Sorry for only one part! 😁
လူတွေဟာ လဲကျရင် ပြန်ထူနိုင်ရလောက်တဲ့ လက်တစ်စုံ လိုအပ်တယ်ပေါ့လေ။
တစ်ခါတစ်လေ တော့လည်း တွန်းချ ခံရတတ်ပါတယ်။
x x x
ဒန်နီရယ်က နှလုံးခွဲစိပ်ကာ ဆေးရုံ မှ ဆင်းလာခဲ့ပြီး အိမ်အခြေအနေ ရိပ်စားမိသော်လည်း သူ့ကို ဘယ်သူမှ ဘာအကြောင်းမှ မပြောချေ။ သူသတင်းခိုးကြည့်လိုက်တော့ Auddin နဲ့ ဖရန်းနီ စေ့စပ်တာေနာက်ဆုတ်မည်ဆိုေသာ သတင်းသာ တွေ့ရသည်။
ဘာတွေ ဖြစ်ခဲ့သလဲ သူ သေချာမသိ။ အိုလီရန်းကလည်း သူ့ကို မပြော။ ကော်ဘရာရော အဆင်ပြေလား သူမေးကြည့်တော့ ဒီကို ပြန်လာသည်တဲ့။ ဒါဆို အခုလတ်တလောတော့ အားလုံး နေကောင်းကာ အဆင်ပြေလေသည်။ နောက်မှ သူနေကောင်းမှသာ သေချာ ပြန်စိစစ်ရမည်။ ဘာတွေ ဖြစ်ခဲ့သလဲဆိုတာပေါ့။
x x x
ဂျူးဆို တစ်ယောက် စိတ်ဓာတ်ကျနေသည်။ သူမ ဘာဖြစ်ချင်လို့ ဖြစ်ချင်မှန်းမသိ။
တစ်နေ့ သူမ မာမီထံသို Norah အမေက pH ဆက်လာလေသည်။
မာမီက ဂျူးဆိုဆီ pH လှမ်းပေးပြီး "သူက သမီးနဲ့ စကားပြောချင်လို့တဲ့"
"သမီး မပြောချင်ဘူး မာမီ"
"ခဏပါ သမီးရယ် သူက အတင်းပြောနေတာ မာမီလည်း ငြင်းမကောင်းလို့ပါ။ ပြီးတော့ သမီးပဲ သူ့ကို ချစ်ဖို့ကောင်းတယ်။ လေးစားဖို့ကောင်းတယ်ဆို။ သူက အခြားသူတွေလို သမီးကို စိတ်ရှုပ်စေမှာ မဟုတ်ပါဘူး ပြောလိုက်ပါနော် ဖရန်းနီ"
ဒီလိုနဲ့ သူက Norah အမေနှင့် pH စကားပြောလေသည်။
သူမက သူ့ကို သူ၏ ပရဟိတ အလုပ်တွင် လူလိုသဖြင့် ဒီအပတ်တွင် ပါဝင်ကူညီနိုင်မလားပေါ့။ သူက ငြင်း။ Norah အမေက အတင်းခေါ်နဲ့။ နောက်ဆုံး သူမက လာမည်ဟု စိတ်ရှုပ်ရှုပ်နှင့် ဖြေလိုက်ရလေသည်။
သူ့programက စိတ်တော့ လှုပ်ရှားစရာ။
အနာကြီးရောဂါသည်တွေကို လက်ဆောင် ပစ္စည်းတွေ ပေးပြီး ထမင်းလက်ဆုံစားကြမည်။
အခုထိ အတူ သွားလာဖို့ကို မသိမသာရှောင်ကျဉ်နေကျတုန်းကို အတူတူ တဝိုင်းထဲ ထိုင်စားကြမည်တဲ့။
ဂျူးဆိုကို သူမက အိမ်အထိ လာခေါ်လေသည်။ သူမက ဘာလိုနေသေးဘာညာ ဘာမှ မမေး။ ဂျူးဆို ဘာလို့ သတ်သေသလဲလည်း မမေး။
