ေနာက္ဆံုးေသာ ရိုမီယို (နောက်ဆ...

By lonylonylone

406K 28K 2.8K

သင္ ေတြးျကည့္ဖူးလား?..... ဂ်ဴ းလီးယက္သာ ရိုမီယိုကို မခ်စ္ခဲ့ရင္..... ဒါမွမဟုတ္..... ရိုမီယို ခ်စ္ခဲ့သူက ဂ်ဴ း... More

စတင္မူ
ျဖစ္တည္မႈ
တည္ရွိ္မူ
လိုအပ္မူ
ၿငိတြယ္မူ
ရုန္းကန္မူ
႐ႈပ္ေထြးမူ
ေတြေဝမူ
ျပင္းျပမူ ( 18 + )
မိုက္မဲမူ
ေမၽႇာ္လင့္မူ
ေတာင္းပန္မူ
ယံုၾကည္မႈ
ခံယူမႈ
မုန္းတီးမႈ
ဆံုးရႈံးမူ
တည္ေဆာက္မႈ
လစ္ဟာမူ
ေဝဝါးမႈ ( ေၾကာ္ျငာ )
ေဝဝါးမႈ
စိုးထိတ္မႈ
ၿပီးဆံုးမူ
ဆံုးျဖတ္မႈ
ဂ်ဴးလီယက္ ထံသို႔ (၁)
ဂ်ဴးလီယက္ ထံသို႔ (၂)
ဂ်ဴးလိယက္ ထံသို႔ (၃)
ဂ်ဴးလိယက္ ထံသို႔ (၄)
ဂ်ဴးလိယက္ထံသို႔ (ေနာက္ဆံုးေပးစာ)

ခေတ်သစ် ရိုမီယို (အထူးပိုင်း)

2.4K 283 30
By lonylonylone


(Uni)
အထင်မလွဲလိုက်ပါနဲ့ ချစ်ရသူ. . . ။
ရင်ဘက်ထဲ ခဏတာ ဝင်လို့ရမယ်ဆိုရင်. . . ။
စာနာတတ်သူ မင်းအတွက် နားလည်နိုင်မှာပါ. . . ။
အတုယောင်သစ္စာတွေမှာ မလိုအပ်ခဲ့ပေမယ့်. . . ။
စစ်မှန်တဲ့ မေတ္တာမှာတော့ သဝန်တိုခြင်းဆိုတာ မရှိမဖြစ် အရာတစ်ခုလေ. . .။
ဒါကြောင့်. . .။
မင်းရဲ့ ပထမဆုံး မဖြစ်နိုင်ခဲ့ရင်တောင် . . .။
နောက်ဆုံး အချစ်နဲ့ အချစ်ဆုံးတော့ ငါ့ကို ဖြစ်ခွင့်ပေးပါ ချစ်ရသူ. . .။

*************************************************************************

ကောင်းကင်ကြီးတစ်ခုလုံး မိုးတိမ်များနှင့် အုံးမှိုင်းနေပေမယ့် ကျွန်တော့်အရှေ့က မြင်ကွင်းကတော့ မှိုင်းအုံ့အုံ့တိမ်လွှာကြားမှာ သဘာဝကျကျ လှပနေခဲ့သည်။ ချန်ယော် မှတ်စုစာအုပ်ရှိ စာရင်း၏ ၁၆ ခုမြောက် နေရာဖြစ်သည့် Great Wall မဟာတံတိုင်းကြီးသည် စက်တင်ဘာလ၏ မိုးရိပ်များအကြား ခန်းနားထည်ဝါလျှက် ရှိနေလေသည်။ လွန်ခဲ့သည့် ၂ပါတ်ခန့်က ပါရီမြို့တွင် သူ့အား ကျွန်တော် တွေ့စဉ်မှ စ၍ ပြင်သစ်နိုင်ငံအနှံ ခရီးစဉ်တွင် သူနှင့်အတူ ကျွန်တော်ပါ လိုက်ပါလာခဲ့သည်။ သူကတော့ ဆိုးလ်ကို အရင်ပြန်နှင့်ရန်ပြောသောလည်း ကျွန်တော့် ယခုတစ်ကြိမ်တွင်လည်း သူ့စကားအား နားမထောင်ခဲ့ချေ။ အလုပ်တွေကို ပစ်ထားခဲ့သည်ဆိုရင်တောင် ကျွန်တော် သူ့အိမ်မက်တွေကို အတူတူ ဖန်တီးပေးချင်သည်။ ကျွန်တော် သူ့ အတွေးတွေအား အတူတူ ဆေးခြယ်ချင်သည်။ ထို့ကြောင့် သူနှင့်အတူတူ ခရီးထွက်ရန် ဆုံးဖြတ်ထားမိသည်။
(ဘယ်အကြောင်းအရာကိုမှ မတွေးတောပဲ တစ်ခါလောက် ငါတို့နှစ်ယောက်အတူတူ လွတ်လွတ်လပ်လပ် နေကြည့်ရအောင်လား။ အရာအားလုံးကို ငါတို့ မေ့နိုင်ပြီလား။ အရာအားလုံးကို ငါတို့ လက်ခံနိုင်ပြီလား။ ပြီးတော့ အရာအားလုံးကို ငါတို့ စွန့်လွှတ်နိုင်ပြီလားဆိုတာ သိမြင်လာအောင် ။ ခဏလောက် အတူတူ ရှိနေရအောင်လား။)

ကျွန်တော့် အိမ်မပြန်ရန် သူလည်း ခရီးမထွက်တော့ဘူးလို့ ပြောလာသည့် သူက ကျွန်တော့် ၏ ထိုစကားမှာ တွေဝေကာ စဉ်းစားပြီး လက်ခံခဲ့သည်။ အချိန်တွေ အများကြီး ကျွန်တော်တို့ ဖြုန်းတီးမိခဲ့ပြီးပြီပဲ ။ နာကျင်ခြင်းကို ဝေးကွာခြင်းအဖြစ် နောက်ထပ် ကျွန်တော် မဖန်တီးချင်တော့။ အစဉ်အမြဲ ကျွန်တော့်အား နားလည်ပေးခဲ့သူ ချန်ယော်အား နာကျင်စေခဲ့သူမှာ ကျွန်တော် ကိုယ်တိုင်မဖြစ်စေချင်တော့။

" မောနေပြီလား"

မဟာတံတိုင်းကြီး၏ ဘေးဖက်အုတ်တံတိုင်းကို ထိန်းကာ ခပ်ဖြေးဖြေး အသက်ရှုထုတ်နေသည့် ကျွန်တော့်ကို ကြည့်ရင်း ပြုံးပြုံးလေး သူပြောလာလေသည်။ ဟိုအရင်အချိန်ကတည်းက အားကစားလိုက်စားသူ သူ့အတွက်ကတော့ မဟာတံတိုင်း၏ View point တစ်ခုဖြစ်သည့် Mutiangu Great Wall ၏ အကွာအဝေးက ထင်သလောက် ပင်ပန်းမည်မထင်ပါ။ ဒါပေမယ့် အားကစားဆိုသည်ကို စိတ်ကူးပေါက်မှ ထထလုပ်သည့် ကျွန်တော့်အတွက်တော့ အခုခရီးစဉ်က ထင်ထားသည်ထက် မောပန်းစေသည်။ ယခု ကျွန်တော့်အရှေ့က စိမ်းစိုနေသည့် သဘာဝမြင်ကွင်းများကိုသာ မမြင်ရလျှင် ကျွန်တော် အမောခံနိုင်မည်မထင်ပါ။

" ဒါပေမယ့် မောရကြိုး နပ်ပါတယ်"

ကျွန်တော် တရုတ်ပြည်၏ အထင်ကရဖြစ်သည့် ဂုဏ်ယူဖွယ်ရာ မဟာတံတိုင်းကို မေးငေါ့ကာ ဖြေလိုက်သည်။ အစိုးရရုံးပိတ်ရက်နှင့် စနေ၊ တနင်္ဂနွေရက်များတွင်ဆို မဟာတံတိုင်းကြီးပေါ် ခရီးသွားများနှင့် ပြည့်နှက်နေတတ်သည်ဆိုသောကြောင့် သူနှင့်ကျွန်တော် အခုလို ကြားရက်ကို ရွေးချယ်ကာ လည်ပတ်လိုက်သည်က မှန်သည်ဟု ဆိုရမည်။ ခရီးသွားများ ရှိနေသည်ဆိုပေမယ့် တံတိုင်း၏ သဘာဝအလှ ခန်းနားကြီးကျယ်မှုများကို မှေးမှိန်လောက်သည်အထိ လူများ ပြည့်သိပ်မနေခဲ့။

" ဘာလို့ မင်း အသွားချင်ဆုံး နေရာထဲ ဒီနေရာကို ရွေးခဲ့တာလဲ"

ကင်မရာကို ကိုင်ပြီး ရှု့ခင်းများကို သေချာစွာရိုက်ကူးနေသော ချန်ယော်က ကျွန်တော့်မေးကို ချက်ချင်းမဖြေသေး။ ကင်မရာထဲမှ သူကိုယ်တိုင် ရိုက်ကူးထားသည့် ပုံကို တစ်ချက်ပြန်ကြည့်နေလေသည်။ ကျွန်တော် တံတိုင်းကို ကျောမှီပြီး သူ့ကို ငေးကြည့်နေလေသည်။ အနီးအနားတဝိုက်တွင်တော့ တရုတ်မလေးများ၏ ခပ်စွာစွာ စကားသံများ၏ ခရီးသွားများ၏ ဘာသာမတူစကားသံများ အစုံအလင်ကြားနေရသည်။

ချန်ယော်က ကင်မရာကို ကြည့်နေရာမှ ကျွန်တော့်ကို ကြည့်လာသည်။ ပြီးတော့ အနောက်တွင် လှမ်းမြင်နေရသည့် မဟာတံတိုင်းကြီးကို တစ်ချက်ကြည့်လိုက်သည်။

" ၂၁ရာစုလို ခေတ်မျိုးမှာမဟုတ်ပဲ လွန်ခဲ့တဲ့ ဘီစီ ၄၄၅ မှာ စတင်ပြီး တည်ဆောက်ခဲ့တဲ့ ဒီတံတိုင်းကြီးရဲ့ သမိုင်းကိုလည်း စိတ်ဝင်စားခဲ့ပြီး၊ လူသားတွေရဲ့ အဆုံးမသတ်နိုင်တဲ့ ဖန်တီးနိုင်မှုကိုလည်း ခံစားချင်လို့။ "

". . . . . . "

" တကယ်လည်းရောက်လာတော့ ချင်မင်းဆက်ရဲ့ ပထမဆုံးအင်ပါယာကို တည်ထောင်ခဲ့တဲ့ ဘုရင် Qin Shi Huang ရဲ့ Warring State ခေတ်မှာ တိုင်းပြည်ကို ကာကွယ်ဖို့ ဆောက်လုပ်ထားတဲ့ တံတိုင်းတွေကို ချိတ်ဆက်ဖို့ စတွေးခဲ့တဲ့ အတွေးကိုလည်း အထင်ကြီးမိတယ်။ အဲ့စိတ်ကူးကနေတဆင့် တရုတ်ပြည်ရဲ့ ခန်းနားမှုကို စတင်ဖန်တီးနိုင်ခဲ့တာ မလား။"

အညိုရောင်ဆံနွယ်များအောက်က ပြုံးလိုက်လျှင် ကော့ညွှတ်သွားတတ်သည့် ချန်ယော်၏ မျက်ဝန်လေးမှ စိတ်အတွေးကို လှမ်းဖတ်ကြည့်ရင်း ကျွန်တော် ခပ်ရေးရေးပြုံးလိုက်မိသည်။ အိမ်မက်တွေရော ၊ အတွေးတွေရော၊ စိတ်ကူးတွေရော လှပနေသည့် သူက နှလုံးသားရော လှပသည်ကတော့ ငြင်းဖွယ်ရာမရှိ။ ထိုလှပသည့် နှလုံးသားထဲမှ အချစ်တွေကို ကျွန်တော် တစ်ဦးတည်သာ ပိုင်ဆိုင်နေခဲ့ရသည်ကို အရင်အချိန်များတုန်းကတော့ အမြဲအံ့ဩပြီး မယုံကြည်နိုင်ဖြစ်ခဲ့သည်။ ပြီးတော့ သူ၏ ပြီးပြည့်စုံခြင်းတွေက ကျွန်တော့်အား ထိတ်လန့်ကြောက်ရွံ့စေခဲ့ဖူးသည်။ ပိုင်ဆိုင်ပြီးမှ ဆုံးရှုံးလိုက်ရသည့် နာကျင်ခြင်းကို ကြောက်လန့်၍ ကျွန်တော့် အစဉ်အမြဲ နှလုံးသား ဖိနှိမ့်ထားခဲ့ဖူးသည်။ ချန်ယော်မရှိလည်း ကောင်းကောင်းနေနိုင်ရမည်ဟူပြီး တွဲလက်များဖြုတ်ချခဲ့ဖူးသည့် ကျွန်တော်က ချန်ယော်မရှိချိန်မှာ ကောင်းကောင်းကြီး လဲပြိုခဲ့ဖူးသည်။ လဲပြိုနေချိန်တိုင်း သူ ပြန်ရောက်လာမှာပါဆိုသည့် မသိစိတ်က ယုံကြည်မှုတွေနဲ့ ခဏခဏ အားတင်းခဲ့ဖူးသည်။

