ငွေမှိုင်းလင်းဝေ...(ငှမှေိုငျး...

By Han_Me7012

89.9K 7.4K 1.4K

(Zawgyi) နေရယ်...လရယ်....ကြယ်ရယ်... တစ်မိုးအောက်မှာ အတူရှိကြပေမယ့် မင်းတို့နှစ်ယောက်နဲ့ယှဉ်ရင် ပျောက်ကွယ်ပေးရ... More

Author's Note
Intro
Part 1(Zawgyi)
Part 1(Unicode)
Part 2(Zawgyi)
Part 2(Unicode)
Part 3(Zawgyi)
Part 3(Unicode)
Part 4(Zawgyi)
Part 4(Unicode)
Part 5(Zawgyi)
Part 6(Zawgyi)
Part 6(Unicode)
Part 7(Zawgyi)
Part 7(Unicode)
Part 8(Zawgyi)
Part 8(Unicode)
AN
Part 9(Zawgyi)
Part 9(Unicode)
Part 10(Zawgyi)
Part 10(Unicode)
Part 11(Zawgyi)
Part 11(Unicode)
Part 12(Zawgyi)
Part 12(Unicode)
Part 13(Zawgyi)
Part 13(Unicode)
Part 14(Zawgyi)
Part 14(Unicode)
Part 15(Zawgyi)
Part 15(Unicode)
Part 16(Zawgyi)
Part 16(Unicode)
Part 17(Zawgyi)
Part 17(Unicode)
Part 18(Zawgyi)
Part 18(Unicode)
Part 19(Zawgyi)
Part 19(Unicode)
Part 20(Zawgyi)
Part 20(Unicode)
Part 21(Zawgyi)
Part 21(Unicode)
Part 22(Zawgyi)
Part 22(Unicode)
Part 23(Zawgyi)
Part 23(Unicode)
Part 24(Zawgyi)
Part 24(Unicode)
Part 25(Zawgyi)
Part 25(Unicode)
Part 26(Zawgyi)
Part 26(Unicode)
Part 27(Zawgyi)
Part 27(Unicode)
Part 28(Zawgyi)
Part 28(Unicode)
Part 29(Zawgyi)
Part 29(Unicode)
Part 30(Zawgyi)
Part 30(Unicode)
Part 31(Zawgyi)
Part 31(Unicode)
Part 32(Zawgyi)
Part 32(Unicode)
Part 33(Zawgyi)
Part 33(Unicode)
Part 34(Zawgyi)
Part 34(Unicode)
Part 35(Zawgyi)
Part 35(Unicode)
Part 36(Zawgyi)
Part 36(Unicode)
Part 37(Zawgyi)
Part 37(Unicode)
Part 38(Zawgyi)
Part 38(Unicode)
Part 39(Zawgyi)
Part 39(Unicode)
Final (Part 1)(Zawgyi)
Final( part 1)(Unicode)
Final(Part 2)(Zawgyi)
Final(Part 2)(Unicode)
For My Readers❤(Z/U)

Part 5(Unicode)

1.3K 148 9
By Han_Me7012

ပျင်းရိစွာ နိုးထလာရသည့် မနက်ခင်း၌ မျက်နှာသစ်ခြင်းမှစ၍ ကျောင်းဝတ်စုံလဲပြီးချိန်အထိ စိတ်တို့က နောက်ကျိနေဆဲဖြစ်သည်။ ကျိန်းစပ်စပ်ဖြစ်နေသော မျက်လုံးထဲသို့ မျက်စဉ်းရည်ခတ် ထည့်လိုက်သော်လည်း ကြည်လင်လာခြင်းမရှိ။ အိပ်ချင်စိတ်သည် ကျွန်တော့ရဲ့ တက်ကြွမှုများကို ကန့်သတ်လိုက်သလိုဖြစ်ပြီး လူကလည်း လေးလံထိုင်းမှိုင်းနေသည်။

Timetable အတိုင်း စာအုပ်တွေပါ၊မပါ စစ်ပြီးသည်နှင့် အခန်းထဲမှထွက်လိုက်တော့သည်။ အောက်ထပ်ရောက်တော့ ကြီးကြီးစန်းက မနက်စာ အဆင်သင့်ပြင်ပေးထားသည်ကို တွေ့ရသည်။

ကြွပ်ရွနေသောနံပြားကို တြိဂံအပိုင်းလေးတွေဖြစ်အောင် လှီးဖြတ်ကာ ထိုအပိုင်းနှစ်ချပ်ကြားတွင် ထောပတ်ရည်ရွှဲရွှဲလေးနှင့် သကြားဖြူးထားသည်။ ပန်းကန်ပြားထဲ၌ စီစီရီရီထည့်ထားသော နံပြားထောပတ်သုတ်ကို အားရပါးရစားပြီးချိန်အထိ အဖေ့အကြောင်းမေးဖို့ ကျွန်တော်သတိမရခဲ့ပါ....။

