အပိုင်း (၁၉)
Unicode Version
"ငါးသွားမြှားရအောင်လေ"
အေးအေးလူလူ ဖရဲသီးစိတ်ကလေးစားနေတုန်း နံဘေးရောက်ချလာသည့် အစ်ကိုတော်။ ပါးစပ်ထဲထည့်လက်စ ဖရဲသီးစိတ်ကို အလျင်အမြန်သွပ်လိုက်ရင်း လက်ခါပြလိုက်သည်။
"မရီးတော်ကလည်း အမြဲငြင်းနေတော့တာပဲ ဘာလဲ ညီတော်ကကြောင်ကြောက်သလို မရီးတော်ကရော ငါးကြောက်တာလား?"
အစ်ကိုတော်က လက်ထဲကယပ်တောင်စိမ်းလေးကို ခေါက်သိမ်းလိုက်ရင်း သူ့လည်ဂုတ်သူ တဖတ်ဖတ်ရိုက်ကာ မျက်နှာရှုံ့လျက် ညည်းညူပြသည်။
"ပြည်တော်ပြန်နဲ့သွားလေ"
ဒိုင်းခနဲကျလာသည့် မျက်စောင်းကြောင့် စားနေသည့် ဖရဲသီးစိတ်ပလုတ်ပလောင်းကြားကပင် အသံထွက်အောင် ရယ်လိုက်မိသည်။ တကယ်ကို စာရေးဆရာပြောပြသလို အစ်ကိုတော့်ကို ဒေါသထွက်စေနိုင်တာ ပြည်တော်ပြန်ပဲရှိတယ်လေ။
"သွားရအောင်ပါ ညီတော်,မရှိတုန်းလေး"
အတင်းကာရော ဆွဲခေါ်နေသည့်အစ်ကိုတော်ကြောင့် နောက်ဆုံးတော့ Jiminလည်း အရှုံးပေးလိုက်ရတော့သည်။ ငါးမြှားရတာကို အဲ့လောက်တောင် ဝါသနာထုံရလား။
"ဒီနေ့စားပွဲအတွက် ကိုယ်တော်က ငါးကင်နဲ့ဧည့်ခံမယ်"
တက်ကြွနေသည့် ကြက်ဖအစ်ကိုတော်ကိုကြည့်ကာ ပြုံးလိုက်မိသည်။ အစ်ကိုတော်လို နေ့တိုင်းနီးပါး ငါးဖမ်းနေပုံမျိုးနဲ့ စမ်းချောင်းထဲလည်း ငါးရောကျန်ပါဦးမလားဟု တွေးလိုက်မိသေးသည်။
တသွင်သွင်စီးဆင်းနေသည့် စမ်းချောင်းကလေးရဲ့ရေက ကြည်လင်စိမ်းမြနေကာ ကမ်းအစပ်ကရေရိပ်မှာ ထင်ထင်ရှားရှားပေါ်နေသည့် မိမိကိုယ်ကိုယ်ပင် ပြန်မြင်နေရသည်။
"မရီးတော် အဝေးကြီးလျှောက်မသွားနဲ့နော်!"
ကလေးများလို သတိလှမ်းပေးနေသည့် အစ်ကိုတော်ရဲ့စကားကြောင့် ပြုံးလျက်ပင်ခေါင်းငြိမ့်ပြလိုက်သည်။ စာရေးဆရာနဲ့ပတ်သတ်ပြီးမှ သိကျွမ်းရတဲ့သူဆိုပေမဲ့ သူ့ကိုမိသားစုဝင်လို ဆက်ဆံပေးပြီး စိုးရိမ်ပေးကြတာတွေအတွက် တွေးမိတိုင်း ကြည်နူးရစမြဲ။
"ကျောက်ခဲလေးတွေ လှသားပဲ"
ဘဲဥပုံစံကျောက်ခဲအဝိုင်းလေးကို ရေထဲမှဆယ်ယူလိုက်ရင်း သေသေချာချာကြည့်မိသည်။ ထို့နောက် ကျောက်ခဲလှလှလေးတွေကိုဆယ်ရင်း ငါးမြှားနေသည့်အစ်ကိုတော်နှင့် ဝေးမှန်းမသိဝေးလာခဲ့တော့သည်။
"မိပြီ မိပြီကွ!"
ငါးမြှားတံကို အားဖြင့်ဆွဲတင်လိုက်တော့ အကောင်ခပ်ကြီးကြီး ငါးတစ်ကောင်ကို ငါးမြှားချိတ်မှာ တွယ်လျက်သားတွေ့လိုက်ရသည်။ ကင်စားလိုက်ရလို့ကတော့ ရှယ်ပဲ!။
"မရီးတော်! ဒီမှာအကြီးကြီးမိပြီ!"
အားရပါးရလှည့်ကာ ပြောလိုက်ပေမဲ့ အနောက်မှာရှိနေတာက ထင်ထားသည့်မရီးတော်မဟုတ်ဘဲ မမြင်ချင်သည့်မျက်နှာတစ်ခုဖြစ်လို့နေလေသည်။
"Bravo!!"
လက်ခုပ်တီးကာပြောလာသည့် ပြည်တော်ပြန်ကို မျက်နှာလွှဲလိုက်ရင်း သက်ပြင်းချလိုက်သည်။ ပြီးသည်နှင့် တွယ်ချိတ်မှာမိနေသည့် ငါးကြီးကိုအသာဖြုတ်ယူကာ ပုံးလေးထဲထည့်လိုက်သည်။
"ငါးမြှားတာတော်သားပဲ"
မကြားဟန်ပြုကာ နောက်တဖန်ငါးဖမ်းဖို့ ပြင်လိုက်သည်။ သို့သော် အနားကိုအတင်းတိုးကပ်လာသည့် ပြည်တော်ပြန်ကြောင့် အထိတ်အလန့်ဘေးဆုတ်လိုက်မိသည်။
"အားရှီး ဘယ်လိုဖြစ်နေတာလဲ အိန္ဒြေကိုမရဘူး ငါကိုယ်တော် ရိုက်နှက်ပေးလိုက်ရ!"
လက်ရွယ်လိုက်ပြီးမှ ကြောက်ပြနေတဲ့ပြည်တော်ပြန်ကို မျက်စောင်းထိုးလိုက်သည်။ အံ့ဩပါရဲ့ ဒီလောက်တူးတူးခါးခါးငြင်းနေတာတောင် တောက်တဲ့လိုတွယ်ကပ်နိုင်သေးတယ်။
တကယ်ကို အစ်ကိုတော်ပြောသမျှအကုန်လုံးကို ဆန့်ကျင်ကန့်လန့်တိုက်ပြီး ဘေးတစောင်းသွားတဲ့ ပြည်တော်ပြန်ဂဏန်းပဲ!
"ကိုယ့်ရဲ့ဘုရင်လေး နေများပူနေမလားလို့ စိတ်ပူပြီးလိုက်လာခဲ့တာ အဲ့လောက်မစိမ်းကားပါနဲ့"
"သွား"
"မဟုတ်ဘူးလေ"
"ဝေးဝေးသွား"
လက်တစ်ဖက်ကိုအသုံးပြုကာ အနားကထွက်သွားဖို့ အချက်ပြလိုက်သည်။ Kim NamJoonတို့က ဒီလောက်လေးနဲ့ ထွက်သွားမယ်ထင်လား? ဝေးပါသေးတယ် ဒင်းက ဒါမျိုးအရေထူနေပြီ။
"မြန်မြန်ထွက်သွားစမ်းပါ"
"မသွားချင်ပါဘူး"
ကလေးများလို ခြေဆောင့်ကာနှုတ်ခမ်းဆူရင်း ပြောလာတာမို့ အစ်ကိုတော်ရဲ့မျက်နှာထက်မှာ မနှစ်မြို့ခြင်းတွေ အထင်အရှားဖြတ်ပြေးသွားရသည်။ ဘာတုန်းဟ! ကိုယ့်အသက်ကိုယ်မှ အားမနာ။
"Honey နားမှာပဲနေချင်တာ ထာဝရပေါ့"
အား!!
နားဝင်ဆိုးလိုက်တာ။ ဘယ်လိုတောင် အော်ဂလီဆန်စရာ ကောင်းလိုက်လဲ။
"လုပ်ထည့်လိုက်ရ"
"Honey လုပ်ရင်လည်း ခံရမှာပါ"
ရိုက်နှက်ပစ်လိုက်ဖို့ရွယ်ထားသည့် လက်ထဲကငါးမြှားတံကို ပြန်ချလိုက်ရင်း စုတ်သပ်လိုက်မိသည်။ ဆံပင်ကဖွာဖွာ ဘောင်းဘီကတိုတိုကိုမှ မျက်မှန်ကြီးပါအဆစ်တပ်ထားသေးတယ်။ အစ်ကိုတော့်မျက်လုံးထဲမှာတော့ ပြည်တော်ပြန်ရဲ့ပုံစံကို တွေ့လိုက်တိုင်းထောင့်မကျိုးမြဲ။
"ကိုယ်ပါ ကူဖမ်းပေးမယ်လေ"
"မလိုဘူး ဝေးဝေးမှာသာနေစမ်းပါ ကိုယ်တော့်နားတွေလည်းပြုတ်ထွက်တော့မယ်"
အစ်ကိုတော်က ထိုသို့ဆိုတော့ ပြည်တော်ပြန်က ခပ်ဖွဖွရယ်သည်။ တကယ်ကို ငှက်ဆိုးထိုးသံကြီးပဲ။
"ဘယ်လိုလုပ်မလဲ ကိုယ့်နှလုံးသားလေးက Honeyအနားမှာပဲ နေချင်ပါတယ်တဲ့"
"ကင်နမ်ဂျွန်! ဒီတခါ မညှာဘူးနော် ကိုယ်တော် အတည်ရိုက်မှာ"
"ရိုက်လေ တစ်ခါရိုက်ရင် popoသုံးခါပေးရမယ်"
အစ်ကိုတော်ဆော့ဂျင်တစ်ယောက် ပြည်တော်ပြန်ရဲ့နားရှက်ဖွယ် ကူလီကူမာတွေကြားမှာ မျက်နှာတစ်ခုလုံးက ခရမ်းချဥ်သီးမှည့်လုံးလုံးလေးလို နီရဲတက်လာသည်။
"ဒီလောက်တောင်အိန္ဒြေမဲ့တာ ကဲကွာ!"
ဖြန်း!
