Criminals Of The King

By _cat_food

67K 5.5K 548

နတ်ဆိုးဧကရာဇ်ကြီးသည် လေလံပွဲမှ ကျားဖြူပေါက်လေး တစ်ကောင်အား ဝယ်ယူမွေးစားခဲ့သည်။ ထိုကောင်လေးသည် သူ့ဘဝ၏ ကံကြမ္မာ... More

Prologue
Episode - 1
Episode - 2
Episode - 3
Episode - 4
Episode - 5
Episode - 6
Episode - 8
Episode - 9
Episode - 10
Episode - 11
Episode - 12
Episode - 13
Episode - 14

Episode - 7

2.7K 324 38
By _cat_food


[ စာသင်ကြားခြင်း ]

လျုံဝေ့၏ ကိုယ်ဖော့ပညာက ဝမ်လျန်နီးနီး
အဆင့်မြင့်၏။ထိုသူခိုးအား မိနစ်ပိုင်းအတွင်းမှာပင် မိလိုက်ပြီး မထနိုင်လောက်အောင် ပညာပေးကာ ရဲမက်လက်ထဲသို့ အပ်လိုက်သည်။ လှပစွာ ရက်လုပ်ထားသည့် ငွေအိတ်အား ပိုင်ရှင်မိန်းကလေးကိုရှာပြီး ပြန်အပ်လိုက်၏။

" ကျေးဇူးတင်ပါတယ် အစ်ကိုကြီး ဒီအိတ်ထဲ
ကျွန်မရဲ့ အဖိုးတန်ပစ္စည်း တချို့ပါလို့ပါ "

ထိုမိန်းကလေးငယ်ကား အိမ်တော်တစ်ခုခုမှ
သခင်မလေး ဖြစ်ဟန်တူသည်။ လှပကျော့ရှင်းစွာ ဝတ်ဆင်ထားပြီး ရုပ်ရည်ကလည်း စွဲမက်ဖွယ်ရာပင်ဖြစ်၏။ မိန်းမလှ တစ်ဦးနှင့် စကားပြောရလျှင် ရင်မခုန်ဘူးဆိုပါက အလိမ်အညာ စကားပင်။ လျုံဝေ့သည်လည်း ယောက်ျားတစ်ယောက်ပင်မို့
နားရွက်ဖျားများပင် နီရဲလာပေသည်။

" ရပါတယ် လမ်းကြုံကူညီပေးတာပဲ ကျေးဇူးတင်စရာ မလိုပါဘူး မိန်းကလေး "

" နေ့လည်စာတစ်နပ်လောက်တော့ ဝယ်ကျွေးပါစေ
ကျေးဇူးကြွေးမတင်ချင်လို့ပါ ကျွန်မတို့ အချင်းချင်း မိတ်ဆွေ ဖြစ်သွားကြရင် မိတ်ဆွေကောင်းတစ်ယောက် တိုးလာတာပေါ့ မဟုတ်ဘူးလား "

မိန်းကလေးက အတင်းဖိတ်ခေါ်နေရလျှင် သူမ၏
သိက္ခာအတွက် မကောင်းပေ။ ထို့ကြောင့် လျုံဝေ့လည်း မငြင်းဆန်တော့ပဲ သူမနှင့်အတူ ဆိုင်ကောင်းတစ်ခုသို့ လိုက်သွားလိုက်သည်။ စကားစမြည်ပြောဆိုကြရင်း သိရသည်က သူမသည် ရန်အိမ်တော်မှ သခင်မလေးဖြစ်၏။သူမနာမည်က
ရန်လင်မိန့် ဟု ခေါ်သည်။ မြို့တော်ထဲ
ခဏ အလည်အပတ်ထွက်လာရင်း.. သူမအဖော်ဖြစ်သည့် အစေခံကောင်မလေးနှင့် လမ်းကွဲသွားကာ
ငွေအိတ် အလုခံလိုက်ရခြင်းပင်။

သူမခေါ်သွားသည့်ဆိုင်က အထက်တန်းဆင့် စားသောက်ဆိုင် တစ်ခုဖြစ်သည်။ လျုံဝေ့က ချမ်းသာသော်လည်း အဝတ်အစားနှင့် ပတ်သက်၍ သိပ်ပြီးအရေးမထားသည်မို့ ရန်လင်မိန့်နှင့် သူမှာ သခင်မလေးနှင့် သက်တော်စောင့်သဖွယ် ထင်နေရတော့သည်။ ထို အခြင်းအရာကို လျုံဝေ့ကသတိထားမိသော်လည်း သူမကတော့ သတိမထားမိချေ။ လျုံဝေ့ကိုသာ ကောင်းကောင်း မွန်မွန် ဧည့်ဝတ်ကျေရန် တွေးတောနေ၏။

" ဒါနဲ့ ကျွန်မ ရှင့်ရဲ့နာမည်ကို မသိရသေးဘူးနော်
ဒီမြို့ကတော့ မဟုတ်လောက်ဘူး ရှင့်ရဲ့ရုပ်သွင်က ထူးခြားတယ် "

" လော့ရန်မြို့တော်ကပါ ဒီကိုအလုပ်ကိစ္စရှိလို့ ခဏ ရောက်လာတာ နာမည်ကတော့ ဝေ့အာလို့ပဲ သိထားရင်
ရပါပြီ "

နောက်ပိုင်း တွေ့ဖြစ်ကြရန်လည်း ရှိလာမှာမဟုတ်တာမို့
လျုံဝေ့ နာမည်အရင်းကို ထုတ်ပြောရန် ဆန္ဒမရှိ။ စိတ်ရင်းနဲ့ ဆက်ဆံနေသည့် သူမကိုတော့ အားနာမိပေသည်။

" ကောင်းပါပြီ ဒီဆိုင်ကအစားအသောက်တွေက အရမ်း
နာမည်ကြီးတယ် တစ်ခါစားဖူးသွားရင် နောက်တစ်ကြိမ်
ထပ်လာပြီးရင်း လာချင်မိတဲ့အထိပဲ "

" ဒါ သခင်မလေးရန် ရဲ့ အိမ်တော်က ဖွင့်ထားတဲ့ဆိုင်တော့ မဟုတ်ပါဘူးနော် "

" ရှင်မှန်းတာ တော်လိုက်တာ ကျွန်မရဲ့ဆိုင်ဆိုတာ အမှန်ပါပဲ"

ရန်အိမ်တော်က ဟန်ကျုံးမြို့တော်အတွင်းမှာ အလွန် အာဏာသက်ရောက်ပုံရ၏။ ဤကဲ့သို့ စားသောက်ဆိုင်ကြီးကို ပိုင်ဆိုင်ထားပြီး မိန်းမငယ်လေးအား ယုံယုံကြည်ကြည်
ဦးစီးခွင့်ပြုထားသည်ဆိုတော့ ဒီပိုင်ဆိုင်မှုလောက်က
သူတို့အတွက် စာမဖွဲ့သည့်သဘောပင်။