အဖေ...ညက ဘယ်အချိန်မှပြန်လာသလဲ....။

မနက်ကရော ဘယ်အချိန်ပြန်ထွက်သွားသလဲ....။ စသည့် မေးခွန်းတွေကို ကြီးကြီးစန်းလည်း အလွတ်ရနေ လောက်ပြီဖြစ်သည်။ ကျွန်တော်မမေးခင် ပြောပြလာသဖြင့်
မျက်နှာသေနှင့်သာ ခေါင်းညိတ်ပြခဲ့ရသည်။

ထင်သားပဲ.......။ သန်းခေါင်ကျော်မှပြန်ရောက်လာပြီး ကျွန်တော်မနိုးခင် ပြန်ထွက်သွားမယ်ဆိုတာ....။
.
.
.
"ကြီးကြီး....ဒီနေ့ ထမင်းချိုင့်မယူတော့ဘူးနော်....
ကျောင်းကန်တင်းက ကျွေးတာပဲ စားမလို့..."

"ဟယ်...ကြီးကြီးကပြင်တောင်ပြင်ပြီးပြီ....
သားပဲလူစောင့်ရလို့ မကြိုက်ဘူးဆို...
အခုကျဘယ်လိုဖြစ်..."

"ထမင်းချိုင့်မယူတာ ပြောဖို့မေ့နေတာ..
.ပြင်ပြီးလည်းဘာမှမဖြစ်ပါဘူး...ပြန်ရောက်လာမှ စားလို့ရတယ်လေ...

လူစောင့်ရလို့ မကြိုက်တာက တကယ်ကြီးကြီးရ....
ဒါပေမယ့် တစ်ခါတလေတော့ အဲ့လိုတန်းစီစောင့်ပြီးမှ
စားရတာလည်း ကောင်းတာပဲ..."

ကြီးကြီးစန်းဘက်လှည့်ပြီး အကျိုးအကြောင်းပြောပြကာမှ ပါးစပ်တွင် ပေနေသည့် အမှုန်အမွှားများကို လက်သုတ်ပဝါနှင့် သုတ်ပေးခြင်း ခံလိုက်ရသည်။ ကြီးကြီးသည် သူ့ထက် ခေါင်းတစ်လုံးစာ အရပ်ပိုမြင့်သည့် ကျွန်တော့ကို ကလေးဟုပင် ထင်မှတ်နေပုံရသည်။ ဤကဲ့သို့ပြုမူခြင်းကို မကြိုက်တော့သော်လည်း ကြီးကြီးစန်း စိတ်မကောင်းဖြစ်မည်စိုး၍ ငြိမ်နေလိုက်သည်။

နံနက်စာ စားသောက်ပြီးသည်နှင့် ကြီးကြီးစန်းကိုနှုတ်ဆက်ပြီး ကျောင်းသို့ထွက်လာသည်။ အဖေခေါ်ထားသော ဒရိုင်ဘာမှာ ကားမောင်းညင်သာပြီး လမ်းလည်းကျွမ်းသည်။ ငြိမ့်ငြိမ့်ညောင်းညောင်းနှင့် စီးသွားရသော သည်အချိန်တစ်ခဏ၌ မျက်လုံးတွေမှေးစင်းလာသည်မှာ ပုံမှန်ဖြစ်သည်။

ကျွန်တော့မှာ ကျောင်းရောက်မှ နိုးထရမြဲ....။

အတန်းထဲတွင် ခေါင်းမှောက်အိပ်စက်ခြင်းသည်  လမ်းခရီး၌ တင်ကျန်နေသည့် အငွေ့အသက်တစ်ခု အရှိန်မသေ သေးခြင်းသာဖြစ်သည်။

ချစ်မြတ်နိုးတို့၏ ကိုရီးယားဇာတ်လမ်းတွဲအကြောင်း ဆွေးနွေးမှု၊ အနောက်တန်းက အမြွှာနှစ်ကောင်ရဲ့ နှောင့်ယှက်မှု၊ ယုတ်စွအဆုံး ကျွန်တော့နံဘေးရှိ နေရာလပ်နေသော ထိုင်ခုံပေါ်တွင် တစ်စုံတစ်ယောက် ဝင်ထိုင်သည်အထိ ခံစားမိသော်လည်း ခေါင်းမော့မကြည့်ခဲ့ပါ....။

ပထမဆုံးအချိန်သည် မြန်မာစာအချိန်ဖြစ်ပြီး တစ်ခန်းလုံးအိပ်ငိုက်လို့ ကောင်းသောအချိန်ဖြစ်သည်။ ဆရာမ ဖတ်ခိုင်းသောစာပိုဒ်ကို ပျင်းတိပျင်းရွဲ့အသံများနှင့် ဖတ်ချိန်၌ စားပွဲခုံကို လက်ဝါးနှင့်ရိုက်သော အသံကို ကြားလိုက်ရသည်။

"နင်တို့တွေ အိပ်ရေးမဝကြဘူးလား....ညတုန်းက စာတွေညဉ့်နက်တဲ့အထိ ကျက်နေကြတယ်ပေါ့..."