ငါးမြှားတံရဲ့ရိုက်ချက်တွေကို အပြုံးမပျက်ရှောင်တိမ်းရင်း စမ်းချောင်းထဲကရေတွေကို ရရင်ရသလို လက်နဲ့ခပ်ရင်းပက်နေတာမို့ အစ်ကိုတော်ရဲ့ဆံနွယ်နက်နက်တွေအထိ စိုရွှဲသွားရသည်။
"yaa! ရပ်စမ်း"
"မရပ်ချင်ပါဘူး"
ပြုံးစိစိမျက်နှာထားနှင့် ပြည်တော်ပြန်ကို ဒေါသထွက်လွန်းလို့ ငရုတ်ဆုံထဲထည့်ကြိတ်ပြီး အမှုန့်လုပ်ပစ်ချင်စိတ်က တဖွားဖွားပင်။
"ရော့"
ရိုက်ဖို့ရွယ်ထားသည့်လက်က ခဏတော့ရပ်တန့်သွားရသည်။ ပြည်တော်ပြန်ကမ်းပေးလာသည့် လက်ကိုငုံ့ကြည့်လိုက်တော့ ရောင်စုံကျောက်ခဲလှလှလေးတွေကို တွေ့လိုက်ရသည်။
"မလိုချင်ပါဘူး"
"ဟျောင်းသဘောကျတာ ကျွန်တော်သိပါတယ်~"
ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့လေသံနှင့် လက်ထဲကရောင်စုံကျောက်ခဲလေးတွေကြောင့် အစ်ကိုတော်ဆော့ဂျင်ရဲ့ ရင်ဘတ်ထဲကအကောင်ပိစိလေးက တချက်ယိမ်းခါသွားရသည်။
"ကျွန်တော်ဒါလေးတွေကို ဘယ်လောက်တောင်ကြိုးစားရှာလိုက်ရလဲ မျက်ရိုးတွေပါကိုက်တဲ့အထိပဲ"
လိုတာထက်ပိုပြနေတာမို့ အလိုမကျဖြစ်သွားရပေမဲ့ မျက်စောင်းထိုးဖို့မေ့သွားကာ နှုတ်ခမ်းသာဆူလိုက်မိသည်။ လှတော့လှသားပဲ။
"ခဏလေး အိတ်ကပ်ထဲမှာရှိသေးတယ်"
လက်ထဲထည့်ပေးလာသည့် ရောင်စုံကျောက်ခဲလေးတွေကို အသေအချာငုံ့ကြည့်လိုက်ရင်း သဘောကျသွားရသည်။ ငါးမြှားလာတိုင်း မသိမသာရှာနေမိတဲ့ ရောင်စုံကျောက်ခဲလေးတွေ။
ဒီစမ်းချောင်းလေးထဲမှာ ရောင်စုံကျောက်ခဲလေးတွေကို တော်ရုံလူရှာမတွေ့နိုင်ဘူးလေ။ ငယ်ငယ်တုန်းကတည်းက စိတ်ထဲမှာစွဲနေခဲ့တာက တနေ့တော့ ရောင်စုံကျောက်ခဲလေးတွေကို သူကိုယ်တိုင်ရှာတွေ့ရမယ်ဆိုပြီးပေါ့။
"ကင်နမ်ဂျွန်!"
"ပြောလေ"
လက်ဖဝါးထဲက ရောင်စုံကျောက်ခဲလေးတွေကို စူးစိုက်ကြည့်နေရင်းက တစ်စုံတစ်ခုကိုသတိရသွားကာ မျက်မှောင်ကုတ်လိုက်မိသည်။
"ရိုးရိုးကျောက်ခဲတွေကို အရောင်ဆိုးထားပြန်ပြီလား!"
မြန်မြန်ဆန်ဆန်ပင် ရိပ်မိသွားတဲ့အစ်ကိုတော်ကြောင့် ကင်နမ်ဂျွန်တစ်ယောက် မချိသွားဖြဲရယ်ပြလိုက်မိသည်။
"သေဖို့သာပြင်"
ကျောက်ခဲလေးတွေကို ရေထဲလွှင့်ပစ်လိုက်ရင်း မှတ်လောက်သားလောက်အောင် ပညာပေးဖို့အတွက် ဝတ်ရုံလက်အနားစကို လက်မောင်းကွေးအထိ ပင့်တင်လိုက်သည်။
"Honey မလုပ်ပါနဲ့!"
"စ,စရာများမှတ်နေလား ဟမ် ဒီအသက်အရွယ်ရောက်နေပြီ ခုထိအသိတရားမရှိသေးဘူးလား!"
တဖွဲဖွဲကျဆင်းလာသည့် အစ်ကိုတော်ရဲ့ရိုက်ပုတ်မှုတွေကြားမှာ အပြုံးမပျက်သည့် ပျော်နေမြဲပျော်နေဆဲ ပြည်တော်ပြန်ကြီး။ တကယ်ကို သည်းခံနိုင်စွမ်းက လက်ဖျားခါလောက်ပါပေတယ်။
အချိန်အတန်ကြာသည်အထိ ရိုက်နှက်လို့ဝသွားပြီဆိုတော့မှ ခါးထောက်ရပ်လိုက်ရင်း အသက်ဝအောင်ရှူလိုက်မိသည်။ သို့သော်ငြားလည်း မျက်နှာလိုမျက်နှာရနှင့် အစ်ကိုတော်သောက်ဖို့အတွက် ရေဗူးပင်ဖွင့်ပေးနေသော ကင်နမ်ဂျွန်ကို တနေ့ဆယ်ခါထက်မက မျက်စောင်းထိုးနေမိမြဲ။
"ဟျောင်း!"
အသံနဲ့အတူ မရှေးမနှောင်းမှာပင် ရောက်ချလာတဲ့စာရေးဆရာလေး။ မျက်လုံးတွေက ဟိုကြည့်ဒီကြည့်နှင့် ဂဏှာမငြိမ်ဖြစ်နေတာမို့ တစ်ယောက်ယောက်ကို ရှာနေမှန်းရိပ်မိလိုက်သည်။
" မရီးတော်လား?"
"အင်း"
"ဟိုမှာလေ"
အစ်ကိုတော်လက်ညှိုးထိုးပြရာကို ကြည့်လိုက်တော့ ကျောင်းဆရာရဲ့အရိပ်အယောင်ပင်မမြင်ရ။ ဟုတ်ရောဟုတ်ရဲ့လားဆိုပြီး အစ်ကိုတော်ကိုပြန်လှည့်ကြည့်လိုက်သည်။
"အမ် စောနလေးကတင် အဲ့နားမှာမို့ ကိုယ်တော်တောင် စကားလှမ်းပြောနေပါသေးတယ်"
Jungkook ကျစ်ခနဲ စုတ်သပ်လိုက်ရင်း စမ်းချောင်းလေးရဲ့အထက်ဘက်ဆီကို တက်ခဲ့လိုက်သည်။ အတန်ကြာသည်အထိ ကျောင်းဆရာကိုဆံပင်လေးပင် မတွေ့လိုက်ရတာမို့ ကိုယ်တိုင်ပင်သတိမထားမိခင်မှာဘဲ ခြေလှမ်းတွေကိုမြှင့်လိုက်မိသည်။
"မရီးတော်!"
နောက်ပါးဆီက အစ်ကိုတော်ဆော့ဂျင်ရဲ့ ခေါ်သံစာစာလေးကတော့ စမ်းချောင်းလေးတစ်လျှောက် ပဲ့တင်ထပ်လျက် ကျန်နေခဲ့သည်။
ဟင်!
စမ်းချောင်းလေးအတိုင်း ရေထဲစီးပါလာတဲ့ ဖိနပ်ကလေးကြောင့် အနောက်ကဘယ်သူ့ကိုမှမစောင့်တော့ဘဲ စမ်းချောင်းရဲ့အထက်ဘက်ဆီကိုသာ တရှိန်ထိုးပြေးတက်ခဲ့လိုက်သည်။
"Jimin shi!!"
ဟိန်းထွက်သွားတဲ့အသံကြောင့် ငှက်အချို့ပျံပြေးသွားကြသည်။ သို့သော် သူ့အနီးတဝိုက်တွင်တော့ စမ်းရေစီးသံသဲ့သဲ့ကလွဲပြီး ဘာအချက်ပြသံမှမကြားရသေး။
"Jimin shi! ဘယ်မှာလဲ!"
ပထမတစ်ခေါက်တုန်းကထက် အသံကိုမြှင့်ခေါ်လိုက်ရင်း ရှေ့ဆက်ခဲ့မိသည်။ ရုတ်တရက်ကြားလိုက်ရတာက စမ်းရေစီးသံကြားထဲမှ လွင့်ပျံ့လာသည့် ကျောင်းဆရာရဲ့အသံ။
ရေတံခွန်ဘက်ဆီမှ လာနေသည့်အသံဖြစ်တာမို့ တချက်ကျိန်ဆဲလိုက်ရင်း ၎င်းရေတံခွန်ရှိရာဆီကို တဟုန်ထိုးဦးတည်လိုက်သည်။
"Jimin shi!"
"Jungkook ah!"
ရှေ့နောက်ကြားလိုက်ရသည့် ခေါ်သံနှင့် ရေထဲကို တစ်စုံတစ်ခုပြုတ်ကျသည့်အသံ။ စိုးရိမ်စိတ်ကငယ်ထိပ်အထိရောက်သွားကာ ရေတံခွန်အဖျားဆီရောက်သွားချိန်မှာ ကျောင်းဆရာကိုမတွေ့ရတော့။
ရေတံခွန်အောက်ခြေမှာ ပေါ်နေသည့်ရေပွက်ကြီးကိုမြင်တော့ ဘာမှစဥ်းစားမနေတော့ဘဲ သူပါခုန်ချလိုက်သည်။
လွန်လွန်ကဲကဲတိုးဝင်လာသည့် ရေထုထည်ကြားထဲမှာ အလျင်အမြန်ပင် ကျင့်သားရသွားတာမို့ ကျောင်းဆရာကို လိုက်ရှာမိသည်။
ရေအောက်ကြမ်းပြင်ဆီကို ပိုတိုးကူးလိုက်တော့ တဖြည်းဖြည်းသေးငယ်သွားသည့် အဖြူရောင်အရိပ်လေးကို တွေ့လိုက်ရသည်။
အမြန်ဆုံးဆိုသလို ထိုအရိပ်လေးဆီကို ကူးခတ်သွားလိုက်သည်။ မှိတ်ကျနေသည့် မျက်ဝန်းများနှင့် အသိမကပ်တော့သည့်လူကို ချိုင်းအောက်မှတဆင့် ဆွဲယူလိုက်ရင်း ရေပြင်အထက်ဆီကို ပြန်လည်ကူးခတ်ခဲ့လိုက်သည်။
ကျေးဇူးပြုပြီး ဘာမှမဖြစ်လိုက်ပါနဲ့ ခင်ဗျားရယ်~။
ရေပြင်ပေါ်ကိုထိုးထွက်လာသည့် စာရေးဆရာရဲ့လက်တွေထဲမှာ ပါလာသည့်ကျောင်းဆရာကိုမြင်တော့ အစ်ကိုတော်နှင့်ပြည်တော်ပြန်တို့ ပြူးပြာသွားရသည်။
နီးရာ ကျောက်ဖျာလေးပေါ် ဆွဲတင်လိုက်ချိန်မှာ အစ်ကိုတော်တို့လည်း နံဘေးကို ရောက်လာကြသည်။ အသက်ပြင်းပြင်းရှူလိုက်ရင်း ရှေးဦးပြုစုနည်းကိုသုံးကာ လဲလျောင်းနေသည့် ကျောင်းဆရာကို အောက်စီဂျင်ပေးလိုက်သည်။
"မရီးတော် ထပါဦး!"
အသံလေးတုန်ရီရီဖြင့် ကျောက်ဖျာလေးပေါ်ကလူကို လှုပ်နိုးနေသောအစ်ကိုတော်က ခုချက်ချင်းပင် ငိုချတော့မည့်အတိုင်း။
"Jimin shi!"
