ထိုင်ခုံလေးပေါ်မှာ အရုပ်လေးပိုက်ရင်း ငြိမ်ငြိမ်ကလေးထိုင်ကာ မြေနီလမ်းလေးကိုစိုက်ကြည့်နေသည့် ကလေးငယ်လေးက အကြည့်တချက်မှပင်မလွှဲဘဲ ပြန်ဖြေလာသည်။
"မိုးရွာတော့မယ်ထင်တယ် လာပါမြေးရယ် အိမ်ထဲဝင်ရအောင် မြေးရဲ့ကိုကိုကိုနောက်မှ လာစာင့်လို့ရတာပဲ"
ကလေးငယ်လေးက ခေါင်းရမ်းပြသည်။ ခေါင်းမာလွန်းသည့် ကလေးငယ်လေးကို အဖိုးJeonလည်း မည်သို့ချော့မော့ရမယ်ဆိုတာ မကြံတတ်တော့။
"ကိုကိုက သားအတွက် အုန်းရည်ရော လက်ဆောင်ရောဝယ်ခဲ့မှာ"
အဖိုးဖြစ်သူခမျာ တစ်ဦးတည်းသောမြေးလေးရဲ့ ဇွဲကြီးမှုကို လက်မြှောက်အရှုံးပေးလိုက်ရသည်။ တဖြောက်ဖြောက်ကျလာသည့် ဥတုမမှန်ချင်သည့်မိုးရေစက်တွေကို ကလေးငယ်ကိုယ်ပေါ် မကျရောက်စေရန် ထီးနှင့်ကွယ်ပေးလိုက်ရင်း မြေနီလမ်းလေးကိုသာ ကြည့်နေခဲ့လိုက်သည်။
မြေပြင်ပေါ်ကိုမိုးစက်တွေထိခတ်သံကြားမှ ငိုသံထွက်ပေါ်လာတာမို့ ကလေးငယ်ကိုငုံ့ကြည့်လိုက်တော့ အရုပ်လေးကိုတင်းကျပ်နေအောင် ဆုပ်ကိုင်ထားရင်းက ငိုနေတာကိုတွေ့လိုက်ရသည်။
"အထဲဝင်ရအောင်ပါ မြေးရယ်"
ကားမီးရောင်မြင်သည်နှင့် သူ့ကိုကိုပြန်လာပြီမှတ်ကာ ပျော်ရွှင်ရိပ်သန်းသွားတတ်တဲ့မျက်နှာလေးဟာ နောက်ဆုံးမှာတော့ ရှိုက်ငိုနေသည့် မျက်ရည်လုံးကြီးများနှင့်သာ။
တော်တော်နှင့်အငိုမတိတ်သည့် ကလေးငယ်လေးကို ချီပွေ့လိုက်ရင်းကပင် အဖိုးဖြစ်သူသည် ဂန္ဓမာစံအိမ်ကြီးထဲကို ဝင်ခဲ့တော့သည်။
ကလေးငယ်မျှော်နေသည့် ကိုကိုသည် ဘယ်သောအခါမှ ဤနယ်လေးကိုပြန်လာတော့မည်မဟုတ်ကြောင်းကိုတော့ ကလေးငယ်ပို၍စိတ်မကောင်းဖြစ်သွားနိုင်တာမို့ ပြောမပြဖြစ်ခဲ့တော့။
ထိုနေ့က ကိုကိုကတိမတည်ခဲ့ပါ....။ ။
________________
"စောင့်နေတာ!"
စမ်းချောင်းထိပ်ကို ရောက်ရောက်ချင်းမှာပင် ဘွားခနဲပေါ်လာပြန်သည့် ပြည်တော်ပြန်ရဲ့ခေါင်းကို ချိန်ဆနေစရာပင်မလိုဘဲ ခေါက်ချလိုက်သည်။
"It hurts!"
ခေါင်းကိုလက်နှစ်ဖက်နှင့်အုပ်ကိုင်ကာ နောက်ကဆက်ပါလာသည့်လူကို ခေတ္တလျစ်လျူရှုလိုက်ကာ အရိပ်ရသည့်အပင်ကြီးအောက်မှာပင် ပါလာသမျှပစ္စည်းတွေကို ပစ်ချလိုက်သည်။
"ဟိုဆရာရော Everything fineရဲ့လား?"
"နားငြီးတယ်"
တချက်တည်းနှင့် ပိတ်သွားသည့်ပါးစပ်။ ထို့နောက် လက်ဟန်ခြေဟန်အသုံးပြုကာ မျက်စိလာနောက်ပြန်သည်။ တကယ်ပဲ မှတ်သည်းခြေမရှိတဲ့လူပါလား။
စုပ်သပ်လိုက်ရင်း အကြည့်လွှဲကာ ကိုယ်ပေါ်မှာဝတ်ဆင်ထားသည့် ဟန်းဂုရိုးရာဝတ်စုံအပေါ်ထပ်ကို ချွတ်ဖို့ပြင်လိုက်သည်။
" omg! Honey စိတ်ထိန်းပါဦးလား!"
ငါ တယ်!
ရိုက်မလို့ လက်ရွယ်လိုက်ပြီးမှ စိတ်ကိုလျှော့ကာ လေကိုမှုတ်ထုတ်လိုက်သည်။ ထို့နောက် နောက်တကြိမ်လျစ်လျူရှုလိုက်ရင်း အပေါ်ဝတ်ကိုအဆုံးထိချွတ်ချလိုက်တော့သည်။
ပြီးသည်နှင့် အသင့်ယူလာသည့် မရီးတော်ရဲ့အဝတ်တွေကို အပေါ်မှ လဲလှယ်ဝတ်လိုက်သည်။
"Honey ဘာလုပ်မလို့လဲ"
ဘာစကားမှမပြောဘဲ ရေတံခွန်ရှိရာကို ဦးတည်သွားဖို့ပြင်နေသည့် အစ်ကိုတော်ကို ပြည်တော်ပြန်တစ်ယောက် တားရတော့သည်။
"မဟုတ်သေးဘူးနော် တခုခုမှားနေတယ်နော် Honeyနဲ့မလိုက်ပါဘူး ပြန်လဲဝတ်လိုက်ပါနော်"
ရှေ့ကနေ ကာဆီးကာဆီးလုပ်ကာ ပေါက်ပေါက်ဖောက်နေသည့် ပြည်တော်ပြန်ကို ဖိနပ်နဲ့ပဲလိုက်ရိုက်ရမလား?
"ဖယ်နော်"
"Honey တစ်ခုခုဖြစ်ရင် ဒီကရင်ကျိုးရမှာလေ"
"ကြောက်ရင် နေခဲ့ ဖယ်စမ်း!"
စိတ်ပိုင်းဖြတ်ပြီးပုံရသည့် အစ်ကိုတော်သည် မရီးတော်ရဲ့အဝတ်တွေကိုဝတ်ဆင်လျက် ရေတံခွန်ပေါ်ကိုတက်သွားခဲ့သည်။ ပြည်တော်ပြန်သည်လည်း သူ၏နှလုံးသည်းပွတ်ကလေးကို စိတ်မချကြီးစွာပင် နောက်မှလိုက်ပါခဲ့တော့သည်။
"Honey ကိုယ့်နောက်မှာနေ"
သက်တော်စောင့်အသွင်ဖမ်းကာ အပိုဆားဒါးတွေလုပ်နေသည့် ပြည်တော်ပြန်အား အနောက်မှပင် မျက်စောင်းထိုးလိုက်မိသည်။ ဘာပဲဖြစ်ဖြစ် နှစ်ယောက်ဆိုတော့ နည်းနည်းအားရှိပါသေး။
"ဒါနဲ့လေ အဲ့လူက နောက်တခါထပ်ပေါ်လာမှာသေချာလို့လား?"
"လျှာကိုရှည်တယ်"
နောက်တချက်ထပ်မြည်းလိုက်ရတဲ့ လက်သံပြောင်ပြောင်ကြောင့် ထပ်ပြီးစကားမစရဲတော့။ အတန်ကြာသည်အထိ ရေတံခွန်အနီးတဝိုက်ကို လှည့်ပတ်သွားနေပေမဲ့ ဘာမှထူးမလာ။
"ကိုယ်တို့ကဒီမှာရှာနေတုန်း စံအိမ်ထဲရောက်နေရင် ဘယ်လိုလုပ်မလဲ"
ပြည်တော်ပြန်ရဲ့ ယခုတခေါက်စကားတွင်တော့ အစ်ကိုတော်ဆော့ဂျင်က အတွေးနယ်ချဲ့လိုက်မိသည်။ အခု သူလုပ်တာက မျှားခေါ်နေမှန်း အရမ်းများသိသာနေလို့လား။
"Honey ဒီကိုလာဦး!"