"ဂိမ်းဆော့နေတာပါ ဆရာမ....."

ချာလီရဲ့အသံက နောက်တန်းမှ စူးကနဲထွက်ပေါ်လာပြီးနောက် အခန်းထဲတွင် ရယ်မောသံများနှင့် ဆူညံသွားသည်။ သို့သော်လည်း ငွေရှိုင်းတစ်ယောက်ကတော့ ရုပ်တည်ကြီးနှင့် ရှိနေသည်....။

*ဒီကောင့်ကြည့်ရတာ ပျော်ဖို့မကောင်းလိုက်တာ....။*

အရယ်အပြုံးမရှိသော သူတစ်ယောက်နှင့် သူငယ်ချင်းဖြစ်ရခြင်းသည် ဘယ်မှာ ကျေနပ်ဖွယ်ရာ ရှိနိုင်မည်နည်း...။

ကိုယ်က ရယ်စရာပြောလို့လည်းမရယ်...။ မျက်နှာကလည်း တစ်ချိန်လုံး တည်ထားတော့ သူ့ကြည့်ပြီး ဒေါသထွက်လာရုံသာ အဖက်တင်မည်လေ....။

အိပ်ငိုက်လို့ကောင်းသော မြန်မာစာအချိန်သည် မြန်မြန်ဆန်ဆန်ကုန်ဆုံးသွားပြီး သချင်္ာဆရာမအချိန် ရောက်လာသည်။ အတန်းထဲသို့ ဆရာမ ဝင်မလာခင် တစ်ခန်းလုံးမှာ လှုပ်လှုပ်ရွရွဖြစ်ကာ စာအုပ်တွေ အသည်းအသန် ထုတ်နေကြသော်လည်း ပုံမှန်ဟုသာ ထင်ခဲ့သည်။

ကျွန်တော်သည် ငွေရှိုင်းကိုလည်း ခိုးကြည့်လိုက်သေးသည်။ ဖတ်စာအုပ်ကိုဖွင့်ထားပြီး သင်ပြီးသမျှ ပုစ္ဆာတွေအား ပြန်လှန်ကြည့်နေသည်ကို တွေ့ရသည်။ ထိုအချိန်တွင် သချင်္ာဆရာမဝင်လာပြီး ကျွန်တော့ကိုချွေးပြန်စေသည့် ကိစ္စတစ်ရပ်ဖြစ်သွားလေသည်။

"အိမ်စာလုပ်လာကြတယ်မလား....စာအုပ်တွေကို စားပွဲပေါ်တင်ထား...ဆရာမ အမှတ်လိုက်ခြစ်မယ်..."

*What the......အိမ်စာတဲ့....။ ဘယ်တုန်းက ပေးလိုက်တာလဲ...။ ငါလုပ်ပြီးပြီလား...။မလုပ်ရသေးဘူးလား...။*

ဇဝေဇဝါစိတ်နှင့်အတူ ကျောပိုးအိတ်ထဲ၌ သချင်္ာအိမ်စာ စာအုပ်ကို အသည်းအသန်ရှာကြည့်မိသည်။ စာအုပ်ကိုတွေ့၍ လှန်ကြည့်လိုက်သော် ကျွန်တော့စိတ်တွေ ယောက်ယတ်ခတ် သွားရသည်။ စာအုပ်ထဲ၌ အရင်တစ်ပတ်ကလုပ်ထားသည့် သချင်္ာပုစ္ဆာများသာ ရှိနေပြီး အပုဒ်သစ်ဟူ၍မတွေ့ရ...။

ဆရာမကလည်း အရှေ့ဆုံးတန်းမှစ၍ တစ်ယောက်ချင်းစီ၏စာအုပ်ကို အမှတ်လိုက်ခြစ်နေပြီ။
ဆရာမမှာ သဘောကောင်းသည်မှန်သော်လည်း အိမ်စာမလုပ်လာလျှင်တော့ သိပ်စိတ်ဆိုးတတ်သည်။ ထိုမျှမကသေးဘဲ စာမလုပ်လာသည့်သူသည် ဆရာမ အိမ်စာပေးလိုက်သည့် အပုဒ်အရေအတွက်အတိုင်း ပေတံနှင့် အရိုက်ခံရတတ်သေးသည်။

ဆရာမရိုက်တာက မနာဘူးဗျာ...။ဒါပေမယ့် ကျွန်တော် အရိုက်ခံရရင် ဟိုအမြွှာနှစ်ကောင်လှောင်နေမှာကို မခံချင်တာ။

ထို့ကြောင့် လုပ်နေကျအကွက်လေးတွေကို ထုတ်သုံးရတော့မည်ဖြစ်သည်။ ပထမဦးစွာ ချစ်မြတ်နိုးကို လက်နှင့်တို့၍ ခပ်တိုးတိုး မေးလိုက်သည်။

"ဟဲ့.....ဟဲ့....ပါကြီး...
နင့်မှာစာအုပ်အသစ်ပါတယ်မလား...ငါ့ကိုတစ်အုပ်မြန်မြန်ပေး...မနက်ဖြန်ပြန်ဆပ်မယ်..."