သူမက ဟိုရောက်လျှင် ဘာတွေလုပ်ကြမည်။ ဘာညာပေါ့။ ဒါတွေသာ သူမက ပြောကြားလေသည်။
ထိုအစိုးရက ပြုလုပ်ပေးထားသော ဂေဟာကို ရောက်တော့ ပထမဦးဆုံး ward တွင် ခြေတွေလက်တွေ ဘာမှ မရှိသော လူနာတွေ။ ဒီ ward ကို ဆရာဝန် သူနာပြုတွေ နဲ့ သေချာ ဖွဲ့စည်းကာ လိုအပ်သည်များကို သေချာ ကုသဖို့ ထားလေသည်။ လိုအပ်သလို ဆေးပေးကုသသည်ပေါ့။
*ဂျူးဆို အစကတည်းက မကြောက်အောင် မလန့်အောင် internet ကနေ ကြိုရှာ ကြိုကြည့်ထား၊ တွေးထားမိသော်လည်း သူမ အနေနဲ့ လက်ကို ဖြတ်ချလိုက်တုန်းကတောင် အတော်လေး နာကျင်သည်၊ ဒီလို တဖြည်းဖြည်း အရေပြား အရိုးတွေ ကုန်ခမ်းသွားသည် အထိဆို သူတို့တွေ ဘယ်လောက် နာကျင်ကြမလဲ။
ဘဝရဲ့ ဒုက္ခတွေကို သူတို့ကမှ တကယ့်ကို ခါးစည်းခံနိုင်ခဲ့ကြသည်။
သူတို့ကို သနား ကြောက်လန့်ဖို့ ထက် ဂျူးဆိုက လေးစားအတုယူရမည်။
သူတိုနှင့်ယှဉ်မိလျှင် ဂျူးဆို ဖြစ်ပျက်ခဲ့မိတာက အသေးလေးရယ်။
တကယ့်တကယ် သူတို့ထဲက တစ်ချို့ဆို အလှူရှင်တွေကို ပြုံးပြကြသေးသည်။
ဘယ်လိုမျိုးနဲ့ ပြံးပြနိုင်ကြသလဲ မသိ။
တစ်ချို့ကလည်း ဂျူးဆိုလိုပဲ၊ ဂျူးဆိုတို့ကို အပေါ်ယံလို့ ထင်ကြသည်။
"ပေးစရာရှိတာပေး ပြီးရင် ပြန်မည်" တဲ့။
ဒါလည်း အပြစ်မဆိုသာပေ။ ဒီလောက် ခံစားခဲ့ရတာမလား။
အချို့လက်ချောင်းလေးတွေလောက်ပဲ ဖြစ်တဲ့သူတို့က ပွဲကို ဆိုင်ကယ်အနေနဲ့ လာကြလေသည်။ လက်ချောင်းလေးတွေ မရှိတဲ့ သူတို့က ဆိုင်ကယ်ကို ဘယ်လို စီးကြသလဲ မသိချေ။ ဟော ဟိုတစ်စီးရောက်မှ သူ တွေ့မိသည်။ သူတို့က ကြိုးတွေနဲ့ လက်ကို ပတ်ထားကြလေသည်။ ဒီလိုကို သူတို့တွေ ဘဝကို ကြိုးစားကြလေသည်။
လင်မယားတွေလည်း အတွဲအနေနဲ့ လာကြေလသည်။ တစ်ချို့ လင်မယားတွေမှာ တစ်ယောက်သာ ထိုရောဂါဖြစ်ပြီး ကျန်တဲ့သူက မဖြစ်ချေ။ ဒါပေမယ့် မစွန့်ခွာသွားကြပေ။ ဂျူးဆိုဆို ထွက်ပြေးမိလေမလား။ သူမ ကော်ဘရာ့ကိုရော ဒီလို ချစ်နိုင်လောက်မည်လား။ သူမဘာသာ သူမ မေးခွန်းတွေမေးနေလေသည်။
