HE=MY FIRST LOVE [ကိုယ့်အချစ်...
By Futawa
362K 24.2K 898
သူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေ... More
Intro
အခန်း(၁) - အခန်းဖော်ချာတိတ်
အခန်း(၂)- Mechatronic bro
အခန်း(၃)-အေးစက်နေတဲ့သူ့လက်ဖျားလေး
အခန်း(၄) - First smile's Night
အခန်း(၅)-မထင်မှတ်ထားသောလုပ်ရပ်
အခန်း(၆) -အချိုမြိန်ဆုံးသော
အခန်း(၇)-ပြိုလဲခြင်းအစ
အခန်း(၈) -Double Heartbeats
အခန်း(၉)- Lonely
အခန်း(၁၀) - Please take care of me!
အခန်း(၁၁) - Mistake
အခန်း (၁၂)- တိုးညှင်းတိတ်ဆိတ်စွာသော
အခန်း(၁၃) - Love means.....
အခန်း (၁၄) - Don't worry!
အခန်း (၁၅)- ဝန်ခံချက်
အခန်း(၁၆) - ရင်ဘက်ထဲကတမ်းတခြင်းများစွာ
အခန်း(၁၇) -နာကျင်ခြင်းအမှတ် ၃၆၀
အခန်း(၁၈)- Sweet
အခန်း(၁၉)- ရုန်းမထွက်နိုင်သော
အခန်း (၂၀) - Don't go
အခန်း(၂၁) - Someone is on fire
အခန်း(၂၂) - Jelly & Jealous
အခန်း(၂၃) - Jelly But Bitter
အခန်း(၂၄) - အိမ်မက်ထဲ၌ယစ်မူးခြင်း
အခန်း(၂၅)-ရူးအောင်ချစ်ရပါသော
အခန်း (၂၆) -Happy New year night PartI
အခန်း (၂၇) - Happy New year night PartII
အခန်း(၂၈) - ချစ်ရသူကိုကျောခိုင်းထားစဥ်
အခန်း (၂၉) - NEVER
အခန်း (၃၀) - Last Time
အခန်း(၃၁) - ဇာတ်လမ်းဟောင်းလေးPartI
အခန်း(၃၂) -ဇာတ်လမ်းဟောင်းလေးPart II
အခန်း(၃၃)-ဇာတ်လမ်းဟောင်းလေးပြီးဆုံးခြင်း
အခန်း(၃၄) - ကျနော်နှစ်သက်သော
အခန်း(၃၅) - အချစ်တေးကဗျာ
အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ
အခန်း(၃၇)- တရားခံရှာဖွေခြင်း
အခန်း (၃၈) - သူမ၏သူ
အခန်း (၃၉) - မေ့ပျောက်နေခဲ့သော.....
အခန်း (၄၀) - မိုး၏အကျိုးဆက်များ
အခန်း (၄၁) - ဟင်းလင်းပြင်ရဲ့အခြားတစ်ဖက်
အခန်း(၄၂) - သူဟာတကယ်တော့ဒဿလိုလူ
အခန်း(၄၃)- အလှလေးကိုအသဲခွဲသွားသောရေခဲတုံးကြီး
အခန်း (၄၄) - မင်းသားလေးရဲ့ပြိုလုဆဲကောင်းကင်
အခန်း(၄၅) - သူ့အနားမှာကျနော်ရှိနေချင်သေးသည်
အခန်း(၄၆) - ရင်နှစ်သည်းချာလေးပြန်လာပြီ
အခန်း (၄၇)-မုန်းတီးခြင်းအလျဥ်းမရှိ
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများ Part I
အခန်း (၄၉) -အချစ်ကြောင့်ရူးသွပ်ခဲ့ရသောရက်စွဲများPart II
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part I
အခန်း (၅၀) - ချစ်ခြင်းတရားတို့ရှိရာ Part II
အချပ်ပို (၁)- ဤလူသားကိုကျနော်ပိုင်သည်
အချပ်ပို (၂) - အနမ်းမိုးတို့အလွန်
အချပ်ပို (၃)- လှပသောအနားသတ်
အချပ်ပို (၄) - လျှို့ဝှက်ချက်လေးတစ်ခု
အချပ်ပို (၅) အပိုင်း (၁)- CEOရဲ့အသည်းအသက်လေး
အချပ်ပို (၅) အပိုင်း (၂)-ထာဝရထိတိုင်အောင်မင်းကိုချစ်သွားမယ်
Please Read!
Hello Everyone ❗
Announcement ❗
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
4.6K 323 31
By Futawa
အခန်း(၄၈) - အလွမ်းဇာတ်လေးအစပျိုးခြင်း
Unicode
[နောက်ဆုံးသောသင်္ကြန်မိုးပြေး ]
ညသန်းခေါင်ယံအချိန်ရောက်တဲ့အထိ MKရဲ့ CEO အသစ်က Meetingကိုရပ်နားခြင်းမရှိခဲ့ပေ။ သူ Meetingတစ်လျှောက်လုံးပြောသွားသည်များက Glioma ရောဂါနှင့်ပက်သတ်သည့်ဆေးဝါးကုထုံးများကို MKပိုင်ဆိုင်သော ထိပ်တန်းဆေးရုံကြီးတွင်အဆင့်မြှင့်တင်ဖို့နှင့် ပြည်ပမှထူးချွန်အောင်မြင်နေသောဆရာဝန်များကို ဆေးရုံကြီးတွင်ခန့်အပ်ဖို့ရာပြင်ဆင်ဖို့အရေးကိုသာ တထစ်ချဆွေးနွေးနေပြီး CEOအသစ်မှာ စီးပွားရေးဆိုင်ရာအချက်အလက်များထက် ဆေးဘက်ဆိုင်ရာအချက်အလက်များကိုပိုစိတ်ဝင်စားနေသည့်ပုံပင်။
ထို့ကြောင့် ဆေးရုံကြီးရဲ့ရှယ်ယာဝင်အများစုက ထိုသို့ကောက်ချက်လိုက်ရင်း
'ဒီ CEO အသစ်လက်ထက်မှာတော့ ငါတို့လိုင်းပါမချောင်တော့ပါလား..........'
ဟူသောအတွေးကိုယ်စီနှင့် Meeting roomထဲတွင်ငြိမ်သက်နေကြလေသည်။
"ဒီမှာ CEO ငါတစ်ခုမေးစရာရှိတယ်"
သူ၏ရှေ့ရှိစာရွက်စာတမ်းများအားဟိုလှန်ဒီလှန်လုပ်နေသောနှိုင်းရတုမင်းကပျင်းရိပျင်းတွဲနှင့်မေးလာတာကြောင့် လူအများစုရဲ့အကြည့်တို့ကအသံလာရာဖြစ်တဲ့နှိုင်းရတုမင်းဆီသို့အကုန်ဆိုက်ရောက်လာကြသည်။
မင်းခန့်ထည်က မိုက်ခ်လေးအားငိုက်ချလိုက်ကာ မျက်လွှာချရင်းပြောလာသည်။
"မေးပါ"
"တကယ်ဆို MKက ရေနံ သတ္တု ကျောက်စိမ်း ရွှေစျေး အဲ့တာတွေနဲ့သက်ဆိုင်တဲ့ ဒေါ်လာစျေးတွေအကြောင်းပဲစိတ်ဝင်စားတာမဟုတ်ဘူးလား?
CEOအသစ်လက်ထက်ကျမှပဲ....ဒါက ဘာလဲ ....CEOကပရဟိတသမားများလား?"
နှိုင်းရတုမင်းကမျက်ခုံးတစ်ဖက်အားတွန့်ချိုးကာ စောင်းထေ့သောမျက်ဝန်းတစ်စုံနှင့်မင်းခန့်ထည်အားစိုက်ကြည့်လာရင်း မီးစမြှိုက်လေသည်။
ဘေးလူတွေအတွက်ကတော့ ငြီးငွေ့ဖွယ်ကောင်းသော ဤMeetingကြီးအားအပျင်းပြေအောင်လုပ်ပေးမယ့် ကြားဖြတ်အကဲစမ်းပွဲလေးတစ်ပွဲဖြစ်ကာ
ကျားအိုကြီးတော်တော်များကလည်း မင်းခန့်ထည်ရဲ့ပြန်အပြောကိုစိတ်ဝင်တစားနှင့်စောင့်ဆိုင်းနေကြပြီး သူတို့တွေရဲ့ပုံစံတွေက ရန်ပွဲကိုတားဖို့ရာ စိတ်မဝင်စား ဘေးနားကနေ စိန်ခေါ်ဆိုင်းသာတီးပေးကြမည့်ပုံတွေပင်။
တမင်သက်သက်ရန်စနေသောနှိုင်းရတုမင်းနှင့်မင်းခန့်ထည် ဖက်၍ရန်မဖြစ်ချင်။သို့သော်လည်းကြောက်မှန်းသိလျှင်ဖြဲခြောက်ခံရတတ်သည်ဆိုသောစကားပုံအတိုင်း ငြိမ်ခံနေလို့တော့မရ။ အရင်ကလိုမျိုးတစ်ခုခုမကျေနပ်လျှင်စိတ်လွတ်ကိုယ်လွတ်ထဆဲလို့လည်းမရတဲ့အနေအထားမျိုးဆိုတော့ အေးအေးဆေးဆေးနဲ့ပြန်ချေပတာပဲကောင်းပေမည်။
"စီးပွားရေးလုပ်ငန်းရှင်တွေကကောပရဟိတသမားတွေဖြစ်လို့မရဘူးလား။
ခများကကျနော့်ကို ပရဟိတသမားလို့မြင်နေရင်လဲ ခများသဘောပဲ......."
'ရှောင်ထွက်တယ်ပေါ့....
အဟက်~~~ဒီအတိုင်းလွယ်လွယ်နဲ့လွှတ်ပေးလိုက်ရင် ပျင်းစရာကောင်းသွားမှာပေါ့ကွာ'
"Gliomaရောဂါနဲ့ပက်သတ်တဲ့ကုထုံးတွေကို CEOက ဆေးရုံကြီးမှာချဲ့ထွင်ချင်တယ်ပြောတယ်။ဒါပေမယ့် လုံလောက်တဲ့ငွေပမာဏကိုကျ ဒီကရှယ်ယာရှင်တွေထုတ်ပေးနိုင်မယ်လို့ CEOထင်လား? အကျိုးအမြတ်ကကော .... CEOကသာ ပရဟိတသမားဆိုပေမယ့် ကျနော်တို့ကတော့ စီးပွားရေးလုပ်ငန်းရှင်တွေလေ အရှုံးတော့မခံနိုင်ဘူး"
"ဒါကတော့တကယ်မှန်တယ်"
"သခင်လေးနှိုင်းရတုမင်းစကားကိုတကယ်ထောက်ခံတယ်"
"အကျိုးအမြတ်မများရင် ဒီ projectကဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ?"
နှိုင်းရတုမင်းနောက်ကနေတီးတိုးထွက်လာတဲ့စကားသံတို့ကြောင့်မင်းခန့်ထည်မျက်နှာတစ်ချက်ပျက်သွားပေမယ့် သူအမြန်ပြန်ထိန်းလိုက်၏။
"လူ့အသက်ကိုကယ်တာတောင် အမြတ်ရမှကယ်မယ်ပေါ့။ ဒီနိုင်ငံမှာမကုသနိုင်လို့ အသက်ဆုံးသွားရတဲ့ လူနာဘယ်နှစ်ယောက်ရှိခဲ့ပြီလဲ ခများတို့သိလား...အဲ့ရောဂါသာခများတို့မိသားစုဝင်တွေထဲကတစ်ယောက်ယောက်ဖြစ်ခဲ့ရင်ကောခများတို့ကရောဂါကုဖို့အကျိုးအမြတ်တွက်နေကြဦးမှာလား? ငွေကြေးအလုံအလာက်မရှိလို့ အောက်စီဂျင်ပိုက်တွေဖြုတ်ပစ်ခဲ့ရတဲ့လူနာတွေရဲ့မိသားစုဝင်တွေအတွက်ကကောဘယ်သူကအကျိုးအမြတ်လာပေးမှာလဲ?"
မင်းခန့်ထည်ရဲ့အေးစက်စက်ဆန်စွာစောင်းပါးရိပ်ခြေသမ်းနေတဲ့စကားတွေကိုကြားတော့နှိုင်းရတုမင်းဘက်ကထောက်ခံနေကြတဲ့ ရှယ်ယာရှင်များဟာအသံတိတ်သွားခဲ့သည်။
'ဒီကောင်! ဘယ်တုန်းကများဒီလောက်ထိပျင်းစရာကောင်းသွားတာလဲ'
နှိုင်းရတုမင်းကတော့ မင်းခန့်ထည်ရဲ့တုံပြန်မှုကိုဒီထက်ပိုပြီး မျှော်လင့်ထားပေမယ့် မျှော်လင့်ထားသလိုမတွေ့ရတာကြောင့် စိတ်ပျက်သွားခဲ့လေ၏။
"ခများတို့မှာ ရင်းနှီးမြှုပ်နှံနိုင်တဲ့ငွေအလုံအလောက်ရှိကြပါတယ်ဟုတ်တယ်မှတ်လား?"ဟု မင်းခန့်ထည်ကမျက်ခုံးတစ်ချက်ပင့်ကာဆိုလိုက်စဥ်လင်းထွဋ်က သူ့ရှေ့သို့ ဖိုင်တွေအပုံလိုက်လာချပေးခဲ့သည်။
ပြီးနောက် မင်းခန့်ထည်ကဖိုင်တစ်ခုချင်းစီကိုကောက်ကိုင်လိုက်၍ စားပွဲပေါ်တစ်ခုပြီးတစ်ခုပစ်ချလိုက်ကာ ပျင်းရိလေးတွဲစွာလော်ဆော်လေသည်။
"Switzerland ,Italy ,Philippines , French............ "
နိုင်ငံတစ်ခုပြီးတစ်ခုသူရေရွတ်သွားတော့ အခန်းထဲရှိလူတွေကနာမည်တစ်လုံးစီရေရွတ်သွားတိုင်းမှာ လှုပ်လှုပ်ရွရွနှင့်မျက်နှာအယွင်းယွင်းပျက်ကုန်ကြလေသည်။
ဤအဖြစ်ကိုမြင်တော့ မင်းခန့်ထည်က Meeting roomထဲတွင်ခပ်ဟဟရယ်မောလာလေသည်။သူ၏ရယ်မောနေတဲ့အသံတို့က ပျော်မြူးစွာရယ်မောနေသည့်အသံမျိုးမဟုတ် အကုန်လုံးကိုမသေမချင်းမိုးကြိုးအစင်းပေါင်းသောင်းချီပစ်လွှတ်နေသည့်အသံမှန်းခံစားမိလိုက်ကြတဲ့အမောက်ထောင်ပြလာသည့်လူတစ်စုက သူတို့၏နားရွက်များကိုတမဟုတ်ချင်းပြန်ကုပ်ချသွားကြတော့လေသည်။
"ဆိုတော့ကာ ..... ခများတို့ရဲ့ငွေမဲဘဏ်ကငွေကြေးပမာဏက ခများတို့ဆီမှာရှိသင့်ရှိထိုက်တာထက်တောင်ပိုနေတယ်ဆိုတော့ နောက်ဘဝအထိပါမယ့် ကောင်းရာကောင်းကျိုးလေးများမလုပ်ချင်ကြဘူးလား။ကျနော့်အမြင် ဒီအခန်းထဲကလူတွေကသဒ္ဓါတရားအရမ်းကြီးမနည်းလောက်ပါဘူးနော်။ကျနော့်ထက်အသက်ကြီးပြီးတရားရှိကြတဲ့ လူကြီးတွေပဲဟာ....မဟုတ်ဘူးလား???"
ထိုစကားတို့ကိုမင်းခန့်ထည်ကခုနကအုံကြွလာတဲ့လူတစ်စုရဲ့မျက်နှာများသို့စေ့စေ့ကြည့်လိုက်ရင်းအေးစက်မှုအပြည့်နှင့်ပြောနေကာ သူ၏နှုတ်ခမ်းသားတို့ဟာလည်းအသက်မပါစွာရယ်သွမ်းနေလျက်။
ရှယ်ယာရှင်အများစုရဲ့ငွေမဲတွေဆိုသည်မှာ MK gpဆီမရောက်ခင်လမ်းတစ်ဝက်တွင်ခိုးထုတ်ထားတဲ့ဒေါ်လာအမြတ်နှုန်းများနှင့်ထိုသူတို့ပိုင်ဆိုင်သောတရားမဝင်လုပ်ငန်းများမှငွေကြေးပမာဏတွေဖြစ်ကြောင်းကိုတပ်အပ်သိနေသော ကြောင်သူတော်ကြွက်သူခိုးအချို့တို့က မင်းခန့်ထည်ကိုခေါင်းမော့ပြီးတောင်မကြည့်ရဲကြတော့ပေ။
'ဦးမင်းထက်ခေါင်တုန်းကတောင်မရိပ်မိခဲ့တဲ့ဟာ ဒီကောင်လေးကဘယ်လိုများသိနေခဲ့တာလဲ!!'
CEOအသစ်က ပထမဆုံးနေ့မှာတင် ကြွက်သူခိုးတွေကိုဖမ်းပြနေသည့်ပွဲက တချို့လူတွေအတွက်တော့တကယ့်ကိုလက်လွှတ်မခံသင့်သောမိုက်ကြေးခွဲသည့်ပွဲကောင်းတစ်ပွဲပင်။
"အချိန်တစ်ပတ်ပေးမယ်.... အဲ့အချိန်အတွင်းဒီ projectအကောင်အထည်မပေါ်လာခဲ့ဘူးဆိုရင် MK groupရဲ့လျှော့ချခြင်းလုပ်ငန်းစဥ်မှာ ဗိုလ်ဆွဲဖို့သာပြင်ထားကြပေတော့!"
'ဒါတကယ်ကိုခြိမ်းခြောက်နေတာပဲ.......'
'လူလေးကငယ်သလောက် လျှော့တွက်လို့မရဘူးပဲ.......'
လျှော့ချခြင်းလုပ်ငန်းစဥ်ဆိုတာကိုအကျယ်တဝင့်ပြောရမယ်ဆိုလျှင် MKရဲ့အသုံးမဝင်သောရှယ်ယာရှင်စာရင်းထဲသို့ထည့်ပြီးစီးပွားရေးလောကမှအပြီးအပိုင်ကန်ထုတ်ခြင်းဖြစ်ကာ လောဘကြီးပြီးအကျိုးအမြတ်ကိုသာအပိုင်တွက်နေကြသည့် လူတစ်စုအတွက်တော့ ငရဲတွင်းတမျှကြောက်စရာကောင်းသောအပါယ်ဘုံတစ်ခုပေ။
မနက်တစ်နာရီအချိန်မှာ Meetingကိုရပ်နားလိုက်ပြီးနောက် ရှယ်ယာရှင်များအတွက်အပန်းဖြေအနားယူရန်စီစဥ်ပေးထားတဲ့ Villaများသို့ bodyguardများက ပို့ဆောင်ပေးကြသည်။
မင်းခန့်ထည်မိုက်ကြေးခွဲတဲ့အုပ်စုထဲတွင်မပါဝင်သော ဦးနေမင်းထက်မှာမူ Glioma projectမတည်ရန်အတွက် လိုအပ်တဲ့ရန်ပုံငွေအကြောင်းကိုစဥ်းစားလို့နေရင်း Meeting roomထဲမှတရွေ့ရွေ့ထွက်ခွာသွားတော့လေသည်။
မင်းခန့်ထည်ရဲ့မျက်ဝန်းတွေကMeeting roomထဲမှ အေးအေးလူလူထွက်ခွာသွားတဲ့ ဦးနေမင်းထက်ကိုတိတ်တဆိတ်ရှုကြည့်လို့နေကာ ထိုလူကြီးမင်းကသူ့အားမှတ်မိတဲ့အရိပ်အယောင်မပြတာကြောင့်သူအနည်းငယ်စိတ်အေးသွားရသည်။
"Wow ....ငါလက်ခုပ်တီးပေးရမှာလား?"
ထိုအသံကြောင့် သူ၏မျက်ဝန်းများကအသံလာရာဆီသို့ရောက်သွားခဲ့သည်။
"မိုက်ကြေးခွဲတဲ့ CEO... တကယ့်ကိုတွေ့ရခဲပါပေ့........"
"မီးလောင်ရာလေစပင့်တာ မင်းလေ။နောက်ဆုံးမနိုင်တော့မှ သဲနဲ့လာပက်မနေနဲ့!"
ရှယ်ယာရှင်တွေအကုန်လုံးအခန်းထဲမှထွက်သွားပြီဖြစ်ရာ မင်းခန့်ထည်နှင့်နှိုင်းရတုမင်းသာ အခန်းထဲ၌မျက်နှာချင်းဆိုင်ကျန်ရစ်ခဲ့လေသည်။အခန်းထဲရှိလေထုရဲ့အငွေ့အသက်များကအမြင့်ဆုံးလေဆာအမှတ်သို့ရောက်နေခဲ့ပြီး အခန်းတစ်ခုလုံးမှာမကြာခင်ပေါက်ကွဲထွက်သွားနိုင်သည့်အနေအထား၌ရှိနေသည်။
မင်းခန့်ထည်က ထိုနတ်ဆိုးမာဖီးယားကောင်နဲ့စကားဆက်မများချင်တာကြောင့် သူ၏Laptopလေးကိုခေါက်ကိုင်လိုက်လျက် အခန်းဝသို့ခြေလှမ်းလိုက်တဲ့အခါ
"ဒါနဲ့ မင်းဒီလိုလုပ်နေတာတွေကို
မင်းကောင်လေးကောသိလား?"ဆိုတဲ့လှောင်ထေ့ထေ့သရော်တို့နဲ့ဆိုလာတဲ့စကားတွေကိုကြားတော့နောက်ကြောင်းပြန်လှည့်လာခဲ့သည်။
နှိုင်းရတုမင်းကသူ့ဆီပြန်လှည့်လာသောမင်းခန့်ထည်ကိုအောင်နိုင်သူအပြုံးပြုံးလျက်ခြေချိတ်ထိုင်ကြည့်လို့နေ၏။
ဝုန်း!!!
ထိုအသံကျယ်ကြီးမြည်ဟီးသွားပြီးနောက် Meeting roomရှေ့တွင်ရပ်စောင့်နေသောလင်းထွဋ်ကလေအလျင်နှင့်ဝင်ချလာခဲ့လေသည်။
"သခင်လေး!"
ထိုအသံရဲ့အရင်းအမြစ်ကတကယ်တော့မင်းခန့်ထည်က နှိုင်းရတုမင်းရဲ့စားပွဲရှေ့သို့လက်သီးဖြင့်ထိုးချလိုက်ခြင်းပေ။
မင်းခန့်ထည်ကလင်းထွဋ်ကိုကျောခိုင်းထားကာရပ်နေပြီး နှိုင်းရတုမင်းမှာ လင်းထွဋ်နှင့်မျက်နှာချင်းဆိုင်၌ ထိုင်နေလေသည်။ထိုလူသား၏အရောင်မဲ့အေးစက်နေတဲ့မျက်ဝန်းတစ်စုံက အနောက်နား၌အထိတ်တလန့်ဖြစ်နေရှာသောလင်းထွဋ်ဆီ၌သာကပ်ငြိနေခဲ့သည်။
"ညီ့အကြောင်း မင်းဆီကနေမကြားချင်ဘူး။ယောင်လို့တောင်သူ့အကြောင်းကိုမင်းပါးစပ်ကနေမထွက်မိစေနဲ့!"
"ဘယ်လိုဖြစ်တာလဲ CEOကြီးရယ်။ခုနတုန်းကတောင် လေအေးလေးတိုက်နိုင်သေးတာပဲ အခုမှဘာထဖြစ်..."
နှိုင်းရတုမင်းက ခုံပေါ်၌အခန့်သားထိုင်နေရာမှပျင်းရိလေးကန်နေတဲ့သူ၏ခြေထောက်ရှည်များကို ချကာမတ်တပ်ရပ်လိုက်သည်။ မင်းခန့်ထည်နှင့်နှိုင်းရတုမင်းမှာ အသက်လေးနှစ်ကွာသော်လည်း မင်းခန့်ထည်ကသူ၏အရပ်နှင့်တန်းတူဖြစ်နေတာကြောင့် သူအနည်းငယ်တော့အံ့သြသွားမိသည်။
"ပြီးတော့ ငါကမင်းစေ့စပ်ရမယ့် မိန်းကလေးရဲ့အကိုနော်....အရမ်းတွေလာရိုင်းပြမနေနဲ့!"
"ငါ့ဘာသာဘယ်လိုနေနေ ဘယ်သူမှလာဆုံးမဖို့မလိုဘူး"
မင်းခန့်ထည်ရဲ့ထိုရှူးရှူးရှားရှားပုံစံကမှ နှိုင်းရတုမင်းအတွက်လုံးဝစိတ်ကျေနပ်စေသည့်ပုံစံပင်။ထို့ကြောင့် သူရန်ထပ်စဖို့ပြင်သည်။
"မင်းငါ့ညီမနဲ့စေ့စပ်ရမှာကော အဲ့ကောင်လေးသိလား? တကယ်လို့ မင်းရဲ့သရုပ်မှန်ကဒီလိုဆိုတာပါ သူသိသွားရင်..... အရမ်းစိတ်ဝင်စားဖို့ကောင်းမှာပဲနော်....."
"မင်း!"