"နင်အိမ်စာ မလုပ်လာပြန်ဘူးမလား...."

ဒီလိုအချိန်တိုင်း စာအုပ်ပါရမီဖြည့်ပေးနေရသော ချစ်မြတ်နိုးက တည့်တိုးကြီးပြောချလိုက်သဖြင့် အောင့်သက်သက်နှင့် ခေါင်းညိတ်ပြလိုက်ရသည်။ ချစ်မြတ်နိုးသည် စာအုပ်အသစ်ကို ဆူဆူအောင့်အောင့်နှင့် ထုတ်ကာ ကျွန်တော့လက်ထဲသို့ ထည့်ပေးသည်။

"ရော့....ရော့....ငါ့စာအုပ်ပုံအတိုင်း ပြန်ရှာဝယ်ပေး...
ဒီစာအုပ်အဖုံးလေး ငါကြိုက်လို့ ဘယ်သူမှ မပေးချင်ပါဘူးဆိုနေ...."

အရေးထဲ...အလှအပ မက်နေသေးတဲ့ ပါကြီးမ....။ ဟု စိတ်ထဲမှပြောဆိုနေသော်လည်း သူ့ကိုတော့ ပြုံးရယ်ကာ ခေါင်းညိတ်ပြလိုက်သည်။

ကျွန်တော့တွင် သူနှင့်ငြင်းခုန်နေရန် အချိန်မရှိ။

အနောက်တန်းသို့ ဆရာမ ရောက်မလာခင် ပုစ္ဆာမြန်မြန်ကူးရေးရန်သာ လုံးပမ်းရမည်။

"ဟဲ့.....တစ်လက်စတည်း
ငါ့ကူးဖို့ နင့်စာအုပ်လေးပါခဏပေး......."

"ဒါတော့ မရဘူး..အလင်းဝေရေ..ငါက
တစ်ညလုံးကြိုးစားပမ်းစား တွက်လာရတာ... နင်အဆင်သင့်လေး ကူးချဖို့တော့ မပေးနိုင်ဘူး...
တခြားသူဆီကတောင်း...."

"ပါကြီး.....နင်ကဟာ...."

ဆက်မပြောနိုင်ခင် အရှေ့ပြန်လှည့်သွားသော အကျင့်ပုတ်မလေးကို ဆက်မခေါ်တော့ဘဲ ဘေးဘီဝဲယာသို့ လှည့်ကြည့်လိုက်သည်။

ပါကြီးရဲ့သူငယ်ချင်း မေဆုနိုင်ကလည်း ကျွန်တော်နဲ့မရင်းနှီးတော့ စာအုပ်တောင်းဖို့ရှိန်နေသည်။ အနောက်တန်းမှ အမြွှာနှစ်ယောက်ကလည်း ကျွန်တော့နှင့်လုံးဝမတည့်။ တခြား....တခြားသော အတန်းဖော်တွေမှာလည်း ချစ်မြတ်နိုးကဲ့သို့ပင် စာအုပ်မပေးချင်ဖြစ်လိမ့်မည်။

ဆရာမသည်လည်း အရှေ့ဆုံးနှစ်တန်းကို အမှတ်ခြစ်ပြီးသွားသောကြောင့် ထိုအချိန်အနည်းငယ်လေး အတွင်း၌ တစ်ပုဒ်ပြီးအောင်တွက်ရန်ပင် အာရုံမစိုက်နိုင်တော့သည့် ကျွန်တော့မှာ ပိုအလျင်လိုလာပြီး အဆုံးသတ်၌ ငွေရှိုင်းရဲ့စာအုပ်ကိုသာ ဆွဲယူရတော့သည်။

"ဘာလုပ်တာလဲ....."

လက်ကတော့မြန်သလားမမေးနဲ့....။ သူ့စာအုပ်ဆွဲယူလိုက်တာနဲ့ ချက်ချင်းပြန်ဆွဲထားပြီး ကျွန်တော့ကို မျက်မှောင်ကြုတ်ကာ ကြည့်နေသေးတာ...။

"ခဏလေးပါ....ငါတစ်ပုဒ်ဆိုတစ်ပုဒ်ပဲ ကူးမှာပါကွာ...
တကယ်...တကယ်....တစ်ပုဒ်ပဲ...."

