"အေနာက္ေဆာင္ သုိ႕တည္းမဟုတ္ က်ိန္စာ "
နန္းေတာ္တြင္းမွလူမ်ားက သူမ၏ျပန္လည္ေရာက္ရွိလာျခင္းအား မည္သုိ႕ပင္ထင္ျမင္ေနပါေစ၊ ယူဆေနပါေစ လင္းယီြကမူ အနည္းငယ္မွ်ပင္ ဂရုမစုိက္……။ မယ္ေတာ္ႀကီး၏စစ္ယိြနန္းေဆာင္ဘက္သုိ႕ ဂါရဝျပဳရန္ သြားေရာက္ရေပဦးမည္မုိ႕ သူမ၏ေအးစက္လွစြာေသာ မ်က္ႏွာထားႏွင္႕သာ နန္းေဆာင္ဘက္သုိ႕ ဦးတည္ေလွ်ာက္လွမ္းရန္ ျပင္သည္။ သုိ႕ေသာ္ ဟန္က်င္းရွန္းက သူမကုိအလ်င္တားျမစ္လာ၏။
"လမ္းတေလွ်ာက္ ပင္ပန္းေနမွာပဲ။ သြားနားလုိက္ပါဦး မိဖုရား~ မယ္ေတာ္႕ကုိေနာက္မွ ဂါရဝျပဳလည္းရပါတယ္။ "
ဟန္က်င္းရွန္း၏ညွာတာမႈအား လင္းယီြကဂရုမမူ……။ ေအးစက္စြာျဖင္႔ပင္~~
"နန္းတြင္းမွာ စည္းကမ္းကအခရာပါ။ ဒီမိဖုရားက အေနာက္ေဆာင္ကုိ အုပ္ခ်ဳပ္ေနရသူမုိ႕ စည္းကမ္းေဖာက္ဖုိ႕ မဝံ႕ရဲပါဘူး။ အရွင္မင္းႀကီးသာ အရင္ျပန္လုိက္ပါ "
"ေအာ္ … ဒါဆုိလည္း…… "
လင္းယီြလည္း မည္သည္႕အပုိစကားမွ ထပ္မေျပာခ်င္သည္မုိ႕ ဘုရင္အား ေခါင္းတစ္ခ်က္မွ်ညႊတ္ကာ ဂါရဝျပဳျပီး မယ္ေတာ္ႀကီးနန္းေဆာင္ဘက္သုိ႕ ထြက္ခြာလာလုိက္သည္။ နန္းတြင္းမွသူမ်ားက မည္မွ်ပင္ သူမကုိေလွာင္ရယ္ေနႀကပါေစ၊ ခိုးႀကည္႕၍အတင္းေျပာဆုိေနႀကပါေစ လင္းယီြက အနည္းငယ္မွ်ပင္ဂရုမစုိက္……။ သူမ၏နန္းေဆာင္မွ အပ်ိဳေတာ္ေလးသည္ေတာင္မွ မတုိးမက်ယ္ အတင္းအဖ်င္းမ်ားေႀကာင္႕ စိတ္မသက္မသာျဖစ္ေနရသည္႕ဟန္ျဖင္႕ ရွိေန၏။ အတင္းအဖ်င္းမ်ား၏ ေခါင္းစီးအခရာျဖစ္သည့္ လင္းယီြကမူ မည္သည္ကုိမွမႀကားရဟု သေဘာထားျပီး မယ္ေတာ္ႀကီးနန္းေဆာင္သုိ႕သာ အရင္ဝင္ေရာက္ကာ ဂါရဝျပဳလုိက္၏။
မယ္ေတာ္ႀကီးကမူ ထုံးစံအတုိင္း သူမကုိျငိဳျငင္ဆဲပါေပ။ မႀကည္မလင္မ်က္ႏွာထားျဖင္႕သာ ႀကိဳဆုိလာ၏။
"မယ္ေတာ္႕ကုိ ဂါရဝျပဳပါတယ္။ "
"ထပါ… ဧကရီက ဒီတစ္ခါ တရားစာေတြကူးေရးခဲ႕တာပဲ အသိတရားေတြ တုိးတက္လာတယ္နဲ႕တူတယ္။ "
"မယ္ေတာ္ေျပာတဲ႕အတုိင္းပါပဲ။ ပတ္ဝန္းက်င္က ေအးခ်မ္းလြန္းလုိ႕ စိတ္ပါတည္ျငိမ္လာျပီး ပုိျပီးအဆင္ေျပလာပါတယ္။ မယ္ေတာ္လည္း တစ္ေခါက္ေလာက္ သြားသင္႕တယ္။ "
"အတင္႕ရဲလုိက္တာ! မင္းက အျပစ္ေပးခံရတာကုိ ငါနဲ႕ႏႈိင္းယွဥ္ေနတာလား?"
"အျပစ္တဲ႕လား။ မယ္ေတာ္ ဒါကဆုလာဘ္ပါ က်ြန္မေတာ႕ အဲ႔လုိပဲခံယူထားပါတယ္။ တစ္သက္လုံးေနရမယ္ဆိုရင္ေတာင္ ေနာင္တမရပါဘူး။ "
မယ္ေတာ္ႀကီးမွာ လင္းယီြ၏ေအးစက္စက္စကားသံေႀကာင္႕ ေဒါသထြက္လာရေသာ္လည္း ဤတစ္ခါ၌ ထူးထူးကဲကဲမတုံ႕ျပန္……။ လင္းယီြကုိျပန္ရန္သာ ႏွင္လႊတ္သည္မုိ႕ လင္းယီြလည္းအေသအခ်ာဂါရဝျပဳျပီးမွ နန္းေဆာင္မွသည္ ထြက္ခြာလာခဲ႕၏။ လင္းယီြ ဖုန္႕ယီေဆာင္ဘက္သုိ႕ သြားလာေနသည္႕လမ္းတေလွ်ာက္ အေနာက္ေဆာင္မွ မည္သူႏွင္႕မွ မေတြ႕သည္က ကံေကာင္းသည္ဟု ထင္မွတ္မိေသာ္ျငား အေဆာင္ေ႕ရွ၌ေစာင္႕ဆုိင္းေနေသာ အေရာင္စုံလင္လွသည္႕ မိန္းမသားထုကုိအျမင္ အသက္ရွဴပင္မွားသြားရသည္။ တဆင္႕စကားတဆင္႕နားႏွင္႕ သူမတုိ႕က လင္းယီြျပန္လာျခင္းကုိ ႀကားရသည္ႏွင္႕တူပါ၏။ လင္းယီြကုိအျမင္ ႀကီးႀကီးငယ္ငယ္ မိဖုရားေမာင္းမမွန္သမွ်က လင္းယီြထံ တစ္ျပိဳင္နက္ သံျပိဳင္ဂါရဝျပဳလာႀက၏။
"မိဖုရားမယ္မယ္ ျပန္လာတာကုိ ႀကိဳဆုိပါတယ္။!! "
"……… ထႀကပါ။ "
"ေက်းဇူးတင္ပါတယ္။ မိဖုရားမယ္မယ္"
"အားရုိ႕ … လက္ဖက္ရည္ႀကမ္းလုိမ်ိဳး လုိအပ္တာေတြသြားျပင္ဆင္ထားလုိက္ "
"ဟုတ္ကဲ႕ မယ္မယ္ "
လင္းယီြက အပ်ိဳေတာ္ေလးတစ္ဦးကုိ ခုိင္းေစလုိက္ျပီးေနာက္ အေနာက္ေဆာင္မွမိန္းမလွမ်ား အုပ္စုဘက္ကုိ လွည္႕ႀကည္႕မိသည္။ ဧကရီကုိႀကိဳဆုိဖုိ႕ရာ လာေရာက္ႀကေသာ သူမတုိ႕၏အငုိမ်က္လုံး အျပံဳးမ်က္ႏွာမ်ားကုိ စူးစမ္းမိသည္႕ေနာက္ လင္းယီြက အပိုစကားမ်ား မေျပာခ်င္သည္မုိ႕ အေဆာင္တြင္းသုိ႕ဝင္ရန္သာ ဖိတ္ေခၚလုိက္၏ဝ
"အားလုံးပဲ ေျပာစရာရွိေနတယ္နဲ႕တူတယ္။ အထဲမွာေအးေဆးေျပာႀကတာေပါ႕ "
"မိဖုရားမယ္မယ္ကုိ ေက်းဇူးတင္ပါတယ္။ "
လင္းယီြ၏ဦးေဆာင္မႈျဖင္႕ ဧကရီနန္းေဆာင္တြင္းမွ ဧည္႕ေဆာင္ခုံမ်ား၌ မိဖုရားေမာင္းမမ်ားက အသီးသီးထုိင္လုိက္ႀကေသာ္လည္း မ်က္ႏွာမ်ားက မသာမယာ……။
လင္းယီြမွာ သူမတုိ႕ကုိ အကဲခတ္ႀကည္႕ရႈရင္း မည္သုိ႕မွမဆုိေသး……။ အားရို႕လာခ်ေပးသည္႕ ဆီးသီးေျခာက္ေရေႏြးကုိ ျဖည္းညင္းစြာ တစ္ငုံေသာက္သုံးလုိက္ရင္းမွ ထူးျခားေနသည္႕ တစ္စုံတစ္ေယာက္ကုိ အကဲခတ္လုိက္မိသည္။ သူမကအုိစာေနေသာမ်က္ႏွာထားျဖင္႕ လင္းယီြကုိပင္ ဂရုမျပဳနုိင္ပဲ မႈိင္ေတြေနခဲ႕ပါ၏။
"ယီြေဖး ဘာျဖစ္ထားတာလဲ ?"