ခေါ်သံကြောင့် ဘာများလဲဆိုပြီး အလောတကြီးသွားကြည့်လိုက်တော့ ဂဏန်းသေးသေးလေးနှစ်ကောင်ကို ဖမ်းကိုင်ထားကာ အပြုံးပန်းဝေနေသည့် ဂဏန်းတို့၏ဖခင်ကြီး။
"သုံးစားလို့ကိုမရဘူး"
စိတ်ပေါက်ပေါက်နှင့်ပင် မျက်နှာလာရူးပြနေသည့် ပြည်တော်ပြန်ကို တွန်းလွှတ်လိုက်တော့ ဘေးနားကချုံပုတ်ပေါ်ကို ပက်လက်လှန်လျက်သား ကားယားကြီးလဲကျသွားသည်။
"ဟီးဟီး"
ဒါတောင် အပြုံးမပျက်တာမို့ တကယ့်ကို အံ့အားသင့်ဖွယ်လူသားပင်။
"Honey ဒီတခါ တကယ်လာကြည့်!"
ရိုးသွားပြီမို့ လှည့်မကြည့်တော့ဘဲ ရှေ့ကိုသာမဲတင်းနေလိုက်သည်။ သို့သော် ဆက်တိုက်ပင် မကြည့်မချင်းခေါ်နေတာမို့ ဒီနေရာကြီးမှာ ရန်ထဖြစ်ဖို့လည်းမဟုတ်သေးတာမို့ စိတ်လျှော့လိုက်ရသည်။ ဂဏန်းတွေက တကယ်ကို သိပ်အမြင်ကတ်စရာကောင်းတာပဲ။
"ပြော"
"ဒီမှာ လူသွားလမ်းဖြစ်နေတယ်"
ပြည်တော်ပြန်ရဲ့ လက်ညှိုးညွှန်ရာကိုကြည့်လိုက်တော့ အမှန်ပင်လူသွားလမ်း တစ်ယောက်ယောက်တိုးဝင်နေကျလိုဖြစ်နေတာမို့ အနားတိုးကပ်ကာ စူးစမ်းလိုက်သည်။
"တကယ်ကြီး လိုက်ဝင်မလို့လား"
အစ်ကိုတော့်လက်ကိုဆွဲထားသည့် ပြည်တော်ပြန်ကာ စိုးရိမ်သလိုမေးလာသည်။ အစ်ကိုတော်သည်လည်း အဖိုးဖြစ်သူနှင့်ဦးလေးဖြစ်သူက အတန်တန်တားနေသည့်ကြားက ဒီနေရာအထိ ရောက်လာခဲ့ခြင်းမဟုတ်ပေလား။
"သေချာပေါက် သူ့ကိုဖမ်းနိုင်မှဖြစ်မယ်"
"သူ? ဘယ်သူတုန်း"
လူသွားလမ်းလေးအတိုင်း ဝင်သွားသည့်အစ်ကိုတော့်နောက်ကို ပြည်တော်ပြန်သည်လည်း ကြောက်ကြောက်လန့်လန့်နှင့်ပင် လိုက်ပါသွားခဲ့သည်။
"ကျောချမ်းစရာကြီးနော်"
"အင်း"
တလမ်းလုံး ငကြောက်တစ်ကောင်လို စကားတွေတောင်စဥ်ရေမရ လျှောက်ပြောနေသည့် ကင်နမ်ဂျွန်။ စကားပြောနေရုံနဲ့ ကြောက်နေတာက ပျောက်သွားမှာကျလို့။
"ရှူး~"
အစ်ကိုတော်က ပါးစပ်ပိတ်နေဖို့ အချက်ပြလိုက်တာမို့ ပြည်တော်ပြန်က ခေါင်းအသာငြိမ့်ပြကာ ပါးစပ်ကိုလုံးဝဖွင့်မည်မဟုတ်ကြောင်း အမူအရာလုပ်ပြသည်။
အတန်ကြာသွားပြီးသည့်နောက် ရေတံခွန်အနောက်ဖက်ကိုရောက်သွားခဲ့သည်။ နောက်ပြီး လူနေသလို အငွေ့အသက်တွေပြည့်လို့နေလေသည်။
"ပြန်ရအောင်"
အသံအုပ်အုပ်ဖြင့်ပြောလာသည့် ပြည်တော်ပြန်ကို ဂရုမစိုက်အားပဲ ရှေ့သို့သာမဲတင်းရင်း သွားနေမိသည်။
"ဒီနားပဲ လည်နေပြီထင်တယ်"
နှစ်ယောက်သား ရေတံခွန်အနောက်ဖက်မှာ တဝဲလည်လည်နှင့်ပင် အချိန်ကုန်မှန်းမသိကုန်သွားခဲ့သည်။ မကြာခင်လည်း ညမှောင်တော့မှာမို့ ပြည်တော်ပြန်ခမျာ အစ်ကိုတော့်လက်ကိုအတင်းဆွဲရင်း ပြန်ဖို့လမ်းရှာရတော့သည်။
"ဟင် လမ်းကဘယ်ရောက်သွားတာလဲ"
မျက်စိလည်သထက်လည်ကာ မူလလမ်းကိုပြန်ရှာမတွေ့တာမို့ နှစ်ယောက်လုံးရင်တွေ အခုန်မြန်သွားရသည်။ စံအိမ်ပြန်မရောက်ရင်တော့ နှစ်ယောက်လုံးအတွက် ကံကောင်းဖို့လမ်းမမြင်။
"ဘယ်လိုလုပ်မလဲ ဒီတောကြီးထဲ နှစ်ယောက်တည်း ဟီး"
"Kim NamJoon ငါကိုယ်တော် ကန်ချလိုက်မှာနော်"
"အိုးဟိုးဟိုး အမြင့်ကြီးပဲ မလုပ်ပါနဲ့"
တစထက်တစ မှောင်ရီပျိုးလာသည့်နောက်တွင်တော့ နှစ်ယောက်လုံးလမ်းရှာခြင်းကို ရပ်တန့်လိုက်ကာ ခေတ္တနားဖို့နေရာတစ်ခု ရှာကြည့်ရတော့သည်။
ကျောက်အမိုလေးတစ်ခုတွေ့တော့ နှစ်ယောက်လုံးတိုင်ပင်စရာပင်မလိုတော့ဘဲ အထဲဝင်ခဲ့လိုက်ရင်း အခြေအနေစောင့်ကြည့်ရတော့သည်။ ဒီအတိုင်းဆို စံအိမ်ထဲကလူတွေ ယောက်ယက်ခတ်ကုန်တော့မှာပဲ။
"ဘာလုပ်တာလဲ"
"ချမ်းလို့"
"အဲ့လောက်အထိမဟုတ်ပါဘူး"
"ဟင့်အင်း ဟုတ်တယ် အရမ်းချမ်းတယ် အရမ်းပဲ"
ကဲကဲသဲသဲတွေလုပ်ပြကာ လူအနားကို အတင်းတိုးကပ်နေတာမို့ သွားဖြဲပြလိုက်ပေမဲ့ တွန့်ဆုတ်မသွားသည့်အပြင် ပိုလို့ပင်တိုးလာပြန်သည်။
"နွေးနေတာပဲ"
မဟားတရားတိုးဝှေ့ကာ ကိုယ်ချင်းပူးမတတ် တိုးဖက်ထားသည်မို့ အစ်ကိုတော်ကင်ဆော့ဂျင်တစ်ယောက် အသက်ရှူလို့ပင်မဝတော့သလို။
ထို့အတူ မနက်ဖြန်ကျရင် ဘယ်လိုဖြစ်မလဲဆိုပြီး တွေးလိုက်မိပြန်သေးတာမို့ ကြိတ်ပြီးသက်ပြင်းချလိုက်မိသည်။ ကင်နမ်ဂျွန် ငါမင်းကို သိပ်အမြင်ကတ်တာပဲ!။
__________________
"မနက်ဖြန်ပဲ Jiminကို ငါကိုယ်တိုင် ပြန်သွားခေါ်မယ်"
"ဖြစ်မလားရှင့် ဟိုက လက်တောင်ထပ်ပြီးသွားပြီ"
"မင်း အတင်းအကြပ်ဖိအားပေးလို့ဖြစ်ရတာလေ"
"အိုရှင် မဆိုင်တာတွေ"
မိန်းမဖြစ်သူရဲ့ မတရားမှုများနှင့်ကျေးဇူးမဲ့မှုများအတွက် ယောကျာ်းဖြစ်သူခမျာ ဒေါသတွေတလှေကြီးနှင့် ရင်ထုမနာဖြစ်ရတော့သည်။
"ဖေဖေ"
"ပါးစပ်ပိတ်ထား! မင်းအမေဘက်ကဝင်ပါဖို့ မစဥ်းစားနဲ့!"
