My Lovely Demon

By Meitaejin

112K 10.6K 1K

မင္းက တျခားသူေတြအတြက္ နတ္ဆိုးတစ္ေကာင္အျဖစ္ရိွေနပါေစ ငါအတြက္ေတာ့ တယုတယနဲ႔ ေထြးေပြ႕ထားရမယ့္ ေကာင္ေလးပါပဲ Tae... More

Information
Episode 1
Episode 2
Episode 3
Episode 4
Episode 6
Episode 7
Episode 8 ( A )
Episode 8 ( B )
Episode 9
Episode 10
Episode 11
Episode 12
Episode 13
Episode 14
Episode 15
Episode 16
Episode 17
Episode 18
Episode 19
Episode 20
Episode 21
Episode 22
Episode 23
Episode 24
Episode 25
Episode 26
Episode 27
Episode 28
Episode 29
Episode 30
Episode 31(Final)
Extra
Extra 2
Attention Please

Episode 5

3.1K 360 20
By Meitaejin

Zawgyi

Taehyung သည္ Soekjin ရဲ႕
coffee ဆိုင္ေလးကို ေန႔တိုင္းလိုလို
လာျဖစ္သည္ ။Taehyung ကလည္း သူ႔ရဲ႕မနက္ခင္းအခ်ိန္ခဏတာကို
Soekjin ဆိုင္ေလးတြင္ ကုန္ဆံုးေလ့ရိွသည္ ။ ေန႔တိုင္းလိုလိုသူတို႔ႏွစ္ေယာက္ေတြ႕ျဖစ္က်
ေသာ္လည္း ႏွစ္ေယာက္ေျပာဆိုဆံဆက္
ေရးသည္ ခုခ်ိန္ထိကို အားနာမႈေတြ ၊
ရိႈးတိုးရွန္းတန္းျဖစ္ျခင္းေတြ
ရိွေနေသးသည္ ။ အမွန္ဆို ေယာက်ာ္းေလး
ေတြသည္ မိန္းကေလးေတြထက္ ပိုၿပီး
ပြင့္လင္းေသာေၾကာင့္ မိတ္ေဆြျဖစ္
လြယ္သည္ ။ တစ္ပတ္ေလာက္ေျပာဆို
ဆက္ဆံရံုနဲ႔ တကယ့္သူငယ္ခ်င္းငယ္ေပါင္း
ေတြလိုမ်ိဳး ခံစားမႈရရိွေစသည္ ။

သူတို႔ႏွစ္ေယာက္က်ေတာ့ ထိုသုိ႔မဟုတ္ ။
သိကြၽမ္းလာတာ တစ္လေက်ာ္ေက်ာ္
ရိွသည့္အျပင္ စကားလဲေန႔တိုင္းေျပာ
ျဖစ္က်သည္ ။ ဒါေပမဲ့ သူတို႔ႏွစ္ေယာက္
စလံုး တကယ့္သူငယ္ခ်င္းေတြလို
မခံစားရတာေတာ့အမွန္ပင္ ။
တကယ္ခ်င္းေတြလိုမခံစားရေပမယ့္
လည္း Taehyung သည္ မနက္မိုး
လင္းတာနဲ႔ Soekjin ျပင္ေပးတဲ့
မနက္စာကို ေတာင္းတမိသည္ ။
ထို႔အတူ Soekjin ကလည္း
ဆိုင္ဖြင့္သည္ႏွင့္ သူျပင္ေပးမယ့္
မနက္စာကို အားပါးတရစားေပးမယ့္
Taehyung ကိုေမ်ွာ္ေနတတ္သည္ ။
ကြယ္ရာမွာ ထင္တာထက္ ပိုရင္းနီွးေပမယ့္
ေရွ႕မွာဆိုရင္ သိပ္မရင္းနီွးဖူးလို႔ခံစားရတဲ့
အေၾကာင္းအရင္းကိုေတာ့ ႏွစ္ေယာက္လံုး
ဒီေန႔ထိ စဥ္းစားမရ ။

ဒီေန႔လည္း Taehyung စိတ္ဆႏၵ
အတိုင္း Soekjin ရဲ႕ coffee ဆိုင္
ကိုေရာက္လာျပန္သည္ ။ သူဆိုင္ထဲကို
ဝင္သြားေပမယ့္ Soekjin ရဲ႕အရိပ္
အေယာင္ကိုမေတြ႕မိပါ ။ အရင္ကဆို
သူဆိုင္ထဲဝင္သည္ႏွင့္ Soekjin
သည္ ေအးခ်မ္းေသာအၿပံဳးႏွင့္ခရီးဦး
ႀကိဳျပဳစၿမဲ ။ ဒီေန႔က်ေတာ့ အၿပံဳးေရာ ၊
လူကိုပါ မေတြ႕မိပါ ။ ဆိုင္ထဲကိုေဝ့ဝိုက္ၿပီး
ရွာေသာ္လည္းအရိပ္အေယာင္ပင္
မေတြ႕ ။ စိတ္ထဲတြင္ေတာ့ kitchen
Room ထဲမွာရိွေနလိမ့္မည္ဟု
ထင္ကာ ထိုင္ေနက်ျဖစ္တဲ့ ေထာင့္က်တဲ့
စားပဲြဝိုင္းေလးေတြ ဝင္ကာထိုင္လိုက္
ေတာ့သည္ ။

ထိုအခ်ိန္ Waiter ေကာင္ေလးလဲ
Taehyung အနားကိုေရာက္ရိွ
လာကာ

" ဘာသံုးမလဲ ဧည့္သည္ "

" Kim Soekjin မရိွဘူးလားဟင္ "

" မရိွပါဘူး ...ဒီေန႔ေန႔လည္ဘက္
ေလာက္မွဆိုင္ကိုလာျဖစ္မယ္လို႔
လဲေျပာပါတယ္ "

" Aww...ဟုတ္လား "

" သြား...တျခားလုပ္စရာရိွတာ
သြားလုပ္ေလ ငါ့ကိုသူေ႒းမွာထား
ခဲ့တယ္ "

Casher မိန္းကေလး Hana
ေရာက္ရိွလာၿပီး Waiter ေကာင္ေလး
ကိုတျခားအလုပ္သြားလုပ္ေစရန္
ခိုင္းလိုက္သည္ ။ Taehyung သည္
ဆိုင္ကိုလာေန႔က်သူတစ္ဦးျဖစ္သည့္
အျပင္ Soekjin နဲ႔လည္း ရင္းနီွး
ကြၽမ္းဝင္တဲ့သူတစ္ဦးျဖစ္လို႔ Hana
လည္း Taehyung ကိုမ်က္မွန္းတန္းသိ
သည္ ။

" သူေ႒းက ဒီမနက္မွာ အေရးႀကီး
ကိစၥတစ္ခုရိွလို႔ ေန႔လည္ေလာက္မွ
ေရာက္ျဖစ္ပါ့မယ္ရွင္ "

" aww...ဟုတ္လား "

Soekjin မရိွဘူးဆိုတဲ့အသိက
စိတ္ကို ထိုင္းမိႈင္းေလးလံသြား
ေစမိသည္ ။

" ဒီက ဧည့္သည္အတြက္
သူေ႒းက မနက္စာစီစဥ္ေပးခဲ့ပါတယ္
ရွင့္ သံုးေဆာင္ခ်င္ပါရဲ႕လား "

" ဘယ္လို...ကြၽန္ေတာ့္အတြက္ "

" ဟုတ္ပါတယ္ရွင္...သူေ႒းက
မနက္ေစာေစာဆိုင္ကို တစ္ေခါက္
လာၿပီး ဒီကလူႀကီးမင္းအတြက္
ျပင္ဆင္ေပးသြားတာပါ "

" အင္း...ယူခဲ့ေလ
ကြၽန္ေတာ္စားပါ့မယ္ "

" ခဏေလးေစာင့္ေပးပါရွင္ Microwave
ေလးနဲ႔ေႏြးေပးပါ့မယ္ "

" ေတာ္ၿပီ မေႏြးနဲ႔ေနာ္
ဒီအတုုိင္းပဲယူခဲ့ေပး "

" ဟုတ္ကဲ့ရွင့္ "

အစကေတာ့ စိတ္ထဲထိုင္းမိႈင္းေနေပမယ့္
ခုေတာ့စိတ္ထဲေပ်ာ္မိသည္ ။ အေရးကိစၥ
ရိွလို႔ မျဖစ္မေနသြားရမွာကိုေတာင္
သူ႔အတြက္ မေမ့ေလ်ာ့ပဲ စီစဥ္ေပး
ခဲ့တာေၾကာင့္ ၾကည္ႏူးပီတိသည္
ရင္ထဲတလိႈက္လိႈက္တက္ကာ
တစ္ေယာက္ထဲထိုင္ေနရင္း
ၿပံဳးမိသည္အထိ ျဖစ္မိသည္ ။ သတိလက္
လြတ္ျဖစ္ၿပီး ၿပံဳးေနရင္းမွ သတိရကာ
ခ်က္ခ်င္းမ်က္ႏွာျပန္တည္ရျပန္သည္ ။

ကြၽန္ေတာ့္ဘဝမွာ သတိလက္လြတ္
ၿဖစ္ၿပီး ၿပံဳးဖူးတာ ဒီတစ္ႀကိမ္ထဲ
ရိွေသးမယ္ ထင္သည္ ။

ခဏအၾကာတြင္ Hanaကိုယ္တိုင္
Taehyung အတြက္ မနက္စာကို
လာခ်ေပးသည္ ။ သူစားဖူးသမ်ွမနက္
စာထဲတြင္ ဒီတစ္ႀကိမ္သည္ အရသာရိွဆံုး
နဲ႔ အေကာင္းဆံုးလို႔ေတာင္ ထင္မိသည္ ။
မနက္စာကေအးစက္ေနေပမယ့္
လွ်ာဖ်ားကေန ရင္ထဲထိ ေႏြးေထြးမႈ
ကို ခံစားရသည္ ။ စားေနရင္းသူကေလး
ဘဝတံုးက သူ႔အေမျပင္ေပးခဲ့တဲ့
မနက္စာကိုေတာင္ သတိရသြား
ျပန္သည္ ။

ေမေမသည္ မနက္ခင္းအလုပ္မသြား
ခင္လဲ အခုလိုမနက္စာေလးေတာ့
ျပင္ထားေပးခဲ့သည္ ။ ဒါေၾကာင့္
ကြၽန္ေတာ္နိုးလာတိုင္း ေမေမကို
မေတြ႕ေပမယ့္ ေမေမဂရုတစိုက္
ျပင္ေပးခဲ့တဲ့ မနက္စာက ကြၽန္ေတာ့္
ေႏြးေထြးေစျပန္သည္ ။