ချစ်ခြင်းမေတ္တာက တကယ့်ကို ဆန်းကျယ်လှလေသည်။
ဂျူးဆိုနဲ့ အခြားသူငယ်ချင်း(ထိုပွဲမှာပဲ ခင်လိုက်တဲ့သူ) တို့က ထို အဘိုးအဘွားတွေကို သွားတွဲကြတော့ သူတိုက အံဩသလို ကြည့်နေကြလေသည်။
သူတို့ကို ကိုယ်ထိလက်ရောက် ကူညီတဲ့သူတွေက နည်းပါးကြသည်မလား။
"သိပ်ပြီးလိမ္မာတဲ့ ကလေးတွေ။ မင်းတို့ အဘိုးအဘွားတွေက မင်းတို့ကို သိပ်ချစ်ကြမှာပဲ"တဲ့။
သူက ချီးကျူးခံရတော့ ဘာပြန်ပြောရမှန်းမသိ။ ဘဝရဲ့ အဓိပ္ပာယ်ကို သူမ နားလည်စ ပြုလာလေသည်။
ဒီလိုနဲ့ ဂျူးဆို သူမ၏ volunteer ကို သဘောကျသွားလေသည်။
Norah အမေက
"ဖရန်းနီ သမီးထပ် join ချင်သေးလား"
"ဟုတ်ကဲ့ အန်တီ သမီး ထပ် join ချင်သေးတယ်"
"ဟုတ်လား အန်တီ ဝမ်းသာလိုက်တာ။ နောက်နေ့တွေက ဆင်းရဲတဲ့ ရပ်ကွက်က အဘိုးအဘွားတွေကို သွားပြီး ကျန်းမာရေး စောင့်ရှောက်မှု ပေးမလို့။ တစ်ခုပဲ ရပ်ကွက်က အတော်လေးဆိုးတယ်။ ညစ်ပတ် နံစော်တယ်။ နောက် တစ်ချို့ အိမ်တွေက သူတို့ကို မကြည်ဖြူကြဘူး။ သမီး အဆင်ပြေမှနော်။ အန်တီက ဒါတွေကိုကြိုပြောထားတာ။ သမီးက တကယ့် နုနုထွတ်ထွတ်လေးမို့ အရင် volunteer မလုပ်ပဲ အရင် လိုက်လေ့လာလေ။"
"ရပါတယ် သမီး try ကြည့်ချင်တယ်။ နိုင်သလောက်ပေါ့။ supporting အနေနဲ့ အရင် လုပ်ပေးမယ်လေ။"
"အိုကေ သမီးကို မနက်စောစောလလာခေါ်မယ်"
x x x
ကော်ဘရာကတော့ သူ ကလပ်တစ်ခု ၏ အခန်းထဲက မထွက်ချေ။
Tara က ရောက်လာပြန်သည်။
ဒီအခါမှာတော့ ကောင်မလေး ၂ယောက် ခေါ်လာလေသည်။
"ကော်ဘရာ ရော့ မင်းအတွက် ငါ့လက်ဆောင်၊ ဖရန်းနီလား ဘာလား၊ သူ့အစား အလွမ်းပြေပေါ့"
မူးပြီး အိပ်နေရာက သူက ကြည့်လိုက်တော့
Tara ကမိန်းကလေး နှစ်ယောက်ကို ညွှန်ပြပေးနေလေသည်။
"ငါက ဒီလို တွေ့တဲ့သူနဲ့ ပျော်ပါးတတ်တဲ့ အတန်းအစားမဟုတ်ဘူး"
"ဟုတ်လား အရမ်းကို ထူးဆန်းတာပဲ ငါကတော့ ငါခိုင်းမယ့်သူက ငါနဲ့တူတာပဲ ကြိုက်တာ။ သိက္ခာေတွကို ချထားလိုက်စမ်းပါ။ ကောင်မလေးတွေ ဘာလုပ်ပေးရမလဲ သိတယ်နော်"