နှုတ်ခမ်းမှတဆင့် လေမှုတ်သွင်းပေးရင်း ရေတွေအန်ထုတ်စေဖို့ အတတ်နိုင်ဆုံးကြိုးစားနေမိသည်။ ခင်ဗျား ပြန်နိုးလာမှဖြစ်မယ် Jimin!။ ကျေးဇူးပြုပြီး ပြန်ထလာခဲ့ပါ!။
"အဟွတ်!"
ပွက်ခနဲအန်ချလိုက်တဲ့ရေတွေကြောင့် ရှေးဦးပြုစုနည်းကိုရပ်တန့်လိုက်ကာ သတိကောင်းကောင်းရမရ သေချာပြန်ကြည့်လိုက်သည်။
"ခင်ဗျား သတိရပြီလား!"
"မရီးတော်! မရီးတော် ဘာမှမဖြစ်ရဘူးနော်!"
ဆက်တိုက်အန်ထုတ်နေတဲ့ရေတွေနဲ့အတူ ခပ်ဖြည်းဖြည်းချင်းပွင့်လာတဲ့ မျက်ဝန်းတွေကိုမြင်လိုက်ရပြီဆိုပေမဲ့ အပြည့်အဝစိတ်မအေးနိုင်သေး။
"ဘယ်လိုနေသေးလဲ တစ်နေရာရာ ထိခိုက်သွားမိသေးလား အဆင်ပြေရဲ့လား"
မေးခွန်းတွေတရစပ်မေးနေမိနေပေမဲ့ ခေါင်းမငြိမ့်ခေါင်းမခါနှင့် အဖြေပြန်မလာ။ သို့သော် သူ့လည်တိုင်ကိုဆွဲဖက်လိုက်တဲ့ လက်တွေကြောင့် အံ့ဩသွားရသည်။
ထို့နောက် ငိုရှိုက်သံတစ်ခုက စမ်းရေစီးသံနှင့်အပြိုင် ထွက်ပေါ်လာခဲ့သည်။ အသည်းအသန်ငိုကြွေးနေသည့် ကျောင်းဆရာရဲ့ကျောပြင်ကို ပြန်လည်ပွေ့ဖက်လိုက်ရင်း ခပ်ဖွဖွလေးပုတ်ပေးနေမိသည်။
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်တော့ဘူး ကျွန်တော်ရှိတယ် ဘာမှမဖြစ်တော့ဘူး"
ထပ်လဲလဲပြောနေမိရင်း ငိုကြွေးနေသည့်ကိုယ်လေးကို မလွှတ်တမ်းပွေ့ဖက်ထားမိသည်။ ထိုနေ့က ကျောင်းဆရာသည် ဒီအတိုင်းငိုကြွေးနေခြင်းသာမဟုတ်ဘဲ တစ်စုံတစ်ခုကိုလည်း တတွတ်တွတ်ပြောနေခဲ့လေသည်။
ထိုအရာသည်ကား "မေမေ ၊ ဖေဖေ" ဟူသည့် နာမနှစ်လုံးဖြစ်လေတော့သည်။
_______________
ထို့နေ့က နေသာသည်။ မိသားစုလိုက် ကမ်းခြေကိုအပျော်ခရီးထွက်ခဲ့တာမို့ အိမ်စီးကားလေးထဲရှိ လူသုံးယောက်လုံးရဲ့မျက်နှာတွေဟာ အပြုံးတွေဝေနေခဲ့ကြသည်။
"မေမေ သားသားအရုပ်လေးရော?"
"ဒီမှာပါ"
ကားရှေ့ခန်းထဲက မိခင်ဖြစ်သူရဲ့ပေါင်ပေါ်မှာတင်ထားသည့် အရုပ်လေးကို လှမ်းတောင်းတော့ သားငယ်အလိုကျ နောက်သို့ကမ်းပေးလာသည်။
"အိုက်ဂူး ဒီအရုပ်လေးကို အဲ့လောက်တောင်သဘောကျလား?"
"အွန်း~ ကုကုကလက်ဆောင်ပေးထားတာ"
အဝါရောင်ဘဲရုပ်လေးကို ရင်ခွင်ထဲထည့်ထားရင်း ဖြေလိုက်တဲ့ကလေးငယ်လေးရဲ့ အပြုံးတွေက မိခင်ဖြစ်သူဆီကိုပါ ကူးစက်သွားစေလေသည်။
"အပြန်ကျရင် ကုကုလေးအတွက် လက်ဆောင်ဝယ်ပေးဦးမှာလား"
"ဟုတ်! ကုကုကြိုက်တဲ့ အုန်းရည်ဝယ်သွားမယ်"
ကလေးငယ်ရဲ့စကားကြောင့် ကားရှေ့ခန်းမှ မိဘနှစ်ပါးလုံးက အားရပါးရရယ်လိုက်ကြသည်။
"အုန်းရည်က အိမ်မှာသောက်လည်းရနေတာကို"
"ကုကုက အဝေးကြီးကလိုချင်တာတဲ့ သားကိုမှာလိုက်တယ်"
"ဟုတ်လား ဒီလိုဆိုလည်း ဝယ်သွားတာပေါ့"
ဘဲရုပ်ဝါဝါလေးရဲ့နှုတ်သီးထော်ထော်လေးကို နှိပ်ပြီးဆော့ကစားနေတဲ့ ကလေးငယ်ကိုတချက်ကြည့်လိုက်ရင်း ရှေ့ပြန်လှည့်သွားသည့် မိခင်ရဲ့မျက်နှာမှာ အပြုံးတွေကပေကျံလို့။
"အရှေ့မှာ ဘာဖြစ်နေတာလဲမသိဘူး"
ကားရှေ့ကမြင်ကွင်းကြောင့် စက်ရှိန်သပ်လိုက်ရင်း ကားကိုရပ်လိုက်သည်။ ကလေးငယ်လည်း ရှေ့ကိုကြည့်လိုက်တော့ လမ်းဘေးကအတားကိုဖောက်ထွက်နေသည့် ရေထဲထိုးကျခါနီး ကားအနီတစ်စီးကို တွေ့လိုက်ရသည်။
"ကယ်ပါဦး!"
"အသက်ရှင်နေသေးတာပဲ"
"ယောကျာ်း!"
"ဘာမှမဖြစ်ပါဘူး မိန်းမကသားနဲ့နေခဲ့ ရဲကိုလည်းအကြောင်းကြားလိုက်"
ကားပေါ်ကဆင်းချသွားသည့် ဖခင်ဖြစ်သူကို ကလေးငယ်က နားမလည်သလိုငေးကြည့်နေခဲ့သည်။ ကားရှေ့ခန်းမှမိခင်ဖြစ်သူသည်လည်း ဖုန်းနံပါတ်တစ်ခုကိုနှိပ်လိုက်ရင်း ယောကျာ်းဖြစ်သူနောက်ကိုလည်းလိုက်သွားချင်သလို သားငယ်လေးကိုလည်း စိတ်မချနိုင်ဖြစ်နေရှာသည်။
"ဟုတ်ကဲ့ ဂျယ်ဂျူရဲစခန်းကပါလား"
ဖုန်းပြောနေရင်းက ကားထဲမှထွက်ခဲ့လိုက်သည်။ ထို့နောက် မလှမ်းမကမ်းနေရာကပင် ရှေ့တည့်တည့်ကကားနီလေးကို အခြေအနေကြည့်နေလိုက်သည်။
"ကယ်ပေးပါ~"
ကလေးငယ်ရဲ့ဖခင်ဖြစ်သူဟာ ကားထဲမှာပိတ်မိနေသည့် လူကိုကူညီကယ်ဆယ်ပြီး ထုတ်ပေးဖို့ ကြိုးစားနေရှာသည်။ နောက်တော့ ခက်ခက်ခဲခဲကြားမှပင် ထိုလူအား ဆွဲထုတ်နိုင်သွားခဲ့သည်။
"ကျွန်တော့်မိန်းမ အထဲမှာရှိနေတယ်! သူ့မှာ ကလေးနဲ့...."
ထိခိုက်ထားမိသည့်ခြေထောက်နှင့်အတူ ဦးခေါင်းဆီမှသွေးတွေနှင့် ကြည့်မကောင်းပေမဲ့ ကိုယ်ဝန်သည်မိန်းမရှိသေးကြောင်း လက်ညှိုးထိုးပြလာသည်။
ထိုအခါမှ ကလေးငယ်ရဲ့ဖခင်သည်လည်း ကားခန်းထဲကိုပြန်ကြည့်လိုက်ရင်း သတိလစ်နေသည့်ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထပ်မံတွေ့လိုက်ရသည်။
ယခုတစ်ခါတွင်လည်း ကလေးငယ်၏ဖခင်သည် ကိုယ်ဝန်ဆောင်အမျိုးသမီးကို ကယ်တင်ရန်အလို့ငှာ ကားမှန်ကိုရိုက်ခွဲလိုက်သည်။ သွေးအလိမ်းလိမ်းကပ်သည့် ကိုယ်ဝန်သည်အမျိုးသမီးကို ဆွဲထုတ်ဖို့က အတော်လေးမလွယ်ကူသည့်ပုံပင်။
"သားငယ် ဒီထဲမှာခဏနေခဲ့ဦးနော်"
မိခင်သည် သားငယ်ကိုသေချာမှာထားခဲ့ရင်း ကားတံခါးကိုသေချာပိတ်ကာ ယောကျာ်းဖြစ်သူနဲ့အတူ ကူညီပေးဖို့ ခပ်သွက်သွက်ထွက်သွားခဲ့သည်။
"မိန်းမ မင်းကအဲ့တစ်ဖက်ကဆွဲထုတ်"
တဖက်ကားခေါင်းခြမ်းကနေဝင်သွားတဲ့ ကလေးငယ်ရဲ့ဖခင်က ကားအပြင်မှာ ရပ်နေသည့်မိန်းမဖြစ်သူအား ကိုယ်ဝန်သည်အမျိုးသမီးကို ဆွဲထုတ်ဖို့အတွက် အချက်ပေးသည်။
ကားပေါ်မှာထိုင်နေသည့်ကလေးငယ်သည် လက်ထဲကဘဲရုပ်ဝါလေးကို ကျစ်နေအောင်ဆုပ်ကိုင်ထားလိုက်ရင်း မျက်စိရှေ့ကမြင်ကွင်းကို မျက်တောင်မခတ်တမ်း ကြည့်လို့နေလေသည်။
" ချလိုက်တော့ မြေကြီးပေါ်ချလိုက်တော့"
ကားအပြင်ဘက်ရောက်ပြီဆိုတာသေချာတော့မှ ကိုယ်ဝန်သည်ကိုလွှတ်ပေးလိုက်ရင်း ကလးငယ်ရဲ့ဖခင်က ကားခေါင်းခန်းထဲမှထွက်ဖို့ပြင်သည်။
သို့သော် ကံမကောင်းစွာပင် ပင်လယ်အောက်ဘက်ဆီကို ပိုမိုနိမ့်ဆင်းသွားတဲ့ကားကြောင့် လှုပ်ရှားမှုတွေကို ခေတ္တရပ်တန့်လိုက်သည်။
"ယောကျာ်း!"