Soekjin ရယ္ဘာေတြမ်ားထည့္
ခ်က္လို႔ ဒီလိုခံစားေနရတာလဲ ...

~~~~~~~~~~~~~~~~~~~~~~~~

ေန႔လည္ဘက္အခ်ိန္တြင္ ဆိုင္ကို
Soekjin နဲ႔ Jimin ျပန္ေရာက္
လာသည္ ။ ဆိုင္ဝန္ထမ္းေတြက
ဘယ္သြားမွန္းမသိက်ေပမယ့္
ဝတ္စားထားပံုကိုၾကည့္ျခင္းျဖင့္
တစ္စံုတစ္ေယာက္ရဲ႕ ေသဆံုးျခင္း
ႏွစ္ပတ္လည္ကိုသြားေရာက္ျခင္း
ျဖစ္သည္ဟု သိရိွနိုင္သည္ ။ Jimin
ေလးကေတာ့ မ်က္ႏွာေလး ၿငိဳးငယ္
ေနေပမယ့္ Soekjin ကေတာ့
ပံုမွန္အတုိင္းပင္ ။ အႀကီးျဖစ္တာ
ေၾကာင့္လည္း ပိုၿပီးရင့္က်က္ေနတာ
ေၾကာင့္ျဖစ္လိမ့္မည္ ။

အဝတ္အစားလဲၿပီးျပန္ထြက္လာေတာ့
counter နားကိုသြားကာ ဆိုင္မွာ
သူမရိွတံုးအေျခအေနကိုေမးလိုက္
သည္ ။

" ဘာထူးေသးလဲ Hana "

" အရမ္းႀကီးေတာ့မရိွပါဘူး
သူေ႒း birthday cake order
ေလးပဲရိွတာပါ "

" Awww....အင္း
စာရင္းျပၾကည့္ "

Soekjin လည္း Hana ျပတဲ့
Order ေတြယူစစ္ေနရင္း

" Aww...သူေ႒း
ဟိုဧည့္သည္ မနက္ကလာသြား
ေသးတယ္ "

Hana စကားကိုၾကားသည္ႏွင့္
ခ်က္ခ်င္း စိတ္အာရံုဝင္စားတဲ့
ပံုစံနဲ႔ နားေထာင္ေတာ့သည္ ။

" ဟုတ္လား..ငါျပင္ေပးခဲ့တဲ့
မနက္စာပဲစားတာလား "

" ဟုတ္တယ္ သူေ႒း ...ၿပီးေတာ့
ဒီစာေလးလဲ ေပးသြားပါတယ္ "

Soekjin သည္ Hana ကမ္းေပး
ေသာ စာေခါက္ေလးကိုယူၿပီး
counter ေရွ႕ကေနထြက္လာ
လိုက္သည္ ။ စာကိုဖတ္ရန္Toilet
ထဲသြားကာ ဗိုလ္ထိုင္ကိုအဖံုးပိတ္ကာ
တက္ထိုင္ၿပီးမွ စာေခါက္ေလးအား
ျဖန္႔ၾကည့္မိသည္ ။

" ကြၽန္ေတာ့္အတြက္ မနက္စာကို
တခူးတကျပင္ေပးခဲ့လို႔ ေက်းဇူးတင္
ပါတယ္ Soekjin ေကာင္းေကာင္း
လည္းစားခဲ့ရပါတယ္ မနက္ျဖန္လဲ
လာခဲ့ပါအံုးမယ္ ေကာင္းေသာေန႔ေလး
ျဖစ္ပါေစ "

Taehyung ေပးခဲ့တဲ့စာေလးကို
အစအဆံုးဖတ္ကာ တယုတယျပန္
ေခါက္သိမ္းရင္ အက်ႌအိတ္ကပ္ထဲ
ထည့္မယ္ဟန္အျပင္တြင္

" ငါ...ငါဘာလို႔ဒီလိုေတြ
လုပ္မိေနတာလဲ "

အခုမွ သူ႔လုပ္ရပ္ေတြ သူျပန္စဥ္းစား
ကာေခါင္းေခ်ာက္ေနမိသည္ ။ အမွန္
ဆို Taehyung စာေပးခဲ့လို႔
ဖြင့္ဖတ္ရင္ေတာင္ လူေရွ႕သူေရွ႕
မွာပဲ သူဖြင့္ဖတ္သင့္သည္ ။
အခုလို အိမ္သာထဲလာၿပီး
ခိုးေၾကာင္ခိုးဝွက္ဖတ္ေနပံုက
မသိရင္ ရည္းစားစာဖတ္ေနသလိုနဲ႔
တူေနသည္ ။

( Korea မွာရည္းစားစာဆိုတာ
အထူးတလည္မရိွေပမယ့္ ဇာတ္လမ္း
အတြက္အဆင္ေျပေအာင္
ထည့္ေရးထားပါသည္ ။ )

စာကိုဖြင့္ဖတ္ကတည္းက ဖတ္ၿပီးလို႔
ေခါက္သိမ္းခ်ိန္အထိ သူ႔မ်က္ႏွာက
အၿပံဳးကို ဖ်က္လို႔မရေသး ။ စာကိုဖတ္
ၿပီးရင္ လႊတ္ပစ္ရမယ္ဆိုတာ သိေပမယ့္
သူလႊတ္မပစ္ရက္ အိတ္ထဲကိုထည့္သိမ္း
မိသည္အထိ ျဖစ္မိသည္ ။ သူလုပ္ေနက်
မဟုတ္တဲ့ လုပ္ရပ္ေတြေၾကာင့္ သူ႔ကိုယ္သူ
ရူးမ်ားသြားၿပီလားဟုေတာင္ ထင္မိသည္ ။

စာ႐ြက္ေလးအားေခါက္သိမ္းကာ
အိတ္ကပ္ထဲထည့္ၿပီး အျပင္ျပန္
ထြက္တဲ့အခါ

" အေမ...."

Jimin နဲ႔ပက္ပင္းေတြ႕ေသာေၾကာင့္
ႏွစ္ေယာက္လံုးလန္႔သြားေတာ့သည္ ။

" Hyung ရယ္ ကြၽန္ေတာ့္ကို
ေတြ႕တာ မသိရင္သူရဲေတြ႕တဲ့
အတိုင္းပဲ ဘာလို႔အဲေလာက္လန္႔
ေနတာလဲ "

" မင္းကလမ္းကိုဘယ္လို
ေလ်ွာက္လာမလဲမွမသိတာ "

" ဟာဗ်ာ...လမ္းကိုပံုမွန္အတိုင္း
မေလ်ွာက္လို႔ ဘယ္လိုႀကီးေလ်ွာက္လာ
ရမွာလဲ Hyung ကိုကအေတြးလြန္
ၿပီးလန္႔ေနတာ "

" ေအးပါကြာ...မင္းကဘာလာလုပ္တာလဲ "

" Hyung ဘာျဖစ္ေနတာလဲ
ေနေရာေကာင္းရဲ႕လား "

Jimin ရဲ႕ လက္ေသးေသးေလးေတြ
နဲ႔ နဖူးကိုစမ္းလိုက္ ၊ ပါးျပင္ေလးကို
စမ္းလိုက္နဲ႔ လိုက္စမ္းၾကည့္ေနသည္ ။

" ငါကဘာျဖစ္ရမွာတံုး "

" အဲဒါဆို ကြၽန္ေတာ့္ကိုဘာလာ
လုပ္တာလဲလို႔ေမးလဲ "

" အဲဒါနဲ႔ရူးတာ ဘာဆိုင္လို႔လဲ "

" အိမ္သာကိုလာတယ္ဆိုကတည္း
က တျခားဘာလုပ္စရာရိွလို႔လဲ
Hyung ရယ္ "

Jimin ေျပာမွာပဲ Soekjin
သူ႔စကားသူျပန္သတိထားမိသည္ ။
စကားမွားသြားမွန္းသိေတာ့မွ
ေခ်ာ္လဲေရာထိုင္ပံုစံလုပ္ကာ

" ေအးပါ...လုပ္စရာရိွတာလုပ္
သြားေတာ့မယ္ "

ေျပာၿပီးၿပီခ်င္းသူ႔ေရွ႕မွျမန္ျမန္
ထြက္သြားေသာ Soekjin
ကိုၾကည့္ၿပီး

" Hyung ဘာျဖစ္ေနမွန္း
မသိဘူး အမူအရာေတြက ပံုမွန္ကို
မဟုတ္ဖူး "

Soekjin လည္းဆိုင္ေရွ႕ျပန္ေရာက္ေတာ့
မွသက္ျပင္းခ်မိသည္ ။ သူ႔အျဖစ္က မသိရင္
သူခိုးလူမိသလို ရင္တထိတ္ထိတ္နဲ႔ရယ္ ။

" Soekjin..."

နာမည္ေခၚသံၾကားလို႔ လွမ္းၾကည့္လိုက္
ရာ counter နားက Hosoek
ကိုေတြ႕လိုက္ရသည္ ။

" Hosoek ေရာက္ေနတာ
ၾကာၿပီလား "

" သိပ္မၾကာေသးပါဘူး .."

" လာရင္းကိစၥက.."

" ညက်ရင္ club သြားက်မလားလို႔
အဲဒါမင္းကိုလာေခၚတာ ငါတစ္ေယာက္
တည္းလဲ ပ်င္းတယ္ "

" Club ကလူမ်ားတယ္ကြာ
အာရံုေနာက္တယ္ "

" မင္းအဲလိုမွေျပာပါ့ေျပာမလားလို႔
စိုးရိမ္ေနတာ ငါ့ေကာင္ေရ
မင္းအသက္က အခုမွ ၂၉ေနာ္
၆၉အဘိုးႀကီးပံုစံလုပ္မေနနဲ႔
လူငယ္ပဲကြာ ေပ်ာ္စမ္းပါ
မင္းလဲ ဆိုင္နဲ႔အိမ္ ၊ အိမ္နဲ႔ဆိုင္
လံုးပန္းေနရတာေလ မပ်င္းဘူးလား
အသစ္အဆန္းျဖစ္တာေပါ့ကြာ
သြားရေအာင္ ၿပီးေတာ့ Jimin
ေလးပါေခၚေလ အေဖာ္ရတာပဲ "

" လိုက္မယ္...လိုက္မယ္
Hosoek hyung "

ဘယ္အခ်ိန္ကတည္းေရာက္ေနမွန္း
မသိ ။Club သြားမယ္ဆိုေတာ့မွ
အသံကထြက္လာသည္ ။

" Hyung...သြားရေအာင္ေလ
ေနာ္ေနာ္ "

သိပ္ကိုတက္ႂကြေနတဲ့Jimin နဲ႔
Hosoek ကိုၾကည့္ၿပီး လက္ေျမႇာက္
ေပးရသူကေတာ့ Soekjinကိုယ္တိုုင္
ျဖစ္သည္ ။

" ေအးကြာ...သြားက်မယ္ "

" ေရးးး...."

ကေလးမဟုတ္ သူငယ္မဟုတ္တဲ့
ႀကီးေကာင္ေပါက္ႏွစ္ေယာက္ထေအာ္
တာကိုၾကည့္ၿပီး သူ႔မွာမ်က္ႏွာရိပ္
မ်က္ႏွာကဲလုပ္ျပရေသးသည္ ။
Hosoek ကအရင္ထဲက ေပ်ာ္ေပ်ာ္
ေနတတ္တဲ့သူဆိုေတာ့ လူငယ္ေတြနဲ႔
လည္းေပါင္းသင္းလို႔အဆင္ေျပသည္ ။
Soekjin ကေတာ့ ဒီည club မွာ
ထိုေမ်ာက္ေလာင္းႏွစ္ေကာင္ကို
ထိန္းရမွာေတာ့ ႀကိဳၿပီးျမင္ေယာင္
ေနေတာ့သည္ ။

~~~~~~~~~~~~~~~~~~~~~~

အရင္ကဆို Taehyung club
ကိုေရာက္လာတာနဲ႔ သူ႔ရံုးခန္းထဲမွာ
ပဲေနတတ္ေပမယ့္ ဒီေန႔ေတာ့လူက
မလန္းတာနဲ႔ သူ႔club ရဲ႕ bar မွာပဲ
စိတ္ေျပလက္ေပ်ာက္အရက္ေသာက္
ရန္ ထိုင္ေနသည္ ။ တစ္ေယာက္ထဲ
ေသာက္ရတာ ပ်င္းသည့္အတြက္
Jungkookကိုပါ ေခၚထားသည္ ။

" မင္းလူတစ္ေယာက္ရဲ႕
အေၾကာင္းကို စိတ္ထဲ
မၾကာမၾကာေတြးဖူးလား "

" ငါကဘယ္သူ႔ကိုေတြး
ရမွာတံုး ေတြးရင္ေတာင္အၿမဲ
ေတာ့မေတြးျဖစ္ဘူး တစ္ခါတစ္ေလ
ေပါ့ "

" ဘယ္လိုမ်ဴိးလဲ "

" အေၾကာင္းတိုက္ဆိုင္တဲ့အခါ
မ်ိဳးေပါ့ကြာ အဲလိုဆိုရင္မရည္႐ြယ္ပဲ
ေတြးမိသြားတာေလ "

" တိုက္ဆိုင္တာမ်ိဳးမဟုတ္ပဲ
အၿမဲေတြးေနတာမ်ိဳးေရာ
ျဖစ္ဖူးလား "

" No...မျဖစ္ဖူးဘူး "

Jungkookလည္းေျပာေျပာဆိုဆိုနဲ႔
အရက္တစ္ခြက္ကိုေမာ့ေသာက္ေနစဥ္

" မင္း အခ်စ္ကိုဘယ္လိုျမင္လဲ "

" ဖူး...."