သူ့အမေဘက်က ဝင်ပါပေးဖို့ပြင်နေသည့် သမီးဖြစ်သူ ဟယ်ဝန်းကိုလည်း ပြင်းပြင်းထန်ထန် သတိပေးလိုက်တော့ နောက်ပြန်ဆုတ်သွားသည်။
"ဒီမှာ ရှင် သူ့ကိုပြန်ခေါ်လို့မရဘူးနော်"
"ဘာကိစ္စ မရရမှာလဲ လွန်ခဲ့တဲ့ဆယ်နှစ်ကျော်ကို မင်းမေ့သွားတာလား မေ့ချင်ယောင်ဆောင်နေတာလား ဟမ်? Jiminရဲ့မိဘတွေသာ ဝင်မကယ်ရင် မင်းရော ငါရော မင်းဗိုက်ထဲကဟယ်ဝန်းရော တစ်ယောက်မှ အသက်ရှင်မှာမဟုတ်ဘူးဆိုတာရော မင်းမမှတ်မိတော့ဘူးလား!"
ယောကျာ်းဖြစ်သူရဲ့စကားတွေကို ပြန်လည်ချေပဖို့ စကားလုံးက ရှာလို့မတွေ့သည့်အပြင် အကုန်လုံးက အမှန်တရားဖြစ်နေတာမို့ မကျေမနပ်ပင် ငြိမ်နေရတော့သည်။
"မနက်ဖြန်ကစပြီး Jiminကို ဝမ်ဂျူကနေ ပြန်ခေါ်မယ် မင်းတို့သားအမိနှစ်ယောက်လုံး အချိုးပြင်ရင်ပြင် မပြင်ရင် အိမ်ပေါ်ကဆင်းကြ!"
ရက်ရက်စက်စက်ပင် ရာဇသံပေးကာထွက်ခွာသွားတဲ့ ဖခင်ဖြစ်သူကြောင့် ဟယ်ဝန်းကတော့ "ဖေဖေ မတရားဘူး" ဟုသာ အော်နေမိတော့သည်။ ထို့နောက် မိခင်ဖြစ်သူဆီကို ပြေးသွားကာ အလွန်အမင်း သိချင်နေသည့်အရာကိုလည်း မေးလိုက်မိသည်။
"ဖေဖေ ပြောသွားတာတွေက တကယ်ပဲလားဟင် ကိုကိုက သမီးတို့ကို ကယ်ခဲ့တယ်ဆိုတာ တကယ်လားဟင် မေမေ ဘာလို့ သမီးကိုမပြောပြခဲ့တာလဲ ဖြေပါဦး ဘာတွေလဲလို့!"
လှုပ်ရှားခြင်းမရှိသည့် အဖြေမဲ့မိခင်ရဲ့လက်ကို လှုပ်ယမ်းကာ တရစပ်မေးခွန်းတွေမေးနေသည့် ဟယ်ဝန်းကြောင့် မိခင်ဖြစ်သူသည် သက်ပြင်းကိုသာ နိုင်နိုင်ချလိုက်မိတော့သည်။
မနက်ဖြန်တွေဟာ ဘယ်လောက်အထိ ဆိုးဝါးနေဦးမှာလဲ။
________________
မာမိတ်တစ်ခု အသိပေးစရာရှိလို့ပါ။
မာမိတ်ရေးသားခဲ့တဲ့ "ကြိုးကလေး" Fictionကို စာအုပ်အနေနဲ့ ပြန်လည်ထုတ်ဝေဖို့အစီအစဥ်ရှိတာမို့ အခု စာဖတ်သူတွေထဲက စာအုပ်လေးကို လိုချင်တဲ့သူရှိရင် မာမိတ်ရဲ့ fb acc "Yara" ကိုလာပြီး messageပို့ပေးပါနော်။ addဖို့အထိ မလိုပါဘူး။ cbက တဆင့် ယူမယ်ဆိုတဲ့အကြောင်း ပေးပို့ရုံပါ။ [note : မာမိတ်က သဘောကောင်းပါတယ်လို့]
ဒါမှမဟုတ်ရင်လည်း wp ကနေပဲ နာမည်နဲ့ ဖုန်းနံပါတ်လေး လာပြောပေးနော်။ ၁၁လပိုင်း ဝန်းကျင်လောက်ဖြစ်ဖို့များတာမို့ စုချိန်အများကြီးရပါတယ်လို့။ တခြားလိုချင်တဲ့သူရှိရင်လည်း ဖတ်ဖတ်တို့ကပဲ လက်တို့ပေးလိုက်ပါနော်။ နောက်မှ မသိလိုက်ဘူး မရလိုက်ဘူးဆိုတာမျိုး မဖြစ်ရအောင်ပါ။ Listအရင်လုပ်တာမို့ အုပ်ရေကို အတိအကျလုပ်ချင်လို့ပါ။
Your Mermaid.
Zawgyi
ခါတိုင္း စကားသံမ်ားႏွင့္ ဆူညံလ်က္ရိွေသာ ကုန္းျမင့္ထက္ရိွအေဆာင္ေလးသည္ ယေန့တြင္ေတာ့ သိသိသာသာပင္ တိတ္ဆိတ္ၿငိမ္သက္လ်က္ရိွေလသည္။
"ေက်ာင္းဆရာေလးက ဘာေျပာေသးလဲ"
အဖိုးျဖစ္သူကေမးေတာ့ စာေရးဆရာေပါက္စက ခ်က္ခ်င္းပင္ ေခါင္းယမ္းျပလာသည္။ ထို႔ေနာက္ ေနာက္ဆက္တြဲအေနႏွင့္ သက္ျပင္းခ်သံသဲ့သဲ့ကိုလည္း ၾကားလိုက္ရေလသည္။
"ဒါနဲ႔ေလ အဖိုး"
"အင္း ေျပာ"
ေခါင္းထဲ လက္ခနဲျဖစ္သြားေသာ အသိႏွင့္အတူ အဖိုးျဖစ္သူအပါအဝင္ မိဘႏွစ္ပါးႏွင့္အစ္ကိုေဆာ့ဂ်င္တို႔ကို လွမ္းၾကည့္လိုက္သည္။
"အဲ့လူကို အေနာက္ဘက္အေဆာင္မွာတစ္ခါျမင္ဖူးတယ္ ကြၽန္ေတာ္ထင္တာမမွားရင္ အဲ့လူက အခု Jiminကို တြန္းခ်တဲ့သူနဲ႔တစ္ေယာက္တည္းျဖစ္လိမ့္မယ္"
"ဟုတ္လား? ေနဦး အဖိုးတို႔ကို အေၾကာင္းစံုေျပာျပ"
ထိုေန့က အေနာက္ဘက္ေဆာင္မွာ ေက်ာင္းဆရာက သူ႔ကိုလိုက္ဖမ္းရင္း ျဖစ္ပ်က္ခဲ့သမ်ွအေၾကာင္းအပါအဝင္ ဘိုးဘြားေဆာင္မွာ သရဲဟုေအာ္ကာ ေရာက္ခ်လာသည့္အေၾကာင္းကိုလည္း Jungkookကပင္ အက်ယ္တဝင့္ရွင္းျပလိုက္သည္။
Jungkookရဲ့ ရွင္းျပမႈႀကီးအဆံုးတြင္ေတာ့ အဖိုးျဖစ္သူရဲ့ သက္ျပင္းခ်သံကိုၾကားလိုက္ရသည္။
"စံအိမ္ထဲမွာ မေကာင္းတဲ့လူရိွေနတာလား ဘယ္သူလဲဆိုတာ ေသခ်ာစံုစမ္းရမယ္ ကြၽန္ေတာ္အခုပဲ.... "
"ေနပါဦး ထိုင္စမ္းပါဦး ေျမးရယ္"
ဖမ္းမယ္ ဆီးမယ္ တကဲကဲလုပ္ကာ လက္သီးလက္ေမာင္းတန္းေနသည့္ ေျမးျဖစ္သူကို အဖိုးက တရားျပန္ခ်ရေတာ့သည္။ ဒီေကာင္ေလးကေလ အခုမွ ဘယ္လိုေတျြဖစ္သြားတာလဲ။ ဒီလိုက်ေတာ့လည္း ေက်ာင္းဆရာေလးအေပၚ အေတာ္သံေယာဇဥ္တြယ္ေနတာကို ျမင္လိုက္ရသည္။
"အဖိုးကလည္း ခုကတည္းကဖမ္းဖို႔လုပ္မွေပါ့ ေနာက္က်ရင္ ဒီ့ထက္ပိုဆိုးလာရင္ ဘယ္လိုလုပ္မလဲ?"