" သခင်မလေးက တကယ်အရည်အချင်းရှိတဲ့သူပဲ
ပြီးတော့ ကျွန်တော့်လို အထက်တန်းလွှာက မဟုတ်တဲ့
လူကိုတောင် တစ်တန်းတည်းထားပြီး ဆက်ဆံပေးတယ်ဆိုတော့ စိတ်နှလုံးရည်နဲ့လည်း ပြည့်ဝတယ် "

" အရမ်းချီးကျူးလွန်းနေပါပြီ ကျွန်မကတော့ အဆင့်အတန်း ကို ထည့်မတွက်ပါဘူး စိတ်ဓာတ်ကိုပဲအဓိက ကြည့်တယ်
ရှင့်မျက်နှာကိုမြင်ကတည်းက စိတ်ထားမွန်မြတ်မယ့်လူ ဆိုတာ ခန့်မှန်းနိုင်ပြီးသား "

သူမက သူ့ကိုပါတစ်ဖန် ချီးမွန်းနေလေတော့ လျုံဝေ့ အနည်းငယ် နေရခက်မိကာ ရေနွေးကြမ်းခွက်ကို
ယူပြီး တစ်ငုံလောက် သောက်လိုက်မှ နေရသက်သာသွားသည်။ သူ့အသက်က အရှင်မင်းမြတ်နှင့် အတူတူပဲဖြစ်ရာ သူလည်း အိမ်ထောင်ပြုဖို့
မငယ်တော့ပေ။ ရန်လင်မိန့်လို စိတ်ထားကောင်းပြီး အရည်အချင်းရှိတဲ့ မိန်းမပျိုလေးကိုမြင်တော့ လက်ဆက်သင့်နေပြီဖြစ်ကြောင်း သတိရမိ၏။
သို့သော်လည်း ဝမ်လျန် လက်မထပ်သရွေ့ သူလည်း
လက်မထပ်ပါဟု ငယ်စဉ်က ပေးထားသည့်
ကတိကိုလည်း တွေးလိုက်မိရာ အနည်းငယ်တော့ ရင်မောသွားပေသည်။

သူ့အရှင်လို စိတ်ဆတ်တဲ့ ရေခဲတုံးကြီးက တစ်စုံတစ်ယောက် ကို လက်ဆက်မည့်နေ့ ဆိုတာ ဘယ်တော့ ရောက်လာမည်မှန်း မတွေးတတ်ချေ။

" အိုး.. ထူးထူးဆန်းဆန်း ညီမလေးလင်မိန့်ကို ဆိုင်မှာ
တွေ့နေရပါလား "

လက်ထဲက ယပ်တောင်ကို တဖျတ်ဖျတ်ခတ်ရင်း အနား ရောက်လာသူက ကျောက်မင်ကျူး ပင်။ သူမနှင့် လက်ဆက် လိုကြောင်း ရန်အိမ်တော်ကို ခဏခဏ ရောက်လာကာ
အပူကပ်တတ်သူဖြစ်သည်။ မိန်းမပွေရှုပ်တတ်ပြီး ကောက်ကျစ်သူမို့ ရန်အိမ်တော်ကလည်း သူမကို ဖိအားမပေးချေ။ သူမသဘောကိုသာ အဓိကထား၏။

" အစ်ကိုကျောက် ကိစ္စရှိလို့များလား "

" ဆိုပါတော့ စစ်သူကြီး ရန်ဟွာ နဲ့ အလုပ်ကိစ္စလေးရှိလို့ လာဆွေးနွေးရုံပါ ဒါနဲ့ ဘယ်က ကလေကချေနဲ့များ
ညီမလေးလင်မိန့်က ထမင်းလက်ဆုံ စားနေရတာလဲ "

" အစ်ကိုကျောက် စကားကိုဆင်ခြင်ပြောပါ ကျွန်မ ဧည့်သည်ကို မလေးမစားမလုပ်နဲ့ "

" ရန်ဟွာ ကြည့်ပါဦး မင်းရဲ့ညီမလေးက ဘယ်က ကလေကချေ နဲ့ ပေါင်းသင်းနေသလဲဆိုတာ "

ကျောက်မင်ကျူး နောက်မှာ ပါလာသည့် ရန်ဟွာက
ရန်လင်မိန့်၏ အစ်ကိုဖြစ်သည့် ရန်စစ်သူကြီးပင်။
ဟန်ကျူံးရဲ့ အကျော်ကြားဆုံး စစ်သူကြီးတွေထဲက
တစ်ယောက်ပေမယ့် လျုံဝေ့ ကြားဖူးနေတာ ကြာပြီ ဖြစ်သည်။ ရက်စက်ကြမ်းကြုတ်သည့် အသွင်
မရှိဘဲ မျိူးရိုးမြင့် သခင်လေးတစ်ယောက်ပုံစံသာ
ပေါက်သည်။ ချောမောခန့်ညားတဲ့ မျက်နှာထက်
ညာဘက်မျက်လုံးထောင့်မှာ အမာရွတ်တစ်ခု
ရှိနေသော်လည်း ခန့်ညားတဲ့အရှိန်အဝါကို ကျမသွားစေဘဲ ပိုလို့ပင် တိုးလာစေသေးသည်။

" ရန်သခင်မလေး ကျွန်တော့်ကို ပြန်ခွင့်ပြုပါဦး
အခြားလုပ်စရာကိစ္စလေး ရှိနေသေးလို့ "

နေရာစိမ်းမှာ တစ်စုံတစ်ယောက်နဲ့ ပြဿနာဖြစ်လို့ မကောင်းတာမို့ လျုံဝေ့ အလိမ္မာနည်းသုံး၍သာ
ပြန်ရန် စကားဆိုလိုက်သည်။

ရန်လင်မိန့်ကတော့ အားနာစွာဆို၏။

" ဝေ့အာ ကောင်းကောင်းမဧည့်ခံလိုက်နိုင်တာ
တကယ်အားနာပါတယ် နောက်ကြုံရင် သေချာ
ဧည့်ဝတ်ကျေပါ့မယ် "

လျုံဝေ့ ခေါင်းငြိမ့်ပြကာ ထိုနေရာမှ ထွက်ခွာလာခဲ့သည်။ တစ်စုံတစ်ယောက်၏ စူးရှဲသည့်
အကြည့်တွေက သူ့နောက်ပါးထံ
ကပ်ပါလာခြင်းကိုတော့ သတိမထားမိပေ။