"ဘာမှမဖြစ်ဘူး ဘာမှမဖြစ်ဘူး ကိုယ်ကမင်းယောကျာ်း သားရဲ့ဖေဖေပါ ဘာမှမဖြစ်ဘူး"
ကလေးငယ်ရဲ့မိခင်မျက်ဝန်းတွေကတော့ စိုးရိမ်စိတ်တွေ ပြည့်လာခဲ့သည်။ ကလေးငယ်၏ဖခင်သည် ယင်းကားရှေ့ခန်းမှအနည်းငယ် ငဲ့စောင်းကြည့်လိုက်တော့ သူ့အားကြည့်နေသည့် သားကလေးရဲ့မျက်ဝန်းတွေနှင့် တန်းဆုံလေသည်။
ထို့နောက် တဖက်ကားထဲရှိ သားလေးအား ပြုံးပြလိုက်သည်။ ခြေကိုအသာကြွကာ ကားထဲကထွက်ဖို့ တစ်လှမ်းတိုးလိုက်သည်။ အနည်းငယ်ယိမ်းသွားရုံကလွဲပြီး ဘာမှမထူးခြားတာမို့ နောက်တစ်လှမ်းထပ်တိုးလိုက်သည်။
"သတိထား"
မိန်းမဖြစ်သူရဲ့သတိပေးသံအဆုံးမှာ တတိယမြောက်ခြေလှမ်းကို လှမ်းလိုက်သည်။ ဤတစ်ကြိမ်တွင်တော့ ကံဆိုးမှုသည်အလုံးအရင်းနှင့်အတူ နှောင့်ယှက်လိုက်သည်။
ရုတ်ချည်းဆိုသလို ပင်လယ်ဘက်ကိုထိုးချသွားတဲ့ကားအပျက်နှင့်အတူ ကလေးငယ်၏ဖခင်သည်လည်း ကမ်းပါးအောက်ကို ပြုတ်ကျသွားခဲ့တော့သည်။
"ယောကျာ်း!!"
အော်သံနက်နက်တစ်ခုနောက်တွင် ကားလေးသည် ပင်လယ်ရေပြင်ထဲသို့ ရက်ရက်စက်စက်ထိုးကျသွားခဲ့သည်။ ကလေးငယ်၏မိခင်သည် တုန်လှုပ်ခြင်းအလီလီဖြင့် ပြုတ်ကျသွားသည့်ကားအနီလေးကို ကမ်းပါးအစွန်မှ ငုံ့ကြည့်နေခဲ့သည်။
"အစ်မ ကျွန်တော့်လက်ကိုအမြန်ဆွဲလိုက်!"
တဖြည်းဖြည်းပဲ့ကျခါနီး ကမ်းပါးအစွန်းကို သတိထားမိလိုက်တဲ့ ကားသမားဟာ ကလေးငယ်၏မိခင်ဖြစ်သူကို ခြေထောက်မလှုပ်နိုင်သည့်ကြားမှ လက်အလျင်အမြန်ကမ်းလိုက်သည်။
သို့သော် ကလေးငယ်အတွက် ဒုတိယအကြိမ်မြောက်ဆုံးရှုံးမှုကြီးသည် မျက်စိရှေ့မှာတင် ထပ်မံဖြစ်ပွားသွားခဲ့ရသည်။ ပဲ့ကျသွားတဲ့ ကမ်းပါးနှင့်အတူ ကလေးငယ်၏မိခင်သည်လည်း ပင်လယ်ထဲကို ပြုတ်ကျသွားခဲ့သည်။
"သား!"
ကလေးငယ်သည် မှန်တံခါးကို ရှိသမျှအားနှင့်ထုရိုက်တွန်းထုတ်ရင်း ကားထဲကထွက်ဖို့ ကြိုးစားရှာသည်။ သို့သော် မူလတန်းကလေးအရွယ်လေးရဲ့ကြိုးစားမှုက ခြစ်ရာကလေးပင်မထင်ခဲ့ချေ။
"သားကို ထုတ်ပေးပါ!"
ကားမှန်ကို အထပ်ထပ်ရိုက်ပုတ်နေသည့် ကလေးငယ်သည် အကူအညီအချို့ရောက်လာသည့်အခါမှ ကားအပြင်ဘက်ကိုထွက်နိုင်ခဲ့သည်။
ကားအပြင်ရောက်သည်နှင့် လူကြီးတစ်ဦးရဲ့လက်ထဲမှရုန်းကန်ပြီး ဘဲရုပ်ကလေးကိုဖက်လျက် ကမ်းပါးအစွန်ကိုပြေးထွက်သွားသည့် ကလေးလေး။
"ဖေဖေ!"
"မေမေ!"
ကလေးငယ်သည် ကမ်းပါးအောက်တစ်နေရာတွင် သူ၏မိဘနှစ်ပါးလုံး အသက်ရှင်လျက်ရှိနေမည်ဟု တွေးထင်ထားခဲ့ဟန်ရှိလေသည်။ သို့တည်းမဟုတ် သူ့အားစောင့်နေလိမ့်မည်ဟု ယူဆခဲ့ပုံရသည်။
"ကလေး မသွားနဲ့!"
ကားသမားက ကလေးငယ်ရဲ့ခြေထောက်ကိုဆွဲလိုက်တာမို့ လဲကျသွားသည့်ကလေးငယ်ရဲ့လက်ထဲက အရုပ်ကလေးသည်သာလျှင် ကမ်းပါးအောက်သို့ ပြုတ်ကျသွားခဲ့သည်။
ထိုနေ့ ထိုအချိန်တွင် ကလေးငယ်သည် တစ်နေ့တည်း တနေရာတည်းမှာပင် အချစ်ဆုံးအရာသုံးခုကို မျက်စိအောက်မှာတင် ဆုံးရှုံးခဲ့ရှာလေသည်။
____________
ပိန်းပိတ်အောင်မှောင်မဲနေသည့် နေရာတစ်ခု။ အေးစက်စက်ကြမ်းပြင်တစ်ခုက ကြောက်လန့်ဖွယ်အငွေ့အသက်တွေနှင့်အတူ အသက်ရှူမဝအောင် ကလေးငယ်ကို အတင်းပွေ့ဖက်ထားခဲ့သည်။
"အင့်"
အသံကြောင့် ကမန်းကတန်းပင် ကျောင်းဆရာဘေးကို တိုးသွားလိုက်သည်။ တစ်ခုခုကိုကြောက်လန့်နေပုံရသည့် ကျောင်းဆရာရဲ့မျက်နှာက မျက်လုံးတွေမှိတ်ထားသည့်တိုင် ထင်ရှားလို့နေသည်။
"Jimin shi!"
အသာခေါ်နှိုးလိုက်ပေမဲ့ နိုးမလာဘဲ ရှိုက်သံတွေချည်း ဆက်တိုက်ထွက်ကျနေတာမို့ Jungkookတစ်ယောက် စိုးရိမ်မှုဒီဂရီက ချက်ချင်းမြင့်တက်သွားရသည်။
"Jimin shi ထပါဦး Park Jimin! ကျွန်တော့်အသံကိုကြားရလား!"
တအင့်အင့်ရှိုက်ငိုနေသည့် ကျောင်းဆရာရဲ့မျက်ဝန်းထောင့်တွေဆီက မျက်ရည်စတွေက အပြိုင်စီးကျလာခဲ့သည်။
"Park Jimin! ကျွန်တော့်အသံကိုနားထောင်!"
"ဖေဖေ~ မေမေ~"
မိဘနှစ်ပါးကိုသာ အထပ်ထပ်ခေါ်နေခဲ့သည့် ကျောင်းဆရာရဲ့မျက်နှာနား Jungkook တိုးကပ်သွားလိုက်သည်။
"Jimin shi ကျေးဇူးပြုပြီး မကောင်းတဲ့အိပ်မက်တွေကနေ နိုးထခဲ့ပါတော့"
ကျောင်းဆရာရဲ့လက်နှစ်ဖက်ကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားရင်း ပြောလိုက်မိသည်။ ကျောင်းဆရာလေးရဲ့ မျက်ဝန်းအစုံပွင့်သွားချိန်တွင်တော့ စာရေးဆရာလေးရဲ့မျက်ရည်တစ်ပေါက်က Jiminရဲ့ပါးပြင်ပေါ်ခုန်ချသွားသည်။
"ကျွန်တော်ရှိတယ်လေ ကျွန်တော်အမြဲရှိတယ်~"
ခပ်တိုးတိုးပြောလိုက်ရင်း နားထင်စပ်ဆီမှစီးကျနေဆဲမျက်ရည်တွေကို လက်မနှင့်ဖွဖွသုတ်ပေးလိုက်သည်။ ခင်ဗျားရဲ့ အခုလိုပုံစံကိုမြင်နေရတဲ့ ကျွန်တော့်ရင်ဘတ်တွေလည်း နာကျင်ရပါတယ် ခင်ဗျားရယ်။
"Jungkook ah!"
"ကိုကို့မှာ ကျွန်တော်ရှိပါသေးတယ်~"
ကောင်းကင်ယံသည် ထိုနေ့ညက အနည်းငယ်မငြိမ်မသက်ဖြစ်ခဲ့ဟန်ရှိသည်။ တစ်လုံးပြီးတစ်လုံးကြွေကျသွားတဲ့ ကြယ်စင်တွေကြားက အိပ်ဆောင်လေးထဲမှာတော့ ခုချိန်ထိ မျက်ရည်မိုးမတိတ်နိုင်သည့် ကလေးငယ်လေးရယ် ထိုကလေးငယ်လေးရဲ့ကုကုရယ်သာလျှင်~။
_______________
Your mermaid.
[Zawgyi]
"ငါးသြားျမႇားရေအာင္ေလ"
ေအးေအးလူလူ ဖရဲသီးစိတ္ကေလးစားေနတုန္း နံေဘးေရာက္ခ်လာသည့္ အစ္ကိုေတာ္။ ပါးစပ္ထဲထည့္လက္စ ဖရဲသီးစိတ္ကို အလ်င္အျမန္သြပ္လိုက္ရင္း လက္ခါျပလိုက္သည္။
"မရီးေတာ္ကလည္း အၿမဲျငင္းေနေတာ့တာပဲ ဘာလဲ ညီေတာ္ကေၾကာင္ေၾကာက္သလို မရီးေတာ္ကေရာ ငါးေၾကာက္တာလား?"