"ကော်ဘရာ ငါ သော့ခတ်သွားပြီ ကောင်းကောင်းလေး ပျော်လိုက်။ မပြီးမချင်း ငါ ဖွင့်မပေးဘူး။"
ကော်ဘရာ က သူထလိုက်တဲ့ အချိန် မမှီလိုက် သူ့ကို သော့ခတ်ပြီးသွားလေသည်။
ကော်ဘရာ ဒေါသတကြီး တံခါးကို ထုရိုက်သော်လည်းမရ။
သူ ဒေးဗစ်ကို အော်ခေါ်လေသည်။
ဒေးဗစ်က မထူးချေ။ ဒေးဗစ်ကိုလည်း ထို လူ ဘာလုပ်သွားပါလိမ့်။
Tara ထားခဲ့သော မိန်းကလေး နှစ်ယောက်က သူ့ဘေးနား လာ ကပ်လေသည်။
သူက တွန်းထုတ်လိုက်တော့ တစ်ယောက်က သွားစောင့်မိလို့ နဖူးက သွေးတွေ ထွက်လာလေသည်။
သူအရမ်း အားနာမိသွားပြီး
"Sorry ငါ တမင် မဟုတ်ပါဘူး"
"ကျွန်မတို့က မကောင်းတဲ့သူတွေ မှန်ပေမယ့် ဒီလိုမျိုး အတင်းအကြပ်က ကျွန်မတို့လည်း မလုပ်ချင်ပါဘူး။"
သူက သူ့ shirt ကို ယူပြီး သူမ၏ နဖူးက သွေးတွေကို သုတ်ပေးလိုက်လေသည်။
"Sorry ပါ sorry"
ထိုကောင်မလေးက ငို နေတာ မပြီးတော့ချေ။
သူက သူ့ကို ချော့မြူလိုက်တဲ့ အချိန် ကျန်ကောင်မလေး တစ်ယောက်က သူ့ကို ဆေးထိုးအပ် အသေးလေးနှင့် ထိုးချလိုက်လေသည်။
သူ၏ ကမ္ဘာကြီးက ပြာသွားသည်။ မူးရစ် ရီဝေသွားလေသည်။
ခဏအကြာတွင်
ထို မိန်းကလေးနှစ်ယောက်၏ မျက်နှာအစား ဖရန်းနီမျက်နှာေတွကိုပဲ တွေ့ရလေသည်။
သူခေါင်းကိုယမ်းလိုက်ပြီး နောက် ဆိုဖာတစ်ခုတွင် မှီလိုက်လေသည်။ သူ ခဏ အကြာအထိ အဆင်ပြေလာမလား ပြေလာမလား စောင့်သည်။ သူ၏ နောက်ဆုံး အနမ်းရဲ့လူက ဖရန်းနီ ပဲဟု သူ ကတိပေးထားသည်မလား။ သူဘယ်လိုများ တွေ့တဲ့သူကို နမ်းနိုင်ရမလဲ။
သို့ပေမယ့် နေရာအနှံတွင် သူ ဖရန်းနီ အရိပ်တွေသာ ကြီးစိုးနေလေသည်
ဖရန်းနီက သူကို ပွတ်သပ်ကာ ချွဲနွဲ့ပြောဆိုနေလေသည်။
သူမက သူ့ကို ဘယ်လောက်ထိချစ်ကြောင်းလည်း ပြောနေသလိုပင်၊ သူသေချာ မသိ။ ဒီလိုနဲ့ ကော်ဘရာ တစ်ယောက် အနားကပ်လာသော သူ၏ ရင်ခွင်ထဲ တိုးဝင်သွားလေသည်။
x x x
"Tara ဘာပဲ ပြောပြော သူက Tara သားလေ ဒီလို အတင်းလုပ်တာက သိပ်တော့ မကောင်းဘူး။"
"ယောက်ျားလေးပဲ ဘာဖြစ်သလဲ ဒါနဲ့ ဂျွန်နာဟာရော"