ဒါပေမယ့် အမှတ်တကယ်ပင် ချန်ယော်သည် ကျွန်တော့်အနား ပြန်လာခဲ့သည်။

" တကယ်တော့ ကြီးကျယ်ခန်းနားမှုတွေရဲ့ အစက စတင်မှုသေးသေးလေးကပဲ အခြေခံလာတာပဲနော်"

ကျွန်တော့်စကားမှာ သူ ကျွန်တော့်ကို တွေတွေငေးကြည့်လာခဲ့သည်။ ကျွန်တော် အဆုံးအစမဲ့ လှပနေသော တံတိုင်းကြီးကို တစ်ချက်ငေးကြည့်လိုက်သည်။

" ငါတို့လည်း မင်းရဲ့ ရှေ့ခြေလှမ်းတစ်လှမ်းတိုး စလာတာကနေ အစပြုခဲ့တာမလား"

ကျွန်တော့် အတွေးထဲ ပထမဆုံး ကျွန်တော့် အနမ်းကို သူ ဖန်တီးရယူပြီး ကျွန်တော့်အရှေ့ ခြေတစ်လှမ်းတိုးလာသည့် သူ့ ပုံရိပ်လေးက ဝိုးတဝါး မြင်လာမိသည်။ အပြုအမူတိုင်းကို စတင်ဖို့ အမြဲတွေဝေနေတတ် ကျွန်တော့်အတွက် သူ၏ ထိုကဲ့သို့စတင်လာခဲ့ခြင်းက ကျွန်တော့်အတွက် အရာရာဖြစ်စေခဲ့သည်။

ကျွန်တော် အသက်ရှုသံခပ်ဖွဖွလေးကို ရှုထုတ်ရင်း သူနှင့် မျက်နှာချင်းဆိုင်လှည့်ကာ သူ့အရှေ့ ခြေလှမ်းတစ်လှမ်း တိုးလိုက်သည်။ ဟုတ်သည်။ ဘာလို့များ ခြေတစ်လှမ်းတိုးဖို့ ကျွန်တော် တွေဝေနေခဲ့မိသည်လဲ။ သူ့ဆီက ခန်းနားလှသည့် ချစ်ခင်မြတ်နှိုးခြင်းတွေကို ကျွန်တော် ပိုင်ဆိုင်ခဲ့သည်တောင်မှ ကျွန်တော် ခြေလှမ်းစတင်ဖို့ တွန့်ဆုတ်နေခဲ့သည်။ ဒါဆို နောက်ထပ် ကျွန်တော်တို့ကြားက ကြီးကျယ်လှပခြင်းတွေ၊ ခန်းနားသည့် အမှတ်တရတွေကို ဖန်းတီးဖို့ အစက ကျွန်တော့်၏ ခြေလှမ်းအစပင် ဖြစ်သင့်သည်မလား။

အခုလို မေ့မရနိုင်သည့် အမှတ်တရမျိုးကိုပေါ့။

ချန်ယော်ရေ ။ ငါကပဲ စတင်လိုက်ချင်တယ်။ ဒါဟာ လောဘတစ်ခုဆိုရင်တောင်မှပေါ့။

" ဂျောင်. . . ဆူး. . . "

အံ့ဩခြင်းဖြင့် ကျွန်တော့်အား တစ်လှည့် သူ့လက်ကိုတစ်လှည့် ကြည့်နေသူ သူက စကားလုံးတွေ တိတ်ဆိတ် နေခဲ့သည်။ မင်းရဲ့ လှပတဲ့ မျက်ဝန်းဝိုင်းဝိုင်းလေးကို ကော့ညွှတ်ကောင်း ပြုံးပြလိုက်ပါလား ချန်ယော်ရာ။ ကျေးဇူးပြုပြီး မင်း နှုတ်ခမ်းလေး ကွေးညွှတ်သွားတဲ့အထိ ငါ့ကို ပြုံးပြပါလား။

ဒါပေမယ် ချန်ယော် ပြုံးဖို့မေ့နေဆဲ။

ကျွန်တော် ကျွန်တော့်လက်ထဲက သူ့လက်ကို ငုံ့ကြည့်လိုက်တော့ စိန်ပွင့် သေးသေးလေးနှင့်ရွှေလက်စွပ် သေးသေးလေးက သူ၏ လက်သန်းကြွယ်မှာ အံ့ဝင်ခွင်ကျ။ သူသာ သေချာကြည့်မည်ဆိုလျှင် လက်စွပ်အတွင်းထဲမှာ ရေးထိုးထားသည့် 612 ဆိုသည့် ကိန်းဂဏ္ဏန်းလေးကို မြင်လိမ့်မည်။ ကျွန်တော်တို့ စတင်ချစ်သူဖြစ်သည့် နေ့ရက်ကလေး။ အထူးတလည် မမှတ်ထားခဲ့ပါပဲ အလိုလိုမှတ်မိနေသည့် အမှတ်တရတွေက သူနှင့်ပတ်သက်ရင် အများအပြားရှိနေတတ်သည်။

" အခု "

သူ စကားလုံးတွေ တိတ်ဆိတ်သွားပြန်သည်။ ကျွန်တော် သူ့မျက်နာကို တစ်စက္ကန့်မှ မလွတ်လိုက်ကြည့်နေမိသည်။ တစ်ခုခုပြောလိုက်ပါ ချန်ယော်။ မင်းစိတ်ထဲ ငါ့ကို ထိခိုက်မှာလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ ထွေပြားနေမလား။

" အခု မင်း "

" အင်း "

" ငါ့ကို လက်ထပ်ခွင့်တောင်းနေတာလား"

"အင်း"

"ဒီနေရာမှာလေ"

"အင်း"

"ရုတ်တရက်ကြီးလေ"

" အင်း"

" ဒိုဂျောင်ဆူး မင်း . . . ငါ့ကို ရူးအောင်လုပ်နေတာပဲ"

ကျွန်တော် ကိုင်ထားသည့် သူ့လက်ကို လွှတ်လိုက်သည်။ ပတ်ဝန်းကျင်က ခရီးသွားအချို့က ကွက်ကြည့်ကြည့် ဖြစ်နေသည်ကလွဲရင် အေးချမ်းနေခဲ့သည်။ ပြီးတော့ အရင်လို ပတ်ဝန်းကျင်ကိုလည်း ကျွန်တော် အလေးမထားမိတော့ ။ တစ်ချို့အရာတွေအတွက် ကျွန်တော်တို့ကို ထိခိုက်နာကျင်စေမည့် အရာတွေကို လစ်လျူရှု့ဖို့ ကျွန်တော် ဆုံးဖြတ်ခဲ့သည်။ လွန်ခဲ့သည့် ၁နှစ်လောက်က ချန်ယော်နှင့်ပတ်သက်ပြီး ကျွန်တော့်စိတ်အတွေးတွေ ရှုပ်ထွေးနေခဲ့ဖူးသည်။ ကျွန်တော့် နှလုံးသားကို ငြိမ်းအေးစေခဲ့သော ချန်ယော်၏ အပြုအမူတစ်ချို့တွေမှာ ကျွန်တော် မရှိသင့်သည့် လောဘအချို့ကို ဖြစ်ပေါ်လာခဲ့မိသည်။ သူနှင့်ပတ်သက်ပြီး အရာရာကို လက်ခံနိုင်သည်ဟု မှတ်ယူခဲ့သော ကျွန်တော်က မသိလိုက် မသိဘာသာလေးမှာပင် သူ့အချစ်အား ပုံစံသွင်းပြီး ထိုကဲ့သို့ ချန်ယော်ဆို ကောင်းမည်ဟု စိတ်ကူးနဲ့ တိတိတဆိတ် ရူးသွပ်ခဲ့ပြန်သည်။ နှလုံးသားတစ်ခုလုံးကို ပေးအပ်ချင်လောက်သည်အထိ ကျွန်တော်သည် ပုံရိပ်စစ်မဟုတ်သည့် သူ့အရိပ်ကို မြတ်နှိုးခဲ့သည်။ ကိုယ့်စိတ်နဲ့ကိုယ်ပြန်သတ်နေမိသော ကျွန်တော့် အတွေးတွေက သူ့ကိုလည်း ထိခိုက်ခဲ့ပြန်သည်။ သူသည် ကျွန်တော့် အိမ်မက်မျှော်လင့်ချက်တွေထဲ ကျွန်တော့်ကို မနစ်မွန်းစေချင်၍ ဝေးကွာခြင်းဆိုသည့် အဆုံးသတ်ကို ရွေးချယ်ကာ လမ်းခွဲခဲ့ရသည်။

" မင်း ချက်ချင်းကြီး ဆုံးဖြတ်ချက်ချစရာမလိုပါဘူး"

ကျွန်တော် သူ၏ တွေဝေနေသည့် အကြည့်တွေကို မျက်နာလွဲကာ အဝေးက လှမ်းမြင်နေရသည့် စိမ်းဆိုနေသည့် တောင်တန်းတွေကို ငေးကြည့်လိုက်သည်။ လေအဝှေ့မှာ မိုးသားရနံ့က ခပ်သင်းသင်းရနေသည်။ အချိန်တွေ အများကြီး ရှိနေသေးတယ်လို့ ငါ မပြောချင်ပေမယ့် မင်းအတွက်ဆို အချိန်အားလုံးကို ပေးနိုင်တာမို့ ။

" ငါတို့ အနာဂါတ်ဆိုတာကို နာကျင်မှုကင်းကင်း ဖန်တီးနိုင်ပြီလို့ မင်းယုံကြည် လာတဲ့အချိန်ကျ ငါ့တောင်းဆိုမှုကို လက်ခံပေးပါလား"

ကျွန်တော့်စကားအဆုံးမှာ သူ့ဆီမှ ခပ်တိုးတိုးသက်ပြင်းချသံနှင့်အတူ ခပ်ယဲ့ယဲ့အပြုံးလေးတစ်ခုထွက်ကျလာသည်။ မင်းစိတ်ထဲ ထင်နေတယ်မလား ချန်ယော်။ ငါတို့တွေ တစ်ယောက်ကို တစ်ယောက် ဒါဏ်ရာတွေပဲပေးနေခဲ့တယ်လို့။ ထိုအတွေးကို မှားနေသည်ဟု ကျွန်တော် မပြောနိုင်ပေမယ့် ကျွန်တော်တို့အနာဂါတ်မှာ တစ်ယောက်ကိုတစ်ယောက် လိုအပ်နေသည်ကလည်း ငြင်းမရသည့် အမှန်တရားပင်ဖြစ်သည်။ ထိုအမှန်တရားကို လွန်ခဲ့သည့် ၁နှစ်လုံးလုံး ကျွန်တော် ကြုံတွေ့ခဲ့ပြီးပြီဖြစ်သည်။ ကျွန်တော် မည်မျှလောက် သူ့အား လွမ်းစွတ်နေခဲ့သည်လဲ ကျွန်တော်သာ သိသည်။ နာကျင်မှု စိုးရိမ်မှုများနှင့် ကျွန်တော် အိပ်စက်နေခဲ့ရင်တောင် မနက်ခင်း နှိုးထချိန်တိုင်း ပထမဆုံး ကျွန်တော် တမ်းတမိသည်က ချန်ယော်ဆိုသည့် သူပင်ဖြစ်သည်။ ငါတို့တွေ တစ်နေ့တာလုံးကို ရင်ဆိုင်ကျော်လွှားနိုင်ဖို့ မနက်ခင်းတိုင်း အတူတူနှိုးထသင့်တယ်မလား။

ချန်ယော်က ငြိမ်သက်နေသည့် ကျွန်တော့်အရှေ့တိုးလာကာ ကျွန်တော့်ကို နစ်မြုပ်သွားသည်အထိ ဖက်ထား လေသည်။ ကျွန်တော့် အသက်ရှုသံက သူ့ရင်ခုန်သံနှင့်အတူ စည်းချက်ကျနေခဲ့သည်။ စူးစမ်းစွာကြည့်နေကြသည့် လူတွေအကြည့်ကို မျက်ကွက်ပြုရင်း ကျွန်တော် သူ့ရင်ခွင်ထဲမျက်နာအပ်ကာ သူ့ကို ပြန်ကာဖက်ထားလိုက်သည်။

" မင်းကို မထိခိုက်စေချင်ဘူး ဂျောင်ဆူး"

ငါ သိတာပေါ့ ချန်ယော်ရာ။ မင်း အတွက် အရာရာက ငါ ဆိုတာကို။

" တစ်ချိန်မှာ နောင်တရမှာမျိုး မင်းဖြစ်မှာကို ငါအကြောက်ဆုံးပဲ"

ငါ့နောင်တက မင်းအတွက် အနာကျင်ရဆုံးဒါဏ်ရာဖြစ်စေမှာမို့ ငါလည်း ကြောက်တယ် ချန်ယော်။

" မင်း အကြောက်ဆုံးတွေကို ရင်ဆိုင်နိုင်ပြီလို့ ထင်တဲ့အချိန်အထိ ငါစောင့်နေမှာပါ "