"ဘာမွ မျဖစ္ပါဘူး။ မိဖုရားမယ္မယ္ ညကအိပ္မေပ်ာ္လုိ႕ ျငီးစီစီျဖစ္ေနတာနဲ႕တူပါတယ္။ "
"မမ ဘာလုိ႕ညာေနရတာလဲ? မိဖုရားကုိ ေလွ်ာက္တင္ပါတယ္။ မယ္မယ္ ေထာ႕မ်ိဳးႏြယ္ ေကြ႕ေဖးကုိ ဆုံးမေပးေတာ္မူပါ။ သူက အေနာက္ေဆာင္ကုိ သူ႕အပုိင္လုိမင္းမူေနပါတယ္။ ညီမေလးေမကုိလည္း ပါးရုိက္လုိက္တာမုိ႕ ညီမေလးေမက ရွက္ျပီးအျပင္ကုိမထြက္ရဲေတာ႕ပါဘူး "
"မင္းမူေနတယ္? "
"ေတာင္းပန္ပါတယ္ မိဖုရားမယ္မယ္ ညီမေလးက အေျပာအဆုိမတတ္လုိ႕ပါ။ ခြင္႕လႊတ္ေပးပါ "
ကိုယ္လုပ္ေတာ္ထန္း၏စကားအား ခ်ီရွန္းေဖးက ဖာေထးေပးလုိက္ေသာ္ျငား လင္းယီြက စကားမ်ားကုိ တသီးတသန္႕လုိက္ခံစားေနတတ္သူ မဟုတ္သည္ေႀကာင္႕ စိတ္ထဲမထား…။ အဓိကအေႀကာင္းအရာကမူ သူမတုိ႕အားလုံးက ေထာင္လႊားလြန္းသည္႕ ေထာ႕ေကြ႕ေဖးကုိ ဆုံးမေပးေစခ်င္ႀကတာျဖစ္၏။ လင္းယီြက ေက်ာက္စိမ္းေရေႏြးခြက္ငယ္ကုိ လက္ျဖင္႕အသာလွည္႕ေနရင္း မည္သည္႕စကားမွမဆုိ……။ ဧကရီေနရာျခိမ္းေျခာက္မႈဟုဆုိလ်င္ေတာင္ သူမက အနည္းငယ္မွ်ပင္မတုန္လႈပ္သည္မုိ႕ မိဖုရားမ်ားက စိတ္ပူပင္လာရသည္။ လင္းယီြက တုိင္တန္းသမွ်အေႀကာင္းအရာမ်ားကုိ အေသးစိတ္မွတ္သားထားရင္း သူမတုိ႕ကုိ မည္သည္႕စကားမွမဆုိ မည္သည္႕ကတိမွမေပးပဲျပန္လႊတ္လုိက္သည္။ သုိ႕ေသာ္ ဧကရီတစ္ပါးအေနႏွင္႕ တာဝန္ေက်စရာရွိသည္ေတာ႕ ေက်ရေပမည္မုိ႕ လင္းယီြက ဝတ္ဆင္ထားသည္႕ အရပ္သားဝတ္ရုံမွသည္ ဝတ္ရုံနီကုိလဲလွယ္ဝတ္ဆင္ျပီးေနာက္ လ်ိဳ႕ကုန္းကုန္းကုိခုိင္းေစလုိက္၏။
"အဲ႕ေျမေခြးကုိ ေခၚလာခဲ႕ ျပီးရင္ ေခ်ြ႕ယင္းနန္းေဆာင္ေ႕ရွမွာ ရုိက္သတ္လုိက္ !"
"ဟုတ္ကဲ႕ မိဖုရားမယ္မယ္ "
ဧကရီ၏အမိန္႕က အေနာက္ေဆာင္၌ အာဏာအျမင္႕ဆုံးျဖစ္သည္မုိ႕ မည္သူကမွေစာဒက တက္ရဲမည္မဟုတ္။ လင္းယီြက ရႊီခ်န္းေႀကာင္႕ ေထာ႕ေရာ႕ရႊယ္ကုိ မထိပါးနုိင္ေသာ္ျငား သူ၏သတၲဝါကုိေတာ႕ ထိပါးနုိင္သည္။ ထုိသတၲဝါက အေနာက္ေဆာင္တစ္ခြင္ ျပႆနာပတ္ရွာေနသည္႕အျပင္ ေတာ္ဝင္ေသြးျဖစ္ေသာ မင္းသမီးငယ္ေလးကုိပင္ ထိခုိက္ေစသည္မုိ႕ ဤအတုိင္းလႊတ္ထား၍မျဖစ္……။ လင္းယီြအေနႏွင္႕ အာဏာ၊ခ်စ္ခင္မႈမ်ားကုိ စိတ္မဝင္စားေသာ္ျငား သူမ၏တာဝန္ကုိေက်ပြန္ျပီး ဧကရီတစ္ဦး၏ေနရာကုိေတာ႕ ျပသရမည္ျဖစ္သည္။ ထုိအခါမွ ခ်န္းမ်ိဳးႏြယ္ကုိ မည္သူကမွ အထင္မေသးရဲမွာျဖစ္၏။
မွန္ေ႕ရွ၌ ထိုင္ေနသည္႕အခုိက္ ဧကရီတစ္ပါး၏ဂုဏ္အင္အတုိင္း ဆံပင္ကုိျပန္လည္ျပင္ဆင္ထုံးဖြဲ႕ျပီး အဆုံးသတ္အေနျဖင္႕ လင္းယီြ၏ေခါင္းထက္၌ ေရႊေရာင္ဇာမဏီဆံထုိးကုိ တပ္ဆင္ျပီးသည္႕ေနာက္ သူမက မဟူရာဇာမဏီကုိ မခ်ိတ္ဆြဲထားခ်င္ေသာ္ျငား ေရွာင္းခ်န္းယီြကုိ အားနာသည္မုိ႕ ခါးထက္၌ ျပန္လည္ခ်ိတ္ဆြဲထားလုိက္သည္။ လင္းယီြဝတ္စားဆင္ယင္ေနသည္႕ အခ်ိန္အတြင္းမွာပင္ ဖုန္႕ယီနန္းေဆာင္ေ႕ရွ၌ ဆူဆူပူပူအသံမ်ားကုိ စတင္ႀကားလုိက္ရျပီး ေအာ္ဟစ္သံေတြက နားပင္စူးမတတ္……။ အားရုိ႕က လင္းယီြ၏ဆံပင္ကုိ ေသသပ္ေအာင္ျဖီးသင္ေပးရင္း စကားဆုိလာ၏။
"မယ္မယ္…… ႀကည္႕ရတာ ေထာ႕ေကြ႕ေဖးပဲ ျဖစ္ရမယ္ ဒီအေစခံထြက္ႀကည္႕လုိက္ရမလား "
"ငါကုိယ္တုိင္သြားမယ္။ "
လင္းယီြက ေျပာသည္႕အတုိင္းပင္ သူမကုိယ္တုိင္ဦးေဆာင္ျပီး ဖုန္႕ယီနန္းေဆာင္မွ ထြက္ခြာလာသည္႕ေနာက္ တားျမစ္ေနသည္႕လ်ိဳ႕ကုန္းကုန္းကုိ အတင္းဆြဲဖယ္ကာ ေဒါသထြက္ဟန္ရွိေနသည္႕ မိန္းမလွေလးတစ္ဦး……။ သူမ၏လက္တြင္း၌မူ ေသေနျပီျဖစ္ေသာ ေျမေခြးတစ္ေကာင္ရွိေနခဲ႕ပါ၏။ လင္းယီြေတြးမိလုိက္သည္က မည္မွ်ပင္ ထုိေျမေခြးကုိမုန္းတီးေနသူမ်ား၍ ဤမွ်ျမန္ေအာင္ ရုိက္သတ္ေနရသနည္းဟုပင္……။
ရႊီခ်န္းမင္းသမီးကမူ လင္းယီြကုိ အျမင္ အႀကည္႕မ်ားက ပုိ၍ရန္လုိလာရကာ စားဝါးမတတ္ႀကည္႕ရႈလာသည္ ။ သုိ႕ေသာ္ လင္းယီြက လ်ိဳ႕ကုန္းကုန္းကုိ ေဘးသုိ႕ဖယ္ခုိင္းလုိက္သည္။ ထုိအခါ ထုိမိန္းကေလးက ေဒါသတႀကီး လင္းယီြထံတုိးဝင္လာသည္မုိ႕ လင္းယီြက ေဘးသို႕ကပ္ေရွာင္လုိက္သည္။ ထုိမိန္းကေလးကမူ လင္းယီြကုိမုန္းတီးဟန္ အႀကည္႕မ်ားႏွင္႕ႀကည္႕ရႈလာ၏။
"ငါ႕ရဲ႕ အားဟူက ဘာအျပစ္ရွိလုိ႕ နင္ကရုိက္သတ္ခုိင္းတဲ႕ အမိန္႕ကုိ ခ်ရဲရတာလဲ!! ဘာလုိ႕လဲ?"
"ဒီမိဖုရား*က အေနာက္ေဆာင္အတြက္ တရားမွ်တေအာင္ လုပ္ေဆာင္ေပးတာ မင္းေျမေခြးက ယီြဟြားမင္းသမီးကုိပါ ထိခုိက္ေအာင္လုပ္ခဲ႕ေသးတယ္။ သူမက မင္းႀကီးရဲ႕တစ္ဦးတည္းေသာ ေသြးသားဆုိတာ ေမ႕ေနတာလား! "
(Ban- Gong - ပန္ကုံး- ဒီမိဖုရားဆုိတာ လင္းယီြက အျမင္႕စကားကုိ သိသိသာဖိေျပာျပီးသုံးလုိက္တာ ေထာ႕ေရာ႕ရႊယ္က နင္နဲ႕ငါသုံးေနလုိ႕ ရုိင္းျပတယ္လုိ႕ဆုိလုိတာပါ )
"နင္ကမ်ား! !"