မင်းခန့်ထည်က နှိုင်းရတုမင်းရဲ့အင်္ကျီကော်လံကိုဆွဲဆောင့်လိုက်ကာဒေါသတွေတအားထွက်နေတာကြောင့် ပြောမည့်စကားပါ လည်ချောင်းဝတွင်တစ်ဆို့နေခဲ့ရသည်။
မင်းခန့်ထည်ရဲ့ လည်ပင်းထက်မှာထင်ထင်ရှားရှားပေါ်နေသောလည်ပင်းကြောစိမ်းစိမ်းတွေကို မြင်လိုက်ရတဲ့အခိုက် နှိုင်းရတုမင်းရဲ့မျက်ဝန်းတွေကတွန့်ကွေးသွားလျက်အဆက်မပြတ်ရယ်မောရင်းဆက်ပြောလာလေသည်။
"သူမင်းကိုမုန်းသွားပြီးတော့ ပစ်ချန်သွားမယ်ထင်တယ် ဟားဟားဟား...........
အဲ့အချိန်ကျ မင်းအရူးတစ်ပိုင်းဖြစ်သွားတာမျိုးကို ငါစောင့်ကြည့်နေဦးမယ်!!!"
ထိုစကားတို့အဆုံးမင်းခန့်ထည်က နှိုင်းရတုမင်းကို အရှိန်ပြင်းစွာထိုးချလိုက်တော့သည်။
"မင်းထပ်ပြောလိုက်စမ်းပါ!"
နှိုင်းရတုမင်းကအနောက်ဘက်သို့ယိုင်သွားသော်လည်း အခန်းနံရံကိုမှီနေရင်းရယ်မောနေပြန်သည်။ သူက ဒေါသကြောင့်နီဆွေးနေတဲ့မင်းခန့်ထည်ရဲ့မျက်နှာကိုပင့်ကြည့်ရင်းလှောင်ထေ့ကာရန်စလာခဲ့သည်။
"MKရဲ့ CEO အသစ်က Gayဆိုတာမှန်းတစ်လောကလုံးသာသိသွားရင် မင်းဒီလိုဟိတ်ဟန်ကြီးနိုင်ဦးမလား !!!  မင်းကိုလူတွေကဝိုင်းကျဥ်ပြီးရှုံ့ချကြတော့မှာ ... မင်းတို့ MKရဲ့ကျဆုံးခန်းကြီးပေါ့ ဘယ်လောက်တောင်မိုက်လိုက်မလဲ!"
ခွပ်!!!!!!!!
မင်းခန့်ထည်ကနောက်တစ်ချက်ထပ်ထိုးချပြန်သည်။လင်းထွဋ်က ထိုအဖြစ်ကိုရပ်သာကြည့်နေပြီး မင်းခန့်ထည်ကိုလုံးဝဝင်မဆွဲခဲ့ပေ။
'Gay!........
သခင်လေး...ခများရဲ့မျက်လုံးတွေထဲမှာ  တကယ်ကိုဟာသတစ်ခုလို့မြင်နေတာပဲ......'
နှိုင်းရတုမင်းက နှုတ်ခမ်းထက်မှစီးကျလာသောသွေးစတစ်ချို့ကိုသုတ်လိုက်ရင်း အမုန်းအာဃာတတရားတို့လွှမ်းခြုံထားသော မျက်ဝန်းများနှင့် အနောက်နား၌ကျောက်ရုပ်ကြီးတမျှရပ်နေရှာသောလင်းထွဋ်၏မျက်ဝန်းများထံသို့မမှိတ်မသုန်စူးစိုက်ကြည့်နေလေသည်။
လင်းထွဋ်ရဲ့ကြည်တောက်နေသောမျက်ဝန်းများမှ အရည်ကြည်လေးတွေ အနည်းငယ်တောက်ပလာတဲ့အခိုက် နှိုင်းရတုမင်းရဲ့အသိစိတ်တို့ဟာ ထိန်းချုပ်မှုကင်းလွတ်သွားရပြီး မင်းခန့်ထည်ဆီသို့ ခပ်ပြင်းပြင်းလက်သီးတစ်ချက်ကိုဆင့်ထိုးလိုက်ချေ၏။
မင်းခန့်ထည်အထိုးခံလိုက်တဲ့အခါမှ ကျောက်ရုပ်ကြီးတမျှရပ်နေသောလင်းထွဋ်ရဲ့ခြေလှမ်းတွေကရှေ့ကိုတိုးလာလေသည်။
"မလာနဲ့!"
မင်းခန့်ထည်က ဒေါသကြီးနဲ့အော်ဟစ်တားမြစ်လိုက်သည်။
မင်းခန့်ထည်အမိန့်ကြောင့် လင်းထွဋ်က ထပ်ပြီးရပ်တန့်သွားတာကိုမြင်တော့ နှိုင်းရတုမင်းရဲ့သွေးတွေကဆူပွက်ကုန်ကာ မင်းခန့်ထည်ကို မီးတဝင်းဝင်းထနေသောမျက်ဝန်းများဖြင့်ဝါးမြိုလုမတတ်စိုက်ကြည့်လိုက်ရင်း ပြောဆိုလာတဲ့စကားလုံးတစ်လုံးစီတိုင်း၌ နတ်ဆိုးတစ်ကောင်ရဲ့ဟိန်းဟောက်သံတို့ကိုဖုံးလွှမ်းစေလေသည်။
"ဒါနဲ့များ မင်းကငါ့ညီမကိုစေ့စပ်ချင်သေးတယ်ပေါ့...မင်းကငါ့ညီမကို အရှက်ခွဲချင်နေတာမှတ်လား!!"
ထိုသို့ဆိုနေရင်း လက်သီးတစ်လုံးက သူ့ဆီသို့ပျံလာတာကြောင့် မင်းခန့်ထည်ကအမြန်ပင်ရှောင်လိုက်သည်။
"မင်းက မင်းရဲ့မိသားစုနောက်ခံနဲ့ ငါ့ညီမကိုနှိပ်စက်နေတာပဲ!မင်းကြောင့် ငါ့ညီမတစ်ခုခုဖြစ်သွားခဲ့ရင် မင်းကောင်လေးလဲမလွယ်ဘူးမှတ်!!!"
ရှိုင်းဇေယံအကြောင်းပါလာတာနဲ့မင်းခန့်ထည်ရဲ့လက်တစ်ဖက်က နှိုင်းရတုမင်းရဲ့ မျက်နှာပေါ်သို့အရှိန်ပြင်းစွာရောက်သွားပြန်လေသည်။
"နန်းယမုံတစ်ခုခုဖြစ်ခဲ့ရင်တောင် ငါနဲ့ပဲရှင်းကွ။ရာရာစစ ငါ့ချစ်သူကိုထိဖို့မကြိုးစားနဲ့။
ညီနဲ့ပက်သတ်လာရင် မင်းလိုမာဖီးယားကောင်လဲငါသတ်ရဲတယ် !"
ဘတစ်ပြန်ကျားတစ်ပြန်ဖြင့်လက်သီးချင်းယှဥ်ထိုးနေကြသည့် မင်းခန့်ထည်နှင့်နှိုင်းရတုမင်းတို့နှစ်ယောက်ကိုရပ်မကြည့်နိုင်တော့တဲ့လင်းထွဋ်က နှစ်ယောက်ကြားကိုဝင်ကာ နှစ်ဦးစလုံးအားတစ်ဖက်တစ်ချက်ဆီသို့ခွဲထုတ်လိုက်ရတော့သည်။
မင်းခန့်ထည်ဆီသို့ပစ်ဝင်လာသော လက်သီးတစ်လုံးကို လင်းထွဋ်က သူ၏ညာဘက်လက်ကိုမြှောက်လိုက်ရင်း ဟန့်တားလိုက်တာကြောင့် နှိုင်းရတုမင်းရဲ့ပြင်းစွာသောထိုးနှက်ချက်က မင်းခန့်ထည်ရဲ့မျက်နှာထက်သို့ကျရောက်သွားမည့်အစား လင်းထွဋ်၏ ညာဘက်လက်ဖဝါးပြင်ပေါ်၌သာကျရောက်သွားတော့သည်။
ထိုခေတ္တခနသွေးကြောများနီရဲနေသောနှိုင်းရတုမင်းရဲ့မျက်ဆံလေးများက ဆွေးမြေ့မြေ့အရိပ်အယောင်လေးဘက်သို့ တဖြည်းဖြည်း ပြောင်းလဲသွားခဲ့လေသည်။
သူ၏လက်သီးတစ်ဖက်ကိုဆုပ်ကိုင်ထားတဲ့လင်းထွဋ်ရဲ့လက်ဖဝါးလေးအားအတန်ကြာအောင် စိုက်ကြည့်နေပြီးမှ သူ၏လက်ကိုပြန်ရုတ်လိုက်ပြီး မင်းခန့်ထည်ကိုတစ်ချက်စောင်းကြည့်ကာ Meeting roomထဲမှခြေလှမ်းကျယ်ကြီးတွေနဲ့လျှောက်ထွက်သွားတော့သည်။
သို့သော် အခန်းတံခါးရှေ့အရောက်တွင် နှိုင်းရတုမင်းက တစ်စုံတစ်ခုကို မချန်ရစ်ထားနိုင်သည့်နှယ်ပြန်လှည့်ကြည့်လာလေသည်။
သူ၏ အကြည့်များက လင်းထွဋ်၏ညာဘက်လက်ဖဝါး၌သာရစ်ဝဲနေလျက်.....
နှိုင်းရတုမင်း ထွက်သွားပြီးမှ လင်းထွဋ်က မင်းခန့်ထည်ကိုတောင်းပန်လာလေသည်။
"ကျနော်တောင်းပန်ပါတယ် သခင်လေး
ကျနော့်ကိုအပြစ်ပေးပါ........"
မင်းခန့်ထည်ကဘာမှမဆိုဘဲ Meeting roomထဲမှထွက်သွားရင်းဆိုသည်။
"ရန်ကုန်သွားမယ်"
မင်းခန့်ထည်ရဲ့လျင်မြန်သောခြေလှမ်းအကျယ်ကြီးတွေနောက် လင်းထွဋ်မနဲပြေးလိုက်,လိုက်ရသည်။
"သခင်လေး ကျနော်တို့မနက်ဖြန်
Hong Kong ဘက်သွားစရာရှိတယ်လေ"
မင်းခန့်ထည်က သူ၏လည်တိုင်မှနက်ခ်တိုင်အားဖြေလျော့ရင်းပြန်ပြောသည်။
"ရန်ကုန်ကနေပဲဆက်သွားလိုက်မယ်"
ကားပါကင်ထဲသို့ရောက်သော် လင်းထွဋ်က အနက်ရောင်ဇိမ်ခံကားကြီးအား ရီမုတ်ဖွင့်လိုက်ပြီးနောက် ကားတံခါးကိုအပြေးဖွင့်ပေးလေသည်။
မင်းခန့်ထည်ကကားထဲသို့ဝင်ထိုင်လိုက်ပြီးတစ်ပြိုင်နက် ဇိမ်ခံကားကြီးက ဂျက်လေယာဥ်တစ်စင်းနှယ်မောင်းထွက်သွားတော့သည်။
အမြန်လမ်းတစ်လျှောက်လုံး ဇိမ်ခံကားအနက်ရောင်ကြီးမှအပတခြားကားတစ်စီးမှလမ်းမပေါ်၌ပြေးဆွဲမနေ။လမ်းဘေးကမီးတိုင်တို့ရဲ့အလင်းရောင်စူးစူးတို့ကတော့ လမ်းမထက်သို့ထိန်ညီးစွာဖြာကျလို့နေသည်။
မင်းခန့်ထည်က ကားနောက်ခန်းထဲတွင်မျက်လုံးစုံမှိတ်ထားလျက်တိတ်ဆိတ်ငြိမ်သက်လို့နေပြီး သူ၏အသက်ရှူသံပြင်းပြင်းတို့သည်သာ ကားခေါင်းခန်းထိတိုင်ထင်ရှားပြတ်သားစွာထွက်ပေါ်နေလျက်ရှိသည်။
ကားအင်ဂျင်သံက ညက်နေကာ ချိုင့်အဖုအထစ်များတွင်လည်း ကား bodyကလှုပ်ရမ်းသွားခြင်းမရှိ အလွန်ပင်ငြိမ့်ညောင်းလှသည်။
ကြည့်ရသည်မှာ မင်းခန့်ထည်က လမ်းပေါ်ရှိချိုင့်ခွက်များကြောင့် စိတ်ရှုပ်နေခြင်းမဟုတ်မှန်းလင်းထွဋ်သိလိုက်ရတာကြောင့် သူဘာမှမမေးတော့ဘဲငြိမ်နေလိုက်သည်။
"ငြိမ်နေပါလား ? ..... မင်းကြောင့်မဟုတ်ဘူး"
မင်းခန့်ထည်က လင်းထွဋ်အတွေးတွေကိုအတပ်သိနေသည့်နှယ်ဆိုလာတဲ့အခါလင်းထွဋ်က သူကိုယ်တိုင်တောင်မသိလိုက်ဘဲ ပြုံးမိလေသည်။
"သခင်လေး မျက်နှာကဒဏ်ရာတွေကို သခင်လေးရှိုင်းဇေယံမြင်သွားမှာစိုးရိမ်နေတာလား?"
"အင်း"
"ဒါဆို သခင်လေး မသွားနဲ့တော့ပေါ့"
လင်းထွဋ်ကထိုသို့နောက်လိုက်သော် မင်းခန့်ထည်က ကားနောက်ကြည့်မှန်ကိုကွဲထွက်လုမတတ်မျက်စောင်းထိုးလာသည်။
"မင်းဘယ်တုန်းကစပြီး ငါ့ကိုနောက်ပြောင်ရဲလာတာလဲ"
"ကျနော်ကဒီအတိုင်းပြောလိုက်တာပါ။စိတ်ထဲမထားပါနဲ့သခင်လေး......"
ထိုအခါမှ မင်းခန့်ထည်ကသူ၏အကြည့်များကိုကားပြတင်းပေါက်အပြင်ဘက်သို့ လွှဲချလိုက်တော့သည်။
လင်းထွဋ် ကတစ်ခါတစ်လေထိုသို့နောက်ပြောင်တတ်သည်။
အထူးသဖြင့် လင်းထွဋ်ဆိုတဲ့သူ၏တပည့်ကျော်တစ်ယောက် အတွင်းစိတ်အခြေအနေမကောင်းတဲ့အချိန်အခါမျိုးမှာပေါ့.....
"မင်းပြန်သွားချင်လား?"
ကျွီ!!
လင်းထွဋ်က Leverနှင့် ဘရိတ်ကိုမှားနင်းလိုက်တာကြောင့် ကားက အရှိန်ပြင်းစွာထိုးရပ်သွားသည်။
တော်သေးသည်က မင်းခန့်ထည်မှာ beltပတ်ထားသဖြင့် တစ်စုံတစ်ရာနှင့်ဝင်မဆောင့်သွားခြင်းပေ။
သို့ပေမယ့် လင်းထွဋ်ကတော့ ကားစတီယာရင်နှင့် ဒုန်းခနဲဝင်ဆောင့်သွားရသည်။
အား!!!
လင်းထွဋ်ရဲ့အော်သံနက်ကြီးကြောင့် မင်းခန့်ထည်မှာဒေါသထွက်ရမည့်အစား ဗိုက်ကြောနာသည်အထိအူတက်လေတော့သည်။
ဖြစ်သွားလိုက်တာများ.............
"မင်းငါ့ကိုလုပ်ကြံနေတာလား လင်းထွဋ်"ဟုသူမေးလိုက်တော့လင်းထွဋ်ကပြာကယာဆိုသည်။
"ကျနော်တောင်းပန်ပါတယ် သခင်လေး အရှေ့ကခွေးဖြတ်သွားတာကိုမမြင်မိလိုက်လို့ပါ" ဟူ၍။
ထိုစကားကြားသော်မင်းခန့်ထည်ရဲ့နှုတ်ခမ်းထောင့်စွန်းတို့ကမယုံကြည်နိုင်ဖွယ်အတိရွဲ့စောင်းသွားရ၏။
'ခွေး!!!! မင်းကြီးတော်ပဲအဲ့စကားကိုယုံလိမ့်မယ်!'
"သေချာမောင်းစမ်းကွာ ငါ့ချစ်သူလေးနဲ့မဆုံစည်းရသေးခင်ငါမသေချင်သေးဘူးကွ"
"ဟုတ်ကဲ့ပါ သခင်လေး"
ဟုအမိန့်နာခံလိုက်ကာလင်းထွဋ်ကကားစက်ပြန်နှိုးလိုက်လေသည်။
သူ၏နှဖူးပြင်တစ်ဝိုက်တွင်လည်းအာလူးဘုသီးတစ်လုံးကနီရဲနေလျက်..........
မနက်ဝေလီဝေလင်းအချိန်မှာ အခန်းဘဲလ်တီးသံကိုကြားလိုက်ရတာကြောင့် ရှိုင်းဆက်ယံတစ်ယောက်စိတ်မကြည်မလင်နှင့် အခန်းတံခါးကိုထဖွင့်လိုက်သည်။
အခန်းရှေ့ကအနက်ရောင် Suitနဲ့လူငယ်လေးကိုမြင်တော့သူစိတ်ညစ်စွာရေရွတ်လိုက်ပါတော့သည်။
"ဒီအချိန်ကြီး မင်းဘာလာလုပ်တာလဲ!"
ရှိုင်းဆက်ယံအမေးကိုမင်းခန့်ထည်ကခပ်ဖွဖွပြုံးကာတုံ့ပြန်လာသည်။
"ကျနော် ညီနဲ့ခနတွေ့ချင်လို့ပါ"
"ဝင်ခဲ့"
ရှိုင်းဆက်ယံကတံခါးဖွင့်ပြီးခွင့်ပြုလိုက်သော်မင်းခန့်ထည်ကရှူးဖိနပ်အနက်ရောင်ကို ချွတ်လိုက်ပြီးနောက် အိမ်စီးဖိနပ်လေးကိုအရင်လဲစီးလိုက်သည်။ ပြီးနောက် သူ၏ရှပ်အဖြူပေါ်က အနက်ရောင်leather ကုတ်ကို ဧည့်ခန်းထဲရှိဆိုဖာပေါ်တွင်ပစ်တင်လိုက်ကာအခန်းထဲသို့ဝင်သွားဖို့ပြင်တာကိုမြင်တော့ရှိုင်းဆက်ယံကလှမ်းပြောလာခဲ့သည်။
"နေဦး ကိုဇေမနေ့ကညဥ့်နက်မှအိပ်သွားတာနော် သူ့ကိုမနိုးသွားစေနဲ့ ...... "
ရှိုင်းဆက်ယံစကားကိုကြားသော် မင်းခန့်ထည်ကခေါင်းငြိမ့်ပြလိုက်ပြီးအခန်းထဲသို့ခြေလှမ်းဖွဖွလှမ်းလျက်ဝင်သွားလေသည်။
အခန်းထဲရောက်သောအခါ ခရမ်းဖျော့ရောင်ဂွမ်းစောင်လေးအားခြုံထားရင်းအိပ်မောကျနေရှာသည့် ဖြူဖြူဖွေးဖွေးနုနုထွတ်ထွတ်ကလေးဖြစ်တဲ့သူ့ချစ်သူလေးကိုမျက်စိရှေ့တွင်တွေ့လိုက်ရစဥ်သူမပြုံးပဲမနေနိုင်ပေ။
သူထိုကောင်လေးနားသို့အသံတိတ်တိုးသွားလိုက်ပြီး သူချစ်သူရဲ့နှဖူးပြင်လေးအားအမြတ်တနိုးနမ်းရှိုက်လိုက်သည်။
သူ့ချစ်သူလေးကထိုအထိအတွေ့ကြောင့်လှုပ်ရွလာကာ ခုတင်တစ်ဖက်သို့လှည့်သွားပြီး မင်းခန့်ထည်ကိုကျောခိုင်းသွားတော့သည်။
လွတ်သွားတဲ့ ခုတင်၏ညာဘက်ခြမ်း၌မင်းခန့်ထည်ကဝင်လှဲလိုက်ကာ ဂွမ်းစောင်ထဲကနွေးထွေးလွန်းသောကိုယ်လုံးလေးအားအနောက်ဘက်မှသိုင်းဖက်လိုက်လေသည်။
"ကိုခန့်........"
ကောင်ငယ်လေးဆီကထိုအသံတိုးတိုးလေးထွက်လာတော့ မင်းခန့်ထည်မှာလန့်သွားရပြီး ခနငြိမ်နေလိုက်သည်။
ညီနိုးသွားပြီထင်တယ်.....
တကယ်တော့ ရှိုင်းဇေယံလေးကနိုးမလာဘဲ
အိပ်ယောင်နေ၍သူ့နာမည်ကိုခေါ်ခြင်းဖြစ်ကြောင်းသိလိုက်ရမှသူစိတ်အေးသွားတော့သည်။နို့မို့ဆို ဒီလိုပုံစံဖြစ်နေတဲ့သူ၏ပုံစံအား ညီတွေ့သွားခဲ့ပါလျှင်သူဘယ်ကနေစပြီးဘယ်လိုရှင်းပြရမည်မှန်းသိမှာမဟုတ်ပေ။
ညီက အိပ်ပျော်နေတာတောင် ကို့ကိုသတိရနေသေးတာပဲ အဲ့လောက်တောင်ကို့ကိုချစ်တာလား ကလေး.........
မင်းခန့်ထည်ဟာကြည်လင်တောက်ပလှသောအပြုံးတစ်ပွင့်ကိုအချိန်အတော်ကြာတဲ့အထိသူ၏မျက်နှာထက်တွင် လွှမ်းမိုးထားလျက်မျက်ဝန်းတို့အားပိတ်စင်းလိုက်လေတော့သည်။
ဒုန်းဒုန်းဒုန်းဒုန်း.....
အဆက်မပြတ်တံခါးထုရိုက်သံကြောင့် ပိုင်စစ်တစ်ယောက် ယိုင်တိယိုင်နဲ့နှင့်တံခါးထဖွင့်လာခဲ့သည်။
"Shit!!! အထွဋ်... မင်းလုပ်တာနဲ့ငါ့ကိုအိမ်နီးချင်းတွေဝိုင်းဆဲတော့မယ်ကွ"
လင်းထွဋ်ကဘာမှမဆိုဘဲအခန်းထဲသို့တိတ်ဆိတ်စွာဖြင့်ဝင်လာခဲ့ကာ ဧည့်ခန်းအတွင်းသို့လျှောက်လာလိုက်သည်။
"သခင်လေးကော?"
"သခင်လေးရှိုင်းဇေယံဆီမှာ...."
"Aww.... "
'ဟုတ်သားပဲ.... ဒီနေရာကိုရောက်လာမှတော့သူ့ baeလေးကိုလာတွေ့တာထက်ဘာဖြစ်နိုင်ဦးမလဲ....'
ထို့နောက်လင်းထွဋ်က မီးဖိုချောင်ဖက်သို့ဝင်သွားကာ
မီးဖိုချောင်ထဲမှတော်တော်နှင့်ပြန်မထွက်လာတာကြောင့် ပိုင်စစ်တစ်ယောက် သင်္ကာမကင်းဖြစ်စွာလိုက်ချောင်းရတော့သည်။
မြင်လိုက်ရတဲ့မြင်ကွင်းကတော့ဖြင့် ငါးပါးသီလလုံတဲ့ကိုယ်တော်ကဘီယာအခွံနှစ်ခုကိုစားပွဲပေါ်၌လှဲထားပြီး တတိယမြောက်ဘီယာဘူးကိုထပ်ဖွင့်နေသည့်ရှားရှားပါးပါးပုံရိပ်ဖြစ်ကာပိုင်စစ်တစ်ယောက်ပါးစပ်အဟောင်းသားဖြစ်သွားရသည်။
"နှစ်ဗူးကိုဘယ်လိုသောက်လိုက်တာလဲ ?မင်းကတာဝန်ချိန်မသောက်ဘူး မှတ်လား?"
ပိုင်စစ်ထိုသို့မေးနေစဥ်မှာပင် လင်းထွဋ်က တတိယမြောက်ဘီယာဗူးကို လည်ချောင်းအပြည့်မော့ချလိုက်ပြန်လေသည်။
"နေစမ်းပါဦး ဘယ်အရာကများ မင်းကိုဒီလောက်ထိသောက်အောင် အနှောင့်အယှက်ပေးလိုက်ပြန်ပြီလဲ?"
ပိုင်စစ်က ဘီယာတစ်ဗူးကိုလှမ်းယူလိုက်ရင်းအစ်မေးလိုက်တော့လင်းထွဋ်ကတော်တော်နှင့်ဘာမှမဆိုလာပေ။
လင်းထွဋ်လိုလူမျိုးဟာဆိုရင် သခင်လေးကအမိန့်ပေး၍အတင်းတိုက်ရင်တောင်တစ်ငုံမျှသောက်တတ်သူမဟုတ်ပေ။သို့ပေမယ့် သူသောက်တဲ့အချိန်တစ်ချိန်တော့ရှိသည်။ထိုအချိန်ဟာ သူ၏အနာဟောင်းထလာသည့်အချိန်ပင်။
ပိုင်စစ်ဘီယာဘူးရဲ့ Clickလေးအားဖွင့်နေရင်းနှင့် လင်းထွဋ်၏လက်ဖျံပေါ်မှ အစင်းကြောင်းတစ်ခုအားသူမသိမသာဝေ့ကြည့်လိုက်သည်။
ထိုအစင်းကြောင်းဆိုသည်မှာ လင်းထွဋ်ရဲ့ညာဘက်လက်ဖျံပေါ်မှလက်ဖဝါးထိထုတ်ချင်းပေါက်ကျွံဝင်ထားသော ကန့်လန့်ဖြတ်အလျား၅လက်မခန့်ရှိသည့်ဓါးဒဏ်ရာအမာရွတ်တစ်ခုဖြစ်သည်။
တစ်စုံတစ်ယောက်က 90° အနေအထားမှ လက်ဖျံပေါ်သို့အားပြင်းပြင်းနှင့်ထိုးစိုက်ချထားပြီးဟက်တက်ပြဲအောင်ရက်ရက်စက်စက်ဆွဲခွဲထားသည့် ပုံစံမျိုးပင်။
ဘယ်လောက်ထိနာကျင်လိုက်မလဲ အဲ့လိုဒဏ်ရာမျိုးဆိုတာ.....တကယ့်ကိုအရိုးကွဲတဲ့အထိနာကျင်ခဲ့ရမှာပဲ.....
