Zaw
________________________
___________________________
__________________
"မင်းကဘယ်မေဂျာကလဲ"
"သင်္ချာကပါ"
__________________________
{ဌာနမှပြန်အထွက်}
"အေး..အေး"
♥♥♥♥♥♥♥♥♥♥♥♥
###########################
Love You All😍😍
Uni
မနက်နေရောင်ခြည်သည်အခန်း ပြတင်းပေါက် မှ ဖြတ်ကျော်လာပြီးဖြူအုနေသောအသားအရေ လှပပြီးဖြောင့်ဆင်းနေသောဆံပင်မီးခိုးရောင်ဖျော့ဖျော့လေးနဲ့ကောင်လေးဆီသို့ကျရောက်လာသည်။
မထချင်ထချင်နဲ့နေရောင်ခြည်ကြောင့်နိုးထလာသောဖြူအုအုကောင်လေးတစ်ယောက်
*ပထမဦးဆုံးတက္ကသိုလ်တတ်မှာမို့လားမသိဘူးရင်ခုန်လိုက်တာ ငါလုပ်မဲ့ကိစ္စလဲအကောင်အထည်ဖော်ရတော့မှာပဲရတုရေ*
အတွေးများနဲ့နစ်မွန်းနေရင်းရတုတစ်ယောက်နာရီလှမ်းအကြည့်
"OMG ကျောင်းသွားရပါမယ်ဆိုမှနောက်ကျမှထမိပြန်ပြီမြန်မြန်လုပ်မှပဲ"
________________________
ပထမဦးဆုံးရက်တက္ကသိုလ်ကျောင်းကြီးဆီသို့မျှော်လင့်ချက်ကိုယ်ဆီ ရည်မှန်းချက်ကိုယ်ဆီနဲ့ကျောင်းသို့လာကြသောဆယ်ကျော်သက်အရွယ် လူငယ်လေးများ
ထိုလူငယ်လေးများကြားမှာ အရပ်အားဖြင့်၆ပေကျော် အသားအရေမှာအရမ်းမဖြူသော်ငြား နို့နှစ်ရောင်သန်းနေသော ခန္ဓာကိုယ်မှာယောက်ျားတစ်ယောက်ရှိသင့်ရှိအပ်သော အင်္ဂါရပ်များနှင့်ပြည့်စုံပြီး
တတိယနှစ်ကျောင်းသားလေးတစ်ယောက် မြင်သူတိုင်းနှစ်ခါပြန်ကြည့်ချင်လောက်အောင်စွဲဆောင်မှုရှိသော ဆံပင်မှာမဲနက်နေပြီးရုပ်ဖြောင့်သောယောက်ျား
ထိုယောက်ျား၏ခြေလှမ်းမှာကန်တင်းဘက်သို့ဦးတည်၍ လမ်းလျှောက်လာသည်။
ထိုအခါကန်တင်း၏ဆိုင်တစ်ဆိုင်မှလှမ်းခေါ်သံ
"ဟေ့ကောင်စိုင်းငါတို့ဒီမှာကွ" ထိုအသံမှာစိုင်း၏ငယ်သူငယ်ချင်း မင်းထက်မှလှမ်း၍ခေါ်ခြင်းဖြစ်သည်။
မင်းထက်၏ဘေးကပ်ရက်တွင်ထိုင်နေသူမှာ ပြည့်ဟန်။
ထိုအသံကြား၍ဆိုင်တွင်းသို့စိုင်းတစ်ယောက်ဝင်လာခဲ့သည် ။ ထိုအချိန်ဆိုင်အတွင်းကမိန်းကလေးများသာမကယောက်ျားလေးတွေပါ စိုင်းကိုဝါးစားမတတ် မျက်လုံးကျွတ်ထွက်မတတ် စိုက်ကြည့်နေကြသည်။
"ငါတို့စိုင်းကြီးများစွန်ချက်ကွာဘယ်တော့မှဆန်းမကျတော့ဘူးထင်ပါရဲ့ကွာ" ပြည့်ဟန်တစ်ယောက်အားကျသောလေသံဖြင့်ဆိုသော်ငြား စိုင်း၏မျက်နှာမှာ မျက်မှောင်ကျုံ့သွားသည်။ ထိုအခြေအနေကိုသိသော မင်းထက်မှဝင်ထိန်း၍