အစ္ကိုေတာ္က လက္ထဲကယပ္ေတာင္စိမ္းေလးကို ေခါက္သိမ္းလိုက္ရင္း သူ႔လည္ဂုတ္သူ တဖတ္ဖတ္ရိုက္ကာ မ်က္ႏွာရႈံ႔လ်က္ ညည္းၫူျပသည္။
"ျပည္ေတာ္ျပန္နဲ႔သြားေလ"
ဒိုင္းခနဲက်လာသည့္ မ်က္ေစာင္းေၾကာင့္ စားေနသည့္ ဖရဲသီးစိတ္ပလုတ္ပေလာင္းၾကားကပင္ အသံထြက္ေအာင္ ရယ္လိုက္မိသည္။ တကယ္ကို စာေရးဆရာေျပာျပသလို အစ္ကိုေတာ့္ကို ေဒါသထြက္ေစႏိုင္တာ ျပည္ေတာ္ျပန္ပဲရိွတယ္ေလ။
"သြားရေအာင္ပါ ညီေတာ္,မရိွတုန္းေလး"
အတင္းကာေရာ ဆြဲေခၚေနသည့္အစ္ကိုေတာ္ေၾကာင့္ ေနာက္ဆံုးေတာ့ Jiminလည္း အရႈံးေပးလိုက္ရေတာ့သည္။ ငါးျမႇားရတာကို အဲ့ေလာက္ေတာင္ ဝါသနာထံုရလား။
"ဒီေန့စားပြဲအတြက္ ကိုယ္ေတာ္က ငါးကင္နဲ႔ဧည့္ခံမယ္"
တက္ႂကြေနသည့္ ၾကက္ဖအစ္ကိုေတာ္ကိုၾကည့္ကာ ၿပံဳးလိုက္မိသည္။ အစ္ကိုေတာ္လို ေန့တိုင္းနီးပါး ငါးဖမ္းေနပံုမ်ိဳးနဲ႔ စမ္းေခ်ာင္းထဲလည္း ငါးေရာက်န္ပါဦးမလားဟု ေတြးလိုက္မိေသးသည္။
တသြင္သြင္စီးဆင္းေနသည့္ စမ္းေခ်ာင္းကေလးရဲ့ေရက ၾကည္လင္စိမ္းျမေနကာ ကမ္းအစပ္ကေရရိပ္မွာ ထင္ထင္ရွားရွားေပၚေနသည့္ မိမိကိုယ္ကိုယ္ပင္ ျပန္ျမင္ေနရသည္။
"မရီးေတာ္ အေဝးႀကီးေလ်ွာက္မသြားနဲ႔ေနာ္!"
ကေလးမ်ားလို သတိလွမ္းေပးေနသည့္ အစ္ကိုေတာ္ရဲ့စကားေၾကာင့္ ၿပံဳးလ်က္ပင္ေခါင္းၿငိမ့္ျပလိုက္သည္။ စာေရးဆရာနဲ႔ပတ္သတ္ၿပီးမွ သိကြၽမ္းရတဲ့သူဆိုေပမဲ့ သူ႔ကိုမိသားစုဝင္လို ဆက္ဆံေပးၿပီး စိုးရိမ္ေပးၾကတာေတြအတြက္ ေတြးမိတိုင္း ၾကည္ႏူးရစၿမဲ။
"ေက်ာက္ခဲေလးေတြ လွသားပဲ"
ဘဲဥပံုစံေက်ာက္ခဲအဝိုင္းေလးကို ေရထဲမွဆယ္ယူလိုက္ရင္း ေသေသခ်ာခ်ာၾကည့္မိသည္။ ထို႔ေနာက္ ေက်ာက္ခဲလွလွေလးေတြကိုဆယ္ရင္း ငါးျမႇားေနသည့္အစ္ကိုေတာ္ႏွင့္ ေဝးမွန္းမသိေဝးလာခဲ့ေတာ့သည္။
"မိၿပီ မိၿပီကြ!"
ငါးျမႇားတံကို အားျဖင့္ဆြဲတင္လိုက္ေတာ့ အေကာင္ခပ္ႀကီးႀကီး ငါးတစ္ေကာင္ကို ငါးျမႇားခ်ိတ္မွာ တြယ္လ်က္သားေတြ့လိုက္ရသည္။ ကင္စားလိုက္ရလို႔ကေတာ့ ရွယ္ပဲ!။
"မရီးေတာ္! ဒီမွာအႀကီးႀကီးမိၿပီ!"
အားရပါးရလွည့္ကာ ေျပာလိုက္ေပမဲ့ အေနာက္မွာရိွေနတာက ထင္ထားသည့္မရီးေတာ္မဟုတ္ဘဲ မျမင္ခ်င္သည့္မ်က္ႏွာတစ္ခုျဖစ္လို႔ေနေလသည္။
"Bravo!!"
လက္ခုပ္တီးကာေျပာလာသည့္ ျပည္ေတာ္ျပန္ကို မ်က္ႏွာလႊဲလိုက္ရင္း သက္ျပင္းခ်လိုက္သည္။ ၿပီးသည္ႏွင့္ တြယ္ခ်ိတ္မွာမိေနသည့္ ငါးႀကီးကိုအသာျဖဳတ္ယူကာ ပံုးေလးထဲထည့္လိုက္သည္။
"ငါးျမႇားတာေတာ္သားပဲ"
မၾကားဟန္ျပဳကာ ေနာက္တဖန္ငါးဖမ္းဖို႔ ျပင္လိုက္သည္။ သို႔ေသာ္ အနားကိုအတင္းတိုးကပ္လာသည့္ ျပည္ေတာ္ျပန္ေၾကာင့္ အထိတ္အလန္႔ေဘးဆုတ္လိုက္မိသည္။
"အားရွီး ဘယ္လိုျဖစ္ေနတာလဲ အိႁႏၵေကိုမရဘူး ငါကိုယ္ေတာ္ ရိုက္ႏွက္ေပးလိုက္ရ!"
လက္ရြယ္လိုက္ၿပီးမွ ေၾကာက္ျပေနတဲ့ျပည္ေတာ္ျပန္ကို မ်က္ေစာင္းထိုးလိုက္သည္။ အံ့ဩပါရဲ့ ဒီေလာက္တူးတူးခါးခါးျငင္းေနတာေတာင္ ေတာက္တဲ့လိုတြယ္ကပ္ႏိုင္ေသးတယ္။
တကယ္ကို အစ္ကိုေတာ္ေျပာသမ်ွအကုန္လံုးကို ဆန္႔က်င္ကန္႔လန္႔တိုက္ၿပီး ေဘးတေစာင္းသြားတဲ့ ျပည္ေတာ္ျပန္ဂဏန္းပဲ!
"ကိုယ့္ရဲ့ဘုရင္ေလး ေနမ်ားပူေနမလားလို႔ စိတ္ပူၿပီးလိုက္လာခဲ့တာ အဲ့ေလာက္မစိမ္းကားပါနဲ႔"
"သြား"
"မဟုတ္ဘူးေလ"
"ေဝးေဝးသြား"
လက္တစ္ဖက္ကိုအသံုးျပဳကာ အနားကထြက္သြားဖို႔ အခ်က္ျပလိုက္သည္။ Kim NamJoonတို႔က ဒီေလာက္ေလးနဲ႔ ထြက္သြားမယ္ထင္လား? ေဝးပါေသးတယ္ ဒင္းက ဒါမ်ိဳးအေရထူေနၿပီ။
"ျမန္ျမန္ထြက္သြားစမ္းပါ"
"မသြားခ်င္ပါဘူး"
ကေလးမ်ားလို ေျခေဆာင့္ကာႏႈတ္ခမ္းဆူရင္း ေျပာလာတာမို႔ အစ္ကိုေတာ္ရဲ့မ်က္ႏွာထက္မွာ မႏွစ္ၿမိဳ႔ျခင္းေတြ အထင္အရွားျဖတ္ေျပးသြားရသည္။ ဘာတုန္းဟ! ကိုယ့္အသက္ကိုယ္မွ အားမနာ။
"Honey နားမွာပဲေနခ်င္တာ ထာဝရေပါ့"
အား!!
နားဝင္ဆိုးလိုက္တာ။ ဘယ္လိုေတာင္ ေအာ္ဂလီဆန္စရာ ေကာင္းလိုက္လဲ။
"လုပ္ထည့္လိုက္ရ"
"Honey လုပ္ရင္လည္း ခံရမွာပါ"
ရိုက္ႏွက္ပစ္လိုက္ဖို႔ရြယ္ထားသည့္ လက္ထဲကငါးျမႇားတံကို ျပန္ခ်လိုက္ရင္း စုတ္သပ္လိုက္မိသည္။ ဆံပင္ကဖြာဖြာ ေဘာင္းဘီကတိုတိုကိုမွ မ်က္မွန္ႀကီးပါအဆစ္တပ္ထားေသးတယ္။ အစ္ကိုေတာ့္မ်က္လံုးထဲမွာေတာ့ ျပည္ေတာ္ျပန္ရဲ့ပံုစံကို ေတြ့လိုက္တိုင္းေထာင့္မက်ိဳးၿမဲ။
"ကိုယ္ပါ ကူဖမ္းေပးမယ္ေလ"
"မလိုဘူး ေဝးေဝးမွာသာေနစမ္းပါ ကိုယ္ေတာ့္နားေတြလည္းျပဳတ္ထြက္ေတာ့မယ္"
အစ္ကိုေတာ္က ထိုသို႔ဆိုေတာ့ ျပည္ေတာ္ျပန္က ခပ္ဖြဖြရယ္သည္။ တကယ္ကို ငွက္ဆိုးထိုးသံႀကီးပဲ။
"ဘယ္လိုလုပ္မလဲ ကိုယ့္ႏွလံုးသားေလးက Honeyအနားမွာပဲ ေနခ်င္ပါတယ္တဲ့"
"ကင္နမ္ဂြၽန္! ဒီတခါ မၫွာဘူးေနာ္ ကိုယ္ေတာ္ အတည္ရိုက္မွာ"
"ရိုက္ေလ တစ္ခါရိုက္ရင္ popoသံုးခါေပးရမယ္"
အစ္ကိုေတာ္ေဆာ့ဂ်င္တစ္ေယာက္ ျပည္ေတာ္ျပန္ရဲ့နားရွက္ဖြယ္ ကူလီကူမာေတြၾကားမွာ မ်က္ႏွာတစ္ခုလံုးက ခရမ္းခ်ဥ္သီးမွည့္လံုးလံုးေလးလို နီရဲတက္လာသည္။
"ဒီေလာက္ေတာင္အိႁႏၵေမဲ့တာ ကဲကြာ!"
ျဖန္း!
ငါးျမႇားတံရဲ့ရိုက္ခ်က္ေတြကို အၿပံဳးမပ်က္ေရွာင္တိမ္းရင္း စမ္းေခ်ာင္းထဲကေရေတြကို ရရင္ရသလို လက္နဲ႔ခပ္ရင္းပက္ေနတာမို႔ အစ္ကိုေတာ္ရဲ့ဆံႏြယ္နက္နက္ေတြအထိ စိုရႊဲသြားရသည္။
"yaa! ရပ္စမ္း"
"မရပ္ခ်င္ပါဘူး"
ၿပံဳးစိစိမ်က္ႏွာထားႏွင့္ ျပည္ေတာ္ျပန္ကို ေဒါသထြက္လြန္းလို႔ ငရုတ္ဆံုထဲထည့္ႀကိတ္ၿပီး အမႈန္႔လုပ္ပစ္ခ်င္စိတ္က တဖြားဖြားပင္။
"ေရာ့"
ရိုက္ဖို႔ရြယ္ထားသည့္လက္က ခဏေတာ့ရပ္တန္႔သြားရသည္။ ျပည္ေတာ္ျပန္ကမ္းေပးလာသည့္ လက္ကိုငံု႔ၾကည့္လိုက္ေတာ့ ေရာင္စံုေက်ာက္ခဲလွလွေလးေတြကို ေတြ့လိုက္ရသည္။
"မလိုခ်င္ပါဘူး"
"ေဟ်ာင္းသေဘာက်တာ ကြၽန္ေတာ္သိပါတယ္~"
ရုတ္တရက္ႀကီး ေျပာင္းလဲသြားတဲ့ေလသံႏွင့္ လက္ထဲကေရာင္စံုေက်ာက္ခဲေလးေတြေၾကာင့္ အစ္ကိုေတာ္ေဆာ့ဂ်င္ရဲ့ ရင္ဘတ္ထဲကအေကာင္ပိစိေလးက တခ်က္ယိမ္းခါသြားရသည္။
"ကြၽန္ေတာ္ဒါေလးေတြကို ဘယ္ေလာက္ေတာင္ႀကိဳးစားရွာလိုက္ရလဲ မ်က္ရိုးေတြပါကိုက္တဲ့အထိပဲ"
လိုတာထက္ပိုျပေနတာမို႔ အလိုမက်ျဖစ္သြားရေပမဲ့ မ်က္ေစာင္းထိုးဖို႔ေမ့သြားကာ ႏႈတ္ခမ္းသာဆူလိုက္မိသည္။ လွေတာ့လွသားပဲ။
"ခဏေလး အိတ္ကပ္ထဲမွာရိွေသးတယ္"
လက္ထဲထည့္ေပးလာသည့္ ေရာင္စံုေက်ာက္ခဲေလးေတြကို အေသအခ်ာငံု႔ၾကည့္လိုက္ရင္း သေဘာက်သြားရသည္။ ငါးျမႇားလာတိုင္း မသိမသာရွာေနမိတဲ့ ေရာင္စံုေက်ာက္ခဲေလးေတြ။
ဒီစမ္းေခ်ာင္းေလးထဲမွာ ေရာင္စံုေက်ာက္ခဲေလးေတြကို ေတာ္ရံုလူရွာမေတြ့ႏိုင္ဘူးေလ။ ငယ္ငယ္တုန္းကတည္းက စိတ္ထဲမွာစြဲေနခဲ့တာက တေန့ေတာ့ ေရာင္စံုေက်ာက္ခဲေလးေတြကို သူကိုယ္တိုင္ရွာေတြ့ရမယ္ဆိုၿပီးေပါ့။
"ကင္နမ္ဂြၽန္!"