Taehyung စကားေၾကာင့္
ေသာက္လက္စအရက္ေတာင္
ပါးစပ္ထဲျပန္ထြက္သည္အထိ
ျဖစ္သြားေတာ့သည္ ။

" F**k ....မင္းလုပ္တာ
ငါသီးသြားၿပီ "

" ငါဘာလုပ္လို႔လဲ Jungkook "

" ဟ...မင္းေမးလိုက္တဲ့ေမးခြန္း
ကထူးဆန္းလို႔ေလ ဘယ့္နဲ႔ကြာ
မင္းနဲ႔ငါ ေပါင္းလာတာ ၁၀ႏွစ္
ေက်ာ္ၿပီ မင္းပါးစပ္က အဲလိုမ်ိဴး
ေျပာတာတစ္ခါမွမၾကားဖူးတာ "

" ဘာထူးဆန္းလို႔လဲကြာ "

" မိန္းမေတြနဲ႔ ကင္းကင္းရွင္းရွင္း
ေနတဲ့ မင္းကဒီလိုႀကီးေျပာခ်ေတာ့
အံ့ၾသတာေပါ့ ဘာလဲ ဒီလိုေတြ
ေမးရေအာင္ မင္းမွာခ်စ္တဲ့သူ
ရိွေနလို႔လား "

" ငါကလဲ မင္းကအဲလိုေနရာေတြမွာ
အေတြ႕အႀကံဳရိွလို႔ေမးၾကည့္တာေလ
ငါသူ႔ကိုခ်စ္လား မခ်စ္လား
ဆိုတာေတာ့ ကိုယ့္ကိုကိုယ္လည္း
ေသခ်ာမသ္ိေသးဘူး ဒါေပမဲ့ ငါသိတာ
တစ္ခုကေတာ့ သူ႔အေၾကာင္းကိုအၿမဲ
ေတြးေနမိတယ္ သူ႔ကိုအၿမဲေတြ႕ခ်င္တယ္ "

" ေဟ့ေကာင္..Drama လုပ္မေနနဲ႔
သေဘာက်ရင္ က်တယ္ဖြင့္ေျပာေပါ့ကြာ
ဘာခက္တာမွတ္လို႔ "

" အေျခအေနကမင္းေျပာသလို
မရိုးဆင္းဘူး Jungkook "

" ဘာလဲ ..မင္းသေဘာက်ေနတဲ့
မိန္းကေလးက သမၼတသမီးမို႔လို႔လား "

Jungkookလည္းအရက္ခြက္ထဲ
သို႔အရက္ငဲွ႔ရင္းေမးလိုက္သည္ ။

" မဟုတ္ပါဘူးကြာ "

" ဒါဆိုလဲ ဘာလို႔အဲေလာက္ခက္ခဲ
ေနတာလဲကြာ "

Jungkook လည္းအရက္ကို
ေနာက္တစ္ႀကိမ္ေမာ့ေသာက္လိုက္
ေတာ့သည္ ။

" ငါသေဘာက်ေနတာ သူက
မိန္းကေလးမဟုတ္ဘူး "

" ထီြးးးးး...အဟြတ္..အဟြတ္ "

Jungkook ထပ္သီးကာ
ကံုးကံုးကြကြေခ်ာင္းဆိုးရတဲ့
အျဖစ္ကိုေရာက္ရိွသြားေတာ့သည္ ။

" ရလား Jungkook "

" အဟြတ္...အဟြတ္
ေသာက္က်ဳိးေတြနည္းကုန္ၿပီကြာ
အဟြတ္.. အဟြတ္..."

" ဘာကိုလဲ "

" မင္းတကယ္ေျပာေနတာလား "

" ဘာကိုလဲ "

" ဟာကြာ...မင္းသေဘာက်ေနတာ
မိန္းကေလးမဟုတ္ဘူးဆိုေတာ့
ေယာက်ာ္းေလးတစ္ေယာက္လား "

" အင္း...ဆိုပါေတာ့ "

" မင္း...gayမ်ားေနလား "

" ဟိတ္ေကာင္...ႀကိဳက္ေနတဲေနရာ
ကစမ္း gay မဟုတ္ဘူး သေဘာက်
တာနဲ႔ပဲ gay ေရာလားကြာ "

" ဒါဆို မင္းသေဘာက်သူက
gay လား "

" မင္းပါးစပ္ထဲတစ္ခုခု
ထိုးထည့္မိေတာ့မယ္
သူလဲ ေယာက်ာ္း ငါလဲ
ေယာက်ာ္းပဲ သူကငါ့ထက္ေတာင္
ပိုၿပီးတည္ၿငိမ္ေသးတယ္
ပိုၿပီး ခံ့ညားတယ္ ပိုၿပီး
ေယာက်ာ္းပီသတယ္ ပိုၿပီး.."

" ကဲကဲ...မင္းရဲ႕ပိုၿပီးေတြထားအံုး
မင္းေရာ သူေရာ gayမဟုတ္ဘူးလား "

" မင္းကိုေတာ့ထလုပ္မိေတာ့မယ္ "

" ငါမသိလို႔ေမးၾကည့္တာပါကြာ
မင္းကသေဘာက်တယ္ဆိုေတာ့
သူကေရာ ဘယ္လိုအေျခအေနရိွလဲ "

" သူက လူတိုင္းကိုေဖာ္ေ႐ြတတ္တဲ့သူေလ
အဲဒီေတာ့ ငါ့အေပၚသူရဲ႕သေဘာထား
ကိုငါမခန္႔မွန္းတတ္ေသးဘူး "

" မင္းအျဖစ္ကလဲကြာ...မိန္းကေလး
ျဖစ္ေနရင္ေတာင္ ဖြင့္ေျပာလို႔ရေသး
တယ္ ခုဟာက...မဟုတ္ေသးပါဘူး "

" ငါ့ကိုယ္္ငါလည္း နားမလည္နိုင္
ေသးဘူး ေယာက်ာ္းတစ္ေယာက္ကို
ခုလိုစိတ္မ်ိဳးျဖစ္ဖို႔ဆိုတာ အိပ္မက္ထဲ
ေတာင္မမက္ဖူးဘူး ငါသူ႔ကိုသေဘာက်
ေနတာလား ခ်စ္ေနတာလားလဲ
ေသခ်ာမေျပာတတ္ေသးဘူး "

" မင္းသူ႔ကို ဖြင့္မေျပာရဲဘူးဆိုရင္
ေတာ့ ခ်စ္ဖို႔ေတာ့မစဥ္းစားနဲ႔
မင္းအတြက္မေကာင္းဘူး
သူ႔အတြက္လည္းမေကာင္းဘူး "

" မင္းေျပာတာလဲဟုတ္တယ္
မေတာ္လို႔ဖြင့္ေျပာၿပီးမွ သူ
စိတ္ဆိုးသြားရင္ ရိွေနတဲ့ မိတ္ေဆြ
ျဖစ္ခြင့္ေတာင္ ပ်က္သြားမွာစိုးတယ္ "

" မင္းမ်က္ႏွာ စိုးရိမ္မႈေတြ
ပူပန္မႈေတြျမင္ရတာ ဒါပထမဆံုး
အႀကိမ္ပဲ Taehyung "

" ဟူး....ဘယ္လိုဆက္ျဖစ္
မလဲဆိုတာေတာ့ ငါလဲ
မေျပာတတ္ေသးဘူး မင္းေရာ
ငါေယာက်ာ္းခ်င္းစိတ္ဝင္စား
တယ္ဆိုေတာ့ စိတ္မပ်က္ဘူးလား "

" ဘာလို႔ပ်က္ရမွာလဲ မင္းကသူ႔ကို
ႀကိဳက္တာေလ ငါ့ႀကိဳက္တာမွ
မဟုတ္တာ "

" aww..မင္းကိုႀကိဳက္ရင္ေတာ့
စိတ္ပ်က္မယ္ေပါ့ "

" ေတာ္စမ္းပါကြာ ..ငါမွ
မင္းလိုမဟုတ္တာ ငါမိန္းကေလးပဲ
စိတ္ဝင္တာ "

" ဟုတ္ပါၿပီကြာ ..."

" မင္းသေဘာက်တဲ့သူဆိုတာလဲ
ငါ့ကိုလိုက္ျပအံုး မိန္းမေတြကို
သေဘာမက်တဲ့ေကာင္က သူ႔ကို
သေဘာက်တယ္ဆိုေတာ့ ဘယ္လို
လဲဆိုတာေတာ့သိခ်င္တယ္ "

" သူ႔မွာ အစိတ္အပိုင္းတစ္ခု
ခ်င္းဆီကအစ လွတယ္
မိန္းမေတြထက္ေတာင္ပိုလွတယ္
အဲလိုအလွေတြ ေပါင္းစပ္လိုက္
ေတာ့လည္း မိန္းမဆန္လားဆို
ေတာ့လည္း မဟုတ္ျပန္ဘူး
ေယာက်ာ္းဆန္ဆန္နဲ႔ ၾကည့္ေကာင္းတယ္ "

" အဲေလာက္ေတာင္ ေျပာေနမွေပါ့
ငါလိုက္ၾကည့္ရမွာေပါ့ "

" အစ္ကိုေလး...အစ္ကိုေလး "

" ဘာျဖစ္တာလဲ "

Taehyung တို႔စကားေျပာေနရင္း
Waiter တစ္ေယာက္ေရာက္လာ
ေတာ့သည္ ။

" ေအာက္မွာအုပ္စုလိုက္ရန္ျဖစ္ေနတယ္ "

" ဘာ..."

Taehyung ရဲ႕ club သည္ သံုးထပ္
ရိွသည္ ။ ေအာက္ဆံုးတြင္ dance floor
နဲ႔ Bar ရိွသည္ ။ ဒုတိယထပ္တြင္ ထိုင္ခံု
မ်ားရိွၿပီး မကခ်င္သူမ်ားေအးေဆးေန
လို႔ရသည္ ။ တတိယထပ္ကေတာ့
အသံအလံုပိတ္အခန္းျဖစ္သည္ ။
သီခ်င္းသံေတြ လူေတြမရိွပဲ ေအးေအး
ေဆးေဆးေနခ်င္သူေတြအတြက္
လုပ္ေပးထားခ်င္းျဖစ္သည္ ။
Taehyung နဲ႔ Jungkook
က တတိယထပ္တြင္စကားေျပာရင္း
ရန္ျဖစ္တယ္သိရေတာ့ ေအာက္ထပ္
ကိုေျပးလာရေတာ့သည္ ။ သူနဲ႔မဆိုင္
ေပမယ့္လည္း သူပိုင္တဲ့ Club မွာဆို
ေတာ့ တစ္ခုခုျဖစ္သြားရင္ သူ႔အတြက္ေရာ
သူ႔club အတြက္ေရာ မေကာင္းတာ
မို႔ ရန္ပဲြကိုေဖ်ာက္ရန္ ဆင္းလာရေတာ့သည္ ။

Dance Floor ကို ေရာက္လာ
သည့္အခ်ိန္တြင္ သံုးေယာက္
တစ္ေယာက္ ဖဲ့ေနတာကိုျမင္
လိုက္ရေတာ့သည္ ။ ေနာက္ေက်ာကေန
ၾကည့္ေနတာ ရင္းနီွးေနသလိုခံစား
ရတာမို႔ သူခဏရပ္ၾကည့္ေနမိသည္ ။

" Soekjin..."

သံုးေယာက္ တစ္ေယာက္ဖဲ့ေနသူက
Soekjin ပင္ ။ က်န္တဲ့သူ သံုး
ေယာက္ကို Soekjin တစ္ေယာက္
တည္းေကြၽးေနသည္ ။ Taehyung
ကလည္း ကိုယ္ခံပညာတတ္သူမို႔လို႔
Soekjin ပံုစံကိုၾကည့္တာနဲ႔
မေခဘူးဆို သိလိုက္ရသည္ ။
ထိုအခ်ိန္ လူသံုးေယာက္ထဲမွ
တစ္ေယာက္သည္ ခါးၾကားထဲပ
ဓားကိုထုတ္ေနတာ Taehyung
ေတြ႕လိုက္ရသည္ ။ ထိုလူသည္
ဓားကိုထုတ္ၿပီး Soekjin ရဲ႕
ေနာက္ေက်ာကိုထိုးဖို႔ ဟန္အျပင္တြင္
Taehyung အျမန္ေရာက္လာကာ
ဓားကိုဖမ္းကိုင္လိုက္သည္ ။

Soekjin သူ႔ဆီကိုတစ္ေယာက္
ေယာက္က လာတာသိလို႔လွည့္ၾကည့္
ခ်ိန္တြင္ ဓားကသူ႔ဆီတန္းတန္းႀကီး
ေရာက္လာသည္ ။ ဓားကိုခုခံဖို႔ဟန္
အျပင္တြင္ လူတစ္ေယာက္သည္
သူ႔ေရွ႕မွ ကာရပ္ကာ ဓားကိုဖမ္းကိုင္
လိုက္သည္ ။

" Taehyung..."