မ်က္ဝန္းမ်ားပင္ နီရဲလာသည္႕ ေထာ႕ေရာ႕ရႊယ္ကေျပာ၍ပင္မဆုံးေသး ပါးတစ္ခ်က္အရုိက္ခံလုိက္ရသည္မုိ႕ ေႀကာင္အသြားရကာ ပူထူသြားရသည္႕ပါးကုိ အသာကုိင္လ်က္ လင္းယီြကိုႀကည္႕ရႈမိသည္။ သုိ႕ေသာ္ ထုိရုိက္ခ်က္က လင္းယီြ၏လက္ခ်က္မဟုတ္။ နံေဘးမွ အားရုိ႕က ေထာ႕ေရာ႕ရႊယ္အား ေဒါသျဖင္႕ရုိက္ႏွက္လုိက္ျခင္းျဖစ္၏။
"နင္……"
"ဧကရီဆုိတာ အေနာက္ေဆာင္ရဲ႕သခင္ပဲ ေကြ႕ေဖး စကားကုိဆင္ျခင္ေျပာပါ။ ေနာက္တစ္ေခါက္ထပ္ေျပာရင္ က်ြန္မသခင္မအစား ထပ္ရုိက္ရပါလိမ္႕မယ္။ "
"နင္တုိ႕လုိ႕အေရးေပးမခံရတဲ႕ဟာေတြကမ်ား အေစခံမကေတာင္ ငါ႕ကုိရုိက္ရဲတယ္ေပါ႕ သိပ္ေကာင္းတယ္ သိပ္ေကာင္းတယ္။ ငါ အရွင္မင္းႀကီးကုိ ေျပာျပီး နင္တုိ႕… အ ! "
ေထာ႕ေရာ႕ရႊယ္မွာ ရုိင္းျပေသာစကားမ်ားကုိ ေနာက္တစ္ေခါက္မေျပာရေသးစဥ္၌ ထပ္မံအရုိက္ခံလုိက္ရျပန္၏။ သူမမွာ သည္တစ္ခါ၌အေနာက္သုိ႕ပင္ လြင္႕သြားရသည္မုိ႕ သူမ၏အေစခံမာဟန္႕က ထိန္းထားလုိက္ရသည္။ သူမက အားရုိ႕ကုိတန္ျပန္ ရိုက္ခ်င္ေသာ္ျငား လင္းယီြ၏အႀကည္႕တစ္ခ်က္၌ ျငိမ္သက္သြားရကာ ေဒါသႀကီးေနဆဲ ေထာ႕ေရာ႕ရႊယ္ကုိ ေခ်ာ႕ေမာ႕ဆြဲေခၚသြားေတာ႔သည္။ ပတ္ဝန္းက်င္က တဖန္ဆိတ္ျငိမ္သြားသည္႕အခါမွ လင္းယီြ အားရုိ႕အမည္ရွိ မိန္းကေလးကုိႀကည္႕ရႈမိသည္။ အားရုိ႕က ဖုန္႕ယီနန္းေဆာင္ကုိ မႀကာေသာအခ်ိန္ကမွ ေရာက္ရွိလာသည္႕ အပ်ိဳေတာ္ျဖစ္ျပီး သူမကုိ လင္းယီြကသိပ္ျပီးမသိက်ြမ္း……။ သုိ႕ေသာ္ ယခုလု္ိအေျခအေနမ်ိဳး၌ မေခသည္႕သတၲိရွိသည္မုိ႕ လင္းယီြမွာ သူမကုိအကဲခတ္ရင္း ဖုန္႕ယီနန္းေဆာင္တြင္းသုိ႕ ျပန္ဝင္လာလုိက္သည္။ ထုိ႕ေနာက္ ဖတ္ရႈေနက်စာအုပ္တစ္အုပ္အား ဆြဲယူရင္း နံေဘး၌ခပ္ျငိမ္ျငိမ္ရပ္ေနဆဲ အားရုိ႕ကုိ အေမးရွိလုိက္၏။
"မင္းဒါမ်ိဳးလုပ္တာ ျပစ္ဒဏ္သင္႕မွာမေႀကာက္ဘူးလား?"
"ေကြ႕ေဖးက အရင္နန္းတြင္းစည္းကမ္းကုိ ခ်ိဳးေဖာက္တာပါ။ ဒီအေစခံက မယ္မယ္႕အစားဆုံးမေပးရုံပါပဲ။ "
"မင္းက ထက္ျမက္သားပဲ။ အားလန္ထက္ေတာင္ သာေသးတယ္။ အဲ႕ေကာင္မေလးက အျမဲတမ္းငါ႕ကုိစိတ္ပူေနျပီး အေရးႀကံဳလာရင္ ေပါက္ကရလုပ္တတ္တယ္ မင္းငါ႕ကုိ ကူညီျပီး သူ႕ကုိထိန္းေက်ာင္းေပးပါဦး "
"မယ္မယ္~ ဒီအေစခံက မယ္မယ္ရဲ႕က်ြန္ပါ က်ိန္းေသေပါက္ မယ္မယ္႕အတြက္ လုပ္ေပးရမွာပါ "
လင္းယီြက စာအုပ္ဖတ္ရႈေနရာမွ အားရုိ႕၏အသြင္အျပင္ မူဟန္ကုိ မ်က္စိတခတ္စာမ်ွအကဲခတ္ျပီးေနာက္ ခပ္တုိးတုိးဆိုလာ၏။
"မင္းအေနနဲ႕ဆုိ အျမင္႕ကုိက်ိန္းေသေပါက္ တက္နုိင္မွာပဲ။ ငါ႕အေစခံက်ိန္းေသျဖစ္ဖုိ႕လုိလုိ႕လား?"
"မယ္မယ္!! ဒီအေစခံက ခ်န္းအိမ္ေတာ္ရဲ႕ေက်းဇူး~ မယ္မယ္႕ေက်းဇူးနဲ႕ အသက္ရွင္ခဲ႕ရတဲ႕ အရပ္သားတစ္ဦးပါ။ အျမင္႕ကုိတက္မယ္ဆုိတဲ႕ စိတ္ကူးနဲ႕ နန္းေတာ္ကုိဝင္ခဲ႕တာမဟုတ္ပါဘူး။ စားစရာနဲ႕ ေက်ာခင္းစရာရွိရင္ရျပီျဖစ္တဲ႕ ေဆြမ်ိဳးမရွိတဲ႕ တစ္ေကာင္ႀကြက္မုိ႕ မယ္မယ္႕ကုိ ျပဳစုေစာင္႕ေရွာက္နုိင္ရင္ပဲ ကံေကာင္းလွပါျပီ "
ဒူးေထာက္ဝပ္တြားကုိ ေျပာဆုိေနသည္႕အားရုိ႕ကုိ လင္းယီြက မည္သည္႕စကားမွဆက္မဆုိေတာ႕…။ အျမန္ထရန္သာ ေျပာဆုိျပီး စာအုပ္ကု္ိဆက္ဖတ္ရႈလ်က္ရွိ၏။ အားရုိ႕ကလိမ္ညာေနခဲ႕ျခင္းမဟုတ္။ မိခင္ႏွင္႕ဖခင္ေသဆုံးျပီးေနာက္ သူမကဲ႕သုိ႕ဥတစ္လုံးတစ္ေကာင္ႀကြက္က လမ္းေဘး၌အစားအစာငတ္မြတ္ေနခ်ိန္၌ ခ်န္္းအိမ္ေတာ္၏ ရိကၡာေဝငွမႈေႀကာင္႕ အသက္ဆက္ရွင္ခဲ႕ရျပီး မဆုိးလွေသာရုပ္ရည္ေႀကာင္႕ အသိတစ္ဦး၏ေထာက္ခံမႈျဖင္႕ နန္းတြင္းဝင္လာေသာ္ျငား သူမထံ၌ပ်ံသန္းခ်င္သည္႕ စိတ္ကူးစိတ္သန္းမ်ားမရွိပါေခ်။ ထမင္းစားရန္ႏွင္႕အိပ္ရန္ရသည္ကပင္ သူမအဖုိ႕ ကံေကာင္းလြန္းလွျပီျဖစ္၏။ ဤကဲ႕သုိ႕ ျမင္႕ျမတ္လွေသာဧကရီေနထုိင္သည္႕ ဖုန္႕ယီနန္းေဆာင္၌ ခစားရမည္ဆုိသည္ကပင္ သူမမမက္ရဲသည္႕ အိပ္မက္တစ္ခုသာျဖစ္၏။ ထုိ႕အျပင္ ေလးစားႀကည္ညိဳဖြယ္ေကာင္းလွေသာ ဧကရီအား သူမအလြန္ပင္ ရုိေသသည္။ ဤကဲ႕သုိ႕ ညွာတာသနားတတ္သူတစ္ဦးထံ၌ ခစားရသည္က သူမဘဝ၌ ေကာင္းမႈကုသုိလ္ျပဳဖူး၍သာ ျဖစ္မည္ထင္၏။
အားရုိ႕မွာ သည္႕ထပ္ပုိ၍လည္း ေမွ်ာ္လင္႕ခ်က္ထပ္မထားေတာ႕ပါေခ်။ ဧကရီရွိေနေသးသေရြ႕ သူမဘဝအားဤဖုန္႕ယီမွ အေစခံအျဖစ္ႏွင္႕သာ တစ္သက္လုံး ေနသြားေတာ႕မည္ျဖစ္၏။
"မယ္မယ္~ ဒီေန႕ပင္ပန္းေနမယ္နဲ႕တူပါတယ္။ ဂ်င္စင္းနဲ႔ျပဳလုပ္ထားတဲ႕ ေဆးဖက္ဝင္ေရ ျပင္ဆင္ထားတာမုိ႕ ေရခ်ိဳးလုိက္ပါလား ?"