************************************************************************

ဘူ...ဘော. . . ။

အရှိန်ဖြင့် မောင်းနှင်လာသည့် ရထားကြီးက ရှီဘုယဘူတာသို့ ရောက်တော့မည်မို့ထင်သည် ဥဩဆွဲသံကြီး မြည်ထွက်လာသည်။ စပီကာဘောက်များဆီမှ ဂျပန်စကားသံနှင့် မိန်းကလေးတစ်ဦး၏ စကားသံတွေထွက်ကျလာသည်။ ဂျပန်စကားကို သေချာနားမလည်ပေမယ့် ရှီဘုယဟူသော စကားလုံးကြောင့် ကျွန်တော်တို့ ဆင်းရမည့် နေရာဆိုသည်ကို သိလိုက်သည်။ ကျွန်တော့်နဘေးတွင်ထိုင်နေသော ချန်ယော်ကို လှည့်ကြည့်လိုက်တော့ ကျွန်တော့်အမေးကို သိနေ သလိုပုံစံဖြင့် ခေါင်းငြိမ့်ပြလာသည်။ ဟုတ်သားပဲ။ ချန်ယော်က ဂျပန်စကားကို အနည်းငယ်နားလည်သူပဲ။ တစ်ခါတစ်လေ ချန်ယော်၏ လေ့လာနိုင်မှုအရည်အချင်းများကို အံ့ဩမိသည်။ ကျောင်းတက်စဉ်ကပင် တူရိယာမျိုးစုံတီးခတ်နိုင်ခဲ့သူဖြစ်၍ နာမည်ကြီးခဲ့သူဖြစ်သည်။ ချန်ယော်သည် မည်သည်အရာကိုမဆို သင်ယူလေ့လာဖို့ တွန့်ဆုတ်နေတတ်သူမျိုး မဟုတ်ပေ။ သူ မသိနားမလည်သည့် အရာမှန်သမျှကို လေ့လာနေဖို့ အစဉ်အမြဲစိတ်အားထက်သန်သူမျိုးဖြစ်သည်။

" လာလေ"

အနည်းငယ်အတွေးများနေသော ကျွန်တော့်အား သူက အရှေ့မှ ရပ်ကာ လမ်းကမ်းပေးလေသည်။ ကျွန်တော် မသိမသာလေးပြုံးပြလိုက်ပြီး ကမ်းပေးသည့် သူ့လက်ကို လှမ်းကိုင်လိုက်သည်။ လက်တစ်စုံရဲ့ နွေးထွေးမှုကို ကျင့်သားရ နေပါလျှက် ရင်ခုန်မှုကတော့ ဘယ်တော့မှ ငြိမ်သက်မသွားခဲ့။

ဘူတာမှ စတင်ထွက်လာသည်နှင့် လမ်းမတစ်လျှောက် မြင်နေရသည့်မြင်ကွင်းကြောင့် ကျွန်တော် ခဏမျှ ဆွံ့အနေခဲ့သည်။ ဆေးရောင်စုံများနှင့် လူအများ။ ဝတ်စုံမျိုးစုံနှင့် လူအများ။ တစ်နည်းပြောရလျှင် ဂျပန်နိုင်ငံ၊ တိုကျိုမြို့အနီးရှိ ရှီဘုယသရဲပွဲတော်။ သရဲပွဲတော်ဆိုသည့် ဟောလဝင်းပွဲတော်များကို ကျွန်တော် ပျော်ခဲ့ လည်ခဲ့ဖူးပေမယ့် အခုမြင်ကွင်းကတော့ ကျွန်တော့်ကို အထူးအံ့ဩစေသည်။ ကျွန်တော်တို့ ဆိုးလ်ရှိ အီထယ်ဝန်ရပ်ကွက်တွင် ပြုလုပ်ကြသည့် ပွဲတော်နှင့်လားလားမှမဆိုင်သလိုပင်။ နှစ်စဉ် အောက်တိုဘာလ နောက်ဆုံးပါတ်တွင် ကျင်းပလေ့ရှိသည့် ရှီဘုယသရဲပွဲတော်သည် ဂျပန်နိုင်ငံ၏ နာမည်ကြီး ပျော်ပွဲရွှင်ပွဲတစ်ခုထဲ အပါအဝင်ဖြစ်သည်ဆိုတာ ငြင်းချက်ထုတ်စရာမရှိခဲ့။

ကြည့်စမ်း။ လူတွေ ပျော်ရွှင်နေလိုက်ကြတာ။ မျက်နှာဖုံးတွေအောက်မှာ ၊ ဆေးရောင်ခြယ် မျက်နှာတွေအောက်မှာ သူတို့ပျော်ရွှင်မှုကို အတိုင်းသားမြင်နေရသည်။ အများစုကတော့ လက်ရှိခေတ်စားနေသော ဇာတ်ကောင်များ၏ အပြင်အဆင်များနှင့်ဖြစ်ပြီး တစ်ချို့တလေကတော့ ကျွန်တော် မသိသည့် အဝတ်စားမျိုးတွေနှင့်။ ခရီးသွားအချို့မှလွဲရင် အကုန်လုံး ဆေးခြယ်ထားကြသည်။

" မနက်က ဘတ်ခ်ဟွန်း ဖုန်းဆက်တယ်မလား"

သူ့ဆီမှ မေးခွန်းက ဆူညံနေသည့် လူအုပ်ကြီးထဲ မပီမပြင်ထွက်ကျလာသည်။ သီးချင်းသံတွေ လူသံတွေကြား ကျွန်တော် သူ့လက်တစ်ဖက်ကို လွတ်ထွက်သွားမည့် ကလေးငယ်လို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်ထားနေမိဆဲပင်။ ကျွန်တော့် အတွေးထဲ လူအုပ်ကြား ပျောက်သွားဖူးသည့် သူနှင့်ကျွန်တော့်အဖြစ်အပျက်ကို မြင်ယောင်လာကာ အနည်းငယ် စိတ်မောလာမိပြန်သည်။ ချန်ယော်ပြောသလို ကျွန်တော်တို့ ဒါဏ်ရာကင်းကင်းနှင့် ရှေ့ဆက်နိုင်ပါ့မလားဆိုသည့် စကားလုံး။ တကယ် မလွယ်ကူခဲ့ဘူးထင်ပါရဲ့။

" သူတို့ ဟန်းနီးမွန်းခရီးက ပြန်ရောက်ပြီဆိုတာ ပြောတာပါ။"

အမှန်တော့ ဘတ်ခ်ဟွန်းတို့ ဘာလီခရီးစဉ် ၊ မောဒိုက်ခရီးစဉ်က ပြန်ရောက်၍ အသိပေးသည်ဆိုသည်ထက် ကျွန်တော် သူ့အား လက်ထပ်ခွင့်တောင်းထားသည့် ကိစ္စ၏ အခြေအနေကို သိချင်၍ ဘတ်ခ်ဟွန်း ဖုန်းဆက်ခြင်းသာဖြစ်လိမ့်မည်။ လွန်ခဲ့သည့် ၆လခန့်က ကျွန်တော် သူ့ဆီ လိုက်မလာခင်အချိန်ကတည်းကပင် ကျွန်တော် ထိုလက်စွပ်ကို လုပ်ခဲ့သည်ကို ဘတ်ခ်ဟွန်းသိသည်။ သိသည်ဆိုသည်ကလည်း ဘတ်ခ်ဟွန်း ရှု့မင်အတွက်လု်သည့် ဆိုင်တွင်ပင် ကျွန်တော် လုပ်ခဲ့သော်ကြောင့်ဖြစ်သည်။ ထိုအချိန်က ဘယ်အချိန်ပေးမှာလဲဆိုပြီး တတွတ်တွတ်လိုက်မေးနေသည့် ဘတ်ခ်ဟွန်းစကားတွေကို အခြေအနေအရပေါ့ဆိုပြီး ကျွန်တော် ဖြေခဲ့ဖူးသည်။ အမှန်ပင် ကျွန်တော် ထိုလက်စွပ်ကို သူ့လက်တွင် စွပ်ပေးရန် ခွန်အားမဲ့နေခဲ့မိသည်။ အရာရာဟာ ပိုဆိုးဝါးသွားမလားဆိုသည့် အတွေးများကို သူ့နည်းတူ ကျွန်တော်လည်း တွေးခဲ့မိသည်။ ဒါပေမယ့် အဆိုးဆုံးဆိုသည့်အရာများကို ကျွန်တော် သူနှင့်အတူသာ ရင်ဆိုင်ချင်သည်။ မဟုတ်ဘူး ။ ကျွန်တော် သူနှင့်အတူသာ ထိုအဆိုးဆုံးတိုသည့်အရာများကို ရင်ဆိုင်နိုင်လိမ့်မည်ဖြစ်သည်။

လူအုပ်ထဲမှ တစ်ချို့တစ်လေက ကျွန်တော်တို့နှစ်ယောက်ကို ဆေးခြယ်ဖို့ အဝတ်စားလဲဖို့ လာပြောနေကြပြီး အချို့က သကြားလုံးများ လိုက်ဝေပေးလာကြသည်။ ပွဲတော်တွင် ခရီးသွားများကို အဆင်ပြေစေချင်ရန်အတွက် ဝတ်စုံများလဲရန် Donki ဆိုင်များ ရှိနေသည်။ ကျွန်တော် သူ့အား အဝတ်အစားလဲမလားမေးပေမယ့် သူက အဝတ်အစားမလဲပဲ မျက်နာတွင်သာ ဆေးခြယ်ရန် ဆုံးဖြတ်လိုက်သည်။ ထိုကြောင့် နှစ်ယောက်သား ဆေးခြယ်ပေးနေသည့် လူအုပ်ထံ သွားလိုက်သည်။ ကျွန်တော်တို့လာသည့် ရင်းနှီးစွာဆီးကြိုကြသော လူတွေဆီက နားမလည်သည့်စကားဆိုပေမယ့် ချန်ယော်ကို ကြည့်နေသည့်အကြည့်ကတော့ ချောလိုက်တာဆိုသည့် မျက်လုံးများနှင့်။ ဒါပေမယ့် ချန်ယော်ဘေးက ကျွန်တော်ကို မြင်တော့ အလိုလိုရှိန်သွားကြပြန်သည်။ ကျွန်တော့်မျက်နှာကုိ ဆေးခြယ်နေချိန် ချန်ယော်က ထိုလူများနှင့် စကားဖေါင်ဖွဲ့နေပြန်သည်။ လူတကာနှင့် ရင်းနှီးဖို့ လွယ်ကူလှသည့် ချန်ယော်က ဘယ်နေရာရောက် နေရာမပျောက်တတ်ချေ။ တစ်ချက်ချက် ချန်ယော်စကားများမှာ လူများက ကျွန်တော့်ကို ကွက်ကြည့်ကြည့်ဖြစ်နေကြသည်။ ကျွန်တော်နှင့် ချန်ယော် မျက်နှာတွင် ရောင်စုံကာလာများကို အစင်းလိုက်ဒီဇိုင်းဆွဲပေးအပြီးမှာ တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ရီလိုက်မိသည်။ အနားမှ လူတွေကတော့ အရမ်းကြည့်ကောင်းတယ်ဆိုသည့် စကားကို အင်္ဂလိပ်လိုပြောလာကြသည်။

" လာ၊ သွားမယ်"

ကျွန်တော် အရှေ့မှ ထွက်သွားသည့် ချန်ယော်အနောက် လိုက်လာခဲ့သည်။ အခုလိုကျတော့ လူအုပ်ထဲ ကျွန်တော်တို့ သူသူငါငါ ဖြစ်သွားကြသည်။ လယ်သာဂျက်ကက်နှင့် ဂျင်းဘောင်ဘီညစ်ညစ်ကို ဝတ်ထားသည့် ချန်ယော်ကတော့ ဆေးခြယ်ထားသည့် မျက်နာနှင့်လည်း အမှန်ကြည့်ကောင်းနေခဲ့သည်။

" စောစောလူတွေနဲ့ ငါ့အကြောင်းပြောနေတာမလား"

ချန်ယော်ဆီက အငြင်းစကားအစား မျက်ခုံးအပင့်တစ်ချက်သာ ရလာသည်။

" မညာနဲ့ ။ ဘာတွေပြောကြတာလဲ"

သူက ပါးချိုင့်တစ်ဖက်ကို ထင်သွားလောက်သည်အထိ နှုတ်ခမ်းကို တစ်ဖက်သို့ ကွေးလိုက်ပြီး။

" ငါ့ ချစ်တဲ့သူကို လှလှလေးခြယ်ပေးပါလို့"

ကျွန်တော် မပီမသ လှောင်ပြုံးကို တစ်ချက်ပြုံးလိုက်သည်။ မီးရောင်ကြား သူ့အကြည့်က ရုတ်တရက် စူးရှလာခဲ့သည်။

" မင်း အဲ့လို မပြုံးစမ်းနဲ့။ "

". . . . . "

" ကိုယ် ဆွဲနမ်းပစ်လိုက်မှာနော်"

