အခန်း (၁၈)- Sweet
Unicode
[One rose for you ,not for a vote]
ရှိုင်းသယ်ရမယ့်ပစ္စည်းတချို့ကိုမင်းခန့်ထည်ကပဲသယ်လာလိုက်ပြီးနောက် စတိုခန်းနံပါတ်15 ကနေ ဋ္ဌာနသို့၂ယောက်အတူတူပြန်လာလိုက်ကြသည်။ထိုစဥ် ရှိုင်းရဲ့ မျက်နှာလေးက စတော်ဘယ်ရီရောင်လေးသမ်းနေလျက်။Fဆောင်ကထွက်လာပြီးကတည်းက မင်းခန့်ထည်နဲ့မျက်နှာချင်းမဆိုင်ပေ။မင်းခန့်ထည်ကတော့ ရှိုင်းရဲ့မျက်နှာလေးအား တစ်ချက်တစ်ချက်ကြည့်လိုက်ပြီး ရင်ထဲ၌ ကြိတ်ရယ်ချင်စိတ်များတဖွားဖွားတက်လာနေသည်ကို မနည်းအောင့်ထားရသည်။
'ဒီကလေးနဲ့ကတော့ ခက်ပြီ'
"ရှိုင်းလေး အဲ့အခန်းထဲရောက်နေတာဘယ်လောက်ကြာပြီလဲ"
"မသိဘူး ကျနော်ခန့်မှန်းကြည့်တာတော့ ၂နာရီနီးပါးလောက်ရှိပြီထင်တယ်"
ရှိုင်းဇေယံက ရှေ့တည့်တည့်ကိုကြည့်နေရင်းနဲ့ဆိုလိုက်ခြင်းဖြစ်သည်။
"အကို့မျက်နှာကို တစ်ချက်လောက်ကြည့်ပါဦးကွာ"
ထိုအခါမှ ရှိုင်းရဲ့မျက်ဝန်းလေးများက
မင်းခန့်ထည်ဆီသို့ရွေ့လျားလာခဲ့လေသည်။မင်းခန့်ထည်ကလည်းထိုအခွင့်အရေးကိုလက်လွှတ်မခံဘဲ ထိုကောင်လေးရဲ့မျက်ဝန်းလေးများဆီသို့စူးစူးနစ်နစ်စိုက်ကြည့်ပေးလိုက်တော့ ရှိုင်းကမသိမသာနဲ့အကြည့်ပြန်လွှဲလိုက်တော့သည်။ထိုအခါ မင်းခန့်ထည်ကထရယ်လာလျက်။
"ရှက်သွားတာလား ကလေး"
"ဘာကိစ္စရှက်ကမှာလဲ ပြီးတော့ ကျနော့်ကိုကလေးလို့မခေါ်ပါနဲ့ဆို ကျနော်မကြိုက်ဘူး"
"ကောင်းပြီလေ ဒါဆို ရှိုင်းလေးလို့ခေါ်မယ်ဆိုရင်ကော"
"ခေါ်ချင်သလိုသာခေါ် ကလေးမဟုတ်ရင်ပြီးရော" ဟုအလေးမထားဟန်လက်ပြ၍ဆိုလိုက်ကာ ထိုကောင်လေးကခြေလှမ်းသေးသေးလေးတွေနဲ့သူ့အား နောက်တွင်ချန်ရစ်ထားခဲ့လေသည်။
"ကိုယ့်ကိုစောင့်ဦးလေ"
မင်းခန့်ထည် ထိုကောင်လေးနောက်သို့အပြေးလိုက်သွားပြီးနောက် ကောင်လေးရဲ့ပခုံးတစ်ဖက်ကိုလှမ်းဖက်လိုက်တာကြောင့် ရှိုင်းဇေယံမှာမင်းခန့်ထည်ရဲ့သန်မာတဲ့လက်တစ်ဖက်အောက်ကိုလျှိုဝင်သွားရတော့သည်။ထို့နောက် ထိုပုံစံအတိုင်းပဲသူတို့နှစ်ယောက် ဌာနသို့ပြန်လာခဲ့ကြသည်။သူတို့ပြန်ရောက်တော့ မင်းစက်ကခုထိပြန်ရောက်မလာသေးတာကြောင့် မင်းခန့်ထည်ကထူးဆန်းတယ်လို့ခံစားရကာရှိုင်းဇေယံကိုမေးကြည့််လိုက်သည်။
YOU ARE READING
HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)
Romanceသူဆိုတဲ့ကိုယ့်အချစ်ဦးလေးကကမ်းစပ်လေးဆီငြိမ်သက်စွာနဲ့ဝင်ရောက်တိုက်ခတ်လာပြီး အသိမပေးဘဲပြန်လည်ထွက်ခွာသွားတတ်တဲ့ရေလှိုင်းလေးနဲ့ဆင်တူတယ်။ရေလှိုင်းလေးတွေကပင်လယ်ပြင်ကြီးထဲကိုထွက်ခွာသွားပြီးဘယ်လောက်ထိကြာအောင်ကူးခတ်နေရပါစေ တစ်နေ့နေ့တော့ ကိုယ်ဆိုတဲ့ကမ်းစပ်လေးတ...