"မင္းေျပာမွပဲ~ ေကာင္းျပီ ေရအရင္ခ်ိဳးရတာေပါ႕~ "
"ဟုတ္ကဲ႕ ~"
လင္းယီြက အားရုိ႕၏အကူအညီႏွင္႕ ေဆးဖက္ဝင္ေရျဖင္႕ သက္ေတာင္႕သက္သာျဖစ္စြာ ေရခ်ိဳးရန္ျပင္ဆင္ေနခ်ိန္၌ မုန္႕ယင္နန္းေဆာင္မွ အပ်ိဳေတာ္ႏွင္႕အေစခံမ်ားအားလုံးက သခင္မ၏ေဒါသေႀကာင္႕ ဖိန္႕ဖိန္႕တုန္ေနႀကကာ ေခ်ာင္မ်ား၌ ပုန္းေအာင္းေနႀကရေပ၏။ အထိန္းေတာ္မာဟန္႕ကသာ ေရာ႕ရႊယ္ကုိ မရအရေခ်ာ႕ေမာ႕ေနေသာ္ျငား ေရာ႕ရႊယ္က သုံးအုိးေျမာက္ ေႀကြအလွပန္းအုိးႀကီးကုိ ခြဲခ်ပစ္လုိက္ျပီျဖစ္၏။
"သူကမ်ား သူ႕လုိအေစခံမကမ်ား ငါ႕ကုိရုိက္ရဲတယ္ ျပီးေတာ႕ ဟုိမိန္းမငါ႕ကုိႀကည္႕ေနတဲ႕ပုံကုိ ျမင္လား မတူမတန္သလုိ ငါ႕ကုိႏွိမ္႕ခ်သလုိ ႀကည္႕ေနတာ !!"
"မယ္မယ္~ သူတုိ႕ေျပာတာ မွန္ပါတယ္။ ဒီေနရာက ရႊီခ်န္းမဟုတ္ဘူး။ ျပီးေတာ႕ သူမက အေနာက္ေဆာင္ရဲ႕သခင္မပါ သူမဆီမွာ အာဏာအပ္ထားတဲ႕ တံဆိပ္တုံးရွိတယ္။ က်ြန္မတုိ႕ေဒသလုိ ထင္တုိင္းသြားႀကဲလို႕မရဘူး "
"အာဏာ! ငါကအဲ႕ဒီအာဏာကုိ ရေအာင္လုယူျပမယ္။ သူက အခ်စ္မွမခံရတာ အဲ႕အာဏာက ဘာလုပ္ရမွာလဲ?"
"မင္းသမီးေလး ~ေသခ်ာစဥ္းစားပါ။ သူမက မင္းသမီးေလးရဲ႕အစ္မေတာ္ပါတယ္။ သူမကစည္းမ်ည္းေတြႀကားကေနပဲ ကုိင္တြယ္သြားတာမုိ႕ မင္းသမီးရဲ႕ရုိင္းစုိင္းမႈက အျပစ္ျဖစ္သြားနုိင္တယ္။ ဒါဆုိ မင္းႀကီးက မင္းသမီးကုိခ်စ္ရင္ေတာင္ အေနာက္ေဆာင္ရဲ႕စည္းကမ္းကုိ ဝင္ရႈပ္လုိ႕မရနုိင္ဘူး။ "
"ဒါဆုိ ငါက ဘာလုပ္ရမွာလဲ အဲ႕မိန္းမ အနုိင္က်င္႕သမွ် ခံေနရမွာလား!?"
"မင္းသမီးေလး အေတြးမတိမ္ပါနဲ႕။ ဒီနန္းေတာ္ထဲမွာႀကည္႕လုိက္ ဘယ္သူကမွ သားေယာက်ာ္း မေမြးဖြားထားဘူး။ သမီးေတာ္တစ္ပါးပဲရွိတယ္။ မင္းသမီးေလးသာ သားေမြးဖြားခဲ႕ရင္……… အေနာက္ေဆာင္က သခင္မေလးလက္ခုပ္ထဲက ေရျဖစ္ဖုိ႕ အလွမ္းမေဝးေတာ႕ပါဘူး "
မာဟန္႕၏ နားအနီးတီးတုိးဆုိသည္႕စကားေႀကာင္႕ ေရာ႕ရႊယ္က ခဏတာစဥ္းစားဟန္ျပဳျပီးမွ ငြားစြင္႕စြင္႕ျပံဳးလာသည္။ ထုိ႕အျပင္ သူမ၏လက္၌ တပ္ဆင္ထားေသာ ေငြလက္သည္းတစ္စုံကုိ သေဘာတက်ပြတ္သပ္ရင္း မ်က္ဝန္းမ်ားက အႀကံအစည္ႏွင္႕ အေရာင္လဲ႕လ်က္ရွိ၏။
"မင္းမသိေသးဘူးလား? ဟုိေန႕က သုံ႕ယြင္သြားစုံစမ္းထားတာ ခ်ီရွန္းေဖးနဲ႕ ကုိယ္လုပ္ေတာ္က်င္းက တစ္ျပိဳင္တည္း ကုိယ္ဝန္ရွိေနျပီ သူမတုိ႕က ငါသိရင္ ျကႆနာရွာမွာစုိးလုိ႕ တမင္တကာလ်ိဳ႕ဝွက္ထားႀကတာ "
"မင္းသမီးေလး က်ြန္မကုိသာ ယုံလုိက္ပါ။ သူတုိ႕မလုပ္နုိင္ေလာက္ပါဘူး "
"ငါနင္႕ကုိ ယုံႀကည္လုိက္မယ္။ အရင္ဆုံး အဲ႕မိန္းမက စိတ္အေႏွာင္႕အယွက္ျဖစ္ေပမယ္႕ အဲ႕ဒီကေလးေတြကုိ အရင္ရွင္း……အဲ႕မိန္းမေတြက ငါ႕ထပ္အရင္ သားေမြးလာမွာကုိ မလုိခ်င္ဘူး။ "
"မင္းသမီးေလး စိတ္ခ်ပါ "
မာဟန္႕၏စကားအဆုံး ေရာ႕ရႊယ္က သေဘာတက်ျပံဳးရင္း အတြင္းေဆာင္တြင္းသုိ႕ ဝင္ေရာက္သြားေတာ႕သည္။ သူမက ကုတင္ေအာက္၌ဖြက္ထားခဲ႕ေသာ လ်ိဳ႕ဝွက္ေသတၳာအတြင္းမွ ခမည္းေတာ္ေပးထားသည္႕ ပုလင္းငယ္မ်ားကုိ ထုတ္ယူပြတ္သပ္ရင္း မ်က္ဝန္းမ်ားက ေႀကာက္မက္ဖြယ္ေကာင္းေလာက္ေအာင္ အႏၲရာယ္မ်ားေနခဲ႕သည္။ ပုလင္းငယ္အတြင္းမွ ျဖဴျဖဴအမႈန္႕ငယ္မ်ားကုိ ႀကည္႕ရႈလ်က္ ႏႈတ္ခမ္းပါးက ေအးစက္ေသာအျပံဳးတစ္ပြင္႕ ခ်ိတ္ဆြဲထားခဲ႕ပါ၏။
"ခမည္းေတာ္ေပးတုန္းက ဒါေတြမလုိအပ္ဘူးလုိ႕ ထင္ခဲ႕တာ အခုေတာ႕သုံးရေတာ႕မွာပဲ ဘုရင္႕ကုိအားနာေပမယ္႕ ဘယ္လုိလုပ္ရမလဲ? အဲ႕ဒီကေလးေတြ က်ြန္မမလုိခ်င္ဘူး။ "
ေရာ႕ရႊယ္က ရက္စက္လွသည္႕ေလသံႏွင္႕ တီးတုိးဆုိလုိက္မႈသည္ မုန္႕ယင္နန္းေဆာင္တြင္း၌ပင္ လြင္႕ပါး ေပ်ာက္ကြယ္သြားေလေတာ႕၏။
လူအမ်ားက ဤကဲ႕သုိ႕အႀကံစည္မ်ားအား ႀကက္သီးထနုိင္ေကာင္းေသာ္လည္း
ေကာက္က်စ္ေသာ ရႊီခ်န္းမင္းသမီးမွမဟုတ္…။ အေနာက္ေဆာင္၏ မိန္းမမ်ား၏တုိက္ပြဲသည္ ေယာက်ာ္းသားတုိ႕စစ္ပြဲထက္ ပုိရက္စက္သည္။ ေကာက္က်စ္သည္။ ဦးသူကအရင္ နုိင္ပြဲရသည္ခ်ည္းသာ……။ ကေလးမ်ားသည္လည္း ေမြး၊ေသ သံသရာစက္ဝန္း၌ အဖန္ဖန္တလဲလဲပင္……။ ဤစက္ကြင္းအား ႀကီးျမတ္လွပါေသာဧကရီမ်ားပင္ မလြတ္ေျမာက္နုိင္ေခ်။
ဥာဏ္ထက္ျမက္လွသည္႕ လင္းယီြသည္ပင္ အမည္မေဖာ္သည္႕ မိဖုရားတစ္ပါးေႀကာင္႕ ေသလုနီးနီးအဆိပ္ေက်ြးျခင္းပင္ ခံရဖူးသည္မုိ႕ နန္းေတာ္တြင္း၌ အေနာက္ေဆာင္သည္ ေျမြမ်ားအဆိပ္မ်ား ျပည္႕ႏွက္ေနသည္႕ေနရာတစ္ခုသာ……။ သတိႏွင္႕ေနနုိင္မွသာ ေနာက္ဆုံး၌ အသက္ႏွင္႕ခႏၶာျမဲျမဲတည္နုိင္မည္ျဖစ္၏။ ရွင္ဘုရင္၏အခ်စ္ေမတၲာတစ္ခုတည္းႏွင္႕ မရပ္တည္နုိင္သကဲ႕သုိ႕ မိသားစုအင္အားတစ္ခုတည္းႏွင္႔လည္း မရွင္သန္နုိင္……။ ေကာက္က်စ္မႈသည္လည္း အားကုိး၍မရ……။ ေရွာင္တိမ္းနုိင္မႈႏွင္႕လည္း ေနာက္ဆုံးထိ မလွမ္းနိင္ေခ်။ အေနာက္ေဆာင္မွ မိန္းမမ်ား၏ဘဝက ဤသုိ႕အဓိပၸာယ္ဖြင္႕နုိင္သည္။
"က်ိန္စာ "
ဟုတ္သည္။ က်ိန္စာတစ္ခုပါေပ။
လင္းယီြ၏ဘဝ၌မူ ဤအရာကက်ိန္စာသာျဖစ္ျပီး အျမစ္တြယ္ေနကာျဖတ္မရသည္႕ အရာတစ္ခု……။