•••••••••

ချင်အင်ပါယာ နန်းတော်ထဲမှာတော့ ပိုင်မုန့်ရဲ့
သာယာလွန်းတဲ့ နေ့ရက်တွေဟာ ကုန်ဆုံးသွားပြီ
ဖြစ်သည်။ ပိုင်မုန့်က စာမသင်ကြားခဲ့ဖူးတာမို့
စာမဖတ်တတ်ချေ။ ဝမ်လျန်က ပညာရေးဝန်ကြီး၏
သားဖြစ်သူ ကျန်းဖေးဝိန်အား ပိုင်မုန့်အတွက်
သီးသန့်ဆရာအဖြစ် ဆင့်ခေါ်လိုက်၏။

ကျန်းဖေးဝိန်သည် အမှုထမ်း စာမေးပွဲတွင်
ထိပ်တန်းဂုဏ်ထူးဆောင် အမှတ်ဖြင့် အောင်မြင်ခဲ့သူ ဖြစ်သည်။ ထို့အတူ အနေအေးပြီး အကျင့် စာရိတ္တ ပိုင်းနှင့် ပတ်သက်၍ အမည်ပျက်မရှိသူမို့
ပိုင်မုန့်နှင့် နှစ်ယောက်တည်း စိတ်ချစွာ
သင်ယူစေဖို့ ဆုံးဖြတ်လိုက်သည်။

နန်းတော်ထဲ ခြေချလိုက်သည်နှင့် ရင်ထဲက အပူလုံးက ပို၍ ကြီးမားလာသယောင် ကျန်းဖေးဝိန် ခံစားလိုက်ရသည်။ ဧကရာဇ်က မင်းသားငယ်လေးနဲ့
အသက်ရွယ်တူ ကောင်လေးတစ်ယောက်အား မွေးစားခဲ့ကြောင်းကို တရားဝင် မကြေငြာရသေး သော်ငြား မှူးကြီးမတ်ရာတွေအားလုံး ထိုသတင်းကို
သိထား၏။ ထို ကောင်လေးကို သင်ကြားပြသ
ပေးရမည်ဆိုတော့ မျက်ခုံးခပ်လှုပ်လှုပ်ပင်။

ဧကရာဇ် က သူ့ညီတော်ထက်ပင် အလိုလိုက်သည်ကို ယဲ့လင်ကုန်းကုန်းထံမှ သတင်းရပြီးသားမို့
ထိုကောင်လေး အရမ်းမဆိုးဖို့သာ အကြိမ်ကြိမ်
ဆုတောင်းမိလေသည်။

ဧကရာဇ် နန်းဆောင်ထဲ ရောက်သွားတော့ ယဲ့လင်
က အသင့်စောင့်နေ၏။

" ရောက်လာပါပြီလား ကျန်းဝမ်ရယ် "

" အရှင်မင်းမြတ်ရော အဆောင်ထဲ ရှိနေလား
ကုန်းကုန်း "

" အရှင်မင်းမြတ်ကရှိပါတယ် ဒါပေမဲ့ အခစားဝင်ဖို့ မလိုကြောင်း မိန့်လိုက်တယ် ရှောင်ဝမ်ရယ်က
အသင့်စောင့်ဆိုင်းနေပြီမို့ တစ်ခါတည်း
သင်ကြားမယ့်နေရာကို သွားရုံပါ ကျွန်တော်မျိုး
လိုက်ပို့ပါ့မယ် "

" ကောင်းပါပြီ "

ဝမ်လျန်က ပထမဆုံး စာသင်ကြားပေးရမည့်
ရက်မှာ ဖိအားမများစေလို၍ ထင်၏။ အခစား မဝင်ရတော့သဖြင့် အတော်လေး စိတ်ဖိအားနည်းသွား သည်မှာ အမှန်ပင်။ အဆောင်တော်ဝန်းထဲက
အနားယူရန် ပြုလုပ်ထားသည့် အဆောင်ငယ် လေး၌ သင်ကြားရန် နေရာချထားပေး၏။

(A.N ဒီလိုပုံစံလေးပါ မျက်စိထဲမမြင်ကြမှာစိုးလို့)

တံတားငယ်လေးကို ဖြတ်လျှောက်သွားပြီးနောက်
သင်ကြားရမည့် အဆောင်တဲ ငယ်လေးထဲ ရောက်သွား၏။

စိတ်အပန်းဖြေရန် ဆောက်လုပ်ထားသည့်နေရာ
ဖြစ်ရာ စာလုပ်ဖို့လည်း အလွန်သင့်တော်ပေ၏။
ပိုင်မုန့်က ဆရာဆိုသူ ရောက်လာသည်ကို မြင်သည့်အခါ အလွန်ဖျတ်လတ်တက်ကြွစွာ ကြိုဆိုလေသည်။

" ကြိုဆိုပါတယ် ရှစ်ဖူ ကျွန်တော့်နာမည်က
ပိုင်မုန့်ပါ "

ပိုင်မုန့်ဆိုသည့် ရှောင်ဝမ်ရယ် သေးသေးလေးအား
ပထမဆုံးမြင်မိတော့ သူတကယ် မှင်သက်မိ
သွားပါ၏။ ငွေဖြူရောင်ဆံနွယ်တွေက ခါးထိ
ကျဆင်းနေကာ ဆံနွယ်တစ်ဝက်လောက်အား
ကျောက်စိမ်းဆံထိုးနှင့် ရိုးရှင်းစွာ ထုံးဖွဲ့ထား၏။
နို့နှစ်ရောင် အသားအရည်နှင့် တလက်လက် တောက်ပနေတဲ့ အပြာရောင် မျက်ဝန်းတွေက
လွန်စွာ ပနံသင့်လှပေသည်။

ခြုံငုံပြောရသော် ထိုရှောင်ဝမ်ရယ်လေးသည်
အလွန်လှပသော ကောင်လေးတစ်ယောက်သာ။

" အဟမ်း သက်သက်သာသာပဲနေပါ ရှစ်ဖူတို့
စာစသင်ကြတာပေါ့ "

ဆရာနှင့်တပည့် ဖြစ်တာကြောင့် ရှောင်ဝမ်ရယ်လေးကို အလွန် ရိုသေစွာ ဆက်ဆံ၍လည်း မဖြစ်ချေ။
ရာထူးရာခံတွေကို မေ့ထားပြီး တကယ့် စာသင်သားနှင့် ဆရာတစ်ယောက်လိုသာ အောက်မေ့ သဘောထားလိုက်တော့သည်။

ယဲ့လင်က သူတို့နှစ်ယောက်အား
ခပ်လှမ်းလှမ်းမှသာ စောင့်ဆိုင်းနေသည်။
အလိုရှိသည်ကို အလွယ်တကူ ဆောင်ရွက်ပေးနိုင်ရန် ဖြစ်သည်။ ပိုင်မုန့်နှင့် စာသင်ရသည်က ထင်သလောက် အခက်မတွေ့ချေ။ မှတ်ဉာဏ်
ကောင်းသည့်အပြင် နာခံတတ်သည့် အကျင့်လေး
ရှိနေတာမို့ ပထမဆုံးစာသင်သည့်နေ့သည် လွယ်ကူ ချောမွေ့စွာပင် ကုန်ဆုံးသွားတော့သည်။