ကျွန်တော် ခြေလှမ်းတွေ ရပ်တန့်သွားခဲ့သည်။ အလန့်တကြား သူ့ကို လှည့်ကြည့်လိုက်တော့ စိုက်ကြည့်နေသော သူ့အကြည့်က အဓိပ္ပါယ်ပေါင်းများစွာနှင့်။ ကိုယ်။ နာမ်စားလေးတစ်ခု။ ရင်မခုန်သင့်ဘူးလို့ ကျွန်တော် စိတ်ထဲ ဆုံးဖြတ်ထားပေမယ့် ကျွန်တော့် အားနည်းချက်အားလုံးထဲ ထိုနာမ်စားက အဆိုးဝါးဆုံးတစ်ခုဖြစ်ခဲ့လေတော့။ ကျွန်တော် သူ့အကြည့်ကို ရှောင်လွဲကာ တစ်ဖက်သို့ မျက်နာ လွှဲလိုက်မိသည်။ ဒီလိုအချိန်ဆို ငါ့မျက်ဝန်းက မက်မောမှုတွေက မင်းအတွက်အစစ်အမှန်ရော ဟုတ်ရဲ့လားဆိုတဲ့ အသိက ငါ့ကို ရူးသွပ်စေတယ် ချန်ယော်။ မင်းကို အစစ်အမှန် မပေးနိုင်ဘူးဆိုပြီး မင်းစိတ်ပျက်သွားမှာကိုလည်း သေလောက်အောင်ကြောက်မိပြန်တယ်။

သူ့ ခြေတစ်လှမ်းတိုးလာခဲ့သည်ကို ကျွန်တော်သူ့ခြေထောက်လှုပ်ရှားမှုကြောင့် သတိထားလိုက်မိသည်။

" ငါ့ကို ကြည့် ဂျောင်ဆူး"

ဘာက ကျွန်တော့်ကို တွေဝေနေစေလည်း ကျွန်တော် စဉ်းစားမရ။ သူနှင့် ပြန်တွေ့ချိန်မှစ၍ သူ့မျက်နာ အစိတ်အပိုင်း တစ်ခုစီတိုင်း၊ သူ့အပြုအမူ လှုပ်ရှားမှုတစ်ခုစီတိုင်းကို မှတ်သားနေခဲ့သည့် ကျွန်တော့်အပြုအမူကို သူ သတိထားနေခဲ့သည်လား။

" ကိုယ်ကို ကြည့် ဂျောင်ဆူး"

ကျွန်တော် ဖြေးညင်းစွာလှည့်ကြည့်လိုက်တော့ အစဉ်အမြဲ နားလည်ပေးခဲ့သော မျက်ဝန်းလေး။ ချန်ယော်သည် ဟိုးအရင်အချိန် ကျွန်တော်တို့ စတွေ့ဆုံးစဉ်ကတည်းက ကျွန်တော့်စိတ်ကို ထိုးဖေါက်မြင်နိုင်သူပင်ဖြစ်သည်။

" ငါ မင်းကို ဘယ်အချိန်မှာ စ ချစ်မိသွားလဲ သိလား"

ကျွန်တော် ခေါင်းကို ခါယမ်းလိုက်သည်။ စိတ်ပျက်သွားမလား ။

" ငါ့ကို လမ်းခွဲရအောင်လို့ ပြောပြီး မင်းမျက်ရည်ကျခဲ့တဲ့ အချိန်က စပြီး"

ကျွန်တော့်အတွးထဲ ကျွန်တော့်တစ်ယောက်တည်းကိုသာ မေ့လျော့နေခဲ့သော ချန်ယော်က ကျွန်တော့်ဆီ ပြန်ရောက်လာချိန် အရာအားလုံးကို အဆုံးသတ်စေချင်၍ လမ်းခွဲစကားပြောခဲ့သည့် ကျွန်တော်တို့ အဖြစ်အပျက်ကို မြင်ယောင်လာသည်။ ထိုအချိန်က ချန်ယော်၏ နူးညံ့သိမ်မွေ့မှုတွေက ကျွန်တော့်အတွက် အကြီးမားဆုံးလောဘကို ဖြစ်စေခဲ့သည်။

" မင်း အခန်းက ရေပိုက်ပြင်နေရင်း ငါတို့ ရေစိုခဲ့တဲ့ အချိန်က "

ကျွန်တော် အသက်ကို ခပ်လေးလေးရှုထုတ်လိုက်မိသည်။ ကျွန်တော် မေ့ပစ်ချင်ခဲ့သည့် နေ့ရက်ထဲက တစ်ရက်။ ဒါပေမယ့် ထိုအရာက သူ့အတွက် အမှတ်တရတစ်ခုဆိုတော့။ ကျွန်တော် စိတ်တွေ မောပန်းလာခဲ့သည်။

" ပြီးတော့ ငါ ဆေးရုံမှာတုန်းက ငါ့မေးခွန်းတွေကို တစ်ခွန်းမှ မဖြေပဲ မျက်စောင်းထိုးလိုက်တဲ့ မင်းအပြု အမူလေးတစ်ခု"

ကျွန်တော် ဘာရယ်မသိ ။ ဒီနေရာက ကွယ်ပျောက်သွားချင်မိသည်။ လူတွေအများကြီးက ကျွန်တော့်ကို မွန်းကျပ်စေ သည်လား။ မီးရောင်စုံတွေက ကျွန်တော့်ကို ပင်ပန်းစေခဲ့သည်လား။ မဟုတ်နိုင်ပါ။ ကျွန်တော့်စိတ်ကို အရာရာဖန်တီးစေနိုင်သူက ကျွန်တော့်အရှေ့က ချန်ယော်ပင်။ အကုန်လုံးကို သူ မှတ်မိနေခဲ့ပြီပေါ့။ အရာရာတိုင်းဟာ လှပနေတာမဟုတ်ပေမယ့် ကောင်းမွန်တဲ့ အမှတ်တရတွေပဲ မင်းကို မြင်စေချင်ခဲ့တာပါ။

" ဒါပေမယ့် ဘယ်အချိန်က ငါ မင်းကို အချစ်ခဲ့ဆုံးလည်း သိလား ဂျောင်ဆူး"

ကျွန်တော် သူ့မျက်နာကို ငေးကြည့်နေမိဆဲပင်။ ဆေးရောင်ခြယ်မျက်နာက သူ့မျက်ဝန်း၏ တောက်ပမှုကို အရောင်ဖျော့မသွားခဲ့။ အရည်လဲ့လဲ့နှင့် ကြယ်တာရာလို လင်းလက်နေသည့် ဒီမျက်ဝန်းလေး။

သူ ထပ်မံ၍ ကျွန်တော့်အရှေ့ ခြေတစ်လှမ်းတိုးလာခဲ့သည်။

" မင်း မိဘတွေရှေ့မှာ ငါ့ကို ချစ်တယ်လို့ ဝန်ခံခဲ့တဲ့ အချိန်"

သူ ခါးလေးကိုင်းကာ ကျွန်တော့်မျက်နာနား ကပ်လာခဲ့သည်။ ပြီးတော့ နဖူးပေါ်ရှိ ကျွန်တော့်ဆံပင်များကို တို့ထိရင်း။

" အဲ့အခိုက်အတန့်လေးကတင် ငါ့အတွက် အရာရာပြည့်စုံနေစေတာမို့ မင်း ဘယ်လို ခံစားမှုပဲထားထား ငါ အဆင်ပြေတယ် ဂျောင်ဆူး"

ရှိုက်သံမဲ့စွာပင် ကျွန်တော့်ပါးပြင်ထက် မျက်ရည်များ စီးကျလာခဲ့သည်။ သူက သူ့လက်ဖဝါးနွေးနွေးဖြင့် ကျွန်တော့်ပါးပြင်က မျက်ရည်စတို့ကို ညင်သာစွာ သုတ်ယူပေးတော့ ကျွန်တော် အိမ်မွေးကြောင်လေးတစ်ကောင်လို သူ့လက်ဖဝါးကို ပါးပြင်နှင့်ပွတ်သပ်လိုက်နေမိသည်။

"အရာရာတိုင်းက လွန်ခဲ့တဲ့ ၁၃နှစ်ကျော်လောက်က ငါ့အရှေ့ မင်းရောက်လာပြီး ဂျုံအင်သူငယ်ချင်း ပါလို့ နှုတ်ဆက်စကားသံကနေ စတင်ခဲ့တာမို့ ၊ မင်းက စပြီး ငါ့ကို လက်ကမ်းပေးခဲ့တာမို့ "

သူ စကားသံကို ခဏရပ်တန့်ကာ ကျွန်တော့်ကို ထွေးပွေ့လာခဲ့သည်။

" အနာဂါတ်မှာ ငါတို့ အတူတူ ကုန်ဆုံးရအောင် ဂျောင်ဆူး"

ကျွန်တော် သူ့ကို ပြန်ကာ ထွေးပွေ့လိုက်သည်။ ရင်ဘက်ထဲ နာကျင်မှုအနည်းငယ်ရှိနေခဲ့ပေမယ့် ကြည်နူးမှှုက ပိုမိုများပြားနေသည်ဟု ခံစားရကာ ကျွန်တော် ပြုံးလိုက်မိသည်။ သူက ကျွန်တော့် ဆံပင်များကို သူ့နှုတ်ခမ်းအိအိဖြင့် နစ်ဝင်သွားမတတ် ဖိနမ်းလိုက်ပြီး။

" ငါက ငါပဲမို့ ။ ငါက မင်းကိုပဲ ချစ်တာမို့ ငါတို့ လက်ထပ်ရအောင် ဂျောင်ဆူး"

" ချန်ယော်"

" ဟင့်အင်း။ ငါ မင်းကို လက်ထပ်ချင်တယ် ဂျောင်ဆူး။ ငါ့ကို လက်ထပ်ပါ"

ကျွန်တော် သူ့အား ကလေးတစ်ဦးလို လွတ်ထွက်ထားမတတ် ဖက်လိုက်မိတော့သည်။

**********************************************

ကိုယ့်ရဲ့စာအုပ်ကို အမှတ်တရ သိမ်းထားသည်ဖြစ်စေ၊ အခြေအနေအရပ်ရပ်ကြောင့် မဝယ်ဖြစ်လိုက်ဘူးဖြစ်စေ၊ လိုအပ်ချက်တွေ ရှိနေခဲ့တဲ့ ကိုယ့်စာအုပ်လေးကို မှာယူခဲ့သူတွေကိုရော ၊ ကိုယ့်ဇာတ်လမ်းလေးကို အဆုံးထိ ဖတ်ပေးခဲ့သူတွေကိုရော အားလုံးကို ချစ်ပါတယ်လို့ ။
နှစ်သစ်ကို ပျော်ရွှင်စရာနဲ့ဖြတ်သန်းနိုင်ကြပါစေနော်။

၂၀၂၁ မှာ ထပ်တွေ့ကြရအောင်။

&&&&&&&&&&&&&&&&

(Zaw)

အထင္မလြဲလိုက္ပါနဲ႔ ခ်စ္ရသူ. . . ။
ရင္ဘက္ထဲ ခဏတာ ဝင္လို႔ရမယ္ဆိုရင္. . . ။
စာနာတတ္သူ မင္းအတြက္ နားလည္ႏိုင္မွာပါ. . . ။
အတုေယာင္သစၥာေတြမွာ မလိုအပ္ခဲ့ေပမယ့္. . . ။
စစ္မွန္တဲ့ ေမတၱာမွာေတာ့ သဝန္တိုျခင္းဆိုတာ မရွိမျဖစ္ အရာတစ္ခုေလ. . .။
ဒါေၾကာင့္. . .။
မင္းရဲ႕ ပထမဆုံး မျဖစ္ႏိုင္ခဲ့ရင္ေတာင္ . . .။
ေနာက္ဆုံး အခ်စ္နဲ႔ အခ်စ္ဆုံးေတာ့ ငါ့ကို ျဖစ္ခြင့္ေပးပါ ခ်စ္ရသူ. . .။

*************************************************************************

ေကာင္းကင္ႀကီးတစ္ခုလုံး မိုးတိမ္မ်ားႏွင့္ အုံးမႈိင္းေနေပမယ့္ ကြၽန္ေတာ့္အေရွ႕က ျမင္ကြင္းကေတာ့ မႈိင္းအုံ႔အုံ႔တိမ္လႊာၾကားမွာ သဘာဝက်က် လွပေနခဲ့သည္။ ခ်န္ေယာ္ မွတ္စုစာအုပ္ရွိ စာရင္း၏ ၁၆ ခုေျမာက္ ေနရာျဖစ္သည့္ Great Wall မဟာတံတိုင္းႀကီးသည္ စက္တင္ဘာလ၏ မိုးရိပ္မ်ားအၾကား ခန္းနားထည္ဝါလွ်က္ ရွိေနေလသည္။ လြန္ခဲ့သည့္ ၂ပါတ္ခန႔္က ပါရီၿမိဳ႕တြင္ သူ႔အား ကြၽန္ေတာ္ ေတြ႕စဥ္မွ စ၍ ျပင္သစ္ႏိုင္ငံအႏွံ ခရီးစဥ္တြင္ သူႏွင့္အတူ ကြၽန္ေတာ္ပါ လိုက္ပါလာခဲ့သည္။ သူကေတာ့ ဆိုးလ္ကို အရင္ျပန္ႏွင့္ရန္ေျပာေသာလည္း ကြၽန္ေတာ့္ ယခုတစ္ႀကိမ္တြင္လည္း သူ႔စကားအား နားမေထာင္ခဲ့ေခ်။ အလုပ္ေတြကို ပစ္ထားခဲ့သည္ဆိုရင္ေတာင္ ကြၽန္ေတာ္ သူ႔အိမ္မက္ေတြကို အတူတူ ဖန္တီးေပးခ်င္သည္။ ကြၽန္ေတာ္ သူ႔ အေတြးေတြအား အတူတူ ေဆးျခယ္ခ်င္သည္။ ထို႔ေၾကာင့္ သူႏွင့္အတူတူ ခရီးထြက္ရန္ ဆုံးျဖတ္ထားမိသည္။
(ဘယ္အေၾကာင္းအရာကိုမွ မေတြးေတာပဲ တစ္ခါေလာက္ ငါတို႔ႏွစ္ေယာက္အတူတူ လြတ္လြတ္လပ္လပ္ ေနၾကည့္ရေအာင္လား။ အရာအားလုံးကို ငါတို႔ ေမ့ႏိုင္ၿပီလား။ အရာအားလုံးကို ငါတို႔ လက္ခံႏိုင္ၿပီလား။ ၿပီးေတာ့ အရာအားလုံးကို ငါတို႔ စြန႔္လႊတ္ႏိုင္ၿပီလားဆိုတာ သိျမင္လာေအာင္ ။ ခဏေလာက္ အတူတူ ရွိေနရေအာင္လား။)