"ေျပာေလ"
လက္ဖဝါးထဲက ေရာင္စံုေက်ာက္ခဲေလးေတြကို စူးစိုက္ၾကည့္ေနရင္းက တစ္စံုတစ္ခုကိုသတိရသြားကာ မ်က္ေမွာင္ကုတ္လိုက္မိသည္။
"ရိုးရိုးေက်ာက္ခဲေတြကို အေရာင္ဆိုးထားျပန္ၿပီလား!"
ျမန္ျမန္ဆန္ဆန္ပင္ ရိပ္မိသြားတဲ့အစ္ကိုေတာ္ေၾကာင့္ ကင္နမ္ဂြၽန္တစ္ေယာက္ မခ်ိသြားၿဖဲရယ္ျပလိုက္မိသည္။
"ေသဖို႔သာျပင္"
ေက်ာက္ခဲေလးေတြကို ေရထဲလႊင့္ပစ္လိုက္ရင္း မွတ္ေလာက္သားေလာက္ေအာင္ ပညာေပးဖို႔အတြက္ ဝတ္ရံုလက္အနားစကို လက္ေမာင္းေကြးအထိ ပင့္တင္လိုက္သည္။
"Honey မလုပ္ပါနဲ႔!"
"စ,စရာမ်ားမွတ္ေနလား ဟမ္ ဒီအသက္အရြယ္ေရာက္ေနၿပီ ခုထိအသိတရားမရိွေသးဘူးလား!"
တဖြဲဖြဲက်ဆင္းလာသည့္ အစ္ကိုေတာ္ရဲ့ရိုက္ပုတ္မႈေတြၾကားမွာ အၿပံဳးမပ်က္သည့္ ေပ်ာ္ေနၿမဲေပ်ာ္ေနဆဲ ျပည္ေတာ္ျပန္ႀကီး။ တကယ္ကို သည္းခံႏိုင္စြမ္းက လက္ဖ်ားခါေလာက္ပါေပတယ္။
အခ်ိန္အတန္ၾကာသည္အထိ ရိုက္ႏွက္လို႔ဝသြားၿပီဆိုေတာ့မွ ခါးေထာက္ရပ္လိုက္ရင္း အသက္ဝေအာင္ရႉလိုက္မိသည္။ သို႔ေသာ္ျငားလည္း မ်က္ႏွာလိုမ်က္ႏွာရႏွင့္ အစ္ကိုေတာ္ေသာက္ဖို႔အတြက္ ေရဗူးပင္ဖြင့္ေပးေနေသာ ကင္နမ္ဂြၽန္ကို တေန့ဆယ္ခါထက္မက မ်က္ေစာင္းထိုးေနမိၿမဲ။
"ေဟ်ာင္း!"
အသံနဲ႔အတူ မေရွးမေနွာင္းမွာပင္ ေရာက္ခ်လာတဲ့စာေရးဆရာေလး။ မ်က္လံုးေတြက ဟိုၾကည့္ဒီၾကည့္ႏွင့္ ဂဏွာမၿငိမ္ျဖစ္ေနတာမို႔ တစ္ေယာက္ေယာက္ကို ရွာေနမွန္းရိပ္မိလိုက္သည္။
" မရီးေတာ္လား?"
"အင္း"
"ဟိုမွာေလ"
အစ္ကိုေတာ္လက္ၫွိုးထိုးျပရာကို ၾကည့္လိုက္ေတာ့ ေက်ာင္းဆရာရဲ့အရိပ္အေယာင္ပင္မျမင္ရ။ ဟုတ္ေရာဟုတ္ရဲ့လားဆိုၿပီး အစ္ကိုေတာ္ကိုျပန္လွည့္ၾကည့္လိုက္သည္။
"အမ္ ေစာနေလးကတင္ အဲ့နားမွာမို႔ ကိုယ္ေတာ္ေတာင္ စကားလွမ္းေျပာေနပါေသးတယ္"
Jungkook က်စ္ခနဲ စုတ္သပ္လိုက္ရင္း စမ္းေခ်ာင္းေလးရဲ့အထက္ဘက္ဆီကို တက္ခဲ့လိုက္သည္။ အတန္ၾကာသည္အထိ ေက်ာင္းဆရာကိုဆံပင္ေလးပင္ မေတြ့လိုက္ရတာမို႔ ကိုယ္တိုင္ပင္သတိမထားမိခင္မွာဘဲ ေျခလွမ္းေတြကိုျမႇင့္လိုက္မိသည္။
"မရီးေတာ္!"
ေနာက္ပါးဆီက အစ္ကိုေတာ္ေဆာ့ဂ်င္ရဲ့ ေခၚသံစာစာေလးကေတာ့ စမ္းေခ်ာင္းေလးတစ္ေလ်ွာက္ ပဲ့တင္ထပ္လ်က္ က်န္ေနခဲ့သည္။
ဟင္!
စမ္းေခ်ာင္းေလးအတိုင္း ေရထဲစီးပါလာတဲ့ ဖိနပ္ကေလးေၾကာင့္ အေနာက္ကဘယ္သူ႔ကိုမွမေစာင့္ေတာ့ဘဲ စမ္းေခ်ာင္းရဲ့အထက္ဘက္ဆီကိုသာ တရိွန္ထိုးေျပးတက္ခဲ့လိုက္သည္။
"Jimin shi!!"
ဟိန္းထြက္သြားတဲ့အသံေၾကာင့္ ငွက္အခ်ိဳ႕ပ်ံေျပးသြားၾကသည္။ သို႔ေသာ္ သူ႔အနီးတဝိုက္တြင္ေတာ့ စမ္းေရစီးသံသဲ့သဲ့ကလြဲၿပီး ဘာအခ်က္ျပသံမွမၾကားရေသး။
"Jimin shi! ဘယ္မွာလဲ!"
ပထမတစ္ေခါက္တုန္းကထက္ အသံကိုျမႇင့္ေခၚလိုက္ရင္း ေရ႔ွဆက္ခဲ့မိသည္။ ရုတ္တရက္ၾကားလိုက္ရတာက စမ္းေရစီးသံၾကားထဲမွ လြင့္ပ်ံ့လာသည့္ ေက်ာင္းဆရာရဲ့အသံ။
ေရတံခြန္ဘက္ဆီမွ လာေနသည့္အသံျဖစ္တာမို႔ တခ်က္က်ိန္ဆဲလိုက္ရင္း ၄ေရတံခြန္ရိွရာဆီကို တဟုန္ထိုးဦးတည္လိုက္သည္။
"Jimin shi!"
"Jungkook ah!"
ေရ႔ွေနာက္ၾကားလိုက္ရသည့္ ေခၚသံႏွင့္ ေရထဲကို တစ္စံုတစ္ခုျပဳတ္က်သည့္အသံ။ စိုးရိမ္စိတ္ကငယ္ထိပ္အထိေရာက္သြားကာ ေရတံခြန္အဖ်ားဆီေရာက္သြားခ်ိန္မွာ ေက်ာင္းဆရာကိုမေတြ့ရေတာ့။
ေရတံခြန္ေအာက္ေျခမွာ ေပၚေနသည့္ေရပြက္ႀကီးကိုျမင္ေတာ့ ဘာမွစဥ္းစားမေနေတာ့ဘဲ သူပါခုန္ခ်လိုက္သည္။
လြန္လြန္ကဲကဲတိုးဝင္လာသည့္ ေရထုထည္ၾကားထဲမွာ အလ်င္အျမန္ပင္ က်င့္သားရသြားတာမို႔ ေက်ာင္းဆရာကို လိုက္ရွာမိသည္။
ေရေအာက္ၾကမ္းျပင္ဆီကို ပိုတိုးကူးလိုက္ေတာ့ တျဖည္းျဖည္းေသးငယ္သြားသည့္ အျဖဴေရာင္အရိပ္ေလးကို ေတြ့လိုက္ရသည္။
အျမန္ဆံုးဆိုသလို ထိုအရိပ္ေလးဆီကို ကူးခတ္သြားလိုက္သည္။ မိွတ္က်ေနသည့္ မ်က္ဝန္းမ်ားႏွင့္ အသိမကပ္ေတာ့သည့္လူကို ခ်ိဳင္းေအာက္မွတဆင့္ ဆြဲယူလိုက္ရင္း ေရျပင္အထက္ဆီကို ျပန္လည္ကူးခတ္ခဲ့လိုက္သည္။
ေက်းဇူးျပဳျပီး ဘာမွမျဖစ္လိုက္ပါနဲ႔ ခင္ဗ်ားရယ္~။
ေရျပင္ေပၚကိုထိုးထြက္လာသည့္ စာေရးဆရာရဲ့လက္ေတြထဲမွာ ပါလာသည့္ေက်ာင္းဆရာကိုျမင္ေတာ့ အစ္ကိုေတာ္ႏွင့္ျပည္ေတာ္ျပန္တို႔ ျပဴးျပာသြားရသည္။
နီးရာ ေက်ာက္ဖ်ာေလးေပၚ ဆြဲတင္လိုက္ခ်ိန္မွာ အစ္ကိုေတာ္တို႔လည္း နံေဘးကို ေရာက္လာၾကသည္။ အသက္ျပင္းျပင္းရႉလိုက္ရင္း ေရွးဦးျပဳစုနည္းကိုသံုးကာ လဲေလ်ာင္းေနသည့္ ေက်ာင္းဆရာကို ေအာက္စီဂ်င္ေပးလိုက္သည္။
"မရီးေတာ္ ထပါဦး!"
