ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...
By Han_Me7012
89.6K 7.4K 1.4K
(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More
Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 5(Unicode)
Part 6(Zawgyi)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)
Part 6(Unicode)
1.2K 139 16
By Han_Me7012
"ဒါတွေကို ကျောင်းရှေ့က ခွေးတွေကိုပဲ ကျွေးလိုက်ပါ...
စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တယ်ဆိုတာ အရောင်ထင်ဟပ်မှုတစ်ခုပဲလေ...
အစားကောင်းစားရတယ်ဆိုတိုင်း လမ်းဘေးခွေးကနေ သိန်းသောင်းချီတန်တဲ့ တန်ဖိုးကြီးခွေးဖြစ်သွားတာ မဟုတ်ဘူး...အစာကျွေးမယ့်သူ ရှိနေသရွေ့...
သူတို့ဗိုက်လေးတွေ ဝနေပါစေ..."
အလင်းဝေ၏စကားသံမှာ ပတ်ဝန်းကျင်ရှိ ဆူညံမှုများကြားမှ ပြတ်ပြတ်သားသား ပေါ်ထွက်ခဲ့ပြီး မှိုင်းခေါင်ဝေဦးသည်လည်း အံကြိတ်ထားရာမှ တောက်တချက် ခေါက်လိုက်သည်။ ထိုတောက်ခတ်သံကို ကျောင်းသားများအကြားတွင် ပျောက်ကွယ်သွားပြီဖြစ်သော အလင်းဝေကတော့ မကြားခဲ့ရ...။
မှိုင်းခေါင်ဝေဦးသည် တောက်ခတ်ရုံမျှနှင့် မကျေနပ်နိုင်ဘဲ ငွေရှိုင်း လက်ထဲရှိ ပန်းကန်ပြားကို ဆွဲယူကာ ကြမ်းပြင်ပေါ်သို့ အားထည့်၍ ပစ်ပေါက်လိုက်သည်။ အစားအစာတစ်ချို့မှာ ငွေရှိုင်း၏ပုဆိုး အောက်ဖျားထက်သို့ လာစင်သည်။
ပန်းကန်ကျကွဲသံကြောင့် ပတ်ဝန်းကျင်ရှိ ဆူညံသံများမှာ တစ်ခဏတော့ ပျောက်ကွယ်သွားသည်။သို့သော်လည်း အသံလာရာကို သိရသည်နှင့် ထိုဆူညံသံများ... ပို၍ကျယ်လောင်လာရသည်။
မိမိတို့ထံသို့ ဝိုင်းအုံလာသည့် အကြည့်မျိုးစုံကို ငွေရှိုင်းခံစားမိသည်။ တီးတိုးပြောဆိုနေကြသည့် စကားသံများကိုလည်း ကြားနေရသည်။ 
ကျောင်းသားများသည် အဖြစ်အပျက်အလုံးစုံကို မတွေ့မမြင် လိုက်ကြရသဖြင့် ညီအစ်ကိုနှစ်ယောက်ကြားတွင် ပြဿနာတစ်စုံတစ်ခု ဖြစ်သွားသည်ဟုသာ ထင်ကြလိမ့်မည်။
ထိုအချိန်တွင် မှိုင်းခေါင်ဝေဦးသည် ထမင်းပန်းကန်ကို ငွေရှိုင်းထံတွင် ထားခဲ့ပြီး တခြားတစ်နေရာသို့ ထွက်သွားပြီဖြစ်သည်။ ငွေရှိုင်းသည်လည်း မှိုင်းခေါင်ဝေဦးဆီသို့ လိုက်သွားရန် ရည်ရွယ်၍ ပန်းကန်နှစ်ချပ်စလုံးကို အနီးအနားရှိ စားပွဲတစ်ခု၌ ထားရစ်ခဲ့သည်။