တစ်နေ့လုံး သင်ကြားပြီးနောက် ကျန်းဖေးဝိန်လည်း
ပြန်သွားပြီဖြစ်သည်။

ပိုင်မုန့်တစ်‌ယောက် အဆောင်တော်ထဲသို့ ပျော်ရွှင်စွာ
ပြန်လာခဲ့သည်။ ဝမ်လျန်က အစီရင်ခံစာ တစ်ချို့
ဖတ်ရှုနေဆဲဖြစ်၏။

" အရှင်!! ဒီနေ့အတွက် စာသင်တာပြီးသွားပြီ"

ဝင်ပေါက်မှာကတည်းက စာသင်ရသည့် အတွေ့အကြုံကို မရပ်မနား ပြောလာလေရာ
ပိုင်မုန့် ဘယ်လောက်ပျော်ရွှင်နေသလဲ သိသာ၏။
တောက်ပနေတဲ့ အပြုံးလေးတွေကို တွေ့ရတော့
ညစ်ညူးနေသမျှ စိတ်တွေကြည်လင်လာသည်။

မုန့်အာက တကယ့်ကို သူ့ရဲ့ အကြည်ဓာတ်လေး ဖြစ်၏။

" ကိုယ်တော့်ရဲ့ မုန့်အာလေး ပင်ပန်းသွားရပြီ "

ဝမ်လျန် သူ့ကို ထွေးပွေ့ကာ ပေါင်ပေါ်ထိုင်စေလိုက်၏။ လည်တိုင်ဖွေးဖွေးအား နမ်းရှိူက်
လိုက်တော့ မက်မွန်နံ့သင်းသင်းလေးကို ရသည်။
ထိုအပြုအမူကို မနေတတ်စွာ ပိုင်မုန့် က တခစ်ခစ်ရယ် ရင်း ရုန်းကန်နေသည်။

" ကိုယ်တော် ပြောစရာရှိတယ် "

" ဟုတ် "

" အမဲလိုက်ပွဲတော်ကို မနက်ဖြန်
စတင်ကျင်းပတော့မယ် ဒါကြောင့် ကိုယ်တော်
သုံးလေးရက်လောက် နန်းတော်မှာ ရှိနေမှာ
မဟုတ်ဘူး "

ထိုစကားကို ကြားတော့ ရင်ခွင်ထဲက မုန့်အာလေး
ငြိမ်ကျသွား၏။ ထို့အပြင် အလိုမကျသလို နှုတ်ခမ်းလေး ဆူလာသည်။

" ဒါဆို မုန့်အာတစ်ယောက်ထဲ အိပ်ရာဝင်ရပြီး
မနက်စာ နေ့လည်စာ ညစာတွေရော တစ်ယောက်ထဲ
စားရမှာပေါ့ "

" အနည်းဆုံး သုံးရက် အများဆုံး တစ်ပတ်လောက်ပါပဲ မုန့်အာရဲ့ နှစ်စဥ်ကျင်းပလာတဲ့ပွဲဆိုတော့
ကိုယ်တော်မတက်ရောက်လို့ မဖြစ်ပြန်ဘူး "

" မုန့်အာကိုရော ခေါ်သွားပါ မုန့်အာက အမဲလိုက်တဲ့နေရာမှာ တော်တယ် "

" မဖြစ်ဘူး အန္တရာယ်များတယ် "

အမဲလိုက်ရာသီပွဲတော်မှာ လုပ်ကြံမှုများ ပြည့်နှက် နေသည့်အပြင် သားရဲတိရစ္ဆာန်များ လွန်စွာ
ပေါလှတာကြောင့် အန္တရာယ်အလွန်များ၏။
မုန့်အာက မိစ္ဆာသားရဲ တစ်ကောင်ဖြစ်သော်လည်း
ကြမ်းတမ်းသည့် သားရဲပတ်ဝန်းကျင်မှာ ကြီးပြင်းလာသူ မဟုတ်ပေ။

" မုန့်အာလည်း အတွေ့အကြုံယူလို့ရတာပေါ့
အရှင့်အနားမှာပဲ နေမယ်လေ နော် အရှင်
မုန့်အာကို ခေါ်သွားပါနော် "

ဝမ်လျန်လက်မောင်းကိုဆွဲကာ အတင်းဂျီကျလေတော့သည်။ ဝမ်လျန်ကလည်း အထပ်ထပ်အခါခါ
ငြင်းဆိုသည့်အခါ ညစာပင် မစားတော့ဘဲ
စိတ်ကောက်သွားချေသည်။ သူ့ကို ခေါ်ဆောင်မသွားလျှင် လုံးဝ အစာမစားတော့ပါဟုပင်
ခြိမ်းခြောက်ဆန္ဒပြလိုက်သေး၏။ ညအချိန်၌လည်း
သူ့ဘက်ကို ကျောပေးကာ အိပ်စက်နေသော
ကျားပေါက်လေး၏ ကျောပြင်ငယ်ကိုကြည့်ရင်း
ဝမ်လျန် အတွေးများရပြီ ဖြစ်သည်။

To be continued.....

ဇာတ်လမ်းက အေးနေပေမယ့် တဖြည်းဖြည်း
Tempo မြင့်အောင် ဆွဲခေါ်သွားမှာပါ
ဆက်ပြီး လိုက်ပါခဲ့ပေးကြပါဦးနော်  ʕ→ᴥ←ʔ

______________________________________

[ စာသင္ၾကားျခင္း ]

လ်ဳံေဝ့၏ ကိုယ္ေဖာ့ပညာက ဝမ္လ်န္နီးနီး
အဆင့္ျမင့္၏။ထိုသူခိုးအား မိနစ္ပိုင္းအတြင္းမွာပင္ မိလိုက္ၿပီး မထနိုင္ေလာက္ေအာင္ ပညာေပးကာ ရဲမက္လက္ထဲသို႔ အပ္လိုက္သည္။ လွပစြာ ရက္လုပ္ထားသည့္ ေငြအိတ္အား ပိုင္ရွင္မိန္းကေလးကိုရွာၿပီး ျပန္အပ္လိုက္၏။

" ေက်းဇူးတင္ပါတယ္ အစ္ကိုႀကီး ဒီအိတ္ထဲ
ကြၽန္မရဲ႕ အဖိုးတန္ပစၥည္း တခ်ိဳ႕ပါလို႔ပါ "

ထိုမိန္းကေလးငယ္ကား အိမ္ေတာ္တစ္ခုခုမွ
သခင္မေလး ျဖစ္ဟန္တူသည္။ လွပေက်ာ့ရွင္းစြာ ဝတ္ဆင္ထားၿပီး ႐ုပ္ရည္ကလည္း စြဲမက္ဖြယ္ရာပင္ျဖစ္၏။ မိန္းမလွ တစ္ဦးႏွင့္ စကားေျပာရလွ်င္ ရင္မခုန္ဘူးဆိုပါက အလိမ္အညာ စကားပင္။ လ်ဳံေဝ့သည္လည္း ေယာက္်ားတစ္ေယာက္ပင္မို႔
နား႐ြက္ဖ်ားမ်ားပင္ နီရဲလာေပသည္။