ပြန်ဖြေသည်ကိုပင် မစောင့်နိုင် ။ စာအုပ်ကို ဖျက်ကနဲ ပြန်ဆွဲလိုက်တော့ အားသိပ်မသုံးရဘဲ လက်ထဲတွင်ပါလာသည်။

စာအုပ်အသစ်၏ ပထမစာရွက်ကိုချန်လှပ်ပြီး အိမ်စာပေးလိုက်သော ပုစ္ဆာလေးပုဒ်အနက် နောက်ဆုံးပုစ္ဆာကို ကူးရေးနေသည့် အလင်းဝေအား ငွေရှိုင်းတစ်ယောက် ငေး၍ကြည့်နေမိသည်။

ဘော့ပင်ကိုင်ထားသော လက်ချောင်းဖြူဖြူလေး၏ မြန်ဆန်မှုကြောင့် စာကြောင်းများ တစ်ကြောင်းပြီးတစ်ကြောင်း ကုန်လွန်လာပြီး ပထမစာမျက်နှာ.....ပြီးနောက် ဒုတိယစာမျက်နှာ....။

နှုတ်ခမ်းကို ခဏခဏသပ်နေပုံနှင့် ချွေးစို့လာသော နဖူးတစ်ဝိုက်နှင့် နောက်ကျောဘက်ကိုကြည့်ရင်း စိတ်လှုပ်ရှားပြီး အလျင်လိုနေမှန်း သိသာစေသောကြောင့် ဘာမှမပြောတော့ဘဲ ငြိမ်နေလိုက်သည်။

လတ်တလော ဟန်ဆောင်ထားသည့်ပုံစံအရ စာအုပ်ကိုပြန်ဆွဲယူမှဖြစ်မည်ဟု ယူဆခဲ့သော်လည်း
မလုပ်နိုင်ပေ။ ပြီးဆုံးသည့်အနေနှင့် မျဉ်းကြောင်း ဆွဲပိတ်လိုက်သောအခါမှသာ စာအုပ်ကိုပြန်ယူလိုက်သည်။

သက်ပြင်းချရင်း နဖူးပေါ်ကချွေးတွေကို လက်ဖဝါးနှင့် သုတ်နေသူသည် ရုတ်တရက်ပြုံးပြလာပြီး ကျေးဇူးတင်လေ၏။

"ငါရေးနေတုန်း စာအုပ်ကို ပြန်မယူလို့ ကျေးဇူးပဲကွာ....
ဒါနဲ့လေ....မင်းလက်ရေးက ရှင်းလင်းပြီးတော့ အရမ်းလှတာပဲ..."

ဘာပြန်ပြောရမှန်းမသိ၍ မျက်မှောင်ပဲကြုတ်ထားမိသည်။ သူ့မျက်နှာကို အချိန်ကြာကြာစိုက်ကြည့်နေမိလျှင် ပြန်ပြုံးပြဖြစ်မလား မသေချာသည်မို့ whiteboard ဘက်သို့မျက်နှာမူလိုက်သည်။

"ချီးကျူးနေတာတောင် အဖက်မလုပ်ဘူး...
တစ်ခါတလေကျရင် စကားမှပြောတတ်ရဲ့လားလို့ သံသယဝင်ဝင်သွားတယ်...."

မကျေမချမ်းထွက်ပေါ်လာသော စကားသံကို ဥပေက္ခာပြုရသည်မှာ ငွေရှိုင်းအတွက်လည်း မလွယ်ကူကြောင်း အလင်းဝေကတော့ မသိခဲ့ပေ။
.
.
.
.
.
"အလင်းဝေ.....နင်ဒီလထဲမှာ စာအုပ်အသစ်နဲ့ရေးနေတာ ဘယ်နှစ်ခါရှိပြီလဲ...ကြည့်စမ်း...နာမည်တောင်မထိုးရသေးဘူး...အိမ်စာစစ်မယ်ဆိုမှ ကောက်ရေးလိုက်တာမလား..."

အကင်းပါးသောဆရာမအား အချိုသာဆုံးပြုံးပြပြီး ဗြောင်လိမ်ရသည်။ မျက်စိနှင့်တပ်အပ်မမြင်သရွေ့ ဆရာမသည်လည်း ကျွန်တော်လူလည်ကျပါသည်ဟု ကျိန်းသေစွပ်စွဲ၍မရ...။

"စာအုပ်အဟောင်းက အိမ်မှာကျန်ခဲ့လို့ပါ တီချယ်ရ...
သားလက်ရေးကကြီးတော့ စာအုပ်လည်း ခဏခဏကုန်တယ်...ဟီး..."

မျက်နှာချိုသွေးနေတုန်း ဂေါ်လီက ထဖောက်သည်။

"သူလိမ်နေတာတီချယ်...အခုနလေးတင် ချစ်မြတ်နိုးဆီက စာအုပ်အသစ်တောင်းလိုက်တာ..ပြီးတော့မှ ငွေရှိုင်းရဲ့စာအုပ်ကို အတင်းလုပြီး အသည်းအသန်ကူးရေးနေတာ..."