ခပ်မြန်မြန်သွားနေသူနောက်သို့ မှီအောင်လိုက်ရင်း ခေါ်နေကျ အမည်နာမတစ်ခုဖြင့် ခြေလှမ်းတို့ကိုရပ်စေချင်သဖြင့် "ကိုကို"ဟု လှမ်းခေါ်လိုက်သည်။ ပတ်ဝန်းကျင်တွင် မိမိတို့ကဲ့သို့ သွားလာနေသူများရှိနေသဖြင့် အသံကျယ်ကျယ်မထွက်နိုင်ခဲ့။ ဤကဲ့သို့ ပြေးလိုက်နေသည်ကိုပင် ထိုသူများက အထူးအဆန်းသဖွယ် ကြည့်နေကြသည်။
ကွန်ပျူတာခန်းဘက်သို့ ရောက်လာသောအခါ လူရှင်းသွားပြီဖြစ်သဖြင့် ခြေလှမ်းတို့ကိုမြန်လိုက်ပြီး ကိုကို့ကိုလှမ်းဆွဲလိုက်သည်။ ချက်ချင်းရပ်သွားအောင်လုပ်ဖို့ အားသုံးရန် မလိုခဲ့ပေ...။ ကိုကိုသည် အလင်းဝေကို ဒေါသထွက်သည့်စိတ်ကြောင့် ကျွန်တော့ကိုပါ ပုံမှန်ထက်စူးရှသော အကြည့်ဖြင့်  ကြည့်နေလေသည်။
သူအပြောခံလိုက်ရသည်က ကျွန်တော့ကြောင့် ဖြစ်သွားသည့်သဖွယ်...ပုံစံမျိုးနှင့်ဖြစ်နေသဖြင့်...
"ကိုကို....ကျွန်တော့ကိုပါ စိတ်ဆိုးနေတာလား..."
"လွှတ်လိုက်...ရှိုုင်းငယ်...ငါမင်းနဲ့
စကားပြောချင်စိတ်မရှိဘူး..."
ကိုကို့ရဲ့စကားကို အချိန်တိုင်းနာခံခဲ့သလိုမျိုး... အခုတစ်ခေါက်တွင်လည်း နှစ်ခါမပြောရဘဲ ချက်ချင်းလွှတ်ပေးလိုက်မိသည်။
သို့သော်.....
"အလင်းဝေက ဘာ...ဘာသဘောနဲ့ပြောတာလဲ မသိပေမယ့် သူ့ကို ...ကိုကိုကပဲ သည်းခံပေးပါ..."
"သည်းခံပေးရမယ်...မင်းကသူ့ရှေ့နေလား...အဲ့တာကြောင့်
သူ့ဘက်က ကာပြီးပြောပေးနေတာလား..."
စကားမှားသွားပြီဆိုတာကို ကျွန်တော်သိလိုက်ပါသည်။ ကိုကိုသည် စကားတစ်ခွန်းပြောတိုင်း ကျွန်တော့ရင်ဘတ်ကို အားထည့်တွန်းကာ အနောက်သို့ တဖြည်းဖြည်း ဆုတ်သွားစေပါသည်။
"သူပြောသွားတာ မကြားလိုက်ဘူးလား...
ငါ့ကိုခွေးနဲ့နှိုင်းယှဉ်ပြီး ဥပမာပေးသွားတာလေ...အဲ့တာကို မင်းက ငါ့ဘက်ကမနာဘဲနဲ့ သူ့ကိုယ်စားပြောပေးနေတာ...
မင်းမှာသတ္တိတွေ သိပ်ရှိနေတယ်ပေါ့...ဟုတ်လား..."
ကိုကိုတွန်းလိုက်သည်က အားသိပ်မပြင်းသော်လည်း ကြောက်စရာကောင်းသော မျက်နှာသွင်ပြင်နှင့် မာထန်နေသော စကားလုံးများ၏ထိုးနှက်မှုကြောင့် ကြမ်းပြင်ပေါ်၌ ဖင်ထိုင်လျှက် လဲကျသွားသည်။ကျွန်တော်ပြန်မထမိဘဲ ကိုကို့ကိုသာ မော့ကြည့်နေခဲ့မိသည်။
တင်းမာနေသောမျက်နှာမှ ချက်ချင်းလိုလို
ညှိုးနွမ်းသွားရသော မျက်နှာ...။ ထိုမှတဆင့် လဲကျနေသူကို ထူပေးရန် ကမ်းလာသော လက်တစ်ဖက်သည် ကွန်ပျူတာခန်းထဲမှ ထွက်လာသည့် မမနွေရီကြောင့် ကျွန်တော့ထံသို့ မရောက်ခဲ့ပေ။
"ခေါင်ဝေ....နင်...ရှိုင်းငယ်ကို ဘယ်လိုလုပ်လိုက်ပြန်တာလဲ..."