" ရပါတယ္ လမ္းႀကဳံကူညီေပးတာပဲ ေက်းဇူးတင္စရာ မလိုပါဘူး မိန္းကေလး "

" ေန႕လည္စာတစ္နပ္ေလာက္ေတာ့ ဝယ္ေကြၽးပါေစ
ေက်းဇူးေႂကြးမတင္ခ်င္လို႔ပါ ကြၽန္မတို႔ အခ်င္းခ်င္း မိတ္ေဆြ ျဖစ္သြားၾကရင္ မိတ္ေဆြေကာင္းတစ္ေယာက္ တိုးလာတာေပါ့ မဟုတ္ဘူးလား "

မိန္းကေလးက အတင္းဖိတ္ေခၚေနရလွ်င္ သူမ၏
သိကၡာအတြက္ မေကာင္းေပ။ ထို႔ေၾကာင့္ လ်ဳံေဝ့လည္း မျငင္းဆန္ေတာ့ပဲ သူမႏွင့္အတူ ဆိုင္ေကာင္းတစ္ခုသို႔ လိုက္သြားလိုက္သည္။ စကားစျမည္ေျပာဆိုၾကရင္း သိရသည္က သူမသည္ ရန္အိမ္ေတာ္မွ သခင္မေလးျဖစ္၏။သူမနာမည္က
ရန္လင္မိန့္ ဟု ေခၚသည္။ ၿမိဳ႕ေတာ္ထဲ
ခဏ အလည္အပတ္ထြက္လာရင္း.. သူမအေဖာ္ျဖစ္သည့္ အေစခံေကာင္မေလးႏွင့္ လမ္းကြဲသြားကာ
ေငြအိတ္ အလုခံလိုက္ရျခင္းပင္။

သူမေခၚသြားသည့္ဆိုင္က အထက္တန္းဆင့္ စားေသာက္ဆိုင္ တစ္ခုျဖစ္သည္။ လ်ဳံေဝ့က ခ်မ္းသာေသာ္လည္း အဝတ္အစားႏွင့္ ပတ္သက္၍ သိပ္ၿပီးအေရးမထားသည္မို႔ ရန္လင္မိန့္ႏွင့္ သူမွာ သခင္မေလးႏွင့္ သက္ေတာ္ေစာင့္သဖြယ္ ထင္ေနရေတာ့သည္။ ထို အျခင္းအရာကို လ်ဳံေဝ့ကသတိထားမိေသာ္လည္း သူမကေတာ့ သတိမထားမိေခ်။ လ်ဳံေဝ့ကိုသာ ေကာင္းေကာင္း မြန္မြန္ ဧည့္ဝတ္ေက်ရန္ ေတြးေတာေန၏။

" ဒါနဲ႕ ကြၽန္မ ရွင့္ရဲ႕နာမည္ကို မသိရေသးဘူးေနာ္
ဒီၿမိဳ႕ကေတာ့ မဟုတ္ေလာက္ဘူး ရွင့္ရဲ႕႐ုပ္သြင္က ထူးျခားတယ္ "

" ေလာ့ရန္ၿမိဳ႕ေတာ္ကပါ ဒီကိုအလုပ္ကိစၥရွိလို႔ ခဏ ေရာက္လာတာ နာမည္ကေတာ့ ေဝ့အာလို႔ပဲ သိထားရင္
ရပါၿပီ "

ေနာက္ပိုင္း ေတြ႕ျဖစ္ၾကရန္လည္း ရွိလာမွာမဟုတ္တာမို႔
လ်ဳံေဝ့ နာမည္အရင္းကို ထုတ္ေျပာရန္ ဆႏၵမရွိ။ စိတ္ရင္းနဲ႕ ဆက္ဆံေနသည့္ သူမကိုေတာ့ အားနာမိေပသည္။

" ေကာင္းပါၿပီ ဒီဆိုင္ကအစားအေသာက္ေတြက အရမ္း
နာမည္ႀကီးတယ္ တစ္ခါစားဖူးသြားရင္ ေနာက္တစ္ႀကိမ္
ထပ္လာၿပီးရင္း လာခ်င္မိတဲ့အထိပဲ "

" ဒါ သခင္မေလးရန္ ရဲ႕ အိမ္ေတာ္က ဖြင့္ထားတဲ့ဆိုင္ေတာ့ မဟုတ္ပါဘူးေနာ္ "

" ရွင္မွန္းတာ ေတာ္လိုက္တာ ကြၽန္မရဲ႕ဆိုင္ဆိုတာ အမွန္ပါပဲ"

ရန္အိမ္ေတာ္က ဟန္က်ဳံးၿမိဳ႕ေတာ္အတြင္းမွာ အလြန္ အာဏာသက္ေရာက္ပုံရ၏။ ဤကဲ့သို႔ စားေသာက္ဆိုင္ႀကီးကို ပိုင္ဆိုင္ထားၿပီး မိန္းမငယ္ေလးအား ယုံယုံၾကည္ၾကည္
ဦးစီးခြင့္ျပဳထားသည္ဆိုေတာ့ ဒီပိုင္ဆိုင္မႈေလာက္က
သူတို႔အတြက္ စာမဖြဲ႕သည့္သေဘာပင္။

" သခင္မေလးက တကယ္အရည္အခ်င္းရွိတဲ့သူပဲ
ၿပီးေတာ့ ကြၽန္ေတာ့္လို အထက္တန္းလႊာက မဟုတ္တဲ့
လူကိုေတာင္ တစ္တန္းတည္းထားၿပီး ဆက္ဆံေပးတယ္ဆိုေတာ့ စိတ္ႏွလုံးရည္နဲ႕လည္း ျပည့္ဝတယ္ "

" အရမ္းခ်ီးက်ဴးလြန္းေနပါၿပီ ကြၽန္မကေတာ့ အဆင့္အတန္း ကို ထည့္မတြက္ပါဘူး စိတ္ဓာတ္ကိုပဲအဓိက ၾကည့္တယ္
ရွင့္မ်က္ႏွာကိုျမင္ကတည္းက စိတ္ထားမြန္ျမတ္မယ့္လူ ဆိုတာ ခန့္မွန္းနိုင္ၿပီးသား "

