အပိုင်း-၂၀ [Z+U]

1.5K 263 10
                                    




"အနောက်ဆောင်၏ ပိုင်ရှင်အစစ်အမှန် ပြန်လာခြင်း "

~~~~~~~~~~~~~~

ရှင်းချန်းနန်းတော် အနောက်ဆောင်၌……

အနောက်ဆောင်ကမိန်းမများက ပုံမှန်ဆိုလျင် နေရာလုရေးအတွက် မတည့်ကြသော်လည်း ယခုအချိန်၌မူ ယန်ကွေ့ဖေး၏ ယွီနဉ်နန်းဆောင်၌ မိဖုရားမောင်းမများက တစ်စုတစည်းတည်း အကုန်စုဝေး၍နေကြ၏။ သူမတို့၏မျက်နှာများသည်လည်း မသာမယာ……။ ပုံမှန်စိတ်ဆတ်သည့် ယန်ကွေ့ဖေးဆိုလျင် မျက်နှာကမဲညို့လျက်……။ 
မင်းသမီးတစ်ပါးကို ဖွားမြင်ပေးထားသည့် မိဖုရားငယ်ယွီကမူ သူမ၏နီရဲရောင်ကိုင်းနေသည့်ပါးကို ပဝါဖြင့်အသာအုပ်ထားကာ တိတ်ဆိတ်၍နေသည်။ ယန်ကွေ့ဖေးမှာ မိမိနံဘေးလာချပေးသော ရေနွေးခွက်ကို အရေးတယူမရှိအား…။ မိဖုရားငယ်ယွီကိုစူးစမ်းရင်းသာ အလုပ်များနေ၏။

"မိဖုရားငယ်ယွီ အရိုက်ခံရတယ်ဆို? ဘယ်လိုဖြစ်တာလဲ?"

ယန်ကွေ့ဖေး၏အမေးကို စိတ်မသက်မသာဖြစ်နေဟန်ရှိသည့် မိဖုရားငယ်ယွီက အဖြေမပေး……။ ကိုယ်လုပ်တော်ထန်းကမူ မိဖုရားငယ်ယွီအစား အမုန်းများဖြင့် ခါးသီးစွာပြောဆိုပေးလာသည်။

"အဲ့မြေခွေးကြောင့်ပဲ။ မြေခွေးကြောင့်အဲ့လိုဖြစ်တာ မင်းသမီးလေးက အဲ့မြေခွေးကြောင့် ဒဏ်ရာရသွားတယ်လေ။ ချိုးယန်နန်းဆောင်ကလူတွေက အဲ့မြေခွေးကိုပညာပေးလိုက်တာ အဲ့ဒီထော့ကျန်းမျိုးနွယ်က ဒေါသတကြီးလာရိုက်သွားတော့တာပဲ။ သူက ယွီဖေးထပ်အဆင့်မြင့်နေတော့ ပြီးတော့ယွီဖေးကအေးတော့ ဘာမှလာမပြောတာ"

"ကျစ်! ပြဿနာပဲ။ "

သည်းမခံနိုင်တော့သည့်ဟန်ရှိသော မိဖုရားငယ်ကျားက  ယန်ကွေ့ဖေးထံသို့ ခပ်တိုးတိုးတောင်းဆိုလာ၏။

"ယန်ကွေ့ဖေး အမကပဲ သူ့ကိုအပြစ်ပေးပေးပါ။ ဘာပဲပြောပြော အနောက်ဆောင်မှာ အမကဝါအကြီးဆုံးပဲလေ"

ယန်ကွေ့ဖေးက အားလုံး၏တောင်းဆိုမှုကို လျစ်လျူရှုလိုက်ပြီး စိက်ပျက်လက်ပျက် ခေါင်းတယမ်းယမ်းဖြင့်သာ ပြောဆိုလာ၏။

Phoenix in the Flame(မီးလျှံကြားက ဇာမဏီ)Dove le storie prendono vita. Scoprilo ora