မမနွေရီသည် သုတ်သုတ်ပျာပျာနှင့် ကျွန်တော့ဘေးတွင် ငုတ်တုတ်ထိုင်လိုက်ချိန်၌ ကိုကိုသည်လည်း ကျွန်တော်တို့အနားမှ ထွက်သွားပြီးဖြစ်သည်။
"ဟိုကလှည့်ကြည့်တော့တာမဟုတ်ဘူး...ငေးမနေနဲ့..
.သူများတွေမြင်သွားရင်ပြောစရာဖြစ်တယ်...အရင်ဆုံးထလိုက်ပါဦး...ထလို့ရောရလား...ဘာဖြစ်သွားသေးလဲ...
အဲ့ဒီ့ခေါင်ဝေဟာလေ....စိတ်ထဲကပါတာလည်း မဟုတ်ဘဲနဲ့...အလကားအမုန်းခံပြီးတော့..."
လူသွားလမ်းပေါ်မှာထိုင်နေရသည်က မြင်မကောင်း၍ အရင်ဆုံးမတ်တပ်ရပ်လိုက်သည်။ မမနွေရီ၏စကားထဲ၌ ကျွန်တော်နားမလည်နိုင်သည့် အဓိပ္ပာယ်တချို့ပါနေသည်။
"ကိုကို့ကို ကျွန်တော်မမုန်းပါဘူး...ကိုကိုကပဲ
ကျွန်တော့ကိုမုန်းနေမှာပါ...."
"ရှိုင်းငယ်က ဘာလို့အဲ့လိုထင်တာလဲ..."
"ထင်တာမဟုတ်ဘူး...မမနွေရီရဲ့...
ကျွန်တော်ခံစားနေမိတာ...ဘေးလူဖြစ်တဲ့မမက
ဘာသိမှာလဲဗျာ..."
မမနွေရီထံမှ ထွက်ပေါ်လာသော ရယ်သံငယ်မှာ ကျွန်တော့စကားကို သဘောကျ၍ ထွက်ပေါ်လာခြင်းမျိုးမဟုတ်...။
ထို့နောက် စကားတစ်ခွန်းကို ဆွေးမြေ့သောဟန်နှင့် လေးလေးပင်ပင်ပြောပြီးမှ ကျွန်တော့အနားက ထွက်သွားသည်။
"တစ်ခါတလေကျ ဘေးလူတွေမြင်နေတာကိုလည်း ကာယကံရှင်က မမြင်နိုင်ပါဘူး...တစ်နေ့တော့ ခေါင်ဝေရဲ့စိတ်ကို မောင်လေးသိလာရဦးမှာပါ..." တဲ့....။
ကိုကို့ကို နားမလည်နိုင်သလိုမျိုး....
မမနွေရီကိုလည်း ကျွန်တော်နားမလည်နိုင်ခဲ့ပါ....။
လူတွေရဲ့စိတ်ကို ခန့်မှန်းရန် ကြိုးစားခြင်းသည် ကိုယ့်စိတ်ကိုယ်ဒုက္ခပေးခြင်းသာ ဖြစ်သည်။
သက်ပြင်းအခါခါ ချနေမိသော်လည်း
ကျွန်တော့ရင်ထဲတွင်တော့ မွန်းကြပ်နေရဆဲပင်....။
>>>>>>>>>>>>>>>>>>
"သူတို့ဘာသာ တန်းမစီဘဲ လူပါးဝချင်ဝပါစေပေါ့...
ဘာလို့ပြဿနာသွားရှာရလဲ အလင်းဝေရယ်...အခုတော့ နေ့လည်စာငတ်တဲ့အပြင် အတိုင်တောခံရမှာကိုလည်း စိတ်ပူနေရပြီ..."
