Episode 23

2.4K 271 26
                                    

Zawgyi



Taehyung က Soekjin ကို
ကြိုပြီးပြန်လာသောလမ်းမှာဖြစ်သည် ။
အချိန်အားဖြင့် ည ၁၀ နာရီနီးပါး
ဖြစ်သည် ။ ဒီနေ့ကျတော့ Soekjin
က order နည်းနည်းရှိတာကြောင့်
နောက်ကျနေသည် ။

နှစ်ယောက်အတူတူ စကားပြောလိုက် ၊
ရယ်လိုက် မောလိုက် နဲ့ ကားကိုအေးဆေး
မောင်းနေသည် ။ ထိုစဉ် သူတို့ကားနောက်
ကနေ ကားအမည်းတစ်စီးက ကပ်လိုက်
လာတာကို Taehyung သတိထားမိ
သည် ။ Taehyung လည်းပိုပြီး
သေချာအောင် သိချင်လို့ Soekjin
တိုက်ခန်းရှိရာလမ်းကို မကွေ့တော့ပဲ
တစ်ဖက်ဆန့်ကျင်ဘက်လမ်းကို ကွေ့
ပြီး လမ်းပြောင်သွားလိုက်သည် ။

" ဟင်...Taehyung
လမ်းကိုဟိုဘက်လေ "

" ခဏလေးSoekjin
သွားစရာလေးရှိလို့ "

" Ok...."

Taehyung မောင်းတဲ့ကားအနောက်က
နေ ထိုကားက ဆက်ပြီးလိုက်ပါနေဆဲ ။
ထိုကားသည် သူတို့အနောက်ကိုလိုက်နေပြီ
ဆိုတာ ကျိန်းသေသိလိုက်တော့သည် ။
Taehyung သည် လူရှင်းတဲ့လမ်းမ
တစ်ခုရဲ့ဘေးတွင် ကားထိုးရပ်လိုက်ကာ
အခြေအနေကိုတစ်ချက်ကြည့်နေသည် ။
ထိုကားလဲ သူတို့ကားနဲ့မလှန်းမကမ်းတွင်
ကားကိုရပ်ထားသည် ။ Taehyung ကား
ကိုတစ်ဖက်လှည့်ကွေ့လိုက်ပြီး ထိုကားအမဲ
နှင့် မျက်နှာချင်းဆိုင်အနေအထားတွင်
ရပ်လိုက်သည် ။ ထိုအချိန်တွင် ထိုကားအမဲ
ထဲကနေ တုတ်ကိုင်ထားသော လူလေးယောက်
ကဆင်းလာသည် ။ Taehyung ကတော့
သဘောပေါက်လိုက်တော့သည် ။

" Soekjin ဘာဖြစ်ဖြစ်
ဆင်းမလာနဲ့နော် "

" ဘာဖြစ်.."

Soekjin အမေးကိုမစောင့်တော့ပဲ
ကားတံခါးဖွင့်ကား ထွက်သွားတော့သည် ။
Taehyung အပေါ် Coat ကိုချွတ်လိုက်
ပြီး ခါးပတ်ကိုဆွဲဖြုတ်လိုက်သည် ။
ထိုစဉ် Taehyung နဲ့ ထိုလူတွေ
စပြီးတိုက်ခိုက်ကျတော့သည် ။
Soekjin ကလည်း Taehyung က
လေးယောက်နဲ့တစ်ယောက်တိုက်ခိုက်
နေတာလဲဖြစ်နေတော့လည်း စိတ်ပူကာ
Taehyung ရဲ့ ကားထဲနေခဲ့ဆိုတဲ့
စကားကိုလည်းနားမထောင်နိင်တော့ ။
Soekjin ပါကားပေါ်ကဆင်းလာပြီး
ထိုလူတွေကို တိုက်ခိုက်နေသည် ။
Soekjin ကိုယ်တိုင်ကလည်း
ကိုယ်ခံပညာတတ်ထားသူမို့ကောင်းကောင်း
တိုက်ခိုက်နိုင်သည် ။

My Lovely DemonWhere stories live. Discover now