ျဖစ္နုိင္ခဲ႕မည္ဆုိလ်င္ အရာအားလုံးကုိ စြန္႕ခြာ၍ နန္းေတာ္မွ ထြက္ခြာခ်င္မိသည္။ အပူအပင္မဲ႕ကာ လြတ္လပ္ေပါ႔ပါးစြာျဖင္႕ပင္ ေနထုိင္ခ်င္သည္။ သုိ႕ေသာ္ သူမသည္လည္း လုိခ်င္သည္ျဖစ္ေစ မလုိခ်င္သည္ျဖစ္ေစ ရွင္ဘုရင္၏အမည္ခံဇနီးအျဖစ္ အဘယ္ေသာအခါမွ လြတ္ေျမာက္နုိင္ေတာ႕မည္မဟုတ္ေခ်။ ေကာင္းကင္ကံႀကမၼာသည္ သူမအေပၚ ရက္စက္နုိင္လြန္းခဲ႕ပါ၏။
***********************
[Unicode]
"အနောက်ဆောင် သို့တည်းမဟုတ် ကျိန်စာ "
နန်းတော်တွင်းမှလူများက သူမ၏ပြန်လည်ရောက်ရှိလာခြင်းအား မည်သို့ပင်ထင်မြင်နေပါစေ၊ ယူဆနေပါစေ လင်းယွီကမူ အနည်းငယ်မျှပင် ဂရုမစိုက်……။ မယ်တော်ကြီး၏စစ်ယွိနန်းဆောင်ဘက်သို့ ဂါရဝပြုရန် သွားရောက်ရပေဦးမည်မို့ သူမ၏အေးစက်လှစွာသော မျက်နှာထားနှင့်သာ နန်းဆောင်ဘက်သို့ ဦးတည်လျှောက်လှမ်းရန် ပြင်သည်။ သို့သော် ဟန်ကျင်းရှန်းက သူမကိုအလျင်တားမြစ်လာ၏။
"လမ်းတလျှောက် ပင်ပန်းနေမှာပဲ။ သွားနားလိုက်ပါဦး မိဖုရား~ မယ်တော့်ကိုနောက်မှ ဂါရဝပြုလည်းရပါတယ်။ "
ဟန်ကျင်းရှန်း၏ညှာတာမှုအား လင်းယွီကဂရုမမူ……။ အေးစက်စွာဖြင့်ပင်~~
"နန်းတွင်းမှာ စည်းကမ်းကအခရာပါ။ ဒီမိဖုရားက အနောက်ဆောင်ကို အုပ်ချုပ်နေရသူမို့ စည်းကမ်းဖောက်ဖို့ မဝံ့ရဲပါဘူး။ အရှင်မင်းကြီးသာ အရင်ပြန်လိုက်ပါ "
"အော် … ဒါဆိုလည်း…… "
လင်းယွီလည်း မည်သည့်အပိုစကားမှ ထပ်မပြောချင်သည်မို့ ဘုရင်အား ခေါင်းတစ်ချက်မျှညွှတ်ကာ ဂါရဝပြုပြီး မယ်တော်ကြီးနန်းဆောင်ဘက်သို့ ထွက်ခွာလာလိုက်သည်။ နန်းတွင်းမှသူများက မည်မျှပင် သူမကိုလှောင်ရယ်နေကြပါစေ၊ ခိုးကြည့်၍အတင်းပြောဆိုနေကြပါစေ လင်းယွီက အနည်းငယ်မျှပင်ဂရုမစိုက်……။ သူမ၏နန်းဆောင်မှ အပျိုတော်လေးသည်တောင်မှ မတိုးမကျယ် အတင်းအဖျင်းများကြောင့် စိတ်မသက်မသာဖြစ်နေရသည့်ဟန်ဖြင့် ရှိနေ၏။ အတင်းအဖျင်းများ၏ ခေါင်းစီးအခရာဖြစ်သည့် လင်းယွီကမူ မည်သည်ကိုမှမကြားရဟု သဘောထားပြီး မယ်တော်ကြီးနန်းဆောင်သို့သာ အရင်ဝင်ရောက်ကာ ဂါရဝပြုလိုက်၏။
မယ်တော်ကြီးကမူ ထုံးစံအတိုင်း သူမကိုငြိုငြင်ဆဲပါပေ။ မကြည်မလင်မျက်နှာထားဖြင့်သာ ကြိုဆိုလာ၏။
"မယ်တော့်ကို ဂါရဝပြုပါတယ်။ "
"ထပါ… ဧကရီက ဒီတစ်ခါ တရားစာတွေကူးရေးခဲ့တာပဲ အသိတရားတွေ တိုးတက်လာတယ်နဲ့တူတယ်။ "
"မယ်တော်ပြောတဲ့အတိုင်းပါပဲ။ ပတ်ဝန်းကျင်က အေးချမ်းလွန်းလို့ စိတ်ပါတည်ငြိမ်လာပြီး ပိုပြီးအဆင်ပြေလာပါတယ်။ မယ်တော်လည်း တစ်ခေါက်လောက် သွားသင့်တယ်။ "
"အတင့်ရဲလိုက်တာ! မင်းက အပြစ်ပေးခံရတာကို ငါနဲ့နှိုင်းယှဉ်နေတာလား?"
"အပြစ်တဲ့လား။ မယ်တော် ဒါကဆုလာဘ်ပါ ကျွန်မတော့ အဲ့လိုပဲခံယူထားပါတယ်။ တစ်သက်လုံးနေရမယ်ဆိုရင်တောင် နောင်တမရပါဘူး။ "
မယ်တော်ကြီးမှာ လင်းယွီ၏အေးစက်စက်စကားသံကြောင့် ဒေါသထွက်လာရသော်လည်း ဤတစ်ခါ၌ ထူးထူးကဲကဲမတုံ့ပြန်……။ လင်းယွီကိုပြန်ရန်သာ နှင်လွှတ်သည်မို့ လင်းယွီလည်းအသေအချာဂါရဝပြုပြီးမှ နန်းဆောင်မှသည် ထွက်ခွာလာခဲ့၏။ လင်းယွီ ဖုန့်ယီဆောင်ဘက်သို့ သွားလာနေသည့်လမ်းတလျှောက် အနောက်ဆောင်မှ မည်သူနှင့်မှ မတွေ့သည်က ကံကောင်းသည်ဟု ထင်မှတ်မိသော်ငြား အဆောင်ေ့ရှ၌စောင့်ဆိုင်းနေသော အရောင်စုံလင်လှသည့် မိန်းမသားထုကိုအမြင် အသက်ရှူပင်မှားသွားရသည်။ တဆင့်စကားတဆင့်နားနှင့် သူမတို့က လင်းယွီပြန်လာခြင်းကို ကြားရသည်နှင့်တူပါ၏။ လင်းယွီကိုအမြင် ကြီးကြီးငယ်ငယ် မိဖုရားမောင်းမမှန်သမျှက လင်းယွီထံ တစ်ပြိုင်နက် သံပြိုင်ဂါရဝပြုလာကြ၏။
"မိဖုရားမယ်မယ် ပြန်လာတာကို ကြိုဆိုပါတယ်။!! "
"……… ထကြပါ။ "
"ကျေးဇူးတင်ပါတယ်။ မိဖုရားမယ်မယ်"
"အားရို့ … လက်ဖက်ရည်ကြမ်းလိုမျိုး လိုအပ်တာတွေသွားပြင်ဆင်ထားလိုက် "
"ဟုတ်ကဲ့ မယ်မယ် "
လင်းယွီက အပျိုတော်လေးတစ်ဦးကို ခိုင်းစေလိုက်ပြီးနောက် အနောက်ဆောင်မှမိန်းမလှများ အုပ်စုဘက်ကို လှည့်ကြည့်မိသည်။ ဧကရီကိုကြိုဆိုဖို့ရာ လာရောက်ကြသော သူမတို့၏အငိုမျက်လုံး အပြုံးမျက်နှာများကို စူးစမ်းမိသည့်နောက် လင်းယွီက အပိုစကားများ မပြောချင်သည်မို့ အဆောင်တွင်းသို့ဝင်ရန်သာ ဖိတ်ခေါ်လိုက်၏ဝ
"အားလုံးပဲ ပြောစရာရှိနေတယ်နဲ့တူတယ်။ အထဲမှာအေးဆေးပြောကြတာပေါ့ "
"မိဖုရားမယ်မယ်ကို ကျေးဇူးတင်ပါတယ်။ "
လင်းယွီ၏ဦးဆောင်မှုဖြင့် ဧကရီနန်းဆောင်တွင်းမှ ဧည့်ဆောင်ခုံများ၌ မိဖုရားမောင်းမများက အသီးသီးထိုင်လိုက်ကြသော်လည်း မျက်နှာများက မသာမယာ……။
လင်းယွီမှာ သူမတို့ကို အကဲခတ်ကြည့်ရှုရင်း မည်သို့မှမဆိုသေး……။ အားရို့လာချပေးသည့် ဆီးသီးခြောက်ရေနွေးကို ဖြည်းညင်းစွာ တစ်ငုံသောက်သုံးလိုက်ရင်းမှ ထူးခြားနေသည့် တစ်စုံတစ်ယောက်ကို အကဲခတ်လိုက်မိသည်။ သူမကအိုစာနေသောမျက်နှာထားဖြင့် လင်းယွီကိုပင် ဂရုမပြုနိုင်ပဲ မှိုင်တွေနေခဲ့ပါ၏။
"ယွီဖေး ဘာဖြစ်ထားတာလဲ ?"