လင်းထွဋ်ကစတုတ္ထမြောက်ဘီယာဗူးကိုဖွင့်လိုက်သောအခါ အကြည့်များကဘီယာဘူးမှတဆင့် Clickကိုင်ထားသောသူ၏လက်ဖျံပေါ်သို့ရောက်သွားသည့်အခိုက် သူသောက်သည့်လုပ်ငန်းစဥ်ကိုခနရပ်တန့်လိုက်သည်။
သူ၏ညာဘက်လက်အားမိုးပေါ်မြှောက်ကြည့်နေတဲ့လင်းထွဋ်ကိုမြင်လိုက်ရသော် ပိုင်စစ်ကခေါင်းတငြိမ့်ငြိမ့်နှင့် ကောက်ချက်ချလိုက်လေသည်။
တကယ်ကိုထင်ထားတဲ့အတိုင်းမှန်နေတာပဲ.......
"ငါ့ဒဏ်ရာကမကျက်သေးဘူးထင်တယ်ကွာ အခုထိတဆစ်ဆစ်ကိုက်နေတုန်းပဲ......."
ဟုဆိုလာပြီးနောက် လင်းထွဋ်ရဲ့တစ်ကိုယ်လုံးကစားပွဲပေါ်သို့ချက်ချင်းမှောက်ကျသွားတော့သည်။
ကျွတ် ကျွတ် ကျွတ်~~~~~
"သေချာတာပေါ့ .... မင်းရဲ့ဒီအနာကဘယ်တော့မှကျက်မှာမဟုတ်ဘူး"
ပိုင်စစ်က မူးပြီးမှောက်နေသောအမူးသမားရဲ့လက်ဖဝါးကို သူ၏လက်ပေါ်တင်လိုက်ကာ ကိုင်ကြည့်ရင်းခပ်တိုးတိုးရေရွတ်နေလေသည်။
မနက်၆နာရီထိုးကွက်တိမှာပင် မင်းခန့်ထည်တစ်ယောက်လန့်နိုးလာခဲ့သည်။
သူဒီနေ့ Hongkong ၌Meeting ၃ခုလောက်တက်စရာရှိတာကြောင့် မနက်၇နာရီလောက်ထွက်မှမှီမည်ဖြစ်ကာ သူခုတင်ပေါ်တွင်ထထိုင်လိုက်သည်။ ရှိုင်းဇေယံလေးကတော့ သူ့ရဲ့ဘေးနားလေးမှာပုဇွန်ထုပ်သဖွယ်ကွေးကွေးလေးအိပ်နေပြီးအခုထိနိုးမလာသေးပေ။
မင်းခန့်ထည်ကအောက်သို့လျှောကျနေသောဂွမ်းစောင်လေးအား ရှိုင်းဇေယံလေးပေါ်သို့အပြည့်လွှမ်းခြုံပေးလိုက်ပြီးနောက် အခန်းထဲကနေထွက်လာခဲ့လေသည်။
အခန်းအပြင်ရောက်တော့ အခန်းရှေ့၌ရပ်နေတဲ့ ရှိုင်းဆက်ယံနှင့်တန်းတိုးတာကြောင့် သူ၏မျက်နှာကိုဘေးဘက်သို့အနည်းငယ်စောင်းချလိုက်သော် ရှိိုင်းဆက်ယံကမေးဆတ်ပြရင်းဆိုလာခဲ့သည်။
"ဧည့်ခန်းထဲမှာ ခနထိုင်နေ...."
ထို့သို့ပြောပြီးနောက်ရှိုင်းဆက်ယံက အခန်းထဲမှဆေးသေတ္တာကိုယူပြီးပြန်ထွက်လာလေသည်။
ဧည့်ခန်းထဲ၌စောင့်နေတဲ့မင်းခန့်ထည်က ဆေးသေတ္တာတစ်လုံးနှင့်ဝင်လာသောရှိုင်းဆက်ယံအားတောင့်တောင့်ကြီးထိုင်ကြည့်နေမိလေ၏။
"မင်းဘယ်မှာ လက်စွမ်းသွားပြခဲ့တာလဲ?
အချိန်နှစ်ပတ်ပေးထားတာ ငါ့ညီကိုကယ်ဖို့နော်။ မင်းအခွက်စုတ်ပြတ်သတ်တဲ့အထိရန်ဖြစ်နေဖို့မဟုတ်ဘူး"
သူဟာ မင်းခန့်ထည်ကိုအကိုကြီးတစ်ယောက်ရဲ့လေသံပြင်းပြင်းနဲ့ဆူပူနေတာကြောင့် အဆူခံရသူ မင်းခန့်ထည်ခမျာ အစောနက Meeting roomထဲ၌ပွဲကြမ်းခဲ့သလောက် အခုဒီနေရာမှာတော့ဖြင့် လက်သည်းဖွက်ထားသောကြောင်ကလေးတစ်ကောင်နှယ်ဖြစ်နေရချေ၏။
သူ၏ဒီအဖြစ်ကို လင်းထွဋ်နှင့်ပိုင်စစ်သာမြင်ရင်တော့လား အူတက်ပြီးမသေရင်ကံကောင်းပင်။
ရှိုင်းဆက်ယံက မင်းခန့်ထည်ရဲ့ဒဏ်ရာတွေကို ဆေးထည့်ပေးပြီးနောက် Plasta ကပ်ပေးလိုက်လေသည်။
"ဒီလိုကျတော့လဲ ငါ့ညီကိုဇေလေးကလိမ္မာပြီးချစ်ဖို့ကောင်းတယ်ဆိုတာတော့ဝန်ခံရမယ်။သူများတွေလို ရန်ဖြစ်လို့ဆေးထည့်ပေးရတာမျိုးတစ်ခါမှမရှိဖူးဘူး"
အဲ့တာတော့အမှန်ပဲ....ဘာလို့လဲဆိုတော့ ရှိုင်းလေးက ကျနော့်လိုလူကြမ်းကြီးမှမဟုတ်ဘဲ
သူလေးက ဗိုင်းကောင်းကျောက်ဖိ လူပျိုစင်လေးကိုး.......အသားလေးတွေဆိုအိစက်ဖြူဥနေလိုက်တာများ.....
"မင်းဘာတွေတွေးနေတာလဲ"
ရှိုင်းဆက်ယံရဲ့ မျက်စောင်းအပြည့်နှင့်အကြည့်တို့က သူ၏ခေါင်းပေါ်သို့ရေခဲရေတစ်ပုံးလောင်းချလိုက်သလိုပင်
ခုနကတွေးတောနေသောအတွေးများမှာကြက်ပျောက်ငှက်ပျောက်ပျောက်ရှသွားတော့သည်။
"ကျေးဇူးတင်ပါတယ် ကိုဆက်ယံ"
"ကိုဇေ မနေ့ကမင်းကိုတစ်နေ့လုံးစောင့်နေတာ .... ဆေးလဲအတင်းတိုက်ရတယ် မင်းအချိန်ရရင်ဖုန်းလေးတစ်ချက်လောက်ဆက်ပြီးပြောပေး......အခုငါ့ညီကိုတောင်ငါမပိုင်တော့ဘူးဆိုတဲ့အသိက တော်တော်ခါးတယ်"
'ဒါပေမယ့် အကို့အကြည့်တွေကခါးတာနဲ့မလုံလောက်တော့ဘူး.....
လူသတ်ချင်နေသလိုပဲ!' ဆိုတဲ့ရင်တွင်းစကားတွေကိုတော့မင်းခန့်ထည်ကထုတ်မပြောလိုက်ပေ။
ရှိုင်းဆက်ယံရဲ့ဆေးသေတ္တာကိုစေ့ပိတ်လိုက်တဲ့အသံကတောင်မင်းခန့်ထည်ကိုတုန်တက်သွားစေသည်။ရှယ်ယာရှင်တွေကိုမိုက်ကြေးခွဲပြီးမာဖီးယားနဲ့ယှဥ်ထိုးခဲ့သည့်မင်းခန့်ထည်ဟာသူ၏ယောက်ဖလောင်းကိုတော့အနည်းငယ်ကြောက်ပေ၏။
"စေ့စပ်ပွဲကျ မင်းကိုဇေကိုဘယ်လိုလိမ်မလဲ"
"...."
မင်းခန့်ထည်ကသူ၏မျက်ခွံတို့ကိုမဝံ့မရဲပင့်တင့်လိုက်လျက် ရှိုင်းဆက်ယံအားရှုကြည့်လာကာအံ့အားသင့်မှုများစွာတို့ဖြင့်မေးလိုက်လေသည်။
"သိနေတာလား?"
ဘယ်လိုလုပ်ပြီး!!!
"စေ့စပ်ပွဲသတင်းကြောင့်ငါ့ညီ တစ်ခုခုဖြစ်သွားမှာမျိုးငါမလိုလားဘူး အဲ့တာကြောင့် မင်း ....ရွေးချယ်ရခက်နေရင် ငါ့ညီကိုလွှတ်ချလိုက်တော့ ငါမင်းကိုလွှတ်ချလိုက်တဲ့အတွက်အပြစ်မတင်ဘူး"
"ကျနော်သာ လွှတ်ချလိုက်ဖို့စိတ်ကူးရှိနေရင် အစကတည်းကဒီလမ်းကိုလျှောက်ခဲ့မှာမဟုတ်ဘူး"
"MK gpရဲ့တစ်ဦးတည်းသောအမွေဆက်ခံသူကြီးက ဂုဏ်အရှိန်အဝါကြီးပါလျက်နဲ့
ဘာလို့ အညတရဖြစ်တဲ့ငါ့ညီလေးကို အရမ်းတပ်မက်နေရတာလဲ!
မင်းသာအလိုရှိရင်ငါ့ညီလိုကောင်လေးမျိုးထောင်သောင်းမက မင်းရနိုင်တာပဲ"
ရှိိုင်းဆက်ယံရဲ့နောက်ဆုံးစကားက သူ့ချစ်သူလေးအပေါ်ထားရှိတဲ့မင်းခန့်ထည်ရဲ့နှလုံးသားကိုစော်ကားရာရောက်သွားကာမင်းခန့်ထည်ရဲ့မျက်နှာကတင်းခနဲဖြစ်သွား၍မျက်ဝန်းတွေကစူးရဲသွားတော့သည်။
"ကျနော့်ကိုမယုံကြည်ရင်တောင်ကျနော့်အချစ်ကိုမစော်ကားပါနဲ့။
ညီက ကျနော့်ရဲ့ ပထမဆုံး အချစ်ဦးပါ ကျနော့်အသက်နဲ့ထပ်တူနှစ်နှစ်ကာကာချစ်မြတ်နိုးရတဲ့ တစ်ဦးတည်းသောသူမို့လို့သူ့နေရာမှာတခြားဘယ်သူ့ကိုမှကျနော်အစားထိုးနိုင်မှာမဟုတ်ဘူး။
အဲ့လိုခံစားချက်မျိုးကို ကိုဆက်ယံသာချစ်ခဲ့ဖူးရင် ကောင်းကောင်းနားလည်မှာပေါ့"
မင်းခန့်ထည်ရဲ့ထက်နက်သောစကားသွားတို့ကိုကြားတော့ ရှိုင်းဆက်ယံကဟက်ခနဲရယ်လာကာ မျက်ဝန်းတွေကတော့တည်တင်းလို့နေခဲ့သည်။
အချစ်ဦး....အချစ်ဦး .....
ဘာလို့လူတိုင်းကအဲ့ခံစားချက်တွေအပေါ်အရမ်းအစွဲအလမ်းကြီးနေကြတာလဲ!
"Dialogue တွေကအမိုက်စားပဲနော် မင်းခန့်ထည်!။
ဘာပဲဖြစ်ဖြစ် အချစ်ဦးတွေ နှစ်နှစ်ကာကာချစ်တာမျိုးတွေကို ငါအယုံအကြည်မရှိဘူး။ငါကတစ်ခါမှလဲမချစ်ခဲ့ဖူးတော့ နားလည်မပေးနိုင်ဘူး...."
"ဒါပေမယ့် ငါသိတာတစ်ခုတော့ရှိတယ် လူကောင်းတစ်ယောက်ဆိုတာအပြောနဲ့အလုပ်ညီရမယ်ဆိုတာပဲ မတည်နိုင်တဲ့ကတိတွေအောက်မှာအရှုံးတစ်ခုနဲ့ကျန်ရစ်ခဲ့ရမယ့်လူတွေထဲမှာ ငါ့ညီကိုမမြင်ချင်လို့ ငါမင်းကိုအခုသတိပေးထားတာ။ "
"မင်းကတိကိုမတည်နိုင်တဲ့အခါကျရင် ငါ့ညီကိုအတင်းမဆွဲထားဘဲနဲ့ပြတ်ပြတ်သားသားလွှတ်ချပေးပါ။ မင်းတစ်ချိန်ကျ ဒီလိုရွေးချယ်မှုမျိုးကို မလွဲမသွေကြုံရမှာပဲ။မင်းရွေးချယ်ထားတဲ့လမ်းကိုဆက်လျှောက်နေသရွေ့ပေါ့.........."
တကယ်တော့ သူဒဲ့ပြောချလိုက်ချင်သည်မှာ ငါ့ညီနဲ့မင်းကမိုးနဲ့မြေလိုကွာခြားလို့ ဒီတစ်သက်လုံးဝမဖြစ်နိုင်ဘူးဆိုတာကိုပင်....
ဒါပေမယ့် ခေါင်းမာတတ်သော မင်းခန့်ထည်ဆိုတဲ့ ဒီကောင်လေးက သူပြောချလိုက်ပြန်ရင်လည်းနားထောင်မည်တဲ့လား...ထပ်ပြီးငြင်းဆန်နေဦးမှာပင် ။
မင်းတို့နှစ်ယောက်ကငယ်သေးတဲ့အချိန်မှာ ရှေ့ဆက်ကြုံတွေ့ရမယ့်အခက်အခဲတွေကို မင်းတို့ဘယ်နားလည်ကြဦးမလဲ
မင်းတို့ဒီအချိန်မှာတော့အချစ်ဆိုတဲ့အရာအတွက်ရက်ရက်ရောရောပေးဆပ်ချင်နေလိမ့်မယ် ဒါပေမယ့် လောကကြီးထဲမှာအချစ်ဆိုတဲ့အရာထက် ပိုအရေးကြီးတဲ့အရာတွေရှိလာတဲ့အခါ........
အတွေးနယ်ပယ်ထဲမှာရုတ်တရက်ပေါ်လာတဲ့ကုတ်အဖြူရောင်လေးနဲ့ပုံရိပ်လေးကြောင့် ရှိုင်းဆက်ယံဟာ သူ၏အတွေးယဥ်ကြောတို့ကို ချက်ချင်းဖြတ်တောက်ချလိုက်သည်။
ငြိမ်နေတဲ့ မင်းခန့်ထည်က ဒီတစ်ခါတော့ မငြင်းဆန်လာတော့ပေ။
ရှိုင်းဆက်ယံပြောလာတဲ့စကားလုံးတို့ကိုသူလေးလေးနက်နက်တွေးနေခဲ့သည်။
ထို့နောက်သူ၏မျက်လုံးတို့ကတိုင်ကပ်နာရီပေါ်သို့ရောက်သွားတဲ့အခိုက် ဆိုဖာပေါ်တွင်တင်ထားသော ကုတ်အင်္ကျီကိုဆွဲယူလိုက်ရင်း တည်ငြိမ်စွာဖြင့်သူပြန်ပြောလာခဲ့လေသည်။
"ညီသာ ကျနော့်ကိုမမြင်ချင်မလိုချင်တော့ဘူးဆိုရင် အဲ့အချိန်ကျ ကျနော်ကျိန်းသေပေါက်လွှတ်ချပေးမှာမို့ ကိုဆက်ယံစိတ်မပူပါနဲ့...ကျနော်တကယ် ညီ့ကိုအတင်းကြီးဆွဲမထားပါဘူး......"
မင်းခန့်ထည်ကခပ်ယဲ့ယဲ့ပြုံးကာ မတ်တပ်ရပ်လိုက်ပြီးကုတ်အနက်ကိုထပ်ဝတ်လိုက်ကာဧည့်ခန်းထဲကနေလျှောက်ထွက်သွားလေသည်။
တံခါးမကြီးဆီအရောက်မှာတော့သူ၏ခြေလှမ်းတို့ကိုခေတ္တရပ်တန့်လိုက်ကာ
ရှိုင်းဆက်ယံကိုပြန်လှည့်ကြည့်လိုက်ရင်း မေးခွန်းတစ်ခုကိုထုတ်မေးလာခဲ့ချေသည်။
"ဒါနဲ့ ကိုဆက်ယံက တစ်ခါမှမချစ်ခဲ့ဖူးဘူးဆိုတာတကယ်ရောဟုတ်လို့လား?"
မင်းခန့်ထည်ရဲ့ထိုစကားက ရှိုင်းဆက်ယံရဲ့ခန္ဓာကိုယ်ရှိ အကြောအားလုံးကိုတုံ့ဆိုင်းသွားစေသည်။
သူတံခါးမကြီးဘက်သို့ စူးစိုက်ကြည့်လိုက်လေသော် ခုနကအသံပိုင်ရှင်ကိုမတွေ့ရတော့တာကြောင့် တောက်လောင်လာစမီးစကလေးမှာချက်ချင်းငြိမ်းကျသွားတော့သည်။
တီတီတီတီ~~~~~~~
လင်းထွဋ်တစ်ယောက် ရေချိုးခန်းထဲကနေကမမ်းကတမ်းထွက်လာကာ မြည်နေသောဖုန်းလေးအားကောက်ကိုင်လိုက်သည်။
"ကျနော် ထွက်လာပါပြီ သခင်လေး....."
ထိုသို့သာဆိုလိုက်ပေမယ့် သူ၏ကိုယ်အပေါ်ပိုင်း၌အဝတ်မကပ်ရသေးပေ။
ဖုန်းချချပြီးချင်း လင်းထွဋ်မှာအပြေးအလွှားပြေးနေရကာ ထိုအဖြစ်ကိုမြင်နေရတဲ့ပိုင်စစ်က နံရံကိုမှီထားလျက်လက်ပိုက်ရင်းဆရာကြီးစတိုင်ဖြင့်ပြောလာလေ၏။
"မလောစမ်းပါနဲ့ မင်းအခုဘာဖြစ်နေလဲ သူသိပြီးသားပဲဟာ ... "
"မင်းပြောလိုက်လို့လား?"
ရေချိုးခန်းထဲမှ မသဲမကွဲပြန်မေးလာတဲ့
လင်းထွဋ်ရဲ့အသံကိုကြားတော့ပိုင်စစ်၏ နှုတ်ခမ်းတို့ကလေဖြတ်လုမတတ်မဲ့ရွဲ့သွားရကာသူ့ကိုယ်သူလက်ညှိုးပြန်ထိုးရင်း ရေချိုးခန်းရှေ့မှအော်ပြောလိုက်တော့သည်။
"ငါကလား? ဟမ့် အဲ့ခွေးကောင်ပေါ်လာတိုင်းရိုးရာမပျက်ဖြစ်နေတာကဘယ်သူလဲ?"
ထိုစဥ် လင်းထွဋ်က ရေငွေ့ပြန်နေသောမှန်ကို ဝါးစားလုမတတ်ကြည့်နေကာ ကြည်လင်သောကြေးမုံမှန်၏မျက်နှာပြင်ထက်ရှိရေငွေ့လေးများအား သပ်ချလိုက်ပါ၏။
••••••••••••••••••••••••••••••••••••••••••••••••••
MKရဲ့ CEOအသစ်က စီးပွားရေးလောကထဲသို့ဝင်ပြီး ၅ရက်အကြာမှာ သူ၏စေ့စပ်ပွဲသတင်းကိုအတိအလင်းကြေညာခဲ့လေသည်။သို့ပေမယ့် စေ့စပ်ပွဲရက်ကိုတော့အတိအကျမကြေညာသေးပေ။
ထိုသတင်းကြောင့် Htaewahဘက်ကရှယ်ယာစျေးတွေဟာတဟုန်ထိုးပြန်မြင့်တက်လာခဲ့ပြီး နန်းယမုံရဲ့အနုပညာလမ်းဘက်ကကမ်းလှမ်းချက်တွေဟာလဲ ရာနှင့်ချီပေါ်ပေါက်လို့လာလေသည်။
CEOအသစ်က ထိုသတင်းကို MK groupရဲ့ Websiteမှာပင် သတင်းတင်ထားခဲ့တာဖြစ်ပြီး ယခုအချိန်အထိသူ၏မျက်နှာကို ထုတ်မပြသေးပေ။ထို့ကြောင့် Mediaအများစုက CEOအသစ်ရဲ့နာမည်နှင့်မျက်နှာကို ဖော်ပြဖို့ရာအတွက် Pageအများစုတွင်ရေးတင်ရင်းတောင်းဆိုနေကြသည်။
"MKရဲ့ CEO အသစ်ကနန်းယမုံနဲ့စေ့စပ်တော့မယ်"
ရှိုင်းဇေယံက ဖုန်း Screenပေါ်၌ဟုန်းဟုန်းထနေတဲ့ သတင်းများကိုပွတ်ဆွဲကြည့်နေရင်းသူ၏နှလုံးသားဆီဖိကိုင်ထားလိုက်ချေ၏။
"ဒါပေမယ့် ငါနဲ့လဲဘာမှမဆိုင်ဘဲနဲ့ ဘာလို့ဒီသတင်းကို အလိုမကျဖြစ်နေတာပါလိမ့်"
"ငယ်လေး.........."
ထိုခေါ်သံလေးကိုကြားတော့ရှိုင်းဇေယံကအခန်းဝကိုကြည့်လိုက်တဲ့အခါငွေရောင်ကိုင်းမျက်မှန်နဲ့ခြေတံရှည်ရှည်ပုံရိပ်လေးကိုတွေ့လိုက်ရလေသည်။
ထုံးစံအတိုင်း စိုင်းသီဟနှင့် Nurse တစ်ယောက်က နေ့စဥ်လုပ်နေကျ Medical checkupအတွက်ရောက်လာကြပြန်ပြီဖြစ်သည်။
"ငါ့ညီကိုငါစောင့်ရှောက်နိုင်ပါတယ်လို့ပြောတယ်လေ မင်းကဘာကိစ္စရောက်ချလာပြန်တာတုန်း မင်းအခုလုပ်နေတွေက ငါ့ကိုယ်ငါအသုံးမကျသလိုမျိုး ခံစားရစေတယ်ကွ....."
စိုင်းသီဟတို့ရောက်လာတာကိုမြင်တာနဲ့ ရှိုင်းဆက်ယံကထုံးစံအတိုင်း ဆူပူနေကာပွစိပွစိလုပ်နေပြန်သည်။
"မင်းအဲ့စကားပြောနေတာ တစ်ပတ်ပြည့်တော့မယ်မမောသေးဘူးလား?"
စိုင်းသီဟက ရှိုင်းဇေယံအားသွေးပေါင်ချိန်တိုင်းနေရင်း ပြန်ခွပ်လေသည်။
"Nurse ! ထွက်ပြီးဧည့်ခန်းထဲမှာသွားစောင့်လို့ရပြီ ကျန်တာဒီကောင်ကြီးကူပေးလိမ့်မယ်"
ထိုစကားကြားတော့အခန်းထဲမှလှည့်ထွက်တော့မည့် ရှိုင်းဆက်ယံက တစ်ပတ်လည်ကာပြန်ဝင်လာခဲ့သည်။
"ကိုဇေ အင်္ကျီလေးချွတ်မယ်နော်"
စိုင်းသီဟကထိုသို့ဆိုရင်းလက်လှမ်းလိုက်တဲ့အခါ ရှိုင်းဆက်ယံကခြင်ရိုက်သလိုပင်သူ၏လက်ကိုပြန်ရိုက်ချလိုက်သည်။
"ဖယ် ! "
ညီဖြစ်သူရဲ့ညဝတ်အင်္ကျီမှကြယ်သီးလေးများကို စိတ်ရှည်လက်ရှည်ဖြုတ်ပေးနေရှာသောအနှီလူသားလေးအား တစိမ့်စိမ့်ထိုင်ကြည့်နေရင်းမျက်နှာကြီးတစ်ခုလုံးမှာ နားရွက်တက်ချိတ်တော့မတတ်ပြုံးနေရှာသူကတော့ အချစ်ကြီးသူကြီးစိုင်းသီဟပင်။
"ငါ့ကိုပေး......"
သူ့ဆီကမ်းလာတဲ့ရှိုင်းဆက်ယံရဲ့လက်ထဲသို့ အနာထည့်ဂွမ်းတံလေးအားကမ်းပေးလိုက်ရင်းသူမေးမိသည်။
"ဒီအပူကွက်တွေက ဘယ်လိုဖြစ်လာတာလဲ?"