အနားကပ္ၾကည့္လိုက္ေတာ့မွ
Taehyungျဖစ္ေနတာကို
သိလို္က္ေတာ့သည္ ။ ဒီလိုအခ်ိန္
ဒီလိုေနရာနဲ႔ ဒီလိုအေျခအေနမ်ိဳးမွာ
ေတြ႕မယ္လို႔ေတာ့ စိတ္ထဲမေတြးမိပါ ။

" အား "

Taehyung သည္ Soekjin
ေခၚသံေၾကာင့္ လွည့္ၾကည့္လိုက္ရာ
အေရွ႕တြင္ အာရံုနည္းနည္းလြတ္သြား
သည့္အခါတြင္ ထိုလူက ဓားကို
ေစာင့္ဆဲြကာ ကန္႔လန္႔ျဖတ္ပိုင္း
လိုက္သည္ ။ Taehyung ျမန္ျမန္
ေရွာင္လိုက္ေပမယ့္ လက္ေမာင္းကို
ရွက္ထိသြားေတာ့သည္ ။

ထိုအခ်ိန္ Jungkook ပါဝင္လာ
ရေတာ့သည္ ။ Taehyung ကို
ထိုးလိုက္တဲ့ ဓားသမားကို ေနာက္
သို႔ေစာင့္ကန္လိုက္ေတာ့ ထုိလူ
လႊင့္ထြက္သြားေတာ့သည္ ။
ဝန္ထမ္းေတြလည္း Taehyung
ထိခိုက္သြားတာသိရေတာ့ အကုန္လံုး
ဝင္ဆဲြေတာ့သည္ ။ အဲဒီေတာ့မွ ရန္ပဲြလည္း
ၿငိမ္က်သြားေတာ့သည္ ။

" Taehyung...ရရဲ႕လား "

" ရတယ္ ဘာမွမျဖစ္ဘူး
Soekjin ေရာဘာျဖစ္သြားေသးလဲ "

" ကြၽန္ေတာ္ကဘာျဖစ္ရမွာတံုး
လက္မွာဒဏ္ရာႀကီးနဲ႔  တစ္ခုခုလုပ္
မွျဖစ္မွာေပါ့ "

" Soekjin ကတစ္ေယာက္ထဲလား "

" မဟုတ္ဘူး ကြၽန္ေတာ့္ညီနဲ႔သူငယ္
ခ်င္းပါတယ္ ဟိုမွာ "

Taehyung ၾကည့္လိုက္ေတာ့
bar counter နားကၾကမ္းျပင္
ေပၚတြင္ Jimin ေရာ Hosoek
ေရာ လဲက်ေနသည္ကိုေတြ႕လိုက္ရသည္ ။

" ဘယ္လိုျဖစ္တာလဲ..."

" ေနာက္မွေအးေဆးရွင္းျပမယ္ေနာ္
ခုေတာ့လုပ္စရာရိွတာေတြလုပ္ရအံုးမယ္ "

" ကြၽန္ေတာ့္ကိုစိတ္မပူပါနဲ႔ ရပါတယ္ "

" စိတ္မပူလို႔ရမလား ဒီေလာက္
ျဖစ္ေနတာကို ခဏေလးကြၽန္ေတာ္
ဟိုႏွစ္ေယာက္ကို ျပန္ပို႔ၿပီး
ျပန္လာခဲ့မယ္ "

" ရပါတယ္ Soekjin ျပန္မလာ
ပါနဲ႔ ပင္ပန္းပါတယ္ သူတို႔ကိုသာ
ျပန္ပို႔လိုက္ပါ  "

" ကြၽန္ေတာ့္စကားကို နားေထာင္
အထြန္႔မတတ္နဲ႔ "

" ဗ်ာ..."

သူတစ္ခ်က္လႊတ္အာဏာာ သံုးေတာ့
လည္း ကြၽန္ေတာ္မရုန္းနိုင္ပဲၿငိမ္
ေနမိသည္ ။

" အဲဆိုလည္း ကြၽန္ေတာ့္သူငယ္
ခ်င္းကိုလိုက္ပို႔ခိုင္းလိုက္မယ္
Soekjin ကကြၽန္ေတာ့္ကို
စိတ္မခ်ဘူးမလား "

" အင္း..အဲဒါလည္းမဆိုးပါဘူး
ဘယ္မွာလဲ Taehyung
သူငယ္ခ်င္းက "

" Jungkook တစ္ခုေလာက္
ကူညီပါလား "

" ဘာလဲေျပာေလ "

" ဟိုႏွစ္ေယာက္ကိုသူတို႔အိမ္
လိုက္ပို႔ေပးလိုက္ပါလား "

" ဟမ္...အမူးသမားႏွစ္ေယာက္
ကိုငါကအိမ္လိုက္ပို႔ရမယ္ "

" စကားေျပာတာၾကည့္ေျပာ
ုသူတို႔မူးေနတာအရက္ေသာက္လို႔
မဟုတ္ဘူး ဟိုေကာင္ေတြေဆးခတ္
လိုက္လို႔ "

" ကူညီေပးလိုက္ပါ Jungkook
ရာ သူကလဲငါ့ကိုထားခဲ့ဖို႔စိတ္မခ်ဘူး
သူ႔ညီနဲ႔သူငယ္ခ်င္းကိုလည္းစိတ္မခ်
ဘူးဆိုေတာ့ မင္းပဲအိမ္လိုက္ပို႔
ေပးလိုက္ပါေနာ္ "

" ဘယ္မွာလဲ "

" ဟိုမွာ "

Taehyung ၫႊန္ျပရာကိုၾကည့္
လိုက္ေတာ့

" ဟို..အသက္မျပည့္တဲ့ေကာင္ေလး "

Jungkook သည္ Jimin ကို
ျမင္တာနဲ႔ ခ်က္ခ်င္းမွတ္မိသည္ ။
ဒီအရပ္နဲ႔ဒီsize ကိုမမွတ္မိစရာ
အေၾကာင္းမရိွပါ ။

" ေကာင္းၿပီေလ ငါလိုက္ပို႔လိုက္မယ္
လိပ္စာေျပာ "

" Soekjin လိပ္စာေျပာလိုက္ေလ "

Soekjin လည္း Jungkook
ကို အိ္မ္လိပ္စာနဲ႔ တံခါး Passward
ေျပာျပလိုက္ေတာ့သည္ ။

" အင္း ပို႔ေပးလိုက္မယ္
မင္းဝန္ထမ္းေကာင္ေလးတစ္ေယာက္
ေခၚသြားမယ္ ငါလဲတစ္ေယာက္တည္း
ေတာ့ ႏွစ္ေယာက္လံုးမနိုင္ဘူး "

" ေအးေအးေခၚသြားေလ "

ဝန္ထမ္းေကာင္ေလးကေတာ့ Hosoek
ကိုကူတဲြေပးၿပီး Jungkook
ကေတာ့ Jimin ကိုကူတဲြေပးသည္ ။
ကားနားကိုေလ်ွာက္လာရင္း
သူ႔ေဘးတြင္ Jimin ကိုထား
လိုက္ေတာ့သည္ ။

" အသက္မျပည့္ပဲ Clubလာတာကို
အခုေတာ့ျဖစ္ၿပီေပါ့ "

ဒီကားေပၚမွာေတာ့ ဒီကေလးနဲ႔
ႏွစ္ပါးသြားရအံုးေတာ့မယ္ ။

Soekjin နဲ႔ Taehyung တို႔
ရံူးခန္းထဲမွာရိွေနက်သည္ ။ Taehyung
လက္ေမာင္း ဒဏ္ရာကို Soekjin
ကိုယ္တိုင္ေဆးထည့္ေပးေနသည္ ။

" ေဆးခန္းသြားပါမယ္ဆိုမွ
မသြားဘူးပဲ ဇြတ္ေျပာေနတယ္
Taehyung  ဟိုကဓားနဲ႔
ထိုးလိုက္တာေနာ္ အပ္နဲ႔ေပါက္တယ္
ထင္မေနနဲ႔ ေမးခိုင္ပိုးဝင္ရင္
ဘယ္လိုလုပ္မလဲ "

" ဒဏ္ရာက အေပၚယံေလးတင္
ထိသြားတာမို႔လို႔ပါ ၿပီးေတာ့ ကြၽန္ေတာ္
ေဆးရံူေဆးခန္းေတြ တစ္ေယာက္တည္း
မသြားခ်င္ဘူး "

" မသြားခ်င္လဲ ကာကြယ္ေဆးေတာ့
ထိုးသင့္တယ္ေလ တစ္ေယာက္တည္း
မသြားခ်င္လဲ မနက္ျဖန္ကြၽန္ေတာ္
လိုက္ပို႔ေပးမယ္ ဒီဒဏ္ရာကကြၽန္ေတာ့္
ေၾကာင့္ျဖစ္တာေလ ကြၽန္ေတာ္ဒီေလာက္
ေတာ့ျပန္လုပ္ေပးခ်င္တယ္ "

" Soekjin သေဘာပါဗ်ာ
ဒါနဲ႔ဘယ္အခ်ိန္သြားမလဲ "

" မနက္စာစားၿပီးတာနဲ႔သြားက်
မယ္ေလ "

" မနက္စာဆိုလို႔ မနက္ကဘယ္
သြားေနတာလဲ Soekjin "

" Aww..ကြၽန္ေတာ့္အေမ ၃ႏွစ္ျပည့္ေလ
အဲဒါေၾကာင့္ အေမ့အုတ္ဂူေလးကို
အမွတ္တရသြားတာ "

" Sorry ေနာ္ ..."

" ရပါတယ္ Taehyung
ကြၽန္ေတာ္ဘာမွမျဖစ္ပါဘူး "

" ကြၽန္ေတာ္ေပးလိုက္တဲ့
စာေလးကိုဖတ္ရလား "

" အင္းဖတ္ရပါတယ္ ..."

" ေနာက္ဆိုတစ္ေယာက္နဲ႔တစ္ေယာက္
ဆက္သြယ္လို႔လြယ္ေအာင္ ဖုန္းနံပါတ္
ေတြေပးထားက်ပါမလား"

" အင္း...ဟုတ္သားပဲ "

Soekjin လည္း Taehyung
ဒဏ္ရာကိုေဆးထည့္ေပးၿပီးပတ္တီး
စည္းေပးလိုက္ေတာ့သည္ ။

" ကဲ ...ၿပီးသြားၿပီ
အိပ္ခါနီးက်ရင္ အေရာင္က်ေဆး
ေသာက္အိပ္လိုက္ေနာ္ "

" ေက်းဇူးတင္ပါတယ္ Soekjin "

" အင္း ဒါဆိုကြၽန္ေတာ္ျပန္ေတာ့
မယ္ Taehyung "

" ကြၽန္ေတာ္လိုက္ပို႔ေပးမယ္ေလ "

" မလုပ္ပါနဲ႔...ဒဏ္ရာနဲ႔ဆိုေတာ့
နားေနပါ ကြၽန္ေတာ့္မလဲကားပါ
လာတယ္ "

" ဒါဆိုလည္း Car parking
နားထိလိုက္ပို႔ေပးမယ္ေလ "

" Taehyung ကေတာ့ ဇြတ္ပါပဲဗ်ာ
လိုက္ပို႔ေလ car parking ထိပဲေနာ္ "

" ေကာင္းပါၿပီ..."

Taehyung သည္ Soekjin
ကို Car Parking နားထိလိုက္ပို႔
ေပးလိုက္သည္ ။

" ကြၽန္ေတာ္ျပန္ေတာ့မယ္ေနာ္
Taehyung "

" ဟုတ္ကဲ့ ...ကားကိုဂရုစိုက္ေမာင္းပါေနာ္ "

" ေကာင္းပါၿပီ..."

Soekjin ကားေပၚတက္ကာကား
ေမာင္းထြက္သြားသည္အထိ
Taehyung ၾကည့္ေနမိသည္ ။
ေတြ႕ဆံုးျခင္းဆိုတဲ့အသိက ႏူးညံ့သေလာက္
ခဲြခြာျခင္းဆိုတဲ့အသိက အက်ည္းတန္လွသည္။

သူနဲ႔ရိွေနရင္ေပ်ာ္ၿပီး သူနဲ႔ခဲြသြားရင္
ဝမ္းနည္းတာ ဘာလို႔လဲ ...
.
.
.
.
.
.

ည ၁၂ နာရီေလာက္က်ေတာ့ Taehyung
သူ႔ အိမ္ကိုျပန္ေရာက္လာေတာ့သည္ ။
အိမ္ကိုေရာက္ေတာ့ မွန္ေရွ႕တြင္
အက်ႌလဲရင္း လက္ေမာင္းတြင္
Soekjin ကိုယ္တိုင္ စည္းေပး
လိုက္ေတာ့ ပတ္တီးေလးကိုကိုင္
ၾကည့္ၿပီး ၾကည္ႏူးမႈေတြသည္
ရင္အစံုကိုေအးခ်မ္းေစျပန္ပါသည္ ။

အိပ္ေတာ့မယ္ဆိုၿပီး အိပ္ယာေပၚ
လဲွေလ်ာင္းလိုက္စဥ္  ညအိပ္မီးတင္
ထားတဲ့ စားပဲြေပၚကဖုန္းက Message
ဝင္သံၾကားလိုက္ရသည္ ။ အမွန္ဆို
ဒီအခ်ိန္ႀကီး စာတိုေရာက္ေလ့မရိွေပ
မယ့္အခုလိုဝင္လာေတာ့ အထူးတဆန္း
ဖြင့္ၾကည့္မိသည္ ။

" ဟင္..."