ေျမးျဖစ္သူေျပာတာကလည္း ဟုတ္မွန္ေနတာမို႔ ေခ်ပဖို႔ကမျဖစ္ႏိုင္။ ထို႔အတူ တဖက္တြင္လည္း မျဖစ္မေနပိတ္ပင္ရမလို အေျခအေနေၾကာင့္ ေခါင္းပင္အံုခ်င္သလို။
"ေနာက္မွ ေနာက္မွ ၾကည့္စီစဥ္ၾကတာေပါ့"
အလိုမက်ဟန္ တြန္႔ေကြးသြားသည့္ မ်က္ေမွာင္နက္တန္းေတြကို အဖိုးက လ်စ္လ်ူရႈသည္။ မိဘႏွစ္ပါးကို အားကိုးဖို႔ၾကည့္လိုက္ေတာ့လည္း မသိမသာတမ်ိဳး သိသိသာသာတဖံု အၾကည့္ကိုေရွာင္ေနတာမို႔ Jungkook တစ္ေယာက္တည္း ႀကိတ္ေဒါပြရေတာ့သည္။
"အဖိုးတို႔ေၾကာက္ရင္လည္း ေနေပါ့ အစ္ကိုေတာ္ လာ ကြၽန္ေတာ္နဲ႔လိုက္ခဲ့"
"ကင္ေဆာ့ဂ်င္ ဘယ္မွမသြားရဘူး"
အဖိုးရဲ့တခ်က္လႊတ္အမိန္႔ေအာက္မွာ အစ္ကိုေတာ္သည္လည္း မ်က္လံုးေလး ေပကလပ္ ေပကလပ္ျဖင့္ ထိုင္ေနရာမွမထရဲရွာ။
"အကုန္လံုးေနခဲ့! ကြၽန္ေတာ္ပဲသြားမယ္"
"သားငယ္!"
ေဒါသျဖစ္ျဖစ္ႏွင့္ပင္ အေဆာင္ေလးထဲမွ ဝုန္းဒိုင္းႀကဲထထြက္သြားသည့္ ေျမးျဖစ္သူကိုၾကည့္ကာ Jeonဖိုးဖိုးတစ္ေယာက္ သက္ျပင္းရွည္ႀကီးကို ခ်လိုက္ေတာ့သည္။
"အလကား လူႀကီးေတျြဖစ္ၿပီး သတၲိကိုမရိွဘူး!"
တစ္ေယာက္တည္း ေရရြတ္လိုက္ကာ ေျမနီလမ္းေလးေပၚက ေက်ာက္စရစ္ခဲေလးေတြကို ကြင္းထိုးဖိနပ္်လးရဲ့ထိပ္ဖ်ားႏွင့္ ကန္ေက်ာက္လိုက္သည္။
"Jungkook~"
စံအိမ္အေပါက္ဝဆီက ေက်ာင္းဆရာရဲ့ေခၚသံ။ Jungkookတစ္ေယာက္ ခ်က္ခ်င္းဆိုသလိုပင္ ေက်ာင္းဆရာရဲ့ေဘးကို ေရာက္ရိွသြားရသည္။
"ခင္ဗ်ားျပန္လာၿပီလား"
"အင္း"
"ဒါေပမဲ့ အေစာႀကီးရိွေသးတာကို ကြၽန္ေတာ္ကပံုမွန္ေက်ာင္းဆင္းခ်ိန္မွတ္လို႔ လာမႀကိဳေသးတာ"
"ရပါတယ္ နည္းနည္းေနမေကာင္းခ်င္လို႔ ျပန္လာခဲ့တာ"
"ျမင္လား ကြၽန္ေတာ္ေျပာသားပဲ မသြားပါနဲ႔ဆိုတာကို ခင္ဗ်ားကေခါင္းမာတာကိုး"
စာေရးဆရာေပါက္စေလးရဲ့ ဆူဆူပူပူေျပာေနသမ်ွကို ခပ္ၿပံဳးၿပံဳးမ်က္ႏွာထားျဖင့္ နားေထာင္ေနတဲ့ ေက်ာင္းဆရာ။
"ေပး ကြၽန္ေတာ့္ကို"
လက္ထဲကအိတ္ႏွင့္ ထမင္းခ်ိဳင့္ေတြကိုပါ ဆြဲယူလိုက္တာက လွစ္ခနဲပင္။ တားခ်ိန္ပင္မရလိုက္တာမို႔ Jiminလည္း ဘာမွမေျပာေတာ့ဘဲ ကူသယ္ေပးတာကို ခြင့္ျပဳလိုက္သည္။
"ခင္ဗ်ား အဲ့လူကိုတကယ္မျမင္လိုက္တာလား မ်က္ႏွာေရာေလ? ဒါမွမဟုတ္ ကိုယ္လံုးကိုယ္ေပါက္"
စာေရးဆရာေလးရဲ့ စံုစမ္းေမးျမန္းေနမႈကို အတန္ၾကာသည္အထိ ဘာကိုမွမေျဖေသးဘဲ ကုန္းျမင့္ေပၚရိွအေဆာင္ေလးဆီေရာက္ေတာ့မွ သစ္သားၾကမ္းခင္းေပၚ အရင္ထိုင္ခ်လိုက္သည္။
"နည္းနည္းေလာက္ ထပ္စဥ္းစားၾကည့္ပါလား"
"အင္း~"
Jiminက အသာအယာၿပံဳးရင္း ေျမနီလမ္းေလးဆီကို အသာေမ်ွာ္ၾကည့္ေနသည္။ စာေရးဆရာလည္း ခ်က္ခ်င္းပင္ ေနရာကထကာ အေဆာင္ထဲဝင္သြားသည္။ ခဏၾကာေတာ့ ဂ်ိဳးဂ်ိဳးဂြၽတ္ဂြၽတ္အသံေတြၾကားလိုက္ရၿပီ ပစၥည္းတခ်ိဳ႕ႏွင့္အတူ ျပန္ထြက္လာသည္။
"ရၿပီ ေျပာေတာ့"
"ဘာလုပ္မလို႔လဲ"
"ခင္ဗ်ားေျပာတဲ့ပံုစံကိုနားေထာင္ၿပီး ပံုဆြဲၾကည့္ရမွာေပါ့"
အားတက္သေရာပင္ သူ႔အားေရတံခြန္ေပၚမွ တြန္းခ်သည့္လူအား ဖမ္းမိဖို႔အတြက္ ႀကိဳးစားေနသည့္စာေရးဆရာေၾကာင့္ ေနာက္တေခါက္ထပ္ၿပီး ၿပံဳးလိုက္မိျပန္သည္။
"ေျပာေလ"
"ဘယ္လိုေျပာရမွာလဲ?"
"ခင္ဗ်ားစိတ္ထဲေပၚလာသလိုေပါ့"
"အင္း မ်က္ႏွာက ဒီလိုပံုစံ"
ေလထဲမွာ လက္ႏွင့္ဆြဲျပသည့္ပံုစံအား အေသအခ်ာလိုက္ၾကည့္ကာ အျဖဴေရာင္စကၠူသားေပၚတြင္ သူ႔နည္းတူလိုက္ေရးျခစ္ေနသည့္ စာေရးဆရာေလး။
"ေနာက္ၿပီးေတာ့ေရာ?"