"Tara ပုံဆွဲ ခိုင်းထားတယ်ဆိုပြီး ထိုင်ဆွဲနေတယ်"
"ဟုတ်လား"
သူသဘောကျစွာ ရယ်မောလိုက်လေသည်။
"Tara သူတို့ နှစ်ယောက်ကို ဘာလို့ ဒီလိုတွေလုပ်နေရတာလဲ"
"မင်းပြောကြည့်လေ"
"လွန်ခဲ့တဲ့ ၂နှစ်က ကိစ္စကို ဂလဲ့စားချေချင်လို့လား"
"အင်း အာ့ဒါလည်း နည်းနည်း ပါတယ်။ တကယ်က ငါ လူမွေးချင်လို့"
"သူတို့က ဒီ လူမိုက် အလုပ်လုပ်နိုင်တဲ့ သူတွေမှ မဟုတ်တာ"
"မင်းကို ဘယ်သူပြောလဲ။ အကုန်လုံးဒီလိုပဲ စရတာပဲကို"
"ဒါပေမယ့်"
"ဒါပေမယ့် မနေနဲ့ သူတို့နှစ်ယောက်ကို ကောင်းကောင်းဆက်ဆံ။ ငါ့အမွေ တွေကို ဆက်ခံမယ့်သူတွေ။"
"တကယ်ကြီး"
"အင်း အမှန်က မင်းပဲ ဖြစ်ဖြစ် ငါ့တပည့်တွေထဲက ပေးလိုက်လည်းရပါတယ်။ ခက်တာ မင်းလည်းသိပ်အဆင်မပြေ။ ပေးလိုက်ပြီးမှ အကုန် တခြားဂိုဏ်းက သတ်လို့ သေနေလိမ့်မယ်။ ဉာဏ်ရှိတဲ့ကောင်တွေ တစ်ယောက်မှ မပါဘူး"
"ဟုတ် ကျွန်တော် နားလည်ပါပြီ။ ဒါနဲ့ ကော်ဘရာက ထားပါတော့။ ဟိုပန်းချီဆရာလေးက ဒီေလာက် နုဖတ်ဖတ်လေးကို ဘယ်လိုများ Tara မှန်းထားသလို ရမလဲ"
"သူလား သူက ပိုပြီး စကားနားထောင်မှာ။ ကော်ဘရာတောင် သိပ်ပြီး စကားနားထောင်အောင် မလုပ်လိုက်ရဘူး။ သူ့ကို ငါ တော်တော်လေး လုပ်လိုက်ရတယ်။ လူကသာ ပျော့ဖတ်ဖတ်ချောချောလေး။ အတော် ခေါင်းမာတာ။ သူကတော့ ကော်ဘရာ့ အတွက်ပေါ့ တစ်ခုခုဆို အတော်လေး သစ္စာရှိမှာ။ တော်ပြီ မင်းကို မရှင်းပြတော့ဘူး။ ပြောရတာ မောလိုက်တာ။
ဒီမှာ ကော်ဘရာ့ကို စောင့်နေ။ ကိစ္စပြီးရင် သူ့ကို လွတ်ပေးပြီး ဆရာဝန်ရှာခိုင်းလိုက်။ အခုမှ ရှာမရရင် ငါ ဟိုကောင့်ကို သတ်တော့မယ်လို့။ နောက် လူများများသုံးပြီး ကြည့်ထား၊ သူ့ကို မထွက်ပြေးစေနဲ့။ သူက သိပ်မယုံရဘူး။"
"ဟုတ်ကဲ့"
x x x
ဝတ္ထုကလေ ရေးရင်းနဲ့ အလေးဘက် ရောက်သွားပါတယ်။ ဟီး အရိုလေးတွေ ထည့်ဖို့ကလည်း အဲ့ အပိုင်းကို ရောက်နိုင်သေးမယ် မထင်မိသေးဘူး။ ကြိုပြောထားရတာပါ။ အဆုံးထိတော့ အားပေးကြပါနော်။ 😘😘😘
x x x
ZawGyi
x x x
x x x