စာကြည့်တိုက်တွင် လာထိုင်နေသည်မှာ ကန်တင်းမှ ထွက်လာစဉ်ကတည်းကဖြစ်ပြီး မှိုင်းခေါင်ဝေဦးကိုပြောခဲ့သည့် စကားများအတွက် ကိုယ့်ကိုယ်ကိုယ် စိတ်ပျက်နေသည်မှာလည်း ထိုအချိန် တစ်လျှောက်လုံးတွင်ဖြစ်သည်။
အမှန်တော့ angry birdအနီကောင်ကို ပြောခဲ့တဲ့စကားတွေအတွက် နောင်တရလို့တော့ မဟုတ်ဘူးဗျာ...။ တော်ကြာ သူ့အဖေကိုပြန်တိုင်ပြောလို့ ကျောင်းကနေအထုတ်ခံရပြီး တခြားကျောင်းမှာ ကျောင်းသားသစ်သွားလုပ်နေရမှာကို စိတ်ညစ်နေတာ...။
ပြီးတော့ ဒီလိုကျောင်းမျိုးက နောက်ထပ် တစ်ကျောင်းမရှိနိုင်တော့ဘူး။ ရှိခဲ့ရင်တောင် ကျွန်တော်နဲ့အဆင်ပြေချင်မှပြေမှာလေ...။
ဂွီ.......။
တိုက်တိုက်ဆိုင်ဆိုင် ဗိုက်ထဲမှအချိန်ကိုက် ထွက်လာသောအသံသည် ကျွန်တော့အတွေးတွေကို ထောက်ခံသည့်အလား...ဆက်တိုက်မြည်နေလေသည်။ နာရီကြည့်သောအခါ ထမင်းစားနားချိန်ပြီးရန် ဆယ်မိနစ်သာလိုတော့သဖြင့် ကန်တင်းသွားဖို့အတွေးကို လက်လျှော့လိုက်သည်။
ဘဝဟာ ခက်ခဲလှပေစွ...ဟု တစ်ကိုယ်တော်ညည်းရင်း စာကြည့်တိုက်မှထွက်ခဲ့သည်။ အပြင်ဘက်လျှောက်လမ်း၌ လူရှင်းနေပြီဖြစ်သော်လည်း ကျောင်းသူနှစ်ယောက်အား ခပ်လှမ်းလှမ်း၌တွေ့ရလေသည်။
အလျင်လိုနေသော ကျွန်တော်သည် ခြေလှမ်းမြန်မြန်လျှောက်ရင်း သူတို့အနားသို့ရောက်သွားလေပြီ။ ပတ်ဝန်းကျင်မှာ တိတ်ဆိတ်နေသည်က တစ်ကြောင်း၊ ရှေ့ဆင့်နောက်ဆင့် ဖြစ်နေသည်က တစ်ကြောင်းကြောင့် သူတို့ပြောသည့်စကားများကို အတိုင်းသားကြားနေရသည်။
"ပန်းကန်ကျကွဲသံက ဟိန်းနေတာပဲ...ငါဆိုအစက သိပ်မလန့်သေးဘူး..သူတို့ညီအစ်ကိုနှစ်ယောက်ကို တွေ့ရမှလန့်သွားတာ..."
"နင်ကြည့်လိုက်တော့ ဘယ်လိုပုံစံတွေဖြစ်နေကြလဲ..."
"အစ်ကိုရော...ညီရော ထမင်းပန်းကန်တွေကိုင်ထားတယ်ဟာ..
ဒါပေမယ့်ကြမ်းပြင်ပေါ်ကို ပစ်ချလို်က်တာက ဘယ်သူ့ပန်းကန်လဲတော့မသိဘူး...
အငယ်က ပေပွနေတာတွေကိုကြည့်လိုက် သူ့အစ်ကိုကိုကြည့်လိုက်နဲ့ လန့်နေတဲ့ပုံပဲ...
နောက်တော့ သူတို့ပန်းကန်တွေကို ထားခဲ့ပြီး ရှေ့ဆင့်နောက်ဆင့်ထွက်သွားကြတော့တာ..."
"နေပါဦး..ပန်းကန်ပစ်ပေါက်လိုက်တာက ဘယ်သူလဲ...မှိုင်းခေါင်ဝေဦးလား..."