Screen ဖြင့္ဖြင့္ခ်င္းမွာ Message
ေပးပို႔သူကSoekjin ဆိုတာ
သိလိုက္ရေတာ့ လူကခ်က္ခ်င္းထထိုင္
မိသည္ ။ Screen ဖြင့္ၿပီး message
ထဲအျမန္ဝင္ၾကည့္လိုက္မိသည္ ။

" အိပ္ၿပီလား Taehyung
လက္က သက္သာရဲ႕လား "

လ်ွင္ျမန္ေသာ Typing ႏုွန္းျဖင့္
စာျပန္ပို႔လိုက္ေတာ့သည္ ။

" သက္သာပါတယ္ Soekjin "

" ဟုတ္ကဲ့ ဒါဆို Goodnightပါ "

" အိပ္မက္လွလွမက္ပါေစ Soekjin
မနက္ျဖန္ေတြ႕က်မယ္ "

Soekjin စာျပန္မပို႔ေတာ့တာေၾကာင့္
Taehyung လဲၿငိမ္ေနလိုက္
ေတာ့သည္ ။ Taehyungလည္း
ဖုန္းကို လက္ႏွစ္ဖက္ျဖင့္ညႇင္သာစြာ
ကိုင္ကာ ရင္ဘတ္ေပၚတင္းရင္း
အိပ္ေပ်ာ္သြားေတာ့သည္ ။

သူ႔ရဲ႕ Goodnight ဆိုတဲ့
စကားက ကြၽန္ေတာ့္အတြက္
အေကာင္းဆံုး အိပ္ေဆးပါပဲ  ...

=========================

ဖတ္ေပးတဲ့သူတစ္ဦးခ်င္းဆီကို
ေက်းဇူးတင္ပါတယ္

ေပ်ာ္႐ႊင္ပါေစ
ခ်စ္ျခင္းေမတၱာျဖင့္
Meitaejin 💜

#####################

Unicode

Taehyung သည် Soekjin ရဲ့
coffee ဆိုင်လေးကို နေ့တိုင်းလိုလို
လာဖြစ်သည် ။Taehyung ကလည်း သူ့ရဲ့မနက်ခင်းအချိန်ခဏတာကို
Soekjin ဆိုင်လေးတွင် ကုန်ဆုံးလေ့ရှိသည် ။ နေ့တိုင်းလိုလိုသူတို့နှစ်ယောက်တွေ့ဖြစ်ကျ
သော်လည်း နှစ်ယောက်ပြောဆိုဆံဆက်
ရေးသည် ခုချိန်ထိကို အားနာမှုတွေ ၊
ရှိုးတိုးရှန်းတန်းဖြစ်ခြင်းတွေ
ရှိနေသေးသည် ။ အမှန်ဆို ယောကျာ်းလေး
တွေသည် မိန်းကလေးတွေထက် ပိုပြီး
ပွင့်လင်းသောကြောင့် မိတ်ဆွေဖြစ်
လွယ်သည် ။ တစ်ပတ်လောက်ပြောဆို
ဆက်ဆံရုံနဲ့ တကယ့်သူငယ်ချင်းငယ်ပေါင်း
တွေလိုမျိုး ခံစားမှုရရှိစေသည် ။

သူတို့နှစ်ယောက်ကျတော့ ထိုသို့မဟုတ် ။
သိကျွမ်းလာတာ တစ်လကျော်ကျော်
ရှိသည့်အပြင် စကားလဲနေ့တိုင်းပြော
ဖြစ်ကျသည် ။ ဒါပေမဲ့ သူတို့နှစ်ယောက်
စလုံး တကယ့်သူငယ်ချင်းတွေလို
မခံစားရတာတော့အမှန်ပင် ။
တကယ်ချင်းတွေလိုမခံစားရပေမယ့်
လည်း Taehyung သည် မနက်မိုး
လင်းတာနဲ့ Soekjin ပြင်ပေးတဲ့
မနက်စာကို တောင်းတမိသည် ။
ထို့အတူ Soekjin ကလည်း
ဆိုင်ဖွင့်သည်နှင့် သူပြင်ပေးမယ့်
မနက်စာကို အားပါးတရစားပေးမယ့်
Taehyung ကိုမျှော်နေတတ်သည် ။
ကွယ်ရာမှာ ထင်တာထက် ပိုရင်းနှီးပေမယ့်
ရှေ့မှာဆိုရင် သိပ်မရင်းနှီးဖူးလို့ခံစားရတဲ့
အကြောင်းအရင်းကိုတော့ နှစ်ယောက်လုံး
ဒီနေ့ထိ စဉ်းစားမရ ။

ဒီနေ့လည်း Taehyung စိတ်ဆန္ဒ
အတိုင်း Soekjin ရဲ့ coffee ဆိုင်
ကိုရောက်လာပြန်သည် ။ သူဆိုင်ထဲကို
ဝင်သွားပေမယ့် Soekjin ရဲ့အရိပ်
အယောင်ကိုမတွေ့မိပါ ။ အရင်ကဆို
သူဆိုင်ထဲဝင်သည်နှင့် Soekjin
သည် အေးချမ်းသောအပြုံးနှင့်ခရီးဦး
ကြိုပြုစမြဲ ။ ဒီနေ့ကျတော့ အပြုံးရော ၊
လူကိုပါ မတွေ့မိပါ ။ ဆိုင်ထဲကိုဝေ့ဝိုက်ပြီး
ရှာသော်လည်းအရိပ်အယောင်ပင်
မတွေ့ ။ စိတ်ထဲတွင်တော့ kitchen
Room ထဲမှာရှိနေလိမ့်မည်ဟု
ထင်ကာ ထိုင်နေကျဖြစ်တဲ့ ထောင့်ကျတဲ့
စားပွဲဝိုင်းလေးတွေ ဝင်ကာထိုင်လိုက်
တော့သည် ။

ထိုအချိန် Waiter ကောင်လေးလဲ
Taehyung အနားကိုရောက်ရှိ
လာကာ

" ဘာသုံးမလဲ ဧည့်သည် "

" Kim Soekjin မရှိဘူးလားဟင် "

" မရှိပါဘူး ...ဒီနေ့နေ့လည်ဘက်
လောက်မှဆိုင်ကိုလာဖြစ်မယ်လို့
လဲပြောပါတယ် "

" Aww...ဟုတ်လား "

" သွား...တခြားလုပ်စရာရှိတာ
သွားလုပ်လေ ငါ့ကိုသူဋ္ဌေးမှာထား
ခဲ့တယ် "

Casher မိန်းကလေး Hana
ရောက်ရှိလာပြီး Waiter ကောင်လေး
ကိုတခြားအလုပ်သွားလုပ်စေရန်
ခိုင်းလိုက်သည် ။ Taehyung သည်
ဆိုင်ကိုလာနေ့ကျသူတစ်ဦးဖြစ်သည့်
အပြင် Soekjin နဲ့လည်း ရင်းနှီး
ကျွမ်းဝင်တဲ့သူတစ်ဦးဖြစ်လို့ Hana
လည်း Taehyung ကိုမျက်မှန်းတန်းသိ
သည် ။

" သူဋ္ဌေးက ဒီမနက်မှာ အရေးကြီး
ကိစ္စတစ်ခုရှိလို့ နေ့လည်လောက်မှ
ရောက်ဖြစ်ပါ့မယ်ရှင် "

" aww...ဟုတ်လား "

Soekjin မရှိဘူးဆိုတဲ့အသိက
စိတ်ကို ထိုင်းမှိုင်းလေးလံသွား
စေမိသည် ။

" ဒီက ဧည့်သည်အတွက်
သူဋ္ဌေးက မနက်စာစီစဉ်ပေးခဲ့ပါတယ်
ရှင့် သုံးဆောင်ချင်ပါရဲ့လား "

" ဘယ်လို...ကျွန်တော့်အတွက် "

" ဟုတ်ပါတယ်ရှင်...သူဋ္ဌေးက
မနက်စောစောဆိုင်ကို တစ်ခေါက်
လာပြီး ဒီကလူကြီးမင်းအတွက်
ပြင်ဆင်ပေးသွားတာပါ "

" အင်း...ယူခဲ့လေ
ကျွန်တော်စားပါ့မယ် "

" ခဏလေးစောင့်ပေးပါရှင် Microwave
လေးနဲ့နွေးပေးပါ့မယ် "

" တော်ပြီ မနွေးနဲ့နော်
ဒီအတုိုင်းပဲယူခဲ့ပေး "

" ဟုတ်ကဲ့ရှင့် "

အစကတော့ စိတ်ထဲထိုင်းမှိုင်းနေပေမယ့်
ခုတော့စိတ်ထဲပျော်မိသည် ။ အရေးကိစ္စ
ရှိလို့ မဖြစ်မနေသွားရမှာကိုတောင်
သူ့အတွက် မမေ့လျော့ပဲ စီစဉ်ပေး
ခဲ့တာကြောင့် ကြည်နူးပီတိသည်
ရင်ထဲတလှိုက်လှိုက်တက်ကာ
တစ်ယောက်ထဲထိုင်နေရင်း
ပြုံးမိသည်အထိ ဖြစ်မိသည် ။ သတိလက်
လွတ်ဖြစ်ပြီး ပြုံးနေရင်းမှ သတိရကာ
ချက်ချင်းမျက်နှာပြန်တည်ရပြန်သည် ။

ကျွန်တော့်ဘဝမှာ သတိလက်လွတ်
ဖြစ်ပြီး ပြုံးဖူးတာ ဒီတစ်ကြိမ်ထဲ
ရှိသေးမယ် ထင်သည် ။

ခဏအကြာတွင် Hanaကိုယ်တိုင်
Taehyung အတွက် မနက်စာကို
လာချပေးသည် ။ သူစားဖူးသမျှမနက်
စာထဲတွင် ဒီတစ်ကြိမ်သည် အရသာရှိဆုံး
နဲ့ အကောင်းဆုံးလို့တောင် ထင်မိသည် ။
မနက်စာကအေးစက်နေပေမယ့်
လျှာဖျားကနေ ရင်ထဲထိ နွေးထွေးမှု
ကို ခံစားရသည် ။ စားနေရင်းသူကလေး
ဘဝတုံးက သူ့အမေပြင်ပေးခဲ့တဲ့
မနက်စာကိုတောင် သတိရသွား
ပြန်သည် ။

မေမေသည် မနက်ခင်းအလုပ်မသွား
ခင်လဲ အခုလိုမနက်စာလေးတော့
ပြင်ထားပေးခဲ့သည် ။ ဒါကြောင့်
ကျွန်တော်နိုးလာတိုင်း မေမေကို
မတွေ့ပေမယ့် မေမေဂရုတစိုက်
ပြင်ပေးခဲ့တဲ့ မနက်စာက ကျွန်တော့်
နွေးထွေးစေပြန်သည် ။