ကြၽန္ေတာ့္ အိမ္မျပန္ရန္ သူလည္း ခရီးမထြက္ေတာ့ဘူးလို႔ ေျပာလာသည့္ သူက ကြၽန္ေတာ့္ ၏ ထိုစကားမွာ ေတြေဝကာ စဥ္းစားၿပီး လက္ခံခဲ့သည္။ အခ်ိန္ေတြ အမ်ားႀကီး ကြၽန္ေတာ္တို႔ ျဖဳန္းတီးမိခဲ့ၿပီးၿပီပဲ ။ နာက်င္ျခင္းကို ေဝးကြာျခင္းအျဖစ္ ေနာက္ထပ္ ကြၽန္ေတာ္ မဖန္တီးခ်င္ေတာ့။ အစဥ္အၿမဲ ကြၽန္ေတာ့္အား နားလည္ေပးခဲ့သူ ခ်န္ေယာ္အား နာက်င္ေစခဲ့သူမွာ ကြၽန္ေတာ္ ကိုယ္တိုင္မျဖစ္ေစခ်င္ေတာ့။

" ေမာေနၿပီလား"

မဟာတံတိုင္းႀကီး၏ ေဘးဖက္အုတ္တံတိုင္းကို ထိန္းကာ ခပ္ေျဖးေျဖး အသက္ရႈထုတ္ေနသည့္ ကြၽန္ေတာ့္ကို ၾကည့္ရင္း ၿပဳံးၿပဳံးေလး သူေျပာလာေလသည္။ ဟိုအရင္အခ်ိန္ကတည္းက အားကစားလိုက္စားသူ သူ႔အတြက္ကေတာ့ မဟာတံတိုင္း၏ View point တစ္ခုျဖစ္သည့္ Mutiangu Great Wall ၏ အကြာအေဝးက ထင္သေလာက္ ပင္ပန္းမည္မထင္ပါ။ ဒါေပမယ့္ အားကစားဆိုသည္ကို စိတ္ကူးေပါက္မွ ထထလုပ္သည့္ ကြၽန္ေတာ့္အတြက္ေတာ့ အခုခရီးစဥ္က ထင္ထားသည္ထက္ ေမာပန္းေစသည္။ ယခု ကြၽန္ေတာ့္အေရွ႕က စိမ္းစိုေနသည့္ သဘာဝျမင္ကြင္းမ်ားကိုသာ မျမင္ရလွ်င္ ကြၽန္ေတာ္ အေမာခံႏိုင္မည္မထင္ပါ။

" ဒါေပမယ့္ ေမာရႀကိဳး နပ္ပါတယ္"

ကြၽန္ေတာ္ တ႐ုတ္ျပည္၏ အထင္ကရျဖစ္သည့္ ဂုဏ္ယူဖြယ္ရာ မဟာတံတိုင္းကို ေမးေငါ့ကာ ေျဖလိုက္သည္။ အစိုးရ႐ုံးပိတ္ရက္ႏွင့္ စေန၊ တနဂၤေႏြရက္မ်ားတြင္ဆို မဟာတံတိုင္းႀကီးေပၚ ခရီးသြားမ်ားႏွင့္ ျပည့္ႏွက္ေနတတ္သည္ဆိုေသာေၾကာင့္ သူႏွင့္ကြၽန္ေတာ္ အခုလို ၾကားရက္ကို ေ႐ြးခ်ယ္ကာ လည္ပတ္လိုက္သည္က မွန္သည္ဟု ဆိုရမည္။ ခရီးသြားမ်ား ရွိေနသည္ဆိုေပမယ့္ တံတိုင္း၏ သဘာဝအလွ ခန္းနားႀကီးက်ယ္မႈမ်ားကို ေမွးမွိန္ေလာက္သည္အထိ လူမ်ား ျပည့္သိပ္မေနခဲ့။

" ဘာလို႔ မင္း အသြားခ်င္ဆုံး ေနရာထဲ ဒီေနရာကို ေ႐ြးခဲ့တာလဲ"

ကင္မရာကို ကိုင္ၿပီး ရႈ႕ခင္းမ်ားကို ေသခ်ာစြာ႐ိုက္ကူးေနေသာ ခ်န္ေယာ္က ကြၽန္ေတာ့္ေမးကို ခ်က္ခ်င္းမေျဖေသး။ ကင္မရာထဲမွ သူကိုယ္တိုင္ ႐ိုက္ကူးထားသည့္ ပုံကို တစ္ခ်က္ျပန္ၾကည့္ေနေလသည္။ ကြၽန္ေတာ္ တံတိုင္းကို ေက်ာမွီၿပီး သူ႔ကို ေငးၾကည့္ေနေလသည္။ အနီးအနားတဝိုက္တြင္ေတာ့ တ႐ုတ္မေလးမ်ား၏ ခပ္စြာစြာ စကားသံမ်ား၏ ခရီးသြားမ်ား၏ ဘာသာမတူစကားသံမ်ား အစုံအလင္ၾကားေနရသည္။

ခ်န္ေယာ္က ကင္မရာကို ၾကည့္ေနရာမွ ကြၽန္ေတာ့္ကို ၾကည့္လာသည္။ ၿပီးေတာ့ အေနာက္တြင္ လွမ္းျမင္ေနရသည့္ မဟာတံတိုင္းႀကီးကို တစ္ခ်က္ၾကည့္လိုက္သည္။

" ၂၁ရာစုလို ေခတ္မ်ိဳးမွာမဟုတ္ပဲ လြန္ခဲ့တဲ့ ဘီစီ ၄၄၅ မွာ စတင္ၿပီး တည္ေဆာက္ခဲ့တဲ့ ဒီတံတိုင္းႀကီးရဲ႕ သမိုင္းကိုလည္း စိတ္ဝင္စားခဲ့ၿပီး၊ လူသားေတြရဲ႕ အဆုံးမသတ္ႏိုင္တဲ့ ဖန္တီးႏိုင္မႈကိုလည္း ခံစားခ်င္လို႔။ "

". . . . . . "

" တကယ္လည္းေရာက္လာေတာ့ ခ်င္မင္းဆက္ရဲ႕ ပထမဆုံးအင္ပါယာကို တည္ေထာင္ခဲ့တဲ့ ဘုရင္ Qin Shi Huang ရဲ႕ Warring State ေခတ္မွာ တိုင္းျပည္ကို ကာကြယ္ဖို႔ ေဆာက္လုပ္ထားတဲ့ တံတိုင္းေတြကို ခ်ိတ္ဆက္ဖို႔ စေတြးခဲ့တဲ့ အေတြးကိုလည္း အထင္ႀကီးမိတယ္။ အဲ့စိတ္ကူးကေနတဆင့္ တ႐ုတ္ျပည္ရဲ႕ ခန္းနားမႈကို စတင္ဖန္တီးႏိုင္ခဲ့တာ မလား။"

အညိဳေရာင္ဆံႏြယ္မ်ားေအာက္က ၿပဳံးလိုက္လွ်င္ ေကာ့ၫႊတ္သြားတတ္သည့္ ခ်န္ေယာ္၏ မ်က္ဝန္ေလးမွ စိတ္အေတြးကို လွမ္းဖတ္ၾကည့္ရင္း ကြၽန္ေတာ္ ခပ္ေရးေရးၿပဳံးလိုက္မိသည္။ အိမ္မက္ေတြေရာ ၊ အေတြးေတြေရာ၊ စိတ္ကူးေတြေရာ လွပေနသည့္ သူက ႏွလုံးသားေရာ လွပသည္ကေတာ့ ျငင္းဖြယ္ရာမရွိ။ ထိုလွပသည့္ ႏွလုံးသားထဲမွ အခ်စ္ေတြကို ကြၽန္ေတာ္ တစ္ဦးတည္သာ ပိုင္ဆိုင္ေနခဲ့ရသည္ကို အရင္အခ်ိန္မ်ားတုန္းကေတာ့ အၿမဲအံ့ဩၿပီး မယုံၾကည္ႏိုင္ျဖစ္ခဲ့သည္။ ၿပီးေတာ့ သူ၏ ၿပီးျပည့္စုံျခင္းေတြက ကြၽန္ေတာ့္အား ထိတ္လန႔္ေၾကာက္႐ြံ႕ေစခဲ့ဖူးသည္။ ပိုင္ဆိုင္ၿပီးမွ ဆုံးရႈံးလိုက္ရသည့္ နာက်င္ျခင္းကို ေၾကာက္လန႔္၍ ကြၽန္ေတာ့္ အစဥ္အၿမဲ ႏွလုံးသား ဖိႏွိမ့္ထားခဲ့ဖူးသည္။ ခ်န္ေယာ္မရွိလည္း ေကာင္းေကာင္းေနႏိုင္ရမည္ဟူၿပီး တြဲလက္မ်ားျဖဳတ္ခ်ခဲ့ဖူးသည့္ ကြၽန္ေတာ္က ခ်န္ေယာ္မရွိခ်ိန္မွာ ေကာင္းေကာင္းႀကီး လဲၿပိဳခဲ့ဖူးသည္။ လဲၿပိဳေနခ်ိန္တိုင္း သူ ျပန္ေရာက္လာမွာပါဆိုသည့္ မသိစိတ္က ယုံၾကည္မႈေတြနဲ႔ ခဏခဏ အားတင္းခဲ့ဖူးသည္။

ဒါေပမယ့္ အမွတ္တကယ္ပင္ ခ်န္ေယာ္သည္ ကြၽန္ေတာ့္အနား ျပန္လာခဲ့သည္။

" တကယ္ေတာ့ ႀကီးက်ယ္ခန္းနားမႈေတြရဲ႕ အစက စတင္မႈေသးေသးေလးကပဲ အေျခခံလာတာပဲေနာ္"

ကြၽန္ေတာ့္စကားမွာ သူ ကြၽန္ေတာ့္ကို ေတြေတြေငးၾကည့္လာခဲ့သည္။ ကြၽန္ေတာ္ အဆုံးအစမဲ့ လွပေနေသာ တံတိုင္းႀကီးကို တစ္ခ်က္ေငးၾကည့္လိုက္သည္။

" ငါတို႔လည္း မင္းရဲ႕ ေရွ႕ေျခလွမ္းတစ္လွမ္းတိုး စလာတာကေန အစျပဳခဲ့တာမလား"

ကြၽန္ေတာ့္ အေတြးထဲ ပထမဆုံး ကြၽန္ေတာ့္ အနမ္းကို သူ ဖန္တီးရယူၿပီး ကြၽန္ေတာ့္အေရွ႕ ေျခတစ္လွမ္းတိုးလာသည့္ သူ႔ ပုံရိပ္ေလးက ဝိုးတဝါး ျမင္လာမိသည္။ အျပဳအမူတိုင္းကို စတင္ဖို႔ အၿမဲေတြေဝေနတတ္ ကြၽန္ေတာ့္အတြက္ သူ၏ ထိုကဲ့သို႔စတင္လာခဲ့ျခင္းက ကြၽန္ေတာ့္အတြက္ အရာရာျဖစ္ေစခဲ့သည္။

ကြၽန္ေတာ္ အသက္ရႈသံခပ္ဖြဖြေလးကို ရႈထုတ္ရင္း သူႏွင့္ မ်က္ႏွာခ်င္းဆိုင္လွည့္ကာ သူ႔အေရွ႕ ေျခလွမ္းတစ္လွမ္း တိုးလိုက္သည္။ ဟုတ္သည္။ ဘာလို႔မ်ား ေျခတစ္လွမ္းတိုးဖို႔ ကြၽန္ေတာ္ ေတြေဝေနခဲ့မိသည္လဲ။ သူ႔ဆီက ခန္းနားလွသည့္ ခ်စ္ခင္ျမတ္ႏႈိးျခင္းေတြကို ကြၽန္ေတာ္ ပိုင္ဆိုင္ခဲ့သည္ေတာင္မွ ကြၽန္ေတာ္ ေျခလွမ္းစတင္ဖို႔ တြန႔္ဆုတ္ေနခဲ့သည္။ ဒါဆို ေနာက္ထပ္ ကြၽန္ေတာ္တို႔ၾကားက ႀကီးက်ယ္လွပျခင္းေတြ၊ ခန္းနားသည့္ အမွတ္တရေတြကို ဖန္းတီးဖို႔ အစက ကြၽန္ေတာ့္၏ ေျခလွမ္းအစပင္ ျဖစ္သင့္သည္မလား။

အခုလို ေမ့မရႏိုင္သည့္ အမွတ္တရမ်ိဳးကိုေပါ့။

ခ်န္ေယာ္ေရ ။ ငါကပဲ စတင္လိုက္ခ်င္တယ္။ ဒါဟာ ေလာဘတစ္ခုဆိုရင္ေတာင္မွေပါ့။

" ေဂ်ာင္. . . ဆူး. . . "

