Episode - 14

2.2K 227 41
                                    

[ လမုန့်ပွဲတော်၂ ]

ဆောင်းဦးလလယ်ပွဲတော် ရောက်ရှိလာပြီမို့
လူတိုင်းက လုပ်ငန်းခွင်တွေကို ခဏရပ်နားပြီး မိသားစုနှင့် ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းကြသည်။
လမုန့်များကို ပုံစံ အရသာ အမျိုးမျိုးပြုလုပ်ပြီး အိမ်နီးချင်းတွေကို ဝေမျှကြသည့် ဓလေ့တစ်ခုဖြစ်သည်။ နန်းတော်ထဲတွင်လည်း ဆောင်းဦးလလယ်ပွဲတော်ကို ကျင်းပနေကြပြီဖြစ်၏။
အမတ်တွေမှာတော့ အရှင်မင်းမြတ်ဘေးက ချစ်စရာ ကောင်လေးကို ကြည့်ပြီး တကြိတ်ကြိတ်ဆွေးနွေးနေကြသည်။

" အရှင်မင်းမြတ်က တစ်စုံတစ်ယောက်ကို မျက်စိကျလာပြီဆိုပေမယ့် အမျိုးသားတစ်ယောက် ဖြစ်နေပါလားကွ "

စီမံရေးအမတ်ကြီးက သူတို့ချင်း ကြားလောက်သည့် အသံဖြင့် ခပ်တိုးတိုး ပြောလိုက်သော်လည်း အာရုံငါးပါး ကောင်းလွန်းသည့် ဝမ်လျန်က ရှင်းလင်းစွာ ကြားလိုက်ရပေမယ့် သတိမမူမိသလိုသာ နေနေသည်။ မြို့တော်ဝန် လျှိုဟေးကျင်းကတော့ မျက်နှာမသာမယာနှင့် စီမံရေး အမတ်ကြီးကို ဖြစ်စဥ်အား ပြောပြ၏။

" အရှင်မင်းမြတ်ဘေးက ကောင်လေးကို ကျုပ် သိပ်သိတာပေါ့ မိစ္ဆာသားရဲအမျိုးအနွယ်ထဲက အရှားပါးဆုံးဖြစ်တဲ့ ဟုန်ယင်းကျားဖြူလေ တစ်ခါလေလံပွဲတက်တုန်းက အဲ့ကောင်လေးကို လေလံတင်ရောင်းတာ အပြိုင်လုဝယ်သွားတဲ့လူက အရှင်ဖြစ်နေမယ်လို့ ဘယ်ထင်ထားခဲ့ပါ့မလဲ "

ရေခဲရိုက်မျက်နှာထားနှင့် အချစ်တော်ကောင်လေးကို မုန့်အချိုတစ်ဖဲ့ ဖဲ့ပြီး ကျွေးနေသော မြင်ကွင်းကို ကြည့်ရင်း စစ်သူကြီးကျိုးက သုံးသပ်ပြသည်။

" ဒီလိုသာဆို အနောက်နန်းဆောင်မှာ ပထမဆုံး အမျိုးသား ကြင်ယာတော်ဆိုပြီး သမိုင်းဝင်လာတော့မှာပဲ အရှင်မင်းမြတ်က ဝတ်ရုံလက်ပြတ်ဖြစ်နေမယ်လို့ ကျုပ်လည်း တကယ် မတွေးမိခဲ့ဖူးဘူး "

အမျိုးသား အချင်းချင်း တပ်မက်ကြသည်က စစ်သူကြီးကျိုး အတွက်တော့ မထူးဆန်းပေ။ သူ၏ ရဲမက်တွေလည်း စစ်ပွဲတွေထဲနေလာရင်း အချင်းချင်း အလိုဆန္ဒ အရ တပ်မက်မိကုန်ကြသည် မဟုတ်ပါလား။ သူ့အတွက် ဖြစ်ရိုးဖြစ်စဉ်တစ်ခုလိုသာဖြစ်သည်။ ကျန်အမတ်တွေမှာလည်း အမျိုးသားကြင်ယာတော် တစ်ပါး ပေါ်လာမည့်ကိစ္စကို သဘောတူသည့်လူ ရှိသလို မတူသည့်လူလည်း ရှိပေမယ့် သူတို့အမြင်တွေဟာ အရေးမပါပေ။ ဝမ်လျန် နန်းတက်စဥ်ကတည်းက အနောက်ဆောင် အရေးနှင့် ပတ်သက်ပြီး မင်းမှုထမ်း အရာရှိတွေကို
ပါဝင်ပတ်သက်ခွင့်မပြုကြောင်း စည်းမျဥ်းတစ်ခု မိန့် ခဲ့သည်လေ။

You've reached the end of published parts.

⏰ Last updated: Oct 04, 2021 ⏰

Add this story to your Library to get notified about new parts!

Criminals Of The King Where stories live. Discover now