"ဘာမှ မဖြစ်ပါဘူး။ မိဖုရားမယ်မယ် ညကအိပ်မပျော်လို့ ငြီးစီစီဖြစ်နေတာနဲ့တူပါတယ်။ "
"မမ ဘာလို့ညာနေရတာလဲ? မိဖုရားကို လျှောက်တင်ပါတယ်။ မယ်မယ် ထော့မျိုးနွယ် ကွေ့ဖေးကို ဆုံးမပေးတော်မူပါ။ သူက အနောက်ဆောင်ကို သူ့အပိုင်လိုမင်းမူနေပါတယ်။ ညီမလေးမေကိုလည်း ပါးရိုက်လိုက်တာမို့ ညီမလေးမေက ရှက်ပြီးအပြင်ကိုမထွက်ရဲတော့ပါဘူး "
"မင်းမူနေတယ်? "
"တောင်းပန်ပါတယ် မိဖုရားမယ်မယ် ညီမလေးက အပြောအဆိုမတတ်လို့ပါ။ ခွင့်လွှတ်ပေးပါ "
ကိုယ်လုပ်တော်ထန်း၏စကားအား ချီရှန်းဖေးက ဖာထေးပေးလိုက်သော်ငြား လင်းယွီက စကားများကို တသီးတသန့်လိုက်ခံစားနေတတ်သူ မဟုတ်သည်ကြောင့် စိတ်ထဲမထား…။ အဓိကအကြောင်းအရာကမူ သူမတို့အားလုံးက ထောင်လွှားလွန်းသည့် ထော့ကွေ့ဖေးကို ဆုံးမပေးစေချင်ကြတာဖြစ်၏။ လင်းယွီက ကျောက်စိမ်းရေနွေးခွက်ငယ်ကို လက်ဖြင့်အသာလှည့်နေရင်း မည်သည့်စကားမှမဆို……။ ဧကရီနေရာခြိမ်းခြောက်မှုဟုဆိုလျင်တောင် သူမက အနည်းငယ်မျှပင်မတုန်လှုပ်သည်မို့ မိဖုရားများက စိတ်ပူပင်လာရသည်။ လင်းယွီက တိုင်တန်းသမျှအကြောင်းအရာများကို အသေးစိတ်မှတ်သားထားရင်း သူမတို့ကို မည်သည့်စကားမှမဆို မည်သည့်ကတိမှမပေးပဲပြန်လွှတ်လိုက်သည်။ သို့သော် ဧကရီတစ်ပါးအနေနှင့် တာဝန်ကျေစရာရှိသည်တော့ ကျေရပေမည်မို့ လင်းယွီက ဝတ်ဆင်ထားသည့် အရပ်သားဝတ်ရုံမှသည် ဝတ်ရုံနီကိုလဲလှယ်ဝတ်ဆင်ပြီးနောက် လျို့ကုန်းကုန်းကိုခိုင်းစေလိုက်၏။
"အဲ့မြေခွေးကို ခေါ်လာခဲ့ ပြီးရင် ချွေ့ယင်းနန်းဆောင်ေ့ရှမှာ ရိုက်သတ်လိုက် !"
"ဟုတ်ကဲ့ မိဖုရားမယ်မယ် "
ဧကရီ၏အမိန့်က အနောက်ဆောင်၌ အာဏာအမြင့်ဆုံးဖြစ်သည်မို့ မည်သူကမှစောဒက တက်ရဲမည်မဟုတ်။ လင်းယွီက ရွှီချန်းကြောင့် ထော့ရော့ရွှယ်ကို မထိပါးနိုင်သော်ငြား သူ၏သတ္တဝါကိုတော့ ထိပါးနိုင်သည်။ ထိုသတ္တဝါက အနောက်ဆောင်တစ်ခွင် ပြဿနာပတ်ရှာနေသည့်အပြင် တော်ဝင်သွေးဖြစ်သော မင်းသမီးငယ်လေးကိုပင် ထိခိုက်စေသည်မို့ ဤအတိုင်းလွှတ်ထား၍မဖြစ်……။ လင်းယွီအနေနှင့် အာဏာ၊ချစ်ခင်မှုများကို စိတ်မဝင်စားသော်ငြား သူမ၏တာဝန်ကိုကျေပွန်ပြီး ဧကရီတစ်ဦး၏နေရာကိုတော့ ပြသရမည်ဖြစ်သည်။ ထိုအခါမှ ချန်းမျိုးနွယ်ကို မည်သူကမှ အထင်မသေးရဲမှာဖြစ်၏။
မှန်ေ့ရှ၌ ထိုင်နေသည့်အခိုက် ဧကရီတစ်ပါး၏ဂုဏ်အင်အတိုင်း ဆံပင်ကိုပြန်လည်ပြင်ဆင်ထုံးဖွဲ့ပြီး အဆုံးသတ်အနေဖြင့် လင်းယွီ၏ခေါင်းထက်၌ ရွှေရောင်ဇာမဏီဆံထိုးကို တပ်ဆင်ပြီးသည့်နောက် သူမက မဟူရာဇာမဏီကို မချိတ်ဆွဲထားချင်သော်ငြား ရှောင်းချန်းယွီကို အားနာသည်မို့ ခါးထက်၌ ပြန်လည်ချိတ်ဆွဲထားလိုက်သည်။ လင်းယွီဝတ်စားဆင်ယင်နေသည့် အချိန်အတွင်းမှာပင် ဖုန့်ယီနန်းဆောင်ေ့ရှ၌ ဆူဆူပူပူအသံများကို စတင်ကြားလိုက်ရပြီး အော်ဟစ်သံတွေက နားပင်စူးမတတ်……။ အားရို့က လင်းယွီ၏ဆံပင်ကို သေသပ်အောင်ဖြီးသင်ပေးရင်း စကားဆိုလာ၏။
"မယ်မယ်…… ကြည့်ရတာ ထော့ကွေ့ဖေးပဲ ဖြစ်ရမယ် ဒီအစေခံထွက်ကြည့်လိုက်ရမလား "
"ငါကိုယ်တိုင်သွားမယ်။ "
လင်းယွီက ပြောသည့်အတိုင်းပင် သူမကိုယ်တိုင်ဦးဆောင်ပြီး ဖုန့်ယီနန်းဆောင်မှ ထွက်ခွာလာသည့်နောက် တားမြစ်နေသည့်လျို့ကုန်းကုန်းကို အတင်းဆွဲဖယ်ကာ ဒေါသထွက်ဟန်ရှိနေသည့် မိန်းမလှလေးတစ်ဦး……။ သူမ၏လက်တွင်း၌မူ သေနေပြီဖြစ်သော မြေခွေးတစ်ကောင်ရှိနေခဲ့ပါ၏။ လင်းယွီတွေးမိလိုက်သည်က မည်မျှပင် ထိုမြေခွေးကိုမုန်းတီးနေသူများ၍ ဤမျှမြန်အောင် ရိုက်သတ်နေရသနည်းဟုပင်……။
ရွှီချန်းမင်းသမီးကမူ လင်းယွီကို အမြင် အကြည့်များက ပို၍ရန်လိုလာရကာ စားဝါးမတတ်ကြည့်ရှုလာသည် ။ သို့သော် လင်းယွီက လျို့ကုန်းကုန်းကို ဘေးသို့ဖယ်ခိုင်းလိုက်သည်။ ထိုအခါ ထိုမိန်းကလေးက ဒေါသတကြီး လင်းယွီထံတိုးဝင်လာသည်မို့ လင်းယွီက ဘေးသို့ကပ်ရှောင်လိုက်သည်။ ထိုမိန်းကလေးကမူ လင်းယွီကိုမုန်းတီးဟန် အကြည့်များနှင့်ကြည့်ရှုလာ၏။
"ငါ့ရဲ့ အားဟူက ဘာအပြစ်ရှိလို့ နင်ကရိုက်သတ်ခိုင်းတဲ့ အမိန့်ကို ချရဲရတာလဲ!! ဘာလို့လဲ?"
"ဒီမိဖုရား*က အနောက်ဆောင်အတွက် တရားမျှတအောင် လုပ်ဆောင်ပေးတာ မင်းမြေခွေးက ယွီဟွားမင်းသမီးကိုပါ ထိခိုက်အောင်လုပ်ခဲ့သေးတယ်။ သူမက မင်းကြီးရဲ့တစ်ဦးတည်းသော သွေးသားဆိုတာ မေ့နေတာလား! "
(Ban- Gong - ပန်ကုံး- ဒီမိဖုရားဆိုတာ လင်းယွီက အမြင့်စကားကို သိသိသာဖိပြောပြီးသုံးလိုက်တာ ထော့ရော့ရွှယ်က နင်နဲ့ငါသုံးနေလို့ ရိုင်းပြတယ်လို့ဆိုလိုတာပါ )
"နင်ကများ! !"