"မင်းကလဲကွာတော်တော့စိုင်းတစ်ယောက်မျက်နှာကြီးများမဲ့ရှုပ်သွားတာပဲ သူမကြိုက်တာလဲ သိရက်နဲ့"
"အေးပါကွာငါကလဲခင်လို့စတာပါကွ"
"မင်းတို့ဒီနေ့အတန်းတတ်မှာလား ငါကတော့ ဌာနဘက်ခဏသွားမလို့ မင်းတို့ကြည့်ရတာလဲဒီမှာထိုင်ပြီးငမ်းမဲ့ပုံတွေပါကွာ ကဲငါသွားလိုက်ဦးမယ်ပြီးမှပြန်လာခဲ့မယ် bye"
သူ့ဘာသာပြောချင်ရာပြောပြီးထသွားသောစိုင်းသူငယ်ချင်းနှစ်ယောက် ငေးရင်းနှင့်ရီသံများထွက်လာပြီးကျန်ခဲ့လေသည်။
___________________________
ကျောင်းဝန်းထဲသို့အပြေးလာသောကောင်လေးတစ်ယောက် အတန်းနောက်ကျမည်ဆိုး၍ အလောတကြီးပြေးဝင်လာသည်။
"ဟာ ငါဌာနဘက်အရင်သွားတာပဲကောင်းပါတယ်။ တတ်ရမှာဘယ်မှာမှန်းလဲမသိဘူး... uniတာရောက်တာသူငယ်ချင်းလဲမိန်မိန်ရရမရှိဘူးငါ့နှယ်နော်။ တော်ပါသေးရဲ့ကျောင်းအပ်တုန်းကဌာနလေးဘယ်မှာရှိလဲသိထားပေလို့ပဲ..သြော်ငါ့ဘဝတစ်လျှောက်လူရှာနေရင်းနဲ့အချိန်ဘယ်လိုတွေတောင်ကုန်သွားလဲမသိဘူး" ကိုယ့်ကိုယ်ကိုမှတ်ချက်ပေးပြီးဌာနဘက်သို့လှည့်လာခဲ့သည်။
__________________
{ဌာနရှိသောအဆောင်ထဲလှေကား၌}
"အ့....... တောင်း...တောင်းပန်ပါတယ် ကျွန်တော်အရေးကြီးနေလို့ မမြင်လိုက်မိတာပါ"ရတုတစ်ယောက်
မိမိဝင်တိုက်မိသောလူကိုအလောတကြီးတောင်းပန်နေရာမှ ထိုလူ၏မျက်နှာအားမော့ကြ ည့်လိုက်သောအခါ
မိမိထက်အရပ်ပိုရှည်၍ထိုလူအားကြည့်ရန်ခေါင်းလေးမော့လို့အပြီးမှင်သက်သွားသည် *ဒီလူ... နောက်ဆုံးတော့ငါ...ငါတွေ့ပြီ*
မိမိ၏အတွေးထဲဒေါသများနှစ်မွှန်း၍ထိုလူခေါ်တာမကြားမိလိုက်
"ဒီမှာ... ဒီမှာ!!" ထိုအသံကြားမှသတိလေးဝင်လာရင်း
"အော်...ဟုတ်....ဟုတ်ကဲ့sorryပါဗျာ"
"မင်းကြည့်ရတာပထမနှစ်ကျောင်းသားထင်တယ် ဘာလို့အဲ့လောက်တောင်အရေးကြီးနေရတာတုန်း"
"ကျွန်တော်အတန်းမမှီမှာဆိုးလို့ပါ အတန်းကဘယ်မှာတတ်ရမယ်မှန်းမသိလို့ဌာနကိုလာမေးတာ"
"မင်းကဘယ်မေဂျာကလဲ"
"သင်္ချာကပါ"
"ဒါဆိုကိုနဲ့တူတာပဲ လိုက်ခဲ့လေကိုလဲဌာနသွားမှာ ပထမဦးဆုံးနေ့မို့စာအုပ်တောင်ရောင်းသေးမှာမဟုတ်လို့ စာမသင်သေးပါဘူး ဖြေးဖြေးပေါ့"
"ဟုတ်..ဟုတ်ကဲ့ကျေးဇူးပါ"
လှေကားသို့တတ်၍ဌာနသို့ဦးတည်သွားခိုက်လမ်းတစ်လျှောက်လုံးသူတို့၂ယောက်ကိုကြည့်တဲ့မျက်လုံးများမှာ အံသြခြင်းများ အားကျခြင်းများဖြင့်ပြည့်နှပ်နေပြီး