"ႏွာေခါင္းနည္းနည္းပြတယ္"
"အင္း"
"မ်က္လံုးဝိုင္းဝိုင္းေတြနဲ႔"
"အင္း"
"ပါးေပၚမွာ အမာရြတ္ေသးေသးေလးလည္းရိွတယ္"
"ေနာက္ေတာ့ေရာ"
"ေအာက္ႏႈတ္ခမ္းေအာက္မွာ မွဲ႔နက္ေသးေသးေလးနဲ႔"
ထိုစကားဆံုးေတာ့ စကၠူသားျဖဴျဖဴေပၚေရးျခစ္ေနသည့္ စာေရးဆရာရဲ့လက္ကေလးေတြက ရုတ္ခ်ည္းတုန္႔ဆိုင္းသြားသည္။ ထို႔ေနာက္ ေက်ာင္းဆရာအား မ်က္ေမွာင္ႀကီးၾကဳတ္ကာ စိုက္ၾကည့္ေနေတာ့သည္။
"ဆက္ဆြဲေလ ေခါင္းေပၚမွာယုန္နားရြက္ေလးနဲ႔"
"ေတာ္ၿပီ ခင္ဗ်ားကလာေနာက္ေနတာပဲ"
စိတ္ဆိုးသြားကာ ေရးျခစ္လက္စပံုတူေလးကို ၾကမ္းျပင္ေပၚသို႔ အင့္ခနဲေနေအာင္ ေဆာင့္ခ်လိုက္ၿပီး ႏႈတ္ခမ္းဆူေနသည့္ စာေရးဆရာ။ Jiminလည္း ဟက္ဟက္ပက္ပက္ပင္ ရယ္ေမာလိုက္မိသည္။
"မင္းပဲ ငါ့စိတ္ထဲေပၚလာသလိုဆို"
"ကြၽန္ေတာ္ေျပာခ်င္တာကို သိရဲ့သားနဲ႔"
"အိုက္ဂူး ေခြးေပါက္ေလး"
ေျပာလည္းေျပာ ဆံပင္ေကြးေကြးေကာက္ေကာက္ေလးေတြကိုလည္း လက္နဲ႔ဆြဲဖြေနတာမို႔ စာေရးဆရာရဲ့ ႏႈတ္ခမ္းက ပိုေထာ္သထက္ေထာ္လာေတာ့သည္။ သို႔ေသာ္ ရုန္းကန္ျခင္းေတာ့မရိွ။
ေဒါက္!
ေလအေဝ႔ွမွာ ႏွစ္ေယာက္လံုးရဲ့ နားစည္ကိုရိုက္ခတ္လာသည့္အသံေၾကာင့္ Jungkookက ခ်က္ခ်င္းပင္ ေက်ာင္းဆရာရဲ့ကိုယ္ေလးကို သူ႔ရင္ခြင္ထဲ ဆြဲထည့္လိုက္သည္။
"ဘာျဖစ္လို႔လဲ"
အသံၾကားရာကိုၾကည့္လိုက္ေတာ့ ၾကက္မႀကီးႏွင့္အတူအစာရွာထြက္ေနၾကသည့္ ၾကက္ေပါက္ဝါဝါကေလးမ်ားအုပ္စုျဖစ္ေနတာမို႔ စိတ္ေအးသြားရသည္။
"ဘာမွမဟုတ္ပါဘူး ၾကက္ကေလးေတြပါ"
"ေအာ္ အင္း"
စာေရးဆရာက သူ႔အားရင္ခြင္က်ယ္ႀကီးထဲမွ ထုတ္မေပးသလို သူကိုယ္တိုင္ကလည္း မရုန္းခ်င္ပါ။ အမ်ားႀကီးေနြးေထြးၿပီး လံုၿခံဳသလိုခံစားရတာမို႔။
တျဖည္းျဖည္းခ်င္း သူတို႔ႏွစ္ဦးထိုင္ေနသည့္ ေအာက္ခင္းၾကမ္းျပင္ေလးရဲ့အစပ္ဆီကို ေရာက္လာၾကတဲ့ ၾကက္ေပါက္ကေလးေတြ။ ပိက်ိပိက်ိအသံေလးမ်ား ျပဳလုပ္ကာ ၾကက္မိခင္ႀကီးေနာက္ကေန လိုက္ပါေနၾကသည့္ အဝါေရာင္ၾကက္ေပါက္စကေလးမ်ား။။
"ကြၽန္ေတာ္ငယ္ငယ္က ၾကက္ေပါက္ေလးေတြကို လိုက္ဖမ္းဖူးတယ္"
"အင္း~ အဲ့ေတာ့မိလား"
"မမိပါဘူး ၾကက္မႀကီးလိုက္လို႔ေျပးရင္းက ေမွာက္ေတာင္လဲေသးတယ္"
ထိုသို႔ေျပာေတာ့ ရင္ခြင္ထဲမွ ေက်ာင္းဆရာက ကိုယ္ေလးအနည္းငယ္လႈပ္ခါသြားသည္အထိ ရယ္ေလသည္။ ေက်ာင္းဆရာရယ္ေတာ့ သူကိုယ္တိုင္လည္း ရယ္မိသည္။
"မင္းက ဘာလို႔သြားဖမ္းတာလဲ"
"ကြၽန္ေတာ္သေဘာက်ရတဲ့ လူတစ္ေယာက္ကိုေပးခ်င္လို႔ေပါ့"
"ေအာ္~"
တခ်က္ၿပံဳးလိုက္ရင္း ရင္ခြင္ထဲကိုငံု႔ၾကည့္လိုက္ေတာ့ တည္ၿငိမ္သည့္မ်က္ဝန္းမ်ားႏွင့္ တေနရာကိုစိုက္ၾကည့္ေနသည့္ ေက်ာင္းဆရာကိုျမင္လိုက္ရသည္။
"ငါလည္း မင္းလို ဟိုးငယ္ငယ္တုန္းကအေၾကာင္းေတြကို မွတ္မိရင္သိပ္ေကာင္းမွာပဲ"
"လိုေသးလို႔လား"
"ဘာကိုလဲ"
"ကိုကို မမွတ္မိရင္ ကြၽန္ေတာ္ကေျပာျပေပးမွာေပါ့"
အတန္ၾကာသည္အထိ ေက်ာင္းဆရာထံမွ ဘာသံမွထပ္ထြက္မလာေတာ့ဘဲ ၿငိမ္က်သြားသည္။ ေနာက္ေတာ့မွ ခပ္တိုးတိုးသာဖြင့္ဟလာသည္။
"ငါက မင္းရဲ့ကိုကိုမဟုတ္ရင္ေရာ?"
"ဟင့္အင္း ေသခ်ာတယ္ ခင္ဗ်ားက ကြၽန္ေတာ့္ရဲ့ကိုကိုပါ"
"မင္းက သိပ္ေခါင္းမာတာပဲ စာေရးဆရာ"
"အင္း တစ္ေယာက္ေယာက္နဲ႔တူလို႔ျဖစ္မယ္"
ထိုစကားၾကားေတာ့ ေက်ာင္းဆရာကသူ႔ရင္ဘတ္အား တခ်က္ထုလိုက္သည္။ သို႔ေပမဲ့ နာက်င္ေနရတာက ႏွစ္ဦးလံုးရဲ့ရင္ဘတ္ထဲက။
"လႊတ္ေတာ့ ငါေရမခ်ိဳးရေသးဘူး ေခြၽးေတြနဲ႔"
"အတူတူခ်ိဳးမလား ဒါမွမဟုတ္ ခ်ိဳးေပးရမလား"
"ငါက ကေလးမွမဟုတ္တာ"
"ဒါေပမဲ့ စိတ္မခ်ရဘူးေလ ဟိုလူျပန္ေပၚလာရင္ ဘယ္လိုလုပ္မလဲ"
"Jeon Jungkook ထြက္သြားေနာ္!"
"မထြက္ပါဘူး ကြၽန္ေတာ္လည္းပူေနလို႔ ေရခ်ိဳးမလားလို႔"
"ရား! မင္းကႏွာဘူးပဲ!"