"ဒါလဲလက္ခဏာတစ်ခုပဲ"
ရှိုင်းဆက်ယံက သူ့ညီလေးရဲ့ ရင်ဘက်ပေါ်ကအနာကွက်တွေကိုဆေးထည့်ပေးနေရင်းပြန်ဖြေလာသည်။
"ငယ်လေး အခုတလော ဆံပင်ကျွတ်လာတာမြန်လား?"
"ကျနော်သတိမထားမိဘူး"
"တကယ်သတိမထားမိတာလား အကိုတို့ကိုညာပြောနေတာလား? ဆက်ယံ မင်းပြောတော့ငယ်လေးကို England ပြန်ခေါ်သွားတော့မယ်ဆို ..... ဘာလို့အခုထိဒီမှာရှိနေသေးတာလဲ?"
နောက်ဆုံးစိုင်းသီဟမှာမောရုံသာအဖတ်တင်သွားခဲ့သည်။ရှိုင်းဆက်ယံကတော့ ဂွမ်းတံကို အမှိုက်ပုံးထဲသို့ပစ်ထည့်လိုက်ပြီးနောက် လက်အိတ်ကိုသာစိတ်ဝင်တစားချွတ်နေပြီး သူ့အမေးကိုမကြားချင်ယောင်ဆောင်နေကာဘာမျှပြန်ဖြေမလာခဲ့ပေ။
"နားတော့ ..... "
ဟုသာ ညီဖြစ်သူကိုတစ်ခွန်းဆိုပြီး အခန်းထဲမှလျှောက်ထွက်သွားလေသည်။
ရှိုင်းဆက်ယံထွက်သွားတော့စိုင်းသီဟကရှိုင်းဇေယံနားကပ်ကာခပ်တိုးတိုးမေးလိုက်သည်။
"ငယ်လေး နေရတာတစ်ခုခုအဆင်မပြေတာရှိလား ခေါင်းကိုက်တာတအားပြင်းနေလား?"
သူ့အမေးကိုကြားတော့ရှိုင်းဇေယံလေးကခေါင်းငြိမ့်ပြလာတာကြောင့် စိုင်းသီဟကဆေးအိတ်ထဲမှဆေးဗူးလေးတစ်ဗူးအားထုတ်ယူလိုက်ပြီး ကောင်လေးရဲ့လက်ကလေးထဲသို့တိတ်တဆိတ်ထည့်ပေးလာခဲ့သည်။
"ရှူး ... ဒီဆေးကအရမ်းပြင်းတယ် အစားတော့ပုံမှန်စားမှရမှာနော်  နို့မို့ဆို အစာအိမ်ပါထိသွားနိုင်လို့....ဒါပေမယ့် ခေါင်းကိုက်တာကိုတော့ အချိန်အတော်ကြာထိန်းပေးထားနိုင်တယ်"
"ကျေးဇူးတင်ပါတယ် ကိုစိုင်း "
စိုင်းသီဟက ရှိုင်းဇေယံလေးရဲ့ခေါင်းလုံးလုံးလေးအားပွတ်သပ်ပေးနေတဲ့အခိုက် နှုတ်ခမ်းတို့ကသာကွေးညွှတ်နေသော်လည်း မျက်ဝန်းအိမ်တို့ကတော့ ဝမ်းနည်းရိပ်တို့နေသမ်းနေခဲ့ကာ သူ၏ပုံစံက အငိုမျက်လုံးအပြုံးမျက်နှာဆိုသောစကားနှင့်ယခုအချိန်မှာထပ်တူကျလို့နေသည်။
အခန်းထဲကနေသူပြန်ထွက်လာတော့ ရှိုင်းဆက်ယံကိုဧည့်ခန်းထဲ၌မတွေ့ရတာကြောင့် ရှိုင်းဆက်ယံရဲ့အခန်းဘက်ဆီသို့ သူ၏ခြေလှမ်းများကိုဦးတည်လိုက်သည်။သို့သော် အခန်းထဲတွင်လည်းရှိုင်းဆက်ယံကရှိမနေပေ။
ထို့ကြောင့်အခန်းထဲမှပြန်ထွက်မည့်ဆဲဆဲတွင် သူ၏မျက်ဝန်းများကို စာကြည့်စားပွဲဆီဝေ့ကြည့်မိလိုက်တဲ့အခါ တစ်စုံတစ်ရာကိုဖမ်းမိသွားတာကြောင့်သူထွက်သွားမည့်အစီအစဥ်ကို လက်လျှော့လိုက်သည်။
အခန်းထဲရှိစာကြည့်စားပွဲက ဖိုင်တွေအပုံလိုက်နှင့်ရှုပ်ယှက်ခတ်နေပေမယ့်လို့ သူစိတ်ဝင်စားသည်ကထိုအရာတို့မဟုတ် ထိုအပုံကြီးဘေးက သေးနုတ်ပေမယ့်နက်ရှိုင်းလွန်းသောရောင်ခြည်တန်းလေးတွေဖြာထွက်နေသည့်အရာဝတ္ထုလေးတစ်ခုကသူ၏အာရုံခြောက်ပါးကိုဖမ်းစားထားခြင်းပေ။
သူစာကြည့်စားပွဲနားကို တရွေ့ရွေ့တိုးသွားရင်း စားပွဲပေါ်၌ ထောင်ထားသော photo standလေးနှစ်ခုမှ လက်ယာဘက်ကတစ်ခုကို အနီးကပ်ယူကြည့်မိသည်။
ဓာတ်ပုံလေးထဲမှာ ဘွဲ့ဝတ်စုံနှင့်ကောင်လေးနှစ်ယောက်ရှိခဲ့သည် ....
ပုံထဲကတစ်ယောက်ကတော့ပန်းစည်းတစ်ပွေ့တစ်ပိုက်ပိုက်ထားကာ ဘေးနားကမျက်နှာတည်နေသောကောင်လေးအားဖက်ထားရင်း လောကကြီးတစ်ခုလုံးအပိုင်စားရထားသည့်ပမာ ရယ်မောပျော်ရွှင်နေလေရဲ့.........
ထိုဓာတ်ပုံလေးဟာ ရှိုင်းဆက်ယံနှင့်စိုင်းသီဟတို့နှစ်ယောက်ကျောင်းဆင်းပွဲတုန်းကအတူတူရိုက်ထားတဲ့ပုံဖြစ်သည်။
ကျောင်းဆင်းပွဲတုန်းကပုံ....အခုထိရှိသေးသားပဲ......ပြန်တွေးကြည့်ရင် ဆက်ယံနဲ့သူကသူငယ်ချင်းအရင်းကြီးတွေဆိုပေမယ့် ဆက်ယံနဲ့ကျောင်းပြီးတဲ့အထိ အမှတ်တရဓာတ်ပုံတို့ကိုဖြစ်ဖြစ်မြောက်မြောက်မရိုက်ခဲ့ရပေ။
ကျောင်းဆင်းပွဲကျမှ နှစ်ယောက်သားအတူတူပထမဆုံးအမှတ်တရဓာတ်ပုံလေးတစ်ပုံရိုက်ဖြစ်ခဲ့ခြင်းပင်။
"မင်းမမောသေးဘူးလား?"
ထိုအသံကြောင့် စိုင်းသီဟချက်ချင်းပင် ဓာတ်ပုံလေးအားပြန်ချထားလိုက်ကာ အခန်းပြင်သို့ထွက်လာလေသည်။ ထိုအခါမှ တံခါးမကြီးရှေ့၌ ရပ်နေသောရှိုင်းဆက်ယံကိုသူမြင်တော့သည်။
"မင်းတစ်နေ့ကိုနှစ်နာရီခြားတစ်ခါ အစားအသောက်တွေလာပို့နေရအောင် ငါတို့အိမ်ကို ကျွေးတိုင်းမဝတဲ့ ပြိတ္တာတွေများမှတ်နေလားကွ!!!!"
ရှိုင်းဆက်ယံမှာထိုသို့ပြောနေရင်း ဒေါသလည်းထွက်နေကာသူ၏တစ်ကိုယ်လုံးမှာဆွေ့ဆွေ့ခုန်လုမတတ်ပင်။
"ဒါတော့ ကျနော်လဲမတတ်နိုင်ဘူးလေဗျာ...ကျနော်လဲတာဝန်အရမို့ပါ"
ရှိုင်းဆက်ယံရဲ့အသံအပြင်အခြားလူတစ်ယောက်ရဲ့အသံကိုပါကြားလိုက်ရတဲ့အခါစိုင်းသီဟမျက်နှာကြီးမှာမှုန်ကုတ်သွားရပြီး ရှိုင်းဆက်ယံအနားသို့ အမြန်ရောက်သွားတော့သည်။တံခါးဝမှာရပ်နေတဲ့ရှိုင်းဆက်ယံက ရုတ်တရက်ကြီးကျောချမ်းသွားသလိုခံစားလိုက်ရတာကြောင့် အနောက်သို့လှည့်ကြည့်လိုက်စဥ်ဝယ် အနီးနားရှိလေထုမှာအနက်ရောင်တိမ်တိုက်များလွှမ်းမိုးနေပြီဖြစ်ကြောင်းမျက်မြင်တွေ့လိုက်ရသည်။
"ဒါဆို ကျနော့်ကိုခွင့်ပြုပါဦး .... နောက်နှစ်နာရီကြာမှပြန်တွေ့ကြတာပေါ့ ....ဒီကသခင်လေး....."
"ဘာ.....??"
ကိုလူချောလေးပိုင်စစ်က အနောက်ကလူရိပ်ကိုတွေ့လိုက်ရသည်နှင့်ချက်ချင်းထွက်သွားတော့သည်။ရှိုင်းဆက်ယံကတော့ သွားလေသူပိုင်စစ်ရဲ့ နောက်ကျောကိုကြည့်ရင်းကျိန်ဆဲနေကာ လက်ထဲကအထုပ်များကိုမနိုင့်တနိုင်ဆွဲရင်းတံခါးကိုဆောင့်ပိတ်ချလိုက်သည်။
"မင်းအလုံးကန်းနေလား? နဲနဲလေးတောင်ဝိုင်းသယ်မယ်မရှိဘူး!"
စိုင်းသီဟကလက်ပိုက်၍သာကြည့်နေပြီးသူ့အားမျက်စပစ်ပြီးအေးတိအေးစက်မေးလာသည်။
"ဘယ်သူလဲ?"
"မင်းခန့်ထည်ရဲ့လူ"
ထိုအဖြေကြားမှ အပြောင်းအလဲမြန်တဲ့စိုင်းသီဟဟာရှိုင်းဆက်ယံရဲ့လက်ထဲမှအထုပ်တွေကိုကူသယ်ပေးတော့သည်။
"အစကတည်းကကူပေးရင်သေမှာမို့လို့လား!"
ရှိုင်းဆက်ယံက ပိုင်စစ်ကိုကျိန်ဆဲနေရာမှ စိုင်းသီဟဘက်သို့လိုင်းကူးလာလေသည်။
မီးဖိုချောင်ထဲ၌ ရှိုင်းဆက်ယံအလုပ်ရှုပ်နေချိန်အတွင်း စိုင်းသီဟက အိမ်ရှေ့ပြန်ထွက်လာကာ ဆိုဖာခုံလေးပေါ်မှာထိုင်စောင့်နေတဲ့ Nurseလေးအားခပ်ဖွဖွပြုံးပြလျက်ဆိုလိုက်လေ၏။
"မေပြန်နှင့်လိုက်တော့လေ ကျနော်ဒီမှာခနနေလိုက်ဦးမယ်"
စိုင်းသီဟစကားကြားသော်သူမလေးရဲ့မျက်နှာဟာညိုးကျသွားခဲ့ရပေမယ့်လည်းပြုံးကာထပ်ရပ်လိုက်ပြီးပြန်သွားဖို့ပြင်သည်။
"ဒါနဲ့လေ ....ဒေါက်တာကို ကျမမိဘတွေကတွေ့ချင်နေလို့ဒေါက်တာဘယ်တော့များအားမလဲဟင်?" ဆို၍သူမကအခန်းဝ၌ရပ်ကာပြန်လှည့်မေးလာလေသော်စိုင်းသီဟတစ်ယောက်အတန်ကြာတွေငေးသွားပြီးမှပြန်ဖြေလာခဲ့သည်။
"ကျနော်အားဖို့ဆို ရက်အတော်ကြာစောင့်ရမယ် မေ"
"ရပါတယ် မေစောင့်နိုင်ပါတယ်"
ထိုစကားတွေကိုဧည့်ခန်းဘက်သို့ပြန်ထွက်လာတဲ့ရှိုင်းဆက်ယံကသဲသဲကွဲကွဲကြားလိုက်ရတဲ့အခါ သူ၏အကြောအချင်တို့ကခေတ္တခနတုံ့ဆိုင်းသွားရပြီး စိုင်းသီဟအိမ်ထဲသို့ပြန်မဝင်လာခင်မီးဖိုချောင်ထဲသို့ပြန်ဝင်သွားတော့သည်။
"ငါလဲဗိုက်ဆာနေတာနဲ့အတော်ပဲ"ဆိုတဲ့စိုင်းသီဟအသံကြားတော့ ရှိုင်းဆက်ယံက ပူနွေးနွေးဖက်ထုပ်ပြုတ်များကို ပန်းကန်ထဲသို့ထည့်လိုက်ရင်း စားပွဲတစ်ဖက်သို့ ပန်းကန်ကိုလျှောပစ်ပေးလိုက်သည်။
"ကျေးဇူးပါ"
ထို့နောက် ရှိုင်းဆက်ယံကကျန်တဲ့စားစရာအထုပ်များကို လှယ်နေရင်းအလုပ်ရှုပ်နေလေသည်။
"မင်းကောစားဦးမလား?"
"တော်ပြီ"
မီးဖိုချောင်တစ်ခုလုံး ကြက်သွန်ဖြူဖက်ထုပ်ပြုတ်ရနံ့လေးက နေရာလပ်မရှိအောင်လွှမ်းမိုးသွားတာကြောင့် ရှိုင်းဆက်ယံက နှာခေါင်းရှုံ့မိသွားသော်လည်း သူဘာမှမဖြစ်သည့်ပုံစံအတိုင်းသာဆက်နေနေလေသည်။
'ဟုတ်သားပဲ ဆက်ယံကကြက်သွန်ဖြူနဲ့ဓာတ်မတည့်ဘူးလေ အရင်ကဆို ကြက်သွန်ဖြူအနံ့ရတာတောင် တစ်ပတ်လောက်အထိဖျားတဲ့ဟာ!'
စိုင်းသီဟကသတိရသွားပြီးနောက်
စားလက်စဇွန်းနှင့်ခက်ရင်းတို့ကိုချက်ချင်းချလိုက်ကာ ဆိုသည်။
"ငါလဲတော်ပြီ"
"မင်းပဲဗိုက်ဆာတယ်ဆို?"
"ဆာတာတော့ဆာတယ် ဒါပေမယ့် ဒီဖက်ထုပ်ကငါ့အကြိုက်မဟုတ်ဘူး"
ဟုရေရွတ်လိုက်ရင်းဖက်ထုပ်ပန်းကန်ထဲကနေအနံ့မထွက်တော့အောင် ဖုံးအုပ်ထားလိုက်တော့သည်။
သူ၏ကြီးကြီးကျယ်ကျယ်စကားတွေကိုကြားတော့ရှိုင်းဆက်ယံကနှုတ်ခမ်းလေးမဲ့လိုက်ကာစောင်းထေ့လာလေ၏။
"မင်းအရင်ကတစ်ချိန်လုံး ဒါပဲစားခဲ့ပြီးတော့များ......."
'ဆက်ယံက သူ့အကြိုက်ကိုမှတ်မိနေသေးသားပဲ.........'
ထိုသို့တွေးလိုက်ရင်းစိုင်းသီဟကတိုးတိတ်စွာပြုံးမိသွားလေသည်။
ထိုသူ၏ပြုံးလက်စမျက်နှာလေးအား ရှိုင်းဆက်ယံက မသိမသာတစ်ချက်ရှုကြည့်လိုက်ပြီးနောက် စိုင်းသီဟကိုကျောခိုင်းလိုက်ကာ ရေခဲသေတ္တာထဲသို့ သစ်သီးများအား ထည့်နေလိုက်သည်။ကျောခိုင်းထားတဲ့တစ်စုံတစ်ယောက်၏မျက်နှာထက်ရှိခပ်ဖွဖွအပြုံးလေးတစ်ပွင့်ကိုတော့ ကျန်တစ်ယောက်က မတွေ့မမြင်လိုက်ရပေ။
"ဟိုအရိပ်လူသားက မင်းခန့်ထည်ရဲ့လူလား?"
"အရိပ်လူသား?"
စိုင်းသီဟစကားကို ရှိုင်းဆက်ယံကနားမလည်သောအကြည့်တို့ဖြင့်ပြန်မေးလာသည်။
"ငယ်လေးဆေးရုံတက်တဲ့အချိန်ကတည်းကငါသတိထားမိနေတာ။ မင်းခန့်ထည်ရဲ့အနောက်မှာအနက်ရောင်ဝတ်စုံအတိဝတ်ထားတဲ့အရိပ်လူသားနှစ်ယောက် အမြဲရှိနေတယ်။ဒါကတိုက်ဆိုင်တာပဲလားလို့ ငါတွေးမိခဲ့သေးတယ်။ဒါပေမယ့် တိုက်ဆိုင်တာထက်တကယ်ကိုပိုနေတာကွာ။ မင်းခန့်ထည်က သာမန်လူတစ်ယောက်မဟုတ်ဘူးလို့မင်းမခံစားရဘူးလား?"
ထိုမေးခွန်းက ယခုအချိန်မှာ ရှိုင်းဆက်ယံအတွက် လုံးဝ supriseအကြီးစားမေးခွန်းမျိုးမဟုတ်တော့ပဲ သာမန်ထမင်းစားရေသောက်မေးခွန်းမျိုးသာဖြစ်နေတာကြောင့် သူနည်းနည်းလေးမှမတုန်လှုပ်သလို စိတ်လဲမဝင်စားခဲ့ပေ။
"မင်းကဘယ်လိုထင်လို့လဲ"
ထိုအခါ စိုင်းသီဟက ရှိုင်းဇေယံအခန်းဘက်သို့လှည့်ကြည့်ရင်း သူ့အနားတိုးလာကာခိုးကြောင်ခိုးဝှက်ဆိုလေသည်။
"မင်းခန့်ထည်က သာမန်ကောင်လေးတစ်ယောက်မဖြစ်နိုင်ဘူး။သူက ငါတို့မခန့်မှန်းနိုင်လောက်အောင်အရှိန်အဝါကြီးတဲ့အသိုင်းအဝိုင်းကလာတဲ့အရိပ်အယောင်မျိုးတွေကိုသူ့ဆီကနေမြင်နေရတယ် ။အရိပ်လူသားကိုမြင်ပြီးတဲ့မင်းကောမင်းခန့်ထည်ကိုနည်းနည်းလေးတောင်သံသယမဖြစ်ဘူးလား?"
"အချိန်တန်ရင် မင်းသူ့အကြောင်းကိုသိရမှာပေါ့ ဘာတွေအစိုးရိမ်လွန်နေတာလဲ"
ရှိုင်းဆက်ယံက ထိုသို့ဆိုပြီးနောက်စကားကြောကိုဖြတ်ချလိုက်ကာ စိုင်းသီဟကိုမီးဖိုချောင်ထဲ၌တစ်ယောက်တည်းချန်ရစ်ထားလျက်ထွက်လာခဲ့လိုက်စဥ်စိုင်းသီဟရဲ့အသံစူးစူးက အိမ်ရှေ့ထိတိုင်အောင် ကျယ်လောင်စွာပျံ့နှံ့ရောက်ရှိလာခဲ့လေသည်။
"မင်းသူ့အကြောင်းတစ်ခုခုသိထားတယ်မှတ်လား?"
ထို့နောက် ရှိုင်းဆက်ယံက ညီဖြစ်သူရဲ့အခန်းတံခါးကိုဖွင့်လိုက်ကာ  အလိုမကျစွာပေါက်ကွဲလိုက်တော့ပေသည်။
"ကိုဇေ ... မင်းအခန်းထဲကထွက်ပြီး တစ်ခုခုထစားဦး မင်းကောင်ကြီး ပို့ထားတဲ့စားနပ်ရိက္ခာတွေကြောင့် ငါ့ရေခဲသေတ္တာကြီးတစ်ခုလုံးလည်း ပေါက်ထွက်တော့မယ်ကွ!!"
••••••••••••••••••••••••••••••••••••••••••••••••••
ကျောင်းသင်္ကြန်ရောက်ဖို့ အချိန်ကနီးကပ်လာပြီမို့ မေဂျာ၉ခုမှအကမယ်လေးများကလည်းအကြိတ်အနယ်ပင်အကတိုက်နေကြသည်။ Final yearမှ စီနီယာကြီးတွေကလည်းသံချပ်ထိုးဖို့စပ်ဆိုထားတဲ့သံစဥ်များအား Lobbyတွင်စုရုံးကာတိုက်ကြည့်နေကြလေသည်။
Majorမှဆရာဆရာမများကလည်း ကျောင်းသင်္ကြန်နေ့၌ စတုဒီသာကျွေးကြမည့်စားစရာများကိုဆွေးနွေးတိုင်ပင်နေကြကာ
မဏ္ဍပ်ထိုးဖို့ရာအတွက်လိုအပ်သော ပစ္စည်းများကိုလည်း ပါချုပ်ကြီးကိုယ်တိုင်က လိုက်လံစီစဥ်ပေးနေလေသည်။
မြို့ပြအင်ဂျင်နီယာမေဂျာမှ ယောကျာ်းလေးတွေက မယ်ဒလင်တစ်ခုကိုယူလာကာ သူတို့မေဂျာမှအကမယ်လေးများအတွက် တီးမှုတ်သီဆိုနေကြသည့်သင်္ကြန်သံစဥ်လေးများကလဲ ကျောင်းသင်္ကြန်နီးလေလေ ကျောင်းသားကျောင်းသူတွေရဲ့ခုန်လှုပ်နေကြသောသင်္ကြန်နှလုံးသားလေးများအားအတိုင်းထက်အလွန်မွေ့ပျော်စေလေလေပင်။
🎼သင်္ကြန်နှစ်ဦးတူးပို့တူးပို့ တူးသံမြူးသာယာ 🎼
🎼သင်္ကြန်မယ်များတူးပို့တူပို့ တူးမှာရဲ့နော်ဗျာ🎼
🎼ငွေငန်းသံစုံ တူးပို့တူးပို့ အာရုံဖျော်ဖြေတာ🎼
🎼မယ်တို့ကိုလည်းတူးပို့တူးပို့ မာပါစေခင်မျာ🎼
တေးသွားနဲ့အညီ သင်္ကြန်အကမယ်လေးများကလဲ လက်ချိုးညီစွာကခုန်နေကြသည့်မြင်ကွင်းတို့ဟာ Lobbyထက်ရှိကျောင်းသားများအားလုံး၏အမြင်အာရုံတို့ကို ဖမ်းစားထားလေသည်။
ထို့ပြင်Lobbyရဲ့တစ်ထောင့်တစ်နေရာ၌ကြည်နူးဆွတ်ပျံ့ဖွယ်ကောင်းပါသည့်ဤမြင်ကွင်းလေးအားမျက်တောင်မခတ်တမ်း ကြည့်ရှုနေသောအနက်ရောင်အရိပ်လေးတစ်ခုရှိနေသည်ကိုတော့ တစ်ဦးတစ်ယောက်မှသတိမထားမိကြပေ။
မြို့ပြအင်ဂျင်နီယာအဖွဲ့ကိုလက်ခုပ်တီးကာအားပေးနေကြသူများထဲတွင် ဒါဒါတို့သုံးယောက်နှင့်အတူ နေသူရိန်တို့အတွဲနှင့် ဟန်လင်းထက်ပါ အတူတူပါဝင်လေသည်။မင်းစက်မှာမူ မင်းခန့်ထည်မရှိတာကြောင့် ဌာနမှအစည်းအဝေးအားကိုယ်စားတက်နေရသဖြင့်သူတို့နှင့်အတူတူရှိမနေခဲ့ပေ။
"ဟဲ့ သူများတွေကတာလှလိုက်တာ ငါတို့နဲ့များတခြားစီ..."
သော်တာက ကလျာပုခုံးကိုထုရိုက်ရင်းငြီးတွားနေသည်။
"နင်တို့ကတာလဲမိုက်ပါတယ်ဟာ ....
သင်္ကြန်အကကို စာခြောက်ရုပ်လိုတောင့်တောင့်ကြီးကမှာဆိုလို့နင်တို့အဖွဲ့ပဲရှိတာဆိုတော့လေ...."
ဆက်နောင်ကပြောရင်းပြောရင်းအသက်ထွက်တော့မတတ်အော်ရယ်လာကာဟန်လင်းထက်ရဲ့ပခုံးကိုတစ်ချက်ပုတ်လိုက်ရင်းဆက်လှောင်လာလေသည်။
"ဒါပေမယ့် ဒီကအဆိုရှင် kingချောချောလေးကပါစင်ပေါ်မှာရှိမယ်ဆိုတော့ကာ နင်တို့ကတာကိုဘယ်သူမှဂရုတစိုက်ကြည့်ကြမှာမဟုတ်လို့ အရမ်းကြီးစိတ်ဓာတ်ကျမနေစမ်းပါနဲ့ဟ ! Relax....Relax...."
"ဆက်နောင်အကောင်စုတ် ! ဒီနေ့တော့နင်အသေပဲ!"