သူမက သူ႕ကိုပါတစ္ဖန္ ခ်ီးမြန္းေနေလေတာ့ လ်ဳံေဝ့ အနည္းငယ္ ေနရခက္မိကာ ေရေႏြးၾကမ္းခြက္ကို
ယူၿပီး တစ္ငုံေလာက္ ေသာက္လိုက္မွ ေနရသက္သာသြားသည္။ သူ႕အသက္က အရွင္မင္းျမတ္ႏွင့္ အတူတူပဲျဖစ္ရာ သူလည္း အိမ္ေထာင္ျပဳဖို႔
မငယ္ေတာ့ေပ။ ရန္လင္မိန့္လို စိတ္ထားေကာင္းၿပီး အရည္အခ်င္းရွိတဲ့ မိန္းမပ်ိဳေလးကိုျမင္ေတာ့ လက္ဆက္သင့္ေနၿပီျဖစ္ေၾကာင္း သတိရမိ၏။
သို႔ေသာ္လည္း ဝမ္လ်န္ လက္မထပ္သေ႐ြ႕ သူလည္း
လက္မထပ္ပါဟု ငယ္စဥ္က ေပးထားသည့္
ကတိကိုလည္း ေတြးလိုက္မိရာ အနည္းငယ္ေတာ့ ရင္ေမာသြားေပသည္။

သူ႕အရွင္လို စိတ္ဆတ္တဲ့ ေရခဲတုံးႀကီးက တစ္စုံတစ္ေယာက္ ကို လက္ဆက္မည့္ေန႕ ဆိုတာ ဘယ္ေတာ့ ေရာက္လာမည္မွန္း မေတြးတတ္ေခ်။

" အိုး.. ထူးထူးဆန္းဆန္း ညီမေလးလင္မိန့္ကို ဆိုင္မွာ
ေတြ႕ေနရပါလား "

လက္ထဲက ယပ္ေတာင္ကို တဖ်တ္ဖ်တ္ခတ္ရင္း အနား ေရာက္လာသူက ေက်ာက္မင္က်ဴး ပင္။ သူမႏွင့္ လက္ဆက္ လိုေၾကာင္း ရန္အိမ္ေတာ္ကို ခဏခဏ ေရာက္လာကာ
အပူကပ္တတ္သူျဖစ္သည္။ မိန္းမေပြရႈပ္တတ္ၿပီး ေကာက္က်စ္သူမို႔ ရန္အိမ္ေတာ္ကလည္း သူမကို ဖိအားမေပးေခ်။ သူမသေဘာကိုသာ အဓိကထား၏။

" အစ္ကိုေက်ာက္ ကိစၥရွိလို႔မ်ားလား "

" ဆိုပါေတာ့ စစ္သူႀကီး ရန္ဟြာ နဲ႕ အလုပ္ကိစၥေလးရွိလို႔ လာေဆြးေႏြး႐ုံပါ ဒါနဲ႕ ဘယ္က ကေလကေခ်နဲ႕မ်ား
ညီမေလးလင္မိန့္က ထမင္းလက္ဆုံ စားေနရတာလဲ "

" အစ္ကိုေက်ာက္ စကားကိုဆင္ျခင္ေျပာပါ ကြၽန္မ ဧည့္သည္ကို မေလးမစားမလုပ္နဲ႕ "

" ရန္ဟြာ ၾကည့္ပါဦး မင္းရဲ႕ညီမေလးက ဘယ္က ကေလကေခ် နဲ႕ ေပါင္းသင္းေနသလဲဆိုတာ "

ေက်ာက္မင္က်ဴး ေနာက္မွာ ပါလာသည့္ ရန္ဟြာက
ရန္လင္မိန့္၏ အစ္ကိုျဖစ္သည့္ ရန္စစ္သူႀကီးပင္။
ဟန္က်ဴံးရဲ႕ အေက်ာ္ၾကားဆုံး စစ္သူႀကီးေတြထဲက
တစ္ေယာက္ေပမယ့္ လ်ဳံေဝ့ ၾကားဖူးေနတာ ၾကာၿပီ ျဖစ္သည္။ ရက္စက္ၾကမ္းၾကဳတ္သည့္ အသြင္
မရွိဘဲ မ်ိဴးရိုးျမင့္ သခင္ေလးတစ္ေယာက္ပုံစံသာ
ေပါက္သည္။ ေခ်ာေမာခန့္ညားတဲ့ မ်က္ႏွာထက္
ညာဘက္မ်က္လုံးေထာင့္မွာ အမာ႐ြတ္တစ္ခု
ရွိေနေသာ္လည္း ခန့္ညားတဲ့အရွိန္အဝါကို က်မသြားေစဘဲ ပိုလို႔ပင္ တိုးလာေစေသးသည္။

" ရန္သခင္မေလး ကြၽန္ေတာ့္ကို ျပန္ခြင့္ျပဳပါဦး
အျခားလုပ္စရာကိစၥေလး ရွိေနေသးလို႔ "

ေနရာစိမ္းမွာ တစ္စုံတစ္ေယာက္နဲ႕ ျပႆနာျဖစ္လို႔ မေကာင္းတာမို႔ လ်ဳံေဝ့ အလိမၼာနည္းသုံး၍သာ
ျပန္ရန္ စကားဆိုလိုက္သည္။

ရန္လင္မိန့္ကေတာ့ အားနာစြာဆို၏။

" ေဝ့အာ ေကာင္းေကာင္းမဧည့္ခံလိုက္နိုင္တာ
တကယ္အားနာပါတယ္ ေနာက္ႀကဳံရင္ ေသခ်ာ
ဧည့္ဝတ္ေက်ပါ့မယ္ "

လ်ဳံေဝ့ ေခါင္းၿငိမ့္ျပကာ ထိုေနရာမွ ထြက္ခြာလာခဲ့သည္။ တစ္စုံတစ္ေယာက္၏ စူးရွဲသည့္
အၾကည့္ေတြက သူ႕ေနာက္ပါးထံ
ကပ္ပါလာျခင္းကိုေတာ့ သတိမထားမိေပ။

•••••••••

ခ်င္အင္ပါယာ နန္းေတာ္ထဲမွာေတာ့ ပိုင္မုန့္ရဲ႕
သာယာလြန္းတဲ့ ေန႕ရက္ေတြဟာ ကုန္ဆုံးသြားၿပီ
ျဖစ္သည္။ ပိုင္မုန့္က စာမသင္ၾကားခဲ့ဖူးတာမို႔
စာမဖတ္တတ္ေခ်။ ဝမ္လ်န္က ပညာေရးဝန္ႀကီး၏
သားျဖစ္သူ က်န္းေဖးဝိန္အား ပိုင္မုန့္အတြက္
သီးသန့္ဆရာအျဖစ္ ဆင့္ေခၚလိုက္၏။

က်န္းေဖးဝိန္သည္ အမႈထမ္း စာေမးပြဲတြင္
ထိပ္တန္းဂုဏ္ထူးေဆာင္ အမွတ္ျဖင့္ ေအာင္ျမင္ခဲ့သူ ျဖစ္သည္။ ထို႔အတူ အေနေအးၿပီး အက်င့္ စာရိတၱ ပိုင္းႏွင့္ ပတ္သက္၍ အမည္ပ်က္မရွိသူမို႔
ပိုင္မုန့္ႏွင့္ ႏွစ္ေယာက္တည္း စိတ္ခ်စြာ
သင္ယူေစဖို႔ ဆုံးျဖတ္လိုက္သည္။

