Episode - 5

3.4K 371 27
                                    

[ မင်းသားငယ်လေးအား အပြစ်ပြုမိခြင်း ]

ညီလာခံပြီးတဲ့နောက် ဝမ်လျန်က နန်းဆောင်သို့ ခပ်သွက်သွက် ပြန်လာခဲ့သည်။ မနေ့က စာကြည့်ဆောင်၌ တိုင်းရေးပြည်ရေး ဆွေးနွေး ပြောဆိုနေတုန်း ကျားပေါက်လေးတစ်ကောင် ရေပူစမ်းကန်ကို သွားပြီး ရေအကြာကြီး ဆော့ခဲ့ပါသတဲ့။ ညရောက်တော့ အဖျားတွေတက်ပြီး
တော်ဝင်သမားတော်တွေအားလုံး အလုပ်ရှုပ်ကုန် ကြသည်။ အဖျားဝေဒနာကြောင့် ချစ်စဖွယ် မျက်နှာလေးမှာ သွေးရောင်မရှိတော့ဘဲ ခွေခွေလေး သာ လဲလျောင်းနေခဲ့သည်။ ဝမ်လျန်လည်း တစ်ညလုံး အိပ်မပျော်ခဲ့ချေ။

ညီလာခံကို ခဏသာ သွားရောက်ခဲ့ပြီး အဆောင်တော်ထဲ ပြန်ရောက်လာတော့ ဝင်ပေါက်ဝ ကပင် ခိုးခိုးခစ်ခစ် ရယ်သံလေးကို ကြားလိုက်ရသည်။ ထိုမှသာ သူ့ရင်ထဲက အပူလုံးကြီးက တဖြည်းဖြည်း လျော့ပါးသွားရချေ၏။
သူဝင်လာတာမြင်တော့ ယဲ့လင်က ဂါဝရပြုသည်။
မုန့်အာကတော့ သူ့အပြစ်သူသိသည့်အလား ဝမ်လျန်ကို မြင်သည်နှင့် ငြိမ်ကျသွား၏။

" အဖျားကျသွားပါပြီအရှင် ကြက်သားဆန်ပြုတ် ပူပူလေး ပြင်ဆင်ထားပေးပါတယ် ကျွန်တော်မျိုး
ယူဆောင်လာခဲ့ရတော့မလား "

" အင်း.. အမဲသားအခြောက်ကြော်လေးပါ ယူခဲ့"

" မှန်လှပါ "

ယဲ့လင် စားဖိုဆောင်သို့ ထွက်သွားတော့ အဆောင်တော်ကြီးဟာ တိတ်ဆိတ်သွားလေသည်။
ပိုင်မုန့်သည် သူ့ကိုခြုံပေးထားသော စောင်ကို လုံးချေနေကာ ဝမ်လျန်ကို ရင်မဆိုင်ရဲဘဲ ရှိနေ၏။
သလွန်တော်ထက်၌ တင်ပလွဲထိုင်လိုက်ကာ
ပိုင်မုန့်၏ နဖူးပြင်ကို စမ်းသပ်ကြည့်တော့ တကယ်ပဲ အဖျားကျသွားပြီဖြစ်ကာ အပူငွေ့ နွေးနွေးသာ ခံစားရတော့သည်။

" ကိုယ်တော် မင်းကို ဘာမှာကြားထားခဲ့သလဲ "

" ဟို... ဟိုလေ မုန့်အာ အရမ်းပျော်ပြီး အရှင်မှာထားတာ မေ့သွားခဲ့လို့ပါ "

" တစ်နာရီထက် ပိုမကြာစေနဲ့လို့ အကြိမ်ကြိမ်မှာ ထားခဲ့ရက်နဲ့ စကားနားမထောင်တော့ ဖျားပြီမဟုတ်လား ကိုယ်တော့်စကားကိုသာ အရေးထားခဲ့ရင် မေ့စရာအကြောင်းမရှိဘူး "

Criminals Of The King Where stories live. Discover now