ညေနဆည္းဆာေအာက္က အေဆာင္ေလးသည္ ပံုမွန္ေန့ရက္ေတြအတိုင္း ဂႏၶမာျဖဴျဖဴတို႔ၿခံရံလ်က္အေခ်အတင္စကားသံမ်ားၾကားတြင္ သက္ဝင္လႈပ္ရွားလို႔ေနေတာ့သည္။
__________________
"ဟဲ့ ငါ့ေျမးႏွယ္ အိမ္ေပါက္မွာဘာထိုင္လုပ္ေနတာတုန္း"
"ကိုကိုျပန္မလာေသးလို႔"
အိမ္ေပါက္က ထိုင္ခံုေလးေပၚမွာ အရုပ္ေလးပိုက္ရင္း ၿငိမ္ၿငိမ္ကေလးထိုင္ကာ ေျမနီလမ္းေလးကိုစိုက္ၾကည့္ေနသည့္ ကေလးငယ္ေလးက အၾကည့္တခ်က္မွပင္မလႊဲဘဲ ျပန္ေျဖလာသည္။
"မိုးရြာေတာ့မယ္ထင္တယ္ လာပါေျမးရယ္ အိမ္ထဲဝင္ရေအာင္ ေျမးရဲ့ကိုကိုကိုေနာက္မွ လာစာင့္လို႔ရတာပဲ"
ကေလးငယ္ေလးက ေခါင္းရမ္းျပသည္။ ေခါင္းမာလြန္းသည့္ ကေလးငယ္ေလးကို အဖိုးJeonလည္း မည္သို႔ေခ်ာ့ေမာ့ရမယ္ဆိုတာ မႀကံတတ္ေတာ့။
"ကိုကိုက သားအတြက္ အုန္းရည္ေရာ လက္ေဆာင္ေရာဝယ္ခဲ့မွာ"
အဖိုးျဖစ္သူခမ်ာ တစ္ဦးတည္းေသာေျမးေလးရဲ့ ဇြဲႀကီးမႈကို လက္ေျမႇာက္အရႈံးေပးလိုက္ရသည္။ တေျဖာက္ေျဖာက္က်လာသည့္ ဥတုမမွန္ခ်င္သည့္မိုးေရစက္ေတြကို ကေလးငယ္ကိုယ္ေပၚ မက်ေရာက္ေစရန္ ထီးႏွင့္ကြယ္ေပးလိုက္ရင္း ေျမနီလမ္းေလးကိုသာ ၾကည့္ေနခဲ့လိုက္သည္။
ေျမျပင္ေပၚကိုမိုးစက္ေတြထိခတ္သံၾကားမွ ငိုသံထြက္ေပၚလာတာမို႔ ကေလးငယ္ကိုငံု႔ၾကည့္လိုက္ေတာ့ အရုပ္ေလးကိုတင္းက်ပ္ေနေအာင္ ဆုပ္ကိုင္ထားရင္းက ငိုေနတာကိုေတြ့လိုက္ရသည္။
"အထဲဝင္ရေအာင္ပါ ေျမးရယ္"
ကားမီးေရာင္ျမင္သည္ႏွင့္ သူ႔ကိုကိုျပန္လာၿပီမွတ္ကာ ေပ်ာ္ရႊင္ရိပ္သန္းသြားတတ္တဲ့မ်က္ႏွာေလးဟာ ေနာက္ဆံုးမွာေတာ့ ရိႈက္ငိုေနသည့္ မ်က္ရည္လံုးႀကီးမ်ားႏွင့္သာ။
ေတာ္ေတာ္ႏွင့္အငိုမတိတ္သည့္ ကေလးငယ္ေလးကို ခ်ီေပြ့လိုက္ရင္းကပင္ အဖိုးျဖစ္သူသည္ ဂႏၶမာစံအိမ္ႀကီးထဲကို ဝင္ခဲ့ေတာ့သည္။
ကေလးငယ္ေမ်ွာ္ေနသည့္ ကိုကိုသည္ ဘယ္ေသာအခါမွ ဤနယ္ေလးကိုျပန္လာေတာ့မည္မဟုတ္ေၾကာင္းကိုေတာ့ ကေလးငယ္ပို၍စိတ္မေကာင္းျဖစ္သြားႏိုင္တာမို႔ ေျပာမျပျဖစ္ခဲ့ေတာ့။
ထိုေန့က ကိုကိုကတိမတည္ခဲ့ပါ....။ ။
________________
"ေစာင့္ေနတာ!"
စမ္းေခ်ာင္းထိပ္ကို ေရာက္ေရာက္ခ်င္းမွာပင္ ဘြားခနဲေပၚလာျပန္သည့္ ျပည္ေတာ္ျပန္ရဲ့ေခါင္းကို ခ်ိန္ဆေနစရာပင္မလိုဘဲ ေခါက္ခ်လိုက္သည္။
"It hurts!"
ေခါင္းကိုလက္ႏွစ္ဖက္ႏွင့္အုပ္ကိုင္ကာ ေနာက္ကဆက္ပါလာသည့္လူကို ေခတၲလ်စ္လ်ူရႈလိုက္ကာ အရိပ္ရသည့္အပင္ႀကီးေအာက္မွာပင္ ပါလာသမ်ွပစၥည္းေတြကို ပစ္ခ်လိုက္သည္။
"ဟိုဆရာေရာ Everything fineရဲ့လား?"
"နားၿငီးတယ္"
တခ်က္တည္းႏွင့္ ပိတ္သြားသည့္ပါးစပ္။ ထို႔ေနာက္ လက္ဟန္ေျခဟန္အသံုးျပဳကာ မ်က္စိလာေနာက္ျပန္သည္။ တကယ္ပဲ မွတ္သည္းေျခမရိွတဲ့လူပါလား။
စုပ္သပ္လိုက္ရင္း အၾကည့္လႊဲကာ ကိုယ္ေပၚမွာဝတ္ဆင္ထားသည့္ ဟန္းဂုရိုးရာဝတ္စံုအေပၚထပ္ကို ခြၽတ္ဖို႔ျပင္လိုက္သည္။
" omg! Honey စိတ္ထိန္းပါဦးလား!"
ငါ တယ္!
ရိုက္မလို႔ လက္ရြယ္လိုက္ၿပီးမွ စိတ္ကိုေလ်ွာ့ကာ ေလကိုမႈတ္ထုတ္လိုက္သည္။ ထို႔ေနာက္ ေနာက္တႀကိမ္လ်စ္လ်ူရႈလိုက္ရင္း အေပၚဝတ္ကိုအဆံုးထိခြၽတ္ခ်လိုက္ေတာ့သည္။
ၿပီးသည္ႏွင့္ အသင့္ယူလာသည့္ မရီးေတာ္ရဲ့အဝတ္ေတြကို အေပၚမွ လဲလွယ္ဝတ္လိုက္သည္။
"Honey ဘာလုပ္မလို႔လဲ"
ဘာစကားမွမေျပာဘဲ ေရတံခြန္ရိွရာကို ဦးတည္သြားဖို႔ျပင္ေနသည့္ အစ္ကိုေတာ္ကို ျပည္ေတာ္ျပန္တစ္ေယာက္ တားရေတာ့သည္။
"မဟုတ္ေသးဘူးေနာ္ တခုခုမွားေနတယ္ေနာ္ Honeyနဲ႔မလိုက္ပါဘူး ျပန္လဲဝတ္လိုက္ပါေနာ္"
ေရ႔ွကေန ကာဆီးကာဆီးလုပ္ကာ ေပါက္ေပါက္ေဖာက္ေနသည့္ ျပည္ေတာ္ျပန္ကို ဖိနပ္နဲ႔ပဲလိုက္ရိုက္ရမလား?
"ဖယ္ေနာ္"
"Honey တစ္ခုခုျဖစ္ရင္ ဒီကရင္က်ိဳးရမွာေလ"
"ေၾကာက္ရင္ ေနခဲ့ ဖယ္စမ္း!"