မျက်ဝန်းများပင် နီရဲလာသည့် ထော့ရော့ရွှယ်ကပြော၍ပင်မဆုံးသေး ပါးတစ်ချက်အရိုက်ခံလိုက်ရသည်မို့ ကြောင်အသွားရကာ ပူထူသွားရသည့်ပါးကို အသာကိုင်လျက် လင်းယွီကိုကြည့်ရှုမိသည်။ သို့သော် ထိုရိုက်ချက်က လင်းယွီ၏လက်ချက်မဟုတ်။ နံဘေးမှ အားရို့က ထော့ရော့ရွှယ်အား ဒေါသဖြင့်ရိုက်နှက်လိုက်ခြင်းဖြစ်၏။
"နင်……"
"ဧကရီဆိုတာ အနောက်ဆောင်ရဲ့သခင်ပဲ ကွေ့ဖေး စကားကိုဆင်ခြင်ပြောပါ။ နောက်တစ်ခေါက်ထပ်ပြောရင် ကျွန်မသခင်မအစား ထပ်ရိုက်ရပါလိမ့်မယ်။ "
"နင်တို့လို့အရေးပေးမခံရတဲ့ဟာတွေကများ အစေခံမကတောင် ငါ့ကိုရိုက်ရဲတယ်ပေါ့ သိပ်ကောင်းတယ် သိပ်ကောင်းတယ်။ ငါ အရှင်မင်းကြီးကို ပြောပြီး နင်တို့… အ ! "
ထော့ရော့ရွှယ်မှာ ရိုင်းပြသောစကားများကို နောက်တစ်ခေါက်မပြောရသေးစဉ်၌ ထပ်မံအရိုက်ခံလိုက်ရပြန်၏။ သူမမှာ သည်တစ်ခါ၌အနောက်သို့ပင် လွင့်သွားရသည်မို့ သူမ၏အစေခံမာဟန့်က ထိန်းထားလိုက်ရသည်။ သူမက အားရို့ကိုတန်ပြန် ရိုက်ချင်သော်ငြား လင်းယွီ၏အကြည့်တစ်ချက်၌ ငြိမ်သက်သွားရကာ ဒေါသကြီးနေဆဲ ထော့ရော့ရွှယ်ကို ချော့မော့ဆွဲခေါ်သွားတော့သည်။ ပတ်ဝန်းကျင်က တဖန်ဆိတ်ငြိမ်သွားသည့်အခါမှ လင်းယွီ အားရို့အမည်ရှိ မိန်းကလေးကိုကြည့်ရှုမိသည်။ အားရို့က ဖုန့်ယီနန်းဆောင်ကို မကြာသောအချိန်ကမှ ရောက်ရှိလာသည့် အပျိုတော်ဖြစ်ပြီး သူမကို လင်းယွီကသိပ်ပြီးမသိကျွမ်း……။ သို့သော် ယခုလိုအခြေအနေမျိုး၌ မခေသည့်သတ္တိရှိသည်မို့ လင်းယွီမှာ သူမကိုအကဲခတ်ရင်း ဖုန့်ယီနန်းဆောင်တွင်းသို့ ပြန်ဝင်လာလိုက်သည်။ ထို့နောက် ဖတ်ရှုနေကျစာအုပ်တစ်အုပ်အား ဆွဲယူရင်း နံဘေး၌ခပ်ငြိမ်ငြိမ်ရပ်နေဆဲ အားရို့ကို အမေးရှိလိုက်၏။
"မင်းဒါမျိုးလုပ်တာ ပြစ်ဒဏ်သင့်မှာမကြောက်ဘူးလား?"
"ကွေ့ဖေးက အရင်နန်းတွင်းစည်းကမ်းကို ချိုးဖောက်တာပါ။ ဒီအစေခံက မယ်မယ့်အစားဆုံးမပေးရုံပါပဲ။ "
"မင်းက ထက်မြက်သားပဲ။ အားလန်ထက်တောင် သာသေးတယ်။ အဲ့ကောင်မလေးက အမြဲတမ်းငါ့ကိုစိတ်ပူနေပြီး အရေးကြုံလာရင် ပေါက်ကရလုပ်တတ်တယ် မင်းငါ့ကို ကူညီပြီး သူ့ကိုထိန်းကျောင်းပေးပါဦး "
"မယ်မယ်~ ဒီအစေခံက မယ်မယ်ရဲ့ကျွန်ပါ ကျိန်းသေပေါက် မယ်မယ့်အတွက် လုပ်ပေးရမှာပါ "
လင်းယွီက စာအုပ်ဖတ်ရှုနေရာမှ အားရို့၏အသွင်အပြင် မူဟန်ကို မျက်စိတခတ်စာမျှအကဲခတ်ပြီးနောက် ခပ်တိုးတိုးဆိုလာ၏။
"မင်းအနေနဲ့ဆို အမြင့်ကိုကျိန်းသေပေါက် တက်နိုင်မှာပဲ။ ငါ့အစေခံကျိန်းသေဖြစ်ဖို့လိုလို့လား?"
"မယ်မယ်!! ဒီအစေခံက ချန်းအိမ်တော်ရဲ့ကျေးဇူး~ မယ်မယ့်ကျေးဇူးနဲ့ အသက်ရှင်ခဲ့ရတဲ့ အရပ်သားတစ်ဦးပါ။ အမြင့်ကိုတက်မယ်ဆိုတဲ့ စိတ်ကူးနဲ့ နန်းတော်ကိုဝင်ခဲ့တာမဟုတ်ပါဘူး။ စားစရာနဲ့ ကျောခင်းစရာရှိရင်ရပြီဖြစ်တဲ့ ဆွေမျိုးမရှိတဲ့ တစ်ကောင်ကြွက်မို့ မယ်မယ့်ကို ပြုစုစောင့်ရှောက်နိုင်ရင်ပဲ ကံကောင်းလှပါပြီ "
ဒူးထောက်ဝပ်တွားကို ပြောဆိုနေသည့်အားရို့ကို လင်းယွီက မည်သည့်စကားမှဆက်မဆိုတော့…။ အမြန်ထရန်သာ ပြောဆိုပြီး စာအုပ်ကိုဆက်ဖတ်ရှုလျက်ရှိ၏။ အားရို့ကလိမ်ညာနေခဲ့ခြင်းမဟုတ်။ မိခင်နှင့်ဖခင်သေဆုံးပြီးနောက် သူမကဲ့သို့ဥတစ်လုံးတစ်ကောင်ကြွက်က လမ်းဘေး၌အစားအစာငတ်မွတ်နေချိန်၌ ချန်းအိမ်တော်၏ ရိက္ခာဝေငှမှုကြောင့် အသက်ဆက်ရှင်ခဲ့ရပြီး မဆိုးလှသောရုပ်ရည်ကြောင့် အသိတစ်ဦး၏ထောက်ခံမှုဖြင့် နန်းတွင်းဝင်လာသော်ငြား သူမထံ၌ပျံသန်းချင်သည့် စိတ်ကူးစိတ်သန်းများမရှိပါချေ။ ထမင်းစားရန်နှင့်အိပ်ရန်ရသည်ကပင် သူမအဖို့ ကံကောင်းလွန်းလှပြီဖြစ်၏။ ဤကဲ့သို့ မြင့်မြတ်လှသောဧကရီနေထိုင်သည့် ဖုန့်ယီနန်းဆောင်၌ ခစားရမည်ဆိုသည်ကပင် သူမမမက်ရဲသည့် အိပ်မက်တစ်ခုသာဖြစ်၏။ ထို့အပြင် လေးစားကြည်ညိုဖွယ်ကောင်းလှသော ဧကရီအား သူမအလွန်ပင် ရိုသေသည်။ ဤကဲ့သို့ ညှာတာသနားတတ်သူတစ်ဦးထံ၌ ခစားရသည်က သူမဘဝ၌ ကောင်းမှုကုသိုလ်ပြုဖူး၍သာ ဖြစ်မည်ထင်၏။
အားရို့မှာ သည့်ထပ်ပို၍လည်း မျှော်လင့်ချက်ထပ်မထားတော့ပါချေ။ ဧကရီရှိနေသေးသရွေ့ သူမဘဝအားဤဖုန့်ယီမှ အစေခံအဖြစ်နှင့်သာ တစ်သက်လုံး နေသွားတော့မည်ဖြစ်၏။
"မယ်မယ်~ ဒီနေ့ပင်ပန်းနေမယ်နဲ့တူပါတယ်။ ဂျင်စင်းနဲ့ပြုလုပ်ထားတဲ့ ဆေးဖက်ဝင်ရေ ပြင်ဆင်ထားတာမို့ ရေချိုးလိုက်ပါလား ?"