အသံေလးတုန္ရီရီျဖင့္ ေက်ာက္ဖ်ာေလးေပၚကလူကို လႈပ္ႏိုးေနေသာအစ္ကိုေတာ္က ခုခ်က္ခ်င္းပင္ ငိုခ်ေတာ့မည့္အတိုင္း။
"Jimin shi!"
ႏႈတ္ခမ္းမွတဆင့္ ေလမႈတ္သြင္းေပးရင္း ေရေတြအန္ထုတ္ေစဖို႔ အတတ္ႏိုင္ဆံုးႀကိဳးစားေနမိသည္။ ခင္ဗ်ား ျပန္ႏိုးလာမျွဖစ္မယ္ Jimin!။ ေက်းဇူးျပဳျပီး ျပန္ထလာခဲ့ပါ!။
"အဟြတ္!"
ပြက္ခနဲအန္ခ်လိုက္တဲ့ေရေတြေၾကာင့္ ေရွးဦးျပဳစုနည္းကိုရပ္တန္႔လိုက္ကာ သတိေကာင္းေကာင္းရမရ ေသခ်ာျပန္ၾကည့္လိုက္သည္။
"ခင္ဗ်ား သတိရၿပီလား!"
"မရီးေတာ္! မရီးေတာ္ ဘာမွမျဖစ္ရဘူးေနာ္!"
ဆက္တိုက္အန္ထုတ္ေနတဲ့ေရေတြနဲ႔အတူ ခပ္ျဖည္းျဖည္းခ်င္းပြင့္လာတဲ့ မ်က္ဝန္းေတြကိုျမင္လိုက္ရၿပီဆိုေပမဲ့ အျပည့္အဝစိတ္မေအးႏိုင္ေသး။
"ဘယ္လိုေနေသးလဲ တစ္ေနရာရာ ထိခိုက္သြားမိေသးလား အဆင္ေျပရဲ့လား"
ေမးခြန္းေတြတရစပ္ေမးေနမိေနေပမဲ့ ေခါင္းမၿငိမ့္ေခါင္းမခါႏွင့္ အေျဖျပန္မလာ။ သို႔ေသာ္ သူ႔လည္တိုင္ကိုဆြဲဖက္လိုက္တဲ့ လက္ေတြေၾကာင့္ အံ့ဩသြားရသည္။
ထို႔ေနာက္ ငိုရိႈက္သံတစ္ခုက စမ္းေရစီးသံႏွင့္အၿပိဳင္ ထြက္ေပၚလာခဲ့သည္။ အသည္းအသန္ငိုေႂကြးေနသည့္ ေက်ာင္းဆရာရဲ့ေက်ာျပင္ကို ျပန္လည္ေပြ့ဖက္လိုက္ရင္း ခပ္ဖြဖြေလးပုတ္ေပးေနမိသည္။
"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ေတာ့ဘူး ကြၽန္ေတာ္ရိွတယ္ ဘာမွမျဖစ္ေတာ့ဘူး"
ထပ္လဲလဲေျပာေနမိရင္း ငိုေႂကြးေနသည့္ကိုယ္ေလးကို မလႊတ္တမ္းေပြ့ဖက္ထားမိသည္။ ထိုေန့က ေက်ာင္းဆရာသည္ ဒီအတိုင္းငိုေႂကြးေနျခင္းသာမဟုတ္ဘဲ တစ္စံုတစ္ခုကိုလည္း တတြတ္တြတ္ေျပာေနခဲ့ေလသည္။
ထိုအရာသည္ကား "ေမေမ ၊ ေဖေဖ" ဟူသည့္ နာမႏွစ္လံုးျဖစ္ေလေတာ့သည္။
_______________
ထို႔ေန့က ေနသာသည္။ မိသားစုလိုက္ ကမ္းေျခကိုအေပ်ာ္ခရီးထြက္ခဲ့တာမို႔ အိမ္စီးကားေလးထဲရိွ လူသံုးေယာက္လံုးရဲ့မ်က္ႏွာေတြဟာ အၿပံဳးေတြေဝေနခဲ့ၾကသည္။
"ေမေမ သားသားအရုပ္ေလးေရာ?"
"ဒီမွာပါ"
ကားေရ႔ွခန္းထဲက မိခင္ျဖစ္သူရဲ့ေပါင္ေပၚမွာတင္ထားသည့္ အရုပ္ေလးကို လွမ္းေတာင္းေတာ့ သားငယ္အလိုက် ေနာက္သို႔ကမ္းေပးလာသည္။
"အိုက္ဂူး ဒီအရုပ္ေလးကို အဲ့ေလာက္ေတာင္သေဘာက်လား?"
"အြန္း~ ကုကုကလက္ေဆာင္ေပးထားတာ"
အဝါေရာင္ဘဲရုပ္ေလးကို ရင္ခြင္ထဲထည့္ထားရင္း ေျဖလိုက္တဲ့ကေလးငယ္ေလးရဲ့ အၿပံဳးေတြက မိခင္ျဖစ္သူဆီကိုပါ ကူးစက္သြားေစေလသည္။
"အျပန္က်ရင္ ကုကုေလးအတြက္ လက္ေဆာင္ဝယ္ေပးဦးမွာလား"
"ဟုတ္! ကုကုႀကိဳက္တဲ့ အုန္းရည္ဝယ္သြားမယ္"
ကေလးငယ္ရဲ့စကားေၾကာင့္ ကားေရ႔ွခန္းမွ မိဘႏွစ္ပါးလံုးက အားရပါးရရယ္လိုက္ၾကသည္။
"အုန္းရည္က အိမ္မွာေသာက္လည္းရေနတာကို"
"ကုကုက အေဝးႀကီးကလိုခ်င္တာတဲ့ သားကိုမွာလိုက္တယ္"
"ဟုတ္လား ဒီလိုဆိုလည္း ဝယ္သြားတာေပါ့"
ဘဲရုပ္ဝါဝါေလးရဲ့ႏႈတ္သီးေထာ္ေထာ္ေလးကို ႏိွပ္ၿပီးေဆာ့ကစားေနတဲ့ ကေလးငယ္ကိုတခ်က္ၾကည့္လိုက္ရင္း ေရ႔ျွပန္လွည့္သြားသည့္ မိခင္ရဲ့မ်က္ႏွာမွာ အၿပံဳးေတြကေပက်ံလို႔။
"အေရ႔ွမွာ ဘာျဖစ္ေနတာလဲမသိဘူး"
ကားေရ႔ွကျမင္ကြင္းေၾကာင့္ စက္ရိွန္သပ္လိုက္ရင္း ကားကိုရပ္လိုက္သည္။ ကေလးငယ္လည္း ေရ႔ွကိုၾကည့္လိုက္ေတာ့ လမ္းေဘးကအတားကိုေဖာက္ထြက္ေနသည့္ ေရထဲထိုးက်ခါနီး ကားအနီတစ္စီးကို ေတြ့လိုက္ရသည္။
"ကယ္ပါဦး!"
"အသက္ရွင္ေနေသးတာပဲ"
"ေယာက်ာ္း!"
"ဘာမွမျဖစ္ပါဘူး မိန္းမကသားနဲ႔ေနခဲ့ ရဲကိုလည္းအေၾကာင္းၾကားလိုက္"
ကားေပၚကဆင္းခ်သြားသည့္ ဖခင္ျဖစ္သူကို ကေလးငယ္က နားမလည္သလိုေငးၾကည့္ေနခဲ့သည္။ ကားေရ႔ွခန္းမွမိခင္ျဖစ္သူသည္လည္း ဖုန္းနံပါတ္တစ္ခုကိုႏိွပ္လိုက္ရင္း ေယာက်ာ္းျဖစ္သူေနာက္ကိုလည္းလိုက္သြားခ်င္သလို သားငယ္ေလးကိုလည္း စိတ္မခ်ႏိုင္ျဖစ္ေနရွာသည္။
"ဟုတ္ကဲ့ ဂ်ယ္ဂ်ူရဲစခန္းကပါလား"
ဖုန္းေျပာေနရင္းက ကားထဲမွထြက္ခဲ့လိုက္သည္။ ထို႔ေနာက္ မလွမ္းမကမ္းေနရာကပင္ ေရ႔ွတည့္တည့္ကကားနီေလးကို အေျခအေနၾကည့္ေနလိုက္သည္။
"ကယ္ေပးပါ~"
ကေလးငယ္ရဲ့ဖခင္ျဖစ္သူဟာ ကားထဲမွာပိတ္မိေနသည့္ လူကိုကူညီကယ္ဆယ္ၿပီး ထုတ္ေပးဖို႔ ႀကိဳးစားေနရွာသည္။ ေနာက္ေတာ့ ခက္ခက္ခဲခဲၾကားမွပင္ ထိုလူအား ဆြဲထုတ္ႏိုင္သြားခဲ့သည္။
"ကြၽန္ေတာ့္မိန္းမ အထဲမွာရိွေနတယ္! သူ႔မွာ ကေလးနဲ႔...."
ထိခိုက္ထားမိသည့္ေျခေထာက္ႏွင့္အတူ ဦးေခါင္းဆီမွေသြးေတြႏွင့္ ၾကည့္မေကာင္းေပမဲ့ ကိုယ္ဝန္သည္မိန္းမရိွေသးေၾကာင္း လက္ၫွိုးထိုးျပလာသည္။
ထိုအခါမွ ကေလးငယ္ရဲ့ဖခင္သည္လည္း ကားခန္းထဲကိုျပန္ၾကည့္လိုက္ရင္း သတိလစ္ေနသည့္ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ထပ္မံေတြ့လိုက္ရသည္။
ယခုတစ္ခါတြင္လည္း ကေလးငယ္၏ဖခင္သည္ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးကို ကယ္တင္ရန္အလို႔ငွာ ကားမွန္ကိုရိုက္ခြဲလိုက္သည္။ ေသြးအလိမ္းလိမ္းကပ္သည့္ ကိုယ္ဝန္သည္အမ်ိဳးသမီးကို ဆြဲထုတ္ဖို႔က အေတာ္ေလးမလြယ္ကူသည့္ပံုပင္။
"သားငယ္ ဒီထဲမွာခဏေနခဲ့ဦးေနာ္"
မိခင္သည္ သားငယ္ကိုေသခ်ာမွာထားခဲ့ရင္း ကားတံခါးကိုေသခ်ာပိတ္ကာ ေယာက်ာ္းျဖစ္သူနဲ႔အတူ ကူညီေပးဖို႔ ခပ္သြက္သြက္ထြက္သြားခဲ့သည္။
"မိန္းမ မင္းကအဲ့တစ္ဖက္ကဆြဲထုတ္"
တဖက္ကားေခါင္းျခမ္းကေနဝင္သြားတဲ့ ကေလးငယ္ရဲ့ဖခင္က ကားအျပင္မွာ ရပ္ေနသည့္မိန္းမျဖစ္သူအား ကိုယ္ဝန္သည္အမ်ိဳးသမီးကို ဆြဲထုတ္ဖို႔အတြက္ အခ်က္ေပးသည္။
ကားေပၚမွာထိုင္ေနသည့္ကေလးငယ္သည္ လက္ထဲကဘဲရုပ္ဝါေလးကို က်စ္ေနေအာင္ဆုပ္ကိုင္ထားလိုက္ရင္း မ်က္စိေရ႔ွကျမင္ကြင္းကို မ်က္ေတာင္မခတ္တမ္း ၾကည့္လို႔ေနေလသည္။
" ခ်လိုက္ေတာ့ ေျမၾကီးေပၚခ်လိုက္ေတာ့"
ကားအျပင္ဘက္ေရာက္ၿပီဆိုတာေသခ်ာေတာ့မွ ကိုယ္ဝန္သည္ကိုလႊတ္ေပးလိုက္ရင္း ကလးငယ္ရဲ့ဖခင္က ကားေခါင္းခန္းထဲမွထြက္ဖို႔ျပင္သည္။
သို႔ေသာ္ ကံမေကာင္းစြာပင္ ပင္လယ္ေအာက္ဘက္ဆီကို ပိုမိုနိမ့္ဆင္းသြားတဲ့ကားေၾကာင့္ လႈပ္ရွားမႈေတြကို ေခတၲရပ္တန္႔လိုက္သည္။
"ေယာက်ာ္း!"