စိတ္ပိုင္းျဖတ္ၿပီးပံုရသည့္ အစ္ကိုေတာ္သည္ မရီးေတာ္ရဲ့အဝတ္ေတြကိုဝတ္ဆင္လ်က္ ေရတံခြန္ေပၚကိုတက္သြားခဲ့သည္။ ျပည္ေတာ္ျပန္သည္လည္း သူ၏ႏွလံုးသည္းပြတ္ကေလးကို စိတ္မခ်ႀကီးစြာပင္ ေနာက္မွလိုက္ပါခဲ့ေတာ့သည္။
"Honey ကိုယ့္ေနာက္မွာေန"
သက္ေတာ္ေစာင့္အသြင္ဖမ္းကာ အပိုဆားဒါးေတြလုပ္ေနသည့္ ျပည္ေတာ္ျပန္အား အေနာက္မွပင္ မ်က္ေစာင္းထိုးလိုက္မိသည္။ ဘာပဲျဖစ္ျဖစ္ ႏွစ္ေယာက္ဆိုေတာ့ နည္းနည္းအားရိွပါေသး။
"ဒါနဲ႔ေလ အဲ့လူက ေနာက္တခါထပ္ေပၚလာမွာေသခ်ာလို႔လား?"
"လ်ွာကိုရွည္တယ္"
ေနာက္တခ်က္ထပ္ျမည္းလိုက္ရတဲ့ လက္သံေျပာင္ေျပာင္ေၾကာင့္ ထပ္ၿပီးစကားမစရဲေတာ့။ အတန္ၾကာသည္အထိ ေရတံခြန္အနီးတဝိုက္ကို လွည့္ပတ္သြားေနေပမဲ့ ဘာမွထူးမလာ။
"ကိုယ္တို႔ကဒီမွာရွာေနတုန္း စံအိမ္ထဲေရာက္ေနရင္ ဘယ္လိုလုပ္မလဲ"
ျပည္ေတာ္ျပန္ရဲ့ ယခုတေခါက္စကားတြင္ေတာ့ အစ္ကိုေတာ္ေဆာ့ဂ်င္က အေတြးနယ္ခ်ဲ့လိုက္မိသည္။ အခု သူလုပ္တာက မ်ွားေခၚေနမွန္း အရမ္းမ်ားသိသာေနလို႔လား။
"Honey ဒီကိုလာဦး!"
ေခၚသံေၾကာင့္ ဘာမ်ားလဲဆိုၿပီး အေလာတႀကီးသြားၾကည့္လိုက္ေတာ့ ဂဏန္းေသးေသးေလးႏွစ္ေကာင္ကို ဖမ္းကိုင္ထားကာ အၿပံဳးပန္းေဝေနသည့္ ဂဏန္းတို႔၏ဖခင္ႀကီး။
"သံုးစားလို႔ကိုမရဘူး"
စိတ္ေပါက္ေပါက္ႏွင့္ပင္ မ်က္ႏွာလာရူးျပေနသည့္ ျပည္ေတာ္ျပန္ကို တြန္းလႊတ္လိုက္ေတာ့ ေဘးနားကခ်ံဳပုတ္ေပၚကို ပက္လက္လွန္လ်က္သား ကားယားႀကီးလဲက်သြားသည္။
"ဟီးဟီး"
ဒါေတာင္ အၿပံဳးမပ်က္တာမို႔ တကယ့္ကို အံ့အားသင့္ဖြယ္လူသားပင္။
"Honey ဒီတခါ တကယ္လာၾကည့္!"
ရိုးသြားၿပီမို႔ လွည့္မၾကည့္ေတာ့ဘဲ ေရ႔ွကိုသာမဲတင္းေနလိုက္သည္။ သို႔ေသာ္ ဆက္တိုက္ပင္ မၾကည့္မခ်င္းေခၚေနတာမို႔ ဒီေနရာႀကီးမွာ ရန္ထျဖစ္ဖို႔လည္းမဟုတ္ေသးတာမို႔ စိတ္ေလ်ွာ့လိုက္ရသည္။ ဂဏန္းေတြက တကယ္ကို သိပ္အျမင္ကတ္စရာေကာင္းတာပဲ။
"ေျပာ"
"ဒီမွာ လူသြားလမ္းျဖစ္ေနတယ္"
ျပည္ေတာ္ျပန္ရဲ့ လက္ၫွိုးၫႊန္ရာကိုၾကည့္လိုက္ေတာ့ အမွန္ပင္လူသြားလမ္း တစ္ေယာက္ေယာက္တိုးဝင္ေနက်လိုျဖစ္ေနတာမို႔ အနားတိုးကပ္ကာ စူးစမ္းလိုက္သည္။
"တကယ္ႀကီး လိုက္ဝင္မလို႔လား"
အစ္ကိုေတာ့္လက္ကိုဆြဲထားသည့္ ျပည္ေတာ္ျပန္ကာ စိုးရိမ္သလိုေမးလာသည္။ အစ္ကိုေတာ္သည္လည္း အဖိုးျဖစ္သူႏွင့္ဦးေလးျဖစ္သူက အတန္တန္တားေနသည့္ၾကားက ဒီေနရာအထိ ေရာက္လာခဲ့ျခင္းမဟုတ္ေပလား။
"ေသခ်ာေပါက္ သူ႔ကိုဖမ္းႏိုင္မျွဖစ္မယ္"
"သူ? ဘယ္သူတုန္း"
လူသြားလမ္းေလးအတိုင္း ဝင္သြားသည့္အစ္ကိုေတာ့္ေနာက္ကို ျပည္ေတာ္ျပန္သည္လည္း ေၾကာက္ေၾကာက္လန္႔လန္႔ႏွင့္ပင္ လိုက္ပါသြားခဲ့သည္။
"ေက်ာခ်မ္းစရာႀကီးေနာ္"
"အင္း"
တလမ္းလံုး ငေၾကာက္တစ္ေကာင္လို စကားေတြေတာင္စဥ္ေရမရ ေလ်ွာက္ေျပာေနသည့္ ကင္နမ္ဂြၽန္။ စကားေျပာေနရံုနဲ႔ ေၾကာက္ေနတာက ေပ်ာက္သြားမွာက်လို႔။
"ရႉး~"
အစ္ကိုေတာ္က ပါးစပ္ပိတ္ေနဖို႔ အခ်က္ျပလိုက္တာမို႔ ျပည္ေတာ္ျပန္က ေခါင္းအသာၿငိမ့္ျပကာ ပါးစပ္ကိုလံုးဝဖြင့္မည္မဟုတ္ေၾကာင္း အမူအရာလုပ္ျပသည္။
အတန္ၾကာသြားၿပီးသည့္ေနာက္ ေရတံခြန္အေနာက္ဖက္ကိုေရာက္သြားခဲ့သည္။ ေနာက္ၿပီး လူေနသလို အေငြ့အသက္ေတျြပည့္လို႔ေနေလသည္။
"ျပန္ရေအာင္"
အသံအုပ္အုပ္ျဖင့္ေျပာလာသည့္ ျပည္ေတာ္ျပန္ကို ဂရုမစိုက္အားပဲ ေရ႔ွသို႔သာမဲတင္းရင္း သြားေနမိသည္။
"ဒီနားပဲ လည္ေနၿပီထင္တယ္"
ႏွစ္ေယာက္သား ေရတံခြန္အေနာက္ဖက္မွာ တဝဲလည္လည္ႏွင့္ပင္ အခ်ိန္ကုန္မွန္းမသိကုန္သြားခဲ့သည္။ မၾကာခင္လည္း ညေမွာင္ေတာ့မွာမို႔ ျပည္ေတာ္ျပန္ခမ်ာ အစ္ကိုေတာ့္လက္ကိုအတင္းဆြဲရင္း ျပန္ဖို႔လမ္းရွာရေတာ့သည္။
"ဟင္ လမ္းကဘယ္ေရာက္သြားတာလဲ"
မ်က္စိလည္သထက္လည္ကာ မူလလမ္းကိုျပန္ရွာမေတြ့တာမို႔ ႏွစ္ေယာက္လံုးရင္ေတြ အခုန္ျမန္သြားရသည္။ စံအိမ္ျပန္မေရာက္ရင္ေတာ့ ႏွစ္ေယာက္လံုးအတြက္ ကံေကာင္းဖို႔လမ္းမျမင္။
"ဘယ္လိုလုပ္မလဲ ဒီေတာႀကီးထဲ ႏွစ္ေယာက္တည္း ဟီး"
"Kim NamJoon ငါကိုယ္ေတာ္ ကန္ခ်လိုက္မွာေနာ္"