နန္းေတာ္ထဲ ေျခခ်လိဳက္သည္ႏွင့္ ရင္ထဲက အပူလုံးက ပို၍ ႀကီးမားလာသေယာင္ က်န္းေဖးဝိန္ ခံစားလိုက္ရသည္။ ဧကရာဇ္က မင္းသားငယ္ေလးနဲ႕
အသက္႐ြယ္တူ ေကာင္ေလးတစ္ေယာက္အား ေမြးစားခဲ့ေၾကာင္းကို တရားဝင္ မေၾကျငာရေသး ေသာ္ျငား မႉးႀကီးမတ္ရာေတြအားလုံး ထိုသတင္းကို
သိထား၏။ ထို ေကာင္ေလးကို သင္ၾကားျပသ
ေပးရမည္ဆိုေတာ့ မ်က္ခုံးခပ္လႈပ္လႈပ္ပင္။

ဧကရာဇ္ က သူ႕ညီေတာ္ထက္ပင္ အလိုလိုက္သည္ကို ယဲ့လင္ကုန္းကုန္းထံမွ သတင္းရၿပီးသားမို႔
ထိုေကာင္ေလး အရမ္းမဆိုးဖို႔သာ အႀကိမ္ႀကိမ္
ဆုေတာင္းမိေလသည္။

ဧကရာဇ္ နန္းေဆာင္ထဲ ေရာက္သြားေတာ့ ယဲ့လင္
က အသင့္ေစာင့္ေန၏။

" ေရာက္လာပါၿပီလား က်န္းဝမ္ရယ္ "

" အရွင္မင္းျမတ္ေရာ အေဆာင္ထဲ ရွိေနလား
ကုန္းကုန္း "

" အရွင္မင္းျမတ္ကရွိပါတယ္ ဒါေပမဲ့ အခစားဝင္ဖို႔ မလိုေၾကာင္း မိန့္လိုက္တယ္ ေရွာင္ဝမ္ရယ္က
အသင့္ေစာင့္ဆိုင္းေနၿပီမို႔ တစ္ခါတည္း
သင္ၾကားမယ့္ေနရာကို သြား႐ုံပါ ကြၽန္ေတာ္မ်ိဳး
လိုက္ပို႔ပါ့မယ္ "

" ေကာင္းပါၿပီ "

ဝမ္လ်န္က ပထမဆုံး စာသင္ၾကားေပးရမည့္
ရက္မွာ ဖိအားမမ်ားေစလို၍ ထင္၏။ အခစား မဝင္ရေတာ့သျဖင့္ အေတာ္ေလး စိတ္ဖိအားနည္းသြား သည္မွာ အမွန္ပင္။ အေဆာင္ေတာ္ဝန္းထဲက
အနားယူရန္ ျပဳလုပ္ထားသည့္ အေဆာင္ငယ္ ေလး၌ သင္ၾကားရန္ ေနရာခ်ထားေပး၏။

(A.N ဒီလိုပုံစံေလးပါ မ်က္စိထဲမျမင္ၾကမွာစိုးလို႔)

တံတားငယ္ေလးကို ျဖတ္ေလွ်ာက္သြားၿပီးေနာက္
သင္ၾကားရမည့္ အေဆာင္တဲ ငယ္ေလးထဲ ေရာက္သြား၏။

စိတ္အပန္းေျဖရန္ ေဆာက္လုပ္ထားသည့္ေနရာ
ျဖစ္ရာ စာလုပ္ဖို႔လည္း အလြန္သင့္ေတာ္ေပ၏။
ပိုင္မုန့္က ဆရာဆိုသူ ေရာက္လာသည္ကို ျမင္သည့္အခါ အလြန္ဖ်တ္လတ္တက္ႂကြစြာ ႀကိဳဆိုေလသည္။

" ႀကိဳဆိုပါတယ္ ရွစ္ဖူ ကြၽန္ေတာ့္နာမည္က
ပိုင္မုန့္ပါ "

ပိုင္မုန့္ဆိုသည့္ ေရွာင္ဝမ္ရယ္ ေသးေသးေလးအား
ပထမဆုံးျမင္မိေတာ့ သူတကယ္ မွင္သက္မိ
သြားပါ၏။ ေငြျဖဴေရာင္ဆံႏြယ္ေတြက ခါးထိ
က်ဆင္းေနကာ ဆံႏြယ္တစ္ဝက္ေလာက္အား
ေက်ာက္စိမ္းဆံထိုးႏွင့္ ရိုးရွင္းစြာ ထုံးဖြဲ႕ထား၏။
နို႔ႏွစ္ေရာင္ အသားအရည္ႏွင့္ တလက္လက္ ေတာက္ပေနတဲ့ အျပာေရာင္ မ်က္ဝန္းေတြက
လြန္စြာ ပနံသင့္လွေပသည္။

ၿခဳံငုံေျပာရေသာ္ ထိုေရွာင္ဝမ္ရယ္ေလးသည္
အလြန္လွပေသာ ေကာင္ေလးတစ္ေယာက္သာ။

" အဟမ္း သက္သက္သာသာပဲေနပါ ရွစ္ဖူတို႔
စာစသင္ၾကတာေပါ့ "

ဆရာႏွင့္တပည့္ ျဖစ္တာေၾကာင့္ ေရွာင္ဝမ္ရယ္ေလးကို အလြန္ ရိုေသစြာ ဆက္ဆံ၍လည္း မျဖစ္ေခ်။
ရာထူးရာခံေတြကို ေမ့ထားၿပီး တကယ့္ စာသင္သားႏွင့္ ဆရာတစ္ေယာက္လိုသာ ေအာက္ေမ့ သေဘာထားလိုက္ေတာ့သည္။

ယဲ့လင္က သူတို႔ႏွစ္ေယာက္အား
ခပ္လွမ္းလွမ္းမွသာ ေစာင့္ဆိုင္းေနသည္။
အလိုရွိသည္ကို အလြယ္တကူ ေဆာင္႐ြက္ေပးနိုင္ရန္ ျဖစ္သည္။ ပိုင္မုန့္ႏွင့္ စာသင္ရသည္က ထင္သေလာက္ အခက္မေတြ႕ေခ်။ မွတ္ဉာဏ္
ေကာင္းသည့္အျပင္ နာခံတတ္သည့္ အက်င့္ေလး
ရွိေနတာမို႔ ပထမဆုံးစာသင္သည့္ေန႕သည္ လြယ္ကူ ေခ်ာေမြ႕စြာပင္ ကုန္ဆုံးသြားေတာ့သည္။