Soekjin ရယ်ဘာတွေများထည့်
ချက်လို့ ဒီလိုခံစားနေရတာလဲ ...

~~~~~~~~~~~~~~~~~~~~~~~~

နေ့လည်ဘက်အချိန်တွင် ဆိုင်ကို
Soekjin နဲ့ Jimin ပြန်ရောက်
လာသည် ။ ဆိုင်ဝန်ထမ်းတွေက
ဘယ်သွားမှန်းမသိကျပေမယ့်
ဝတ်စားထားပုံကိုကြည့်ခြင်းဖြင့်
တစ်စုံတစ်ယောက်ရဲ့ သေဆုံးခြင်း
နှစ်ပတ်လည်ကိုသွားရောက်ခြင်း
ဖြစ်သည်ဟု သိရှိနိုင်သည် ။ Jimin
လေးကတော့ မျက်နှာလေး ငြိုးငယ်
နေပေမယ့် Soekjin ကတော့
ပုံမှန်အတိုင်းပင် ။ အကြီးဖြစ်တာ
ကြောင့်လည်း ပိုပြီးရင့်ကျက်နေတာ
ကြောင့်ဖြစ်လိမ့်မည် ။

အဝတ်အစားလဲပြီးပြန်ထွက်လာတော့
counter နားကိုသွားကာ ဆိုင်မှာ
သူမရှိတုံးအခြေအနေကိုမေးလိုက်
သည် ။

" ဘာထူးသေးလဲ Hana "

" အရမ်းကြီးတော့မရှိပါဘူး
သူဋ္ဌေး birthday cake order
လေးပဲရှိတာပါ "

" Awww....အင်း
စာရင်းပြကြည့် "

Soekjin လည်း Hana ပြတဲ့
Order တွေယူစစ်နေရင်း

" Aww...သူဋ္ဌေး
ဟိုဧည့်သည် မနက်ကလာသွား
သေးတယ် "

Hana စကားကိုကြားသည်နှင့်
ချက်ချင်း စိတ်အာရုံဝင်စားတဲ့
ပုံစံနဲ့ နားထောင်တော့သည် ။

" ဟုတ်လား..ငါပြင်ပေးခဲ့တဲ့
မနက်စာပဲစားတာလား "

" ဟုတ်တယ် သူဋ္ဌေး ...ပြီးတော့
ဒီစာလေးလဲ ပေးသွားပါတယ် "

Soekjin သည် Hana ကမ်းပေး
သော စာခေါက်လေးကိုယူပြီး
counter ရှေ့ကနေထွက်လာ
လိုက်သည် ။ စာကိုဖတ်ရန္Toilet
ထဲသွားကာ ဗိုလ်ထိုင်ကိုအဖုံးပိတ်ကာ
တက်ထိုင်ပြီးမှ စာခေါက်လေးအား
ဖြန့်ကြည့်မိသည် ။

" ကျွန်တော့်အတွက် မနက်စာကို
တခူးတကပြင်ပေးခဲ့လို့ ကျေးဇူးတင်
ပါတယ် Soekjin ကောင်းကောင်း
လည်းစားခဲ့ရပါတယ် မနက်ဖြန်လဲ
လာခဲ့ပါအုံးမယ် ကောင်းသောနေ့လေး
ဖြစ်ပါစေ "

Taehyung ပေးခဲ့တဲ့စာလေးကို
အစအဆုံးဖတ်ကာ တယုတယပြန်
ခေါက်သိမ်းရင် အင်္ကျီအိတ်ကပ်ထဲ
ထည့်မယ်ဟန်အပြင်တွင်

" ငါ...ငါဘာလို့ဒီလိုတွေ
လုပ်မိနေတာလဲ "

အခုမှ သူ့လုပ်ရပ်တွေ သူပြန်စဉ်းစား
ကာခေါင်းချောက်နေမိသည် ။ အမှန်
ဆို Taehyung စာပေးခဲ့လို့
ဖွင့်ဖတ်ရင်တောင် လူရှေ့သူရှေ့
မှာပဲ သူဖွင့်ဖတ်သင့်သည် ။
အခုလို အိမ်သာထဲလာပြီး
ခိုးကြောင်ခိုးဝှက်ဖတ်နေပုံက
မသိရင် ရည်းစားစာဖတ်နေသလိုနဲ့
တူနေသည် ။

( Korea မှာရည်းစားစာဆိုတာ
အထူးတလည်မရှိပေမယ့် ဇာတ်လမ်း
အတွက်အဆင်ပြေအောင်
ထည့်ရေးထားပါသည် ။ )

စာကိုဖွင့်ဖတ်ကတည်းက ဖတ်ပြီးလို့
ခေါက်သိမ်းချိန်အထိ သူ့မျက်နှာက
အပြုံးကို ဖျက်လို့မရသေး ။ စာကိုဖတ်
ပြီးရင် လွှတ်ပစ်ရမယ်ဆိုတာ သိပေမယ့်
သူလွှတ်မပစ်ရက် အိတ်ထဲကိုထည့်သိမ်း
မိသည်အထိ ဖြစ်မိသည် ။ သူလုပ်နေကျ
မဟုတ်တဲ့ လုပ်ရပ်တွေကြောင့် သူ့ကိုယ်သူ
ရူးများသွားပြီလားဟုတောင် ထင်မိသည် ။

စာရွက်လေးအားခေါက်သိမ်းကာ
အိတ်ကပ်ထဲထည့်ပြီး အပြင်ပြန်
ထွက်တဲ့အခါ

" အမေ...."

Jimin နဲ့ပက်ပင်းတွေ့သောကြောင့်
နှစ်ယောက်လုံးလန့်သွားတော့သည် ။

" Hyung ရယ် ကျွန်တော့်ကို
တွေ့တာ မသိရင်သူရဲတွေ့တဲ့
အတိုင်းပဲ ဘာလို့အဲလောက်လန့်
နေတာလဲ "

" မင်းကလမ်းကိုဘယ်လို
လျှောက်လာမလဲမှမသိတာ "

" ဟာဗျာ...လမ်းကိုပုံမှန်အတိုင်း
မလျှောက်လို့ ဘယ်လိုကြီးလျှောက်လာ
ရမှာလဲ Hyung ကိုကအတွေးလွန်
ပြီးလန့်နေတာ "

" အေးပါကွာ...မင်းကဘာလာလုပ်တာလဲ "

" Hyung ဘာဖြစ်နေတာလဲ
နေရောကောင်းရဲ့လား "

Jimin ရဲ့ လက်သေးသေးလေးတွေ
နဲ့ နဖူးကိုစမ်းလိုက် ၊ ပါးပြင်လေးကို
စမ်းလိုက်နဲ့ လိုက်စမ်းကြည့်နေသည် ။

" ငါကဘာဖြစ်ရမှာတုံး "

" အဲဒါဆို ကျွန်တော့်ကိုဘာလာ
လုပ်တာလဲလို့မေးလဲ "

" အဲဒါနဲ့ရူးတာ ဘာဆိုင်လို့လဲ "

" အိမ်သာကိုလာတယ်ဆိုကတည်း
က တခြားဘာလုပ်စရာရှိလို့လဲ
Hyung ရယ် "

Jimin ပြောမှာပဲ Soekjin
သူ့စကားသူပြန်သတိထားမိသည် ။
စကားမှားသွားမှန်းသိတော့မှ
ချော်လဲရောထိုင်ပုံစံလုပ်ကာ

" အေးပါ...လုပ်စရာရှိတာလုပ်
သွားတော့မယ် "

ပြောပြီးပြီချင်းသူ့ရှေ့မှမြန်မြန်
ထွက်သွားသော Soekjin
ကိုကြည့်ပြီး

" Hyung ဘာဖြစ်နေမှန်း
မသိဘူး အမူအရာတွေက ပုံမှန်ကို
မဟုတ်ဖူး "

Soekjin လည်းဆိုင်ရှေ့ပြန်ရောက်တော့
မှသက်ပြင်းချမိသည် ။ သူ့အဖြစ်က မသိရင်
သူခိုးလူမိသလို ရင်တထိတ်ထိတ်နဲ့ရယ် ။

" Soekjin..."

နာမည်ခေါ်သံကြားလို့ လှမ်းကြည့်လိုက်
ရာ counter နားက Hosoek
ကိုတွေ့လိုက်ရသည် ။

" Hosoek ရောက်နေတာ
ကြာပြီလား "

" သိပ်မကြာသေးပါဘူး .."

" လာရင်းကိစ္စက.."

" ညကျရင် club သွားကျမလားလို့
အဲဒါမင်းကိုလာခေါ်တာ ငါတစ်ယောက်
တည်းလဲ ပျင်းတယ် "

" Club ကလူများတယ်ကွာ
အာရုံနောက်တယ် "

" မင်းအဲလိုမှပြောပါ့ပြောမလားလို့
စိုးရိမ်နေတာ ငါ့ကောင်ရေ
မင်းအသက်က အခုမှ ၂၉နော်
၆၉အဘိုးကြီးပုံစံလုပ်မနေနဲ့
လူငယ်ပဲကွာ ပျော်စမ်းပါ
မင်းလဲ ဆိုင်နဲ့အိမ် ၊ အိမ်နဲ့ဆိုင်
လုံးပန်းနေရတာလေ မပျင်းဘူးလား
အသစ်အဆန်းဖြစ်တာပေါ့ကွာ
သွားရအောင် ပြီးတော့ Jimin
လေးပါခေါ်လေ အဖော်ရတာပဲ "

" လိုက်မယ်...လိုက်မယ်
Hosoek hyung "

ဘယ်အချိန်ကတည်းရောက်နေမှန်း
မသိ ။Club သွားမယ်ဆိုတော့မှ
အသံကထွက်လာသည် ။

" Hyung...သွားရအောင်လေ
နော်နော် "

သိပ်ကိုတက်ကြွနေတဲ့Jimin နဲ့
Hosoek ကိုကြည့်ပြီး လက်မြှောက်
ပေးရသူကတော့ Soekjinကိုယ်တိုင်
ဖြစ်သည် ။

" အေးကွာ...သွားကျမယ် "

" ရေးးး...."

ကလေးမဟုတ် သူငယ်မဟုတ်တဲ့
ကြီးကောင်ပေါက်နှစ်ယောက်ထအော်
တာကိုကြည့်ပြီး သူ့မှာမျက်နှာရိပ်
မျက်နှာကဲလုပ်ပြရသေးသည် ။
Hosoek ကအရင်ထဲက ပျော်ပျော်
နေတတ်တဲ့သူဆိုတော့ လူငယ်တွေနဲ့
လည်းပေါင်းသင်းလို့အဆင်ပြေသည် ။
Soekjin ကတော့ ဒီည club မှာ
ထိုမျောက်လောင်းနှစ်ကောင်ကို
ထိန်းရမှာတော့ ကြိုပြီးမြင်ယောင်
နေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~

အရင်ကဆို Taehyung club
ကိုရောက်လာတာနဲ့ သူ့ရုံးခန်းထဲမှာ
ပဲနေတတ်ပေမယ့် ဒီနေ့တော့လူက
မလန်းတာနဲ့ သူ့club ရဲ့ bar မှာပဲ
စိတ်ပြေလက်ပျောက်အရက်သောက်
ရန် ထိုင်နေသည် ။ တစ်ယောက်ထဲ
သောက်ရတာ ပျင်းသည့်အတွက်
Jungkookကိုပါ ခေါ်ထားသည် ။

" မင်းလူတစ်ယောက်ရဲ့
အကြောင်းကို စိတ်ထဲ
မကြာမကြာတွေးဖူးလား "

" ငါကဘယ်သူ့ကိုတွေး
ရမှာတုံး တွေးရင်တောင်အမြဲ
တော့မတွေးဖြစ်ဘူး တစ်ခါတစ်လေ
ပေါ့ "

" ဘယ်လိုမျိူးလဲ "

" အကြောင်းတိုက်ဆိုင်တဲ့အခါ
မျိုးပေါ့ကွာ အဲလိုဆိုရင်မရည်ရွယ်ပဲ
တွေးမိသွားတာလေ "

" တိုက်ဆိုင်တာမျိုးမဟုတ်ပဲ
အမြဲတွေးနေတာမျိုးရော
ဖြစ်ဖူးလား "

" No...မဖြစ်ဖူးဘူး "

Jungkookလည်းပြောပြောဆိုဆိုနဲ့
အရက်တစ်ခွက်ကိုမော့သောက်နေစဉ်

" မင်း အချစ်ကိုဘယ်လိုမြင်လဲ "

" ဖူး...."

Taehyung စကားကြောင့်
သောက်လက်စအရက်တောင်
ပါးစပ်ထဲပြန်ထွက်သည်အထိ
ဖြစ်သွားတော့သည် ။

" F**k ....မင်းလုပ်တာ
ငါသီးသွားပြီ "

" ငါဘာလုပ်လို့လဲ Jungkook "

" ဟ...မင်းမေးလိုက်တဲ့မေးခွန်း
ကထူးဆန်းလို့လေ ဘယ့်နဲ့ကွာ
မင်းနဲ့ငါ ပေါင်းလာတာ ၁၀နှစ်
ကျော်ပြီ မင်းပါးစပ်က အဲလိုမျိူး