ကလျာကဝိုင်း၌ထိုင်နေရာမှထရပ်လိုက်ကာဆက်နောင်ထိုင်နေသောနေရာဆီသို့လက်သီးလက်မောင်းတန်းကာလျှောက်သွားလေသည်။
ထိုအခါဆက်နောင်မျက်လုံးထဲတွင် ကလျာအားမိန်းမဆူမိုအကြမ်းစားကြီးသဖွယ်မြင်ယောင်မိသွားတာကြောင့် ဝိုင်းမှထကာပတ်ပြေးလေတော့သည်။
"သေနာ နင်မပြေးနဲ့!"
"လာလေမိအောင်ဖမ်းလေ"
ဟုဆိုကာ ဆက်နောင်ကလျှာထုတ်ပြကာစိန်ခေါ်လေသည်။
"နင်တော့လား!!"
ထိုအဖြစ်ကို အေးအေးလူလူနှင့်ကြည့်နေကြသော ဝိုင်း၌ကျန်ရစ်သူ လေးယောက်မှာမူ
မနိုင်စိန်နှစ်ယောက်အား အားကုန်ခံကာထိန်းမနေတော့ပဲလွှတ်ထားလိုက်ကြသည်။
"ဒါနဲ့ နင်တို့ကဘာသီချင်းနဲ့ကမှာလဲ?"
"နွေဦးကဗျာ"
နေသူရိန်အမေးကိုဟန်လင်းထက်ကဖြေပေးလိုက်သည်။
သူ၏မျက်လုံးတွေကတော့ စာရွက်တစ်ခုပေါ်တွင်သာကပ်ငြိလို့နေခဲ့ကာထိုစာရွက်အလယ်၌ ထိပ်သီးခေါင်းစဥ်ကို အက္ခရာစာလုံးအကြီးကြီးနှင့်ရေးသားထားလေသည်။
နွေဦးကဗျာဆိုသော စာလုံးကြီးမှာတကယ့်ကိုအထင်အရှားနှင့်ပေါ်လွင်လို့နေ၏။
"လခွမ်း! ငါ့ကိုလဲဝင်တိုက်မိကြဦးမယ်"
ဝိုင်းဘက်သို့ဦးတည်လျှောက်လာနေသော မင်းစက်၏လမ်းကြောင်းပေါ်သို့ ခုနကမျောက်နှစ်ကောင်ကပြေးဝင်လာတာကြောင့် မင်းစက်ခမျာအလန့်တကြားထဆဲလာလေသည်။
ထို့နောက်သက်ပြင်းမောကြီးတစ်ချက်ချလျက်ဝိုင်း၌ဝင်ထိုင်လိုက်တော့သည်။
"ကိုစက် အဆင်ပြေရဲ့လား? ဌာနကဘာပြောလဲ?"
ဟန်လင်းထက်ကထိုသို့မေးလာရင်းရေဗူးလေးကိုကမ်းပေးလိုက်တဲ့အခါမင်းစက်ကရေဗူးလေးအားလှည့်ဖွင့်နေရင်းအမောတကောဖြင့်ရေရွတ်လာသည်။
"သင်္ကြန်နေ့ကျစတုဒီသာ မုန့်ဟင်းခါးကျွေးမယ်တဲ့"
'မုန့်ဟင်းခါး'ဆိုတဲ့အသံကြားတာနဲ့ သော်တာနှင့်ဒါဒါတို့နှစ်ယောက်ရဲ့မျက်လုံးလေးတွေကတဖျက်ဖျက်တောက်လာကာဝမ်းသာအားရဖြစ်သွားကြသည်။
"ရေး......ဒါဆို အကိုမင်းစက်တို့မဏ္ဍပ်မှာအပီလာဝိုက်ရမယ်"
ဒါဒါကလည်းသော်တာ့အပြောအားထောက်ခံလိုက်ကာ သူမမေးဖျားလေးအားပွတ်သပ်ရင်းပြောပြန်သည်။
"ဟုတ်ပါ့ ညီမလည်းမုန့်ဟင်းခါးကြိုက်တယ် အဲ့နေ့ကျမှ ဇူဇကာပုဏ္ဏားလုပ်ရမယ်"ဟူ၍။
နေသူရိန်ကတော့ သူမတို့နှစ်ယောက်ကိုကြည့်ရင်းရယ်နေတဲ့အခါမင်းစက်ကလှမ်းမေးလာသည်။
"EPကကောဘာလုပ်မှာတဲ့လဲ နေသူရိန်"
"မသိပါဘူးဗျာ... ECမပြောတာကြားတာတော့ မုန့်လုံးရေပေါ်လုံးမယ်ဆိုလားပဲ"
"မုန့်လုံးရေပေါ် လဲကောင်းတာပဲ.... ကဲဒါနဲ့ ဒီကစားစော်လေးတို့ မဏ္ဍပ်ကကော ဘာကျွေးမှာလဲဗျ?"
"ညီမတို့က သင်္ကြန်ထမင်းကျွေးမှာ အကိုမင်းစက်တို့မဏ္ဍပ်ကိုလာတဲ့အခါကျ ညီမတို့အကိုမင်းစက်အတွက် သင်္ကြန်ထမင်းယူခဲ့ပေးမယ်"
"ကောင်းပါပြီဗျာ"
မင်းစက်က ထိုသို့ရယ်ရယ်မောမောပြောနေရင်းကနေရုတ်ချည်းအသံတိတ်သွားလေသော် အကုန်လုံးကသူ့အား စိုးရိမ်သောမျက်ဝန်းများနှင့်လှည့်ကြည့်လာကြသည်။
မင်းစက်ကအဝေးတစ်နေရာသို့ငေးကြည့်လို့နေရင်းတိုးဖျော့စွာဆိုလေသည်။
"ဟိုကောင်ကြီးနဲ့ရှိုင်းဇေယံလည်း ငါတို့နဲ့အတူတူရှိနေရင်ကောင်းမှာပဲနော်"
ထိုစကားတို့အဆုံး ဟန်လင်းထက်ရဲ့မျက်နှာကကွက်ခနဲပျက်သွားသည်။ဒါဒါနှင့်သော်တာတို့ကလဲ ရှိုင်းဇေယံကိုသတိရနေကြတာကြောင့် စိတ်မကောင်းဖြစ်သွားကြကာနေသူရိန်လည်းထိုနည်းတူပင်။
"အကုန်လုံးဘာဖြစ်နေကြတာလဲ....နှစ်ယောက်စလုံးကမိသားစုကိစ္စ ကျန်းမာရေးကိစ္စတွေကြောင့် ခနမလာနိုင်ကြတာလေ အပြီးထွက်သွားကြတာမှမဟုတ်တာ......"ဆိုတဲ့နောက်ဆုံးစကားအရောက်မှာတော့ ဟန်လင်းထက်ရဲ့အသံတို့ဟာမသိမသာတိမ်ဝင်သွားခဲ့ချေသည်။
"သင်္ကြန်နေ့ကျရင်တော့ သူတို့လာကြမှာပါ အဲ့တာကြောင့်ကိုစက်လည်းအရမ်းစိတ်မကောင်းဖြစ်မနေပါနဲ့တော့...."
ဟုထပ်ဆိုလိုက်ပြီးနောက် မင်းစက်ရဲ့လက်ကလေးအား ဟန်လင်းထက်ကနွေးထွေးစွာအုပ်ကိုင်ပေးထားလေသည်။
ကလျာတစ်ယောက်ဆက်နောင်နှင့်အပြိုင်ရန်ဖြစ်နေရင်း သူမရဲ့မျက်ဝန်းထောင့်စွန်းတွေကနေတစ်စုံတစ်ရာကိုအမှတ်မထင်ဖမ်းမိလိုက်တဲ့အခိုက်ပြေးလွှားနေသောသူမ၏ခြေထောက်များကို တမဟုတ်ချင်းတုံ့ဆိုင်းလိုက်တော့သည်။
"ဒီကသားကဘာကိစ္စများရှိလို့လဲကွဲ့...."
"ကျနော်ကျောင်းထွက်လက်မှတ်လာယူတာပါ တီချယ်ကြီး.... ကျနော်က MKကပါ ... သခင်လေးမင်းခန့်ထည်အစားလာယူပေးတာပါ"
"Aww....အေးကွယ် ဒါနဲ့ CEOလေးကော အခုအဆင်ပြေရဲ့လား?"
"ဟုတ်အဆင်ပြေနေပါတယ် တီချယ်ကြီး"
"လာသား တီချယ့်ရုံးခန်းကဒီဘက်မှာ......"
ပါချုပ်ကြီးခေါ်ရာနောက်သို့အနက်ရောင်ဝတ်စုံနဲ့အရပ်ရှည်ရှည်ကောင်လေးတစ်ယောက်ကလိုက်ပါသွားခဲ့သည်။ထိုအဖြစ်ကို မိမိရရဖမ်းမိလိုက်သူမှာ ကလျာတစ်ယောက်တည်းပင်ဖြစ်သည်။
"ကလျာ .... ဘာဖြစ်လို့လဲ?"
သူ့အနောက်သို့ပြေးလိုက်နေရာမှရုတ်တရက်ကြီးရပ်သွားသော ကလျာကို ဆက်နောင်ကအထူးအဆန်းဖြစ်စွာမေးလာလေသည်။
"ငါတွေ့ပြီ နောက်ဆုံးတော့ ငါစောင့်နေတဲ့လူကိုငါတွေ့ပြီ!!!"
ထိုသို့တဖွဖွပြောရင်း ရှေ့ဆက်လျှောက်သွားသောကလျာအားဆက်နောင်ကလက်မောင်းကနေဖမ်းဆွဲထားလိုက်သည်။
"နင်ဒါကဘယ်ကိုလဲ?"
"ပါချုပ်ရုံးခန်းကို...."
"....!"
ထိုစကားလည်းကြားကော ဆက်နောင်ကကလျာ့အား သူတို့ထိုင်နေတဲ့ဝိုင်းသို့အပြေးပြန်ဆွဲသွားတော့သည်။ကလျာက ရုန်းသော်လည်းရုန်းမရဘဲ ဆက်နောင်ဆွဲရာနောက်သို့ယက်ကန်ယက်ကန်လေးနှင့်ပြန်ပါလာရလေသည်။
"ဟဲ့ ဒါကဘယ်လိုဖြစ်လာကြတာတုန်း!"
ဒါဒါက ဆက်နောင်အားအံ့သြတကြီးမေးလိုက်လေသော် ဆက်နောင်က ယက်ကန်ယက်ကန်ကလျာအားဝိုင်း၌ငြိမ်သက်စွာထိုင်စေလိုက်ပြီးမှ အမောဖြေရင်းပြန်ဖြေလေသည်။
"ကလျာလေ ပါချုပ်ရုံးခန်းကိုသွားမယ်တကဲကဲလုပ်နေလို့....ဟောဟဲ ဟောဟဲ......"
ဆက်နောင်ကပြောလက်စကိုခနနားလိုက်ပြီးမှဆက်ပြောသည်။
"နင်တို့သူငယ်ချင်းကိုတစ်ချက်ကြည့်ကြည့်ဦး ...Examနီးလို့ဦးနှောက်ထဲမှာတစ်ခုခုများချောင်သွားပြီလားလို့?"
"လဒရဲ့ ငါကချောင်သွားစရာလား ? "
ကလျာကငြိမ်နေရာမှထိုသို့ထပြောလာတာကြောင့် ဝိုင်းတစ်ဖက်ရှိမင်းစက်ပင်လျှင် သူမလေးနှင့်မျက်နှာချင်းဆိုင်နေရာသို့အပြေးရောက်ချလာခဲ့သည်။
"ကျစ်...တကယ်ပါပဲ ညီမဘာမှမဖြစ်ဘူးလို့ ညီမရဲ့ Ideal Manလေးကိုတွေ့လိုက်ရလို့ လောကကြီးတစ်ခုလုံးကိုခနမေ့သွားတာ...."
ဟူ၍ ကလျာက ရယ်ကျဲကျဲလေးဆိုကာသူမ၏လက်နှစ်ဖက်ကိုလည်း ကျစ်ကျစ်ပါအောင်ဆွဲလိမ်နေခဲ့သည်။
ဆိုတော့ကာ သူမကတကယ့်ကိုချစ်စရာကောင်းစွာရှက်သွေးဖြာနေခဲ့တာပင်။
"ငါမပြောဘူးလား? နင်တို့သူငယ်ချင်းကလုံးဝမူမမှန်ဘူးလို့ ကြည့်ကြပ်လုပ်ကြဦးဟ ဒါမျိုးဆိုတာအချိန်ကြာရင်မကောင်းဘူး ကုသဖို့လိုရင်မြန်မြန်ကုသရမယ်...."
ထိုအခါဆက်နောင်ရဲ့နှဖူးသို့ ဒါဒါကဒေါက်ခနဲခေါက်ချလိုက်တော့မှ မောင်မင်းကြီးသားကငြိမ်ကျသွားတော့လေသည်။
"တော်တန်တိတ် နင်ကတစ်မျိုး နားကိုငြီးတယ်"
သော်တာကလည်းထိုသို့ကြိမ်းမောင်းလာလေသည်။
"ထားလိုက်တော့ ညီမတစ်ယောက်ပဲမြင်လိုက်တာကိုး ပြောပြလဲဘယ်သူကမှယုံမှာမှမဟုတ်တာ!"
ဟုဆို၍ ကလျာက ဆူဆူအောင့်အောင့်နှင့်ပါချုပ်ရုံးခန်းဘက်က Toiletဆီသို့ထွက်သွားတော့လေသည်။
"နင်တို့လိုက်မသွားဘူးလား?"
"မလိုက်ဘူး ဒီလိုအချိန်မျိုးကသူတစ်ယောက်တည်းလွှတ်ထားတာအကောင်းဆုံးပဲ"
ဒါဒါနှင့်သော်တာက နေသူရိန်ကိုပြန်ဖြေလိုက်ရင်းဝိုင်း၌သာကလျာမပြန်အလာကိုထိုင်စောင့်နေလိုက်ကြသည်။
ကလျာတစ်ယောက်  ရုံးခန်းရှေ့မှဖြတ်သွားပြီးမကြာခင်ပင် အနက်ရောင်လူသားလေးက လည်းA4အရွယ်စာအိတ်လေးကိုကိုင်ကာ ရုံးခန်းထဲမှထွက်လာခဲ့သည်။
သို့သော်မင်းစက်တို့ထိုင်နေတဲ့ဝိုင်းက တိုင်လုံးကြီးနှင့်ကွယ်နေတာကြောင့် ပါချုပ်ရုံးခန်းဘက်သို့ရှင်းရှင်းလင်းလင်းမမြင်ရပေ။ထို့ကြောင့် ရုံးခန်းထဲမှဘယ်သူဘယ်ဝါထွက်လာသည်ကို တစ်ဦးတစ်ယောက်မျှမသိလိုက်ကြ။
အစကတော့ ပိုင်စစ်မှာLobbyအရှေ့ဘက်မှပြန်ထွက်သွားဖို့စဥ်းစားထားခဲ့ရာ
ကားရပ်ထားတဲ့နေရာနှင့်Lobbyဘက်မှာတခြားစီဖြစ်နေတာကြောင့်အနက်ရောင်ဝတ်စုံနှင့်စမတ်ကျလှသောကောင်လေးက အမျိုးသမီးအိမ်သာရှေ့ဘက်မှဖြတ်လျှောက်ကာစာသင်ခန်းတွေဘက်မှကွေ့ဝိုက်သွားလိုက်သည်။
ထိုစဥ်Toiletထဲကမှန်ကိုကြည့်နေတဲ့ကလျာလေးက ချောမောသောမျက်နှာပိုင်ရှင်လေးအားမှန််ထဲမှရိပ်ခနဲတွေ့လိုက်ရတာကြောင့် Toiletထဲမှထွက်ကာ ခြေသံကြားရာနောက်သို့ပြေးလိုက်သွားတော့သည်။
တီတီတီတီ~~~~~~
"ပြော"
"သွားယူပြီးပြီလား?"
"ယူပြီးပြီ အခုပဲကျောင်းကပြန်ထွက်လာတော့မလို့"
အနက်ရောင်ပုံရိပ်လေးကလှေကားထစ်လေးများကိုပြေးဆင်းလို့နေရင်းတစ်ဖက်ကလည်းဖုန်းပြန်ဖြေနေသည်။ထို့ကြောင့်အပေါ်ထပ်ကနေကလျာလှမ်းအော်လိုက်တဲ့အသံကိုသူ မကြားလိုက်ရပေ။
"ဒီမှာ .... ခန"
သို့ဖြင့်ကလျာခမျာ အောက်ထပ်သို့ပြေးဆင်းလာရတော့သည်။
"ငါကားနားရောက်နေပြီ ညနေကျ သခင်လေးဆီဟိုကောင်တွေကိုပို့ခိုင်းလိုက်မယ်"
"ရတယ်အေးဆေးလုပ်....ငါဖုန်းချလိုက်တော့မယ် ဟိုမှာအရှုပ်ထုပ်တစ်ယောက်လာနေလို့"
ဖုန်းချလိုက်ပြီးနောက် သူကကားတံခါးကိုဖွင့်ကာ ဖုန်းနှင့်စာအိတ်ကိုကားခေါင်းခန်းထဲ၌ ထည့်လိုက်လေသည်။
"ဒီမှာ ခနနေပါဦး!!!!!  အာ့!"
ထိုအသံကြောင့် အနက်ရောင်လူသားကကားထဲမဝင်သေးပဲနောက်လှည့်ကြည့်လာလေသည်။
အသံလာရာကိုလှည့်ကြည့်လိုက်တော့ အဆင်းလှေကားနားတွင်ပုံလျက်သားလေးလဲကျနေတဲ့ကောင်မလေးတစ်ယောက်ကိုတွေ့လိုက်ရတဲ့တခန မလှုပ်မယှက်နဲ့ရပ်ကြည့်နေမိသည်။
"ဒီမှာလူတစ်ယောက်လုံးလဲနေတာမမြင်ဘူးလား? လာဝိုင်းထူပေးပါလား?"
ချစ်စရာမျက်နှာလေးနှင့်ကောင်မလေးက သူမရဲ့နှုတ်ခမ်းတို့ကိုစူထော်ထားရင်း အော်ပြောလာလေတော့ သူတစ်ချက်ရယ်လိုက်ပြီးမှ လာဆွဲထူပေးလေသည်။
"ဒီတစ်ခါကော ဘာဖြစ်ရပြန်ပြီလဲ အမိ?"
"ကျမနာမည်အမိမဟုတ်ဘူး ကျမနာမည်ကကလျာ!"
"ကျနော်မေးလို့လား?"
သူကအခြေကြီးစွာဆိုလိုက်ကာ သူမလေးကိုခေါင်းအစခြေအဆုံးတစ်ချက်ခြုံကြည့်လိုက်ပြီးနောက် ဘာမှမဖြစ်တာသေချာမှထွက်သွားဖို့ပြင်လေသည်။
"ခန...."
သို့သော် သူ၏လက်ကို ထိုကောင်မလေးကဖမ်းဆွဲထားပြန်တာကြောင့် သူရပ်လိုက်ကာ သူမလေးအားလှည့်မေးလိုက်ရပြန်သည်။
"ဘာကိစ္စရှိလို့လဲ?"
ထိုသူကတိုးညှင်းစွာဖြင့်သာမေးလာပေမယ့်လို့ သူမရဲ့နူးညံ့လှတဲ့နှလုံးအိမ်လေးအား
ထိုလေပြေလေးတစ်ခုက အရှိန်အဟုန်ပြင်းစွာပေါက်ကွဲထွက်လုမတတ် လှုပ်ခတ်သွားစေလေသည်။
"ကျမနာမည်ကိုရှင်သိသွားပြီလေ ရှင့်နာမည်ကိုကျဘာလို့မပြောပြတာလဲ"
ကလျာကထိုသို့မေးလိုက်စဥ်တွင်သူမ၏ပါးမို့မို့လေးနှစ်ဖက်ကလည်း နီရဲတွတ်နေရှာသည်။သူက သူမမေးလာတဲ့စကားတို့အားကြားသော်ခပ်ဖွဖွရယ်ကာ သူ့အားဆွဲကိုင်ထားတဲ့ ကောင်မလေး၏လက်ကလေးကို ညင်သာစွာဖြုတ်ချပြီးမှပြန်ဖြေသည်။
"ကျနော့်ကို ရင်နှီးတဲ့လူတစ်ချို့ကတော့ ပိုင်စစ်လို့ခေါ်ကြတယ်။ မှတ်ပုံတင်ထဲက
ကျနော့်နာမည်အပြည့်အစုံကတော့ ပိုင်စစ်သွေး ပါ"
ပိုင်စစ်ရဲ့တည်ငြိမ်မှုတို့ခြုံလွှမ်းထားသော လေသံလေးအဝှေ့မှာသူမတစ်ကိုယ်လုံးကလုံးဝတောင့်တင်းအေးခဲသွားရသည်။ထို့ကြောင့် သူမမျက်စိရှေ့မှထိုအနက်ရောင်အရိပ်လေးကို သူမခေတ္တခနအချိန်လေးတောင်မဆွဲထားနိုင်တော့ဘဲ ကားမောင်းပြီးထွက်သွားသူ၏ပုံရိပ်လေးအား သူမအသက်ဝိညာဥ်တို့ကင်းမဲ့စွာနှင့်ကြောင်ငေးကြည့်နေခဲ့သည်။
အနက်ရောင်BMWကိုမောင်းနှင်ရင်းထွက်ခွာလာသောပိုင်စစ်က ကားနောက်ကြည့်မှန်၌ပေါ်နေတဲ့ပုံရိပ်လေးအား နှုတ်ခမ်းသားတို့တွန့်ကွေးကာရှုကြည့်နေရင်းပုံရိပ်လေးကွယ်ရာအရပ်ဆီသို့ချိုးကွေ့ချလိုက်တော့သည်။
အူကြောင်ကြောင်နဲ့ တကယ့်ဟာလေးပဲ.......
နွေဦးလေပြေလေးတိုက်ခတ်လာသည်ကိုခံစားလိုက်ရသောကောင်မလေးက ကားမောင်းထွက်သွားသော နေရာဘက်ဆီသို့ငေးစိုက်လို့ကြည့်နေရင်းအရူးတစ်ယောက်နှယ်သူမရယ်မောနေမိသည်။
••••••••••••••••••••••••••••••••••••••••••••••••••
နန်းယမုံတစ်ယောက် ပြင်ဦးလွင်ဘက်၌ရိုက်ရမည့်ရှုတင်တစ်ခုကြောင့်သူမပြင်ဦးလွင်သို့ရောက်နေပြန်သည်။ပထမဆုံးMTV ရိုက်ဖို့ကမ်းလှမ်းခြင်းခံရတာမို့ သူမအနုပညာအစကတော့ကောင်းလာသည်ဟုဆိုရပေမည်။
သူမ One sceneရိုက်ပြီးခနနားနေချိန်တွင် သူမကိုအမြင်မကြည်သော တက်သစ်စမော်ဒယ်အချို့က သူမလေးအကြောင်းကို သူမနောက်ကွယ်၌ တီးတိုးပြောဆိုနေကြသည်။
"သူမှတ်လား MKရဲ့CEOနဲ့စေ့စပ်တော့မယ်ဆိုတာလေ......"
"အေးလေ အရင်တုန်းကတော့ ဘာမှမဟုတ်တဲ့Celeအသေးစားလေးက MKဆိုတဲ့ရောင်ခြည်ကြီးလဲရရော ချက်ချင်းကို MTVရဲ့ဇာတ်လိုက်ဖြစ်သွားလေရဲ့......"
"ဟဲ့ ဒါမယ့်လေ MKရဲ့ CEOအသစ်က အခုထိ မျက်နှာထုတ်မပြသေးဘူးဆိုတော့ CEOအသစ်က အသားမဲမဲရုပ်ဆိုးဆိုးကြီးများဖြစ်နေမလားမသိဘူးနော်...."
"ဟုတ်ပါ့ဟုတ်ပါ့ အဲ့တာကြောင့်မို့ ဟိုတလောက TUရဲ့ King ချောချောလေးကို လူအမြင်မကောင်းလောက်အောင်သွားတွယ်ကပ်နေတာနေမှာ.. ကျွတ်ကျွတ်... ဘဝမှာ၁၀၀ရာခိုင်နှုန်း ပြီးပြည့်စုံတဲ့အရာဆိုတာရှိမနေဘူးပဲ.... ဘယ်လောက်ပဲငွေကြေးချမ်းသာနေပါစေ ငါသာဆို အဲ့လိုရုပ်ဆိုးဆိုးကြီးနဲ့ သေတာတောင်မယူနိုင်ပါဘူးတော်"
ထိုသို့အတင်းပြောသံများကိုနားမခံသာသည့်အဆုံး နန်းယမုံပေါက်ကွဲလေတော့သည်။
"နင်တို့ပြောတာတွေကသောက်တရားလွန်နေပြီ! ငါ့လောက်အဆင့်မရှိတဲ့ဟာတွေကများ ငါ့ကိုကဲ့ရဲ့ရဲတယ်ပေါ့လေ"
"ငါတို့ပြောတာကအမှန်တွေပဲမို့လို့နင့်အနာကိုဆားနဲ့ပက်ခံရသလိုစပ်စပ်ထိမခံနိုင်အောင်နာနေတာမှတ်လား?"
"အဲ့တာဆိုသေချာနေပြီ နင်နဲ့စေ့စပ်ထားတဲ့ဘီလျံနာ ခင်ပွန်းလောင်းကြီးက လူလုံးထွက်မပြရဲတဲ့ရုပ်ဆိုးဆိုးကြီးပဲနေမှာ"
"နင်ကများငါ့ကိုကို ကိုပြောရဲတယ်ပေါ့လေ ကောင်မ!!!!!!!"