တစ္ေန႕လုံး သင္ၾကားၿပီးေနာက္ က်န္းေဖးဝိန္လည္း
ျပန္သြားၿပီျဖစ္သည္။

ပိုင္မုန့္တစ္‌ေယာက္ အေဆာင္ေတာ္ထဲသို႔ ေပ်ာ္႐ႊင္စြာ
ျပန္လာခဲ့သည္။ ဝမ္လ်န္က အစီရင္ခံစာ တစ္ခ်ိဳ႕
ဖတ္ရႈေနဆဲျဖစ္၏။

" အရွင္!! ဒီေန႕အတြက္ စာသင္တာၿပီးသြားၿပီ"

ဝင္ေပါက္မွာကတည္းက စာသင္ရသည့္ အေတြ႕အႀကဳံကို မရပ္မနား ေျပာလာေလရာ
ပိုင္မုန့္ ဘယ္ေလာက္ေပ်ာ္႐ႊင္ေနသလဲ သိသာ၏။
ေတာက္ပေနတဲ့ အၿပဳံးေလးေတြကို ေတြ႕ရေတာ့
ညစ္ၫူးေနသမွ် စိတ္ေတြၾကည္လင္လာသည္။

မုန့္အာက တကယ့္ကို သူ႕ရဲ႕ အၾကည္ဓာတ္ေလး ျဖစ္၏။

" ကိုယ္ေတာ့္ရဲ႕ မုန့္အာေလး ပင္ပန္းသြားရၿပီ "

ဝမ္လ်န္ သူ႕ကို ေထြးေပြ႕ကာ ေပါင္ေပၚထိုင္ေစလိုက္၏။ လည္တိုင္ေဖြးေဖြးအား နမ္းရွိူက္
လိုက္ေတာ့ မက္မြန္နံ႕သင္းသင္းေလးကို ရသည္။
ထိုအျပဳအမူကို မေနတတ္စြာ ပိုင္မုန့္ က တခစ္ခစ္ရယ္ ရင္း ႐ုန္းကန္ေနသည္။

" ကိုယ္ေတာ္ ေျပာစရာရွိတယ္ "

" ဟုတ္ "

" အမဲလိုက္ပြဲေတာ္ကို မနက္ျဖန္
စတင္က်င္းပေတာ့မယ္ ဒါေၾကာင့္ ကိုယ္ေတာ္
သုံးေလးရက္ေလာက္ နန္းေတာ္မွာ ရွိေနမွာ
မဟုတ္ဘူး "

ထိုစကားကို ၾကားေတာ့ ရင္ခြင္ထဲက မုန့္အာေလး
ၿငိမ္က်သြား၏။ ထို႔အျပင္ အလိုမက်သလို ႏႈတ္ခမ္းေလး ဆူလာသည္။

" ဒါဆို မုန့္အာတစ္ေယာက္ထဲ အိပ္ရာဝင္ရၿပီး
မနက္စာ ေန႕လည္စာ ညစာေတြေရာ တစ္ေယာက္ထဲ
စားရမွာေပါ့ "

" အနည္းဆုံး သုံးရက္ အမ်ားဆုံး တစ္ပတ္ေလာက္ပါပဲ မုန့္အာရဲ႕ ႏွစ္စဥ္က်င္းပလာတဲ့ပြဲဆိုေတာ့
ကိုယ္ေတာ္မတက္ေရာက္လို႔ မျဖစ္ျပန္ဘူး "

" မုန့္အာကိုေရာ ေခၚသြားပါ မုန့္အာက အမဲလိုက္တဲ့ေနရာမွာ ေတာ္တယ္ "

" မျဖစ္ဘူး အႏၲရာယ္မ်ားတယ္ "

အမဲလိုက္ရာသီပြဲေတာ္မွာ လုပ္ႀကံမႈမ်ား ျပည့္ႏွက္ ေနသည့္အျပင္ သားရဲတိရစာၦန္မ်ား လြန္စြာ
ေပါလွတာေၾကာင့္ အႏၲရာယ္အလြန္မ်ား၏။
မုန့္အာက မိစာၦသားရဲ တစ္ေကာင္ျဖစ္ေသာ္လည္း
ၾကမ္းတမ္းသည့္ သားရဲပတ္ဝန္းက်င္မွာ ႀကီးျပင္းလာသူ မဟုတ္ေပ။

" မုန့္အာလည္း အေတြ႕အႀကဳံယူလို႔ရတာေပါ့
အရွင့္အနားမွာပဲ ေနမယ္ေလ ေနာ္ အရွင္
မုန့္အာကို ေခၚသြားပါေနာ္ "

ဝမ္လ်န္လက္ေမာင္းကိုဆြဲကာ အတင္းဂ်ီက်ေလေတာ့သည္။ ဝမ္လ်န္ကလည္း အထပ္ထပ္အခါခါ
ျငင္းဆိုသည့္အခါ ညစာပင္ မစားေတာ့ဘဲ
စိတ္ေကာက္သြားေခ်သည္။ သူ႕ကို ေခၚေဆာင္မသြားလွ်င္ လုံးဝ အစာမစားေတာ့ပါဟုပင္
ၿခိမ္းေျခာက္ဆႏၵျပလိုက္ေသး၏။ ညအခ်ိန္၌လည္း
သူ႕ဘက္ကို ေက်ာေပးကာ အိပ္စက္ေနေသာ
က်ားေပါက္ေလး၏ ေက်ာျပင္ငယ္ကိုၾကည့္ရင္း
ဝမ္လ်န္ အေတြးမ်ားရၿပီ ျဖစ္သည္။

To be continued.....

ဇာတ္လမ္းက ေအးေနေပမယ့္ တျဖည္းျဖည္း
Tempo ျမင့္ေအာင္ ဆြဲေခၚသြားမွာပါ
ဆက္ၿပီး လိုက္ပါခဲ့ေပးၾကပါဦးေနာ္  ʕ→ᴥ←ʔ

Continue Reading

You'll Also Like

44.3K 5.1K 81
"မှားယွင်းသော လက်ထပ်ခြင်းမှသည်..... ကောင်းမွန်သော အိမ်ထောင်သည်ဘဝဆီသို့...(၂)" MM Translation (Just for fun) Chapter 41 in complete "မွားယြင္းေသာ လက္ထ...
34K 3.7K 44
ဘာသာပြန်သူ စွဲညို့အသင်း
200K 18.7K 43
စာရေးသူ - ဆုဝေ့ Editor - @Alex_Gryffindor
42.7K 2.7K 41
ရှေးခေတ် မျိုးနွယ်စု ပုံစံရေးမှာပါ။ ဟိုဖက်မျိုးနွယ် ဒီဖက်မျိုးနွယ် တွေအကြောင်းပါ။စိတ်ကူးယဥ်ဇာတ်လမ်းဖြစ်လို​့ တချို့ဟာတွေက လက်တွေ့နဲ့ကွဲပြားမှာပါ။.