ချစ်မြတ်နိုးတစ်ယောက် ဇက်ကလေးပုဝင်သွားသည်ကို မြင်လိုက်ရသည်။ ငွေရှိုင်းကတော့ ဘာမှမပြောပေ။ သူ့စာအုပ်ကို ဆရာမလက်ထဲသို့ကမ်းပေးရင်း ဂေါ်လီ့ကိုတစ်ချက် စောင်းကြည့်လိုက်သည်။

*ဒီ....ကျက်သရေတုံးကောင်က ငါ့ကိုကြိုက်နေလို့ ငါ့ပဲထိုင်ကြည့်နေလားမသိဘူး။ ဆွဲထိုးလိုက်ရ...
နာတော့မယ်....။*

အနောက်လှည့်ပြီး ပြန်မပြောမိအောင်ထိန်းရင်း ဣန္ဒြေဆည်နေရသည်။ သူပြောတာအမှန်ဖြစ်သော်လည်း ပြန်ပြောမိမှ အလိမ်အညာတွေ ပေါ်ကုန်လျှင်မဖြစ်...။

"ငါမွေးရင် ငါ့သားလေးအရွယ်လောက်ရှိတဲ့ ကလေးတွေက...ဆရာမကို လူလည်ကျချင်နေသေး...
အဲ့တာထားလိုက်တော့...နာမည်မတပ်ထားလို့ မောင်ခွေးလို့တပ်ပေးလိုက်တယ်...ရော့..."

စာအုပ်မျက်နှာဖုံး၌ ထင်းနေသော မင်နီနှင့်ရေးထားသည့် စကားလုံးများ။ ဖတ်ကြည့်တော့ မောင်ခွေးတဲ့....။

ဆရာမရယ် ရက်စက်လိုက်တာဗျာ...။

အရှက်မကွဲချင်လို့ပါဆိုနေ အရိုက်ခံရတာထက်ပိုဆိုးတဲ့ နာမည်ပြောင်ပေးချလိုက်တော့ ဂေါ်လီတို့ဆိုသည်မှာ အနောက်ကနေ မောင်ခွေး...အို့...အို့...အို့
နဲ့စနေတာ မဆုံးတော့ဘူး...။

.
.
.
.
.
.
.
.
.
ဘဲလ်တီးသံမှာ ကျောင်းဝန်းကြီး၏ နေရာလွတ်မကျန် ကြားရသည်အထိ ကျယ်လောင်စွာ တွန်မြည်နေသည်။ခါတိုင်းလို ထမင်းချိိုင့်မယူခဲ့သဖြင့် ကန်တင်းသို့ အမြန်ပြေးနိုင်ရန် ထိုအသံကို တစ်ချိန်လုံးနားစွင့်နေခဲ့သည်။

အချိန်ကျ၍ အတန်းထဲမှပြေးထွက်လုအံ့ဆဲဆဲတွင် အေးအေးလူလူထိုင်၍ စာအုပ်တွေသိမ်းနေသော ငွေရှိုင်းသည် ကျွန်တော့အာရုံထဲသို့ ရောက်လာပြန်သည်။

"ကန်တင်းသွားမယ်လေ...နောက်ကျရင် လူအများကြီးစောင့်နေရမှာ..."

တစ်ချက်သာမော့ကြည့်ပြီး ခေါင်းပြန်ငုံ့သွားသည်။

"ငွေရှိုင်း....ငါပြောတာကို နည်းနည်းအဖက်လုပ်ဦး...."

စကားပြန်မပြောတော့ ကျွန်တော်သည်လည်း ဘာအရေးစိုက်ရတော့မှာလဲ...။သူ့ဘာသာ ခြေညောင်းအောင် အကြာကြီးစောင့်ရစောင့်ရ...။

"နေတော့ကွာ....ငါကတော့သွားပြီ...."

ကန်တင်းရောက်တော့ ကျွန်တော်စိုးရိမ်နေသည့်အတိုင်း လူတန်းရှည်ကြီးနှင့်ကြုံသည်။ ဒါတောင် တန်းစီဖို့ သုံးနေရာ လုပ်ပေးထားတာ။ သုံးနေရာစလုံးမှာ လူကအပြည့်....။

*အဲ့တာ ငွေရှိုင်း...မင်းကြောင့်...။

အာ...ဘယ်ဟုတ်မလဲ....။ငါ့ကြောင့်
ဖာသိဖာသာမနေနိုင်တဲ့ ငါ့ကြောင့်ပဲ။

ဘယ်သူ့ကြောင့်ဖြစ်ဖြစ်ကွာ...။ ငါတောင်လူစောင့်ရရင် သူကပိုဆိုးဦးမယ်။ လာပါစေဦး။ အဲ့တာမှမှတ်မှာ....။*

တရွေ့ချင်း တရွေ့ချင်းတန်းစီနေရင်း ကျျွန်တော့အလှည့်ရောက်ရန် လူငါးယောက်သာ စောင့်ရတော့မည်။ အဲ့ဒီ့အချိန်အထိ ငွေရှိုင်းတစ်ယောက် ပေါ်မလာသေး။