နန်းယမုံကမော်ဒယ်ကောင်မလေးတစ်ယောက်ရဲ့ဆံပင်အား အားနှင့်ဆောင့်ဆွဲလိုက်တဲ့အခါ ဟိုကသုံးယောက် သူမကတစ်ယောက်မို့အင်အားမမျှပေ။
"ငါတို့ကိုများဘာမှတ်နေလို့လဲ နင့်လောက်ကများ....."
ဖြောင်း!
ထိုသုံးယောက်အဖွဲ့ထဲမှ ရုပ်ရည်အချောမောဆုံးကောင်မလေးက နန်းယမုံရဲ့မျက်နှာထက်ဆီသို့အရှိန်ပြင်းစွာရိုက်ချပစ်လိုက်လေသည်။
ထိုအခါ နန်းယမုံက သူမ၏တပည့်များအားလှမ်းခေါ်ကာ ကောင်မလေးသုံးယောက်အားဖမ်းချုပ်ခိိုင်းထားလိုက်သည်။
"နင်တို့ကများရာရာစစငါ့ကို ရိုက်ရဲတယ်ပေါ့!နင်တို့တွေဒီ့ထက်အဆတစ်ရာပြန်ခံစားရစေမယ်!!"
သူမ၏မျက်ဝန်းများကချင်းချင်းနီနေလျက် သူမကပတ်ဝန်းကျင်မှာရှိတဲ့လူတွေကိုတောင်ဂရုမစိုက်အားတော့ပဲ အိတ်ထဲမှ ကတ်ကြေးအလတ်စားလေးတစ်ခုအားထုတ်လိုက်ကာ သူမရဲ့မျက်နှာဆီသို့ရိုက်ခဲ့သော မိန်းမလှလေး၏မျက်နှာထက်ဆီသို့ ကတ်ကြေးစောင်းနှင့်ဆွဲမွှန်းတော့သည်။
"အား!!!!!!!!"
မခံမရက်နိုင်အောင်နာကျင်ရတဲ့သွေးစိမ်းရှင်ရှင်ဒဏ်ရာတစ်ခုကြောင့် ထိုမော်ဒယ်ကောင်မလေးက အကြောက်အကန်အော်ဟစ်တောင်းပန်လာလေသည်။
"ငါတောင်းပန်ပါတယ် မလုပ်ပါနဲ့တော့ ... ငါမှားမှန်းသိပါပြီ!..ငါ့ကိုလွှတ်ပေးပါ"
"ဆောတီးပဲ နောက်ကျသွားပြီ!"
ထိုကောင်မလေးရဲ့မျက်နှာကိုစေ့စေ့ကြည့်ရင်းနန်းယမုံကဂရုဏာကင်းမဲ့စွာဆိုလိုက်ပြီးနောက် သူမလက်ထဲမှ ကတ်ကြေးအား တစ်ဖက်ကောင်မလေးရဲ့မျက်နှာဆီသို့တဖန်ဦးတည်လိုက်ပြန်သည်။
"Cameraတွေမရိုက်ပါနဲ့....."
နန်းယမုံရဲ့တပည့်များက ရိုက်ကွင်းအတွင်းရှိ ဝန်ထမ်းများမှဖုန်းများအားလိုက်လံသိမ်းဆည်းထားလိုက်သည်။
သူမရဲ့တပည့်များက သူမအဖေဆီအကြောင်းကြားကာ ရိုက်ကွင်းမှမျက်မြင်သက်သေများနှင့်နစ်နာသူမိန်းကလေးသုံးယောက်အား ငွေပမာဏမြောက်မြားစွာဖြင့်ချက်ချင်းနှုတ်ပိတ်လိုက်တော့လေသည်။
ထိုအဖြစ်အပျက်တို့အပြီး နန်းယမုံကတော့ သူမမဟုတ်တဲ့အတိုင်းပင်အေးဆေးစွာငြိမ်သက်လို့နေကာမောက်မာရိုင်းစိုင်းတဲ့သူမလုပ်ရပ်တို့အတွက်တောင်းပန်စကားတစ်ခွန်းတောင်မဆိုခဲ့ပေ။သူမလက်ထဲမှ သွေးစက်များအား Toiletထဲ၌ဆင်ပြေနပြေဆေးကြောနေရင်း မဲ့ကာရွဲ့ကာဖြင့်ရေရွတ်နေရှာလေ၏။
"ငါ့ ကိုကိုကိုများအထင်သေးနေကြလိုက်တာဒင်းတို့ပါးစပ်တွေပိတ်သွားအောင် ကိုကို့ကိုထုတ်ပြရတော့မှာပေါ့!! "
MKရုံးချုပ်ရဲ့ Meeting roomထဲမှာတော့လေတိုးသံပင်မကြားရလောက်အောင်တိတ်ဆိတ်မှုတို့ကကြီးစိုးနေခဲ့သည်။
မင်းခန့်ထည်ဆီကနေထွက်လာနေသည့်စာရွက်လှန်သံတဖျက်ဖျက်တို့ဟာဆိုရင် တစ်ခန်းလုံးရှိရှယ်ယာရှင်တွေကိုတစ်ကိုယ်လုံးတုန်တတ်သွားစေတဲ့အထိခြောက်ခြားစရာကောင်းနေခဲ့ချေ၏။
အခန်းထဲရှိလေထုတို့က ထိုင်းမှိုင်းသိပ်သည်းနေကာAir conကလည်း ဒီနေ့ကျမှပဲ ရေခဲမှတ်ရောက်တဲ့အထိအေးစိမ့်နေသလိုပင်။
မင်းခန့်ထည်က စာရွက်စာတမ်းတွေပေါ်၌အကြွင်းမဲ့အာရုံစိုက်ထားကာ သူ၏မျက်ခုံးရိုးနှစ်ခုကိုအချင်းချင်းထိကပ်သွားလုမတတ်မျက်မှောင်ကြုတ်လို့ထားသည်။
Meeting roomမှာမှန်အလုံပိတ်အခန်းမို့ အခန်းရှေ့၌ရပ်စောင့်နေသောလင်းထွဋ်ပင်လျှင် မင်းခန့်ထည်၏ စိတ်ခံစားမှုအခြေအနေကို တစ်ဖက်မှန်၏မျက်နှာပြင်ကနေတဆင့် ထိုးဖောက်ခံစားနေရလေသည်။
'တကယ်ကိုကျောချမ်းဖွယ်ရာပဲ'
ကတောင်~~~~~~
[မင်းတို့သခင်လေးရဲ့ကျောင်းထွက်လက်မှတ်ရရင် ငါ့ကိုအကြောင်းပြန်ဦး အရမ်းတော့အလျင်မလိုဘူး]
ဦးမင်းထက်ခေါင်ရဲ့အတွင်းရေးမှူးဆီမှ Messageတစ်စောင်ဝင်လာတာကြောင့် လင်းထွဋ်တစ်ယောက် Meeting roomရှေ့ကနေခနထွက်သွားလေသည်။
ထိုစဥ် ........
"အားလုံးပဲမင်္ဂလာပါ ဒီကအသဲလေးကို မှတ်မိကြသေးရဲ့လား ဒီကယမုံလေးကိုမှတ်မိကြသေးရဲ့လားလို့"
သူမလေးက Onlineပေါ်၌ Liveလွှင့်နေရင်း MKရဲ့ Meeting roomဘက်သို့ဦးတည်လာနေခဲ့သည်။MKရဲ့ bodyguardတွေကလမ်းတစ်လျှောက်လုံး သူမအားတားမြစ်ကြသော်လည်းပဲ သူမဆိုသည်မှာ CEO၏ဇနီးလောင်းဆိုတဲ့အရှိန်အဝါရှိသည်မို့ ဘယ်လိုမှတားလို့မရခဲ့ပေ။
နန်းယမုံက Meeting roomရဲ့အရှေ့ဘက်မှန်အကြည်ဖက်ဆီသို့ရောက်လာသည်နှင့်ဖုန်း Cameraအား Meetingခန်းထဲ၌အာရုံစိုက်နေသောမင်းခန့်ထည်ဘက်သို့လှည့်ပြလိုက်လေသည်။
"သွားယူပြီးပြီလား?"
"ယူပြီးပြီ အခုပဲကျောင်းကပြန်ထွက်လာတော့မလို့"
လင်းထွဋ်က ပိုင်စစ်နှင့်ဖုန်းပြောနေရင်း Meeting roomဘက်သို့ပြန်လှည့်လာခဲ့သည်။
"ငါကားနားရောက်နေပြီ ညနေကျ သခင်လေးဆီဟိုကောင်တွေကိုပို့ခိုင်းလိုက်မယ်"
"ရတယ်အေးဆေးလုပ်....ငါဖုန်းချလိုက်တော့မယ် ဟိုမှာအရှုပ်ထုပ်တစ်ယောက်လာနေလို့"
လင်းထွဋ်ကဖုန်းပြောနေရင်း Meeting roomအရှေ့သို့အကြည့်တို့ရောက်သွားတဲ့အခိုက်ဖုန်းချလိုက်ပြီးနောက် ခြေလှမ်းအကျယ်ကြီးလှမ်းလျက် နန်းယမုံရဲ့လက်ထဲမှဖုန်းအားဆွဲလုလိုက်တော့သည်။
"ဟာ! နင်ဒါဘာလုပ်တာလဲ!"
"ကျနော်တို့ Companyထဲမှာဖုန်းသုံးပြီး Live လွှင့်ခွင့်မရှိဘူး။"
"နင်ပြောတိုင်းငါကလိုက်လုပ်ပေးစရာလား? ပြန်ပေးစမ်း ငါ့ Fanတွေနဲ့စကားပြောရဦးမယ်!"
နန်းယမုံကသူမဖုန်းလေးအားပြန်ဆွဲလုလေသော်လင်းထွဋ်က သူမလက်တွေကိုရှောင်တိမ်းလိုက်ပြီးနောက်ဖုန်းအားစက်ပိတ်ချလိုက်သည်။
"တောက်! နင့်လိုအစေခံကများ ငါ့လို CEOရဲ့ဇနီးလောင်းကိုတားမြစ်ရဲတယ်ပေါ့ !!! "
သူမကဆဲဆိုကြိမ်းမောင်းရင်း လင်းထွဋ်အားထုရိုက်ကာ သူမဖုန်းကိုအတင်းလုယူနေလေသည်။ထိုသို့ရုန်းရင်းဆန်ခတ်ဖြစ်နေရှာသောနှစ်ယောက်သားကို Meeting roomထဲမှာထိုင်နေတဲ့ နှိုင်းရတုမင်းကမြင်နေရတာကြောင့် မင်းခန့်ထည်ပြောနေတဲ့အကြောင်းအရာတို့အပေါ်အာရုံရောက်မနေဘဲအပြင်ဘက်ကမြင်ကွင်းဆီသို့သာစူးစိုက်ကြည့်နေခဲ့သည်။
မင်းခန့်ထည်ကတော့ Projectorပေါ်ရှိအကြောင်းအရာတို့ကိုသာစိတ်ဝင်တစားရှိနေပြီး အပြင်ဘက်တွင်နန်းယမုံရောက်နေသည်ကိုလုံးဝသတိမထားမိပေ။
"ကျနော်ပြောပြီးပြီလေ Companyထဲမှာဖုန်းသုံးခွင့်မရှိဘူး Liveလွှင့်ခွင့်မရှိဘူးလို့
ဒါသခင်လေးချမှတ်ထားတဲ့စည်းမျဥ်းပဲ မမလေးသာ သခင်လေးရဲ့ဇနီးလောင်းမကလို့ ဘာကြီးပဲဖြစ်နေပါစေ MKအဆောက်အဦးထဲကိုဝင်လာပြီဆိုကတည်းက မမလေးမှာဒီစည်းမျဥ်းတွေကိုငြင်းဆန်ပိုင်ခွင့်မရှိဘူး ! "
ထိုစကားတွေကိုလင်းထွဋ်ကသူမလက်များအားချုပ်ထားရင်းပြောနေခြင်းဖြစ်သည်။
လင်းထွဋ်ဆိုလိုက်တဲ့စကားလုံးတွေထဲတွင် နန်းယမုံ၏အရှိုက်ကိုထိသွားစေသောစကားလုံးတစ်ချို့ပါသွားတာကြောင့် သူမက လင်းထွဋ်အားတေးကာစိုက်ကြည့်ရင်းခနငြိမ်နေလိုက်သည်။
ငြိမ်ကျသွားသောနန်းယမုံကို လင်းထွဋ်ကလွှတ်ပေးလိုက်ပြီးနောက်အနောက်က bodyguardဆီသို့ သိမ်းဆည်းထားသောဖုန်းကိုကမ်းပေးလိုက်စဥ်တွင် နန်းယမုံကသူမလက်ဖဝါးအား လင်းထွဋ်ဆီသို့ရွယ်လာခဲ့ပေသည်။
အာ့!
လင်းထွဋ်ရဲ့မျက်စိရှေ့တစ်စင်တီမီတာအကွာလေထုထဲမှာပင် သူမလက်တစ်ဖက်ကရုတ်ချည်းရပ်တန့်သွားခဲ့ရသည်။
"ကိုကိုရတု !!! "
နှိုင်းရတုမင်းက နန်းယမုံရဲ့လက်ကောက်ဝတ်ကိုအားပြင်းပြင်းနှင့်ဆုပ်ကိုင်ထားတာကြောင့် သူမရဲ့လက်ကောက်ဝတ်နေရာကတဖြည်းဖြည်းနီရဲလာခဲ့ရလေသည်။
"ကိုကိုရတု ညီမနာလာပြီ !ညီမကိုလွှတ်စမ်းပါ!!"
"နင်ဘာလာလုပ်တာလဲ?"
"ညီမ ကိုကိုခန့်ထည်ကိုလာတွေ့ရင်းနဲ့ ဒီအစေခံကအချိုးမပြေလို့ ကိုကိုခန့်ထည်အစားဆုံးမပေးနေတာ"
အစေခံ!!!!!!!
ဘာကြောင့်မှန်းမသိခုနတုန်းကထက်အကိုဖြစ်သူရဲ့ဒေါသမီးတောက်ကပိုပြီးတောက်လောက်လာခဲ့ကာ သူမလက်ကိုဆုပ်ကိုင်ထားတဲ့နေရာကလည်းတဖြည်းဖြည်းနှင့်အားပြင်းလာခဲ့သည်မှာသူမလက်တစ်ချောင်းလုံးကျိုးကြေသွားလုမတတ်ပင်။ထို့ကြောင့် သူမအကိုဖြစ်သူအားမျက်ရည်လေးတွေဝဲကာပြန်ကြည့်လိုက်ရင်းလိပ်ပြာလွင့်သွားလုမတတ် ထိတ်လန့်လာခဲ့ရသည်။
အရင်ကဆို သူမကသူ့ရှေ့၌အစေခံတွေကိုဘယ်လောက်ပဲဆူဆဲကာ ပြင်းထန်သောအပြစ်ပေးမှုတွေလုပ်နေပါစေ အကိုဖြစ်သူက ဒေါသတကြီးနဲ့ဒီလိုမျိုးကြားဝင်လာခဲ့ခြင်းမရှိခဲ့ပေ။
သူဆိုသည်မှာမွေးလာကတည်းက ညှာတာသနားတတ်တဲ့နှလုံးသားပိုင်ရှင်မဟုတ်မှန်းသူမအတပ်သိပေမယ့် ယခုသူမရှေ့ကနှိုင်းရတုမင်းကတော့ အရင်ကတွေ့မြင်နေကျပုံစံမျိုးနှင့်ကွာခြားနေသည်ဟု သူမခံစားနေရသည်။
"ကိုကိုရတု!"
"သူကမင်းခန့်ထည်ရဲ့လူ နင်ဆုံးမချင်တိုင်းဆုံးမလို့ရတဲ့သူမဟုတ်ဘူး....ကောင်းကောင်းပြော လက်မပါနဲ့!"
သူမအကိုဖြစ်သူက သူမမျက်လုံးထဲသို့စေ့စေ့ကြည့်ရင်းပြောလာကာ ထိုစကားသံတို့ထဲမှာအန္တရာယ်ရှိတဲ့အငွေ့အသက်တို့ကိန်းအောင်းနေ၏။
Meeting roomထဲကနေ နှိုင်းရတုမင်းက ရုတ်တရက်ထထွက်သွားတာကြောင့် မင်းခန့်ထည်မှာ Meetingကိုချက်ချင်းရပ်ပစ်လိုက်ရသည်။ ထို့နောက် Meeting roomအပြင်ဘက်သို့ အေးအေးလူလူလျှောက်ထွက်လာကာနန်းယမုံကို တစ်စက္ကန့်လေးမျှဝေ့ကြည့်မလာခဲ့ဘဲ နှိုင်းရတုမင်းကိုသာကြည့်ကာဂရုမစိုက်သောလေသံဖြင့်ဆိုလေသည်။
"ငါ Meetingဆက်လုပ်စရာရှိတယ်။
မင်းညီမအရှုပ်ထုပ်ကို မင်းကိုယ်တိုင်ပြန်ခေါ်သွားရင်ကောင်းမယ် ! "
မင်းခန့်ထည်ဆီကနေအထက်စီးဆန်ဆန်အပြောခံလိုက်ရတဲ့နှိုင်းရတုမင်းက နှာတစ်ချက်ခပ်ပြင်းပြင်းမှုတ်လိုက်ပြီးနောက် နန်းယမုံကိုMeeting roomရှေ့ကနေဆောင့်ဆွဲခေါ်သွားတော့သည်။
မင်းခန့်ထည်ကသူ၏ မျက်လွှာလေးအားပင့်တင်လိုက်ကာ ဘေးနားရှိလင်းထွဋ်ကိုတစ်ချက်ရှုကြည့်လိုက်ပြီးနောက် Meeting roomထဲသို့ပြန်ဝင်သွားတော့လေသည်။
••••••••••••••••••••••••••••••••••••••••••••••••••
ကောင်းကင်ယံထက်မှနေမင်းလမင်းတို့အလှည့်ကျစီတာဝန်ထမ်းဆောင်ရင်းနှင့်နေ့ရက်တို့က လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။ထိုသို့ကုန်ဆုံးရင်းက နောက်ဆုံး ကျောင်းသင်္ကြန်နေ့ဆီသို့ရောက်လာခဲ့လေပြီ။ကျောင်းအဆောင်၌လည်း ကျောင်းသင်္ကြန်မရောက်မီ ညကတည်းကပင်သင်္ကြန်သီချင်းများဆိုကာပျော်ရွှင်မြူးတူးနေကြသည်။
မင်းစက်နှင့်အတူဟန်လင်းထက်က ထိုညတွင်အိမ်မပြန်ဘဲ MCဌာန၌သာညအိပ်လိုက်ကြပြီးမနက်ကျ စတုဒီသာမုန့်ဟင်းခါးကျွေးဖို့အတွက်ဆရာဆရာမများကိုဝိုင်းဝန်းကူညီပေးကြလေသည်။အဆောင်နေစီနီယာအကိုကြီးတချို့ကလဲ ရောက်လာကြတာကြောင့် ညအချိန် ဌာန၌လူစုံနေကာ ပျော်ရွှင်ဖွယ်ရာအတိပင်။
မင်းစက်နှင့်ဟန်လင်းထက်တို့က စတိုခန်းမှ ငှက်ပျောပင်များကိုဌာနထဲသို့သယ်လာကာ လှီးဖြတ်နေစဥ်မှာပင်ဗလတောင့်သောစီနီယာအကိုကြီးတို့ကသတ္တုဟင်းရည်အိုးကြီးသုံးအိုးကို ဓမ္မာရုံဘက်နေသွားသယ်ဖို့ရာအတွက်ဟန်လင်းထက်ကိုချောဆွဲခေါ်သွားကြလေသည်။
ဆရာမများကကြက်သွန်နီများကိုခွာနေရသဖြင့် နှာရည်တရွှဲရွှဲဖြစ်နေကြကာ ဆရာမများ၏အဖြစ်ကိုမြင်သော် ဆရာတို့က နောင်ပြောင်ကျီစယ်ကြရင်း ဌာနတစ်ခုလုံးရယ်မောကျီစယ်သံများ
ဖြင့်ပြည့်နှက်သွားတော့သည်။
မင်းစက်ကတော့ဌာနရှေ့နားမှာတင် ငှက်ပျောပင်များကိုနွှာနေကာအတုံးသေးသေးလေးတွေတုံးနေလေသည်။
"ကူပေးရဦးမလား သားကြီး....."
ထိုအသံကြားတော့မင်းစက်ကအသံလာရာဆီကိုအပြေးကြည့်မိလိုက်သော်ထိုအသံပိုင်ရှင်ကမိုးစက်ဆိုတဲ့သူ့သူငယ်ချင်းတစ်ယောက်ဖြစ်နေတာကြောင့် သူဖျော့တော့စွာပြုံးမိသည်။
"မင်းလာတာနဲ့အတော်ပဲ ငါ့ကိုကူပေးစမ်းပါကွာ "
"မင်းခန့်ထည်မရှိတော့ညာလက်မရှိတော့သလိုမျိုးဖြစ်သွားတယ်မှတ်လား"
"အေးဆို"
ကြက်ခြေနီအသင်းခေါင်းဆောင်မိုးစက်က မင်းစက်ဘေးတွင်ထိုင်လိုက်ကာ ငှက်ပျောပင်များကိုဝိုင်းတုံးပေးနေလေသည်။
"ဒါနဲ့ မင်းခန့်ထည်ကကျောင်းထွက်သွားပြီဆို ဟုတ်လား?"
မိုးစက်ဆိုလိုက်တဲ့စကားကြောင့် မင်းစက်ခမျာ သတိလွတ်သွား၍သူ၏လက်ဖျားထိပ်ကိုလှီးချမိသွားလေသည်။
အား!
မင်းစက်အော်သံကြားတော့ ဌာနနားသို့ပြန်ရောက်လာသောဟန်လင်းထက်က အပြေးလာကြည့်လေသည်။
"ကိုစက်ဘာဖြစ်တာလဲ! ဓားထိသွားတာလား?"
သွေးစို့နေတဲ့မင်းစက်ရဲ့လက်ဖျားကလေးကို ဟန်လင်းထက်ကသူ၏နှုတ်ခမ်းတို့ဖြင့်စုတ်လိုက်ပြီး plastaကိုအသာကပ်ပေးလာသည်။
"မင်းခုနကပြောတာကိုဆက်ပြောပါဦး မင်းခန့်ထည်က ကျောင်းထွက်သွားတယ်လို့ မင်းကိုဘယ်သူပြောလဲ!!" ဆိုတဲ့စကားကြားတော့ plastaကပ်ပေးနေတဲ့ဟန်လင်းထက်ရဲ့လက်တို့က တုံ့ခနဲရပ်တန့်သွားတော့လေသည်။
"ငါကမင်းသိပြီးပြီထင်လို့ ဟိုတစ်ပတ်ကပဲသူ့ရဲ့အိမ်က ကျောင်းထွက်လက်မှတ်လာယူသွားတယ်လေ အဲ့နေ့တုန်းကငါလဲပါချုပ်ရုံးခန်းမှာရှိနေလို့ သိလိုက်ရတာ....."
"မဖြစ်နိုင်ဘူး.....အဲ့ကောင်ကြီးကဒီကျောင်းကိုဘယ်လောက်ထိတွယ်တာလဲဆိုတာငါအသိဆုံး အဲ့လိုလူက ငါတို့ကိုတောင်အသိမပေးပဲကျောင်းထွက်လိုက်တယ်တဲ့လား မဖြစ်နိုင်ဘူး!!!!!"
"ကိုစက်! စိတ်အေးအေးထားပါ"
"အလင်း မင်းလဲမယုံဘူးမှတ်လား? မင်းခန့်ထည်လိုလူမျိုးကဘယ်လိုလုပ်ကျောင်းထွက်မှာလဲ ဟုတ်တယ်မှတ်လား?"
"မနက်ဖြန်သူလာမှပဲ ကိုစက်မေးကြည့်ပေါ့ အဲ့အခါကျ ဒီသတင်းကဟုတ်မဟုတ်ကိုစက်သိလိမ့်မယ်..."
ဟန်လင်းထက်ကထိုသို့သာဆိုပြီး ဘာမှထပ်မပြောလာတော့ပဲ ငြိမ်သွားခဲ့တာကြောင့်မင်းစက်ကဟန်လင်းထက်ရဲ့တည်နေသောမျက်နှာဆီသို့သံသယဖြစ်စွာရှုကြည့်လိုက်ရင်း ဝေခွဲမရဖြစ်နေရှာသည်။
'ဒီသတင်းကတကယ်အမှန်ပဲလား?'
'အလင်းကကော သိနေခဲ့လား?'