အံ့ဩျခင္းျဖင့္ ကြၽန္ေတာ့္အား တစ္လွည့္ သူ႔လက္ကိုတစ္လွည့္ ၾကည့္ေနသူ သူက စကားလုံးေတြ တိတ္ဆိတ္ ေနခဲ့သည္။ မင္းရဲ႕ လွပတဲ့ မ်က္ဝန္းဝိုင္းဝိုင္းေလးကို ေကာ့ၫႊတ္ေကာင္း ၿပဳံးျပလိုက္ပါလား ခ်န္ေယာ္ရာ။ ေက်းဇူးျပဳၿပီး မင္း ႏႈတ္ခမ္းေလး ေကြးၫႊတ္သြားတဲ့အထိ ငါ့ကို ၿပဳံးျပပါလား။

ဒါေပမယ္ ခ်န္ေယာ္ ၿပဳံးဖို႔ေမ့ေနဆဲ။

ကြၽန္ေတာ္ ကြၽန္ေတာ့္လက္ထဲက သူ႔လက္ကို ငုံ႔ၾကည့္လိုက္ေတာ့ စိန္ပြင့္ ေသးေသးေလးႏွင့္ေ႐ႊလက္စြပ္ ေသးေသးေလးက သူ၏ လက္သန္းႂကြယ္မွာ အံ့ဝင္ခြင္က်။ သူသာ ေသခ်ာၾကည့္မည္ဆိုလွ်င္ လက္စြပ္အတြင္းထဲမွာ ေရးထိုးထားသည့္ 612 ဆိုသည့္ ကိန္းဂဏၰန္းေလးကို ျမင္လိမ့္မည္။ ကြၽန္ေတာ္တို႔ စတင္ခ်စ္သူျဖစ္သည့္ ေန႔ရက္ကေလး။ အထူးတလည္ မမွတ္ထားခဲ့ပါပဲ အလိုလိုမွတ္မိေနသည့္ အမွတ္တရေတြက သူႏွင့္ပတ္သက္ရင္ အမ်ားအျပားရွိေနတတ္သည္။

" အခု "

သူ စကားလုံးေတြ တိတ္ဆိတ္သြားျပန္သည္။ ကြၽန္ေတာ္ သူ႔မ်က္နာကို တစ္စကၠန႔္မွ မလြတ္လိုက္ၾကည့္ေနမိသည္။ တစ္ခုခုေျပာလိုက္ပါ ခ်န္ေယာ္။ မင္းစိတ္ထဲ ငါ့ကို ထိခိုက္မွာလားဆိုတဲ့ စိုးရိမ္စိတ္ေတြနဲ႔ ေထြျပားေနမလား။

" အခု မင္း "

" အင္း "

" ငါ့ကို လက္ထပ္ခြင့္ေတာင္းေနတာလား"

"အင္း"

"ဒီေနရာမွာေလ"

"အင္း"

"႐ုတ္တရက္ႀကီးေလ"

" အင္း"

" ဒိုေဂ်ာင္ဆူး မင္း . . . ငါ့ကို ႐ူးေအာင္လုပ္ေနတာပဲ"

ကြၽန္ေတာ္ ကိုင္ထားသည့္ သူ႔လက္ကို လႊတ္လိုက္သည္။ ပတ္ဝန္းက်င္က ခရီးသြားအခ်ိဳ႕က ကြက္ၾကည့္ၾကည့္ ျဖစ္ေနသည္ကလြဲရင္ ေအးခ်မ္းေနခဲ့သည္။ ၿပီးေတာ့ အရင္လို ပတ္ဝန္းက်င္ကိုလည္း ကြၽန္ေတာ္ အေလးမထားမိေတာ့ ။ တစ္ခ်ိဳ႕အရာေတြအတြက္ ကြၽန္ေတာ္တို႔ကို ထိခိုက္နာက်င္ေစမည့္ အရာေတြကို လစ္လ်ဴရႈ႕ဖို႔ ကြၽန္ေတာ္ ဆုံးျဖတ္ခဲ့သည္။ လြန္ခဲ့သည့္ ၁ႏွစ္ေလာက္က ခ်န္ေယာ္ႏွင့္ပတ္သက္ၿပီး ကြၽန္ေတာ့္စိတ္အေတြးေတြ ရႈပ္ေထြးေနခဲ့ဖူးသည္။ ကြၽန္ေတာ့္ ႏွလုံးသားကို ၿငိမ္းေအးေစခဲ့ေသာ ခ်န္ေယာ္၏ အျပဳအမူတစ္ခ်ိဳ႕ေတြမွာ ကြၽန္ေတာ္ မရွိသင့္သည့္ ေလာဘအခ်ိဳ႕ကို ျဖစ္ေပၚလာခဲ့မိသည္။ သူႏွင့္ပတ္သက္ၿပီး အရာရာကို လက္ခံႏိုင္သည္ဟု မွတ္ယူခဲ့ေသာ ကြၽန္ေတာ္က မသိလိုက္ မသိဘာသာေလးမွာပင္ သူ႔အခ်စ္အား ပုံစံသြင္းၿပီး ထိုကဲ့သို႔ ခ်န္ေယာ္ဆို ေကာင္းမည္ဟု စိတ္ကူးနဲ႔ တိတိတဆိတ္ ႐ူးသြပ္ခဲ့ျပန္သည္။ ႏွလုံးသားတစ္ခုလုံးကို ေပးအပ္ခ်င္ေလာက္သည္အထိ ကြၽန္ေတာ္သည္ ပုံရိပ္စစ္မဟုတ္သည့္ သူ႔အရိပ္ကို ျမတ္ႏႈိးခဲ့သည္။ ကိုယ့္စိတ္နဲ႔ကိုယ္ျပန္သတ္ေနမိေသာ ကြၽန္ေတာ့္ အေတြးေတြက သူ႔ကိုလည္း ထိခိုက္ခဲ့ျပန္သည္။ သူသည္ ကြၽန္ေတာ့္ အိမ္မက္ေမွ်ာ္လင့္ခ်က္ေတြထဲ ကြၽန္ေတာ့္ကို မနစ္မြန္းေစခ်င္၍ ေဝးကြာျခင္းဆိုသည့္ အဆုံးသတ္ကို ေ႐ြးခ်ယ္ကာ လမ္းခြဲခဲ့ရသည္။

" မင္း ခ်က္ခ်င္းႀကီး ဆုံးျဖတ္ခ်က္ခ်စရာမလိုပါဘူး"

ကြၽန္ေတာ္ သူ၏ ေတြေဝေနသည့္ အၾကည့္ေတြကို မ်က္နာလြဲကာ အေဝးက လွမ္းျမင္ေနရသည့္ စိမ္းဆိုေနသည့္ ေတာင္တန္းေတြကို ေငးၾကည့္လိုက္သည္။ ေလအေဝွ႔မွာ မိုးသားရနံ႔က ခပ္သင္းသင္းရေနသည္။ အခ်ိန္ေတြ အမ်ားႀကီး ရွိေနေသးတယ္လို႔ ငါ မေျပာခ်င္ေပမယ့္ မင္းအတြက္ဆို အခ်ိန္အားလုံးကို ေပးႏိုင္တာမို႔ ။

" ငါတို႔ အနာဂါတ္ဆိုတာကို နာက်င္မႈကင္းကင္း ဖန္တီးႏိုင္ၿပီလို႔ မင္းယုံၾကည္ လာတဲ့အခ်ိန္က် ငါ့ေတာင္းဆိုမႈကို လက္ခံေပးပါလား"

ကြၽန္ေတာ့္စကားအဆုံးမွာ သူ႔ဆီမွ ခပ္တိုးတိုးသက္ျပင္းခ်သံႏွင့္အတူ ခပ္ယဲ့ယဲ့အၿပဳံးေလးတစ္ခုထြက္က်လာသည္။ မင္းစိတ္ထဲ ထင္ေနတယ္မလား ခ်န္ေယာ္။ ငါတို႔ေတြ တစ္ေယာက္ကို တစ္ေယာက္ ဒါဏ္ရာေတြပဲေပးေနခဲ့တယ္လို႔။ ထိုအေတြးကို မွားေနသည္ဟု ကြၽန္ေတာ္ မေျပာႏိုင္ေပမယ့္ ကြၽန္ေတာ္တို႔အနာဂါတ္မွာ တစ္ေယာက္ကိုတစ္ေယာက္ လိုအပ္ေနသည္ကလည္း ျငင္းမရသည့္ အမွန္တရားပင္ျဖစ္သည္။ ထိုအမွန္တရားကို လြန္ခဲ့သည့္ ၁ႏွစ္လုံးလုံး ကြၽန္ေတာ္ ႀကဳံေတြ႕ခဲ့ၿပီးၿပီျဖစ္သည္။ ကြၽန္ေတာ္ မည္မွ်ေလာက္ သူ႔အား လြမ္းစြတ္ေနခဲ့သည္လဲ ကြၽန္ေတာ္သာ သိသည္။ နာက်င္မႈ စိုးရိမ္မႈမ်ားႏွင့္ ကြၽန္ေတာ္ အိပ္စက္ေနခဲ့ရင္ေတာင္ မနက္ခင္း ႏႈိးထခ်ိန္တိုင္း ပထမဆုံး ကြၽန္ေတာ္ တမ္းတမိသည္က ခ်န္ေယာ္ဆိုသည့္ သူပင္ျဖစ္သည္။ ငါတို႔ေတြ တစ္ေန႔တာလုံးကို ရင္ဆိုင္ေက်ာ္လႊားႏိုင္ဖို႔ မနက္ခင္းတိုင္း အတူတူႏႈိးထသင့္တယ္မလား။

ခ်န္ေယာ္က ၿငိမ္သက္ေနသည့္ ကြၽန္ေတာ့္အေရွ႕တိုးလာကာ ကြၽန္ေတာ့္ကို နစ္ျမဳပ္သြားသည္အထိ ဖက္ထား ေလသည္။ ကြၽန္ေတာ့္ အသက္ရႈသံက သူ႔ရင္ခုန္သံႏွင့္အတူ စည္းခ်က္က်ေနခဲ့သည္။ စူးစမ္းစြာၾကည့္ေနၾကသည့္ လူေတြအၾကည့္ကို မ်က္ကြက္ျပဳရင္း ကြၽန္ေတာ္ သူ႔ရင္ခြင္ထဲမ်က္နာအပ္ကာ သူ႔ကို ျပန္ကာဖက္ထားလိုက္သည္။

" မင္းကို မထိခိုက္ေစခ်င္ဘူး ေဂ်ာင္ဆူး"

ငါ သိတာေပါ့ ခ်န္ေယာ္ရာ။ မင္း အတြက္ အရာရာက ငါ ဆိုတာကို။

" တစ္ခ်ိန္မွာ ေနာင္တရမွာမ်ိဳး မင္းျဖစ္မွာကို ငါအေၾကာက္ဆုံးပဲ"

ငါ့ေနာင္တက မင္းအတြက္ အနာက်င္ရဆုံးဒါဏ္ရာျဖစ္ေစမွာမို႔ ငါလည္း ေၾကာက္တယ္ ခ်န္ေယာ္။

" မင္း အေၾကာက္ဆုံးေတြကို ရင္ဆိုင္ႏိုင္ၿပီလို႔ ထင္တဲ့အခ်ိန္အထိ ငါေစာင့္ေနမွာပါ "

************************************************************************

ဘူ...ေဘာ. . . ။

အရွိန္ျဖင့္ ေမာင္းႏွင္လာသည့္ ရထားႀကီးက ရွီဘုယဘူတာသို႔ ေရာက္ေတာ့မည္မို႔ထင္သည္ ဥဩဆြဲသံႀကီး ျမည္ထြက္လာသည္။ စပီကာေဘာက္မ်ားဆီမွ ဂ်ပန္စကားသံႏွင့္ မိန္းကေလးတစ္ဦး၏ စကားသံေတြထြက္က်လာသည္။ ဂ်ပန္စကားကို ေသခ်ာနားမလည္ေပမယ့္ ရွီဘုယဟူေသာ စကားလုံးေၾကာင့္ ကြၽန္ေတာ္တို႔ ဆင္းရမည့္ ေနရာဆိုသည္ကို သိလိုက္သည္။ ကြၽန္ေတာ့္နေဘးတြင္ထိုင္ေနေသာ ခ်န္ေယာ္ကို လွည့္ၾကည့္လိုက္ေတာ့ ကြၽန္ေတာ့္အေမးကို သိေန သလိုပုံစံျဖင့္ ေခါင္းၿငိမ့္ျပလာသည္။ ဟုတ္သားပဲ။ ခ်န္ေယာ္က ဂ်ပန္စကားကို အနည္းငယ္နားလည္သူပဲ။ တစ္ခါတစ္ေလ ခ်န္ေယာ္၏ ေလ့လာႏိုင္မႈအရည္အခ်င္းမ်ားကို အံ့ဩမိသည္။ ေက်ာင္းတက္စဥ္ကပင္ တူရိယာမ်ိဳးစုံတီးခတ္ႏိုင္ခဲ့သူျဖစ္၍ နာမည္ႀကီးခဲ့သူျဖစ္သည္။ ခ်န္ေယာ္သည္ မည္သည္အရာကိုမဆို သင္ယူေလ့လာဖို႔ တြန႔္ဆုတ္ေနတတ္သူမ်ိဳး မဟုတ္ေပ။ သူ မသိနားမလည္သည့္ အရာမွန္သမွ်ကို ေလ့လာေနဖို႔ အစဥ္အၿမဲစိတ္အားထက္သန္သူမ်ိဳးျဖစ္သည္။