"အိုးဟိုးဟိုး အျမင့္ႀကီးပဲ မလုပ္ပါနဲ႔"
တစထက္တစ ေမွာင္ရီပ်ိဳးလာသည့္ေနာက္တြင္ေတာ့ ႏွစ္ေယာက္လံုးလမ္းရွာျခင္းကို ရပ္တန္႔လိုက္ကာ ေခတၲနားဖို႔ေနရာတစ္ခု ရွာၾကည့္ရေတာ့သည္။
ေက်ာက္အမိုေလးတစ္ခုေတြ့ေတာ့ ႏွစ္ေယာက္လံုးတိုင္ပင္စရာပင္မလိုေတာ့ဘဲ အထဲဝင္ခဲ့လိုက္ရင္း အေျခအေနေစာင့္ၾကည့္ရေတာ့သည္။ ဒီအတိုင္းဆို စံအိမ္ထဲကလူေတြ ေယာက္ယက္ခတ္ကုန္ေတာ့မွာပဲ။
"ဘာလုပ္တာလဲ"
"ခ်မ္းလို႔"
"အဲ့ေလာက္အထိမဟုတ္ပါဘူး"
"ဟင့္အင္း ဟုတ္တယ္ အရမ္းခ်မ္းတယ္ အရမ္းပဲ"
ကဲကဲသဲသဲေတြလုပ္ျပကာ လူအနားကို အတင္းတိုးကပ္ေနတာမို႔ သြားၿဖဲျပလိုက္ေပမဲ့ တြန္႔ဆုတ္မသြားသည့္အျပင္ ပိုလို႔ပင္တိုးလာျပန္သည္။
"ေနြးေနတာပဲ"
မဟားတရားတိုးေဝ႔ွကာ ကိုယ္ခ်င္းပူးမတတ္ တိုးဖက္ထားသည္မို႔ အစ္ကိုေတာ္ကင္ေဆာ့ဂ်င္တစ္ေယာက္ အသက္ရႉလို႔ပင္မဝေတာ့သလို။
ထို႔အတူ မနက္ျဖန္က်ရင္ ဘယ္လိုျဖစ္မလဲဆိုၿပီး ေတြးလိုက္မိျပန္ေသးတာမို႔ ႀကိတ္ၿပီးသက္ျပင္းခ်လိုက္မိသည္။ ကင္နမ္ဂြၽန္ ငါမင္းကို သိပ္အျမင္ကတ္တာပဲ!။
__________________
"မနက္ျဖန္ပဲ Jiminကို ငါကိုယ္တိုင္ ျပန္သြားေခၚမယ္"
"ျဖစ္မလားရွင့္ ဟိုက လက္ေတာင္ထပ္ၿပီးသြားၿပီ"
"မင္း အတင္းအၾကပ္ဖိအားေပးလို႔ျဖစ္ရတာေလ"
"အိုရွင္ မဆိုင္တာေတြ"
မိန္းမျဖစ္သူရဲ့ မတရားမႈမ်ားႏွင့္ေက်းဇူးမဲ့မႈမ်ားအတြက္ ေယာက်ာ္းျဖစ္သူခမ်ာ ေဒါသေတြတေလွႀကီးႏွင့္ ရင္ထုမနာျဖစ္ရေတာ့သည္။
"ေဖေဖ"
"ပါးစပ္ပိတ္ထား! မင္းအေမဘက္ကဝင္ပါဖို႔ မစဥ္းစားနဲ႔!"
သူ႔အေမဘက္က ဝင္ပါေပးဖို႔ျပင္ေနသည့္ သမီးျဖစ္သူ ဟယ္ဝန္းကိုလည္း ျပင္းျပင္းထန္ထန္ သတိေပးလိုက္ေတာ့ ေနာက္ျပန္ဆုတ္သြားသည္။
"ဒီမွာ ရွင္ သူ႔ကိုျပန္ေခၚလို႔မရဘူးေနာ္"
"ဘာကိစၥ မရရမွာလဲ လြန္ခဲ့တဲ့ဆယ္ႏွစ္ေက်ာ္ကို မင္းေမ့သြားတာလား ေမ့ခ်င္ေယာင္ေဆာင္ေနတာလား ဟမ္? Jiminရဲ့မိဘေတြသာ ဝင္မကယ္ရင္ မင္းေရာ ငါေရာ မင္းဗိုက္ထဲကဟယ္ဝန္းေရာ တစ္ေယာက္မွ အသက္ရွင္မွာမဟုတ္ဘူးဆိုတာေရာ မင္းမမွတ္မိေတာ့ဘူးလား!"
ေယာက်ာ္းျဖစ္သူရဲ့စကားေတြကို ျပန္လည္ေခ်ပဖို႔ စကားလံုးက ရွာလို႔မေတြ့သည့္အျပင္ အကုန္လံုးက အမွန္တရားျဖစ္ေနတာမို႔ မေက်မနပ္ပင္ ၿငိမ္ေနရေတာ့သည္။
"မနက္ျဖန္ကစၿပီး Jiminကို ဝမ္ဂ်ူကေန ျပန္ေခၚမယ္ မင္းတို႔သားအမိႏွစ္ေယာက္လံုး အခ်ိဳးျပင္ရင္ျပင္ မျပင္ရင္ အိမ္ေပၚကဆင္းၾက!"
ရက္ရက္စက္စက္ပင္ ရာဇသံေပးကာထြက္ခြာသြားတဲ့ ဖခင္ျဖစ္သူေၾကာင့္ ဟယ္ဝန္းကေတာ့ "ေဖေဖ မတရားဘူး" ဟုသာ ေအာ္ေနမိေတာ့သည္။ ထို႔ေနာက္ မိခင္ျဖစ္သူဆီကို ေျပးသြားကာ အလြန္အမင္း သိခ်င္ေနသည့္အရာကိုလည္း ေမးလိုက္မိသည္။
"ေဖေဖ ေျပာသြားတာေတြက တကယ္ပဲလားဟင္ ကိုကိုက သမီးတို႔ကို ကယ္ခဲ့တယ္ဆိုတာ တကယ္လားဟင္ ေမေမ ဘာလို႔ သမီးကိုမေျပာျပခဲ့တာလဲ ေျဖပါဦး ဘာေတြလဲလို႔!"
လႈပ္ရွားျခင္းမရိွသည့္ အေျဖမဲ့မိခင္ရဲ့လက္ကို လႈပ္ယမ္းကာ တရစပ္ေမးခြန္းေတြေမးေနသည့္ ဟယ္ဝန္းေၾကာင့္ မိခင္ျဖစ္သူသည္ သက္ျပင္းကိုသာ ႏိုင္ႏိုင္ခ်လိုက္မိေတာ့သည္။
မနက္ျဖန္ေတြဟာ ဘယ္ေလာက္အထိ ဆိုးဝါးေနဦးမွာလဲ။
________________
မာမိတ္တစ္ခု အသိေပးစရာရိွလို႔ပါ။
မာမိတ္ေရးသားခဲ့တဲ့ "ႀကိဳးကေလး" Fictionကို စာအုပ္အေနနဲ႔ ျပန္လည္ထုတ္ေဝဖို႔အစီအစဥ္ရိွတာမို႔ အခု စာဖတ္သူေတြထဲက စာအုပ္ေလးကို လိုခ်င္တဲ့သူရိွရင္ မာမိတ္ရဲ့ fb acc "Yara" ကိုလာၿပီး messageပို႔ေပးပါေနာ္။ addဖို႔အထိ မလိုပါဘူး။ cbက တဆင့္ ယူမယ္ဆိုတဲ့အေၾကာင္း ေပးပို႔ရံုပါ။ [note : မာမိတ္က သေဘာေကာင္းပါတယ္လို႔]
ဒါမွမဟုတ္ရင္လည္း wp ကေနပဲ နာမည္နဲ႔ ဖုန္းနံပါတ္ေလး လာေျပာေပးေနာ္။ ၁၁လပိုင္း ဝန္းက်င္ေလာက္ျဖစ္ဖို႔မ်ားတာမို႔ စုခ်ိန္အမ်ားႀကီးရပါတယ္လို႔။ တျခားလိုခ်င္တဲ့သူရိွရင္လည္း ဖတ္ဖတ္တို႔ကပဲ လက္တို႔ေပးလိုက္ပါေနာ္။ ေနာက္မွ မသိလိုက္ဘူး မရလိုက္ဘူးဆိုတာမ်ိဳး မျဖစ္ရေအာင္ပါ။ Listအရင္လုပ္တာမို႔ အုပ္ေရကို အတိအက်လုပ္ခ်င္လို႔ပါ။
Your Mermaid.