"ဘာမွမျဖစ္ဘူး ဘာမွမျဖစ္ဘူး ကိုယ္ကမင္းေယာက်ာ္း သားရဲ့ေဖေဖပါ ဘာမွမျဖစ္ဘူး"
ကေလးငယ္ရဲ့မိခင္မ်က္ဝန္းေတြကေတာ့ စိုးရိမ္စိတ္ေတြ ျပည့္လာခဲ့သည္။ ကေလးငယ္၏ဖခင္သည္ ယင္းကားေရ႔ွခန္းမွအနည္းငယ္ ငဲ့ေစာင္းၾကည့္လိုက္ေတာ့ သူ႔အားၾကည့္ေနသည့္ သားကေလးရဲ့မ်က္ဝန္းေတြႏွင့္ တန္းဆံုေလသည္။
ထို႔ေနာက္ တဖက္ကားထဲရိွ သားေလးအား ၿပံဳးျပလိုက္သည္။ ေျခကိုအသာႂကြကာ ကားထဲကထြက္ဖို႔ တစ္လွမ္းတိုးလိုက္သည္။ အနည္းငယ္ယိမ္းသြားရံုကလြဲၿပီး ဘာမွမထူးျခားတာမို႔ ေနာက္တစ္လွမ္းထပ္တိုးလိုက္သည္။
"သတိထား"
မိန္းမျဖစ္သူရဲ့သတိေပးသံအဆံုးမွာ တတိယေျမာက္ေျခလွမ္းကို လွမ္းလိုက္သည္။ ဤတစ္ႀကိမ္တြင္ေတာ့ ကံဆိုးမႈသည္အလံုးအရင္းႏွင့္အတူ ေနွာင့္ယွက္လိုက္သည္။
ရုတ္ခ်ည္းဆိုသလို ပင္လယ္ဘက္ကိုထိုးခ်သြားတဲ့ကားအပ်က္ႏွင့္အတူ ကေလးငယ္၏ဖခင္သည္လည္း ကမ္းပါးေအာက္ကို ျပဳတ္က်သြားခဲ့ေတာ့သည္။
"ေယာက်ာ္း!!"
ေအာ္သံနက္နက္တစ္ခုေနာက္တြင္ ကားေလးသည္ ပင္လယ္ေရျပင္ထဲသို႔ ရက္ရက္စက္စက္ထိုးက်သြားခဲ့သည္။ ကေလးငယ္၏မိခင္သည္ တုန္လႈပ္ျခင္းအလီလီျဖင့္ ျပဳတ္က်သြားသည့္ကားအနီေလးကို ကမ္းပါးအစြန္မွ ငံု႔ၾကည့္ေနခဲ့သည္။
"အစ္မ ကြၽန္ေတာ့္လက္ကိုအျမန္ဆြဲလိုက္!"
တျဖည္းျဖည္းပဲ့က်ခါနီး ကမ္းပါးအစြန္းကို သတိထားမိလိုက္တဲ့ ကားသမားဟာ ကေလးငယ္၏မိခင္ျဖစ္သူကို ေျခေထာက္မလႈပ္ႏိုင္သည့္ၾကားမွ လက္အလ်င္အျမန္ကမ္းလိုက္သည္။
သို႔ေသာ္ ကေလးငယ္အတြက္ ဒုတိယအႀကိမ္ေျမာက္ဆံုးရႈံးမႈႀကီးသည္ မ်က္စိေရ႔ွမွာတင္ ထပ္မံျဖစ္ပြားသြားခဲ့ရသည္။ ပဲ့က်သြားတဲ့ ကမ္းပါးႏွင့္အတူ ကေလးငယ္၏မိခင္သည္လည္း ပင္လယ္ထဲကို ျပဳတ္က်သြားခဲ့သည္။
"သား!"
ကေလးငယ္သည္ မွန္တံခါးကို ရိွသမ်ွအားႏွင့္ထုရိုက္တြန္းထုတ္ရင္း ကားထဲကထြက္ဖို႔ ႀကိဳးစားရွာသည္။ သို႔ေသာ္ မူလတန္းကေလးအရြယ္ေလးရဲ့ႀကိဳးစားမႈက ျခစ္ရာကေလးပင္မထင္ခဲ့ေခ်။
"သားကို ထုတ္ေပးပါ!"
ကားမွန္ကို အထပ္ထပ္ရိုက္ပုတ္ေနသည့္ ကေလးငယ္သည္ အကူအညီအခ်ိဳ႕ေရာက္လာသည့္အခါမွ ကားအျပင္ဘက္ကိုထြက္ႏိုင္ခဲ့သည္။
ကားအျပင္ေရာက္သည္ႏွင့္ လူႀကီးတစ္ဦးရဲ့လက္ထဲမွရုန္းကန္ၿပီး ဘဲရုပ္ကေလးကိုဖက္လ်က္ ကမ္းပါးအစြန္ကိုေျပးထြက္သြားသည့္ ကေလးေလး။
"ေဖေဖ!"
"ေမေမ!"
ကေလးငယ္သည္ ကမ္းပါးေအာက္တစ္ေနရာတြင္ သူ၏မိဘႏွစ္ပါးလံုး အသက္ရွင္လ်က္ရိွေနမည္ဟု ေတြးထင္ထားခဲ့ဟန္ရိွေလသည္။ သို႔တည္းမဟုတ္ သူ႔အားေစာင့္ေနလိမ့္မည္ဟု ယူဆခဲ့ပံုရသည္။
"ကေလး မသြားနဲ႔!"
ကားသမားက ကေလးငယ္ရဲ့ေျခေထာက္ကိုဆြဲလိုက္တာမို႔ လဲက်သြားသည့္ကေလးငယ္ရဲ့လက္ထဲက အရုပ္ကေလးသည္သာလ်ွင္ ကမ္းပါးေအာက္သို႔ ျပဳတ္က်သြားခဲ့သည္။
ထိုေန့ ထိုအခ်ိန္တြင္ ကေလးငယ္သည္ တစ္ေန့တည္း တေနရာတည္းမွာပင္ အခ်စ္ဆံုးအရာသံုးခုကို မ်က္စိေအာက္မွာတင္ ဆံုးရႈံးခဲ့ရွာေလသည္။
____________
ပိန္းပိတ္ေအာင္ေမွာင္မဲေနသည့္ ေနရာတစ္ခု။ ေအးစက္စက္ၾကမ္းျပင္တစ္ခုက ေၾကာက္လန္႔ဖြယ္အေငြ့အသက္ေတြႏွင့္အတူ အသက္ရႉမဝေအာင္ ကေလးငယ္ကို အတင္းေပြ့ဖက္ထားခဲ့သည္။
"အင့္"
အသံေၾကာင့္ ကမန္းကတန္းပင္ ေက်ာင္းဆရာေဘးကို တိုးသြားလိုက္သည္။ တစ္ခုခုကိုေၾကာက္လန္႔ေနပံုရသည့္ ေက်ာင္းဆရာရဲ့မ်က္ႏွာက မ်က္လံုးေတြမိွတ္ထားသည့္တိုင္ ထင္ရွားလို႔ေနသည္။
"Jimin shi!"
အသာေခၚႏိႈးလိုက္ေပမဲ့ ႏိုးမလာဘဲ ရိႈက္သံေတြခ်ည္း ဆက္တိုက္ထြက္က်ေနတာမို႔ Jungkookတစ္ေယာက္ စိုးရိမ္မႈဒီဂရီက ခ်က္ခ်င္းျမင့္တက္သြားရသည္။
"Jimin shi ထပါဦး Park Jimin! ကြၽန္ေတာ့္အသံကိုၾကားရလား!"
တအင့္အင့္ရိႈက္ငိုေနသည့္ ေက်ာင္းဆရာရဲ့မ်က္ဝန္းေထာင့္ေတြဆီက မ်က္ရည္စေတြက အၿပိဳင္စီးက်လာခဲ့သည္။
"Park Jimin! ကြၽန္ေတာ့္အသံကိုနားေထာင္!"
"ေဖေဖ~ ေမေမ~"
မိဘႏွစ္ပါးကိုသာ အထပ္ထပ္ေခၚေနခဲ့သည့္ ေက်ာင္းဆရာရဲ့မ်က္ႏွာနား Jungkook တိုးကပ္သြားလိုက္သည္။
"Jimin shi ေက်းဇူးျပဳျပီး မေကာင္းတဲ့အိပ္မက္ေတြကေန ႏိုးထခဲ့ပါေတာ့"
ေက်ာင္းဆရာရဲ့လက္ႏွစ္ဖက္ကို က်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားရင္း ေျပာလိုက္မိသည္။ ေက်ာင္းဆရာေလးရဲ့ မ်က္ဝန္းအစံုပြင့္သြားခ်ိန္တြင္ေတာ့ စာေရးဆရာေလးရဲ့မ်က္ရည္တစ္ေပါက္က Jiminရဲ့ပါးျပင္ေပၚခုန္ခ်သြားသည္။
"ကြၽန္ေတာ္ရိွတယ္ေလ ကြၽန္ေတာ္အၿမဲရိွတယ္~"
ခပ္တိုးတိုးေျပာလိုက္ရင္း နားထင္စပ္ဆီမွစီးက်ေနဆဲမ်က္ရည္ေတြကို လက္မႏွင့္ဖြဖြသုတ္ေပးလိုက္သည္။ ခင္ဗ်ားရဲ့ အခုလိုပံုစံကိုျမင္ေနရတဲ့ ကြၽန္ေတာ့္ရင္ဘတ္ေတြလည္း နာက်င္ရပါတယ္ ခင္ဗ်ားရယ္။
"Jungkook ah!"
"ကိုကို႔မွာ ကြၽန္ေတာ္ရိွပါေသးတယ္~"
ေကာင္းကင္ယံသည္ ထိုေန့ညက အနည္းငယ္မၿငိမ္မသက္ျဖစ္ခဲ့ဟန္ရိွသည္။ တစ္လံုးၿပီးတစ္လံုးေႂကြက်သြားတဲ့ ၾကယ္စင္ေတြၾကားက အိပ္ေဆာင္ေလးထဲမွာေတာ့ ခုခ်ိန္ထိ မ်က္ရည္မိုးမတိတ္ႏိုင္သည့္ ကေလးငယ္ေလးရယ္ ထိုကေလးငယ္ေလးရဲ့ကုကုရယ္သာလ်ွင္~။
_______________
Your mermaid.