Episode 12

2.7K 306 25
                                    


Zawgyi

ဒီနေ့ည Taehyung Club မှာပဲ
ရှိနေတော့သည် ။ ရုံးခန်းထဲမှာပဲနေရင်း
လုပ်စရာရှိတဲ့အလုပ်တွေ လုပ်နေရင်း
Manager Doyoung ဝင်လာ
တော့သည် ။

" အစ်ကိုလေး ပြသာနာတက်ပြီ "

" ဘာဖြစ်တာလဲ "

" Mike ဓားထိုးခံရပြီး
ဆေးရုံရောက်နေတယ် "

" ဘာ..."

Mike သည် Taehyung ရဲ့
အားအကိုးရဆုံး လူမိုက်တစ်ယောက်
ဖြစ်စည် ။ အသက်အရွယ်အရတော့
Mike က ၃နှစ် ၄နှစ်လောက်ကြီး
ပေးမယ့် Mike က Taehyung ကို
လေးလေးစားစားဆက်ဆံတတ်သည် ။
Taehyung ကလည်း Clubနဲ့ပတ်သတ်
တဲ့အလုပ်ဆိုရင် Doyoung ကိုအားကိုး
သလို မှောင်ခိုအလုပ်နဲ့ပတ်သတ်ရင်လည်း
Mike ကိုအားကိုးသည် ။

" အေး ငါအခုသွားလိုက်မယ်
Club ကိုတော့ မင်းကိုပဲလွှဲခဲ့မယ် "

" ဟုတ် အစ်ကိုလေး "

Taehyung လည်း Club ကနေအမြန်
ထွက်လာကာ Mike ရှိရာဆေးရုံကို
ထွက်လာတော့သည် ။ ဆေးရုံကိုရောက်
လာသည့်အချိန်တွင် Mike ရဲ့ ဇနီးနဲ့သား
ဖြစ်သူကို Operation Room
ရှေ့တွင် တွေ့လိုက်ရသည် ။

" Mike အခြေအနေဘာထူးလဲ "

" အစ်ကိုလေး ...အခြေအနေ
မကောင်းဘူးထင်တယ် ဓားဒဏ်ရာက
လည်ပင်းကို ဖောက်ထွက်နေတာတဲ့
ဆရာဝန်တွေကလည်းပြောတယ်
အာမတော့မခံဘူးတဲ့ အစ်ကိုလေးရယ် "

ပြောနေရင်း တရှုံ့ရှုံ့ငိုနေသော Mike
ရဲ့ ဇနီးကိုကြည့်ပြီးစိတ်မကောင်းဖြစ်မိသည် ။

" ဘာမှမဖြစ်ပါဘူးဟာ
ဒီကောင်ကြီးက အကြောတင်းပါတယ်
ဘာမှမဖြစ်လောက်ပါဘူး "

" ဟုတ်..ဟုတ်အစ်ကိုလေး "

ထိုစဉ် Operation Room
ထဲမှ ဆရာဝန်တစ်ယောက်ထွက်
လာတော့သည် ။

" Doctor လူနာရဲ့အခြေအနေ
ဘယ်လိုရှိလဲ "

" စိတ်မကောင်းပါဘူး
လူနာရဲ့အသက်ကိုကယ်ဖို့ကြိုးစား
ပေမယ့် မမှီတော့ပါဘူး ဒဏ်ရာက
သေစေမယ့်နေရာဖြစ်နေတယ် "

" ရှင်...."

Mike ရဲ့ဇနီးရော Taehyung ပါ
အံ့သြလွန်း၍ဘာပြောရမှန်းမသိ ။ ဇနီးဖြစ်
သူကတော့ ရင်ကွဲမတတ်ငိုနေပေမယ့်
သားလေးဖြစ်သူကတော့ ကြောင်အစွာ
အသံတိတ်နေဆဲ ။ ဒါပေမဲ့သူကြောင်အ
နေလို့မဖြစ်သေး ။ ကူကယ်ရာမဲ့သွားတဲ့
မိသားစုတစ်စုအတွက် သူလုပ်ပေးသင့်
တာတွေလုပ်ရအုံးမည် ။ နောက်ပြီး Mike
ဘာကြောင့်အခုလိုဖြစ်ရလည်းဆိုတာ
သူဖော်ထုတ်ရအုံးမည် ။ ရိုးရိုးရန်ဖြစ်ရင်း
လက်လွန်တယ်ဆိုရင် ကိစ္စမရှိပေမယ့်
တမင်သက်သက်ရည်ရွယ်ချက်ရှိရှိလုပ်တာ
ဆိုရင် နောက်ဆက်တွဲလုပ်စရာတွေ
ပိုများလာတော့မည် ။

My Lovely DemonDonde viven las historias. Descúbrelo ahora