ဟန်လင်းထက်ကလက်ထိထားတဲ့မင်းစက်ကိုအတင်းနားခိုင်းလိုက်ကာ ငှက်ပျောပင်များကိုသေးနုတ်သောအကွင်းလေးများအဖြစ်သို့ ခုတ်ထစ်ခြင်းလုပ်ငန်းစဥ်၌ သူကိုယ်တိုင်ပါဝင်ဆင်နွှဲရတော့သည်။
ထိုသို့လှီးဖြတ်နေသည့်တစ်လျှောက်လုံးလဲ ဟန်လင်းထက်မျက်နှာဟာ တည်တင်းလို့နေပြီး သူ၏အကြည့်တို့က ဓားချက်အောက်မှငှက်ပျောတုံးလေးများပေါ်မှအပ အခြားနေရာသို့လွင့်မနေပေ။ သို့သော် သူ၏ဦးနှောက်ထဲတွင်တော့အကြောင်းအရာတစ်ခုကခိုဝင်ကိန်းအောင်းနေလျက်။
ပြင်ဦးလွင်ဘက်သို့ဆင်းသွားပြီးနှစ်ရက်အကြာမှာ ဦးနေမင်းထက်ဟာရန်ကုန်သို့ ပြန်ရောက်လာခဲ့လေသည်။
"ဟန်လင်းထက် စာကြည့်ခန်းထဲခနလာခဲ့ဦး"
အိမ်သို့ပြန်ရောက်ရောက်ချင်းပင်ဖခင်ဖြစ်သူဆီမှခေါ်သံကြားလိုက်ရတာကြောင့် သူအိမ်အောက်သို့ဆင်းလာကာ စာကြည့်ခန်းထဲသို့လိုက်ဝင်သွားလိုက်သည်။
သူဝင်သွားတော့သူ၏ဖခင်ဖြစ်သူကစာကြည့်ခန်းထဲရှိဇိမ်ခံထိုင်ခုံကြီးပေါ်တွင်မောပန်းနွမ်းနယ်စွာထိုင်နေခဲ့ကာ အခန်းထဲကိုဝင်လာတဲ့ခြေသံကိုကြားသော် ဦးနေမင်းထက်ရဲ့မှိတ်စင်းထားသောမျက်လုံးတို့ကပွင့်ဟလာခဲ့သည်။
ထို့နောက်အဖေဖြစ်သူကသူ့အားကြည့်ရင်းမေးလာခဲ့လေ၏။
"မင်း ငါ့တပည့်တွေကို မင်းခန့်ထည်အကြောင်းစုံစမ်းခိုင်းထားတယ်ဆို"
"အမှန်ပဲ..အဲ့လူပျောက်နေလို့ဆိုပြီး ကိုစက်ကစိုးရိမ်နေလို့လေ...."
"စုံစမ်းစရာမလိုတော့ဘူး စိုးရိမ်စရာလဲမလိုဘူး ...အဖေသူ့ကိုတွေ့ခဲ့ပြီးပြီ အခုငါပြောပြတာကိုမင်းနားထောင်ပြီးရင် မင်းစိတ်ထဲမှာပဲသိမ်းထား သားမင်းစက်ကိုတောင် ပြန်မပြောရဘူး"
ဟန်လင်းထက်လည်းသူ့အဖေကို ပြန်မပြောပါဘူးဆိုတဲ့ကတိအားမဆိုင်းမတွပေးလိုက်တဲ့အခါ ဦးနေမင်းထက်ကဆက်ပြောလာခဲ့သည်။
"မင်းခန့်ထည်က MKရဲ့ CEOအသစ်ပဲ! ဦးမင်းထက်ခေါင်ရဲ့တစ်ဦးတည်းသောသား
ရွှေစံအိမ်ရဲ့ရင်နှစ်သည်းချာလေးဆိုတာသူပဲ.....အဲ့ကောင်လေးကသူဘယ်သူဆိုတာအပြင်ကိုမပေါက်ကြားစေချင်ဘူးနဲ့တူတယ်...အဲ့တာကြောင့်အခုထိဖုံးထားတာ."
"...."
ဟန်လင်းထက်ဟာ ထိုအကြောင်းအရာတို့ကိုကြားသိခဲ့ရစဥ်၌ သိပ်မအံ့သြသွားခဲ့ပေ။
သူမှန်းထားတဲ့အတိုင်းအမှန်တကယ်ဖြစ်နေသည်ကိုနားနှင့်ဆက်ဆက်ကြားလိုက်ရတဲ့အခိုက် ကြက်သီးမွေးညှင်းထရုံလောက်သာခံစားခဲ့ရလေသည်။
ထိုအတွေးစတို့ကုန်ခမ်းသွားတဲ့အခါ သူ၏ဓားချက်အောက်က ငှက်ပျောတုံးလေးတွေမှာဖွက်ဖွက်ညက်ညက်ကြေနေခဲ့လေပြီ။
မနက်အာရုဏ်တက်ချိန်ကျမှချက်ပြုတ်ကြမည်ဖြစ်တာကြောင့် အဆောင်နေကျောင်းသားများက မိမိတို့အဆောင်ဆီသို့မပြန်ကြတော့ပဲ ဌာနတွင်သာစောင့်အိပ်ကြဖို့ပြင်လေသည်။ထို့ကြောင့် ဆရာဆရာမများက ဖျာ ၊ခေါင်းအုံးနှင့်စောင်များကို ဝန်ထမ်းအိမ်ယာဘက်မှသွားယူပေးကြလေရာ
ကျောင်းသားများက ဌာနထဲက စားပွဲများကို ခေါက်သိမ်းလိုက်လျက်လွတ်သွားသောနေရာတို့၌ အကုန်လုံးစုအိပ်ကြသည်။
ဟန်လင်းထက်က မင်းစက်ကိုနံရံဘေးကနေရာ၌အိပ်ခိုင်းပြီး သူကတော့မင်းစက်ဘေးနား၌ဝင်လှဲလေသည်။
ဟန်လင်းထက်တစ်ယောက်မင်းခန့်ထည်သတင်းကြားပြီးသည်နှင့်သူ့အားရှောင်နေကာ ခိုင်းသမျှအလုပ်များကိုဝင်လုပ်နေပြီး မင်းခန့်ထည်အကြောင်းကိုတစ်စွန်းတစမျှအစမဖော်လာခဲ့ပေ။ အခုလည်းသူ၏မျက်လုံးတို့ကိုစုံမှိတ်ကာ အိပ်နေပြန်ပါသည်။
ဒီကောင်လေးတစ်ခုခုကိုသိထားတယ်ထင်တယ်..........
မင်းစက်လည်း ဟန်လင်းထက်ကိုတစ်ချက်ကြည့်ရင်းခေါင်းအုံးထက်သို့အိပ်ချလိုက်တဲ့အခါ ဟန်လင်းထက်က မင်းစက်ရဲ့ခါးတစ်ဝိုက်သို့ သူ၏လက်များကို ရစ်ပတ်စေလိုက်ပေမယ့်မျက်တောင်လေးတွေကတော့မျက်ခမ်းစပ်နားသို့ငိုက်ကျနေမြဲပင်။
.......
ဆိတ်ငြိမ်မှုတို့ကြီးစိုးနေသည့်Meeting rooomရဲ့စားပွဲထိပ်ဦးပိုင်း၌တစ်ဦးထဲအထီးကျန်ဆန်လွန်းစွာကျန်ရှိနေခဲ့ပါသော မင်းခန့်ထည်ဟာ ဖိုင်များထဲကစာရွက်စာတမ်းတွေကိုမနားတမ်းဖတ်ရှုနေလေသည်။
လင်းထွဋ်က Nes coffeeခွက်လေးကိုကိုင်ထားလျက် တိတ်ဆိတ်ငြိမ်သက်နေသောအခန်းကျယ်ကြီးထဲသို့ခြေသံကိုအတတ်နိုင်ဆုံးဖော့ကာဝင်လာခဲ့သည်။
ထိုကော်ဖီခွက်လေးအားစားပွဲရှည်ကြီးထက်၌တင်ပေးလိုက်တဲ့အခါ မင်းခန့်ထည်က မျက်နှာကိုအလုပ်ပေါ်၌အပ်ထားလျက်ကော်ဖီခွက်လေးဆီသို့လက်လှမ်းလာလေသည်။
"သခင်လေး အချိန်ကအတော်နောက်ကျနေပြီ ... နားလိုက်ပါဦးလား"
"နားလို့မရဘူး ငါဒီနေ့ဒီစာတမ်းတွေကိုအပြီးစစ်ပြီးမှ နောက်နှစ်ရက်လောက်ဆို ရှိုင်းလေးကုသဖို့ကိစ္စက အကောင်အထည်ပေါ်လာမှာ ...ငါခနလေးတောင်နားလိုက်လို့မရဘူး"
တကယ်တော့ ဒီရက်ပိုင်း၌သူ၏သခင်လေးမှာ MK groupရဲ့ စျေးကွက်ဘက်ကိုလဲလှည့်ရ Htaewahဘက်ကရေနံတွင်းကိစ္စဘက်ကိုလဲလှည့်ရနှင့် တစ်ရက်မျှနှစ်နှစ်ခြိုက်ခြိုက်မအိပ်စက်ရသေးပေ။ ထိုကိစ္စတွေအကုန်လုံးကိုနေမဝင်ခင်အချိန်အထိအပြီးရှင်းပြီးသည်နှင့် ညအချိန်ရောက်တဲ့အခါ၌လည်းခနတဖြုတ်အိပ်စက်အနားယူခြင်းမရှိပါဘဲ Glioma projectဘက်ကိုထပ်မံအာရုံစိုက်နေပြန်သည်။ မနက်အာရုဏ်တက်ချိန်လောက်မှာတော့ Companyမှထွက်ကာ ရန်ကုန်သို့ဆင်းပြီး သခင်လေးရှိုင်းဇေယံကိုလည်းနေ့တိုင်းအပြေးသွားကြည့်သေးလေသည်။
သခင်လေးမှာ အခုတလောအလွန်ပိန်ကျသွားကာမျက်တွင်းများလဲသိသိသာသာချိုင့်နေလေပြီ။တစ်ခါတစ်လေကျ လမ်းလျှောက်နေရင်းနှင့်ငိုက်ငိုက်ကျသွားတတ်တာကြောင့် နောက်မှအပြေးထိန်းကိုင်ထားရလေကာ နို့မို့ဆို ကော်ရစ်ဒါပေါ်၌ပစ်လဲကျနေသည့်အချိန်ပေါင်းလည်း နည်းမည်မဟုတ်ပေ။
ထို့ကြောင့် ဒီရက်အတောအတွင်းလင်းထွဋ်မှာ သူ၏သခင်လေးဖြစ်သူကိုမျက်စိအောက်မှအပျောက်မခံနိုင်ဘဲအနောက်ကနေအရိပ်တကြည့်ကြည့်နဲ့လိုက်ပါစောင့်ရှောက်နေရသည်။
"သခင်လေး မနက်ဖြန်သန်လျင်ဘက်ဆင်းမယ်ဆို?"
"အင်း မနက်ဖြန်ကျောင်းမှာသင်္ကြန်ပွဲရှိတယ်။ငါ ရှိုင်းလေးနဲ့ချိန်းထားတယ် အဲ့တာကြောင့်မဖြစ်မနေ ငါသွားရလိမ့်မယ် ... ..မနက်ဖြန်လုပ်မယ့် Meetingတွေအားလုံးဖျက်လိုက်ပြီမှတ်လား?"
"ကျနော်အကုန်ဖျက်ပြီးပါပြီ သခင်လေး"
"ကောင်းတယ် .... မင်းသွားတော့လေ ငါဒီစာတမ်းတွေကိုတော်တော်နဲ့စစ်ပြီးဦးမှာမဟုတ်သေးဘူး ပြီးတော့အခန်းရှေ့မှာပဲတစ်ချိန်လုံးရပ်စောင့်မနေနဲ့! မင်းခြေထောက်တွေကကြွက်မတက်ဘူးလား? ဝန်ထမ်းနားနေခန်းထဲမှာပဲသက်တောင့်သက်သာသွားစောင့်နေ ...ငါ့အလုပ်တွေပြီးရင် မင်းကိုလာခေါ်လိုက်မယ်"
လင်းထွဋ်ခမျာ သူ၏သခင်လေးစကားကိုမလွန်ဆန်နိုင်တာကြောင့် နောက်ဆုံး သူနားနေခန်းသို့သွားလိုက်ရပေတော့သည်။
နာရီလက်တံတွေက တစ်နာရီပြီးတစ်နာရီရွေ့လျားဖြတ်သန်းသွားသည်အထိမင်းခန့်ထည်ကတော့ Meeting roomထဲတွင် ထိုင်နေရာမှလုံးဝမလှုပ်မယှက်ပင်။နောက်ဆုံးစာတမ်းအရောက်တွင် လက်မှတ်ထိုးဖို့ရာ ဖောင်တိန်ကိုကိုင်လိုက်တဲ့အခါ သူ၏လက်များကတုန်ယင်လို့နေကာမနဲထိန်းကိုင်ရင်း လက်မှတ်ထိုးလိုက်လေသည်။
ထို့နောက်သူဖိုင်တွေကိုစီစီရီရီထားလိုက်ပြီးMeeting roomထဲမှထွက်ဖို့တံခါးနားဆီသို့သူဖြေးဖြေးချင်းလျှောက်သွားလိုက်လေသော် သူ၏မြင်ကွင်းထဲရှိတံခါးဝဆီသို့ရောက်ဖို့ဆိုတာပေ၁၀၀ကျော်မျှဝေးကွာလွန်းနေသလိုပင်။ မြင်ကွင်းတို့ကတဖြည်းဖြည်းဝေဝါးလာကာ သူ၏ဝမ်းဗိုက်နေရာက အဆက်မပြတ်ထိုးအောင့်နာကျင်လာတော့လေသည်။
ဘယ်လောက်တောင်နာကျင်လိုက်သလဲဆို သူ၏ကလီစာတွေအားလုံးကြွေမွပျက်စီးသွားတော့မည့်အလား ....
ဒီနေ့တစ်နေ့လုံး သူ၏ဗိုက်ထဲသို့ကော်ဖီသုံးခွက်သာဝင်သေးသည်ကို ထိုအခါမှသူသတိရတော့သည်။သို့သော် သူသတိရမိတဲ့အချိန်ဟာအခါနှောင်းသွားခဲ့ပြီပေ။
ဝမ်းဗိုက်ကထိုးအောင့်နေတဲ့ဒဏ်ကိုသူမခံစားနိုင်တော့တဲ့အဆုံး တစ်ကိုယ်လုံးလည်းချွေးစေးတွေနှင့်ရွှဲနစ်လို့နေကာ ပြောင်လက်ပြီးအေးစက်နေသော အခန်းအတွင်းရှိကော်ရစ်ဒါပေါ်၌ တစ်ယောက်ထဲတိတ်ဆိတ်လွန်းစွာတဖြည်းဖြည်းငြိမ်ကျသွားလေတော့သည်။
မတ်လ ၇ရက်နေ့ရဲ့မနက်၁၀နာရီအချိန်ကွက်တိမှာ တံခါးရှေ့မှဘဲလ်မြည်သံကိုကြားလိုက်ရတာကြောင့်ရှိုင်းဆက်ယံကတံခါးလာဖွင့်လေသည်။
"မင်းကဘာကိစ္စ?"
ထိုသို့ဘောက်ဆက်ဆက်မေးလိုက်တော့ အခန်းရှေ့၌ရပ်နေတဲ့ပိုင်စစ်က သွား၃၂ချောင်းလုံးပေါ်တဲ့အထိပြုံးဖြီးပြကာ ပြန်ဖြေလာပေသည်။
"ကျနော့်ကိုသခင်လေးကမှာထားပါတယ်။သခင်လေးရှိုင်းဇေယံ ကျောင်းသင်္ကြန်ကိုသွားရင် ကျနော်ကိုယ်တိုင်လိုက်ပို့ပေးဖို့....."
"မလိုဘူး ငါ့ညီကိုငါကိုယ်တိုင်လိုက်ပို့နိုင်တယ်"
"သခင်လေးရှိုင်းဇေယံနဲ့ဒီကသခင်လေးတို့ကျောင်းသင်္ကြန်ရောက်အောင် ကျနော်ကိုယ်တိုင်ပဲကားမောင်းပို့ပေးပါ့မယ်"
"မလိုဘူးလို့ငါပြောနေ........"
သူ့သခင်လိုပဲလက်ပေါက်ကပ်လွန်းတဲ့ထိုသကောင့်သားအားဘယ်လိုပဲနှင်နှင် နှင်ထုတ်လို့မရတဲ့အဆုံး ရှိိုင်းဆက်ယံကပိုင်စစ်အားကျောင်းသင်္ကြန်ကိုလိုက်ပို့ခိုင်းလိုက်ရလေသည်။
"ကိုခန့်ကော?"
ကားနောက်ခန်းမှ ရှိုင်းဇေယံလေးက ပိုင်စစ်ကိုကြည့်ပြီးမေးလာတာကြောင့် ပိုင်စစ်ကကားနောက်ကြည့်မှန်ကနေအနောက်ဘက်သို့ကြည့်လိုက်ရင်းဖြေလာခဲ့သည်။
"သခင်လေးက နေ့လည်ပိုင်းလောက်ကျရင်ရောက်လာပါလိမ့်မယ်ဗျ"
အရင်ရက်တွေတုန်းကရှိုင်းဇေယံဟာပိုင်စစ်အားမင်းခန့်ထည်အကြောင်းမေးလာတဲ့အခါ ပိုင်စစ်က သူ၏သခင်လေးမှာမိသားစုအရေးကိစ္စကြောင့်ပြင်ဦးလွင်ဘက်သို့ဆင်းသွားရကြောင်းဖြီးဖြန်းပြောဆိုထားသဖြင့် သူ့သခင်လေးရဲ့အသည်းမြွှာလေးကဒီ့ထက်ပိုပြီးမေးမလာတော့ပေ။
ရှိုင်းဇေယံမှာအခုထိ သူ့ချစ်သူရဲ့နောက်ကြောင်းအမှန်ကိုမသိသေးပေမယ့််လည်း ပိုင်စစ်ကိုတော့တော်တော်ရင်းနှီးနေပြီဖြစ်သည်။
"ကိုဇေ ကိုကြီးပြောထားမယ် ရေအရမ်းမဆော့ရဘူး။အထူးသဖြင့်ခေါင်းကိုရေတအားကြီးမစိုစေနဲ့။ရေဆော့နေရင်းခေါင်းကိုက်တာပဲဖြစ်ဖြစ်တစ်ခုခုခံစားရရင် ကိုကြီးစောင့်နေတဲ့ဆီချက်ချင်းပြန်လာခဲ့ ဟုတ်ပြီလား"
ရှိုင်းဆက်ယံမှာ အမေအိုကြီးတစ်ယောက်ကဲ့သို့ သူ၏ညီဖြစ်သူအားကားပေါ်၌၁၅မိနစ်ခြားတစ်ခါ ထိုသို့ထပ်တလဲလဲမှာနေတာကြောင့် ကားခေါင်းခန်းမှပိုင်စစ်ပင်လျှင် နားကိုဂွမ်းဆို့ရတော့မတတ်နားပူလာခဲ့ရလေသည်။
တစ်နာရီကျော်ကြာအောင်ကားမောင်းလိုက်ရပြီးနောက် ကျောင်းသို့ရောက်လာခဲ့လေသည်။ပိုင်စစ်ကကျောင်းပရဝုဏ်ထဲအထိကားမောင်းဝင်လိုက်ကာ ကား standနေရာ၌ ပါကင်ထိုးလိုက်သည်။
"ကိုကြီး ကော်ဖီဆိုင်နားမှာပဲစောင့်နေတော့မယ်..ကိုဇေ"
ရှိုင်းဆက်ယံကထိုသို့ဆို၍ကားပေါ်၌ကျန်နေခဲ့ကာပိုင်စစ်ကတော့ရှိုင်းဇေယံအား Lobbyထက်သို့ကိုယ်တိုင်ကိုယ်ကျလိုက်ပို့လေသည်။
Lobbyသို့ရောက်လေသော် အရင်ထိုင်နေကျဝိုင်း၌သူ့အားထိုင်စောင့်နေသောကလျာတို့သုံးယောက်ကိုတွေ့လိုက်ရတဲ့အခါ ရှိုင်းဇေယံကပိုင်စစ်ကို ရပြီဟုဆိုလျက် ဘုရင်မသုံးယောက်ဆီသို့အပြေးသွားလိုက်လေသည်။
ပိုင်စစ်ကရှိုင်းဇေယံအားပြုံးပြရင်း အနောက်နား၌ကျန်နေခဲ့ကာထိုဝိုင်းနေရာသို့အတန်ကြာစူးစိုက်ကြည့်နေခဲ့ပြီးနောက် Lobbyမှပြန်ဆင်းသွားတော့သည်။
ကလျာတို့သုံးယောက်ကသူတို့ဆီရောက်လာတဲ့ ယောပုဆိုးနက်ပြာရောင်နှင့်ကောင်လေးအားမြင်လိုက်ရသည်နှင့်တစ်ပြိုင်နက် သုံးယောက်စလုံးရှိုင်းဇေယံဆီသို့ပြေးဝင်လာကြလေ၏။
"နင်ရောက်လာတယ်......အဟင့်...."
"နင်ဘယ်တွေရောက်နေတာလဲ ရှိုင်းရဲ့!"
"ငါတို့နင့်ကိုဘယ်လောက်တောင်သတိရနေလဲဆိုတာ နင်သိရဲ့လား?"
ကောင်မလေးသုံးယောက်ကသူ့အားဖက်ကာတရှုံ့ရှုံ့ ငိုရင်းပြောလာကြတာကြောင့် သူ၏ရင်ထဲဆို့နင်သွားရသည်။ရှိုင်းဇေယံကသုံးယောက်စလုံးရဲ့ကျောပြင်လေးတွေကို အလှည့်ကျပုတ်ပေးရင်းနှစ်သိမ့်ပေးလိုက်လေသည်။
ထိုအချိန်တွင်နေသူရိန်တို့နှစ်ယောက်လည်းရောက်ချလာကာ ဆက်နောင်က ငိုချင်းချနေကြသောအမကြီးသုံးယောက်ဆီသို့ပြောင်စပ်စပ်လေးဖြင့်ကပ်ဖဲ့လာတော့သည်။
"စီနီယာအမတွေဆီကငှားလိမ်းထားတဲ့မိတ်ကပ်တွေတော့ကုန်ပါပြီကွာ။နင်တို့သုံးယောက်ကကြောင်ချီးပေတဲ့ရုပ်တွေနဲ့စင်ပေါ်ကိုတက်မှာတော့မဟုတ်ဘူးမှတ်လား ?"
ဆက်နောင်အသံကြားကြားချင်းပင် ငိုချင်နေသည့် feelကချက်ချင်းငုတ်သွားရကာကလျာက ဆက်နောင်အားဝါးစားမလုမတတ်ကြည့်ပေးလိုက်ပြီး ရှိုင်းရဲ့ရင်ခွင်ထဲမှထွက်လာခဲ့လိုက်သည်။
"ရောက်လာပြီလား ရှိုင်းဇေယံ"
လူအေးလေးနေသူရိန်ကတော့ခပ်အေးအေးပဲဆိုလာကာဆက်နောင်ကမူရှိုင်းဇေယံရဲ့ပခုံးလေးအားတစ်ချက်ရိုက်လိုက်ချေသည်။
"အကိုမင်းစက်သာမင်းကိုမြင်ရင်တော့လားဟိုသုံးယောက်ထက်တောင်ပိုငိုနေမလားမသိဘူး...."
ဟုဆို၍မင်းစက်၏ပုံစံအားပုံဖော်ကြည့်လိုက်ရင်း ဖွီးခနဲထရယ်လာလေသည်။
ထို့နောက်ကောင်မလေးသုံးယောက်က ရှိုင်းလက်လေးတွေကိုဆွဲကာ စတုဒီသာ မဏ္ဍပ်ဘက်သို့ခေါ်သွားကြတော့သည်။
မေဂျာ၉ခုရဲ့ စတုဒီသာ မဏ္ဍပ်များဘက်တွင်တော့ ဆရာ၊ဆရာမများ ကျောင်းသားကျောင်းသူများနှင့်စည်ကားလို့နေရာ မဏ္ဍပ်ထဲ၌ခင်းကျင်းထားတဲ့စားစရာများဟာလည်းတကယ့်ကိုစားချင်စဖွယ်ဖြစ်နေကာ ကြည့်ရုံနဲ့တင် သားရေကျစဖွယ်ပင်။
MC ဌာန၏ 'ကိုလူပျို' မဏ္ဍပ်တွင်တော့ မိန်းကလေးတွေအများဆုံးစုဝေးနေကြလေသည်။စုဝေးနေရသည့်အဓိကအချက်မှာတော့ ဗိသုကာမေဂျာရဲ့ kingချောချောလေးက စတုဒီသာမုန့်ဟင်းခါးကိုကိုယ်တိုင်ကိုယ်ကျဧည့်ခံကျွေးမွေးနေတာကြောင့်ပင်။
ဟန်လင်းထက်ရဲ့မျက်နှာချောချောလေးကြောင့်ဒီနှစ်မင်းခန့်ထည်မရှိလဲဘဲ စတုဒီသာမဏ္ဍပ်မှာလုံးဝလက်မလည်ပေ။
ထိုအဖြစ်ကိုမြင်နေရသော ဗိသုကာမေဂျာရဲ့ ခြောက်ကပ်ကပ်မဏ္ဍပ်ကတော့ သွေးအန်ချင်နေလေပြီ။
'တကယ့်ကို မေဂျာကိုသစ္စာဖောက်တဲ့ကောင်!!
ဘယ်နှယ့် ဗိသုကာကလူကစက်မှုအီလက်ထရောနစ်မှာဘာသွားလုပ်နေတာတုန်း!!! ဒီကောင်လေးတော့ပွဲပြီးမှဆူပစ်ဦးမယ်........'ဆို၍စီနီယာကြီးတွေကဓားကြိမ်းကြိမ်းနေကြတဲ့အချိန်စီနီယာမကြီးတွေက တော့လက်ထဲ၌ Tissueလေးတွေ ကိုယ်စီနှင့်မျက်ရည်စက်လက်ဖြစ်နေကြရှာသည်။
ထိုအဖြစ်ကိုမျက်မြင်တွေ့နေရတဲ့မင်းစက်ခမျာချွေးပြန်လာရကာဟန်လင်းထက်နားကပ်၍ ခပ်တိုးတိုးဆိုသည်။
"အလင်း...မင်းရဲ့မဏ္ဍပ်ဘက်ကိုလဲသွားလိုက်ဦးလေ..."