မေးခွန်းအမေးခံရသူ ကောင်မလေးထံမှ ခေါင်းညိတ်အဖြေပေးလိုက်သည်ကို မြင်လိုက်ရသောအခါ ကျွန်တော်မွှေးမိသောမီးစ အတော်ပင်ကြီးထွားသွားကြောင်း သိလိုက်ရသည်။
ကောင်မလေးတွေထံမှ တတိယလူအကြောင်း ပြောသံကိုမကြားရသဖြင့် ကျွန်တော်နည်းနည်း စိတ်အေးသွားသည်။ သို့သော်လည်း အတန်းထဲပြန်ဝင်ရမည်ကို ခပ်လန့်လန့်ဖြစ်မိသည်။
မှိုင်းခေါင်ဝေဦးနဲ့က အခန်းချင်းမတူတာမို့ မျက်နှာချင်းမဆိုင်အောင် နေလို့ရသော်လည်း ငွေရှိုင်းကျတော့ အတန်းဖော်ဖြစ်ရုံသာမက အတူတူထိုင်သူပါ ဖြစ်သတဲ့...။
မင်းတော့...သွားပြီ...အလင်းဝေရေ....ဟု ခပ်ကျိတ်ကျိတ်ရေရွတ်မိရင်း ဘဲလ်တီးသံမမြည်ခင် အတန်းထဲသို့အရောက် ပြန်လာနိုင်ခဲ့သည်။
ငွေရှိုင်းတစ်ယောက် အတန်းထဲတွင် ကြိုရောက်နှင့်နေပြီဖြစ်သည်။သူကျွန်တော့ကိုတွေ့လျှင် မျက်မှောင်ကြုတ်၍ကြည့်မည်...။ ဒါမှမဟုတ်...ကျွန်တော့ကို ဒေါသထွက်အောင်ရန်စမည်...ဟု ထင်ခဲ့သော်လည်း တကယ်တမ်းကျတော့ စာအုပ်ထဲတွင်သာ အာရုံရောက်နေသည်။
ဤသည်ကပင် ကျွန်တော့စိတ်ကို မရိုးမယွဖြစ်စေသည့်အပြင် စာသင်ချိန်တစ်လျှောက်လုံးတွင်လည်း အာရုံစူးစိုက်၍မရခဲ့ပေ။
အထူးသဖြင့် အာရုံစူးစိုက်မရသည့် အဓိကအကြောင်းအရင်းမှာ အလိုက်ကမ်းဆိုးမသိဘဲ ငွေရှိုင်းကြားသည်အထိ တဂွီဂွီမြည်နေသော ဗိုက်ထဲမှ အသံပင်ဖြစ်သည်။
ကျွန်တော့ဗိုက်ကို လက်နှင့်သာမကဘဲ ကျောပိုးအိတ်နှင့်ပါ ဖိကပ်ထားခဲ့သည်။ ဗိုက်ဆာသည့်ဝေဒနာမှာ အလွန်ဆိုးရွားနေသောကြောင့် စာသင်သည်ကိုလည်း သေချာနားမထောင်နိုင်တော့ပေ...။
အစာတစ်ခုခုထည့်မှ ငြိမ်သက်သွားတော့မည့် ကျွန်တော့ဝမ်းဗိုက်ကို တစ်စုံတစ်ယောက်က အလျင်အမြန် ကယ်တင်လိုက်သည်။
ကျွန်တော်ပြောတဲ့ တစ်စုံတစ်ယောက်ဆိုတာ ငွေရှိုင်းပါပဲ...။
လက်ထဲရောက်လာသော အဖြူရောင်ဖော့ဘူးရှည်လေးကို တစ်လှည့်၊သူ့ကိုတစ်လှည့် ကြည့်နေမိသည်။ ဖော့ဘူးထဲမှာ စားစရာတစ်ခုခုရှိမည်ကို သေချာသိနေသော်လည်း ကျွန်တော်အံ့သြသွားမိသည်က ငွေရှိုင်း၏ အပြုအမူကိုဖြစ်သည်။
သူဘာဖြစ်လို့ ကျွန်တော့ကို ဒီဘူးလာပေးရတာလဲ...။
ဖွင့်ကြည့်လိုက်သောအခါ တြိဂံပုံစံ sandwich အပိုင်းငယ်လေးတွေက စီစီရီရီ...။
Sandwichတွေကို ချက်ချင်းပင်ပါးစပ်ထဲ ကောက်ထည့်ပစ်လိုက်ချင်သည်။ သို့်သော် စိိတ်ကူးနှင့်လက်တွေ့က မတူညီသောအခါ ဘူးကိုပြန်ပိတ်၍ ချက်ချင်းပြန်ပေးလိုက်သည်။
ကျွန်တော့ကို အညှာလွယ်တဲ့ကောင်ရယ်လို့ မထင်စေချင်ဘူးလေ...။
အသုံးအနှုန်းက ဆိုင်သည်ဖြစ်စေ၊ မဆိုင်သည်ဖြစ်စေ ဖော့ဘူးပြန်ပေးလိုက်သည့်အတွက်တော့ ဗိုက်က ဆာနေမြဲဖြစ်သည်။သို့သော်လည်း ငွေရှိုင်းမျက်လုံးထဲတွင် အံ့သြရိပ်ဖြတ်သန်းသွားသည့်အတွက် ကျေနပ်ရပြန်သည်။
"ယူထား....."