ကျွန်တော့ အနောက်ဘက်မှာလည်း ကျောင်းသားတွေက အများကြီး...။ အခြားနှစ်နေရာမှာလည်း ကျွန်တော့လို တန်းစီနေသူတွေက အများသားရယ်....။

ကျွန်တော်ထင်ခဲ့တာက ကျောင်းပိုင်ရှင်ရဲ့သားလည်း ထမင်းစားဖို့ အများနည်းတူ တန်းစီရမယ်လို့လေ။ ဒါပေမယ့် နောက်ကျမှ ရောက်လာတဲ့ သူတို့ညီအစ်ကိုနှစ်ယောက်က တန်းစီနေကြတဲ့ ကျောင်းသားတွေကို ဖြတ်ကျော်ပြီး အစားအစာလာယူကြတာ မျက်နှာမပူသလိုနဲ့...။

ဒါဟာပုံမှန်ကိစ္စရပ်တစ်ခုလိုပဲ ..မကျေနပ်ကြောင်းကို ဘယ်သူမှ မပြောကြပေမယ့် ကျွန်တော်ကတော့ အဲ့လိုစည်ကမ်း မလိုက်နာတာမျိုးဆို သိပ်မုန်းတာဗျ...။

သူတို့ကလည်း ဒီကျောင်းမှာတက်နေတဲ့ ကျောင်းသားတွေနည်းတူ သူတို့အဖေချမှတ်ထားတဲ့ စည်းကမ်းတွေကို ပိုလို့တောင် လိုက်နာသင့်တယ် မဟုတ်လား...။

ဒေါသထွက်သွားသော ကျွန်တော်သည် ဆက်တန်းမစီတော့ဘဲ သူတို့အနားသို့ မာန်ပါပါလျှောက်သွားလိုက်သည်။

"ငွေရှိုင်း...."

ကျွန်တော့ခေါ်သံကြောင့် စားပွဲခုံတန်းတွေဆီ သွားကြတော့မည့် ခြေလှမ်းများမှာ ရပ်တန့်သွားကြသည်။ ငွေရှိုင်းကို ခေါ်လိုက်ခြင်းဖြစ်သော်လည်း မှိုင်းခေါင်ဝေဦးကပါ လှည့်ကြည့်လာသည်။ သူ့မျက်လုံးများသည် သိမ်းငှက်မျက်လုံးများကဲ့သို့ စူးရဲလွန်းလှ၏။

သို့သော်လည်း မှိုင်းခေါင်ဝေဦးကိုတော့ ကျွန်တော် ဂရုမစိုက်ချင်....။ ငွေရှိုင်းသည်က ကျွန်တော့အတန်းဖော် ဖြစ်သည့်အပြင် အတူထိုင်သည့်သူငယ်ချင်း (ကျွန်တော်ကသာ သူငယ်ချင်းလို့ သတ်မှတ်တာပါ) လည်း ဖြစ်သဖြင့် သူ့ကိုသာ တိုက်ရိုက်ပြောလိုက်သည်။

"မင်းက နောက်ကျမှလည်း လာသေးတယ်...တန်းမစီဘဲနဲ့ ကြားဖြတ်ယူတော့ ခြေအညောင်းခံပြီးစောင့်နေရတဲ့ ကျောင်းသားတွေကို ဘယ်လောက်အားနာဖို့ကောင်းလဲ...
မျက်နှာမပူဘူးလား...."

ငွေရှိုင်းသည် ကျွန်တော့စကားကိုကြားပုံရသော်လည်း ကျွန်တော့ကိုကြည့်မနေ....။ သူ့အစ်ကိုထွက်သွားသည့် နောက်သို့သာ မျက်တောင်မခတ်ဘဲ လိုက်ကြည့်နေသည်။

မကြာပါ....ကျွန်တော့လက်ထဲသို့ ထမင်းနှင့်ဟင်းသုံးလေးမျိုး ထည့်ထားသော ပန်းကန်ပြားတစ်ချပ် ရောက်လာသည်။ လက်ထဲထည့်ပေးလိုက်သူက မှိုင်းခေါင်ဝေဦးဖြစ်သည်။

ရုတ်တရက်ပြုမူလိုက်သော အပြုအမူကြောင့် ကြောင်အအဖြစ်သွားစဉ် မှိုင်းခေါင်ဝေဦးသည် ကျွန်တော့ကို စိုက်ကြည့်လျှက် ငွေရှိုင်းကို စကားပြောသည်။

"လူတွေရဲ့ပါးစပ်ကို အဲ့လိုပိတ်ရတယ်...ရှိုင်းငယ်...
တချို့လူတွေက သူတို့အတွက် အကျိုးအမြတ်ရတဲ့သူကိုပဲ ရွေးပြီးပေါင်းတတ်ကြတာ...အမည်ခံတော့ သူငယ်ချင်းဆိုတဲ့...စကားလုံးလှလှလေးတွေနဲ့ပေါ့..."