ထိုစဥ်မိန်းကလေး၂ယောက်မှ
ပထမတစ်ယောက်"ဟယ်..ကြည့်ပါဦးလိုက်ဖက်လိုက်တာ"
ဒုတိယတစ်ယောက်"အဲ့၂ယောက်လုံးငါ့ရည်းစားဖြစ်ရင်ကောင်းမှာပဲ"
ပထမ"အမလေးးးးဟဲ့လောဘကြီးတာဟယ်"
ဒုတိယ"နင်ကလဲချောတာကိုးဟ"
ထိုစကားများကိုကြား၍ရတုတစ်ယောက်မျက်နှာကြီးမှာ
နီမြန်းနေတာစိုင်းတစ်ယောက်ရိပ်မိပြီး
"Sorryကွာ..ကို့ကြောင့်မင်းအတွက်အထင်လွဲကုန်ကြပြီ"
"မဟုတ်တာ..အကို့က ကူညီတာပဲကျွန်တော်ကတောင်ကျေးဇူးတင်ရမှာပါ"
__________________________
{ဌာနမှပြန်အထွက်}
စိုင်းတစ်ယောက်ကိစ္စများပြီး၍အပြင်ထွက် အပြင်၌ဌာနကိုကျောပေးပြီးအပြင်ဘက်သို့ငေးကြည့်နေသော စောနကကောင်းလေးအားပြန်တွေ့ရစဥ်
*ဒီကောင်လေးကယောက်ျားလေးသာပြောတယ်သိမ်သိမ်မွေ့မွေ့လေး ချစ်စရာကောင်း သား ဟင်... ငါဘာတွေစဥ်းစားနေမိပါလိမ့်*
စိုင်းတစ်ယောက်မိမိ၏အတွေးအားလွင့်စင်စေပြီး ထိုကောင်လေးနားသို့လျှောက်လာမိသည်
ထိုကောင်လေးမှာအနောက်လှည့်အကြည့်မိမိအားမြက်ပြီး နောက်လန်ကျမလိုဖြစ်သွားသည်မို့ ခါးအားလှမ်းဖက်ပြီးထိန်းပေးမိရာ မိမိတို့၂ယောက်ပုံစံမှာအခြားသူတော့မပြောတတ် ကိုယ်တိုက်၌ဘာဖြစ်သွားမှန်းမသိ ထိုကောင်လေးပြုတ်ကျမှာဆိုးသောစိတ်တစ်ခုတည်းကြောင့်သာလှမ်းဖမ်းထားမိသည်။
အနီးကပ် ထိုလူသားလေးမျက်နှာကိုမြင်မိ၍ မိမိ၏ဘက်ရင်အုံရှိအကောင်ပေါက်လေးမှာအဆမတန်ခုံပေါက်လာသည် ။*ချစ်ဖို့ကောင်း လိုက်တာ မျက်နှာလေးကအပြစ်ကင်းစင်နေတာပဲ*
*ဘာ..ဘာလို့ငါ့ရင်ဘက်ထဲကအဲ့လိုကြီးခံစားနေရတာလဲ nono....မဖြစ်ဖူး ငါ့ဆန္ဒတွေဒီလိုနဲ့ပျက်လို့မဖြစ်ဖူး*
ဒီလိုငြိမ်သက်နေတဲ့ပတ်ဝန်းကျင်ကိုစိုင်းဘက်ကဖြိုခွင်းလိုက်သည်။"sorry..မင်းပြုတ်ကျမှာဆိုးလို့ကိုလှမ်းဖမ်းပေးလိုက်တာပါ"
"မဟုတ်တာရပါတယ်...ဒါဆိုကျွန်တော်သွားတော့မယ်နော်"
"အေး..အေး"
ရတုတစ်ယောက်အမြန်ပင်ထိုလူရှေ့ကထွက်သွားမိသည်။
♥♥♥♥♥♥♥♥♥♥♥♥
###########################
ကဲသဲတို့ရေအစောကြီးဇာတ်ကောင်၂ယောက်ကိုတွေ့ပေးလိုက်ပါပြီနော်
အကြောင်းရှိလို့စောစောတွေ့ပေးလိုက်တာ😁
ပေါ့ပေါ့ပါးပါးနဲ့ ရေးဖြစ်ဦးမှာပါခုတော့
ဝေဖန်ပေးကြပါဦးလိုအပ်ချက်ရှိရင်😁
Love You All😍😍