ခပ်တိုးတိုးထွက်လာသည့်စကားသံနှင့်အတူ ဖော့ဘူးမှာကျွန်တော့လက်ထဲသို့ ပြန်ရောက်လာပြန်သည်။
*ဒီကောင် ဘာဖြစ်နေပြန်တာလဲ....။*
သူ့ဘာသာ ဆေးစားမှားလို့ မလုပ်ဖူးတာတွေဘဲလုပ်နေနေ ဒုတိယအကြိမ်မြောက်မှာ တင်းမခံနိုင်တော့သည့် ကျွန်တော်က မျက်လုံးတွေကို ဖော့ဘူးကနေ မခွာနိုင်တော့ပါ...။
စာသင်ချိန်တစ်ချိန်ပြီး၍ နောက်တစ်ချိန်အတွက် ဆရာမကို စောင့်ဆိုင်းနေကြသည်မို့ အတန်းထဲတွင်လည်း ဆူညံနေသည်။ကျွန်တော်တို့နှစ်ယောက်၏ ဖော့ဘူးလွှဲပြောင်းပေးနေမှုကို အနောက်တန်းမှာထိုင်သည့် ချာလီနှင့်ဂေါ်လီပင် သတိမပြုမိကြ...။.
ကျွန်တော်သူ့ကို ကြောင်ပြီးကြည့်နေမိစဉ် ဆရာမလည်းဝင်လာလေပြီ။ နှုတ်ဆက်ရန်အတွက် အလုအယက် မတ်တပ်ရပ်ကြတော့ စားပွဲအံထဲတွင် ထည့်ဝှက်မိသော ဖော့ဘူးလေးသည် ကျွန်တော့ပစ္စည်းဖြစ်သွားလေပြီ။
ထို့နောက် ပထမဆုံးအကြိမ်အဖြစ် ငွေရှိုင်းထံမှကြားခဲ့ရသည့် စကားရှည်ရှည်မှာ ကျွန်တော့ကိုပြုံးစေခဲ့သည်။
"မင်းဗိုက်ထဲက မြည်နေလို့...
ငါအာရုံစိုက်လို့မရဘူး...
ဘာမှဆက်မပြောဘဲ..
စားစရာရှိတာမြန်မြန်စား..." တဲ့.....။
မထူးဆန်းပေဘူးလား.....။ အစ်ကိုဖြစ်သူကြောင့် လစ်ဟာခဲ့ရသောဝမ်းဗိုက်ကို ညီဖြစ်သူက ပြန်လည်ဖြည့်တင်းပေးသတဲ့...။
မည်သို့ပင်ဆိုစေ..... စာသင်ချိန်မှာ ခိုးစားရသော sandwich များက ခါတိုင်းထက် အရသာရှိနေတာတော့ အမှန်ပဲ....။
>>>>>>>>>>>>>>>>>>>>>>>>>
ကျောင်းတက်ရမည်ဆိုစဉ်က လူတွေနှင့်တွေ့ဆုံရမည်ကို ကြောက်ရွံ့ခဲ့သော ကျွန်တော်သည် အိမ်ပြန်ချိန်ကို မျှော်နေတတ်ခဲ့သော်လည်း ယခုတွင်တော့ ကျောင်းဆင်းချိန်ရောက်မည်ကိုပင် ကြောက်နေခဲ့သည်။
လာကြိုသည့်ကားထံသို့ သွားစဉ်တစ်လျှောက်တွင် ...
