အခန်း (၃၆)- အိပ်စက်နေသောကျနော့်ချစ်သူ

4.3K 367 19
                                    

အခန်း (၃၆) - အိပ်စက်နေသောကျနော့်ချစ်သူ

Unicode

[ကိုစက်ရဲ့ကိုယ်လေးကအေးစက်နေခဲ့တယ် ]


"ရှိုင်းလေး !"

အဆောင်မှခပ်သုတ်သုတ်လျှောက်ထွက်လာသောရှိုင်းဇေယံအားလမ်းတစ်ဝက်တွင်မင်းခန့်ထည်ကအရဖမ်းမိခဲ့လေသည်။
မင်းခန့်ထည်အသံကြားတော့ရှိုင်းရဲ့ခြေလှမ်းများကတုံ့နှေးသွားပြီးမျက်ဝန်းလေးတွေကဝိုင်းစက်သွားရသည်။

"Viberပြီးတော့ဘာလို့ဖုန်းမဆက်တာလဲ။
ကိုယ်လာကြိုမယ်လို့ပြောထားတယ်လေ။
ကိုယ်အခုဘယ်လောက်ထိစိတ်ပူနေလဲဆိုတာမင်းသိရဲ့လား"

".... "

မင်းခန့်ထည်ကရှိုင်းဇေယံအားအရင်ဆူလိုက်ပြီးနောက် ခါးကိုင်းလိုက်ကာအသက်ကိုလုရှူနေရပေသည်။သူတကယ်ကိုနှလုံးရပ်တော့မတတ်ထိတ်လန့်သွားရခြင်းပေ။မနက်ကတည်းကသူ့ရင်ထဲလေးနေတာမို့ကောင်လေးကိုစိတ်မချဖြစ်ကာအဆောင်ရှေ့မှာတစ်ခါတည်းစောင့်သွားမယ်လို့သူပြောတော့လည်းထိုကလေးကလက်မခံတာကြောင့်သူ့ခမျာစိတ်မတင်မကျနဲ့ထွက်လာခဲ့ရသည်။

ဖုန်းဆက်တော့လည်းဖုန်းကစက်ပိတ်ထားတယ်ဆိုတော့သူဘယ်လိုလုပ်စိတ်အေးအေးထားနိုင်ပါ့မလဲ။ပြီးတော့ Labအဆောင်တွေကလူအသွားအလာနည်းပြီးလူပြတ်တတ်တော့သူလုံးဝစိတ်မချဖြစ်နေပြီးပူထူသွားကာရူးတောင်ရူးချင်နေပြီဖြစ်သည်။

ရှိုင်းကဟောဟဲလိုက်နေရှာသောမျက်စိရှေ့ကလူသားရဲ့ကျောပြင်လေးအားပုတ်ပေးလိုက်ပြီးအပြစ်ရှိတဲ့စိတ်တွေကရင်ထဲရုတ်ချည်းတိုးဝင်လာတာကြောင့်မဝံ့မရဲနဲ့မေးလိုက်လေသည်။

"ကိုခန့် အဆင်ပြေရဲ့လား .... "

'မပြေဘူး လုံးဝမပြေဘူး'

မင်းခန့်ထည်ကဘာမှပြန်မပြောလာဘဲကောင်လေးရဲ့လက်ကလေးကိုဆုပ်ကိုင်ထားရင်းအသက်မှန်မှန်ရှူနေလေသည်။ထိုအချိန်၌ သူ့ရဲ့မျက်ဝန်းတွေကနီတောက်နေကာ လက်ဖျားတွေကသွေးမရှိတော့သည့်နှယ်အေးစက်လို့နေတာကြောင့်ရှိုင်းဇေယံက တစ်ယောက်သောသူရဲ့လက်တွေကိုဆုပ်ကိုင်ပေးထားလိုက်လေသည်။

HE=MY FIRST LOVE [ကိုယ့်အချစ်ဦး ](Completed)Dove le storie prendono vita. Scoprilo ora