ပြောတာတစ်ခါမှမကြားဖူးတာ "

" ဘာထူးဆန်းလို့လဲကွာ "

" မိန်းမတွေနဲ့ ကင်းကင်းရှင်းရှင်း
နေတဲ့ မင်းကဒီလိုကြီးပြောချတော့
အံ့သြတာပေါ့ ဘာလဲ ဒီလိုတွေ
မေးရအောင် မင်းမှာချစ်တဲ့သူ
ရှိနေလို့လား "

" ငါကလဲ မင်းကအဲလိုနေရာတွေမှာ
အတွေ့အကြုံရှိလို့မေးကြည့်တာလေ
ငါသူ့ကိုချစ်လား မချစ်လား
ဆိုတာတော့ ကိုယ့်ကိုကိုယ်လည်း
သေချာမသ်ိသေးဘူး ဒါပေမဲ့ ငါသိတာ
တစ်ခုကတော့ သူ့အကြောင်းကိုအမြဲ
တွေးနေမိတယ် သူ့ကိုအမြဲတွေ့ချင်တယ် "

" ဟေ့ကောင်..Drama လုပ်မနေနဲ့
သဘောကျရင် ကျတယ်ဖွင့်ပြောပေါ့ကွာ
ဘာခက်တာမှတ်လို့ "

" အခြေအနေကမင်းပြောသလို
မရိုးဆင်းဘူး Jungkook "

" ဘာလဲ ..မင်းသဘောကျနေတဲ့
မိန်းကလေးက သမ္မတသမီးမို့လို့လား "

Jungkookလည်းအရက်ခွက်ထဲ
သို့အရက်ငှဲ့ရင်းမေးလိုက်သည် ။

" မဟုတ်ပါဘူးကွာ "

" ဒါဆိုလဲ ဘာလို့အဲလောက်ခက်ခဲ
နေတာလဲကွာ "

Jungkook လည်းအရက်ကို
နောက်တစ်ကြိမ်မော့သောက်လိုက်
တော့သည် ။

" ငါသဘောကျနေတာ သူက
မိန်းကလေးမဟုတ်ဘူး "

" ထွီးးးးး...အဟွတ်..အဟွတ် "

Jungkook ထပ်သီးကာ
ကုံးကုံးကွကွချောင်းဆိုးရတဲ့
အဖြစ်ကိုရောက်ရှိသွားတော့သည် ။

" ရလား Jungkook "

" အဟွတ်...အဟွတ်
သောက်ကျိုးတွေနည်းကုန်ပြီကွာ
အဟွတ်.. အဟွတ်..."

" ဘာကိုလဲ "

" မင်းတကယ်ပြောနေတာလား "

" ဘာကိုလဲ "

" ဟာကွာ...မင်းသဘောကျနေတာ
မိန်းကလေးမဟုတ်ဘူးဆိုတော့
ယောကျာ်းလေးတစ်ယောက်လား "

" အင်း...ဆိုပါတော့ "

" မင်း...gayများနေလား "

" ဟိတ်ကောင်...ကြိုက်နေတဲနေရာ
ကစမ်း gay မဟုတ်ဘူး သဘောကျ
တာနဲ့ပဲ gay ရောလားကွာ "

" ဒါဆို မင်းသဘောကျသူက
gay လား "

" မင်းပါးစပ်ထဲတစ်ခုခု
ထိုးထည့်မိတော့မယ်
သူလဲ ယောကျာ်း ငါလဲ
ယောကျာ်းပဲ သူကငါ့ထက်တောင်
ပိုပြီးတည်ငြိမ်သေးတယ်
ပိုပြီး ခံ့ညားတယ် ပိုပြီး
ယောကျာ်းပီသတယ် ပိုပြီး.."

" ကဲကဲ...မင်းရဲ့ပိုပြီးတွေထားအုံး
မင်းရော သူရော gayမဟုတ်ဘူးလား "

" မင်းကိုတော့ထလုပ်မိတော့မယ် "

" ငါမသိလို့မေးကြည့်တာပါကွာ
မင်းကသဘောကျတယ်ဆိုတော့
သူကရော ဘယ်လိုအခြေအနေရှိလဲ "

" သူက လူတိုင်းကိုဖော်ရွေတတ်တဲ့သူလေ
အဲဒီတော့ ငါ့အပေါ်သူရဲ့သဘောထား
ကိုငါမခန့်မှန်းတတ်သေးဘူး "

" မင်းအဖြစ်ကလဲကွာ...မိန်းကလေး
ဖြစ်နေရင်တောင် ဖွင့်ပြောလို့ရသေး
တယ် ခုဟာက...မဟုတ်သေးပါဘူး "

" ငါ့ကိုယ်ငါလည်း နားမလည်နိုင်
သေးဘူး ယောကျာ်းတစ်ယောက်ကို
ခုလိုစိတ်မျိုးဖြစ်ဖို့ဆိုတာ အိပ်မက်ထဲ
တောင်မမက်ဖူးဘူး ငါသူ့ကိုသဘောကျ
နေတာလား ချစ်နေတာလားလဲ
သေချာမပြောတတ်သေးဘူး "

" မင်းသူ့ကို ဖွင့်မပြောရဲဘူးဆိုရင်
တော့ ချစ်ဖို့တော့မစဉ်းစားနဲ့
မင်းအတွက်မကောင်းဘူး
သူ့အတွက်လည်းမကောင်းဘူး "

" မင်းပြောတာလဲဟုတ်တယ်
မတော်လို့ဖွင့်ပြောပြီးမှ သူ
စိတ်ဆိုးသွားရင် ရှိနေတဲ့ မိတ်ဆွေ
ဖြစ်ခွင့်တောင် ပျက်သွားမှာစိုးတယ် "

" မင်းမျက်နှာ စိုးရိမ်မှုတွေ
ပူပန်မှုတွေမြင်ရတာ ဒါပထမဆုံး
အကြိမ်ပဲ Taehyung "

" ဟူး....ဘယ်လိုဆက်ဖြစ်
မလဲဆိုတာတော့ ငါလဲ
မပြောတတ်သေးဘူး မင်းရော
ငါယောကျာ်းချင်းစိတ်ဝင်စား
တယ်ဆိုတော့ စိတ်မပျက်ဘူးလား "

" ဘာလို့ပျက်ရမှာလဲ မင်းကသူ့ကို
ကြိုက်တာလေ ငါ့ကြိုက်တာမှ
မဟုတ်တာ "

" aww..မင်းကိုကြိုက်ရင်တော့
စိတ်ပျက်မယ်ပေါ့ "

" တော်စမ်းပါကွာ ..ငါမှ
မင်းလိုမဟုတ်တာ ငါမိန်းကလေးပဲ
စိတ်ဝင်တာ "

" ဟုတ်ပါပြီကွာ ..."

" မင်းသဘောကျတဲ့သူဆိုတာလဲ
ငါ့ကိုလိုက်ပြအုံး မိန်းမတွေကို
သဘောမကျတဲ့ကောင်က သူ့ကို
သဘောကျတယ်ဆိုတော့ ဘယ်လို
လဲဆိုတာတော့သိချင်တယ် "

" သူ့မှာ အစိတ်အပိုင်းတစ်ခု
ချင်းဆီကအစ လှတယ်
မိန်းမတွေထက်တောင်ပိုလှတယ်
အဲလိုအလှတွေ ပေါင်းစပ်လိုက်
တော့လည်း မိန်းမဆန်လားဆို
တော့လည်း မဟုတ်ပြန်ဘူး
ယောကျာ်းဆန်ဆန်နဲ့ ကြည့်ကောင်းတယ် "

" အဲလောက်တောင် ပြောနေမှပေါ့
ငါလိုက်ကြည့်ရမှာပေါ့ "

" အစ်ကိုလေး...အစ်ကိုလေး "

" ဘာဖြစ်တာလဲ "

Taehyung တို့စကားပြောနေရင်း
Waiter တစ်ယောက်ရောက်လာ
တော့သည် ။

" အောက်မှာအုပ်စုလိုက်ရန်ဖြစ်နေတယ် "

" ဘာ..."

Taehyung ရဲ့ club သည် သုံးထပ်
ရှိသည် ။ အောက်ဆုံးတွင် dance floor
နဲ့ Bar ရှိသည် ။ ဒုတိယထပ်တွင် ထိုင်ခုံ
များရှိပြီး မကချင်သူများအေးဆေးနေ
လို့ရသည် ။ တတိယထပ်ကတော့
အသံအလုံပိတ်အခန်းဖြစ်သည် ။
သီချင်းသံတွေ လူတွေမရှိပဲ အေးအေး
ဆေးဆေးနေချင်သူတွေအတွက်
လုပ်ပေးထားချင်းဖြစ်သည် ။
Taehyung နဲ့ Jungkook
က တတိယထပ်တွင်စကားပြောရင်း
ရန်ဖြစ်တယ်သိရတော့ အောက်ထပ်
ကိုပြေးလာရတော့သည် ။ သူနဲ့မဆိုင်
ပေမယ့်လည်း သူပိုင်တဲ့ Club မှာဆို
တော့ တစ်ခုခုဖြစ်သွားရင် သူ့အတွက်ရော
သူ့club အတွက်ရော မကောင်းတာ
မို့ ရန်ပွဲကိုဖျောက်ရန် ဆင်းလာရတော့သည် ။

Dance Floor ကို ရောက်လာ
သည့်အချိန်တွင် သုံးယောက်
တစ်ယောက် ဖဲ့နေတာကိုမြင်
လိုက်ရတော့သည် ။ နောက်ကျောကနေ
ကြည့်နေတာ ရင်းနှီးနေသလိုခံစား
ရတာမို့ သူခဏရပ်ကြည့်နေမိသည် ။

" Soekjin..."

သုံးယောက် တစ်ယောက်ဖဲ့နေသူက
Soekjin ပင် ။ ကျန်တဲ့သူ သုံး
ယောက်ကို Soekjin တစ်ယောက်
တည်းကျွေးနေသည် ။ Taehyung
ကလည်း ကိုယ်ခံပညာတတ်သူမို့လို့
Soekjin ပုံစံကိုကြည့်တာနဲ့
မခေဘူးဆို သိလိုက်ရသည် ။
ထိုအချိန် လူသုံးယောက်ထဲမှ
တစ်ယောက်သည် ခါးကြားထဲပ
ဓားကိုထုတ်နေတာ Taehyung
တွေ့လိုက်ရသည် ။ ထိုလူသည်
ဓားကိုထုတ်ပြီး Soekjin ရဲ့
နောက်ကျောကိုထိုးဖို့ ဟန်အပြင်တွင်
Taehyung အမြန်ရောက်လာကာ
ဓားကိုဖမ်းကိုင်လိုက်သည် ။

Soekjin သူ့ဆီကိုတစ်ယောက်
ယောက်က လာတာသိလို့လှည့်ကြည့်
ချိန်တွင် ဓားကသူ့ဆီတန်းတန်းကြီး
ရောက်လာသည် ။ ဓားကိုခုခံဖို့ဟန်
အပြင်တွင် လူတစ်ယောက်သည်
သူ့ရှေ့မှ ကာရပ်ကာ ဓားကိုဖမ်းကိုင်
လိုက်သည် ။

" Taehyung..."

အနားကပ်ကြည့်လိုက်တော့မှ
Taehyungဖြစ်နေတာကို
သိလိုက်တော့သည် ။ ဒီလိုအချိန်
ဒီလိုနေရာနဲ့ ဒီလိုအခြေအနေမျိုးမှာ
တွေ့မယ်လို့တော့ စိတ်ထဲမတွေးမိပါ ။

" အား "

Taehyung သည် Soekjin
ခေါ်သံကြောင့် လှည့်ကြည့်လိုက်ရာ
အရှေ့တွင် အာရုံနည်းနည်းလွတ်သွား
သည့်အခါတွင် ထိုလူက ဓားကို
စောင့်ဆွဲကာ ကန့်လန့်ဖြတ်ပိုင်း
လိုက်သည် ။ Taehyung မြန်မြန်
ရှောင်လိုက်ပေမယ့် လက်မောင်းကို
ရှက်ထိသွားတော့သည် ။

ထိုအချိန် Jungkook ပါဝင်လာ
ရတော့သည် ။ Taehyung ကို
ထိုးလိုက်တဲ့ ဓားသမားကို နောက်
သို့စောင့်ကန်လိုက်တော့ ထိုလူ
လွှင့်ထွက်သွားတော့သည် ။
ဝန်ထမ်းတွေလည်း Taehyung
ထိခိုက်သွားတာသိရတော့ အကုန်လုံး
ဝင်ဆွဲတော့သည် ။ အဲဒီတော့မှ ရန်ပွဲလည်း
ငြိမ်ကျသွားတော့သည် ။

" Taehyung...ရရဲ့လား "

" ရတယ် ဘာမှမဖြစ်ဘူး
Soekjin ရောဘာဖြစ်သွားသေးလဲ "

" ကျွန်တော်ကဘာဖြစ်ရမှာတုံး
လက်မှာဒဏ်ရာကြီးနဲ့  တစ်ခုခုလုပ်
မှဖြစ်မှာပေါ့ "

" Soekjin ကတစ်ယောက်ထဲလား "

" မဟုတ်ဘူး ကျွန်တော့်ညီနဲ့သူငယ်