" လာေလ"

အနည္းငယ္အေတြးမ်ားေနေသာ ကြၽန္ေတာ့္အား သူက အေရွ႕မွ ရပ္ကာ လမ္းကမ္းေပးေလသည္။ ကြၽန္ေတာ္ မသိမသာေလးၿပဳံးျပလိုက္ၿပီး ကမ္းေပးသည့္ သူ႔လက္ကို လွမ္းကိုင္လိုက္သည္။ လက္တစ္စုံရဲ႕ ေႏြးေထြးမႈကို က်င့္သားရ ေနပါလွ်က္ ရင္ခုန္မႈကေတာ့ ဘယ္ေတာ့မွ ၿငိမ္သက္မသြားခဲ့။

ဘူတာမွ စတင္ထြက္လာသည္ႏွင့္ လမ္းမတစ္ေလွ်ာက္ ျမင္ေနရသည့္ျမင္ကြင္းေၾကာင့္ ကြၽန္ေတာ္ ခဏမွ် ဆြံ႕အေနခဲ့သည္။ ေဆးေရာင္စုံမ်ားႏွင့္ လူအမ်ား။ ဝတ္စုံမ်ိဳးစုံႏွင့္ လူအမ်ား။ တစ္နည္းေျပာရလွ်င္ ဂ်ပန္ႏိုင္ငံ၊ တိုက်ိဳၿမိဳ႕အနီးရွိ ရွီဘုယသရဲပြဲေတာ္။ သရဲပြဲေတာ္ဆိုသည့္ ေဟာလဝင္းပြဲေတာ္မ်ားကို ကြၽန္ေတာ္ ေပ်ာ္ခဲ့ လည္ခဲ့ဖူးေပမယ့္ အခုျမင္ကြင္းကေတာ့ ကြၽန္ေတာ့္ကို အထူးအံ့ဩေစသည္။ ကြၽန္ေတာ္တို႔ ဆိုးလ္ရွိ အီထယ္ဝန္ရပ္ကြက္တြင္ ျပဳလုပ္ၾကသည့္ ပြဲေတာ္ႏွင့္လားလားမွမဆိုင္သလိုပင္။ ႏွစ္စဥ္ ေအာက္တိုဘာလ ေနာက္ဆုံးပါတ္တြင္ က်င္းပေလ့ရွိသည့္ ရွီဘုယသရဲပြဲေတာ္သည္ ဂ်ပန္ႏိုင္ငံ၏ နာမည္ႀကီး ေပ်ာ္ပြဲ႐ႊင္ပြဲတစ္ခုထဲ အပါအဝင္ျဖစ္သည္ဆိုတာ ျငင္းခ်က္ထုတ္စရာမရွိခဲ့။

ၾကည့္စမ္း။ လူေတြ ေပ်ာ္႐ႊင္ေနလိုက္ၾကတာ။ မ်က္ႏွာဖုံးေတြေအာက္မွာ ၊ ေဆးေရာင္ျခယ္ မ်က္ႏွာေတြေအာက္မွာ သူတို႔ေပ်ာ္႐ႊင္မႈကို အတိုင္းသားျမင္ေနရသည္။ အမ်ားစုကေတာ့ လက္ရွိေခတ္စားေနေသာ ဇာတ္ေကာင္မ်ား၏ အျပင္အဆင္မ်ားႏွင့္ျဖစ္ၿပီး တစ္ခ်ိဳ႕တေလကေတာ့ ကြၽန္ေတာ္ မသိသည့္ အဝတ္စားမ်ိဳးေတြႏွင့္။ ခရီးသြားအခ်ိဳ႕မွလြဲရင္ အကုန္လုံး ေဆးျခယ္ထားၾကသည္။

" မနက္က ဘတ္ခ္ဟြန္း ဖုန္းဆက္တယ္မလား"

သူ႔ဆီမွ ေမးခြန္းက ဆူညံေနသည့္ လူအုပ္ႀကီးထဲ မပီမျပင္ထြက္က်လာသည္။ သီးခ်င္းသံေတြ လူသံေတြၾကား ကြၽန္ေတာ္ သူ႔လက္တစ္ဖက္ကို လြတ္ထြက္သြားမည့္ ကေလးငယ္လို တင္းတင္းက်ပ္က်ပ္ဆုပ္ကိုင္ထားေနမိဆဲပင္။ ကြၽန္ေတာ့္ အေတြးထဲ လူအုပ္ၾကား ေပ်ာက္သြားဖူးသည့္ သူႏွင့္ကြၽန္ေတာ့္အျဖစ္အပ်က္ကို ျမင္ေယာင္လာကာ အနည္းငယ္ စိတ္ေမာလာမိျပန္သည္။ ခ်န္ေယာ္ေျပာသလို ကြၽန္ေတာ္တို႔ ဒါဏ္ရာကင္းကင္းႏွင့္ ေရွ႕ဆက္ႏိုင္ပါ့မလားဆိုသည့္ စကားလုံး။ တကယ္ မလြယ္ကူခဲ့ဘူးထင္ပါရဲ႕။

" သူတို႔ ဟန္းနီးမြန္းခရီးက ျပန္ေရာက္ၿပီဆိုတာ ေျပာတာပါ။"

အမွန္ေတာ့ ဘတ္ခ္ဟြန္းတို႔ ဘာလီခရီးစဥ္ ၊ ေမာဒိုက္ခရီးစဥ္က ျပန္ေရာက္၍ အသိေပးသည္ဆိုသည္ထက္ ကြၽန္ေတာ္ သူ႔အား လက္ထပ္ခြင့္ေတာင္းထားသည့္ ကိစၥ၏ အေျခအေနကို သိခ်င္၍ ဘတ္ခ္ဟြန္း ဖုန္းဆက္ျခင္းသာျဖစ္လိမ့္မည္။ လြန္ခဲ့သည့္ ၆လခန႔္က ကြၽန္ေတာ္ သူ႔ဆီ လိုက္မလာခင္အခ်ိန္ကတည္းကပင္ ကြၽန္ေတာ္ ထိုလက္စြပ္ကို လုပ္ခဲ့သည္ကို ဘတ္ခ္ဟြန္းသိသည္။ သိသည္ဆိုသည္ကလည္း ဘတ္ခ္ဟြန္း ရႈ႕မင္အတြက္လု္သည့္ ဆိုင္တြင္ပင္ ကြၽန္ေတာ္ လုပ္ခဲ့ေသာ္ေၾကာင့္ျဖစ္သည္။ ထိုအခ်ိန္က ဘယ္အခ်ိန္ေပးမွာလဲဆိုၿပီး တတြတ္တြတ္လိုက္ေမးေနသည့္ ဘတ္ခ္ဟြန္းစကားေတြကို အေျခအေနအရေပါ့ဆိုၿပီး ကြၽန္ေတာ္ ေျဖခဲ့ဖူးသည္။ အမွန္ပင္ ကြၽန္ေတာ္ ထိုလက္စြပ္ကို သူ႔လက္တြင္ စြပ္ေပးရန္ ခြန္အားမဲ့ေနခဲ့မိသည္။ အရာရာဟာ ပိုဆိုးဝါးသြားမလားဆိုသည့္ အေတြးမ်ားကို သူ႔နည္းတူ ကြၽန္ေတာ္လည္း ေတြးခဲ့မိသည္။ ဒါေပမယ့္ အဆိုးဆုံးဆိုသည့္အရာမ်ားကို ကြၽန္ေတာ္ သူႏွင့္အတူသာ ရင္ဆိုင္ခ်င္သည္။ မဟုတ္ဘူး ။ ကြၽန္ေတာ္ သူႏွင့္အတူသာ ထိုအဆိုးဆုံးတိုသည့္အရာမ်ားကို ရင္ဆိုင္ႏိုင္လိမ့္မည္ျဖစ္သည္။

လူအုပ္ထဲမွ တစ္ခ်ိဳ႕တစ္ေလက ကြၽန္ေတာ္တို႔ႏွစ္ေယာက္ကို ေဆးျခယ္ဖို႔ အဝတ္စားလဲဖို႔ လာေျပာေနၾကၿပီး အခ်ိဳ႕က သၾကားလုံးမ်ား လိုက္ေဝေပးလာၾကသည္။ ပြဲေတာ္တြင္ ခရီးသြားမ်ားကို အဆင္ေျပေစခ်င္ရန္အတြက္ ဝတ္စုံမ်ားလဲရန္ Donki ဆိုင္မ်ား ရွိေနသည္။ ကြၽန္ေတာ္ သူ႔အား အဝတ္အစားလဲမလားေမးေပမယ့္ သူက အဝတ္အစားမလဲပဲ မ်က္နာတြင္သာ ေဆးျခယ္ရန္ ဆုံးျဖတ္လိုက္သည္။ ထိုေၾကာင့္ ႏွစ္ေယာက္သား ေဆးျခယ္ေပးေနသည့္ လူအုပ္ထံ သြားလိုက္သည္။ ကြၽန္ေတာ္တို႔လာသည့္ ရင္းႏွီးစြာဆီးႀကိဳၾကေသာ လူေတြဆီက နားမလည္သည့္စကားဆိုေပမယ့္ ခ်န္ေယာ္ကို ၾကည့္ေနသည့္အၾကည့္ကေတာ့ ေခ်ာလိုက္တာဆိုသည့္ မ်က္လုံးမ်ားႏွင့္။ ဒါေပမယ့္ ခ်န္ေယာ္ေဘးက ကြၽန္ေတာ္ကို ျမင္ေတာ့ အလိုလိုရွိန္သြားၾကျပန္သည္။ ကြၽန္ေတာ့္မ်က္ႏွာကုိ ေဆးျခယ္ေနခ်ိန္ ခ်န္ေယာ္က ထိုလူမ်ားႏွင့္ စကားေဖါင္ဖြဲ႕ေနျပန္သည္။ လူတကာႏွင့္ ရင္းႏွီးဖို႔ လြယ္ကူလွသည့္ ခ်န္ေယာ္က ဘယ္ေနရာေရာက္ ေနရာမေပ်ာက္တတ္ေခ်။ တစ္ခ်က္ခ်က္ ခ်န္ေယာ္စကားမ်ားမွာ လူမ်ားက ကြၽန္ေတာ့္ကို ကြက္ၾကည့္ၾကည့္ျဖစ္ေနၾကသည္။ ကြၽန္ေတာ္ႏွင့္ ခ်န္ေယာ္ မ်က္ႏွာတြင္ ေရာင္စုံကာလာမ်ားကို အစင္းလိုက္ဒီဇိုင္းဆြဲေပးအၿပီးမွာ တစ္ေယာက္မ်က္ႏွာ တစ္ေယာက္ၾကည့္ကာ ရီလိုက္မိသည္။ အနားမွ လူေတြကေတာ့ အရမ္းၾကည့္ေကာင္းတယ္ဆိုသည့္ စကားကို အဂၤလိပ္လိုေျပာလာၾကသည္။

" လာ၊ သြားမယ္"

ကြၽန္ေတာ္ အေရွ႕မွ ထြက္သြားသည့္ ခ်န္ေယာ္အေနာက္ လိုက္လာခဲ့သည္။ အခုလိုက်ေတာ့ လူအုပ္ထဲ ကြၽန္ေတာ္တို႔ သူသူငါငါ ျဖစ္သြားၾကသည္။ လယ္သာဂ်က္ကက္ႏွင့္ ဂ်င္းေဘာင္ဘီညစ္ညစ္ကို ဝတ္ထားသည့္ ခ်န္ေယာ္ကေတာ့ ေဆးျခယ္ထားသည့္ မ်က္နာႏွင့္လည္း အမွန္ၾကည့္ေကာင္းေနခဲ့သည္။

" ေစာေစာလူေတြနဲ႔ ငါ့အေၾကာင္းေျပာေနတာမလား"

ခ်န္ေယာ္ဆီက အျငင္းစကားအစား မ်က္ခုံးအပင့္တစ္ခ်က္သာ ရလာသည္။

" မညာနဲ႔ ။ ဘာေတြေျပာၾကတာလဲ"

သူက ပါးခ်ိဳင့္တစ္ဖက္ကို ထင္သြားေလာက္သည္အထိ ႏႈတ္ခမ္းကို တစ္ဖက္သို႔ ေကြးလိုက္ၿပီး။

" ငါ့ ခ်စ္တဲ့သူကို လွလွေလးျခယ္ေပးပါလို႔"

ကြၽန္ေတာ္ မပီမသ ေလွာင္ၿပဳံးကို တစ္ခ်က္ၿပဳံးလိုက္သည္။ မီးေရာင္ၾကား သူ႔အၾကည့္က ႐ုတ္တရက္ စူးရွလာခဲ့သည္။

" မင္း အဲ့လို မၿပဳံးစမ္းနဲ႔။ "

". . . . . "

" ကိုယ္ ဆြဲနမ္းပစ္လိုက္မွာေနာ္"