ပတ်ဝန်းကျင်သည် သူတို့ကိစ္စနှင့်သူတို့ ရှုပ်ယှတ်ခတ်နေကြပြီး ကျွန်တော်တို့ကို သတိပြုမိကြပုံမပေါ်။ ဤကဲ့သို့ပင် ကျွန်တော်မြင်နေသည်က မှိုင်းခေါင်ဝေဦး၏ မာနခေါင်ခိုက်နေသော မျက်နှာထားနှင့် ငွေရှိုင်း၏ အဓိပ္ပာယ်ဖော်မရသော မျက်နှာတည်တည်သာ ဖြစ်သည်။

သူပြောလိုက်သည့် စကားလုံးများကို တုံ့ပြန်သည့်အနေနှင့် ပန်းကန်ကို ပစ်ပေါက်လိုက်ချင်သော်လည်း Green leafမှာသူတို့အပိုင်ဖြစ်ပြီး ကျွန်တော်သည်က ဤကျောင်း၌ အလကားတက်နေရသော ကျောင်းသားတစ်ယောက်သာ ဖြစ်သည်။

ထို့ကြောင့် စကားလုံးလှလှလေးကိုပြန်သုံးရင်း တိုက်ခိုက်ရမည်။ ကျွန်တော်ကလည်း အစွယ်လေးနဲ့ကောင်မို့ ...ဒီအတိုင်း ကျော်သွားပစ်ရန်တော့ စိတ်မကူးမိ။

ပန်းကန်ကို ငွေရှိုင်းလက်ထဲသို့ လွှဲပေးလိုက်သည်။ ကျွန်တော်ပြောလိုသည့်စကားများကို မှိုင်းခေါင်ဝေဦးကိုကြည့်ရင်း ငွေရှိုင်းထံသို့ဦးတည်သည်။ ထိုစကားလုံးများ၏ ဦးတည်ချက် အစစ် အမှန်မှာ တခြားတစ်ယောက်ဖြစ်မှန်း ကာယကံရှင်ကတော့ သိသည်။

"ဒါတွေကို ကျောင်းရှေ့က ခွေးတွေကိုပဲ ကျွေးလိုက်ပါ...
စိန်နားကပ်အရောင်ကြောင့် ပါးပြောင်တယ်ဆိုတာ အရောင်ထင်ဟပ်မှုတစ်ခုပဲလေ...

အစားကောင်းစားရတယ်ဆိုတိုင်း လမ်းဘေးခွေးကနေ သိန်းသောင်းချီတန်တဲ့ တန်ဖိုးကြီးခွေးဖြစ်သွားတာ မဟုတ်ဘူး...အစာကျွေးမယ့်သူ ရှိနေသရွေ့...
သူတို့ဗိုက်လေးတွေ ဝနေပါစေ..."

မှိုင်းခေါင်ဝေဦး၏နားထင်ကြောတွေ ထောင်လာသည်ကို အတိုင်းသားမြင်နေရသည်။ အံကြိတ်ထားသည့်ပုံအရ ကျွန်တော့ကိုတစ်ခုခု ပြန်ပြောချင်နေသော်လည်း သူပြန်မပြောနိုင်ခင် ထိုနေရာမှ ထွက်လာခဲ့သည်။

တစ်ယောက်တည်း တနုံ့နုံ့ဖြစ်ကျန်ခဲ့မှာ အသေအချာပဲ...။

အလင်းဝေကို လာစမ်းရင် ငါထုတ်မပြဖြစ်တဲ့
အမှောင်တစ်ဖက်ခြမ်းကိုပါ မင်းတို့မြင်ရလိမ့်မယ်...။

>>>>>>>>>>>>>>>>>>>>>>>>>>

See you next week

Love you all😘
Han_Me
(22.6.2020)

Continue Reading

You'll Also Like

328K 32.1K 139
အချစ်ဆိုတဲ့အရာကို နှလုံးသားနာကျင်မှုအတွက် ကုသရာဆေးအဖြစ် သတ်မှတ်လိုက်မယ်ဆိုရင် အလွမ်းတွေကတော့ နောက်ဆက်တွဲဆိုးကျိုးတွေပဲပေါ့ ... ❇️❇️❇️❇️❇️❇️❇️❇️❇️❇️❇️...
201K 3.4K 24
"ရှင့်ကိုသိပ်မုန်းတယ် ဒေါ်မြတ်သဒ္ဒါသွေး"
395 57 14
အချစ်ကတကယ်တော့ ခါးတယ်။ ချစ်မိတိုင်း ပျော်ရွှင်ရတယ်မှ မဟုတ်ဘဲ။ ဒါဆို အလွမ်းကလား... ချန်ရစ်သူရှိ‌မှတော့ မိန့်မိန့်ကြီး အလွမ်းနာကျရတော့တာပေါ့။ Feeling...
342K 27.2K 34
punishment type ပါ။ အဆင်ပြေမှဖတ်ပါ။