ချင်းပါတယ် ဟိုမှာ "

Taehyung ကြည့်လိုက်တော့
bar counter နားကကြမ်းပြင်
ပေါ်တွင် Jimin ရော Hosoek
ရော လဲကျနေသည်ကိုတွေ့လိုက်ရသည် ။

" ဘယ်လိုဖြစ်တာလဲ..."

" နောက်မှအေးဆေးရှင်းပြမယ်နော်
ခုတော့လုပ်စရာရှိတာတွေလုပ်ရအုံးမယ် "

" ကျွန်တော့်ကိုစိတ်မပူပါနဲ့ ရပါတယ် "

" စိတ်မပူလို့ရမလား ဒီလောက်
ဖြစ်နေတာကို ခဏလေးကျွန်တော်
ဟိုနှစ်ယောက်ကို ပြန်ပို့ပြီး
ပြန်လာခဲ့မယ် "

" ရပါတယ် Soekjin ပြန်မလာ
ပါနဲ့ ပင်ပန်းပါတယ် သူတို့ကိုသာ
ပြန်ပို့လိုက်ပါ  "

" ကျွန်တော့်စကားကို နားထောင်
အထွန့်မတတ်နဲ့ "

" ဗျာ..."

သူတစ်ချက်လွှတ်အာဏာာ သုံးတော့
လည်း ကျွန်တော်မရုန်းနိုင်ပဲငြိမ်
နေမိသည် ။

" အဲဆိုလည်း ကျွန်တော့်သူငယ်
ချင်းကိုလိုက်ပို့ခိုင်းလိုက်မယ်
Soekjin ကကျွန်တော့်ကို
စိတ်မချဘူးမလား "

" အင်း..အဲဒါလည်းမဆိုးပါဘူး
ဘယ်မှာလဲ Taehyung
သူငယ်ချင်းက "

" Jungkook တစ်ခုလောက်
ကူညီပါလား "

" ဘာလဲပြောလေ "

" ဟိုနှစ်ယောက်ကိုသူတို့အိမ်
လိုက်ပို့ပေးလိုက်ပါလား "

" ဟမ်...အမူးသမားနှစ်ယောက်
ကိုငါကအိမ်လိုက်ပို့ရမယ် "

" စကားပြောတာကြည့်ပြော
ုသူတို့မူးနေတာအရက်သောက်လို့
မဟုတ်ဘူး ဟိုကောင်တွေဆေးခတ်
လိုက်လို့ "

" ကူညီပေးလိုက်ပါ Jungkook
ရာ သူကလဲငါ့ကိုထားခဲ့ဖို့စိတ်မချဘူး
သူ့ညီနဲ့သူငယ်ချင်းကိုလည်းစိတ်မချ
ဘူးဆိုတော့ မင်းပဲအိမ်လိုက်ပို့
ပေးလိုက်ပါနော် "

" ဘယ်မှာလဲ "

" ဟိုမှာ "

Taehyung ညွှန်ပြရာကိုကြည့်
လိုက်တော့

" ဟို..အသက်မပြည့်တဲ့ကောင်လေး "

Jungkook သည် Jimin ကို
မြင်တာနဲ့ ချက်ချင်းမှတ်မိသည် ။
ဒီအရပ်နဲ့ဒီsize ကိုမမှတ်မိစရာ
အကြောင်းမရှိပါ ။

" ကောင်းပြီလေ ငါလိုက်ပို့လိုက်မယ်
လိပ်စာပြော "

" Soekjin လိပ်စာပြောလိုက်လေ "

Soekjin လည်း Jungkook
ကို အ်ိမ်လိပ်စာနဲ့ တံခါး Passward
ပြောပြလိုက်တော့သည် ။

" အင်း ပို့ပေးလိုက်မယ်
မင်းဝန်ထမ်းကောင်လေးတစ်ယောက်
ခေါ်သွားမယ် ငါလဲတစ်ယောက်တည်း
တော့ နှစ်ယောက်လုံးမနိုင်ဘူး "

" အေးအေးခေါ်သွားလေ "

ဝန်ထမ်းကောင်လေးကတော့ Hosoek
ကိုကူတွဲပေးပြီး Jungkook
ကတော့ Jimin ကိုကူတွဲပေးသည် ။
ကားနားကိုလျှောက်လာရင်း
သူ့ဘေးတွင် Jimin ကိုထား
လိုက်တော့သည် ။

" အသက်မပြည့်ပဲ Clubလာတာကို
အခုတော့ဖြစ်ပြီပေါ့ "

ဒီကားပေါ်မှာတော့ ဒီကလေးနဲ့
နှစ်ပါးသွားရအုံးတော့မယ် ။

Soekjin နဲ့ Taehyung တို့
ရူံးခန်းထဲမှာရှိနေကျသည် ။ Taehyung
လက်မောင်း ဒဏ်ရာကို Soekjin
ကိုယ်တိုင်ဆေးထည့်ပေးနေသည် ။

" ဆေးခန်းသွားပါမယ်ဆိုမှ
မသွားဘူးပဲ ဇွတ်ပြောနေတယ်
Taehyung  ဟိုကဓားနဲ့
ထိုးလိုက်တာနော် အပ်နဲ့ပေါက်တယ်
ထင်မနေနဲ့ မေးခိုင်ပိုးဝင်ရင်
ဘယ်လိုလုပ်မလဲ "

" ဒဏ်ရာက အပေါ်ယံလေးတင်
ထိသွားတာမို့လို့ပါ ပြီးတော့ ကျွန်တော်
ဆေးရူံဆေးခန်းတွေ တစ်ယောက်တည်း
မသွားချင်ဘူး "

" မသွားချင်လဲ ကာကွယ်ဆေးတော့
ထိုးသင့်တယ်လေ တစ်ယောက်တည်း
မသွားချင်လဲ မနက်ဖြန်ကျွန်တော်
လိုက်ပို့ပေးမယ် ဒီဒဏ်ရာကကျွန်တော့်
ကြောင့်ဖြစ်တာလေ ကျွန်တော်ဒီလောက်
တော့ပြန်လုပ်ပေးချင်တယ် "

" Soekjin သဘောပါဗျာ
ဒါနဲ့ဘယ်အချိန်သွားမလဲ "

" မနက်စာစားပြီးတာနဲ့သွားကျ
မယ်လေ "

" မနက်စာဆိုလို့ မနက်ကဘယ်
သွားနေတာလဲ Soekjin "

" Aww..ကျွန်တော့်အမေ ၃နှစ်ပြည့်လေ
အဲဒါကြောင့် အမေ့အုတ်ဂူလေးကို
အမှတ်တရသွားတာ "

" Sorry နော် ..."

" ရပါတယ် Taehyung
ကျွန်တော်ဘာမှမဖြစ်ပါဘူး "

" ကျွန်တော်ပေးလိုက်တဲ့
စာလေးကိုဖတ်ရလား "

" အင်းဖတ်ရပါတယ် ..."

" နောက်ဆိုတစ်ယောက်နဲ့တစ်ယောက်
ဆက်သွယ်လို့လွယ်အောင် ဖုန်းနံပါတ်
တွေပေးထားကျပါမလား"

" အင်း...ဟုတ်သားပဲ "

Soekjin လည်း Taehyung
ဒဏ်ရာကိုဆေးထည့်ပေးပြီးပတ်တီး
စည်းပေးလိုက်တော့သည် ။

" ကဲ ...ပြီးသွားပြီ
အိပ်ခါနီးကျရင် အရောင်ကျဆေး
သောက်အိပ်လိုက်နော် "

" ကျေးဇူးတင်ပါတယ် Soekjin "

" အင်း ဒါဆိုကျွန်တော်ပြန်တော့
မယ် Taehyung "

" ကျွန်တော်လိုက်ပို့ပေးမယ်လေ "

" မလုပ်ပါနဲ့...ဒဏ်ရာနဲ့ဆိုတော့
နားနေပါ ကျွန်တော့်မလဲကားပါ
လာတယ် "

" ဒါဆိုလည်း Car parking
နားထိလိုက်ပို့ပေးမယ်လေ "

" Taehyung ကတော့ ဇွတ်ပါပဲဗျာ
လိုက်ပို့လေ car parking ထိပဲနော် "

" ကောင်းပါပြီ..."

Taehyung သည် Soekjin
ကို Car Parking နားထိလိုက်ပို့
ပေးလိုက်သည် ။

" ကျွန်တော်ပြန်တော့မယ်နော်
Taehyung "

" ဟုတ်ကဲ့ ...ကားကိုဂရုစိုက်မောင်းပါနော် "

" ကောင်းပါပြီ..."

Soekjin ကားပေါ်တက်ကာကား
မောင်းထွက်သွားသည်အထိ
Taehyung ကြည့်နေမိသည် ။
တွေ့ဆုံးခြင်းဆိုတဲ့အသိက နူးညံ့သလောက်
ခွဲခွာခြင်းဆိုတဲ့အသိက အကျည်းတန်လှသည်။

သူနဲ့ရှိနေရင်ပျော်ပြီး သူနဲ့ခွဲသွားရင်
ဝမ်းနည်းတာ ဘာလို့လဲ ...
.
.
.
.
.
.

ည ၁၂ နာရီလောက်ကျတော့ Taehyung
သူ့ အိမ်ကိုပြန်ရောက်လာတော့သည် ။
အိမ်ကိုရောက်တော့ မှန်ရှေ့တွင်
အင်္ကျီလဲရင်း လက်မောင်းတွင်
Soekjin ကိုယ်တိုင် စည်းပေး
လိုက်တော့ ပတ်တီးလေးကိုကိုင်
ကြည့်ပြီး ကြည်နူးမှုတွေသည်
ရင်အစုံကိုအေးချမ်းစေပြန်ပါသည် ။

အိပ်တော့မယ်ဆိုပြီး အိပ်ယာပေါ်
လှဲလျောင်းလိုက်စဉ်  ညအိပ်မီးတင်
ထားတဲ့ စားပွဲပေါ်ကဖုန်းက Message
ဝင်သံကြားလိုက်ရသည် ။ အမှန်ဆို
ဒီအချိန်ကြီး စာတိုရောက်လေ့မရှိပေ
မယ့်အခုလိုဝင်လာတော့ အထူးတဆန်း
ဖွင့်ကြည့်မိသည် ။

" ဟင်..."

Screen ဖွင့်ဖွင့်ချင်းမှာ Message
ပေးပို့သူကSoekjin ဆိုတာ
သိလိုက်ရတော့ လူကချက်ချင်းထထိုင်
မိသည် ။ Screen ဖွင့်ပြီး message
ထဲအမြန်ဝင်ကြည့်လိုက်မိသည် ။

" အိပ်ပြီလား Taehyung
လက်က သက်သာရဲ့လား "

လျှင်မြန်သော Typing နှုန်းဖြင့်
စာပြန်ပို့လိုက်တော့သည် ။

" သက်သာပါတယ် Soekjin "

" ဟုတ်ကဲ့ ဒါဆို Goodnightပါ "

" အိပ်မက်လှလှမက်ပါစေ Soekjin
မနက်ဖြန်တွေ့ကျမယ် "

Soekjin စာပြန်မပို့တော့တာကြောင့်
Taehyung လဲငြိမ်နေလိုက်
တော့သည် ။ Taehyungလည်း
ဖုန်းကို လက်နှစ်ဖက်ဖြင့်ညှင်သာစွာ
ကိုင်ကာ ရင်ဘတ်ပေါ်တင်းရင်း
အိပ်ပျော်သွားတော့သည် ။

သူ့ရဲ့ Goodnight ဆိုတဲ့
စကားက ကျွန်တော့်အတွက်
အကောင်းဆုံး အိပ်ဆေးပါပဲ  ...

=========================

ဖတ်ပေးတဲ့သူတစ်ဦးချင်းဆီကို
ကျေးဇူးတင်ပါတယ်

ပျော်ရွှင်ပါစေ
ချစ်ခြင်းမေတ္တာဖြင့်
Meitaejin 💜

Continue Reading

You'll Also Like

5.9K 1.1K 9
ချစ်ခြင်းမေတ္တာ‌တွေအကြောင်း ကိုယ်ပြောပြမယ် ဒါလင်🦋
89.5K 7K 27
လူမှန်နေရာမှန်မဖြစ်ကြတဲ့အခါ..........💔
1.4K 275 3
Jeon မရှိတဲ့ မေလကို ကျွန်တော် မလိုချင်ဘူး 🍂
1M 54.6K 35
It's the 2nd season of " My Heaven's Flower " The most thrilling love triangle story in which Mohammad Abdullah ( Jeon Junghoon's ) daughter Mishel...