ကြၽန္ေတာ္ ေျခလွမ္းေတြ ရပ္တန႔္သြားခဲ့သည္။ အလန႔္တၾကား သူ႔ကို လွည့္ၾကည့္လိုက္ေတာ့ စိုက္ၾကည့္ေနေသာ သူ႔အၾကည့္က အဓိပၸါယ္ေပါင္းမ်ားစြာႏွင့္။ ကိုယ္။ နာမ္စားေလးတစ္ခု။ ရင္မခုန္သင့္ဘူးလို႔ ကြၽန္ေတာ္ စိတ္ထဲ ဆုံးျဖတ္ထားေပမယ့္ ကြၽန္ေတာ့္ အားနည္းခ်က္အားလုံးထဲ ထိုနာမ္စားက အဆိုးဝါးဆုံးတစ္ခုျဖစ္ခဲ့ေလေတာ့။ ကြၽန္ေတာ္ သူ႔အၾကည့္ကို ေရွာင္လြဲကာ တစ္ဖက္သို႔ မ်က္နာ လႊဲလိုက္မိသည္။ ဒီလိုအခ်ိန္ဆို ငါ့မ်က္ဝန္းက မက္ေမာမႈေတြက မင္းအတြက္အစစ္အမွန္ေရာ ဟုတ္ရဲ႕လားဆိုတဲ့ အသိက ငါ့ကို ႐ူးသြပ္ေစတယ္ ခ်န္ေယာ္။ မင္းကို အစစ္အမွန္ မေပးႏိုင္ဘူးဆိုၿပီး မင္းစိတ္ပ်က္သြားမွာကိုလည္း ေသေလာက္ေအာင္ေၾကာက္မိျပန္တယ္။

သူ႔ ေျခတစ္လွမ္းတိုးလာခဲ့သည္ကို ကြၽန္ေတာ္သူ႔ေျခေထာက္လႈပ္ရွားမႈေၾကာင့္ သတိထားလိုက္မိသည္။

" ငါ့ကို ၾကည့္ ေဂ်ာင္ဆူး"

ဘာက ကြၽန္ေတာ့္ကို ေတြေဝေနေစလည္း ကြၽန္ေတာ္ စဥ္းစားမရ။ သူႏွင့္ ျပန္ေတြ႕ခ်ိန္မွစ၍ သူ႔မ်က္နာ အစိတ္အပိုင္း တစ္ခုစီတိုင္း၊ သူ႔အျပဳအမူ လႈပ္ရွားမႈတစ္ခုစီတိုင္းကို မွတ္သားေနခဲ့သည့္ ကြၽန္ေတာ့္အျပဳအမူကို သူ သတိထားေနခဲ့သည္လား။

" ကိုယ္ကို ၾကည့္ ေဂ်ာင္ဆူး"

ကြၽန္ေတာ္ ေျဖးညင္းစြာလွည့္ၾကည့္လိုက္ေတာ့ အစဥ္အၿမဲ နားလည္ေပးခဲ့ေသာ မ်က္ဝန္းေလး။ ခ်န္ေယာ္သည္ ဟိုးအရင္အခ်ိန္ ကြၽန္ေတာ္တို႔ စေတြ႕ဆုံးစဥ္ကတည္းက ကြၽန္ေတာ့္စိတ္ကို ထိုးေဖါက္ျမင္ႏိုင္သူပင္ျဖစ္သည္။

" ငါ မင္းကို ဘယ္အခ်ိန္မွာ စ ခ်စ္မိသြားလဲ သိလား"

ကြၽန္ေတာ္ ေခါင္းကို ခါယမ္းလိုက္သည္။ စိတ္ပ်က္သြားမလား ။

" ငါ့ကို လမ္းခြဲရေအာင္လို႔ ေျပာၿပီး မင္းမ်က္ရည္က်ခဲ့တဲ့ အခ်ိန္က စၿပီး"

ကြၽန္ေတာ့္အတြးထဲ ကြၽန္ေတာ့္တစ္ေယာက္တည္းကိုသာ ေမ့ေလ်ာ့ေနခဲ့ေသာ ခ်န္ေယာ္က ကြၽန္ေတာ့္ဆီ ျပန္ေရာက္လာခ်ိန္ အရာအားလုံးကို အဆုံးသတ္ေစခ်င္၍ လမ္းခြဲစကားေျပာခဲ့သည့္ ကြၽန္ေတာ္တို႔ အျဖစ္အပ်က္ကို ျမင္ေယာင္လာသည္။ ထိုအခ်ိန္က ခ်န္ေယာ္၏ ႏူးညံ့သိမ္ေမြ႕မႈေတြက ကြၽန္ေတာ့္အတြက္ အႀကီးမားဆုံးေလာဘကို ျဖစ္ေစခဲ့သည္။

" မင္း အခန္းက ေရပိုက္ျပင္ေနရင္း ငါတို႔ ေရစိုခဲ့တဲ့ အခ်ိန္က "

ကြၽန္ေတာ္ အသက္ကို ခပ္ေလးေလးရႈထုတ္လိုက္မိသည္။ ကြၽန္ေတာ္ ေမ့ပစ္ခ်င္ခဲ့သည့္ ေန႔ရက္ထဲက တစ္ရက္။ ဒါေပမယ့္ ထိုအရာက သူ႔အတြက္ အမွတ္တရတစ္ခုဆိုေတာ့။ ကြၽန္ေတာ္ စိတ္ေတြ ေမာပန္းလာခဲ့သည္။

" ၿပီးေတာ့ ငါ ေဆး႐ုံမွာတုန္းက ငါ့ေမးခြန္းေတြကို တစ္ခြန္းမွ မေျဖပဲ မ်က္ေစာင္းထိုးလိုက္တဲ့ မင္းအျပဳ အမူေလးတစ္ခု"

ကြၽန္ေတာ္ ဘာရယ္မသိ ။ ဒီေနရာက ကြယ္ေပ်ာက္သြားခ်င္မိသည္။ လူေတြအမ်ားႀကီးက ကြၽန္ေတာ့္ကို မြန္းက်ပ္ေစ သည္လား။ မီးေရာင္စုံေတြက ကြၽန္ေတာ့္ကို ပင္ပန္းေစခဲ့သည္လား။ မဟုတ္ႏိုင္ပါ။ ကြၽန္ေတာ့္စိတ္ကို အရာရာဖန္တီးေစႏိုင္သူက ကြၽန္ေတာ့္အေရွ႕က ခ်န္ေယာ္ပင္။ အကုန္လုံးကို သူ မွတ္မိေနခဲ့ၿပီေပါ့။ အရာရာတိုင္းဟာ လွပေနတာမဟုတ္ေပမယ့္ ေကာင္းမြန္တဲ့ အမွတ္တရေတြပဲ မင္းကို ျမင္ေစခ်င္ခဲ့တာပါ။

" ဒါေပမယ့္ ဘယ္အခ်ိန္က ငါ မင္းကို အခ်စ္ခဲ့ဆုံးလည္း သိလား ေဂ်ာင္ဆူး"

ကြၽန္ေတာ္ သူ႔မ်က္နာကို ေငးၾကည့္ေနမိဆဲပင္။ ေဆးေရာင္ျခယ္မ်က္နာက သူ႔မ်က္ဝန္း၏ ေတာက္ပမႈကို အေရာင္ေဖ်ာ့မသြားခဲ့။ အရည္လဲ့လဲ့ႏွင့္ ၾကယ္တာရာလို လင္းလက္ေနသည့္ ဒီမ်က္ဝန္းေလး။

သူ ထပ္မံ၍ ကြၽန္ေတာ့္အေရွ႕ ေျခတစ္လွမ္းတိုးလာခဲ့သည္။

" မင္း မိဘေတြေရွ႕မွာ ငါ့ကို ခ်စ္တယ္လို႔ ဝန္ခံခဲ့တဲ့ အခ်ိန္"

သူ ခါးေလးကိုင္းကာ ကြၽန္ေတာ့္မ်က္နာနား ကပ္လာခဲ့သည္။ ၿပီးေတာ့ နဖူးေပၚရွိ ကြၽန္ေတာ့္ဆံပင္မ်ားကို တို႔ထိရင္း။

" အဲ့အခိုက္အတန႔္ေလးကတင္ ငါ့အတြက္ အရာရာျပည့္စုံေနေစတာမို႔ မင္း ဘယ္လို ခံစားမႈပဲထားထား ငါ အဆင္ေျပတယ္ ေဂ်ာင္ဆူး"

ရႈိက္သံမဲ့စြာပင္ ကြၽန္ေတာ့္ပါးျပင္ထက္ မ်က္ရည္မ်ား စီးက်လာခဲ့သည္။ သူက သူ႔လက္ဖဝါးေႏြးေႏြးျဖင့္ ကြၽန္ေတာ့္ပါးျပင္က မ်က္ရည္စတို႔ကို ညင္သာစြာ သုတ္ယူေပးေတာ့ ကြၽန္ေတာ္ အိမ္ေမြးေၾကာင္ေလးတစ္ေကာင္လို သူ႔လက္ဖဝါးကို ပါးျပင္ႏွင့္ပြတ္သပ္လိုက္ေနမိသည္။

"အရာရာတိုင္းက လြန္ခဲ့တဲ့ ၁၃ႏွစ္ေက်ာ္ေလာက္က ငါ့အေရွ႕ မင္းေရာက္လာၿပီး ဂ်ဳံအင္သူငယ္ခ်င္း ပါလို႔ ႏႈတ္ဆက္စကားသံကေန စတင္ခဲ့တာမို႔ ၊ မင္းက စၿပီး ငါ့ကို လက္ကမ္းေပးခဲ့တာမို႔ "

သူ စကားသံကို ခဏရပ္တန႔္ကာ ကြၽန္ေတာ့္ကို ေထြးေပြ႕လာခဲ့သည္။

" အနာဂါတ္မွာ ငါတို႔ အတူတူ ကုန္ဆုံးရေအာင္ ေဂ်ာင္ဆူး"

ကြၽန္ေတာ္ သူ႔ကို ျပန္ကာ ေထြးေပြ႕လိုက္သည္။ ရင္ဘက္ထဲ နာက်င္မႈအနည္းငယ္ရွိေနခဲ့ေပမယ့္ ၾကည္ႏူးမွႈက ပိုမိုမ်ားျပားေနသည္ဟု ခံစားရကာ ကြၽန္ေတာ္ ၿပဳံးလိုက္မိသည္။ သူက ကြၽန္ေတာ့္ ဆံပင္မ်ားကို သူ႔ႏႈတ္ခမ္းအိအိျဖင့္ နစ္ဝင္သြားမတတ္ ဖိနမ္းလိုက္ၿပီး။

" ငါက ငါပဲမို႔ ။ ငါက မင္းကိုပဲ ခ်စ္တာမို႔ ငါတို႔ လက္ထပ္ရေအာင္ ေဂ်ာင္ဆူး"

" ခ်န္ေယာ္"

" ဟင့္အင္း။ ငါ မင္းကို လက္ထပ္ခ်င္တယ္ ေဂ်ာင္ဆူး။ ငါ့ကို လက္ထပ္ပါ"

ကြၽန္ေတာ္ သူ႔အား ကေလးတစ္ဦးလို လြတ္ထြက္ထားမတတ္ ဖက္လိုက္မိေတာ့သည္။

**********************************************

ကိုယ့္ရဲ႕စာအုပ္ကို အမွတ္တရ သိမ္းထားသည္ျဖစ္ေစ၊ အေျခအေနအရပ္ရပ္ေၾကာင့္ မဝယ္ျဖစ္လိုက္ဘူးျဖစ္ေစ၊ လိုအပ္ခ်က္ေတြ ရွိေနခဲ့တဲ့ ကိုယ့္စာအုပ္ေလးကို မွာယူခဲ့သူေတြကိုေရာ ၊ ကိုယ့္ဇာတ္လမ္းေလးကို အဆုံးထိ ဖတ္ေပးခဲ့သူေတြကိုေရာ အားလုံးကို ခ်စ္ပါတယ္လို႔ ။
ႏွစ္သစ္ကို ေပ်ာ္႐ႊင္စရာနဲ႔ျဖတ္သန္းႏိုင္ၾကပါေစေနာ္။

၂၀၂၁ မွာ ထပ္ေတြ႕ၾကရေအာင္။

Continue Reading

You'll Also Like

1.2M 63.9K 50
အမိန္႔စည္း+သခြပ္႐ိုး ( ႐ွင္မႈန္းနံ႔သာ) အမိန့်စည်း+သခွပ်ရိုး ( ရှင်မှုန်းနံ့သာ) ခြင့္ျပဳခ်က္မရပဲ ငါ့အနားကထြက္ခြာခြင့္မျပဳနိင္ဘူး အသက္နဲ႔ခႏၶာတည္ျမဲေနသ...
451K 39.2K 33
ရိုးရိုးအချစ်ဇာတ်လမ်းလေးတစ်ပုဒ်ပါပဲ
327K 34.6K 172
English Name: After Retiring from Marriage, I became the Favorite of a Powerful Minister Associated Names: 退婚后我成了权臣心尖宠 Chinese Author: Lan Bai Ge Ji ...
314K 17.5K 22
စိုင်းမဟာမောင် "မောင့်လွန်းငယ်" လွန်းဝသာန်"ဘာမောင့်လွန်းငယ်လည်းဗျ" စိုင်းမဟာမောင်"ဟောဗျာ...မောင့်ရဲ့လွန်းငယ်မလို့ မောင့်လွန်းငယ်ခေါ်တာပေါ့ဗျ"