"မသွားပါဘူး ကိုစက်တို့ မဏ္ဍပ်ကဒီလောက်ပျော်ဖို့ကောင်းတဲ့ဟာ"
"သွားလိုက်ပါအလင်းရာ နို့မိုဆို ဟိုဘက် မဏ္ဍပ်ကအမကြီးတွေရဲ့မျက်စောင်းကြောင့် ငါတို့မဏ္ဍပ်ကြီးပြာကြတော့မယ်ဟ...."
မင်းစက်အတင်းနှင်လွှတ်မှဟန်လင်းထက်က မျက်နှာလေးဆူပုတ်လျက်ဟိုဘက်မဏ္ဍပ်ဘက်သို့ထွက်သွားလေသည်။မထွက်သွားသေးခင် ဟန်လင်းထက်ကမင်းစက်ဘက်သို့လှည့်ကာပြန်ပက်ခဲ့သေးသည်။
"ဟိုက မကြီးတွေကြောင့်ဟုတ်လို့လား...ကောင်မလေးတွေက ကျနော့်ဆီကိုပဲလာနေလို့ ကိုစက် ကြိတ်ပြီးဂျယ်လီတွေနင်နေတာမဟုတ်ဘူးလား?"
'ဒီကောင်လေးတော့.....'
မင်းစက်ခမျာအရှိုက်ထိသွားတာကြောင့်ပါးပြင်တစ်ခုလုံးရဲတက်သွားတော့သည်။
ဟိုဘက် မဏ္ဍပ်ကိုပြန်သွားတဲ့ဟန်လင်းထက်မှာလည်းမသက်သာလှပေ အကုန်လုံးတစ်ယောက်တစ်ချက်နှုန်းဖြင့်ဆွမ်းကြီးဝိုင်းလောင်းလာကြလေသည်။
"အကိုမင်းစက်"
ဟင်းရည်အိုးနား၌အလုပ်ရှုပ်နေသောမင်းစက်ဆီသို့ကလျာတို့အုပ်စုရောက်လာခဲ့တဲ့အခါ ကလျာတို့နဲ့အတူ ရှိုင်းဇေယံပါပါလာတာကိုမြင်တော့ မင်းစက်၏မျက်ဝန်းတွေကဝိုင်းစက်သွားကာအရောင်လက်သွားရသည်။
"ညီလေးရှိုင်းဇေယံ နေကောင်းသွားပြီလား?
အကိုက ညီလေးမလာတော့ဘူးလို့တောင်ထင်တာ....."
ထိုသို့ပြောလိုက်ရင်းသူ၏မျက်လုံးတို့ကအနောက်ဘက်ဆီသို့ဝေ့ဝဲကြည့်လိုက်ကာဆက်မေးလာသည်။
"ဟိုကောင်ကြီးကော ညီလေးနဲ့အတူတူမပါလာဘူးလား?"
"မပါလာဘူး အကို .. သူကပြင်ဦးလွင်ဘက်ကဆင်းလာမှာမို့နောက်ကျမယ်ထင်တယ်"
"အာ..ဟုတ်လား? လာလေ ညီလေး ကိုယ့်မေဂျာရဲ့မုန့်ဟင်းခါးကိုလာမြည်းစမ်းကြည့်ပါဦး......."
ဟုတက်ကြွစွာဆိုလာ၍ မင်းစက်ကရှိုင်းဇေယံကို မဏ္ဍပ်အတွင်းသို့ဆွဲခေါ်သွားတော့လေသည်။
"အကိုမင်းစက် ညီမတို့ကိုကောမခေါ်တော့ဘူးလား?"
"စားစော်လေးတို့ မဏ္ဍပ်ရဲ့သင်္ကြန်ထမင်းကအခုထိအကို့ဆီမရောက်လာသေးဘူးနော်..."
မင်းစက်ကထိုသို့ဆိုလိုက်သောအခါ ကလျာတို့သုံးယောက်စလုံး စိတ်ကောက်သွားကြ၍ဗိသုကာမဏ္ဍပ်ဆီမှ သင်္ကြန်ထမင်းခုနှစ်ဘူးကိုအပြေးသွားသယ်ကြလေရာ
' ခုနှစ်ဘူး' ဆိုတဲ့အသံကိုကြားတော့ဟန်လင်းထက်ကအလန့်တကြားထဆိုလေသည်။
"ခုနှစ်ဗူးကိုနင်တို့သုံးယောက်ကဘယ်လိုစားမလို့တုန်း!"
"ငါ လက်ချိုးရေပြမယ်ကြည့်နေ"
ဒါဒါက သူမလက်ဖဝါးကိုထောင်လိုက်ရင်းလက်ချိုးရေပြလာသည်။
"ငါ သော်တာ ကလျာ အကိုမင်းစက် ရှိုင်းဇေယံ နေသူရိန်နဲ့ ဟိုအစုတ်ပလုတ်ဆက်နောင်  အားလုံးပေါင်းခုနှစ်ယောက်လေ...."
"နင်အကိုမင်းစက်ကို သင်္ကြန်ထမင်းလေးတစ်ဗူးတောင်မသထာတော့ဘူးပေါ့လေ ဟုတ်လား?"
"အကိုမင်းစက်သာသိရင်စိတ်မကောင်းဖြစ်နေမှာပဲနော်"
ကလျာနှင့်သော်တာတို့ကလဲ သူမလေးတို့မျက်နှာအားသနားစရာကောင်းစွာရှုံ့မဲ့ပြရင်းအချွန်နှင့်မလေသည်။
"နင်တို့တော်လိုက်တော့နော်!"
ဟန်လင်းထက်က သူ၏ချစ်သူထံသို့ မသထာဘူးဟူသောစကားပြန်ရောက်မည်စိုးတာကြောင့်ထမင်းဘူးခုနှစ်ဘူးအပြင်နောက်ထပ်တစ်ဗူးပါအပိုထည့်ပေးလိုက်ရတော့သည်။
သူမတို့ထွက်သွားပြီးမှ ဟန်လင်းထက်လည်းထိုခုနှစ်ယောက်အကြောင်းသေသေချာချာပြန်စဥ်းစားမိလေ၏။
"ရှိုင်းဇေယံရောက်နေတာလား?"
ကလျာတို့သုံးယောက်ကထမင်းဘူးတွေကိုသုံးယောက်အညီအမျှခွဲသယ်လိုက်ကြပြီးနောက် 'ကိုလူပျို' မဏ္ဍပ်ဘက်သို့ခြေဦးလှည့်လိုက်ကြသည်။
"ညီလေးရှိုင်းဇေယံ ဟိုကောင်ကြီးအကြောင်းဘာကြားသေးလဲ?"
မင်းစက်အမေးကိုကြားတော့ ရှိုင်းဇေယံကမုန့်ဟင်းခါးတစ်ဇွန်းကိုခပ်စားလိုက်ရင်းပြန်မေးလာလေသည်။
"ဘာကိုလဲ အကိုမင်းစက်"
"အဲ့ကောင်ကြီးက ညီလေးကိုထွေထွေထူးထူးဘာမှမပြောပြဘူးလား?"
"မိသားစုကိစ္စကြောင့် ပြင်ဦးလွင်ဘက်ကိုဆင်းနေရတယ်ဆိုတာတော့ ကျနော့်ကိုပြောပြတယ် တခြားတော့ဘာမှမပြောပြဘူး"
"ဟုတ်လား"
မင်းစက် အနဲငယ်တွေဝေသွားပြီးနောက် အသံတိတ်သွားလေသည်။
"မင်းရောက်နေတာကိုး"
ထိုအချိန်ဟန်လင်းထက်ကလည်း မဏ္ဍပ်ထဲသို့ထပ်ရောက်လာလေသည်။
"နေကောင်းသွားပြီပေါ့"
"အင်း"
ရှိုင်းဇေယံက ခေါင်းငြိမ့်ပြကာပြန်ဖြေပြီးနောက်ပန်းကန်ထဲကမုန့်ဟင်းခါးကိုအပီအပြင်ဆွဲနေရှာသည်။မင်းခန့်ထည်ကိုမတွေ့တာကြောင့် ဟန်လင်းထက်ကဘာမှထပ်ပြီးမေးမလာတော့ပေ။
"ကိုစက် ဟိုသုံးယောက်ကော?"
သူ၏အရှေ့မှအရင်ထွက်သွားသောပေါက်ကျော်သုံးယောက်မှာ မဏ္ဍပ်ထဲတွင်ရှိမနေဘဲလမ်းတစ်ဝက်၌ပျောက်နေလေသည်။
"လာပါပြီရှင့်"
လူကမရောက်လာသေးသော်လည်း စီထွက်နေသောမိကလျာ၏အသံကဝိုင်းသို့အရင်ရောက်လာခဲ့သည်။ထို့နောက်သူမတို့လက်ထဲမှ မုန့်ပေါင်းသောင်းခြောက်ထောင်ကို စားပွဲဝိုင်းအပြည့်ချလိုက်လေရာ နေသူရိန်နှင့်ဆက်နောင်တို့လည်း မဏ္ဍပ်ထဲသို့ရောက်လာတဲ့အခိုက်စားပွဲဝိုင်းပေါ်မှမုန့်တွေကိုမြင်ပြီးသကာလ ဆွံ့အသွားရတော့သည်။
"နင်တို့ကဒါတွေအကုန်စားမယ်ပေါ့လေ ကြည့်ကြပ်လုပ်ဦး နင်ပြီးအသက်ထွက်ကုန်ဦးမယ်!"
"မသာကောင်!"
သူတို့သုံးယောက်ကိုဆိုဖဲ့ဖို့ချည်းပဲစိတ်ကူးရှိနေတဲ့ဆက်နောင်အားသော်တာကစားပွဲပေါ်မှတစ်ရှူးဘူးနှင့်ကောက်ပေါက်လိုက်လေသည်။
နေ့လည်၁၂နာရီအထိစားလိုက်သောက်လုပ် ရေကစားမဏ္ဍပ်ဆီမှရေများကိုရေသန့်ဘူးအပြည့်ယူပြီးတွေ့ကရာလူလိုက်ပတ်လိုက်နှင့်တစ်ဖွဲ့လုံးပွဲကျနေခဲ့ကြရာ နေ့လည်ပထမပိုင်းရေကစားချိန်ပြီးတဲ့အထိ တစ်ယောက်သောသူကရောက်မလာသေးပေ။
ထို့ကြောင့် ရှိုင်းဇေယံရဲ့မျက်နှာလေးဟာတဖြည်းဖြည်းညှိုးကျလာခဲ့ပြီး ရေကစားတဲ့ဆီ၌စိတ်မပါတော့ဘဲ Lobbyဘက်သို့ပြန်ထွက်လာကာ တစ်ယောက်တည်းငူငိုင်နေလေသည်။ကလျာတို့သုံးယောက်ကညနေပိုင်းအကကရမှာမို့ Toiletထဲ၌အဝတ်အစားများလဲနေကြရာ မင်းစက်မှာမူ စတုဒီသာကျွေးပြီးသွားသည့်နောက် စီနီယာတွေနဲ့အတူပစ္စည်းများကိုကူသိမ်းပေးနေရလေသည်။
နေသူရိန်နှင့်ဆက်နောင်တို့နှစ်ယောက်ကတော့ သင်္ကြန်မယ်သုံးယောက်၏ အထုပ်အပိုးများကိုကူသယ်ထားလျက် Toiletရှေ့၌ရပ်စောင့်ပေးနေရတာကြောင့် ကိုယ်စီကိုယ်ငှမအားကျသည့်အတွက် ရှိုင်းဇေယံလေးမှာအဝေးတစ်နေရာသို့ တစ်ယောက်တည်းအထီးကျန်စွာငေးကြည့်နေရှာသည်။
"သူရောက်လာမှာပါ အဲ့လောက်ထိစိတ်မကောင်းဖြစ်မနေစမ်းပါနဲ့"
ထိုစဥ်ဟန်လင်းထက်က သူ၏ဘေးနားသို့ရောက်လာရင်းစကားလာပြောပေးလေသည်။
"သူကိစ္စတစ်ခုခုရှိနေလို့နေမှာပါ သူမင်းကိုတော့မမေ့လောက်ပါဘူး"
"ကိုခန့်ကိုကြည့်ရတာအခုတလောထူးဆန်းနေတယ်လို့ငါခံစားနေရတယ် ဒါပေမယ့်ကွာ ...ငါသူ့ကိုမမေးရက်ဘူး ငါမကြားချင်တဲ့အဖြေမျိုးကြားရမှာကြောက်လို့....."
"မကြားချင်တဲ့အဖြေမျိုး? ခနလေးနေပါဦး...မင်းအခု အဲ့လူကမင်းအပေါ်စိတ်ကုန်သွားပြီလို့ထင်နေတာတော့မဟုတ်ဘူးမှတ်လား?"
ထိိုအခါရှိုင်းဇေယံကနှုတ်ဆိတ်သွားကာငြိမ်နေတာကြောင့် သူသိလိုက်ပြီဖြစ်သည်။
'တကယ်ထင်နေတာပဲ!
အလူးအလဲရုန်းကန်နေရတဲ့ဟိုလူကြားရင်တော့လား .....ကြားတဲ့နေရာမှာတင် ခေါက်ခနဲလဲသေသွားနိုင်တယ်......'
ဟန်လင်းထက်မှာ ရှိုင်းဇေယံကိုအကြောင်းရင်းတချို့ပြောပြချင်ပါသော်လည်းပြောပြလို့မရတဲ့အခြေအနေဖြစ်နေတာကြောင့် သူ့ကိုယ်သူဒေါသဖြစ်မိကာ အသံတိတ်ပေါက်ကွဲလို့နေသည်။
"အား!!!!! ဒါအကိုမင်းခန့်ထည်မှတ်လား?"
"ဘယ်မှာလဲ? ဟုတ်ပါ့မလား?"
"ဟုတ်ပါတယ်ဆို ....သေချာကြည့်
အကိုမင်းခန့်ထည်ပါဆိုနေ!!!"
'အကိုမင်းခန့်ထည်'ဆိုတဲ့ အုန်းအုန်းကျက်ကျက်အသံဗလံများက Lobbyနေရာအနှံ့မှထွက်ပေါ်လို့လာတာကြောင့် ဟန်လင်းထက်နှင့်ရှိုင်းဇေယံတို့နှစ်ယောက်လည်းထိုအကြောင်းအရာတို့အပေါ်စိတ်ဝင်စားသွားခဲ့သည်။
ဟန်လင်းထက်က ရှိုင်းဇေယံဘေးမှထွက်သွားကာ ဖုန်းScreenကိုအာရုံစူးစိုက်ကြည့်နေကြတဲ့ စီနီယာအမအုပ်စုဆီသို့ချဥ်းကပ်သွားရင်းမေးကြည့်လိုက်လေသည်။
"အမတို့ ဘာများစိတ်ဝင်စားနေကြတာလဲ?"
ထိုအမများကဟန်လင်းထက်ကိုလဲမြင်ရောပြုံးစိပြုံးစိဖြစ်သွားကြကာ အလယ်မှအမတစ်ယောက်ကအကြောင်းစုံကိုရှင်းပြလာလေသည်။
"ဒီမှာလေ မောင်လေး နန်းယမုံက သူမMTVနဲ့ပက်သတ်ပြီး interviewလုပ်နေတာကို အခုLiveလွှင့်နေတာ Liveလွှင့်နေတဲ့အချိန်မှာကွာ အခုသူမနဲ့စေ့စပ်ထားတဲ့ MKရဲ့ CEOအသစ်မျက်နှာကို Officialချပြသွားတယ်... အဲ့ CEOကလေ အကိုမင်းခန့်ထည်တဲ့ ဒီမှာကြည့် အမပြမယ်!"
ထိုအမက Live Videoတစ်ခုကိုပြန်ဖွင့်ရင်း ဟန်လင်းထက်ဆီသို့သူမဖုန်းကိုကမ်းပေးလိုက်သည်။
ဟန်လင်းထက်လည်း Videoကိုကြည့်နေရင်းမှ သူအထိတ်တလန့်နှင့်ရှိုင်းဇေယံရှိရာဘက်သို့ပြန်လှည့်ကြည့်လိုက်လေသော်သူ၏နှလုံးအိမ်မှာ အသက်ရှူရခက်လောက်တဲ့အထိကြပ်တည်းသွားရလေသည်။
ဟန်လင်းထက်တားဖို့အစမပြုရသေးခင်မှာပင် ရှိုင်းဇေယံက ဟုန်းဟုန်းထနေတဲ့ Live Videoကိုအဆုံးထိကြည့်ပြီးသွားပြီဖြစ်သည်။
"ညီမရဲ့သတို့သားလောင်းကအရမ်းချောလွန်းလို့ ညီမကသူ့ရဲ့မျက်နှာကိုထုတ်မပြခိုင်းသေးတာပါ။သူကလဲ အရမ်းချောလွန်း ညီမကလဲ အရမ်းသဝန်တိုတတ်တဲ့သူဆိုတော့လေ သူနဲ့ညီမကြားမှာ ကတောက်ကဆက်လေးတွေဖြစ်မှာမလိုလားလို့ ထုတ်မပြသေးတာပါ။"
"အခုထုတ်ပြလိုက်တဲ့ရည်ရွယ်ချက်ကတော့ ညီမရဲ့သတို့သားလောင်းအပေါ်ကဲ့ရဲ့ရှုံ့ချလာတဲ့လူတွေတစ်နေ့တခြားပိုပိုများလာတာမို့ သူ့အစားညီမကမခံမရပ်နိုင်ဖြစ်ရလွန်းလို့ပါ။
ဒါနဲ့လေ ...ညီမသတို့သားလောင်းကချောတယ်မှတ်လား?"
"ဟုတ်ပါရဲ့ရှင် သတို့သားလောင်းလေးကလဲအရမ်းချောတော့ တကယ့်ကိုအလိုက်ဖက်ဆုံးစုံတွဲလေးပါပဲ ဒါနဲ့သူကော အခု Interviewမှာမပါလာဘူးလား?"
ပါပါရာဇီမမကထိုသို့မေးတော့ နန်းယမုံမျက်နှာကအနည်းငယ်ပျက်ယွင်းသွားပြီးမှ ဟန်ဆောင်ပြုံးလိုက်ရင်းပြန်ဖြေလာလေသည်။
"သူနဲ့ညီမ ဒီ interviewပြီးရင် တစ်နေရာသွားဖို့ချိန်းထားသေးတယ် ... အခုလောက်ဆိုသူရောက်နေလောက်ပြီ...."
"အဲ့တာဆို ဒီ interviewကိုမြန်မြန်အဆုံးသတ်မှနဲ့တူတယ်နော် ဒီအမကသာသနာဖျက်သလိုဖြစ်နေတော့မယ်"
"ဟုတ်ကဲ့ရှင့်"
Live Videoထဲ၌ နန်းယမုံမှာ ရှက်သွေးဖြာသွားကာ ခေါင်းလေးငုံ့ရင်းပြုံးနေရှာသည်။
ဟန်လင်းထက်ကရှိုင်းဇေယံရှိရာဆီသို့ပြန်လျှောက်လာလိုက်ကာသူ့ရဲ့မျက်နှာအမူအရာဟာလုံးဝမဲမှောင်နေခဲ့ပြီးမျက်မှောင်ကြုတ်ထားလေသည်။သူ ရှိုင်းဇေယံအတွက်နှစ်သိမ့်ဖို့စကားစရှာနေဆဲမှာပင် ရှိုင်းဇေယံကသူ့အားမော့ကြည့်လာရင်း နာကျင်ကြေကွဲစွာဆိုလေသည်။
"ငါ့အထင်တော့ သူ မလာလောက်တော့ပါဘူးကွာ......"
ရှိုင်းဇေယံ၏မျက်ဝန်းထဲမှမျက်ရည်ဥတွေဟာ ပါးပြင်ထက်ဆီသို့ပေါက်ကွဲစီးဆင်းလို့လာခဲ့ပြီး အငိုသန်တဲ့ကောင်လေးခမျာရှိုက်ငိုလာပါတော့သည်။
လိုင်းပေါ်တွင်ပျံ့နေတဲ့ Videoကို ကြည့်ပြီးပြီဖြစ်သော မင်းစက် ဆက်နောင်နှင့် နေသူရိန်တို့လည်း ရှိုင်းဇေယံရှိရာအရပ်သို့အပြေးရောက်ချလာကြကာ ဟန်လင်းထက်မှာရှိုင်းဇေယံရဲ့ကျောပြင်လေးကိုပွတ်သပ်ပေးနေရုံမှအပ သူလဲတခြားဘာမှမတတ်နိုင်တော့ပေ။
"အထွဋ်ရာဖုန်းကိုင်စမ်းပါဟ!"
ပိုင်စစ်တစ်ယောက်မနက်ကတည်းက လင်းထွဋ်ဆီသို့ဖုန်းတောက်လျှောက်ခေါ်ခဲ့ပေမယ့် တစ်ဖက်ကလင်းထွဋ်မှာ အခုထိဖုန်းကိုင်လာခြင်းမရှိခဲ့ပေ။သူခြေလှမ်းတွေကိုခပ်သွက်သွက်လျှောက်ရင်း ရှိုင်းဇေယံကိုအပူတပြင်းလိုက်ရှာနေခဲ့လေသည်။
ကလျာက အင်္ကျီလဲပြီးသည်နှင့်ဟိုနှစ်ယောက်တို့ထက်အရင် Toiletထဲမှထွက်လာခဲ့လိုက်သည်။သူမဟာပိတောက်ရောင် သင်္ကြန်အဆင်လေးကိုဝမ်းဆက်အပြည့်ဝတ်ဆင်ထားပြီး မြန်မာဝတ်စုံလေးနှင့်မိန်းကလေးပီသစွာကျော့ရှင်းလှပလို့နေသည်။သူမရဲ့ကိုယ်ထည်လေးက အရမ်းမပြည့်တင်းနေပေမယ့်လို့အလွန်တရာမှကြည့်ကောင်းလှပေ၏။
သူမကော်ရစ်ဒါဘက်သို့ထွက်လာစဥ်မှာပင်လမ်း၌လူတစ်ယောက်နှင့်အရှိန်ပြင်းစွာတိုက်မိသွားတဲ့အခါ သူမဆံနွယ်ထက်၌ပန်ဆင်ထားတဲ့ပိတောက်ခက်လေးမှာအောက်သို့လွင့်စင်ကျသွားခဲ့ကာ ထိုလူက ထိုပိတောက်ခက်လေးအား မြေပြင်ပေါ်မကျခင်မှာပင်အမှီဖမ်းဆုပ်နိုင်လိုက်လေသည်။
"ကျေးဇူးပါ"
သူမကကျေးဇူးတင်စကားဆိုရင်းထိုလူ့မျက်နှာအားမော့ကြည့်လိုက်တော့ထိုလူကလည်း ကွေးညွတ်နေသောမျက်ဝန်းများဖြင့်သူမအားမျက်တောင်မခတ်တမ်းစိုက်ကြည့်နေခဲ့သည်။
"ရှင်!"
သူမက ထိုလူအားလက်ညှိုးထိုးရင်းအာမေဋိတ်အသံပြုမိလိုက်သည်။
ထိုသူကညာဘက်လက်ခုပ်ထဲမှ ပိတောက်ခက်လေးအား သူမရဲ့နက်မှောင်နေသောဆံနွယ်ထက်ဆီသို့ပြန်ပန်ဆင်ပေးလိုက်ပြီးနောက် ထိုနေရာကနေချက်ချင်းလှည့်ထွက်သွားတော့သည်။သူ၏ပုံစံမှာအလွန်အမင်းအလောကြီးနေသည့်ပုံပင်။
"အထွဋ် မင်းဘယ်မှာလဲ သခင်လေးကော?"
အခုမှဝင်သွားတဲ့အဝင် callကို လင်းထွဋ်က Screenတစ်ဖက်မှပြန်ဖြေလာတဲ့အခါ ကြားလိုက်ရတဲ့စကားတို့ကြောင့်ပိုင်စစ်ခမျာအသက်ရှူရပ်သွားရကာ ရှိုင်းဇေယံကိုအလောတကြီးလိုက်ရှာရတော့သည်။
သို့ပေမယ့် Lobbyအရောက်တွင်သူတွေ့လိုက်ရသည်က ရှိုင်းဆက်ယံရဲ့အညိုရောင်SUVကားလေးမှာ ကျောင်းပရဝုဏ်ထဲကနေ အရှိန်အဟုန်ပြင်းစွာမောင်းထွက်သွားခဲ့ပြီဖြစ်တဲ့မြင်ကွင်းတစ်ခုကိုပင်။
••••••••••••••••••••••••••••••••••••••••••••••••••
Thanks for reading. ❤
••••••••••••••••••••••••••••••••••••••••••••••••••
Continue Reading
You'll Also Like
23K 1.7K 45
438K 16.4K 44
ကိုယ်ဟာ ကြိုးဝိုင်းထဲမှာ ကိုယ့်ကိုစိန်ခေါ်လာသမျှကောင်တွေအကုန် ထိုးရဲတယ် သတ်ရဲတယ် ကိုယ်နိုင်မယ်ဆိုတဲ့ယုံကြည်မှုရှိတယ် ကိုယ်မလုပ်ရဲတာဘာမှမရှိဘူးလို့ထင...
79.6K 6.7K 35
မင်းကို​ပြောပြချင်တဲ့အ​ကြောင်းအရာ​တွေအတွက်အခွင့်ရှိနိုင်ပါ့မလား....
259K 22.5K 64