ကိုကိုနှင့်တွေ့လျှင် မျက်နှာမည်သို့ထားရမည်ကို မသိဘဲဖြစ်နေသည်။
အလင်းဝေအတွက် ကူပြောပေးခဲ့သည်က ထားတော့...မမနွေရီကနေတဆင့် ကျွန်တော်စားဖို့ပေးလိုက်သည့် sandwich တွေအတွက်တော့ စိတ်မလုံဖြစ်နေမိသည်။
*ငါမပြောရင် ကိုကိုဘယ်လိုလုပ်သိမှာလဲ...*
ကိုယ့်စိတ်ကိုယ် ပြန်ဖြေသည်က လွယ်သော်လည်း ရင်တွေကတော့ တုန်နေသည်။ကျွန်တော်သည်
ငယ်စဉ်ကတည်းက ကိုကို့စကားကိုသာ နားထောင်ခဲ့ရသူဖြစ်ပြီး ကိုကိုမသိဘဲနှင့် ဘယ်အရာကိုမှ ခိုးမလုပ်ဖူးခဲ့သူဖြစ်သည်။ ကိုယ်တိုင်သည်လည်း အူလှိမ့်သည်အထိ ဗိုက်ဆာနေခဲ့သော်လည်း sandwichတွေကို အလင်းဝေကိုသာ ကျွေးခဲ့သည်။
သူအားရပါးရစားနေသည်ကို မြင်သောအခါ ကျွန်တော်ကိုယ်တိုင်စားနေရသလိုပင် ပျော်ရွှင်ခြင်းကို ခံစားရသည်။ အလင်းဝေကို သူငယ်ချင်းတစ်ယောက်ကဲ့သို့ သတ်မှတ်နေခြင်းကို ကိုကို ကျေနပ်မည်မဟုတ်မှန်း သိသော်လည်း ကျွန်တော်ကတော့ ရှေ့ဆက်ချင်နေသည်။
လှောင်အိမ်ထဲမှာနေရတဲ့
ငှက်ကလေးဟာလည်း ကောင်းကင်မှာ
တခြားငှက်တွေနဲ့အတူ ပျံသန်းချင်မှာပဲလေ....။
>>>>>>>>>>>>>>>>>>>>>>>>>>>>>
AN/
ဒီတစ်ပတ်အတွက်ကတော့ ဟန်မီမအားလို့ ခပ်တိုတိုပဲ ဖြစ်သွားတယ်။နောက်တစ်ပတ်mondayကျရင်တော့ နှစ်ပိုင်းတင်ပေးပါ့မယ်။
ဟန်မီ့ရေးပုံက ခပ်သွက်သွက်မသွားဘဲ ဇာတ်ကောင်တွေရဲ့ စိတ်ကိုအသေးစိတ်ဖော်ပြနေသလိုပဲ ရေးတာမို့ ပျင်းစရာကောင်းနေမလားတော့ မသိဘူး။xd
Love you all😘
Han_Me
(29.6.2020)
Continue Reading
You'll Also Like
42.6K 2.2K 53
Unicode + Zawgyi မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... မင်းနဲ့ ငါ့ကြား ကန့်လန့်ကာပါး တစ်ချပ်ခြား.... Start Date - 24.6.2021 End Date - 21.2.2...
2.6K 112 24
မင်းခန့်ပိုင် × ရှင်းသန့်ပိုင် " ကိုကြီး ခံစားမိနေတယ် ရှင်းသန့်။ ဒီအချစ်က အရမ်းကြီးမားတာကိုခံစားမိတယ်။ ရင်ထဲပြည့်ကျပ်လွန်းနေတဲ့ဒီအချစ် ဒီမေတ္တာက သေရာ...
97.3K 9.2K 100
251K 13.8K 34
သန့်​စင်​တဲ့ငါတို့နှစ်​​ယောက်​ရဲ့ချစ်​ခြင်း​တွေ ကြီးမြတ်​လာရင်​ ဘာဆက်​ဖြစ်​မှာလဲ ဈာန်​ .....????? ♡ အရင်​ဆုံး ဒီficက ကျွန်​​တော်​ရဲ့ ပထမဆုံးfic​လေ...