"မင်းပြောမှပဲ~ ကောင်းပြီ ရေအရင်ချိုးရတာပေါ့~ "
"ဟုတ်ကဲ့ ~"
လင်းယွီက အားရို့၏အကူအညီနှင့် ဆေးဖက်ဝင်ရေဖြင့် သက်တောင့်သက်သာဖြစ်စွာ ရေချိုးရန်ပြင်ဆင်နေချိန်၌ မုန့်ယင်နန်းဆောင်မှ အပျိုတော်နှင့်အစေခံများအားလုံးက သခင်မ၏ဒေါသကြောင့် ဖိန့်ဖိန့်တုန်နေကြကာ ချောင်များ၌ ပုန်းအောင်းနေကြရပေ၏။ အထိန်းတော်မာဟန့်ကသာ ရော့ရွှယ်ကို မရအရချော့မော့နေသော်ငြား ရော့ရွှယ်က သုံးအိုးမြောက် ကြွေအလှပန်းအိုးကြီးကို ခွဲချပစ်လိုက်ပြီဖြစ်၏။
"သူကများ သူ့လိုအစေခံမကများ ငါ့ကိုရိုက်ရဲတယ် ပြီးတော့ ဟိုမိန်းမငါ့ကိုကြည့်နေတဲ့ပုံကို မြင်လား မတူမတန်သလို ငါ့ကိုနှိမ့်ချသလို ကြည့်နေတာ !!"
"မယ်မယ်~ သူတို့ပြောတာ မှန်ပါတယ်။ ဒီနေရာက ရွှီချန်းမဟုတ်ဘူး။ ပြီးတော့ သူမက အနောက်ဆောင်ရဲ့သခင်မပါ သူမဆီမှာ အာဏာအပ်ထားတဲ့ တံဆိပ်တုံးရှိတယ်။ ကျွန်မတို့ဒေသလို ထင်တိုင်းသွားကြဲလို့မရဘူး "
"အာဏာ! ငါကအဲ့ဒီအာဏာကို ရအောင်လုယူပြမယ်။ သူက အချစ်မှမခံရတာ အဲ့အာဏာက ဘာလုပ်ရမှာလဲ?"
"မင်းသမီးလေး ~သေချာစဉ်းစားပါ။ သူမက မင်းသမီးလေးရဲ့အစ်မတော်ပါတယ်။ သူမကစည်းမျည်းတွေကြားကနေပဲ ကိုင်တွယ်သွားတာမို့ မင်းသမီးရဲ့ရိုင်းစိုင်းမှုက အပြစ်ဖြစ်သွားနိုင်တယ်။ ဒါဆို မင်းကြီးက မင်းသမီးကိုချစ်ရင်တောင် အနောက်ဆောင်ရဲ့စည်းကမ်းကို ဝင်ရှုပ်လို့မရနိုင်ဘူး။ "
"ဒါဆို ငါက ဘာလုပ်ရမှာလဲ အဲ့မိန်းမ အနိုင်ကျင့်သမျှ ခံနေရမှာလား!?"
"မင်းသမီးလေး အတွေးမတိမ်ပါနဲ့။ ဒီနန်းတော်ထဲမှာကြည့်လိုက် ဘယ်သူကမှ သားယောကျာ်း မမွေးဖွားထားဘူး။ သမီးတော်တစ်ပါးပဲရှိတယ်။ မင်းသမီးလေးသာ သားမွေးဖွားခဲ့ရင်……… အနောက်ဆောင်က သခင်မလေးလက်ခုပ်ထဲက ရေဖြစ်ဖို့ အလှမ်းမဝေးတော့ပါဘူး "
မာဟန့်၏ နားအနီးတီးတိုးဆိုသည့်စကားကြောင့် ရော့ရွှယ်က ခဏတာစဉ်းစားဟန်ပြုပြီးမှ ငွားစွင့်စွင့်ပြုံးလာသည်။ ထို့အပြင် သူမ၏လက်၌ တပ်ဆင်ထားသော ငွေလက်သည်းတစ်စုံကို သဘောတကျပွတ်သပ်ရင်း မျက်ဝန်းများက အကြံအစည်နှင့် အရောင်လဲ့လျက်ရှိ၏။
"မင်းမသိသေးဘူးလား? ဟိုနေ့က သုံ့ယွင်သွားစုံစမ်းထားတာ ချီရှန်းဖေးနဲ့ ကိုယ်လုပ်တော်ကျင်းက တစ်ပြိုင်တည်း ကိုယ်ဝန်ရှိနေပြီ သူမတို့က ငါသိရင် ကြဿနာရှာမှာစိုးလို့ တမင်တကာလျို့ဝှက်ထားကြတာ "
"မင်းသမီးလေး ကျွန်မကိုသာ ယုံလိုက်ပါ။ သူတို့မလုပ်နိုင်လောက်ပါဘူး "
"ငါနင့်ကို ယုံကြည်လိုက်မယ်။ အရင်ဆုံး အဲ့မိန်းမက စိတ်အနှောင့်အယှက်ဖြစ်ပေမယ့် အဲ့ဒီကလေးတွေကို အရင်ရှင်း……အဲ့မိန်းမတွေက ငါ့ထပ်အရင် သားမွေးလာမှာကို မလိုချင်ဘူး။ "
"မင်းသမီးလေး စိတ်ချပါ "
မာဟန့်၏စကားအဆုံး ရော့ရွှယ်က သဘောတကျပြုံးရင်း အတွင်းဆောင်တွင်းသို့ ဝင်ရောက်သွားတော့သည်။ သူမက ကုတင်အောက်၌ဖွက်ထားခဲ့သော လျို့ဝှက်သေတ္ထာအတွင်းမှ ခမည်းတော်ပေးထားသည့် ပုလင်းငယ်များကို ထုတ်ယူပွတ်သပ်ရင်း မျက်ဝန်းများက ကြောက်မက်ဖွယ်ကောင်းလောက်အောင် အန္တရာယ်များနေခဲ့သည်။ ပုလင်းငယ်အတွင်းမှ ဖြူဖြူအမှုန့်ငယ်များကို ကြည့်ရှုလျက် နှုတ်ခမ်းပါးက အေးစက်သောအပြုံးတစ်ပွင့် ချိတ်ဆွဲထားခဲ့ပါ၏။
"ခမည်းတော်ပေးတုန်းက ဒါတွေမလိုအပ်ဘူးလို့ ထင်ခဲ့တာ အခုတော့သုံးရတော့မှာပဲ ဘုရင့်ကိုအားနာပေမယ့် ဘယ်လိုလုပ်ရမလဲ? အဲ့ဒီကလေးတွေ ကျွန်မမလိုချင်ဘူး။ "
ရော့ရွှယ်က ရက်စက်လှသည့်လေသံနှင့် တီးတိုးဆိုလိုက်မှုသည် မုန့်ယင်နန်းဆောင်တွင်း၌ပင် လွင့်ပါး ပျောက်ကွယ်သွားလေတော့၏။
လူအများက ဤကဲ့သို့အကြံစည်များအား ကြက်သီးထနိုင်ကောင်းသော်လည်း
ကောက်ကျစ်သော ရွှီချန်းမင်းသမီးမှမဟုတ်…။ အနောက်ဆောင်၏ မိန်းမများ၏တိုက်ပွဲသည် ယောကျာ်းသားတို့စစ်ပွဲထက် ပိုရက်စက်သည်။ ကောက်ကျစ်သည်။ ဦးသူကအရင် နိုင်ပွဲရသည်ချည်းသာ……။ ကလေးများသည်လည်း မွေး၊သေ သံသရာစက်ဝန်း၌ အဖန်ဖန်တလဲလဲပင်……။ ဤစက်ကွင်းအား ကြီးမြတ်လှပါသောဧကရီများပင် မလွတ်မြောက်နိုင်ချေ။
ဉာဏ်ထက်မြက်လှသည့် လင်းယွီသည်ပင် အမည်မဖော်သည့် မိဖုရားတစ်ပါးကြောင့် သေလုနီးနီးအဆိပ်ကျွေးခြင်းပင် ခံရဖူးသည်မို့ နန်းတော်တွင်း၌ အနောက်ဆောင်သည် မြွေများအဆိပ်များ ပြည့်နှက်နေသည့်နေရာတစ်ခုသာ……။ သတိနှင့်နေနိုင်မှသာ နောက်ဆုံး၌ အသက်နှင့်ခန္ဓာမြဲမြဲတည်နိုင်မည်ဖြစ်၏။ ရှင်ဘုရင်၏အချစ်မေတ္တာတစ်ခုတည်းနှင့် မရပ်တည်နိုင်သကဲ့သို့ မိသားစုအင်အားတစ်ခုတည်းနှင့်လည်း မရှင်သန်နိုင်……။ ကောက်ကျစ်မှုသည်လည်း အားကိုး၍မရ……။ ရှောင်တိမ်းနိုင်မှုနှင့်လည်း နောက်ဆုံးထိ မလှမ်းနိင်ချေ။ အနောက်ဆောင်မှ မိန်းမများ၏ဘဝက ဤသို့အဓိပ္ပာယ်ဖွင့်နိုင်သည်။
"ကျိန်စာ "
ဟုတ်သည်။ ကျိန်စာတစ်ခုပါပေ။
လင်းယွီ၏ဘဝ၌မူ ဤအရာကကျိန်စာသာဖြစ်ပြီး အမြစ်တွယ်နေကာဖြတ်မရသည့် အရာတစ်ခု……။
ဖြစ်နိုင်ခဲ့မည်ဆိုလျင် အရာအားလုံးကို စွန့်ခွာ၍ နန်းတော်မှ ထွက်ခွာချင်မိသည်။ အပူအပင်မဲ့ကာ လွတ်လပ်ပေါ့ပါးစွာဖြင့်ပင် နေထိုင်ချင်သည်။ သို့သော် သူမသည်လည်း လိုချင်သည်ဖြစ်စေ မလိုချင်သည်ဖြစ်စေ ရှင်ဘုရင်၏အမည်ခံဇနီးအဖြစ် အဘယ်သောအခါမှ လွတ်မြောက်နိုင်တော့မည်မဟုတ်ချေ။ ကောင်းကင်ကံကြမ္မာသည် သူမအပေါ် ရက်စက်နိုင်လွန်းခဲ့ပါ၏။