Episode 22

2.3K 259 30
                                    

Zawgyi

နောက်တစ်နေ့ည 8 နာရီခွဲကျော်ကျော်
9 နာရီနီးပါးလောက်တွင် ဆိုင်မှာလည်း
လူမရှိတော့ပြီမို့ ဆိုင်သိမ်းစပြုနေသည် ။
Soekjin က အလုပ်လုပ်သာနေရပေ
မယ့်စိတ်ကမပါ ။ Taehyung ဆီပဲ
စိတ်အာရုံအကုန်ရောက်နေသည် ။
မျက်စိမှိတ်ဖျော်ရင်တောင် အရသာ ၊
အပြင်အဆင်ဘာမှပြောစရာမလိုအောင်
ကျွမ်းကျင်တဲ့ သူက မနက်ကတည်းက
Coffee ဖျော်စက်ထဲ ဂျုံမှုန့်တွေထည့်
လို့ထည့် ၊ Blander ထဲလည်း coffee
စေ့တွေထည့်လို့ထည့် နဲ့ အလွဲလွဲတွေလုပ်နေ
တော့ Jimin ကိုယ်တိုင်ကပဲ Soekjin
ကို Counter မှာ ငြိမ်ငြိမ်လေးထိုင်
ခိုင်းနေရသည် ။ အလုပ်လုပ်ရာမှာ တိကျလွန်း
ပြီး တည်ငြိမ်နိုင်လွန်းတဲ့ သူက အခုလိုမျိုး
အယောင်ယောင်အမှားမှားတွေလုပ်နေတော့
ဝန်ထမ်းကလည်း မယုံနိုင်ဖြစ်ရသည် ။

ဆိုင်သိမ်းနေရင်းမှာပဲ Jimin
အစာအိမ်ကအောင့်စပြုလာသည် ။
ညနေကတည်းကအောင့်နေတာ
ဆေးသောက်တော့ ပြန်သက်သာပေမယ့်
အခုတော့ ပိုကာ ဆိုးလာသည် ။ အစာအိမ်
အတွင်းကနေ အချွန်တစ်ခုခုကလာထိုး
နေသလိုမျိုးကို ဆိုးဆိုးရွားရွားအောင့်
လာသည် ။ ဇောချွေးတွေပါပျံလာသည် ။
မနေနိုင်တော့တဲ့အဆုံးမှာ Jimin ခြေ
မရပ်နိုင်တော့ပဲ လဲကျသွားတော့သည် ။

" Jimin ဘာဖြစ်တာလဲ "

Jimin လဲကျသွားတော့ လူတွေအကုန်
သူ့အနားကိုရောက်ချလာတော့သည် ။
Jimin တစ်ယောက်စကားဖြေတောင်
မရတော့ပဲ ချွေးတွေပြန်နေသည် ။
ဗိုက်ကိုလက်နဲ့အတင်းဖိထားပြီး ပါးစပ်
ကလည်းအောင့်တယ်လို့သာ ပြောနိုင်သည် ။

" ဆေးရုံတင်ရအောင် မြန်မြန်
Hana ဆေးရုံကားဖုန်းဆက်ပေး "

" ဟုတ္ကဲ့ သူ႒ေး "

" ကျန်တဲ့သူတွေကတော့
ဆိုင်ကိုသေချာလေးပိတ်ခဲ့ပေး
ငါစိတ်ချမယ်နော် "

" ဟုတ္ကဲ့သူ႒ေး "

" သူဋ္ဌေးကျွန်မလိုက်ခဲ့ပေးမယ် "

Cashier မိန်းကလေး Hana
သူတို့မှာ ညီအစ်ကိုနှစ်ယောက်တည်း
ရှိတယ်ဆိုတာလည်း သိသည် ။ ဒါကြောင့်
တစ်ခုခုလိုရင်ခိုင်းလို့ရအောင်လိုက်ခဲ့ရန်
ပြောခြင်းဖြစ်သည် ။

My Lovely DemonWhere stories live. Discover now